(Unicode)
အခန်း ၇၀။ သား... အဖေနဲ့အမေက သားကိုထောက်ခံအားပေးပါတယ်။
"အမေရေ အေးအေးဆေးဆေးလေး မနေနိုင်ဘူးလားဗျာ"
လင်ကျန်းရီ ပြောစရာစကားမဲ့သွားရသည်။ သူ့အမေကအရမ်းကြီး ဆန္ဒစောလွန်းမနေဘူးလား။ ယောက္ခမတစ်ယောက်ရဲ့အသိတရားကရော ဘယ်နေရာမှာလဲ။
—— သူ မသိခဲ့သည်က လင်မာမားဟာ သူမ၏အနာဂတ်ချွေးမလေးကိုတွေ့ရန်အခွင့်အလမ်းများကို လွတ်သွားခဲ့ရတာကြောင့် နှလုံးသားတစ်ခုလုံး မကျေနပ်မှုတွေပြည့်နှက်နေခဲ့သည်ကိုပင်။
"မင်းကဘာလို့ဒီကိုလာတာလဲ"
သူမ၏ချွေးမကိုမတွေ့တာမို့ လင်မားမာတစ်ယောက် သူမသားလေးရောက်လာတာတောင်မှ သူမကိုယ်သူမ ပျော်ရွှင်အောင်မလုပ်နိုင်ခဲ့ပါချေ။ သူမ၏ဂိမ်းကိုပြန်မဆော့ခင် သူ့ကိုမျက်လုံးတစ်ချက်သာေ၀့ကြည့်လိုက်သည်။ လင်ကျန်းရီ၏ပါးစပ်မှာတော့ ဆန့်ငင်ဆန့်ငင်ဖြစ်သွားရတော့သည်။
"အမေ ကျွန်တော့်ကိုထွက်ကြိုတာလား။ ဘာလို့ကျွန်တော့်ကိုတွေ့ရတာကို မပျော်ရတာလဲ"
"ဟမ့်"
လင်မားမာက သူ့ကိုလျစ်လျူရှုလိုက်သည်။ သူမ၏နှာခေါင်းမှ 'ဟမ့်'ခနဲအသံပေးပြီးနောက် ဖန်သားမျက်နှာပြင်ကြီးပေါ်ရှိ သူမ၏ဂိမ်းများကိုကစားရန် စတင်အာရုံစိုက်တော့သည်။
လင်ကျန်းရီက သူ့နှာခေါင်းကို ကိုးရို့ကားရားဟန်ဖြင့် ပွတ်လိုက်သည်။ သို့သော်လည်း လင်ပါ့ပါကတော့ သူ့သားကိုအနည်းငယ်ေ မျက်နှာသာပေးလိုက်သည်။ သူကဆိုဖာပေါ်ထိုင်လိုက်ပြီး သူ့ကိုပါထိုင်ခိုင်းသည်။
"ကျန်းရီ လာထိုင်လေ။ မင်းမှာအဖေတို့ကို ပြောစရာတစ်ခုခုရှိနေတယ်မလား"
"အင်း"
လင်ကျန်းရီက ထိုင်ချလိုက်ရင်း ခေါင်းညိတ်သည်။
"အဲဒါကဘာလဲ။ မင်းချိန်းတွေ့နေတဲ့လက်တွဲဖော်နဲ့ ဆက်စပ်မှုရှိတာလား"
လင်ပါ့ပါပြောလိုက်သည်နှင့် လင်မားမာ၏နားရွက်များထောင်သွားကာ သူမ၏မျက်လုံးများက သူတို့၏ဦးတည်ရာဆီသို့ ဆတ်ခနဲရွေ့လျားသွားသည်။
အိုး ဟုတ်သား။ သူမဘာလို့ ဒါကိုမတွေးမိခဲ့ပါလိမ့်။
ယခုအခိျန်မှာ အနာဂတ်ချွေးမလေးကိုတွေ့မြင်နိုင်ရန် သူမတို့ကိုလာပြောလိမ့်မည်ဟုမတွေးမိခဲ့သည့် သူမ၏မုန်းစရာကောင်းသောသားနှင့်ပါတ်သတ်ပြီး သူမ၏အချိန်တွေကို ဖြုန်းလွန်းမိခ့ဲ့လေပြီ။
"အင်း"
လင်ကျန်းရီက ဆက်လက်ကာခေါင်းငြိမ့်ပြသော်လည်း တကယ်တမ်းမှာတော့ သူအနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး ချီတုံချတုံဖြစ်နေပုံရသည်။
"အဖေတို့သူ့ကိုလက်မခံမှာ ကျွန်တော်စိုးရိမ်တယ် အဲဒါကြောင့်ကျွန်တော် သူ့ကို ဘယ်တုန်းကမှပြန်ခေါ်မလာရဲခဲ့ဘူး"
"ဘယ်လိုလူမျိုးကိုပဲ မင်းသဘောကျသွားပါစေ အဖေတို့ကဘယ်လိုကန့်ကွက်မှုမျိုးမှ လုပ်မှာမဟုတ်ပါဘူး။ ငါ့သားနဲ့မတူလိုက်တာကွာ။ မင်းဘာလို့ဒီလောက်တောင် ယုံကြည်မှုတွေကင်းမဲ့လာရတာလဲ"
လင်ပါ့ပါက အလွန်ဖော်ရွေစွာပြောသည်။
"သူမရဲ့မိသားစုနောက်ခံက အဖေတို့နဲ့မကိုက်ညီလို့လား။ ဒါကြောင့်အဖေတို့နဲ့တွေ့ဖို့ သူမကိုအိမ်ပြန်မခေါ်လာရဲတာလား။ အဖေတို့ကန့်ကွက်မှာကြောက်နေတာလား"
[*လေပြည်-တစ်ကယ်တော့ဒီနေရာမှာ အသံထွက်ဆင်နေတာပါ။ တရုတ်လို'သူ'နဲ့'သူမ'က အရေးစာလုံးကွဲပေမဲ့ အသံထွက်ကအတူတူပါပဲ။ 'သူ'က'他'လို့ရေးပြီး 'သူမ'ကတော့ '她'ဖြစ်ပါတယ်နော်။]
လင်ကျန်းရီက ပထမဦးစွာခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းယမ်းပြန်သည်။
"တခြားကိစ္စတွေပါ"
"သူမကအရမ်းကြည့်ကောင်းတာမဟုတ်လို့ အဖေတို့ကသူမရဲ့အသွင်အပြင်နဲ့ပဲ အကဲဖြတ်လိမ့်မယ်လို့ ထင်နေတာလား။ ဒါကြောင့်မင်းသူမကို ပြန်မခေါ်လာရဲတာလား "
လင်ပါ့ပါက ဆက်လက်ခန့်မှန်းသည်။ တစ်စုံတစ်ယောက်အတွက် သူတို့ရဲ့သားကို လွတ်လွတ်လပ်လပ်စကားမပြောနိုင်ဘဲ အလွန်အမင်း တွန့်ဆုတ်အောင်လုပ်နိုင်ဖို့ကရှားပါသည်။ သူတို့ကလျှို့ဝှက်စွာ ချိန်းတွေ့နေခဲ့ကြတာကြာပြီပဲ။
ကလေးကရုပ်ဆိုးနေခဲ့လျှင်တောင် သူမ၏နှလုံးသားကတော့ လှပလောက်သည်။ မဟုတ်လျှင် သူ့သားကသူမနဲ့ ပါတ်သတ်ခဲ့မှာမဟုတ်ပါဘူး။
လင်ကျန်းရီကတော့ ခေါင်းကိုခါယမ်းလိုက်သည်။
"မဟုတ်ဘူး သူကကြည့်ကောင်းတယ်။ အဲဒါ... အဲဒါက ..."
"ပြဿနာကဘာလဲ"
နောက်ဆုံးမှာတော့ လင်မားမာတစ်ယောက် သူမ၏တည်ငြိမ်အေးဆေးမှုကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ သူမ၏ဂိမ်းခလုတ်ကိုပိတ်ကာ မှီထိုင်လိုက်သည်။ သူမ၏မျက်လုံးများကတော့ လင်ကျန်းရီထံသု့ိ တောကပစွာကျဆင်းနေလေတော့သည်။
"သူမက အထက်စီးဆန်လို့လား
ဒါမှမဟုတ်အမေတို့နဲ့တွေ့ဖို့ သူမမှာယုံကြည်မှုမရှိတာလား။ ဒါတွေအကုန်လုံးက ပြသနာမရှိပါဘူး"
"သူမကို အမေနဲ့အဖေတို့ဆီ အရင်တွေ့ဖို့ခေါ်လာခဲ့လိုက် ဒါဆိုအမေတို့ကအတူနေဖို့လွယ်တယ်ဆိုတာ သူမသိလိမ့်မယ်။ ဒီ့ပြင်သူမမှာကိုယ်ဝန်ရှိနေတာဆိုတော့ သူမရဲ့စိတ်ခံစားချက်လည်း နည်းနည်းလေးပိုပြီး တက်လိုက်ကျလိုက်ဖြစ်နေမှာ အထက်စီးဆန်တယ်ဆိုတာကပုံမှန်ပါပဲ။ အမေတို့နဲ့မသင့်မမြတ်ဖြစ်မှာ မစိုးရိမ်ပါနဲ့။ အမေတို့ိစိတ်ထဲမထားပါဘူး။ အား.... သူမကိုခေါ်လာခိိျန်တန်ပြီဆို ခေါ်လာခဲ့တော့လေဟဲ့"
"ဒါကကိစ္စမဟုတ်ဘူး။ သူကအရမ်းသဘောကောင်းပြီး ဂရုတစိုက်ရှိတယ်။ အမှန်တော့ဒီနေ့ ကျွန်တော်ဒီကိုလာမယ်ဆိုတာ သူကြားတုန်းက အမေတို့ဖို့အနှိပ်ကုလားထိုင်နှစ်လုံး ဝယ်ပေးဖို့တောင်းဆိုခဲ့တယ်။ တစ်ယောက်ယောက် အမေတို့ဆီမကြာခင်လာပို့လိမ့်မယ်"
လင်ကျန်းရီဟာ အနှိပ်ကုလားထိုင်တွေကို၀ယ်ကာ delivery အပ်ခဲ့သူက သူပဲဖြစ်တယ်ဆိုတာကိုတော့မပြောခဲ့ပါချေ။
"သူမကအရမ်းကောင်းတယ်ဆိုမှတော့ သားကဘာကို တုံ့ဆိုင်းနေတာလဲ"
လင်မားမာကပြုံးကာ လင်ကျန်းရီ၏လက်မောင်းကို ပုတ်သည်။
"သားလေး ဘာတွေလာပြီးလှည့်စားနေတာလဲ။ သူမကအခုလမ်းလျှောက်ဖို့ အရမ်း၀နေလို့လား။ သူမကကားနဲ့ မလာချင်ဘူးလား။ ဒါဆိုရတယ်။ အမေနဲ့မင်းအဖေကပဲ သူမကိုသွာတွေ့မယ်"
လင်းကျန်းရီက သူ၏နှုတ်ခမ်းလွှာများကို စု၀ိုင်းလိုက်ကာ ကူရှင်ပေါ်ထိုင်နေခဲ့တာလုံလောက်ပြီဟု ခံစားရသည်။ ဒါကြောင့် ဂရုတစိုက်ဆက်ပြောလိုက်သည်။
"အဲဒါတွေကပြဿနာတွေမဟုတ်ဘူး သူကပျက်စီးနေတဲ့သူမဟုတ်ပါဘူး။ အဓိကပြဿနာက သူကပုံမှန်လူတွေနဲ့ နည်းနည်းကွဲပြားနေတာပါ"
"ဘာကွဲပြားနေလို့လဲ။ မသန်မစွမ်းဖြစ်နေတာလား"
လင်မားမာ၏စိတ်ကူးနိုင်စွမ်းက ကောင်းကင်ကိုတောင် ကျော်လွန်သွားခဲ့လေပြီ။ လင်ကျန်းရီမှာတော့ ပြုံးချင်စိတ်ကိုဖိနှိပ်ကာ အလွန်အမင်း၀မ်းနည်းဟန်ဆောင်လိုက်သည်။
"ကျွန်တော်ပြောလိုက်ရင် ဘန့်မသွားကြပါနဲ့နော် သူကမသန်မစွမ်းမဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ ဒါပေမဲ့..."
လင်ပါ့ပါနှင့်လင်မားမာတို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ တိုက်တွန်းကြသည်။
"မင်း... ဒီကလေးကတော့... ပြောသာပြောစမ်းပါ ရင်တမမဖြစ်အောင်မလုပ်နေတာရပ်ပါတော့"
"အဲဒါကလေ သူကကျွန်တော့်လိုပဲ ယောကျ်ားလေးတစ်ယောက်ပါ"
လင်ကျန်းရီက သက်ပြင်းတစ်ချက်ရှိုက်ကာ နောက်ဆုံးမှာတော့ သည်စာကြောင်းကို ပြောချလိုက်တော့သည်။
တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးသွားခဲ့လေပြီ။
လင်ပါ့ပါနှင့်လင်မားမာတို့နှစ်ယောက်စလုံး ပြူးကျာ်နေသောမျက်လုံးများဖြင့် စိုက်ကြည့်နေမိကြပြီး အခိျန်အတော်ကြာအောင် စကားမပြောနိုင်ကြပေ။ လင်ကျန်းရီကပင် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
"ကျွန်တော်ဘယ်တုန်းကမှ မပြောရဲခဲ့ဘူး တစ်ကယ်တော့ ကျွန်တော်က... ယောကျ်ားလေးတွေကိုပဲသဘောကျတယ်ဆိုတာကိုပေါ့။ အဖေနဲ့အမေ စိတ်မလှုပ်ရှားဘဲ ကျွန်တော်ပြောတာကိုနားထောင်ပေးပါ။ ဒါကရှက်စရာကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ အဲဒါက ကျွန်တော်သဘောကျမိတဲ့သူက ကျွန်တော်နဲ့ဖြစ်တည်မှုခြင်းတူနေရုံလေးပါပဲ။ ကျွန်တော်တို့နှစ်ယောက််အတူရှိနေရင် အရမ်းပျော်တယ်။ ကျွန်တော်ကသူ့ကိုအလိုလိုက်ရတာကို သဘောကျတယ်။ ပြီးတော့ သူ့ကိုအရမ်းလည်းမြတ်နိုးတယ်။ သူကလည်းအရမ်းကောင်းတဲ့သူပါ။ သူကမီဒီယာကုမ္ပဏီကြီးတစ်ခုကဓာတ်ပုံဆရာတစ်ယောက်ပေါ့။ ဟုတ်ပါတယ်။ သူကအခုလုပ်မလုပ်နိုင်ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ဖိ့ အိမ်မှာပဲအနားယူနေရတယ်"
လင်ကျန်းရီကရှင်းပြသည်။
"အိုး... စကားမစပ် သူ့ရဲ့ခန္ဓာဖွဲ့စည်းပုံကအရမ်းထူးခြားတယ်ဆိုတာ ပြောဖို့မေ့သွားတယ်။ အဲဒါက 'ဖုံးကွယ်နေတဲ့ဖွဲ့စည်းပုံနှစ်ခု'ရှိတဲ့ ခန္ဓာကိုယ်တစ်ခုပဲ။ ကိုယ်၀န်ရဖို့ဆိုတာေ၀းရော ဒီလိုအခြေအနေမျိုးတောင်မှ ကမ္ဘာပေါ်မှာ နည်းနည်းပဲရှိတယ်။ သူကကျွန်တော်နဲ့ဖြစ်တည်မှုခြင်းတူပြီး ကျွန်တော်တို့က အဲဒါကိုပိတ်ခဲ့ပြီးကြပြီ (လုပ်ပြီးခဲ့ကြပြီ)။ အခုသူ့ဗိုက်ထဲမှာ လင်မိသားစုရဲ့မျိုးစေ့လေးရှိနေပြီလေ။ သူတို့ကအမြွာလေးတွေ... ပြီးတော့ ကိုယ်၀န်ကခြောက်လနီးပါးရှိပြီ။ ပြီးခဲ့တဲ့အဲဒီ့လတွေမှာ သူ့အတွက်ခက်ခဲခဲ့တယ်။ အမေတို့သိဖို့လိုအပ်တာက ယောကျ်ားလေးတစ်ယောက်အတွက် ကိုယ်၀န်ဆောင်တယ်ဆိုတာက စိတ်ကူးကြည့်ရုံလေးလောက်နဲ့ မဖြစ်နိုင်တဲ့အရာတစ်ခုပဲ။ သူကကလေးကိုသုံးပြီး ကျွန်တော့်ကိုမခြိမ်းခြောက်ခဲ့ပါဘူး။ ကျွန်တော်ကသာ သူနဲ့အတူရှိဖို့ သူ့ကိုရွေးချယ်ခဲ့တာ။ သူကလည်း သူ့ရဲ့ဖွဲ့စည်းပုံကြောင့် ၀ိရောဓိဖြစ်နေခဲ့တာ။ ပြီးခဲ့တဲ့အချိန်တုန်းက အမေတို့ကိုခြောက်လှန့်မိမှာသူစိုးရိမ်နေခဲ့တာ။ အဲဒါကြောင့်ပဲ အခန်းထဲမှာပုန်းနေပြီး ထွက်တွေ့ဖို့ငြင်းဆန်ခဲ့တာပေါ့။ ဒါကအမေတို့ကို မလေးစားတာမဟုတ်ရပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့လက်ရှိအခြေအနေနဲ့ တံခါးဖွင့်ပေးမိရင် အမေတို့ကိုကြောက်သွားစေမှာ စိုးရိမ်နေခဲ့တာကြောင့်ပါ။ အဲဒ့ီနောက်ကျွန်တော်အိမ်ပြန်လာတော့ သူက သူ့ကိုယ်သူအပြစ်တင်နေခဲ့တယ်။ စိတ်ဓာတ်ကျပြီး အမေတို့သူ့ကိုမုန်းသွားမှာကို စိုးရိမ်နေခဲ့ရှာတာ"
လင်ကျန်းရီက ဦးစွာကလေးနှစ်ယောက်ဆိုတာထုတ်ဖော်ပြီးမှ သူ့မိဘများ၏မေတ္တာတရားကို နှိုးဆွရန် family card တွေနှင့် pitiful card တွေကိုစတင်ကစားလေတော့သည်။
"ကျွန်တော်ဒီနေ့အိမ်ပြန်လာတာက ဒီအကြောင်းတွေကိုယဉ်ယဉ်ကျေကျေး၊ လိမ်လိမ်မာမာနဲ့ အေးအေးဆေးဆေးပြောပြလိုက်ပါလို့ သူကျွန်တော့်ကိုပြောနေလို့ပါ။ ကျွန်တော်တို့နှစ်ယောက်ကို အမေတို့လက်မခံနိုင်ဘူးဆိုရင်တောင် အမေတို့နှစ်ယောက်လုံးအပေါ် စိတ်မခုဖို့ကျွန်တော့်ကိုမေတ္တာရပ်ခံတယ်။ သူကပြောတယ်။ သူနားလည်ပါတယ်တဲ့။ ပြီးတော့ ကျွန်တော်တို့အတူမနေနိုင်ဘူးဆိုရင် ကလေးတွေမွေးပြီးတဲ့အချိန်အထိစောင့်ပြီးတာနဲ့ ကျွန်တော့်ကိုဘယ်တုန်းကမှမသိခဲ့တဲ့သူတစ်ယောက်လို ထွက်သွားပေးပါ့မယ်တဲ့လေ။ သူ့မှာရှိတဲ့တစ်ခုတည်းသောဆန္ဒက အမေတို့မသိအောင်သူပြန်လာပြီး ကလေးတွေကိုတစ်ခါလောက်ကြည့်ရှုခွင့်လေးပါပဲ"
လင်ကျန်းရီ၏စွမ်းရည်က ပင်းပြနေသောမျက်လုံးများဖြင့်လိမ်ညာခြင်းဖြစ်သည်။ သူ့အသံကလည်း ခံစားချက်များ ပြည့်နှက်လို့နေလျက်။
သူတမင်သက်သက်ပင်ဘအသံကိုတိုးညှင်းကာ ညှိုးငယ်နေသလိုအသံဖြစ်စေလိုက်သည်။ သူပြောလို့မပြီးခင်မှာပဲ ရုတ်တရက်ပင် သူ၏အနောက်နားမှ ရှိုက်ငိုသံကို ကြားလိုက်ရပါတော့သည်။
လင်ကျန်းရီက အံ့အားတကြီးကြည့်လိုက်ပြီးနောက် လင်မားမာတစ်ယောက သူမ၏မျက်ရည်များသုတ်နေသည်ကို တွေ့လိုက်ရသည်။ သူလန့်သွားတော့သည်။
"အမေ ဘာဖြစ်တာလဲ"
လင်မားမာက သူမ၏မျက်ရည်များကိုစက္ကူမျက်နှာသုတ်ပုဝါ(တစ်ရှူးစ)ဖြင့်သုတ်ရင်းပြောသည်။
"လိမ္မာရေးခြားရှိလိုက်တဲ့ကလေး"
အဲဒီ့နောက်သူမက လင်ပါ့ပါ၏ထင်မြင်ချက်ကို တောင်းခံသည်။
"ဟုတ်တယ်မလား ယောကျ်ား"
လင်ပါ့ပါ၏မျက်နှာအမူအရာကလည်းပဲ ခေါင်းညိတ်ထောက်ခံသည့်သဖွယ် ၀မ်းနည်းရိပ်တို့တစ်စွန်းတစ်စကပ်ငြိလို့နေသည်။
"ဒါ... သူကအရမ်းကို စဉ်းစားတွေးခေါ်တတ်တာပဲ။ အဖေတို့အမြဲတမ်း သူ့ကိုမတွေ့နိုင်ခဲ့တာ မအံ့သြတော့ပါဘူး။ အဖေတို့ကြောက်လန့်မှာစိုးရိမ်ပြီး တမင်သက်သက်ရှောင်နေခဲ့တာကိုး"
ယောကျ်ားတစ်ယောက်အနေဖြင့် လင်ပါ့ပါကပိုပြီးနားလည်သည်။ ယောကျ်ားလေးတစ်ယောက်အတွက် ကြီးမားသော၀မ်းဗိုက်တစ်ခုကို သယ်ဆောင်ဖို့ဆိုတာက သူ့ကိုယ်သူလေးစားတန်ဖိုးထားမှုအတွက် ဘယ်လောက်တောင်မှ နစ်နာသွားလေမလဲ။
ထုတ်မပြောလျှင်ပင် သူကသူတို့လင်မိသားစု၏အမြွာလေးများကို ကိုယ်၀န်လွယ်ထားရတာဖြစ်သည်။ သူကစဉ်းစားချင့်ချိန်တတ်ပြီး မည်သည့်ဂုဏ်ဒြပ်ကိုမှလည်း မတောင်းဆိုဘဲ သူ့ကလေးနှစ်ယောက်ကိုသာစိတ်ထဲထားသည်။
သူ့ဗိုက်ထဲက အသေးလေးနှစ်ယောက်က သူ့မြေးတွေဖြစ်သည်တဲ့။ အား....။
သည်အချိန်မှာ လင်ကျန်းရီကတော့ကြက်သေသေနေခဲ့သည်။ သည်လူအိုကြီးနှစ်ယောက်ရဲ့ကရုဏာတရားကိုအနိုင်ရဖို့ ဇာတ်လမ်းအနည်းငယ် ကြိုတင်ပြင်ဆင်လာခဲ့တာဖြစ်သည်။ သို့ပေမည့်ရလဒ်ကကောင်းပါသည်။
ဇာတ်လမ်း၏တစ်၀က်မျှသာပြောရသေးသည်။ သည်လူအိုကြီးနှစ်ယောက်က ထောင်ခြောက်မိသွားခဲ့ရှာပြီ။
"သား သူ့ကိုကောင်းကောင်းဂရုစိုက်ရမယ်နော်။ သူကမင်းအတွက် လိုလိုလားလားနဲ့ ကလေးမွေးပေးမဲ့သူပဲ။ မင်းသူ့ကိုဆုံးရှုံးလိုက်ရရင်တော့ အမေကမင်းကိုပထမဆုံး ခွင့်မလွှတ်မဲ့သူပဲ"
မိခင်တစ်ယောက်ဖြစ်သော လင်မားမာက သည်အရာကိုကောင်းကောင်နားလည်သည်။ ဆယ်လလောက်ယသူမကိုယ်၀န်ဆောင်ခဲ့ပြီး သူမရှေ့ကဒီခွေးကောင်လေးကိုဖွေးဖွားခဲ့စဉ်က သူမဘယ်လောက်တောင် ပင်ပန်းခဲ့တယ်ဆိုတာကိုပေါ့။
သည့်ပြင် အနာဂတ်ချွေးမလေးက ယောကျ်ားလေးတစ်ယောက်ဖြစ်နေသေးသည်။ သူမ သည်အကြောင်းကို ပိုပြီးတွေးတောလေ သူမ၏နှလုံးသားလေးက သူ့အတွက်ပိုပြီးနာကျင်၀မ်းနည်းလာရသည်။
"မှန်တယ် သား... မင်းသူ့ကိုကောင်းကောင်းမဆက်ဆံရင် ငါ့ကိုအဖေလို့မခေါ်နဲ့တော့။ အဖေ မင်းကိုတောင်မလိုချင်တော့ဘူး။ မင်းလိုသားမျိုး အဖေတို့လည်းအလိုမရှိဘူး။ သူ့ကိုကောင်းကောင်းဂရုစိုက်။ အာ စကားမစပ် ကလေးတွေနာမည်ကရောဘာလဲ"
လင်ပါ့ပါက ဒေါသထွက်ရင်းကြားမှမေးသည်။ နောက်ဆုံးတော့ တစ်ဘက်လူကို'သူ'လို့ခေါ်ဖို့က မသင့်တော်ပေ။ ဒီတော့သူမေးလိုက်သည်။ လင်ကျန်းရီကလည်း နာခံဟန်ဖြင့်ဖြေသည်။
"စုကျစ်ယန်"
"စုကျစ်ယန်.. အိုက်ယိုး... ကောင်းလိုက်တဲ့နာမည်လေး... ကျစ်ယန်... ကျစ်ယန်..."
လင်မားမာကနှစ်ကြိမ်ထပ်ကာပြောလိုက်ပြီး ဒါနဲ့ရင်းနှီးသွားခဲ့လေပြီ။ သူမ၏မျက်ရည်များကိုသုတ်ပစ်ပြီးနောက် လင်ကျန်းရီ၏လက်ကိုဆွဲကာမေးလိုက်သည်။
"ကျစ်ယန်ကိုလက်ထပ်ဖို့ ဘယ်အချိန်ကျမှ အမေတို့အိမ်ခေါ်လာမှာလဲ"
"မှန်တယ် ကျစ်ယန်ကမင်းရဲ့သွေးသားကိုကိုယ်၀န်ဆောင်ထားရတာ အတူနေပြီး သူ့ခံစားချက်ကိုမကစားနဲ့။ ဒါက(ခံစားချက်ကိုကစားတာက)သူ့ကိုအမှားလုပ်တာပဲ"
လင်ပါ့ပါကလေးနက်စွာပြောသည်။
"ဒါနဲ့... သူ့မိဘတွေရော ဒီအကြောင်းသိကြလား။ သူ့မိဘတွေဆီသွားလည်ပြီးတော့ မင်္ဂလာကိစ္စဆွေးနွေးဖို့ အချိန်ပေးရမယ်"
လင်ကျန်းရီကတော့ လက်ထပ်ဖို့ပြောရတာဟာ လွယ်ကူလွန်းသည်ဟု ကြိတ်တွေးခဲ့သည်။ ဒါပေမဲ့လို့ အားနည်းဖျော့တော့နေတဲ့သူ့ဇနီးလေးရဲ့အမိန့်အရ လက်ထပ်ပွဲကိုရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ရတာဖြစ်သည်။
"အဖေ... အမေ ဒီအကြောင်းနဲ့ပါတ်သတ်လို့ ကျွန်တော်သတိပေးထားရဦးမယ်။ ကျစ်ယန်ရှေ့မှာသူ့မိဘတွေအကြောင်း စကားမစမိပါစေနဲ့နော်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ဒီထူးခြားတဲ့ဖွဲ့စည်းပုံကြောင့် သူ့မိဘတွေကမိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်။ သူကအဲဒီ့မှာ ကြီးပြင်းခဲ့တာလေ"
သည်အကြောင်းကိုနားထောင်ပြီးနောက် လင်ပါ့ပါနှင့်မားမာတို့၏မျက်လုံးများထဲတွင် ၀မ်းနည်းမှုတို့က ပို၍ပင်နက်ရှိုင်လာခဲ့သည်။ သနားစရာကောင်းလိုက်တဲ့ကလေး...။
သည်တော့ လူနှစ်ယောက်ဟာ မခံမရပ်နိုင်ဖြစ်ပြီး စုကျစ်ယန်၏မိဘများအကြောင်း မကျေမနပ်ပြောဆိုရန် စတင်ဟန်ပြင်ကြတော့သည်။
"ဘယ်လိုမိဘတွေကများ ဒီလိုကိစ္စတစ်ခုကို လုပ်ရက်ကြတာလဲနော်။ ဘာလို့များ ဒီလောက်တောင်ရက်စက်ကြပါလိမ့်။ ကျစ်ယန်ကအရမ်းလိမ္မာပြီး ချင့်ချိန်စဉ်းစားတတ်တဲ့ကလေးပါ။ သူတို့ဘယ်လိုများ ဒီလိုလုပ်ရက်နိုင်ကြတာလဲ"
လင်မားမာက ဒေါသတကြီးပြောသည်။
"ကိုယ်၀န်ရတော့ရာ ဘာဖြစ်လဲ။ အဲဒါကဘယ်လောက်တောင် ကောင်းလိုက်လဲ။ အား..... လူတွေဘယ်လေက်များများက ဒီလိုလူနဲ့လက်ထပ်နိုင်ဖို့ အလိုရှိပါလိမ့်။ အား...။ ဟုတ်တယ်မလား သားရာ။ သားလိုလိင်တူနှစ်သက်သူအနေနဲ့ ကလေးတစ်ယောက်မရနိုင်ဘူး။ ပြီးတော့ သားရဲ့နောက်ဆုံးသောလေးစားမှုကို ပေးလိုက်မှာမဟုတ်ဘူးလေ။ ကျစ်ယန်ကအရမ်းလိမ္မာတိာကို။ အာ.... သူကအမေတို့လင်မိသားစုကို အမွေဆက်ခံသူရဖို့ သေချာအောင်လုပ်ပေးတာပဲ။ ပြီးတော့ အမြွာလေးတွေတောင်မှ ဖြစ်လိုက်သေး... အမေကထောက်ခံပေးရမှာပေါ့။ ကျစ်ယန်လေးကို အိမ်ခေါ်ဖို့(မိသားစုဖြစ်လာဖု့ိ) အမေတို့လက်ထပ်ပေးရမှဖြစ်မယ်။ သူ့မှာအမေတို့လင်မိသားစုရဲ့မျိုးစေ့လေးတွေရှိနေတာမဟုတ်ရင်တောင်မှ အမေကတော့ သူ့ကိုအမေတို့ရဲ့ချွေးမလေးအဖြစ် လိုချင်နေတုန်းပဲ"
လင်ပါ့ပါကလည်း သံယောင်လိုက်သည်။
"ဟုတ်တယ် မင်းအမေပြောတာ အမှန်ပဲ။ ဒီလိုလိမ္မာရေးခြားရှိတဲ့ကလေးတစ်ယောက်ကို အဖေတို့လက်မလွှတ်နိုင်ဘူး။ အမေနဲ့အဖေက ထောက်ခံအားပေးတယ်။ သူ့ကိုကောင်းကောင်းဆက်ဆံနော် နားလည်လား"
_ _ _ _ _ _ _
Translated by Lay Pyay Yine (team camomile).
မျောပါရင်း မျက်ရည်၀ဲသွားတာ လေပြည်တစ်ယောက်တည်းလား။ btw, ကျစ်ယန်လေးက မြင်တောင်မမြင်ရသေးဘဲ အချစ်ခံနေရတာနော်။ ၀မ်းသာလိုက်တာ။
သီတင်းကျွတ်ကာလလေးမှာ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေရှင်။ လပြည့်နေ့အမှတ်တရ double update လိုက်ပါတယ်နော်။
_ _ _ _ _ _ _ _
(Zawgyi)
အခန္း ၇၀။ သား... အေဖနဲ႔အေမက သားကိုေထာက္ခံအားေပးပါတယ္။
"အေမေရ ေအးေအးေဆးေဆးေလး မေနနိုင္ဘူးလားဗ်ာ"
လင္က်န္းရီ ေျပာစရာစကားမဲ့သြားရသည္။ သူ႔အေမကအရမ္းႀကီး ဆႏၵေစာလြန္းမေနဘူးလား။ ေယာကၡမတစ္ေယာက္ရဲ႕အသိတရားကေရာ ဘယ္ေနရာမွာလဲ။
—— သူ မသိခဲ့သည္က လင္မာမားဟာ သူမ၏အနာဂတ္ေခြၽးမေလးကိုေတြ႕ရန္အခြင့္အလမ္းမ်ားကို လြတ္သြားခဲ့ရတာေၾကာင့္ နွလံုးသားတစ္ခုလံုး မေက်နပ္မႈေတြျပည့္နွက္ေနခဲ့သည္ကိုပင္။
"မင္းကဘာလို႔ဒီကိုလာတာလဲ"
သူမ၏ေခြၽးမကိုမေတြ႕တာမို႔ လင္မားမာတစ္ေယာက္ သူမသားေလးေရာက္လာတာေတာင္မွ သူမကိုယ္သူမ ေပ်ာ္႐ႊင္ေအာင္မလုပ္ႏိုင္ခဲ့ပါေခ်။ သူမ၏ဂိမ္းကိုျပန္မေဆာ့ခင္ သူ႔ကိုမ်က္လံုးတစ္ခ်က္သာေ၀့ၾကည့္လိုက္သည္။ လင္က်န္းရီ၏ပါးစပ္မွာေတာ့ ဆန္႔ငင္ဆန္႔ငင္ျဖစ္သြားရေတာ့သည္။
"အေမ ကြၽန္ေတာ့္ကိုထြက္ႀကိဳတာလား။ ဘာလို႔ကြၽန္ေတာ့္ကိုေတြ႕ရတာကို မေပ်ာ္ရတာလဲ"
"ဟမ့္"
လင္မားမာက သူ႔ကုိလ်စ္လ်ဴရႈလိုက္သည္။ သူမ၏ႏွာေခါင္းမွ 'ဟမ့္'ခနဲအသံေပးၿပီးေနာက္ ဖန္သားမ်က္နွာျပင္ႀကီးေပၚရွိ သူမ၏ဂိမ္းမ်ားကိုကစားရန္ စတင္အာ႐ုံစိုက္ေတာ့သည္။
လင္က်န္းရီက သူ႔ႏွာေခါင္းကို ကိုးရို႔ကားရားဟန္ျဖင့္ ပြတ္လိုက္သည္။ သို႔ေသာ္လည္း လင္ပါ့ပါကေတာ့ သူ႔သားကိုအနည္းငယ္ေ မ်က္နွာသာေပးလိုက္သည္။ သူကဆိုဖာေပၚထိုင္လိုက္ၿပီး သူ႔ကိုပါထိုင္ခိုင္းသည္။
"က်န္းရီ လာထိုင္ေလ။ မင္းမွာအေဖတို႔ကို ေျပာစရာတစ္ခုခုရွိေနတယ္မလား"
"အင္း"
လင္က်န္းရီက ထိုင္ခ်လိုက္ရင္း ေခါင္းညိတ္သည္။
"အဲဒါကဘာလဲ။ မင္းခ်ိန္းေတြ႕ေနတဲ့လက္တြဲေဖာ္နဲ႔ ဆက္စပ္မႈရွိတာလား"
လင္ပါ့ပါေျပာလိုက္သည္နွင့္ လင္မားမာ၏နား႐ြက္မ်ားေထာင္သြားကာ သူမ၏မ်က္လုံးမ်ားက သူတို႔၏ဦးတည္ရာဆီသို႔ ဆတ္ခနဲေ႐ြ႕လ်ားသြားသည္။
အုိး ဟုတ္သား။ သူမဘာလို႔ ဒါကိုမေတြးမိခဲ့ပါလိမ့္။
ယခုအခိ်န္မွာ အနာဂတ္ေခြၽးမေလးကိုေတြ႕ျမင္နိုင္ရန္ သူမတို႔ကိုလာေျပာလိမ့္မည္ဟုမေတြးမိခဲ့သည့္ သူမ၏မုန္းစရာေကာင္းေသာသားနွင့္ပါတ္သတ္ၿပီး သူမ၏အခ်ိန္ေတြကို ျဖဳန္းလြန္းမိခ့ဲ့ေလၿပီ။
"အင္း"
လင္က်န္းရီက ဆက္လက္ကာေခါင္းၿငိမ့္ျပေသာ္လည္း တကယ္တမ္းမွာေတာ့ သူအနည္းငယ္စိတ္လႈပ္ရွားေနခဲ့သည္။ သူ႔ေခါင္းကိုငံု႔လိုက္ၿပီး ခ်ီတံုခ်တံုျဖစ္ေနပံုရသည္။
"အေဖတို႔သူ႔ကိုလက္မခံမွာ ကြၽန္ေတာ္စိုးရိမ္တယ္ အဲဒါေၾကာင့္ကြၽန္ေတာ္ သူ႔ကို ဘယ္တုန္းကမွျပန္ေခၚမလာရဲခဲ့ဘူး"
"ဘယ္လိုလူမ်ိဳးကိုပဲ မင္းသေဘာက်သြားပါေစ အေဖတို႔ကဘယ္လိုကန္႔ကြက္မႈမ်ိဳးမွ လုပ္မွာမဟုတ္ပါဘူး။ ငါ့သားနဲ႔မတူလိုက္တာကြာ။ မင္းဘာလို႔ဒီေလာက္ေတာင္ ယုံၾကည္မႈေတြကင္းမဲ့လာရတာလဲ"
လင္ပါ့ပါက အလြန္ေဖာ္ေ႐ြစြာေျပာသည္။
"သူမရဲ႕မိသားစုေနာက္ခံက အေဖတို႔နဲ႔မကိုက္ညီလို႔လား။ ဒါေၾကာင့္အေဖတို႔နဲ႔ေတြ႕ဖို႔ သူမကိုအိမ္ျပန္မေခၚလာရဲတာလား။ အေဖတို႔ကန႔္ကြက္မွာေၾကာက္ေနတာလား"
[*ေလျပည္-တစ္ကယ္ေတာ့ဒီေနရာမွာ အသံထြက္ဆင္ေနတာပါ။ တရုတ္လို'သူ'နဲ႔'သူမ'က အေရးစာလံုးကြဲေပမဲ့ အသံထြက္ကအတူတူပါပဲ။ 'သူ'က'他'လို႔ေရးၿပီး 'သူမ'ကေတာ့ '她'ျဖစ္ပါတယ္ေနာ္။]
လင္က်န္းရီက ပထမဦးစြာေခါင္းညိတ္လိုက္ၿပီးေနာက္ ေခါင္းယမ္းျပန္သည္။
"တျခားကိစၥေတြပါ"
"သူမကအရမ္းၾကည့္ေကာင္းတာမဟုတ္လို႔ အေဖတို႔ကသူမရဲ႕အသြင္အျပင္နဲ႔ပဲ အကဲျဖတ္လိမ့္မယ္လို႔ ထင္ေနတာလား။ ဒါေၾကာင့္မင္းသူမကို ျပန္မေခၚလာရဲတာလား "
လင္ပါ့ပါက ဆက္လက္ခန႔္မွန္းသည္။ တစ္စံုတစ္ေယာက္အတြက္ သူတို႔ရဲ႕သားကို လြတ္လြတ္လပ္လပ္စကားမေျပာနိုင္ဘဲ အလြန္အမင္း တြန႔္ဆုတ္ေအာင္လုပ္ႏိုင္ဖို႔ကရွားပါသည္။ သူတို႔ကလွ်ိဳ႕ဝွက္စြာ ခ်ိန္းေတြ႕ေနခဲ့ၾကတာၾကာၿပီပဲ။
ကေလးက႐ုပ္ဆိုးေနခဲ့လွ်င္ေတာင္ သူမ၏ႏွလုံးသားကေတာ့ လွပေလာက္သည္။ မဟုတ္လွ်င္ သူ႔သားကသူမနဲ႔ ပါတ္သတ္ခဲ့မွာမဟုတ္ပါဘူး။
လင္က်န္းရီကေတာ့ ေခါင္းကိုခါယမ္းလိုက္သည္။
"မဟုတ္ဘူး သူကၾကည့္ေကာင္းတယ္။ အဲဒါ... အဲဒါက ..."
"ျပႆနာကဘာလဲ"
ေနာက္ဆံုးမွာေတာ့ လင္မားမာတစ္ေယာက္ သူမ၏တည္ၿငိမ္ေအးေဆးမႈကို ဆံုးရႈံးသြားခဲ့ၿပီျဖစ္သည္။ သူမ၏ဂိမ္းခလုတ္ကိုပိတ္ကာ မွီထိုင္လိုက္သည္။ သူမ၏မ်က္လံုးမ်ားကေတာ့ လင္က်န္းရီထံသု႔ိ ေတာကပစြာက်ဆင္းေနေလေတာ့သည္။
"သူမက အထက္စီးဆန္လို႔လား
ဒါမွမဟုတ္အေမတို႔နဲ႔ေတြ႕ဖို႔ သူမမွာယုံၾကည္မႈမရွိတာလား။ ဒါေတြအကုန္လုံးက ျပသနာမရွိပါဘူး"
"သူမကို အေမနဲ႔အေဖတို႔ဆီ အရင္ေတြ႕ဖို႔ေခၚလာခဲ့လိုက္ ဒါဆိုအေမတို႔ကအတူေနဖို႔လြယ္တယ္ဆိုတာ သူမသိလိမ့္မယ္။ ဒီ့ျပင္သူမမွာကိုယ္ဝန္ရွိေနတာဆိုေတာ့ သူမရဲ႕စိတ္ခံစားခ်က္လည္း နည္းနည္းေလးပိုၿပီး တက္လိုက္က်လိုက္ျဖစ္ေနမွာ အထက္စီးဆန္တယ္ဆိုတာကပုံမွန္ပါပဲ။ အေမတို႔နဲ႔မသင့္မျမတ္ျဖစ္မွာ မစိုးရိမ္ပါနဲ႔။ အေမတို႔ိစိတ္ထဲမထားပါဘူး။ အား.... သူမကုိေခၚလာခိိ်န္တန္ၿပီဆို ေခၚလာခဲ့ေတာ့ေလဟဲ့"
"ဒါကကိစၥမဟုတ္ဘူး။ သူကအရမ္းသေဘာေကာင္းၿပီး ဂ႐ုတစိုက္ရွိတယ္။ အမွန္ေတာ့ဒီေန႔ ကြၽန္ေတာ္ဒီကိုလာမယ္ဆိုတာ သူၾကားတုန္းက အေမတို႔ဖို႔အႏွိပ္ကုလားထိုင္ႏွစ္လုံး ဝယ္ေပးဖို႔ေတာင္းဆိုခဲ့တယ္။ တစ္ေယာက္ေယာက္ အေမတို႔ဆီမၾကာခင္လာပို႔လိမ့္မယ္"
လင္က်န္းရီဟာ အနွိပ္ကုလားထိုင္ေတြကို၀ယ္ကာ delivery အပ္ခဲ့သူက သူပဲျဖစ္တယ္ဆိုတာကိုေတာ့မေျပာခဲ့ပါေခ်။
"သူမကအရမ္းေကာင္းတယ္ဆိုမွေတာ့ သားကဘာကို တံု႔ဆိုင္းေနတာလဲ"
လင္မားမာကၿပံဳးကာ လင္က်န္းရီ၏လက္ေမာင္းကို ပုတ္သည္။
"သားေလး ဘာေတြလာၿပီးလွည့္စားေနတာလဲ။ သူမကအခုလမ္းေလွ်ာက္ဖို႔ အရမ္း၀ေနလို႔လား။ သူမကကားနဲ႔ မလာခ်င္ဘူးလား။ ဒါဆိုရတယ္။ အေမနဲ႔မင္းအေဖကပဲ သူမကိုသြာေတြ႕မယ္"
လင္းက်န္းရီက သူ၏ႏႈတ္ခမ္းလႊာမ်ားကို စု၀ိုင္းလိုက္ကာ ကူရွင္ေပၚထိုင္ေနခဲ့တာလံုေလာက္ၿပီဟု ခံစားရသည္။ ဒါေၾကာင့္ ဂရုတစိုက္ဆက္ေျပာလိုက္သည္။
"အဲဒါေတြကျပႆနာေတြမဟုတ္ဘူး သူကပ်က္စီးေနတဲ့သူမဟုတ္ပါဘူး။ အဓိကျပႆနာက သူကပံုမွန္လူေတြနဲ႔ နည္းနည္းကြဲျပားေနတာပါ"
"ဘာကြဲျပားေနလို႔လဲ။ မသန္မစြမ္းျဖစ္ေနတာလား"
လင္မားမာ၏စိတ္ကူးနိုင္စြမ္းက ေကာင္းကင္ကိုေတာင္ ေက်ာ္လြန္သြားခဲ့ေလၿပီ။ လင္က်န္းရီမွာေတာ့ ၿပံဳးခ်င္စိတ္ကိုဖိနွိပ္ကာ အလြန္အမင္း၀မ္းနည္းဟန္ေဆာင္လိုက္သည္။
"ကြၽန္ေတာ္ေျပာလိုက္ရင္ ဘန္႔မသြားၾကပါနဲ႔ေနာ္ သူကမသန္မစြမ္းမဟုတ္ပါဘူး။ ပံုမွန္ပါပဲ။ ဒါေပမဲ့..."
လင္ပါ့ပါနွင့္လင္မားမာတို႔ တစ္ေယာက္နွင့္တစ္ေယာက္ၾကည့္ကာ တိုက္တြန္းၾကသည္။
"မင္း... ဒီကေလးကေတာ့... ေျပာသာေျပာစမ္းပါ ရင္တမမျဖစ္ေအာင္မလုပ္ေနတာရပ္ပါေတာ့"
"အဲဒါကေလ သူကကြၽန္ေတာ့္လိုပဲ ေယာက်္ားေလးတစ္ေယာက္ပါ"
လင္က်န္းရီက သက္ျပင္းတစ္ခ်က္ရႈိက္ကာ ေနာက္ဆံုးမွာေတာ့ သည္စာေၾကာင္းကို ေျပာခ်လိုက္ေတာ့သည္။
တိတ္ဆိတ္ၿငိမ္သက္မႈက ႀကီးစိုးသြားခဲ့ေလၿပီ။
လင္ပါ့ပါနွင့္လင္မားမာတို႔နွစ္ေယာက္စလံုး ျပဴးက်ာ္ေနေသာမ်က္လံုးမ်ားျဖင့္ စိုက္ၾကည့္ေနမိၾကၿပီး အခိ်န္အေတာ္ၾကာေအာင္ စကားမေျပာနိုင္ၾကေပ။ လင္က်န္းရီကပင္ တံု႔ဆိုင္းတံု႔ဆိုင္းျဖင့္ ေျပာလိုက္သည္။
"ကြၽန္ေတာ္ဘယ္တုန္းကမွ မေျပာရဲခဲ့ဘူး တစ္ကယ္ေတာ့ ကြၽန္ေတာ္က... ေယာက်္ားေလးေတြကိုပဲသေဘာက်တယ္ဆိုတာကိုေပါ့။ အေဖနဲ႔အေမ စိတ္မလႈပ္ရွားဘဲ ကြၽန္ေတာ္ေျပာတာကိုနားေထာင္ေပးပါ။ ဒါကရွက္စရာေကာင္းတဲ့ကိစၥမဟုတ္ပါဘူး။ အဲဒါက ကြၽန္ေတာ္သေဘာက်မိတဲ့သူက ကြၽန္ေတာ္နဲ႔ျဖစ္တည္မႈျခင္းတူေနရံုေလးပါပဲ။ ကြၽန္ေတာ္တို႔နွစ္ေယာက္္အတူရွိေနရင္ အရမ္းေပ်ာ္တယ္။
You are reading the story above: TeenFic.Net