(Unicode)
အခန်း ၆၆။ တံခါးမဖွင့်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။
ထုံးစံအတိုင်း လင်မားမာဟာ အကျွမ်းတ၀င်ဟန်ဖြင့်လျှို့၀ှက်နံပါတ်ကို ရိုက်နှိပ်သည်။ ဒါပေမဲ့ အဲဒီ့နောက်မှာတော့ system ရဲ့လှုံ့ဆော်မှု(အကြောင်းကြားမှု)ကို သူမ ရလိုက်သည်။
--- လျှို့၀ှက်နံပါတ်မှားယွင်းပါသည်။ ကျေးဇူးပြုပြီး ပြန်နှိပ်ပါ။---
"အမ်"
လင်မားမာက သူမအမြင်မှားတာ ဒါမှမဟုတ် သူမလက်တွေတုန်နေတာဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးထင်ခဲ့သည်။ သည်တော့ တူညီသောဆောင်ရွက်မှုကိုရရှိဖို့ လျှို့၀ှက်နံပါတ်ကို ထပ်ပြီးနှိပ်လိုက်သည်။ သူမက အကူအညီတောင်းလိုဟန်ဖြင့် လင်ပါ့ပါဆီကိုကြည့်လိုက်သည်။
"ယောကျ်ား ကျန်းကျန်းအိမ်ရဲ့ လျှို့၀ှက်နံပါတ်ကဘာလဲ"
"၉၆၅၈၁၃"
လင်ပါ့ပါကဖြေသည်။
"အာ... ကျွန်မအဲဒီ့နံပါတ်နဲ့၀င်တာပဲလေ မှားမနှိပ်မိပါဘူး။ ဘာဖြစ်နေတာတုန်း"
လင်မာမားက သွယ်လျသောမျက်ခုံးများကို အထက်တို့တွန့်ချိုးရင်း ရုတ်တရက်သဘောပေါက်သွားတော့သည်။
"အဲဒီ့ကောင်စုတ်လေး လျှို့၀ှက်နံပါတ်ကို ပြောင်းလိုက်တာပဲ"
"ဘာလို့ကျွန်တော်တို့ လုပ်လို့မရမှာလဲ တံခါးဘဲလ်နှိပ်ရင်ရော"
ကုဖုန်းကဘေးမှာရပ်ရင်း အကြံဉာဏ်ပေးသည်။
"ကျန်းရီ အိမ်မှာမရှိရင်တောင် သူ့ကောင်မလေးကတော့ အိမ်မှာရှိသင့်တယ်လေ။ သူမကကိုယ်၀န်ရှိနေတာမလား။ ကိုယ်၀န်သည်က အိမ်မှာနေပြီး အနားယူသင့်တာမဟုတ်ဘူးလား"
"ဟုတ်တယ် ဟုတ်တယ် တံခါးဘဲလ်နှိပ်ရအောင်"
လင်မားမာ၏လက်ညှိုးက တံခါးဘဲလ်ကို တစ်ချိန်တည်းမှာ အကြိမ်ရေများစွာ နှိပ်လိုက်သည်။ ဒါပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်မျှ ပြန်မဖြေပါ။
"ထူးဆန်းတယ် အိမ်မှာဘယ်သူမှမရှိဘူးလား"
ကုဖုန်း၏ချောမောသောမျက်နှာက သံသယများဖြင့် ပြည့်နှက်နေတော့သည်။
"ကျန်းရီ အပြင်မှာတစ်ခုခုစားဖို့ သူမကိုခေါ်သွားခဲ့တာများလား"
"ဒါပေမဲ့ အဲဒါကမဖြစ်နိုင်ဘူး နေ့လယ်လေးနာရီပဲရှိသေးတာလေ"
လင်ပါ့ပါက ရုတ်တရက်သဘောမပေါက်ခင်မှာ သူ့လက်ကိုမြှောက်ကာ နာရီကြည့်သည်။
"သူမက ကိုယ်တို့ကိုတွေ့ဖို့ကြောက်နေတာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့် သူမကတမင်သက်သက် တံခါးဖွင့်ဖို့ ငြင်းတာများလား"
တံခါး၏အနောက်မှာ ပုန်းကွယ်နေသောစုကျစ်ယန်တစ်ယောက် အံ့အားသင့်သွားရသည်။
ခင်ဗျားကတအားဉာဏ်ကောင်းတာပဲလားဗျာ။
သူကတံခါးအနောက်မှာ ပုန်းနေတာဖြစ်ပြီး ဘယ်တော့မှ တံခါးဖွင့်ပေးလိုက်မှာမဟုတ်ပေ။
လင်ကျန်းရီက သူတို့ကိုဘာမှပြောမထားတာကြောင့် အကယ်၍ သူ၏ယခုပုံစံနှင့်တံခါးဖွင့်ပေးမိလျှင်... သူတို့သေချာပေါက်ကို အရမ်းကြောက်သွားကြလိမ့်မည်။
သူနည်းနည်းလေးပိုပြီး သည်းခံသင့်သည်။ အကယ်၍ တံခါးပွင့်မလာဘူးဆိုလျှင် ခဏလောက်စောင့်နေပြီးနောက် ထွက်သွားကြလိမ့်မည်။ ဟုတ်တယ်မလား။
လင်ကျန်းရီကရော ကမ္ဘာကြီးရဲ့ဘယ်နေရာကို ရောက်နေတာတုန်း။ ဘာလို့အခုထိ ပြန်မလာရသေးတာလဲ။
စုကျစ်ယန် မျက်မှောင်ကြုတ်ကာ သူ့နှလုံးသားထဲမှာတော့ လင်ကျန်းရီပြန်လာချိန်ကျလျှင် သင်ခန်းစာတစ်ခုလောက်တော့ ပေးကိုပေးရမည်ဟု တွေးလိုက်သည်။
လင်ကျန်းရီကသူ့ကို ဒီလိုပြဿနာမျိုး မကိုင်တွယ်စေသင့်ဘူးမလား။ အား...။
ကံကောင်းလို့ လင်ကျန်းရီက လျို့၀ှက်နံပါတ်ကိုပြောင်းထားပေလို့ပေါ့။ မဟုတ်ရင် သူ့မိသားစုနဲ့မိတ်ဆွေတွေက သူ့ကို သူတို့ရဲ့နည်းလမ်းတွေနဲ့ သတ်ဖြတ်ကြလိမ့်မည်။
မေ့လိုက်တော့။ ဒီလူတွေထွက်သွားပြီးမှ လင်ကျန်းရီပြန်လာတာက ပိုကောင်းသည်။ မဟုတ်လျှင် ဒီအချိန်မှာ အချင်းချင်းဆုံမိပြီး မပြီးနိုင်မစီးနိုင်ဖြစ်မသွားနိုင်ဘူးလား။
အဲဒီ့နောက် သူတို့ဆီကနေပုန်းကွယ်ဖို့ အသုံးပြုထားတဲ့ သူ့ရဲ့လုံ့လတွေက အလဟဿဖြစ်သွားပြီး ဆိုးဝါးသောထင်မြက်ချက်တစ်ခုတောင် ရသွားလိမ့်ဦးမည်။
သည်အကြောင်းကိုတွေးတောရင်း စုကျစ်ယန်ဟာသူ့အခန်းဆီဖြည်းညင်းစွာ ရွေ့လျားလိုက်သည်။ သူ့ဖုန်းကိုယူလိုက်ပြီးနောက်မှာ လင်ကျန်းရီဆီသို့ 'အပြင်မှာအချိန်တစ်ခဏလောက်နေရန်' စာတိုပို့ဖို့ အသင့်ဖြစ်သွားလေပြီ။
'တစ်ယောက်ယောက်က သူ့ကိုမေးလျှင် စားသောက်ဖို့နဲ့ဈေး၀ယ်ဖို့ တစ်စုံတစ်ယောက်ကို ခေါ်သွားတာလို့ပြောပါ'ဟူ၍။
ကိစ္စမရှိပါ။ အခက်အခဲကိုကျော်လွှားကာ သည်းခံပြီးကြိုးစားရပေမည်။ ရလဒ်အနေဖြင့် စာတိုနေပို့ခြင်း ပြီးဆုံးသွားသောစုကျစ်ယန်က မော့ကြည့်လိုက်ရာ ပြတင်းပေါက်မှနေ၍ အခန်းထဲသို့ လှမ်းကြည့်နေသော ကုဖုန်းကိုမြင်လိုက်ရသည်။
ကုဖုန်းက စုကျစ်ယန်ကိုစိုက်ကြည့်သလို စကျစ်ယန်ကလည်း ကုဖုန်းကိုပြန်ကြည့်လိုက်မိသည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်မိနေရင်း အဆုံးမှာတော့ ဦးဆုံးတုံ့ပြန်လိုက်သည်က စုကျစ်ယန်ဖြစ်သည်။
အသနားခံသောလက်ဟန်ခြေဟန်တစ်ခုကို လုပ်ပြရန် သူ့လက်များကို ခေါက်ချိုးရင်း စစ်မှန်သောမျက်နှာအမူအရာဖြင့်ကုဖုန်းကို ညွှန်ကြား(ပြသ)လိုက်သည်။
အဲဒီ့နောက် အဓိကတံခါးမကြီးကိုညွှန်ပြကာ သူ့ကိုမဖော်ထုတ်ရန် အမူအရာပြနေသည်။ ကုဖုန်းမှာတော့ သူ၏ထိတ်လန့်မှုကို မဖုံးကွယ်နိုင်သေးပါ။
သူ့ပါးစပ်ဟာ အံ့အားသင့်မှုကြောင့် ပွင့်ဟသွားပြီး စုကျစ်ယန်၏ပူနေသောစမ်းဗိုက်လေးကို ငေးကြည့်နေမိသည်။
—— ယောကျ်ားလေးတစ်ယောက်က ကိုယ်၀န်ရှိနေတာလား။
ဘုရားသခင်... ဒီကမ္ဘာက စိတ်ကူးယဉ်ကမ္ဘာတစ်ခုများလားဗျာ။
ကုဖုန်းက သူ့ကိုရှာတွေ့သွားပြီးနောက် အချိန်ကာလတစ်ခုအကြာမှာ သူ့မြင်ကွင်းကိုရှင်းလင်းစေရန် မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ရင်း သည့်ထက်တောင်ပိုတယ်ဆိုတာ အတည်ပြုလိုက်နိုင်သည်။
စုကျစ်ယန်မှာက လည်စေ့ရှိသည်။ အရပ်ရှည်ပြီးထွားသည်။ ဆံပင်တိုတို၊ ရင်ဘတ်ပြားပြားနှင့် အခန်းထဲကလူက အမျိုးသမီးတစ်ယောက်ဖြစ်သည်ဟု သူ့ကိုယ်သူမလှည့်ဖျားနိုင်ပါ။
(လေပြည်-ကလေးကလူကောင်ထွားထွားကြီးမဟုတ်ပါဘူးနော်။ ပြောချင်တာက မိန်းကလေးတွေလို သေးသေးသွယ်သွယ်မဟုတ်ရုံပါ)
အံ့သြစရာမရှိတော့ဘူး။ ဒီလိုအခြေအနေကြောင့် လင်ကျန်းရီက သူတို့ကိုမသိအောင်ဖုံးကွယ်ထားတာ အံ့သြစရာမရှိတော့ပါဘူး။ ဒီလိုဟာက.... အရမ်းကြီး ကိုးရိုးကားရားမဖြစ်လွန်းဘူးလား။
လင်ကျန်းရီသာသူ့ကို ဒီလျှို့၀ှက်ချကိအကြောင်း ကြိုတင်ပြောပြထားမည်ဆိုလျှင် သူမြင်နေရသောမြင်ကွင်းဟာ ဘယ်လောက်မဖြစ်နိုငိပါစေ မယုံမကြည်ဖြစ်မှာမဟုတ်ပေ။
အဲဒါက...
ကုဖုန်းနောက်တစ်ကြိမ် သံသယ၀င်သွားခဲ့သည်။
ဒီကောင်လေးက အ၀တ်တွေအောက်မှာ ကိုယ်၀န်အတုလုပ်ပြီး လင်ကျန်းရီကိုလိမ်လည်နေတာဖြစ်နိုင်မလား။ ဒါပေမဲ့ ယောကျ်ားတစ်ယောက်က ဒီလောက်အနေအထားအထိ ဟာသလုပ်ဖို့ လိုအပ်လို့လား။
သူ၏ထြင်မင်ချက်များကို ငြင်းဆန်လိုက်ပြီးနောက်ဆုံးမှာတော့ ကုဖုန်းကထိတ်လန့်မှုမှ ဣနြေ္ဒဆည်လိုက်နိုင်သည်။
သူ့အကြည့်က စုကျစ်ယန်၏ဗိုက်မှနေ၍ မျက်နှာဆီရောက်ရှိသွားသည်။ ဒီကောင်လေးကတစ်ကယ်ကို ကြည့်ပျော်ရှုပျော်ရှိတယ်ဆိုတာ သူရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး မျက်နှာအင်္ဂါရပ်(မျက်နှာပုံစံအနေအထား)က နူးညံ့သည်။
လူ့ဂွစာတော့မဖြစ်လောက်ပါ။ သူ့ကိုအကူအညီတောင်းတယ်ဆိုမှတော့ ဒီတစ်ခါတော့ ကူညီလိုက်ပါမည်လေ။
တစ်ကယ်လို့ အန်တီလင်နှင့်အန်ကယ်လ်လင်တို့သာ အထဲ၀င်သွားပြီး ကိုယ်၀န်ရှိနေသော သည်လူ့ကိုတွေ့သွားလျှင် သတိလစ်မေ့မျောသွားသည်အထိ အလွန်အကျွံတက်ကြွသွားကြပေလိမ့်မည်။
ဒီကိစ္စက မည်သည့်နည်းနှင့်မဆို အဆောတလျင်မလုပ်သင့်။ လင်ကျန်းရီ၏အိမ်တွင်းရေးကိစ္စက သူ့အတွက်၀င်ရှုပ်လို့မကောင်းပေ။ သူ့ကိုပဲ ဒီပြဿနာကိုဖြေရှင်းခွင့်ပေးလိုက်တော့မည်။
သည်တော့ ကုဖုန်းက စုကျစ်ယန်ကိုအကူအညီပေးရန်သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီး စုကျစ်ယန်သည်လည်း စိတ်သက်သာရာရသွားသည်။
ကံကောင်းစွာပဲ ဒီလူငယ်လေးကိုမြင်တာ သူဖြစ်နေပေလို့။ သူ၏လက်ရှိပုံစံကု ဟိုလူအိုကြီးနှစ်ယောက်သာမြင်သွားလျှင် ဆိုးရွားတာတစ်ခုခုဖြစ်သွားပေလိမ့်မည်။
"ရှောင်ဖုန်း ဘယ်သူ့မှမတွေ့ဘူးလား"
လင်မားမာက သူမ၏အသံကိုမြှင့်ကာမေးသည်။ ကုဖုန်းက စုကျစ်ယန်ကို တည်တည်ငြိမ်ငြိမ်ပြုံးပြကာ မျက်နှာကိုဘေးသို့စောင်ပြီး ဖြေသည်။
"အန်တီ အခန်းထဲမှာဘယ်သူမှမရှိဘူး။ ကျန်းရီကသူမကို ဈေး၀ယ်ဖို့အပြင်ခေါ်သွားလောက်တယ်။ အခုကနွေရာသီဆိုတော့ နွေရာသီနဲ့သင့်လျော်တဲ့အ၀တ်အစားတွေ ပြောင်း၀တ်သင့်ပြီလေ။ သူမကကိုယ်၀န်ရှိနေတာဆိုရင် သူမရဲ့အရင်ကနွေရာသီ၀တ်တွေကို ၀တ်လု့ိမရတော့ဘူးလေ။
"ဒါအမှန်ပဲ"
လင်မားမာက စိတ်ပျက်လက်ပျက်ဟန်ဖြင့် သက်ပြင်းချရင်း လင်ပါ့ပါကိုလှည့်ကြည့်သည်။
"ယောကျ်ားရေ ကျွန်မတို့က အချိန်မှန်ကိုရောက်မလာခဲ့ပုံပဲ။ မေ့လိုက်ပါတော့လေ။ နောက်တစ်ခါဆို မလာခင်မှာ ကျန်းရီနဲ့အရင်တိုင်ပင်ရမယ်။ ကျွန်မတို့ရဲ့အနာဂတ်ချွေးမလေးနဲ့တွေ့ဖို့ အမြဲတမ်း လွဲချော်နေမယ်လို့ကျွန်မတော့မထင်ဘူး"
"အေးပါကွာ အရင်ဆုံး ဒီနေရာမှာသရေစာမုန့်တွေ ထားရအောင်။ အိမ်ပြန်ကြမယ်။ ပြီးမှ နောက်ရက်အတွက် ကြိုပြီးရက်ချိန်းတစ်ရက်လောက် ယူတာပေါ့ကွာ"
လင်ပါ့ပါက လက်ထဲမှအိတ်များကို တံခါးအနားမှာချရန် ကုဖုန်းကိုပြောသည်။ ကုဖုန်းကပြုံးကာ တံခါမကြီးဆီမလျှောက်သွားခင် စုကျစ်ယန်ကိုကြည့်လိုက်သည်။
"ရှောင်ဖုန်း သားဘာလို့အန်တီတို့အိမ်ကို မလိုက်တာလဲ"
လင်မာမားက ဖိတ်ခေါ်သည်။
"ကျန်းမားမာကို သားအကြိုက်ဆုံးငါးပေါင်း လုပ်ခိုင်းလိုက်မယ်လေ"
အရင်နေ့တွေလိုသာဆိုလျှင ကုဖုန်းလိုက်သွားပေလိမ့်မည်။ ဒါပေမဲ့အခုတော့ သူဟာအခန်းထဲက အမျိုးသားကို်၀န်သည်လေးကို စူးစမ်းချင်စိတ်သာရှိနေသည်။ ဒါကြောင့် ယဉ်ယဉ်ကျေးကျေးပင် ငြင်းလိုက်သည်။
"ကျွန်တော် နောက်နေ့ကျလာလည်ပါ့မယ်အန်တီ။ ညနေကျရင်ညစာစားပွဲတက်ခုတက်စရာရှိလို့ပါ။ အန်ကယ်လ်နှင့်အရင်ပြန်နှင့်လေ။ ကျွန်တော်လည်း ကျန်းရီအတွက်ယူလာတဲ့စာချုပ်စာတမ်းတွေ တံခါးနားမှာထားခဲ့ပြီးရင်ပြန်မယ်"
"ကောင်းပြီ အရင်သွားကြစို့။ သားမှာအချိန်ရတဲ့အခါ အချိန်မရွေးအိမ်ကိုလာပြီးကစားလို့ရတယ်
"ကောင်းပါပြီဗျာ"
လင်ပါ့ပါနှင့်လင်မားမာတို့ ကားထဲ၀င်ကာ ခြံ၀င်းထဲမှထွက်သွားသည်က်ုကြည့်ရင်း ဂိတ်တံခါးကိုကျော်ဖြတ်သွားသည်ကိုမြင်ပြီးနောက်ဆုံးမှာတော့ ကုဖုန်းဟာ သရေစာမုန့်အိတ်ကြီးများကိုယူရန် ကိုယ်ကိုကွေးလိုက်ပြန်သည်။ သူရယ်မောကာ တံခါးဘဲလ်ကိုနှိပ်လိုက်သည်။
ကားမောင်းထွက်သွားသံကိုကြားပြီးနောက်မှာ စုကျစ်ယန်ဟာ စိတ်သက်သာရာရသွားသော်ငြားလဲ ဘဲလ်သံထပ်မြည်လာတာကြောင့် အံ့အားသင့်သွားသည်။
"ကောင်းပြီ ငါ့ရဲ့အကူအညီကို ပြန်ပေးဆပ်တဲ့အနေနဲ့ တံခါးဖွင့်ပြီးငါ့ကို၀င်ခွင့်ပြုသင့်တယ်မဟုတ်လား"
ကုဖုန်းက တံခါးနားကဖုန်းကို ကောက်ကိုင်ကာပြောလိုက်သည်။ ကုဖုန်း၏စကားသံများ loudspeakerမှ ဖြတ်သန်း၍ အခန်းထဲကို၀င်လာချိန်မှာ ဒါကစောစောကလူဆိုတာ စုကျစ်ယန်သဘောပေါက်လိုက်သည်။
သူကဘာလို့မသွားသေးတာလဲ။ တစ်ကယ့်ကိုအနှောင့်အယှက်ပဲ။
ဒီလူကို သည်ကိစ္စအကြောင်း ဆက်ပြီးဖုံးကွယ်ထားပေးရန် အကူအညီတောင်းချင်သည်ဆိုလျှင် အိမ်ထဲ၀င်ခွင့်ပြုလိုက်သင့်လား။ ဒါပေမဲ့ သူမှ သူ့ကိုမသိဘဲ။
သူကလင်ကျန်းရီရဲ့ စီးပွားပြိုင်ဘက်တစ်ယောက်ဖြစ်နေရင် ဘယ်လိုလုပမလဲ။
စုကျစ်ယန်၏ ဦးနှောက်ဟာ သည်အတွေးရထား၌ အလွန်အမင်းနစ်မြုပ်သွားခဲ့ပြီး ကုဖုန်းကတော့ စောင့်ဆိုင်းရန်စိတ်မရှည်တော့ပေ။ သူ ပါးစပ်ကိုတစ်ဖန်ဖွင့်ကာ တိုက်တွန်းသည်။
"ဟေ့ မင်းဘာလို့တံခါးမဖွင့်တာလဲ။ ငါကမင်းကိုပြတင်းပေါက်ကနေ ကူညီပေးခဲ့တဲ့ကိုလူချောလေ။ မကြောက်ပါနဲ့။ ငါကသေချာပေါက် လူဆိုးတစ်ယောက်မဟုတ်ပါဘူး။ ငါကကျန်းရီနဲ့အတူကြီးပြင်းခဲ့တာ ငါတို့ကညီအစ်ကိုကောင်းတွေပါ။ မင်းငါ့ကိုမယုံဘူးဆိုရင် မင်းအခုပဲသူ့ကိုဖုန်းခေါ်ပြီး ငါပြောနေတာအမှန်တွေလားဆိုတာ မေးလို့ရတယ်
"နွေရာသီရောက်နေပြီ မင်းကိုကူညီခဲ့တဲ့ဧည့်သည်ကို တံခါးဝမှာနေခြောက်လှန်းထားတာက ကောင်းတဲ့နည်းလမ်းတစခုတော့မဟုတ်ဘူးနော်"
စုကျစ်ယန်၏နှလုံးသားလေး အနည်းငယ်ပြေလျော့သွားပြီး သူရင်းနှီးသောအသံတစ်ခုကိုကြားလိုက်ရသောအခါတံခါးဖွင့်ရန်ရှေ့သို့ တိုးသွားလိုက်သည်။
"ကုဖုန်း.. မင်းကိုငါ့အိမ်ဆီ ဘယ်သူက လာခွင့်ပြုလို့လဲ"
လင်ကျန်းရီ...။ နောက်ဆုံးတော့ သူပြန်လာပြီ။
စုကျစ်ယန် သက်ပြင်းချလိုက်သည်။ တံခါးလော့ခ်ပေါ်မှ လက်ကိုပြန်ရုတ်ကာ နောက်သို့လှည့်ကာထွက်ခွာသွားသည်။
ဒါကကောင်းတယ်၊။ သူ့အတွက်စိတ်ပူစရာမလိုတော့ဘူး။ လင်ကျန်းရီကိုပဲ အရာအားလုံးကိုကိုင်တွယ်ခွင့်ပေးလိုက်တာပေါ့။
ကုဖုန်းကခေါင်းကိုလှည့်ကာ အထင်အမြင်သေးဟန်ဖြင့် ဂိတ်တံခါး၀ဆီကြည့်လိုက်သည်။ လင်ကျန်းရီကဘကားကိုဖြည်းညင်းစွာမောင်းလာသည်။ အဲဒီ့နောက်မှာတော့ ကားထဲမှခုန်ထွက်လာကာ ကုဖုန်းဆီသို့ခြေလှမ်းလှမ်းလိုက်သည်။
သူ့မျက်လုံးတွေက တင်းမာနေကာ သူလမ်းလျှောက်နေစဉ်မှာပင် ပြင်းထန်သောလေပြင်းများတစ်ေ၀့ှက နေရောင်ကြောင့်အနည်းငယ်နွေးနေသော သူ့ရဲ့ပါးပြင်ကို လန်းဆန်းအေးမြသွားစေသည်။
"ဘာလဲ။ ငါကမင်းအိမ်ကိုလာလို့မရဘူးလား။ လျှို့၀ှက်နံပါတ်ကဘာလဲ။ တံခါးဖွင့်ပြီး ငါ့ကို၀င်ခွင့်ပြုစမ်းပါကွာ။ ပူလို့သေတော့မယ်"
ကုဖုန်းကတိုက်တွန်းသည်။
"ငါမင်းကိုအိမ်ထဲ ၀င်ခွင့်မပေးဘူး။ မင်းကဒီကို ဘာလာလုပ်တာလဲ"
လင်ကျန်းရီက သူ့ကိုအထင်အမြင်သေးဟန်ဖြင့်ကြည့်သည်။
"ကုမ္ပဏီကကိစ္စတွေအကုန် ပြီးသွားပြီလား။ ယဲ့ကုမ္ပဏီနဲ့ထုတ်ကုန်သစ်အတွက် အစီအစဉ်ကရော ဘယ်လိုလဲ။ အဆိုပြုခိက်ရော ရေးပြီးပြီလား။ ဒီမှာရပ်မနေဘဲ ငါ့အိမ်ကနေေ၀းေ၀းထွက်သွားစမ်းပါ"
"ထွက်သွားရမှာကမင်းပဲ"
ကုဖုန်းက သူ့ကိုလက်သီးတစ်ချက်ဖြင့်ထိုးနှက်ရန်ကြိုးစားသော်လည်း လင်ကျန်းရီက သူ့လက်ကိုမြှောက်ကာ တားဆီးလိုက်သည်။ သူ(ကုဖုန်း)အကူအညီမဲ့သွားရသော်လည်း ရယ်မောရင်းပြောလိုက်သည်။
"အေး သရေစာမုန့်တွေထားခဲ့... လူစိတ်ရှိတယ်ဆိုရင် ဒီနေရာနေထွက်သွားသင့်ပြီ"
"မင်း... သိပ်ကောင်းတယ်။ ငါသူ့ကိုစောစောကတည်းက မြင်ခဲ့ပြီးပြီ။ ဒါပေမဲ့အထဲကို၀င်ခွင့်မရသေးဘူး"
ကုဖုန်းကမုန့်အိတ်ကို လင်ကျန်းရီဆီ ပစ်ပေါက်လိုက်သည်။
"အန်တီလင်နဲ့ အန်ကယ်လ်တို့ဒီကိုလာသွားတုန်းက ငါကမင်းကိုကူညီပြီး အမှန်တရားကိုဖုံးကွယ်ပေးခဲ့တယ်။ တစ်နည်းနည်းနဲ့ ငါကမင်းရဲ့ကျေးဇူးရှင်ပဲကွ။ အချိန်ဖြုန်းနေတာကိုရပ်တော့။ တံခါးဖွင့်ပြီးငါ့အနာဂတ်ခယ်မလေးကို တွေ့ခွင့်ပေးစမ်းပါ"
သည်အကြောင်းကိုပြောရင်း ကုဖုန်းဟာ မရယ်ဘဲမနေနိုင်တာမို့လှောင်ပြောင်လိုက်သည်။
"မင်းရဲ့ဇနီးက ငြိမ်သက်လွန်းနေတယ်မဟုတ်ဘူးလား။ ငါအကြာကြီးသူ့ကိုချော့ပြောတာတောင် သူကတံခါးမဖွင့်ပေးချင်သေးဘူး။ ငါသူ့ကိုတစ်ကယ်ချီးကျူးပါရဲ့"
လင်ကျန်းရီကနားထောင်ပြီးနောက်မေးလိုက်သည်။
"ကျစ်ယန် ဒီကောင်ပြောတာအမှန်ပဲလား။ သူမင်းကိုတွေ့သွားခဲ့တာလား"
စုကျစ်ယန်က intercomကိုသုံးကာဖြေလိုက်သည်။
"ဟုတ်တယ် အမှန်ပဲ။ ကျွန်တော်ခင်ဗျားဆီစာပို့ဖို့ အိပ်ခန်းထဲသွားတုန်းက တွေ့သွားတာ"
ကုဖုန်း၏မျက်နှာက စိတ်အားထက်သန်လို့နေသည်။
"ကြည့်လေ မင်းရဲ့ဇနီးက၀န်ခံလိုက်ပြီ အိမ်ထဲ၀င်ခွင့်ပေစမ်းပါ"
လင်ကျန်းရီက သူ့လက်များကို လျှို့၀ှက်နံပါတ်ရိုက်နှိပ်ရာမှာ ကွယ်ထားဖို့အသုံးပြုလိုက်သည်။ ဒါမှသာ နောင်တစ်ချိန်ဒီကောင် သူ့အိမ်ကိုဟိတ်ဟန်ထုတ်ပြီးမ၀င်လာနိုင်မှာဖြစ်သည်။
သူနှင့်ကျစ်ယန်တို့၏အချိန်ကို မည်သည့်အလုပ်မရှိအကိုင်မရှိသောလူကြောင့် သေချာပေါက်အနှောင့်အယှက်မဖြစ်စေချင်ပါ။
ကုဖုန်းကသူ၏ကလေးဆန်သောအပြုအမူကိုမြင်သောအခါ အမှုမထားသလိုအမူအရာကိုပြရင်း နှုတ်ခမ်းကိုစူလိုက်သည်။ သူ့လျှို့၀ှက်နံပါတ်ကိုသိရဖို့ ဘယ်သူကဂရုစိုက်နေလို့လဲ။ အား...။
ဂဏန်းခြောက်လုံးကိုရိုက်ထည့်ပြီးသောအခါ တုန့်ပြန်မှုအနေဖြင့် တံခါးပွင့်သွားပြီး လင်ကျန်းရီမဝင်ခင်မှာ ကုဖုန်းက အထဲသို့အမြန်ပြေး၀င်သွားလေပြီ။
_ _ _ _ _ _ _ _ _ _ _ _
Translated by Lay Pyay Yhine (team camomile).
ဆိုတော့ကာ ပြီးခဲ့တဲ့အခန်းကမေးခွန်းလေးတစ်ချို့ အဖြေသိရပြီနော်။ ကျန်းရီပြန်ရောက်လာပါတယ်။ မိဘ၂ပါးနဲ့တော့မဆုံကြပါဘူးနော်။ ဘာလေးတွေမွေးမယ်ဆိုတာကတော့ စောင့်မျှော်ပေးပါဦးရှင့်။
67, 68, 69 က ရော်ယူထားတဲ့အပိုင်းတွေဖြစ်ပါတယ်။ မြန်မြန်လေးဖတ်ချင်ရင် သူ့ဆီမှာချစ်စရာကောင်းအောင်သွားပူဆာကြပါဗျို့။
စကားမစပ် နောက်အခန်းလေးလည်းကြည့်ပေးကြပါဦး။ ဈေးဗန်းခင်းမလို့။ XD
_ __ _ _ _ _ _ _
(Zawgyi)
အခန္း ၆၆။ တံခါးမဖြင့္ဖို႔ စိတ္ပိုင္းျဖတ္ထားတယ္။
ထံုးစံအတိုင္း လင္မားမာဟာ အကြၽမ္းတ၀င္ဟန္ျဖင့္လွ်ိဳ႕၀ွက္နံပါတ္ကို ရိုက္နွိပ္သည္။ ဒါေပမဲ့ အဲဒီ့ေနာက္မွာေတာ့ system ရဲ႕လႈံ႕ေဆာ္မႈ(အေၾကာင္းၾကားမႈ)ကို သူမ ရလိုက္သည္။
--- လွ်ိဳ႕၀ွက္နံပါတ္မွားယြင္းပါသည္။ ေက်းဇူးျပဳၿပီး ျပန္နွိပ္ပါ။---
"အမ္"
လင္မားမာက သူမအျမင္မွားတာ ဒါမွမဟုတ္ သူမလက္ေတြတုန္ေနတာျဖစ္ေကာင္းျဖစ္နိုင္သည္ဟု ေတြးထင္ခဲ့သည္။ သည္ေတာ့ တူညီေသာေဆာင္႐ြက္မႈကိုရရွိဖို႔ လွ်ိဳ႕၀ွက္နံပါတ္ကုိ ထပ္ၿပီးနွိပ္လိုက္သည္။ သူမက အကူအညီေတာင္းလိုဟန္ျဖင့္ လင္ပါ့ပါဆီကိုၾကည့္လိုက္သည္။
"ေယာက်္ား က်န္းက်န္းအိမ္ရဲ႕ လွ်ိဳ႕၀ွက္နံပါတ္ကဘာလဲ"
"၉၆၅၈၁၃"
လင္ပါ့ပါကေျဖသည္။
"အာ... ကြၽန္မအဲဒီ့နံပါတ္နဲ႔၀င္တာပဲေလ မွားမနွိပ္မိပါဘူး။ ဘာျဖစ္ေနတာတုန္း"
လင္မာမားက သြယ္လ်ေသာမ်က္ခံုးမ်ားကို အထက္တို႔တြန္႔ခ်ိဳးရင္း ရုတ္တရက္သေဘာေပါက္သြားေတာ့သည္။
"အဲဒီ့ေကာင္စုတ္ေလး လွ်ိဳ႕၀ွက္နံပါတ္ကို ေျပာင္းလိုက္တာပဲ"
"ဘာလို႔ကြၽန္ေတာ္တို႔ လုပ္လို႔မရမွာလဲ တံခါးဘဲလ္နွိပ္ရင္ေရာ"
ကုုဖုန္းကေဘးမွာရပ္ရင္း အႀကံဉာဏ္ေပးသည္။
"က်န္းရီ အိမ္မွာမရွိရင္ေတာင္ သူ႔ေကာင္မေလးကေတာ့ အိမ္မွာရွိသင့္တယ္ေလ။ သူမကကိုယ္၀န္ရွိေနတာမလား။ ကိုယ္၀န္သည္က အိမ္မွာေနၿပီး အနားယူသင့္တာမဟုတ္ဘူးလား"
"ဟုတ္တယ္ ဟုတ္တယ္ တံခါးဘဲလ္နွိပ္ရေအာင္"
လင္မားမာ၏လက္ညႈိးက တံခါးဘဲလ္ကို တစ္ခ်ိန္တည္းမွာ အႀကိမ္ေရမ်ားစြာ နွိပ္လုိက္သည္။ ဒါေပမဲ့ ဘယ္သူတစ္ဦးတစ္ေယာက္မွ် ျပန္မေျဖပါ။
"ထူးဆန္းတယ္ အိမ္မွာဘယ္သူမွမရွိဘူးလား"
ကုဖုန္း၏ေခ်ာေမာေသာမ်က္နွာက သံသယမ်ားျဖင့္ ျပည့္နွက္ေနေတာ့သည္။
"က်န္းရီ အျပင္မွာတစ္ခုခုစားဖို႔ သူမကိုေခၚသြားခဲ့တာမ်ားလား"
"ဒါေပမဲ့ အဲဒါကမျဖစ္နိုင္ဘူး ေန႔လယ္ေလးနာရီပဲရွိေသးတာေလ"
လင္ပါ့ပါက ရုတ္တရက္သေဘာမေပါက္ခင္မွာ သူ႔လက္ကိုေျမႇာက္ကာ နာရီၾကည့္သည္။
"သူမက ကိုယ္တို႔ကိုေတြ႕ဖို႔ေၾကာက္ေနတာ မျဖစ္နိုင္ဘူးလား။ ဒါေၾကာင့္ သူမကတမင္သက္သက္ တံခါးဖြင့္ဖို႔ ျငင္းတာမ်ားလား"
တံခါး၏အေနာက္မွာ ပုန္းကြယ္ေနေသာစုက်စ္ယန္တစ္ေယာက္ အံ့အားသင့္သြားရသည္။
ခင္ဗ်ားကတအားဉာဏ္ေကာင္းတာပဲလားဗ်ာ။
သူကတံခါးအေနာက္မွာ ပုန္းေနတာျဖစ္ၿပီး ဘယ္ေတာ႔မွ တံခါးဖြင့္ေပးလိုက္မွာမဟုတ္ေပ။
လင္က်န္းရီက သူတို႔ကိုဘာမွေျပာမထားတာေၾကာင့္ အကယ္၍ သူ၏ယခုပံုစံနွင့္တံခါးဖြင့္ေပးမိလွ်င္... သူတို႔ေသခ်ာေပါက္ကုိ အရမ္းေၾကာက္သြားၾကလိမ့္မည္။
သူနည္းနည္းေလးပိုၿပီး သည္းခံသင့္သည္။ အကယ္၍ တံခါးပြင့္မလာဘူးဆိုလွ်င္ ခဏေလာက္ေစာင့္ေနၿပီးေနာက္ ထြက္သြားၾကလိမ့္မည္။ ဟုတ္တယ္မလား။
လင္က်န္းရီကေရာ ကမ႓ာႀကီးရဲ႕ဘယ္ေနရာကုိ ေရာက္ေနတာတုန္း။ ဘာလို႔အခုထိ ျပန္မလာရေသးတာလဲ။
စုက်စ္ယန္ မ်က္ေမွာင္ၾကဳတ္ကာ သူ႔နွလံုးသားထဲမွာေတာ့ လင္က်န္းရီျပန္လာခ်ိန္က်လွ်င္ သင္ခန္းစာတစ္ခုေလာက္ေတာ့ ေပးကိုေပးရမည္ဟု ေတြးလုိက္သည္။
လင္က်န္းရီကသူ႔ကို ဒီလိုျပႆနာမ်ိဳး မကိုင္တြယ္ေစသင့္ဘူးမလား။ အား...။
ကံေကာင္းလို႔ လင္က်န္းရီက လ်ိဳ႕၀ွက္နံပါတ္ကိုေျပာင္းထားေပလို႔ေပါ့။ မဟုတ္ရင္ သူ႔မိသားစုနဲ႔မိတ္ေဆြေတြက သူ႔ကို သူတို႔ရဲ႕နည္းလမ္းေတြနဲ႔ သတ္ျဖတ္ၾကလိမ့္မည္။
ေမ့လိုက္ေတာ့။ ဒီလူေတြထြက္သြားၿပီးမွ လင္က်န္းရီျပန္လာတာက ပိုေကာင္းသည္။ မဟုတ္လွ်င္ ဒီအခ်ိန္မွာ အခ်င္းခ်င္းဆံုမိၿပီး မၿပီးႏုိင္မစီးနိုင္ျဖစ္မသြားနိုင္ဘူးလား။
အဲဒီ့ေနာက္ သူတို႔ဆီကေနပုန္းကြယ္ဖို႔ အသံုးျပဳထားတဲ့ သူ႔ရဲ႕လံု႔လေတြက အလဟႆျဖစ္သြားၿပီး ဆိုး၀ါးေသာထင္ျမက္ခ်က္တစ္ခုေတာင္ ရသြားလိမ့္ဦးမည္။
သည္အေၾကာင္းကိုေတြးေတာရင္း စုက်စ္ယန္ဟာသူ႔အခန္းဆီျဖည္းညင္းစြာ ေ႐ြ႕လ်ားလိုက္သည္။ သူ႔ဖုန္းကိုယူလိုက္ၿပီးေနာက္မွာ လင္က်န္းရီဆီသို႔ 'အျပင္မွာအခ်ိန္တစ္ခဏေလာက္ေနရန္' စာတိုပို႔ဖို႔ အသင့္ျဖစ္သြားေလၿပီ။
'တစ္ေယာက္ေယာက္က သူ႔ကိုေမးလွ်င္ စားေသာက္ဖို႔နဲ႔ေစ်း၀ယ္ဖို႔ တစ္စံုတစ္ေယာက္ကို ေခၚသြားတာလို႔ေျပာပါ'ဟူ၍။
ကိစၥမရွိပါ။ အခက္အခဲကိုေက်ာ္လႊားကာ သည္းခံၿပီးႀကိဳးစားရေပမည္။ ရလဒ္အေနျဖင့္ စာတိုေနပို႔ျခင္း ျပီးဆံုးသြားေသာစုက်စ္ယန္က ေမာ့ၾကည့္လိုက္ရာ ျပတင္းေပါက္မွေန၍ အခန္းထဲသို႔ လွမ္းၾကည့္ေနေသာ ကုဖုန္းကိုျမင္လိုက္ရသည္။
ကုဖုန္းက စုက်စ္ယန္ကိုစိုက္ၾကည့္သလို စက်စ္ယန္ကလည္း ကုဖုန္းကိုျပန္ၾကည့္လိုက္မိသည္။ တစ္ေယာက္နွင့္တစ္ေယာက္ ၾကည့္မိေနရင္း အဆံုးမွာေတာ့ ဦးဆံုးတံု႔ျပန္လိုက္သည္က စုက်စ္ယန္ျဖစ္သည္။
အသနားခံေသာလက္ဟန္ေျခဟန္တစ္ခုကို လုပ္ျပရန္ သူ႔လက္မ်ားကို ေခါက္ခ်ိဳးရင္း စစ္မွန္ေသာမ်က္နွာအမူအရာျဖင့္ကုဖုန္းကို ၫႊန္ၾကား(ျပသ)လိုက္သည္။
အဲဒီ့ေနာက္ အဓိကတံခါးမႀကီးကိုၫႊန္ျပကာ သူ႔ကိုမေဖာ္ထုတ္ရန္ အမူအရာျပေနသည္။ ကုဖုန္းမွာေတာ့ သူ၏ထိတ္လန္႔မႈကို မဖံုးကြယ္နိုင္ေသးပါ။
သူ႔ပါးစပ္ဟာ အံ့အားသင့္မႈေၾကာင့္ ပြင့္ဟသြားၿပီး စုက်စ္ယန္၏ပူေနေသာစမ္းဗိုက္ေလးကို ေငးၾကည့္ေနမိသည္။
—— ေယာက်္ားေလးတစ္ေယာက္က ကိုယ္၀န္ရွိေနတာလား။
ဘုရားသခင္... ဒီကမ႓ာက စိတ္ကူးယဥ္ကမ႓ာတစ္ခုမ်ားလားဗ်ာ။
ကုဖုန္းက သူ႔ကိုရွာေတြ႕သြားၿပီးေနာက္ အခ်ိန္ကာလတစ္ခုအၾကာမွာ သူ႔ျမင္ကြင္းကိုရွင္းလင္းေစရန္ မ်က္ေတာင္တဖ်တ္ဖ်တ္ခပ္လိုက္ရင္း သည့္ထက္ေတာင္ပိုတယ္ဆိုတာ အတည္ျပဳလိုက္နိုင္သည္။
စုက်စ္ယန္မွာက လည္ေစ့ရွိသည္။ အရပ္ရွည္ၿပီးထြားသည္။ ဆံပင္တိုတို၊ ရင္ဘတ္ျပားျပားနွင့္ အခန္းထဲကလူက အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္ဟု သူ႔ကိုယ္သူမလွည့္ဖ်ားနိုင္ပါ။
(ေလျပည္-ကေလးကလူေကာင္ထြားထြားႀကီးမဟုတ္ပါဘူးေနာ္။ ေျပာခ်င္တာက မိန္းကေလးေတြလို ေသးေသးသြယ္သြယ္မဟုတ္ရံုပါ)
အံ့ၾသစရာမရွိေတာ့ဘူး။ ဒီလိုအေျခအေနေၾကာင့္ လင္က်န္းရီက သူတို႔ကိုမသိေအာင္ဖံုးကြယ္ထားတာ အံ့ၾသစရာမရွိေတာ့ပါဘူး။ ဒီလိုဟာက.... အရမ္းႀကီး ကိုးရိုးကားရားမျဖစ္လြန္းဘူးလား။
လင္က်န္းရီသာသူ႔ကို ဒီလွ်ိဳ႕၀ွက္ခ်ကိအေၾကာင္း ႀကိဳတင္ေျပာျပထားမည္ဆိုလွ်င္ သူျမင္ေနရေသာျမင္ကြင္းဟာ ဘယ္ေလာက္မျဖစ္နိုငိပါေစ မယံုမၾကည္ျဖစ္မွာမဟုတ္ေပ။
အဲဒါက...
ကုဖုန္းေနာက္တစ္ႀကိမ္ သံသယ၀င္သြားခဲ့သည္။
ဒီေကာင္ေလးက အ၀တ္ေတြေအာက္မွာ ကိုယ္၀န္အတုလုပ္ၿပီး လင္က်န္းရီကိုလိမ္လည္ေနတာျဖစ္နိုင္မလား။ ဒါေပမဲ့ ေယာက်္ားတစ္ေယာက္က ဒီေလာက္အေနအထားအထိ ဟာသလုပ္ဖို႔ လိုအပ္လို႔လား။
သူ၏ထငျ္မင္ခ်က္မ်ားကို ျငင္းဆန္လိုက္ၿပီးေနာက္ဆံုးမွာေတာ့ ကုဖုန္းကထိတ္လန္႔မႈမွ ဣေျႏၵဆည္လိုက္နိုင္သည္။
သူ႔အၾကည့္က စုက်စ္ယန္၏ဗိုက္မွေန၍ မ်က္နွာဆီေရာက္ရွိသြားသည္။ ဒီေကာင္ေလးကတစ္ကယ္ကို ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိတယ္ဆိုတာ သူရွင္းရွင္းလင္းလင္းျမင္လိုက္ရၿပီး မ်က္နွာအဂၤါရပ္(မ်က္နွာပံုစံအေနအထား)က ႏူးညံ့သည္။
လူ႔ဂြစာေတာ့မျဖစ္ေလာက္ပါ။ သူ႔ကိုအကူအညီေတာင္းတယ္ဆိုမွေတာ့ ဒီတစ္ခါေတာ့ ကူညီလိုက္ပါမည္ေလ။
တစ္ကယ္လို႔ အန္တီလင္နွင့္အန္ကယ္လ္လင္တို႔သာ အထဲ၀င္သြားၿပီး ကိုယ္၀န္ရွိေနေသာ သည္လူ႔ကိုေတြ႕သြားလွ်င္ သတိလစ္ေမ့ေမ်ာသြားသည္အထိ အလြန္အကြၽံတက္ႂကြသြားၾကေပလိမ့္မည္။
ဒီကိစၥက မည္သည့္နည္းနွင့္မဆို အေဆာတလ်င္မလုပ္သင့္။ လင္က်န္းရီ၏အိမ္တြင္းေရးကိစၥက သူ႔အတြက္၀င္ရႈပ္လို႔မေကာင္းေပ။ သူ႔ကိုပဲ ဒီျပႆနာကိုေျဖရွင္းခြင့္ေပးလိုက္ေတာ့မည္။
သည္ေတာ့ ကုဖုန္းက စုက်စ္ယန္ကိုအကူအညီေပးရန္သေဘာတူေၾကာင္း ေခါင္းညိတ္ျပလိုက္ၿပီး စုက်စ္ယန္သည္လည္း စိတ္သက္သာရာရသြားသည္။
ကံေကာင္းစြာပဲ ဒီလူငယ္ေလးကိုျမင္တာ သူျဖစ္ေနေပလို႔။ သူ၏လက္ရွိပံုစံကု ဟိုလူအိုႀကီးနွစ္ေယာက္သာျမင္သြားလွ်င္
You are reading the story above: TeenFic.Net