Chapter 67 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း-၆၇။ ၁၀၀%ပြည့်သန့်ရှင်းကောင်းမွန်သောဇနီး....

လင်ကျန်းရီဟာ သူ၏လက်ကိုဆန့်ထုတ်လိုက်ပါသော်လည်း ကုဖုန်းကိုမဖမ်းနိုင်ခဲ့ပေ။ ရလဒ်အနေဖြင့် ထိုသူက ဧည့်ခန်းသို့ပထမဦးစွာ ပြေး၀င်သွားခဲ့သည်လေ။ လင်ကျန်းရီဟာသူ့အနောက်မှ တံခါးကိုသာပိတ်လိုက်နိုင်ပြီး ကုဖုန်းနောက်သို့အမြန်လိုက်သွားရသည်။

စုကျစ်ယန်က ဆိုဖာဆီသို့အသာရွေ့သွားလိုက်ပြီး သူထိုင်ရန်လုပ်မည့်အချိန်တွင် ကုဖုန်း၏ စိတ်လှုပ်ရှားမှု၊စူးစမ်းလိုမှုအပြည့်တို့ဖုံးလွှမ်းနေသောမျက်နှာကြီးဖြင့် သူ့ထံသို့ပြေးလွှားလာတာကိုမြင်တွေ့လိုက်ရသည်။

ဒီလူကဘာကြောင့်ဒီလောက်တောင် ဖျတ်လက်တက်ကြွနေရတာလဲ။

ကုဖုန်းအနေဖြင့် စုကျစ်ယန်က သူ့အပေါ်ကိုဘယ်လို မြင်သလဲဆိုတာ ဂရုမစိုက်ပါဘူး။  သူက စုကျစ်ယန်ကို မယုံကြည်နိုင်မှုအပြင် စူးစမ်းလိုစိတ်များပြည့်နေသော၊ စူးရှတောက်ပသောအကြည့်များဖြင့် စိုက်ကြည့်နေလိုက်သည်။

လူကြီးလူကောင်းဆန်သော ဒုဥက္ကဋ္ဌကြီးတစ်ယောက်ဟာဆိုရင်ဖြင့် စုကျစ်ယန်အားအချိန်တစ်ခုအတော်ကြာကြာသည်အထိစိုက်ကြည့်နေပြီးမှ စုကျစ်ယန်၏စူထွက်နေသောဗိုက်လေးကို ထိချင်ဟန်၊ သို့မဟုတ် ဟုတ်လားမဟုတ်လားဆိုတာသိချင်ဟန်ဖြင့် သူ့ရဲ့လက်ကိုမသိမသာဆန့်ထုတ်လိုက်လေသည်။

"ဖက်"

လင်ကျန်းရီက သူ့မိန်းမကိုအကာအကွယ်ပေးဖို့ရာစိတ်အားထက်သန်နေလေသည်။ သူက ချက်ချင်းပင်မြန်မြန် လျှောက်သွားလိုက်ပြီး ကုဖုန်းရဲ့လက်ကိုလွှဲရိုက်လိုက်သည်။

နောက်တော့သူက စုကျစ်ယန်၏အရှေ့မှ အကာအကွယ်ပုံစံဟန်ပန်ဖြင့် ပိတ်ရပ်လိုက်ပြီး ဒေါသတကြီးဖြင့်ပြောလိုက်သည်။

"ကုဖုန်း မင်းဘာလုပ်နေတာလဲ။ မင်း ငါ့မိန်းမကို မထိတာပိုကောင်းမယ်"

စုကျစ်ယန်သည်လည်း သူ၏ဗိုက်ကလေးကိုလက်ဖြင့်ဖုံးအုပ်လိုက်ပြီး အနောက်သို့အသာဆုတ်ကာ ကုဖုန်းကိုပြင်းပြင်းထန်ထန်ပြန်စိုက်ကြည့်ပေးလိုက်သည်။

ကုဖုန်းတစ်ယောက် သူ့သတိပြန်လည်လာပြီးနောက် ရှက်ရွံ့မှုအပြည့်ဖြင့်ပြုံးလိုက်သည်။

"ဟီးဟီးဟီး ... ဒါက သြချလောက်စရာ အံ့သြစရာကြီးမဟုတ်ဘူးလား။ ငါက ဒီအတိုင်း ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရနိုင်သွားရတာလဲ ဆိုပြီး အရမ်းသိချင်သွားရုံလောက်ပါကွာ"

ကုဖုန်းက စုကျစ်ယန်ရဲ့ ဗိုက်ကိုကြည့်ဖို့ရာအတွက် လင်ကျန်းရီ၏ ပိတ်ဆို့တားဆီးနေတဲ့ ကိုယ်ရှေ့ကနေ ခေါင်းကိုအသာထုတ်လိုက်ပြီး

"အဲဒါကမင်းရဲ့ခန္ဓာကိုယ်ထဲကို မျိုးဥဆဲလ်ကို ခွဲစိတ်ပြီးထည့်ထားတာဟုတ်တယ်မဟုတ်လား။ ကျန်းရီတစ်ယောက် မင်းအပေါ်ဒီလောက်အထိချစ်ပေးကြင်နာပေးတာအတွက် အံ့သြစရာတော့မရှိတော့ပါဘူး... မင်းက သူ့အတွက် ကလေးမွေးပေးဖို့အထိ မင်းကိုယ်မင်းအနစ်နာခံဖို့တကယ်ဆန္ဒရှိနေခဲ့တယ်လေ...  သူက မင်းကိုဒီထက်ဆိုးဝါးတာတွေဖြစ်အောင်လုပ်ဝံ့ရင် ငါမင်းကိုကူပြီးဆုံးဖြတ်ပေးမယ် ပြီးတော့ သူ့ကခွင့်မလွှတ်သင့်တဲ့ပထမဆုံးလူဖြစ်လာမှာသေချာတယ်"

လင်ကျန်းရီက မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီးထိုအထဲတွင် သတိထားနေမှုအပြည့်ဖြင့် ကုဖုန်းကိုစိုက်ကြည့်လိုက်သည်။ 

"ဘယ်အချိန်ကများ ငါ့ဇနီးနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ပေးနိုင်ဖု့ိက မင်းနဲ့ဆိုင်သွားရတာလဲ ငါကငါ့ ဇနီးကို အချစ်တွေအပြည့်နဲ့ဂရုစိုက်ပေးနိုင်တယ်... မင်းလိုများမှတ်နေလား...ဒီ မိန်းမလိုက်စားတဲ့အကောင်ကများ"

"အဓိပ္ပါယ်မရှိတဲ့စကားတွေမပြောနဲ့... အား... ငါမင်းအတွက်သူ့ကို ကူပြီးကြီးကြပ်ပေးမယ်...ကျစ်ယန် ဟုတ်တယ်မလား။ ကျစ်ယန် မင်းကို အခုလေးတင် ဒီနာမည်နဲ့ခေါ်နေတာ ငါကြားလိုက်တယ်...ငါက မင်းကိုဒီလိုခေါ်ရင်မင်းစိတ်ဆိုးမှာလား" 

ကုဖုန်းတစ်ယောက် သူ့ရဲ့သိမ်ဖျင်းလှတဲ့အပြုံးကိုအသာပြန်သိမ်းပြီး သူ့ကိုယ်သူအလေးအနက်ထား၍ ပြန်မိတ်ဆက်လိုက်သည်။

"ကိုယ့်နာမည်က ကုဖုန်း၊ အသက်က ၂၉ နှစ်၊ အိမ်ထောင်မရှိသေးဘူး။ ကိုယ့်မှာမကောင်းတဲ့ဝါသနာမရှိဘူး။ အလုပ်မှာအလေးအနက်ထားပြီး ဘဝကို ကောင်းတဲ့ဘက်အခြမ်းကထားပြီး ဦးတည်နေတယ်... လောလောဆယ် ကိုယ့်မှာဘာချစ်သူမှ မရှိဘူး။ လင်ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌကျန်းရီနဲ့ကိုယ်က ငယ်ငယ်လေးကတည်းက သူငယ်ချင်းကောင်းတွေ... ကိုယ်တို့နှစ်ယောက်လုံးက အကြိုက်လည်းတူကြတယ်... မင်းသူ့ကိုမကြိုက်ရင် ကိုယ့်ကိုရွေးနိုင်တယ် "

လင်ကျန်းရီရဲ့ ဓားမြှောင်လိုမျက်လုံးတွေကြောင့် ကုဖုန်းတစ်ယောက်မျက်လုံးပြူးသွားရပေမယ့် စုကျစ်ယန်ကိုတော့ရယ်မောသွားစေသည်။

"ကျွန်တော့်နာမည်က စုကျစ်ယန်ပါ...ကျွန်တော်ကဒီနှစ်ထဲမှာ ၂၄ နှစ်ရှိပြီ။ အိမ်ထောင်မရှိသေးဘူး။ ကျွန်တော်ကအားလပ်ရက်ယူထားပြီး အိမ်မှာအနားယူနေတာ...ဟွန့်... "

လင်ကျန်းရီက စုကျစ်ယန်ရဲ့ပါးစပ်ကိုလှမ်းပိတ်လိုက်ပြီး ကုဖုန်းနှင့် တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်နေကြခြင်းကို ငြင်းဆန်တားဆီးလိုက်သည်။

ဖြစ်နိုင်ချေက သုညအဆင့်မှာရှိနေပေမယ့်လည်း သူ့ဇနီးကို ကုဖုန်းရဲ့ဖန်စီဆန်ဆန်အနုအလှ၊ အနုအယွစကားလုံးတွေကို မကြားစေချင်၊ မမြင်စေချင်ပေ။
 
သို့သော်လည်း စုကျစ်ယန်က လင်ကျန်းရီ၏ လက်ကိုဆွဲချကာ စကားကိုဆက်လိုက်သည်။

"ဒါပေမယ့် ကျွန်တော့်မှာအဖော်ရှိနေပြီ…ဟုတ်တယ်၊ အဲဒါက ခင်ဗျားနဲ့ ငယ်စဉ်ကတည်းကအတူတူကစားခဲ့ကြတဲ့ မင်းရဲ့ညီအစ်ကိုကောင်းပဲ"

ကုဖုန်းရဲ့ပျော်ရွှင်မှုတွေကတောက်ပစွာဖြင့်ထုတ်လွှတ်နေတော့သည်။

လင်ကျန်းရီ၏အဖော်က လွန်စွာမှထက်မြက်လိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပါဘူး။ ဒီစကားတွေလောက်နဲ့တင် ကုဖုန်းတစ်ယောက်ဆုံးဖြတ်ချက်ချလိုက်ပြီ။ သူကသူ့သူငယ်ချင်းဖြစ်ရည်။

ဒါပေမယ့် လင်ကျန်းရီက ကောင်းချီးအပေးခံရလွန်းပါတယ်ကွာ...အား...။
ဒီအကောင်တစ်ယောက် ဒီလိုအသက်ရှင်နေတဲ့ရတနာလေးကို ဘယ်နေရာကနေများရှာတွ့ခဲ့ရတာလဲ...အား....။

"လုပ်စမ်းပါကွာ...ငါ့ကိုဒီလိုမှောင်မည်းနေတဲ့ မျက်နှာအမူအရာကြီးမလုပ်ပြစမ်းပါနဲ့၊ ဒါက ဟာသလေးတစ်ခုပဲကို... နူးညံ့ပြီးမွှေးတဲ့အမျိုးသမီးတွေကို ငါကနှစ်သက်နေတုန်းပါပဲကွာ...  ငါက မင်းရဲ့အမျိုးသားကြင်ယာတော်ကို မင်းဆီကနေမခိုးပါဘူးဟ"

"ဒါကသေချာပေါက်မမှန်သေးဘူး...ငါ့မိသားစုကကျစ်ယန်လေးက အရမ်းချစ်စရာကောင်းတယ်...  မင်းသူ့ကို ငါ့အဝေးကိုခေါ်သွားဖို့ သွေးဆောင်ဖျားယောင်းခဲ့ရင်ဘယ်လိုလုပ်မလဲ။ မင်းဂရုတစိုက်နားထောင်...လူဆိုးကောင်ကု၊ ငါတို့က မင်းကိုဒီနေရာက မကြိုဆိုဘူး၊ ဒါကြောင့် အနာဂတ်မှာငါတို့အိမ်ကိုလုံး၀မလာခဲ့နဲ့" 

လင်ကျန်းရီအနေဖြင့် သဘာ၀ကျစွာပင် ကုဖုန်းတစ်ယောက်နောက်ပြောင်နေမှန်းသိပြီး သူကသင့်တင့်လျောက်ပတ်စွာဖြင့် အနောက်ကတနေ followလိုက်ပေးရုံတင်။

"မင်းရဲ့အလားအလာလေးတွေကိုကြည့်ပါဦး...မင်း ငါ့ဆီကနေ ကျစ်ယန်ကို အနိုင်မရမှာကြောက်လို့လား"

ကုဖုန်းတစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး စုကျစ်ယန်၏ ဝမ်းဗိုက်ထံသို့ မထိန်းနိုင်စွာဖြင့် တစ်ဖန်ထပ်ကြည့်လိုက်မိပြန်သည်။ 

ကူကယ်ရာမဲ့စွာဖြင့်သူပြောလိုက်သည်။

"မင်း ကလေးလိုချင်တယ်ဆိုရင်လည်း ဘာလို့များမင်းက ကလေးတစ်ယောက်ကိုမမွေးစားရတာလဲ ကလေးတစ်ယောက်မွေးရတာ ဘယ်လောက်နာကျင်လိုက်မလဲ အထူးသဖြင့် ကလေးမွေးရမယ့် သူကယောက်ျားလေးတစ်ယောက်ဖြစ်နေရင်ပေါ့ မိန်းမထက်တောင်ပိုနာကျင်ခံစားရဦးမယ်...ကျစ်ယန် ကလေးကဘယ်နှစ်လရှိနေပြီလဲ...  ခုနစ်လ ဒါမှမဟုတ် ရှစ်လလား မင်းမွေးခါနီး ဖွားခါနီးပြီလား မင်းလည်းထိုင်လေ... ကိုယ့်ကိုယ်ကို မပင်ပန်းစေနဲ့ဦး"

လင်ကျန်းရီသည် စုကျစ်ယန်၏ နံဘေးတွင်ထိုင်ပြီး ရှင်းပြလိုက်သည်။

"ငါးလပဲရှိသေးတယ်... ကျစ်ယန်က အမွှာလေးကို ကိုယ်ဝန်ဆောင်ထားရတာမို့လို့ သူ့ဗိုက်ကပုံမှန်ထက်ပိုကြီးနေတာ...ဒါ့အပြင် တချို့ကိစ္စတွေကမင်းထင်နေသလိုမျိုးမဟုတ်ဘူး...ကျစ်ယန်မှာ ဖုံးကွယ်ထားတဲ့ကိုယ်ခန္တာဖွဲ့စည်းပုံနှစ်ခုရှိနေတယ်၊ သူက သူ့ကိုယ်တိုင်သန္ဓေတည်နိုင်တယ်လေ…သူသိတဲ့အချိန်ကျတော့ ကိုယ်ဝန်ကရှိနှင့်နေပြီ ဒါ့ကြောင့် သူက ကလေးကိုမွေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်…"

ကုဖုန်းတစ်ယောက် ပြောစရာစကားမရှိတော့ဟန်ဖြင့် သူ့အားအတန်ကြာငေးစိုက်ကြည့်နေပြီးကာမှ စကားဆိုလိုလာသည်။

"ဖုံးကွယ်ထားတဲ့ကိုယ်ခန္တာဖွဲ့စည်းပုံနှစ်ခု ဟုတ်စ  ဒါက အရမ်းအံ့သြစရာကောင်းတာပဲ…"

"ဟုတ်တယ်၊ ငါ့ဇနီးက နတ်ဘုရားကနေမွေးတာလေ၊ သူက မလွှမ်းမိုးနိုင်တဲ့ လူစားမျိုးပဲ" 

လင်ကျန်းရီဟာ လျင်မြန်စွာပင် ရှိုးပြတော့သည်။ ကုဖုန်းကလည်း ချက်ချင်းပင်ပြန်ကဲ့ရဲ့လှောင်ထေ့ပေးလိုက်သည်။

မင်းကလေ ငယ်ငယ်လေးကတည်းက ခွေးချေးကံနဲ့ကို ကံကောင်းတာ ပြီးတော့ အခုကျ မင်းက နွားတစ်ကကောင်ဖြစ်နေပေမယ့် ဇနီးကောင်းလေး တစ်ယောက်တောင်ရခဲ့ပြီ...သူကမင်းအတွက်ကလေးနှစ်ယောက်ကိုတောင် တစ်ပြိုင်နက်ယူပေးသေးတယ်။ လင်ကျန်းရီ တစ်ခါတစ်လေ ငါမင်းကို လည်ပင်းညှစ်သတ်ပစ်ချင်အောင် ခံစားရတယ်ဆိုတဲ့ အထိကို မင်းကိုအရမ်းမုန်းတယ် အား...."

"ဒါဆိုရင်လည်း ဆက်ပြီးငါဂရုစိုက်သမျှအရာတွေအတွက် မနာလိုလိုက်စမ်းပါ...မနာလိုနေလိုက်" 

လင်ကျန်းရီက သူ့သူငယ်ချင်းရဲ့ခံစားချက်တွေကို စိတ်မ၀င်စားလေဘူး။  သူက ယခုအချိန်လေးတွင် အလွန်တရာကိုမှပျော်ရွှင်နေပြီး အင်မတန်မှကြည်နူးမြူးတူးနေမိသည်။

"ဒါဖြင့် မင်းတို့နှစ်ယောက်ဘယ်တော့လောက်လက်ထပ်ဖြစ်မှာလဲ သူ့ဗိုက်ကပိုပြီးပူလာရင် မင်္ဂလာဆောင်ဖို့ကမသင့်တော်တော့ဘူး " 

ကုဖုန်းကသူ့ဘာသာသူထရပ်ကာ လင်မိသားစုမှ အထူးပြင်ဆင်ထားသော လက်ဖက်ရည်ခွက်ကိုယူ၍ ရေသန့်စက်သို့သွားလိုက်သည်။ သူကရေတစ်ခွက်သောက်ရင်းမေးလိုက်သည်။

လင်ကျန်းရီက လက်ထပ်ရန်အတွက် သေလောက်အောင် ဆန္ဒရှိနေခဲ့ပါသည်..အား....။ ဒါပေမယ့် အဓိကပြဿနာက ဒီအကောင်ပေါက်လေးကဆန္ဒမရှိနေခဲ့ခြင်းပင်... အား....။

သူက စုကျစ်ယန်ကို မသိမသာကြည့်လိုက်ပါသော်လည်း စုကျစ်ယန်ကတော့ သူ့ရဲ့တောင့်တတဲ့အကြည့်တွေကိုလျစ်လျူရှုပစ်လိုက်သည်။ လင်ကျန်းရီအနေဖြင့် သူ့ခမျာ..ဆင်ခြေတစ်ခုသာရှာတွေ့နိုင်လေသည်။

"ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ သူ့ကိုအရမ်းမပင်ပန်းစေချင်ဘူး၊ ဒါကြောင့် မင်္ဂလာဆောင်ကိစ္စအားလုံးကိုရွှေ့ဆိုင်းလိုက်ရတယ်... ငါ့သားနှစ်ယောက်ကို ငါ့ရဲ့မျက်နှာစာကောင်လေးတွေအဖြစ် ထားတာကလည်းကောင်းပါတယ်လေ"

[Velly/N-မင်္ဂလာဆောင်ရင်ပန်းခြင်းကိုင်တာမျိုးကိုဆိုလိုတာပါ]

"ဒါဖြင့် မင်းရဲ့ကလေးတွေက လမ်းလျှောက်ပုံသင်ယူဖို့က အနည်းဆုံး အချိန်သုံးနှစ်လောက်ကြာလိမ့်မယ်...မင်းရဲ့ဇနီးကိုဘာလို့များ ဒီလောက်အချိန်အကြာကြီး စောင့်ခိုင်းရတာလဲ" 

ကုဖုန်းက လင်ကျန်းရီကို မထီမဲ့မြင်ဟန်ပြုပြပြီး စုကျစ်ယန်ကိုကြည့်လိုက်သည်။

"ကျစ်ယန် မင်းကလေးရဲ့ပထမလနောက်ပိုင်းမှာ မင်းသူ့ကိုလက်ထပ်ခွင့်ပြုလိုက်...ဒီကောင်ကသဘောမတူခဲ့ရင်... ဒါမှမဟုတ် ဒီကောင်ကိုထားခဲ့ပြီး ကလေးတွေနဲ့အတူထွက်သွားလိုက် ဒါဆို ဒီကောင်ဘာညှိနှိုင်းမှုကိုမှ လုပ်ရဲတော့မှာမဟုတ်ဘူး"

"... "

သူတို့နှစ်ယောက်ကြားထဲမှာ စုကျစ်ယန်အနေဖြင့် ရယ်နေရုံသာတတ်နိုင်တော့သည်။ လင်ကျန်းရီက ကုဖုန်းကို မနာလိုတိုရှည်အကြည့်ဖြင့်ကြည့်လိုက်သည်။

"ဒါကငါတို့နှစ်ယောက်ကြားကကိစ္စပဲ...မင်းနဲ့ဘာဆိုင်လို့လဲ။ ငါ့ဇနီးကိုလမ်းလွဲအောင်လာမလုပ်နဲ့"

"ငါက မင်းမျက်နှာပျက်မယ့်အရေးကနေကယ်ပြီး မင်းကိုမျက်နှာသာပေးနေတာလေ" 

ကုဖုန်းက လက်ဖက်ရည်စားပွဲရဲ့ ဆန့်ကျင်ဘက်အခြမ်းမှ ခုံတွင်သွား၀င်ထိုင်လိုက်သည်။ 

"အမှန်တော့၊ မင်းကိုယ်မင်း ငါကဥက္ကဋ္ဌကြီးပါဆိုပြီး သူ့ကိုလေကျယ်ခဲ့ဖူးတယ်မလား...ဟုတ်တယ်ဟုတ်။ ဒါ ဘာကြောင့် သူကမင်းကိုလက်ထပ်ဖို့ငြင်းဆန်နေရသလဲ ဆိုတာပဲ... "

"အဓိပ္ပာယ်မရှိတာ၊ ငါက သူ့အတွက်စိတ်ပူနေရုံတင်"

လင်ကျန်းရီ၏မျက်နှာမှာရှက်စိတ်ကြောင့်ရဲတတ်ဘာပြီး စုကျစ်ယန်ထံ သူ့အား အကူအညီပေးရန်အတွက် အကြည့်တို့ပစ်လွှတ်လိုက်သည်။

သူ့နှလုံးသားထဲမှာတော့ ကုဖုန်းအားထပ်ခါတလဲလဲ ရိုက်နှက်ပြီးချေပြီ။

သူငယ်ချင်းဆိုးဆိုတဲ့အတိုင်း တကယ့်ကိုသူငယ်ချင်းဆိုးပဲ...အား.....။
သူ့ဇနီးလေးရဲ့ အရှေ့မှာ သူ့မျက်နှာကိုတကယ်ပဲ မကယ်တင်နိုင်တော့ဘူးလား။

စုကျစ်ယန်က လင်ကျန်းရီ၏ အကူအညီတောင်းခံနေသော အကြည့်ကိုလက်ခံရရှိပြီးနောက် သူ့နှလုံးသားထဲ၌ အသာရယ်မောလိုက်မိသည်။

သူက ဒီအခြေအနေကနေ သူ့ကိုကူညီရန်အတွက် တည်ငြိမ်အေးဆေးဟန်ပြင်လိုက်သည်။

"လောလောဆယ်တော့ ကျွန်တော်အနေနဲ့ အိမ်ထောင်မပြုချင်သေးဘူး...ပြီးတော့ ကျွန်တော့်ဗိုက်ထဲက ဒီပေါက်စလေးနှစ်ယောက်ကို ဂရုစိုက်ဖို့ကအရေးအကြီးဆုံးပဲလေ...ကျွန်တော်နေ့တိုင်းအိမ်မှာ ဒီအတိုင်းနေနေရတာတောင်အရမ်းပင်ပန်းနေတာ...မင်္ဂလာဆောင်ကိစ္စတွေကိုသာ ကျွန်တော်ထပ်ပြီးစီမံရမယ်ဆိုရင် ကျွန်တော်ပင်ပန်းလွန်းလို့သေသွားမှာတော့မဟုတ်ဘူးမလား"

လင်ကျန်းရီတစ်ယောက် သူ့စကားတွေကိုကြားလိုက်ရချိန်မှာ သူ့နှလုံးသားလေးတစ်ခုလုံး ပျော်ရွှင်မှုနှင့်ရွှင်လန်းတက်ကြွမှုတွေ အပြည့်အ၀ဖုံးလွှမ်းသွားတော့သည်။

ဘယ်လိုဇနီးမျိုးကို ဇနီးကောင်းလို့ခေါ်တာလဲ။ စုကျစ်ယန်ကတော့ ဒီလိုဇနီးမျိုးပဲ။  ၁၀၀% စစ်စစ် ရေမရောတဲ့ဇနီးကောင်း။

—— အပြင်လူများအရှေ့တွင် သူကသူ့ကို လုံလုံလောက်လောက် မျက်နှာသာပေးခဲ့ရုံသာမက သူကိုယ်တိုင်ရဲ့ တည်ရှိမှုကိုနိမ့်ကျစေပြီး သူ့ခင်ပွန်းသည်ကိုမိသားစုတွင် အကြီးဆုံးနဲ့ အရေးပါအရာရောက်ဆုံးအဖြစ်နေရာထားပေးသည်။

ဒါကအတော်လေးကိုမျက်နှာရတာပဲ ... အား...။

ဒါကြောင့် လင်ကျန်းရီတစ်ယောက် သူတို့နှစ်ယောက်တည်းသီးသန့်အချိန်တွင် သူဘယ်လိုအမိန့်တွေအောက်မှာနေရတယ်ဆိုတာက လုံး၀အရေးမကြီးဘူးလို့ ဆုံးဖြတ်ချက်ချလိုက်သည်။

သူ နည်းနည်းမှ စိတ်အနှောင့်အယှက် ဖြစ်မှာမဟုတ်ဘူး။ လုံးဝ ၁၀၀% ကျေနပ်တယ်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ကုဖုန်းတစ်ယောင် မရယ်လိုက်နိုင်ပါ။

ကြည့်ရတာတော့ ဒီစုံတွဲက တစ်ယောက်နဲ့တစ်ယောက် သဘောတူညီမှုရခဲ့ပုံပေါ်တယ်။ အပြင်လူတစ်ယောက်အနေနဲ့ သူဘာမှမပြောနိုင်တော့ဘူး...အား...။

မည်သို့ပင်ဆိုစေကာမူ သူ၏သူငယ်ချင်းကောင်းမှာ သူ တကယ်ချစ်ခင်နှစ်သက်ရသောသူတစ်ယောက်ကိုတွေ့ရှိပြီး သူတို့မှာကလေးတောင်ရှိနေပြီဆိုတာကို တွေ့လိုက်ရသဖြင့် သူတကယ်ကိုပျော်ရွှင်မိသွားသည်။

ကြည့်ရတာတော့ ဒီနေ့အတွက် သူလာရောက်လည်ပတ်မှုက အချည်းအနှီး မဖြစ်ခဲ့ပါချေ။

"မင်းမှန်ပါတယ်...ဒါဆိုရင်တော့ မင်းနောက်ထပ်နည်းနည်းလောက် ထပ်စောင့်သင့်တယ်...မင်းရဲ့သားလေးတွေတက်ရောက်တဲ့ မင်္ဂလာပွဲက တကယ်ကိုမျှော်လင့်ကြည်နူးဖို့ကောင်းမဲ့အရာပဲ..."

ကုဖုန်း အသာရယ်လိုက်သည်။

"မင်းရဲ့မင်္ဂလာဆောင်ပွဲအကြောင်းငါစဉ်းစားနေရင်း မင်းရဲ့မင်္ဂလာဦးညကိုပါ ငါတွေးမိသွားပြီ... အခုတော့ ငါလည်းစောင့်နေရတော့မယ်ထင်တယ်"

"ဟင့်အင်း... အချိန်သာကျလာရင် ဖြစ်နိုင်တာကတော့ ငါတို့မကြာခင်လက်ထပ်ဖြစ်ကြလိမ့်မယ်" 

လင်ကျန်းရီက ပျော်ရွှင်မြူးထူးစွာဖြင့်ပြောလိုက်သည်၊

"လူဆိုးကောင်ကု မင်းလည်း မကြာခင်တစ်ယောက်ယောက်ကိုရှာသင့်တယ်...ငါတို့နောက်တစ်ကြိမ်တွေ့တဲ့အချိန်ကျရင် မင်းကအပိုဖန်မီးလုံးလေးတစ်လုံးမဖြစ်တာပိုကောင်းမယ်"

"ကျစ်.... အခု မင်းမှာဇနီးရှိနေပြီဆိုတော့ မင်းရဲ့ညီအစ်ကိုကောင်းကို မလိုချင်တော့ဘူးပေါ့လေ သောက်ကျေးဇူးကန်းတဲ့အကောင်"

ကုဖုန်းက ထရပ်ပြီးစကားဆိုလိုက်သည်။

"အိုခေ ငါမင်းတို့နှစ်ယောက်ကို ဒီ့ထပ်ပိုပြီး မနှောင့်ယှက်သင့်တော့ဘူး။ ငါဘားကိုသွားပြီးငါနဲ့ သင့်တော်တဲ့သားကောင်လေးကိုလိုက်ရှာနိုင်မလားကြည့်ကြည့်ဦးမယ်...ဟားဟား... ကျစ်ယန် မင်းကောင်းကောင်းအနားယူနော်.... ငါ အချိန်ရရင်မင်းကိုလာတွေ့ဦးမယ်"

"ကောင်းပြီ၊ နောက်တစ်ခါဆုံကြမယ်" 

စုကျစ်ယန်သည်လည်း လိုက်ပါပို့ဆောင်ပေးချင်ပါသော်ငြား သူ့မှာလင်ကျန်းရီ၏ ချုပ်နှောင်ထားခြင်းကိုခံနေရသည်။

"ငြိမ်ငြိမ်ထိုင်နေ...ကိုယ်သွားပြီးသူ့ကိုလိုက်ပို့ပေးမယ် "

"ကျန်းရီ၊ ဟန်ဆောင်မနေစမ်းပါနဲ့...မင်းကငါ့ကို ဘာလို့ဒီလောက်တောင်ယဉ်ကျေးနေရတာလဲ စကားမစပ်၊ ငါ ကုမ္ပဏီရဲ့အလုပ်ကိစ္စတွေကိုပိုလုပ်ထားပေးမယ်...မင်းသာအိမ်မှာနေပြီး မင်းရဲ့ဇနီးကို ပိုပြီးအဖော်ပြုပေးနေ"

"အိုခေလေ၊ နောက်ဆုံးတော့ မင်းဒီနေ့အတွက် သင့်တင့်လျောက်ပတ်တဲ့အရာတစ်ခုခုကို ပြောခဲ့ပြီလေ"

ကုဖုန်းက သူ့ကိုလိုက်မပို့ပေးရန်ပြောပေမယ့် လင်ကျန်းရီကမတ်တတ်ရပ်ကာ သူ့နောက်သို့လိုက်ပို့ပေးနေဆဲပင်။

သူကကုမ္ပဏီရဲ့ကိစ္စတွေကိုပိုပြီးကူညီပေးမယ်လို့ပြောတာကို သူကြားလိုက်ရတဲ့အခါ လင်ကျန်းရီက အသာရယ်မောပြီး ကုဖုန်းကိုလက်သီးနဲ့ထိုးလိုက်သည်။ 

"ညီအစ်ကိုကောင်းလေး ငါ့သားတွေရဲ့တစ်လပြည့်ကျရင် ငါမင်းကိုသေချာပေါက် ဧည့်သည်အဖြစ်ဖိတ်မှာပါ"

"အာ...ကောင်းပြီလေ၊ မင်းရဲ့ အဖိုးတန်ဝိုင်နီကိုထုတ်ခဲ့ရင်ပေါ့" 

ကုဖုန်းကလည်းပဲ အပြုံးလေးဖြင့်ပင်တုံ့ပြန်ခဲ့သည်။ သူတံခါးနားသို့ရောက်သည့်အခါ စုကျစ်ယန်ဘက်သို့ လှည့်ပြီးသူ့ကိုပြုံးပြလိုက်သည်။ 

"ကျစ်ယန် နှုတ်ဆက်ပါတယ်"

"နှုတ်ဆက်ပါတယ်၊ ခင်ဗျားလည်း အချိန်ရရင်ဒီမှာ လာကစားလှည့်ပါ" 

စုကျစ်ယန်က သူ့ဗိုက်ကိုကိုင်၍ ဆိုဖာပေါ်တွင်ထိုင်ကာ အပြုံးနုလေးဖြင်ပြန်ပြောလေသည်။ သူ့ကိုကြည့်ရသည်မှာ ဤအိမ်၏ အုပ်ထိန်းသူနှင့် အတော်တူလေသည်။

ကုဖုန်း ကို ပြန်ပို့ပြီးနောက် လင်ကျန်းရီက ၁၀၀% ပြည့် သန့်ရှင်းကောင်းမွန်သောဇနီးကို ရွေးချယ်နိုင်ခြင်းကြောင့်စိတ်လှုပ်ရှားစွာဖြင့် သူပြန်ပြေးလာပြီး ဆိုဖာပေါ်တွင်ဒူးထောက်ထိုင်လိုက်လေသည်။  သူက စုကျစ်ယန်အား မထိန်းချုပ်နိုင်ဘဲ ပွေ့ဖတ်၍ သူ့ထံသို့ ခိုင်မြဲတည်ကြည်တဲ့အနမ်းတစ်ခုပေးလိုက်လေသည်။

"ဇနီးလေး…မင်းကအကောင်းဆုံးပဲ…ကိုယ်မင်းကိုအရမ်းချစ်တယ်"

___________________________________________

translator's note*
ဒီအပိုင်းမှာ Vellyတွေးမိတာကတော့ ဘယ်လောက်ပဲလင်ယောကျာ်းကိုနိုင်နေပါစေအများရှေ့မဏ္ဍိုင်မတတ်ပြသင့်ဘူးဆိုတာပဲ...ဘယ်လိုပဲဖြစ်ဖြစ် ခင်ပွန်းသည်ဆိုတာအိမ်ဦးနတ်ဖြစ်ပြီး အများရှေ့မျက်နှာတော့လိုချင်နေဦးမှာပဲလေ...
[သိသာသိမမြင်စေနဲ့ဆိုတာမျိုး]

P.S.ကွယ်ရာမှာနိုင်တာကတော့ အိမ်တွင်းရေးဖြစ်သွားပြီလေ🤣

Translated By

#LZ_Velly [ Team-Camomile ]

လေပြည်-velly ဆိုတာက ရော်ရွက်ကြွေပါရှင့်။ နောက်ထပ်အသစ်မဟုတ်ပါဘူး။ နာမည်ပြောင်းထားတာပါနော်။ update ကတော့ လေပြည်တို့နှစ်ယောက် တစ်ယောက်တစ်ပါတ်နှုန်းနဲ့အပိုင်းရေကတော့ ၃ပိုင်းစီယူထားပါတယ်။ အများကြီးပေးချင်ပေမဲ့ သေချာပေါက်ရယ်လို့ကတိမပေးနိုင်လို့ ဒီထက်ရေးနိုင်တဲ့အခါကျ bonus ထပ်ပြီးပေးမှာပေါ့ နော့်။ နောက်နှစ်ပိုင်းမြန်မြန်ဖတ်ချင်ရင် သူ့ဆီမှာချွဲပါ၊ ပူဆာပါ။ များများလေးပူဆာပေးမှ သူကရေးတာမြန်မှာ။ XD

_ _ _ _ _ _ _ _ _

(Zawgyi)

အခန္း-၆၇။ ၁၀၀%ျပည့္သန႔္ရွင္းေကာင္းမြန္ေသာဇနီး....

လင္က်န္းရီဟာ သူ၏လက္ကိုဆန႔္ထုတ္လိုက္ပါေသာ္လည္း ကုဖုန္းကိုမဖမ္းနိုင္ခဲ့ေပ။ ရလဒ္အေနျဖင့္ ထိုသူက ဧည့္ခန္းသို႔ပထမဦးစြာ ေျပး၀င္​သြားခဲ့သည္ေလ။ လင္က်န္းရီဟာသူ႔အေနာက္မွ တံခါးကိုသာပိတ္လိုက္နိုင္ၿပီး ကုဖုန္းေနာက္သို႔အျမန္လိုက္သြားရသည္။

စုက်စ္ယန္က ဆိုဖာဆီသို႔အသာ​ေရြ႕သြားလိုက္ၿပီး သူထိုင္ရန္လုပ္မည့္အခ်ိန္တြင္ ကုဖုန္း၏ စိတ္လွုပ္ရွားမွု၊စူးစမ္းလိုမွုအျပည့္တို့ဖုံးလႊမ္းေန​ေသာမ်က္ႏွာႀကီးျဖင့္ သူ႔ထံသို့ေျပးလႊားလာတာကိုျမင္ေတြ႕လိုက္ရသည္။

ဒီလူကဘာေၾကာင့္ဒီေလာက္ေတာင္​ ဖ်တ္လက္​တက္ႂကြေနရတာလဲ။

ကုဖုန္းအေနျဖင့္ စုက်စ္ယန္က သူ႔အေပၚကိုဘယ္လို ျမင္သလဲဆိုတာ ဂ႐ုမစိုက္ပါဘူး။  သူက စုက်စ္ယန္ကို မယုံၾကည္နိုင္မႈအျပင္​ စူးစမ္းလိုစိတ္မ်ားျပည့္ေနေသာ၊ စူးရွ​ေတာက္ပေသာအၾကည့္မ်ားျဖင့္ စိုက္ၾကည့္ေနလိုက္သည္။

လူႀကီးလူေကာင္းဆန္ေသာ ဒုဥကၠ႒ႀကီးတစ္ေယာက္ဟာဆိုရင္ျဖင့္ စုက်စ္ယန္အားအခ်ိန္တစ္ခုအေတာ္ၾကာၾကာသည္အထိစိုက္ၾကည့္ေနၿပီးမွ စုက်စ္ယန္၏စူထြက္ေနေသာဗိုက္ေလးကို ထိခ်င္ဟန္၊ သို႔မဟုတ္ ဟုတ္လားမဟုတ္လားဆိုတာသိခ်င္ဟန္ျဖင့္ သူ႔ရဲ့လက္ကိုမသိမသာဆန္႔ထုတ္လိုက္ေလသည္။

"ဖက္"

လင္က်န္းရီက သူ႔မိန္းမကိုအကာအကြယ္ေပးဖို့ရာစိတ္အားထက္သန္ေနေလသည္။ သူက ခ်က္ခ်င္းပင္​ျမန္ျမန္ ေလၽွာက္သြားလိုက္ၿပီး ကုဖုန္းရဲ့လက္ကိုလႊဲရိုက္လိုက္သည္။

ေနာက္ေတာ့သူက စုက်စ္ယန္၏အေရွ႕မွ အကာအကြယ္ပုံစံဟန္ပန္​ျဖင္​့ ပိတ္ရပ္လိုက္ၿပီး ေဒါသတႀကီးျဖင့္ေျပာလိုက္သည္။

"ကုဖုန္း မင္းဘာလုပ္ေနတာလဲ။ မင္း ငါ့မိန္းမကို မထိတာပိုေကာင္းမယ္"

စုက်စ္ယန္သည္လည္း သူ၏ဗိုက္ကေလးကိုလက္ျဖင့္ဖုံးအုပ္လိုက္ၿပီး အေနာက္သို့အသာဆုတ္ကာ ကုဖုန္းကိုျပင္းျပင္းထန္ထန္ျပန္စိုက္ၾကည့္ေပးလိုက္သည္။

ကုဖုန္းတစ္ေယာက္ သူ႔သတိျပန္လည္လာၿပီးေနာက္ ရွက္ရြံ့မွုအျပည့္ျဖင့္ျပဳံးလိုက္သည္​။

"ဟီးဟီးဟီး ... ဒါက ၾသခ်ေလာက္စရာ အံ့ၾသစရာႀကီးမဟုတ္ဘူးလား။ ငါက ဒီအတိုင္း ေယာက္်ားတစ္ေယာက္က ဘယ္လိုလုပ္ၿပီး ကိုယ္ဝန္ရနိုင္သြားရတာလဲ ဆိုၿပီး အရမ္းသိခ်င္သြား႐ုံေလာက္ပါကြာ"

ကုဖုန္းက စုက်စ္ယန္ရဲ့ ဗိုက္ကိုၾကည့္ဖို့ရာအတြက္ လင္က်န္းရီ၏ ပိတ္ဆို့တားဆီးေနတဲ့ ကိုယ္ေရွ႕ကေန ေခါင္းကိုအသာထုတ္လိုက္ၿပီး

"အဲဒါကမင္းရဲ့ခႏၶာကိုယ္ထဲကို မ်ိဳးဥဆဲလ္ကို ခြဲစိတ္ၿပီးထည့္ထားတာဟုတ္တယ္မဟုတ္လား။ က်န္းရီတစ္ေယာက္ မင္းအေပၚဒီေလာက္အထိခ်စ္ေပးၾကင္နာေပးတာအတြက္ အံ့ၾသစရာေတာ့မရွိေတာ့ပါဘူး... မင္းက သူ႔အတြက္ ကေလးေမြးေပးဖို့အထိ မင္းကိုယ္မင္းအနစ္နာခံဖို့တကယ္ဆႏၵရွိေနခဲ့တယ္ေလ...  သူက မင္းကိုဒီထက္ဆိုး၀ါးတာေတြျဖစ္ေအာင္လုပ္ဝံ့ရင္ ငါမင္းကိုကူၿပီးဆုံးျဖတ္ေပးမယ္ ၿပီးေတာ့ သူ႔ကခြင့္မလႊတ္သင့္တဲ့ပထမဆုံးလူျဖစ္လာမွာေသခ်ာတယ္"

လင္က်န္းရီက မ်က္လုံးမ်ားကိုေမွးက်ဥ္းလိုက္ၿပီးထိုအထဲတြင္ သတိထားေနမွုအျပည့္ျဖင့္ ကုဖုန္းကိုစိုက္ၾကည့္လိုက္သည္။ 

"ဘယ္အခ်ိန္ကမ်ား ငါ့ဇနီးနဲ႔ပတ္သတ္ၿပီး ဆုံးျဖတ္ေပးနိုင္ဖု႔ိက မင္းနဲ႔ဆိုင္သြားရတာလဲ ငါကငါ့ ဇနီးကို အခ်စ္ေတြအျပည့္နဲ႔ဂ႐ုစိုက္ေပးနိုင္တယ္... မင္းလိုမ်ားမွတ္ေနလား...ဒီ မိန္းမလိုက္စားတဲ့အေကာင္ကမ်ား"

"အဓိပၸါယ္မရွိတဲ့စကားေတြမေျပာနဲ႔... အား... ငါမင္းအတြက္သူ႔ကို ကူၿပီးႀကီးၾကပ္ေပးမယ္...က်စ္ယန္ ဟုတ္တယ္မလား။ က်စ္ယန္ မင္းကို အခုေလးတင္ ဒီနာမည္နဲ႔ေခၚေနတာ ငါၾကားလိုက္တယ္...ငါက မင္းကိုဒီလိုေခၚရင္မင္းစိတ္ဆိုးမွာလား" 

ကုဖုန္းတစ္ေယာက္ သူ႔ရဲ့သိမ္ဖ်င္းလွတဲ့အျပဳံးကိုအသာျပန္သိမ္းၿပီး သူ႔ကိုယ္သူအေလးအနက္ထား၍ ျပန္မိတ္ဆက္လိုက္သည္။

"ကိုယ့္နာမည္က ကုဖုန္း၊ အသက္က ၂၉ ႏွစ္၊ အိမ္ေထာင္မရွိေသးဘူး။ ကိုယ့္မွာမေကာင္းတဲ့ဝါသနာမရွိဘူး။ အလုပ္မွာအေလးအနက္ထားၿပီး ဘဝကို ေကာင္းတဲ့ဘက္အျခမ္းကထားၿပီး ဦးတည္ေနတယ္... ​ေလာေလာဆယ္ ကိုယ့္မွာဘာခ်စ္သူမွ မရွိဘူး။ လင္​ကုမၸဏီရဲ့ဒုတိယဥကၠ႒က်န္းရီနဲ႔ကိုယ္က ငယ္ငယ္ေလးကတည္းက သူငယ္ခ်င္းေကာင္းေတြ... ကိုယ္တို့ႏွစ္ေယာက္လုံးက အႀကိဳက္​​လည္​းတူၾကတယ္... မင္းသူ႔ကိုမႀကိဳက္ရင္ ကိုယ့္ကိုေရြးနိုင္တယ္ "

လင္က်န္းရီရဲ့ ဓားေျမႇာင္လိုမ်က္လုံးေတြေၾကာင့္ ကုဖုန္းတစ္ေယာက္မ်က္လုံးျပဴးသြားရေပမယ့္ စုက်စ္ယန္ကိုေတာ့ရယ္ေမာသြားေစသည္။

"ကၽြန္ေတာ့္နာမည္က စုက်စ္ယန္ပါ...ကၽြန္ေတာ္ကဒီႏွစ္ထဲမွာ ၂၄ ႏွစ္ရွိၿပီ။ အိမ္ေထာင္မရွိေသးဘူး။ ကၽြန္ေတာ္ကအားလပ္ရက္ယူထားၿပီး အိမ္မွာအနားယူေနတာ...ဟြန္႔... "

လင္က်န္းရီက စုက်စ္ယန္ရဲ့ပါးစပ္ကိုလွမ္းပိတ္လိုက္ၿပီး ကုဖုန္းနွင္​့ တစ္ေယာက္နဲ႔တစ္ေယာက္မိတ္ဆက္​ေနၾကျခင္းကို ​ျငင္းဆန္တားဆီးလိုက္သည္။

ျဖစ္နိုင္ေခ်က သုညအဆင့္မွာရွိေနေပမယ့္လည္း သူ႔ဇနီးကို ကုဖုန္းရဲ့ဖန္​စီဆန္ဆန္အႏုအလွ၊ အႏုအယြစကားလုံးေတြကို မၾကားေစခ်င္၊ မျမင္ေစခ်င္ေပ။
 
သို့ေသာ္လည္း စုက်စ္ယန္က လင္က်န္းရီ၏ လက္ကိုဆြဲခ်ကာ စကားကိုဆက္လိုက္သည္။

"ဒါေပမယ့္ ကၽြန္ေတာ့္မွာအေဖာ္ရွိေနၿပီ…ဟုတ္တယ္၊ အဲဒါက ခင္ဗ်ားနဲ႔ ငယ္စဥ္ကတည္းကအတူတူကစားခဲ့ၾကတဲ့ မင္းရဲ့ညီအစ္ကိုေကာင္းပဲ"

ကုဖုန္းရဲ့ေပ်ာ္ရႊင္မွုေတြကေတာက္ပစြာျဖင့္ထုတ္လႊတ္ေနေတာ့သည္။

လင္က်န္းရီ၏အေဖာ္က လြန္စြာမွထက္ျမက္လိမ့္မည္ဟုသူမေမၽွာ္လင့္ခဲ့ပါဘူး။ ဒီစကားေတြေလာက္နဲ႔တင္ ကုဖုန္းတစ္ေယာက္ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီ။ သူကသူ႔သူငယ္ခ်င္းျဖစ္ရည္​။

ဒါေပမယ့္ လင္က်န္းရီက ေကာင္းခ်ီးအေပးခံရလြန္းပါတယ္ကြာ...အား...။
ဒီအေကာင္တစ္ေယာက္ ဒီလိုအသက္ရွင္ေနတဲ့ရတနာေလးကို ဘယ္ေနရာကေနမ်ားရွာတြ႕ခဲ့ရတာလဲ...အား....။

"လုပ္စမ္းပါကြာ...ငါ့ကိုဒီလိုေမွာင္မည္းေနတဲ့ မ်က္ႏွာအမူအရာႀကီးမလုပ္ျပစမ္းပါနဲ႔၊ ဒါက ဟာသေလးတစ္ခုပဲကို... ႏူးညံ့ၿပီးေမႊးတဲ့အမ်ိဳးသမီးေတြကို ငါကႏွစ္သက္ေနတုန္းပါပဲကြာ...  ငါက မင္းရဲ့အမ်ိဳးသားၾကင္ယာေတာ္ကို မင္းဆီကေနမခိုးပါဘူးဟ"

"ဒါကေသခ်ာေပါက္မမွန္ေသးဘူး...ငါ့မိသားစုကက်စ္ယန္ေလးက အရမ္းခ်စ္စရာေကာင္းတယ္...  မင္းသူ႔ကို ငါ့အေဝးကိ​ု​ေခၚသြားဖို့ ေသြးေဆာင္ဖ်ားေယာင္းခဲ့ရင္ဘယ္လိုလုပ္မလဲ။ မင္းဂ႐ုတစိုက္နားေထာင္...လူဆိုးေကာင္ကု၊ ငါတို့က မင္းကိုဒီေနရာက မႀကိဳဆိုဘူး၊ ဒါေၾကာင့္ အနာဂတ္မွာငါတို့အိမ္ကိုလုံး၀မလာခဲ့နဲ႔" 

လင္က်န္းရီအေနျဖင့္ သဘာ၀က်စြာပင္ ကုဖုန္းတစ္ေယာက္ေနာက္ေျပာင္ေနမွန္းသိၿပီး သူကသင့္တင့္ေလ်ာက္ပတ္စြာျဖင့္ အေနာက္ကတ​ေန followလိုက္ေပး႐ုံတင္။

"မင္းရဲ့အလားအလာေလးေတြကိုၾကည့္ပါဦး...မင္း ငါ့ဆီကေန က်စ္ယန္ကို အနိုင္မရမွာေၾကာက္လို့လား"

ကုဖုန္းတစ္ေယာက္ ဆိုဖာေပၚတြင္ထိုင္ခ်လိုက္ၿပီး စုက်စ္ယန္၏ ဝမ္းဗိုက္ထံသို့ မထိန္းနိုင္စြာျဖင့္

You are reading the story above: TeenFic.Net