(Unicode)
အခန်း ၆၅။ အနာဂတ်ယောက္ခမများက အိမ်တံခါးသို့တိုင် သွားကြလေပြီ။
လော့ယန်က စုကျစ်ယန်၏ဆက်တိုက်စုံစမ်းမေးမြန်းမှုကိုနားထောင်ကာပြုံးသည်။ စိတ်အေးလက်အေး စကားထပ်မပြောခင် ခပ်တိုးတိုးလေးသက်ပြင်းချလိုက်သည်။
"ငါတို့က မင်းတို့နှစ်ယောက်နဲ့ကွာတယ်။ ငါတို့မှာဘာမှချည်နှောင်ထားတာမရှိဘူး။ ငါတို့ကအရာအားလုံးကို အစကနေစခဲ့ကြတာ။ ဒီတော့ငါတို့စကားများကြလိမ့်မယ်ဆိုတာက ကျိန်းသေပဲလေ။ ပြီးတော့ ဘ၀အတွေ့အကြုံပိုင်းမှာ ငါကသူ့ထက်ပိုများတယ်။ သူကအချိန်တော်တော်များများမှာ အရမ်းကိုကလေးဆန်တာ။ ငါကပဲနားလည်အောင်ကြိုးစားပြီး သူနဲ့အလိုက်အထိုက်နေပေးရတာပေါ့။ ဒါပေမယ့် အားလုံးကို ခြုံငုံပြောရရင်တော့ သူနဲ့အတူနေရတာ ကြည်နူးဖို့ကောင်းပါတယ် ဒီလိုပါတ်သတ်မှုက နောက်ဆုံးအထိဘယ်လောက်ကြာရှည်ခံမယ်ဆိုတာတော့ ငါမသိဘူးပေါ့လေ..."
ဒီနေရာမှာပဲ လော့ယန်၏အသံက နစ်မြုပ်ပျောက်ဆုံးသွားသည်။ သူတို့၏အသက်ကွာခြားမှုအပြင် သူနှင့်ယဲ့ရှိုအကြားတွင် ကွာခြားမှုအနည်းငယ်ရှိသည်။
လော့ယန်က သိသာခြားနားသောအမူအကျင့်များမရှိသည့် သာမန်တက္ကသိုလ်ပါမောက္ခတစ်ယောက်သာဖြစ်သည်။ သူတို့အခု နေတဲ့နေရာအရ ယဲ့ရှိုက ချမ်းသာသောမိသားစုမှ သခင်ငယ်လေးတစ်ယောက်ဆိုတာ မြင်နိုင်သည်။
—— တက္ကသိုလ်တက်နေတဲ့ကလေးတစ်ယောက်က ဒီလောက်ဇိမ်ကျကျနေဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
တွေးနေစရာတောင်မလို။ သူ့မိသားစု ၀ယ်ထားတာပဲဖြစ်ရမည်။ ဒါပေမဲ့ ဒါတွေအားလုံး မေးမနေပါ။ တစ်ကယ်တမ်းသူ့နှလုံးသားက ဒီပြဿနာတွေဆီကနေ မသိမသာလေးရှောင်ဖယ်နေမိတာဖြစ်သည်။
သူဒီအကြောင်းကို တွေးခဲ့ပြီးပြီ။ ဖြစ်နိုင်တာက ထူးခြားဆန်းပြားသောအစားအစာများကိုစားလေ့ရှိသော ဒီချမ်းသာတဲ့သခင်ငယ်လေးယဲ့ရှိုအတွက် ရုတ်တရက်ကြီး ကြမ်းတမ်းသောအစားအစာများကိုစားရသလို ခံစားလာရပုံပေါ်သည်။
အားလုံးခြုံငုံကြည့်လျှင် အသစ်အဆန်းတစ်စုံတစ်ရာကို ရှာဖွေကြည့်ရုံသက်သက်သာ။ မည်သို့ပင်ဆိုစေ အချိန်ကာလရှည်ကြီးပြီးသွားသည့်နောက်မှာ လူတစ်ယောက်ကတော့ အထီးကျန်ကာကျန်ရစ်ခဲ့ပေလိမ့်မည်။
သူ့အတွက်တော့ ကုန်ဆုံးသွားသောညကာလအတွင်း အိပ်မက်တွေမက်ချိန်မှာ သူနှင့်အတူလိုက်ပါမည့် တစ်စုံတစ်ယောက်ရှိဖို့ရန် လုံလောက်ခဲ့ပြီဖြစ်သည်။
ဒီတော့ ကာလတစ်လျှောက်လုံး... တစ်လျှောက်လုံးလုံး... သူ ယဲ့ရှိုနှင့်အတူရှိနိုင်သည်။ ပြီးတော့ ယဲ့ရှိုကလည်း ပါတနာအသစ်ရှာရန် သူ့ကိုအေ၀းတွန်းထတ်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်အတွင်း သူတို့အကြားမှကွာခြားချက်များအားလုံးကို မေ့ဖျောက်ထားနိုင်သည်။
ဒီလိုစိတ်ထားရှိသူတစ်ယောက်က သူ့ရဲ့ခံစားချက်တွေကို ရေရှည်မှာဘယ်လိုထိန်းသိမ်းနိုင်မှာလဲ။
"လော့ယန်... ခင်ဗျားအဆင်ပြေရဲ့လား တစ်ခုခုဖြစ်လို့လား"
စုကျစ်ယန် ဘယ်လာက်ပဲဂရုမဲ့နေပါစေ။ လော့ယန်၏အသံထဲမှ စိတ်ဓာတ်ကျမှုအရိပ်အငွေ့တို့ကို သူသတိပြုနိုင်ခဲ့သည်။
သူအကူအညီမပေးနိုင်သော်လည်း ရင်တထိတ်ထိတ်ဖြင့်မေးလိုက်သည်။ လော့ယန်ကလျှင်မြန်စွာပင် လက်ရှိကာလဆီ အာရုံပြန်၀င်လာကာ ရယ်မောသည်။
"ငါအဆင်ပြေပါတယ်။ တစ်ချိန်လုံးငါ့ခေါင်းထဲေ၀့ပတ်နေတဲ့ နည်းနည်းရှုပ်ထွေးတဲ့ကိစ္စတစ်ချို့အကြောင်း တွေးလိုက်မိလို့ပါ။ ငါက အလိုလိုက်ပေးမဲ့သူရှိတဲ့မင်းနဲ့ မတူဘူးလေ။ အရာအားလုံးအတွက် ငါ့ကိုယ်ငါပဲအားကိုးနေရတာ။ ဒီတော့ငါက အရမ်းကြီးယုံကြည်မှုတော့မရှိဘူးပေါ့ကွာ"
"အိုက်ယား ခင်ဗျားတအားအတွေးလွန်နေပြီ။ တစ်လျှောက်လုံးအဲဒီ့ကလေးက ဇွဲမလျှော့ဘဲခင်ဗျားကိုကပ်တွယ်နေခဲ့တာလေ။ ဘာပြဿနာမှရှိလာမှာမဟုတ်ပါဘူး။ ခင်ဗျားမှာလည်း အားကောင်းတဲ့အချက်တွေအများကြီးရှိတာပဲကို။ ကြင်နာတတ်တယ်၊ စိတ်ရှည်တယ်၊ ဘယ်လိုချက်ပြုတ်ရမလဲသိတယ်။ ကိစ္စတွေကိုကိုင်တွယ်ချိန်ဆိုရင် အရမ်းအရမ်းကိုစိတ်တည်ငြိမ်တယ်။ ကိစ္စတွေဖြစ်လာချိန် သေချာပေါက်ရှုပ်ထွေးအောင်လုပ်မဲ့ ကျွန်တော့်လိုမဟုတ်ဘူး။ အာ... ဒါနဲ့ စကားမစပ် ခင်ဗျားကအရမ်းအရမ်းကို ဗဟုသုတနဲ့လည်းပြည့်စုံသေးတာနော်"
စုကျစ်ယန်က ချီးမွမ်းလိုက်သည်။
"ခင်ဗျားက ခင်ဗျားဇနီးရဲ့အသိုင်းအ၀ိုင်းဘက်မှာ ကြီးပြင်းလာခဲ့ပုံမပေါ်တဲ့ အဲဒီ့လိုကလေးတွေကို သဘာ၀ကျကျပဲ ဆွဲဆောင်မိလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားသူ့ကိုစိတ်ရှည်ရှည်နဲ့စောင့်နေရင်း နောက်ဆုံးမှာ သူအရွယ်ရောက်လာလိမ့်မယ်။ ပြီးတော့ခင်ဗျားလည်း ဒါကိုတွက်ဆမိလိမ့်မယ်ဆိုတာ ကျွန်တော်ယုံတယ်။ ခင်ဗျားရဲ့ပျော်ရွှင်မှုအတွက် အလုပ်ကြိုးစားလိုက်ပါဦးနော်"
(လေပြည် - ကိုယ်လည်းဒီနားသိပ်ပြီးနားမလည်ဘူး။ သူ့အတိုင်းပဲပြန်ထားတာ။ စကားပုံလားပဲ။ သိတဲ့သူရှိရင်ပြောပေးလို့ရပါတယ်)
ဇနီး…
လော့ယန်ဟာ စုကျစ်ယန်၏တိုက်တွန်းအားပေးမှုကိုနားထောင်ခဲ့ပြီး ရယ်ရမလား၊ ငိုသင့်သလားမသိတော့ပါ။ သို့သော်ငြား သူ့ရဲ့အတွေးထင်မြင်ချက်အတွက် စုကျစ်ယန်ကိုကျေးဇူးတင်မိသည်။
"ငါကြိုးစားမှာပါ စိတ်ချလိုက် ငါမင်းကိုခေါ်လိုက်တာက မင်းနဲ့မင်းကလေးရဲ့လက်ရှိအခြေအနေကိုမေးမလို့ကွ ကလေးလေးက ငါ့မွေးစားလေ မင်းကိုယ်တိုင်ရော ငါ့မွေးစားသားအတွက်ရော မင်းကောင်းကောင်းဂရုစိုက်ဦးနော် ငါအချိန်ရရင်မင်းဆီကို လာလည်ဦးမယ်"
"ဒါက... လော့ယန် ကျွန်တော်နေရာဟောင်းမှာ မနေတော့ဘူး ဟိုအယုတ်တမာက သူ့အိမ်မှာနေဖို့ ကျွန်တော့်ကိုခေါ်လာခဲ့တယ်လေ"
စုကျစ်ယန်ဟာ ဒီအကြောင်းနဲ့ပတ်သတ်ပြီး နည်းနည်းတော့ ရှက်သွေးဖြာမိသည်။ ပထမဦးစွာ သူ့ပါးပြင်ကိုကုတ်ပြီးနောက် လင်ကျန်းရီကိုဘယ်လ်ုအခွင့်အရေးမျိုးမှပေးလိမ့်မှာမဟုတ်ဘူးလို့ ခိုင်မာစွာပြောခဲ့သည်။ ဒါပေမဲ့အခုတော့ သူက သူ့လက်တွေဆီ တဖြည်းဖြည်းကျရှုံးနေခဲ့လေပြီ။
လော့ယန်ကတော့ သူ့အတွက်တစ်ကယ် ၀မ်းသာသွားခဲ့သည်။
"ဒါကောင်းတာပေါ့ အခုမင်းက မင်းကိုဂရုစိုက်မဲ့သူနဲ့အတူရှိနေပြီ ကောင်းပြီ မင်းအနားယူတာကို မနှောင့်ယှက်တော့ဘူး မင်းရဲ့လိပ်စာငါ့ကိုပြော အခွင့်အရေးရရင် မင်းကိုလာကြည့်မယ် အဲဒီ့အကြောင်းပြောရရင် မကြာခင်မှာငါတို့ရဲ့နွေရာသီအားလပ်ရက်ရတော့မှာလေ မင်းနဲ့မျက်နှာချင်းဆိုင် စားပြောနိုင်တာပေါ့"
"ကောင်းတယ် ကောင်းတယ် လိပ်စာက XX...."
စုကျစ်ယန်က လိပ်စာကိုမြန်မြန်သတင်းပို့လိုက်သည်။ လင်ကျန်းရီ၏လိပ်စာကို ဒီလောက်မြန်မြန်ကြီး သူမှတ်မိနေသည့်အကြောင်းရင်းက သူနှင့်လင်ကျန်းရီတို့ လွန်ခဲ့သောနှစ်ရက်က အင်တာနက်မှနေ၍ ကလေးအ၀တ်အထည် အစုံများစွာကို ၀ယ်ခဲ့တာကြောင့်ဖြစ်သည်။
အဲဒါပြီးသွားသည့်နောက် ယခုအချိန်မှာတော့ သူတို့မှာသားနှစ်ယောက်ရှိနေပြီဆိုတာ သိခဲ့ရပြီဆိုတော့ သူတို့တွေအ၀တ်အထည်တွေပိုပြီးမပြင်ဆင်ထားသင့်ဘူးလား။
အမြွာလေးတွေအတွက် အပိုအိပ်ရာတစ်ခုကိုပါ သူတို့၀ယ်ဖြစ်ခဲ့ကြသည်။ သူတို့အဲဒါကို အွန်လိုင်းမှ၀ယ်ခဲ့စဉ်က စုကျစ်ယန်ဟာ လိပ်စာကိုမှတ်မိခဲ့တာဖြစ်သည်။
သူကဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည်။ သူအင်တာဗျူးလုပ်နေတဲ့၊ ဒါမှမဟုတ် သွားလည်ပတ်နေတဲ့ ဘယ်နာမည်ကျော်ရဲ့လိပ်စာမဆို ချရေးထားဖို့(လိုအပ်)သည်။ သည်တော့ အလေ့အကျင့်တစ်ခုကို ပုံသွင်းဖြစ်ခဲ့သည်ပေါ့။
ပြီးနောက် အင်တာနက်မှာပထမဆုံး ဈေး၀ယ်ခဲ့စဉ်ကတည်းက လင်ကျန်းရီရဲ့လိပ်စာကို မှတ်စုမှာချရေးခဲ့သည်။
"အမ်း ငါမှတ်မိပြီ ငါ့မှာအချိန်ရရင် မင်းကိုလာရှာမယ်။ ငါမင်းကိုကြိုပြီးခေါ်လိုက်မယ်လေ"
"အိုကေ ကျွန်တော်ခင်ဗျားကိုစောင့်နေမယ်"
ဖုန်းပြန်ချပြီးနောက် စုကျစ်ယန်က သူ့ခါးကိုပွတ်သည်။ ဒီကြာရှည်သောဖုန်းခေါ်ဆိုမှုက သူ့ကိုအနည်းငယ် ပင်ပန်းစေသည်။
သူထရပ်ကာ ခြံ၀င်းအတွင်းလမ်းလျှောက်ရန်အသင့်ဖြစ်နေခဲ့သည်။ မကြာမီမှာ တံခါး၀သို့သူရောက်သွားပြီး ကားအင်ဂျင်စက်သံကို ကြားလိုက်ရသည်။
လင်ကျန်းရီ ပြန်လာပြီ...။
စုကျစ်ယန်က စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တံခါးကိုဖွင့်လိုက်သည်။ ဂိတ်တံခါးမှ အထဲသို့၀င်လာသော အနီရောင်ကားတစ်စီးကိုမြင်လိုက်ပြီးနောက် အံ့အားသင့်သွားတော့သည်။
လင်ကျန်းရီ၏ကားကအနက်ရောင်ဆိုတာ သူမှတ်မိသည်။ ဘယ်အချိန်ကတည်းက အနီရောင်ဖြစ်သွားခဲ့တာပါလိမ့်။
သည်ကိစ္စမှာ ပြောစရာရှိတာက... ချဉ်းကပ်လာသည့်ကားဟာ လင်ကျန်းရီရဲ့ကားမဟုတ်ဘူးလား။
စုကျစ်ယန်က လျှင်မြန်စွာပင်တံခါးကိုပိတ်ပစ်လိုက်သည်။ ပိတ်ထားသောတံခါး၏အဟလေးကြားမှ အနီရောင်ကား၏အနောက်မှနေ၍ အထဲသို့၀င်လာသောကားတစ်စီးကို သူမြင်လိုက်သည်။ ဒါပေမဲ့ကားကအနီရောင်မဟုတ်။ အဲဒါကအပြာရောင်ပဲ။
ဘာတွေဖြစ်နေတာလဲ။ ရုတ်တရက်ကြီး ဘာလို့ဒီနေရာကိုလူတွေအများကြီးရောက်လာရတာလဲ။ သူတို့ကဘယ်သူတွေလဲ။
စုကျစ်ယန်က တံခါးကိုလော့ခ်ချကာ တဖန်မှီထားလိုက်သည်။ စိတ်လှုပ်ရှားကြောက်ရွံ့ကာဖြင့် သူ၏၀မ်းဗိုက်လေးကို ပွတ်သပ်မိသည်။ ဘယ်သူလာတာပဲဖြစ်ဖြစ်ကိစ္စမရှိပါ။ သူကတော့ သူတို့ကို အထဲသို့၀င်ခွင့်ပြုမှာမဟုတ်ပေ။
အဲဒီ့ဂိတ်ကနေ အထဲကိုမောင်း၀င်လာတဲ့ကားက လင်ကျန်းရီရဲ့မိသားစုကပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။ သူ့မိသားစုမဟုတ်ဘူးဆိုရင်တောင် သူ့ရဲ့မိတ်ဆွေတွေပဲဖြစ်ရမည်။
သူ့ရဲ့ဒီလိုပုံပန်းသွင်ပြင်နဲ့... သူ့ကိုတခြားသူတွေမြင်တွေ့နိုင်ဖို့ရာ မပြင်ဆင်ရသေးပေ။
အထူးသဖြင့် လင်ကျန်းရီ၏မိသားစုနှင့် မိတ်ဆွေများပေါ့။ သည့်ထက်ပိုပြီးပြောရလျှင် လင်ကျန်းရီကအိမ်မှာမရှိနေပေ။
_ _ _ _ _ _ _ _ _ _
ခြံ၀င်းထဲတွင်-
အနီရောင်ကားက အပြာရောင်ကားနောက်သို့လိုက်၍ ရပ်တန့်သွားသည်။ အနီရောင်ကား၏တံခါးကပွင့်လာပြီး အိတ်ငယ်လေးတစ်ခုကို လက်မှာချိတ်ထားသော လင်မားမာကအထဲမှထွက်လာခဲ့သည်။
လင်ပါ့ပါကလည်း အနောက်မှလိုက်ထွက်လာကာ လင်မားမာနှင့်အတူ အခြားကားကိုလှမ်းကြည့်လိုက်ကြသည်။
အပြာရောင်ကား၏တံခါးပွင့်သွားပြီးနောက် ဆင်းလာသူက ကုဖုန်းဖြစ်သည်။ ကုဖုန်းကလင်ပါ့ပါနှင့်လင်မားမာကို နွေးထွေးစွာနှုတ်ဆက်လိုက်သည်။
"အန်ကယ်လ်နဲ့အန်တီတို့လည်း ကျန်းရီကိုလာကြည့်တာလား။ အခုတော့ကျွန်တော် အန်ကယ်လ်တို့အပေါ်အကြွေးတင်သွားပြီ။ မဟုတ်ရင် ကျွန်တော်အထဲကို ၀င်လို့ရမှာမဟုတ်ဘူး။ စကားအကြာကြီးပြောဖို့အချိန်မရှိလို့ တောင်းပန်ပါတယ်ဗျာ။ အထဲကို၀င်ရုံပဲ(၀င်ကြမယ်)လေ"
"ဒီတော့ ဒါကရှောင်ဖုန်းပေါ့ ဒါပေမယ့်မင်း အန်တီတို့အိမ်ကိုမလာတာကြာပြီနော် မကြာသေးခင်ကမှ ချစ်သူကောင်မလေးရနေပြီမလား"
လင်မားမာက သူ့ကိုနှုတ်ဆက်သည်။
"ကျွန်တော်မရသေးပါဘူး။ အာ... ကျွန်တော်အလုပ်များနေလို့ပါ။ ချစ်သူကောင်မလေးရှိနေတာမဟုတ်ပါဘူးဗျာ"
ကုဖုန်းကခြေလှမ်းကိုရှေ့ဆက်သွားသလို လင်ပါ့ပါကတော့ ကား၏ပစ္စည်းထည့်ရာအခန်းထဲမှ အစားအစာအိတ်ကြီးကို သယ်ထုတ်သည်။ သူစူးစမ်းချင်စိတ်ဖြင့်မေးလိုက်သည်။
"အန်တီ... အန်ကယ်လ် ဘာလို့သရေစာမုန့်တွေ ဒီလောက်အများကြီး၀ယ်လာရတာလဲ ကျွန်တော်မှတ်မိသလောက် ကျန်းရီကသရေစာမုန့်တွေလုံး၀မကြိုက်ပါဘူး"
"ဘယ်သူက အဲဒီ့ကောင်စုတ်လေးအတွက်၀ယ်ခဲ့လို့လဲ"
ကုဖုန်းမေးနေသည်ကိုကြည့်ရင်း လင်မားမာက သူ့သားဟာသူ့ရဲ့အကောင်းဆုံးသူငယ်ချင်းကိုတောင်မှ ဖုံးကွယ်ထားတယ်ဆိုတာ သိလိုက်ရသည်။
ဒီတော့ကာ သူမသိထားသောအရာကို ကုဖုန်းဆီပြောပြဖွင့်ဟဖို့နည်းနည်းလေးအားရမြူးကြွနေသည်။
"ရှောင်ဖုန်း... အခုထိမသိသေးဘူးလား ကျန်းရီကချစ်သူကောင်မလေးရနေပြီလေ"
ကုဖုန်းက ပြူးကျယ်လာသောမျက်လုံးများဖြင့် ငေးစိုက်ကြည့်ရင်း စိတ်ထဲမှလည်း မဖြစ်နိုင်ဘူးဟုပြောနေသည်။
အဲဒီ့လူငယ်လေးက ယောကျ်ားလေးတွေကိုကြိုက်တာမဟုတ်ဘူးလား။ သူ့နှလုံးသား ပြောင်းလဲသွားတာလား။
ထိုနေ့က ဗီဒီယိုဖြင့်စည်းေ၀းပွဲလုပ်စဉ်မှာ သူမြင်ခဲ့သော ကလေးပုခက်ဆီကို ပြန်တွေးလိုက်မိချိန်မှာတော့ သေချာပေါက် ယောကျ်ားလေးတစ်ယောက်မဖြစ်နိုင်တော့ဘဲ အဲဒါက မျှော်လင့်နေမိ...။
သည်တော့ ကုဖုန်း၏အတင်းအဖျင်းနှင့်ဆိုင်(သဘောကျ)သော နှလုံးသားက တမ်းတမ်းစွဲနေခဲ့သည်။ သူကလင်မားမာ၏လက်မောင်းကို ရင်းရင်းနှီးနှီးပင်ချိတ်ကာပြောလိုက်သည်။
"အန်တီ အဲဒါကဘယ်ငယ်ရွယ်တဲ့ အမျိုးသမီးလဲ။ အဲဒါက ကျန်းရီငြင်းထားတဲ့ စုမိသားစုကအမျိုးသမီးလား"
အဲဒီ့ဖြစ်ရပ်က မပေါက်ကွဲသွားခဲ့ဘူးလား။
အဲဒီ့ကောင်... ကျန်းရီက နှစ်လအတွင်း သူ့အိမ်မှာတောင်မှ ဖွက်ထားလိုက်သေးသည်။ အဲဒီ့မိန်းမကိုမကြိုက်ဘူးမဟုတ်လား။
သူ၏အဖြစ်အပျက်ကို ဖိနှိပ်ရန်နည်းလမ်းများစွာကို သုံးခဲ့သည်။ နောက်ဆုံးမှာတော့ စုကျစ်ချီ၏ (လင်မိသားစုဆီ) ထိုးဖောက်၀င်ရောက်ရန်ပူးပေါင်းကြံစည်ပေးသည့်အတွက် စုမိသားစုမှ ငွေကြေးအင်အားထောက်ပံ့ကြောင်းသက်သေများနှင့်တကွ ရှာဖွေတွေ့ရှိခဲ့သည်။
လင်မားမာက သူ့ကို လင်ကျန်းရီဟာထိုအမျိုးသမီးနဲ့အပေးအယူလုပ်ချင်တာဆိုတာကိုပြောခဲ့သည်။ ဒါက တစ်ကယ်ကို မမျှော်လင့်တဲ့အရာဖြစ်လိမ့်မည်။
"သားကိုကြည့်ရတာ တစ်ကယ်မသိပုံပဲ"
လင်မားမာကရယ်မောသည်။
"တစ်ကယ်တမ်း အန်တီတို့လည်း သူမကိုမမြင်ဖူးသေးပါဘူး။ (ဘယ်အိမ်က) အမျိုးသမီးငယ်ကလေးဆိုတာ အန်တီတို့မသိသေးတဲ့အပြင် ဘယ်လိုမိန်းကလေးမျိုးဖြစ်တယ်ဆိုတာလည်း မသိရဘူး။ သူမဟာငယ်ရွယ်တဲ့အပျိုစင်တစ်ယောက်လား၊ သာမန်မိန်းကလေးတစ်ယောက်လားဆိုတာလည်း အန်တီတို့မသိပါဘူး။ ဒါပေမဲ့ အဲဒီ့မိန်းကလေးမှာ ကျန်းကျန်းကိုသူမအတွက်ပြောင်းလဲနိုင်တဲ့နည်းလမ်းတွေရှိတယ်။ အန်တီထင်တာတော့ သူမကမဆိုးပါဘူး"
လင်မားမာက ယုံကြည်ပိုင်နိုင်စွာ ပြောနေပြီး ကုဖုန်း၏နှုတ်ခမ်းလွှာများကတော့ တဆတ်ဆတ်တွန့်သွားသည်။
ဒီတော့ အန်တီလင်းကလည်း သတိမထားမိခဲ့ဘူးပေါ့။ လင်ကျန်းရီ... ဘယ်လို၀ှက်ထားရမယ်ဆိုတာ မင်းကသေချာသိနေတာပဲ။
"အမျိုးသမီးလေးက လင်မိသားစုရဲ့သန္ဓေကို ကိုယ်၀န်ရနေတာ။ ပြီးတော့ကျန်းရီကလည်း သူမကိုအရမ်းဂရုစိုက်တယ်ဆိုတာ ပြခဲ့တယ်။ အန်တီရော သူ့အဖေရော ဒါကိုသိတယ်။ ဒါပေမယ်လို့ တခြားရက်တွေမှာ မိန်းကလေးအတွက်နဲ့ ကျန်းမားမာကို ချက်ပြုတ်ပေးခိုင်းတာတွေ၊ အန်ကယ်လ်လီကိုအစားအစာပို့ခိုင်းတာတွေပါ သိသေးတယ်။ ဒါကအရမ်းပျူငှာနေတယ်လေ။ ဒီကောင်စုတ်လေးကို ဒီ့ထက်ပိုပြီးတော့တောင် နားမလည်နိုင်တော့ပါဘူး။ သူကအန်တီ့အပေါ်ရော သူ့အဖေကိုပါ ဘယ်တုန်းကမှ အာရုံစိုက်ခဲ့တာမဟုတ်ဘူးလေ"
လင်မားမာက ရုတ်တရက်ဆန်စွာ အပြုံးမျက်နှာဆီကို မပြောင်းလဲခင် စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
"ဒါပေမဲ့နောက်ဆုံးတော့ အန်တီတို့တစ်ကယ့်လူအစစ်နဲ့ဆုံနိုင်ပြီ။ ပြီးတော့ သားလက်ထဲကဟာတွေကလည်း သူမအတွက်၀ယ်ခဲ့တာလေ။ သူမကကိုယ်၀န်ရှိနေတာဆိုတော့ သေချာပေါက် သရေစာမုန့်တွေကြိုက်မှာပဲ"
"သူမက ဒီမှာနေတာလား"
ကုဖုန်း သံသယ၀င်မိသည်။ ထိုနေ့က ဗီဒီယိုထဲမှာ သူမြင်ခဲ့သောအခန်းက ဒီနေရာနှင့်မတူပါ။ အာ... သူကဒီနေ့ကျမှ လင်ကျန်းရီဘာတွေလုပ်နေတယ်၊ အမျိုးသမီးလေးကို ဘယ်မှာဖွက်ထားတယ်ဆိုတာသိရဖို့ ဒီကိုလာခဲ့တာဖြစ်သည်။
ဒါပေမဲ့ လင်ပါ့ပါ၊ လင်မားမာတို့နှင့် ဆုံမိပြီး စိတ်လှုပ်ရှားစရာသတင်းကိုရလိမ့်မည်လို့တော့ မမျှော်လင့်ထားပါချေ။
"အဲဒါပဲ အန်တီထင်တာတော့ သူတို့အရင်ကနေတဲ့ သာမန်တိုက်ခန်းလေးကနေဒီကိုရွှေ့လာတာမကြာသေးဘူး။ ကြမ်းပြင်က မချောအောင်မွမ်းမံပြင်ဆင်ဖို့လိုအပ်နေတာလေ ဒီတော့ကျန်းရီက အဲဒီ့တစ်ယောက်ကိုပြန်ခေါ်လာတာပေါ့။ အန်တီနဲ့သူ့အဖေက အဲဒီ့ကနေလာတာလေ။ အိမ်တွင်းအလှဆင်ကုမ္ပဏီကအိမ်ကြမ်းခင်းကို မွမ်းမံပြင်ဆင်နေတာဆိုတော့ အဲဒီ့မှာဘယ်သူမှမနေဘူး"
"မိန်းမရေ သွားရအောင် ဒီမှာစကားမပြောနေနဲ့တော့ အရမ်းပူလွန်းတယ်ကွ"
လင်ပါ့ပါတစ်ယောက် သည်းမခံနိုင်တော့ပေ။ သူက ခြေလှမ်းတွေကို ဦးဆောင်ကာမသွားခင် လင်မားမာနှင့်ကုဖုန်းကိုပြောခဲ့လိုက်သည်။
_ _ _ _ _ _ _ _ _ _
Translated by Lay Pyay Yine (team camomile).
မေးခွန်းလေးတွေ အပျော်ဖြေကြည့်ရအောင်လေ။ ပေါ့ပေါ့ပါးပါးပေါ့။
no. 1, အမြွာလေးတွေက ယောကျ်ားလေးတွေလား။ မိန်းကလေးတွေလား။ ယောကျ်ားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်လား။
no. 2, စုကျစ်ယန်အခက်အခဲဖြစ်နေချိန် လင်ကျန်းရီရောက်လာမလား၊ မရောက်လာဘူးလား။
no. 3, ကျစ်ယန်နဲ့ သူတို့သုံးယောက် ထိပ်တိုက်တွေ့မလား။ မတွေ့လောက်ဘူးလား။
_ _ _ _ _ _ _ _ _ _ _
(Zawgyi)
အခန္း ၆၅။ အနာဂတ္ေယာကၡမမ်ားက အိမ္တံခါးသို႔တိုင္ သြားၾကေလၿပီ။
ေလာ့ယန္က စုက်စ္ယန္၏ဆက္တိုက္စံုစမ္းေမးျမန္းမႈကိုနားေထာင္ကာျပဳံးသည္။ စိတ္ေအးလက္ေအး စကားထပ္မေျပာခင္ ခပ္တိုးတိုးေလးသက္ျပင္းခ်လိုက္သည္။
"ငါတို႔က မင္းတို႔နွစ္ေယာက္နဲ႔ကြာတယ္။ ငါတို႔မွာဘာမွခ်ည္ေနွာင္ထားတာမရွိဘူး။ ငါတို႔ကအရာအားလံုးကို အစကေနစခဲ့ၾကတာ။ ဒီေတာ့ငါတို႔စကားမ်ားၾကလိမ့္မယ္ဆိုတာက က်ိန္းေသပဲေလ။ ၿပီးေတာ့ ဘ၀အေတြ႕အႀကံဳပိုင္းမွာ ငါကသူ႔ထက္ပိုမ်ားတယ္။ သူကအခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ အရမ္းကိုကေလးဆန္တာ။ ငါကပဲနားလည္ေအာင္ႀကိဳးစားၿပီး သူနဲ႔အလိုက္အထိုက္ေနေပးရတာေပါ့။ ဒါေပမယ့္ အားလံုးကို ၿခံဳငံုေျပာရရင္ေတာ့ သူနဲ႔အတူေနရတာ ၾကည္ႏူးဖို႔ေကာင္းပါတယ္ ဒီလိုပါတ္သတ္မႈက ေနာက္ဆံုးအထိဘယ္ေလာက္ၾကာရွည္ခံမယ္ဆိုတာေတာ့ ငါမသိဘူးေပါ့ေလ..."
ဒီေနရာမွာပဲ ေလာ့ယန္၏အသံက နစ္ျမဳပ္ေပ်ာက္ဆံုးသြားသည္။ သူတို႔၏အသက္ကြာျခားမႈအျပင္ သူနွင့္ယဲ့ရႈိအၾကားတြင္ ကြာျခားမႈအနည္းငယ္ရွိသည္။
ေလာ့ယန္က သိသာျခားနားေသာအမူအက်င့္မ်ားမရွိသည့္ သာမန္တကၠသိုလ္ပါေမာကၡတစ္ေယာက္သာျဖစ္သည္။ သူတို႔အခု ေနတဲ့ေနရာအရ ယဲ့ရႈိက ခ်မ္းသာေသာမိသားစုမွ သခင္ငယ္ေလးတစ္ေယာက္ဆိုတာ ျမင္နိုင္သည္။
—— တကၠသိုလ္တက္ေနတဲ့ကေလးတစ္ေယာက္က ဒီေလာက္ဇိမ္က်က်ေနဖို႔ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ။
ေတြးေနစရာေတာင္မလို။ သူ႔မိသားစု ၀ယ္ထားတာပဲျဖစ္ရမည္။ ဒါေပမဲ့ ဒါေတြအားလံုး ေမးမေနပါ။ တစ္ကယ္တမ္းသူ႔နွလံုးသားက ဒီျပႆနာေတြဆီကေန မသိမသာေလးေရွာင္ဖယ္ေနမိတာျဖစ္သည္။
သူဒီအေၾကာင္းကို ေတြးခဲ့ၿပီးၿပီ။ ျဖစ္နိုင္တာက ထူးျခားဆန္းျပားေသာအစားအစာမ်ားကိုစားေလ့ရိွေသာ ဒီခ်မ္းသာတဲ့သခင္ငယ္ေလးယဲ့ရႈိအတြက္ ရုတ္တရက္ႀကီး ၾကမ္းတမ္းေသာအစားအစာမ်ားကိုစားရသလို ခံစားလာရပံုေပၚသည္။
အားလံုးၿခံဳငံုၾကည့္လွ်င္ အသစ္အဆန္းတစ္စံုတစ္ရာကို ရွာေဖြၾကည့္ရံုသက္သက္သာ။ မည္သို႔ပင္ဆိုေစ အခ်ိန္ကာလရွည္ႀကီးၿပီးသြားသည့္ေနာက္မွာ လူတစ္ေယာက္ကေတာ့ အထီးက်န္ကာက်န္ရစ္ခဲ့ေပလိမ့္မည္။
သူ႔အတြက္ေတာ့ ကုန္ဆံုးသြားေသာညကာလအတြင္း အိပ္မက္ေတြမက္ခ်ိန္မွာ သူႏွင့္အတူလိုက္ပါမည့္ တစ္စံုတစ္ေယာက္ရွိဖို႔ရန္ လုံေလာက္ခဲ့ၿပီျဖစ္သည္။
ဒီေတာ့ ကာလတစ္ေလွ်ာက္လံုး... တစ္ေလွ်ာက္လံုးလံုး... သူ ယဲ့ရႈိနွင့္အတူရွိနိုင္သည္။ ျပီးေတာ့ ယဲ့ရႈိကလည္း ပါတနာအသစ္ရွာရန္ သူ႔ကုိအေ၀းတြန္းထတ္လိမ့္မည္မဟုတ္ေပ။ ထိုအခ်ိန္အတြင္း သူတို႔အၾကားမွကြာျခားခ်က္မ်ားအားလံုးကို ေမ့ေဖ်ာက္ထားနိုင္သည္။
ဒီလိုစိတ္ထားရွိသူတစ္ေယာက္က သူ႔ရဲ႕ခံစားခ်က္ေတြကို ေရရွည္မွာဘယ္လိုထိန္းသိမ္းႏိုင္မွာလဲ။
"ေလာ့ယန္... ခင္ဗ်ားအဆင္ေျပရဲ႕လား တစ္ခုခုျဖစ္လို႔လား"
စုက်စ္ယန္ ဘယ္လာက္ပဲဂရုမဲ့ေနပါေစ။ ေလာ့ယန္၏အသံထဲမွ စိတ္ဓာတ္က်မႈအရိပ္အေငြ႕တို႔ကို သူသတိျပဳနိုင္ခဲ့သည္။
သူအကူအညီမေပးနိုင္ေသာ္လည္း ရင္တထိတ္ထိတ္ျဖင့္ေမးလိုက္သည္။ ေလာ့ယန္ကလွ်င္ျမန္စြာပင္ လက္ရွိကာလဆီ အာရံုျပန္၀င္လာကာ ရယ္ေမာသည္။
"ငါအဆင္ေျပပါတယ္။ တစ္ခ်ိန္လံုးငါ့ေခါင္းထဲေ၀့ပတ္ေနတဲ့ နည္းနည္းရႈပ္ေထြးတဲ့ကိစၥတစ္ခ်ိဳ႕အေၾကာင္း ေတြးလိုက္မိလို႔ပါ။ ငါက အလိုလိုက္ေပးမဲ့သူရွိတဲ့မင္းနဲ႔ မတူဘူးေလ။ အရာအားလံုးအတြက္ ငါ့ကိုယ္ငါပဲအားကိုးေနရတာ။ ဒီေတာ့ငါက အရမ္းႀကီးယံုၾကည္မႈေတာ့မရွိဘူးေပါ့ကြာ"
"အိုက္ယား ခင္ဗ်ားတအားအေတြးလြန္ေနၿပီ။ တစ္ေလွ်ာက္လံုးအဲဒီ့ကေလးက ဇြဲမေလွ်ာ့ဘဲခင္ဗ်ားကိုကပ္တြယ္ေနခဲ့တာေလ။ ဘာျပႆနာမွရွိလာမွာမဟုတ္ပါဘူး။ ခင္ဗ်ားမွာလည္း အားေကာင္းတဲ့အခ်က္ေတြအမ်ားႀကီးရွိတာပဲကို။ ၾကင္နာတတ္တယ္၊ စိတ္ရွည္တယ္၊ ဘယ္လိုခ်က္ျပဳတ္ရမလဲသိတယ္။ ကိစၥေတြကိုကိုင္တြယ္ခ်ိန္ဆိုရင္ အရမ္းအရမ္းကုိစိတ္တည္ၿငိမ္တယ္။ ကိစၥေတြျဖစ္လာခ်ိန္ ေသခ်ာေပါက္ရႈပ္ေထြးေအာင္လုပ္မဲ့ ကြၽန္ေတာ့္လုိမဟုတ္ဘူး။ အာ... ဒါနဲ႔ စကားမစပ္ ခင္ဗ်ားကအရမ္းအရမ္းကို ဗဟုသုတနဲ႔လည္းျပည့္စံုေသးတာေနာ္"
စုက်စ္ယန္က ခ်ီးမြမ္းလိုက္သည္။
"ခင္ဗ်ားက ခင္ဗ်ားဇနီးရဲ႕အသိုင္းအ၀ိုင္းဘက္မွာ ႀကီးျပင္းလာခဲ့ပံုမေပၚတဲ့ အဲဒီ့လိုကေလးေတြကို သဘာ၀က်က်ပဲ ဆြဲေဆာင္မိလိမ့္မယ္။ ဒါေပမဲ့ ခင္ဗ်ားသူ႔ကိုစိတ္ရွည္ရွည္နဲ႔ေစာင့္ေနရင္း ေနာက္ဆံုးမွာ သူအ႐ြယ္ေရာက္လာလိမ့္မယ္။ ၿပီးေတာ့ခင္ဗ်ားလည္း ဒါကိုတြက္ဆမိလိမ့္မယ္ဆိုတာ ကြၽန္ေတာ္ယံုတယ္။ ခင္ဗ်ားရဲ႕ေပ်ာ္႐ႊင္မႈအတြက္ အလုပ္ႀကိဳးစားလိုက္ပါဦးေနာ္"
(ေလျပည္ - ကိုယ္လည္းဒီနားသိပ္ၿပီးနားမလည္ဘူး။ သူ႔အတိုင္းပဲျပန္ထားတာ။ စကားပံုလားပဲ။ သိတဲ့သူရွိရင္ေျပာေပးလို႔ရပါတယ္)
ဇနီး…
ေလာ့ယန္ဟာ စုက်စ္ယန္၏တိုက္တြန္းအားေပးမႈကိုနားေထာင္ခဲ့ၿပီး ရယ္ရမလား၊ ငိုသင့္သလားမသိေတာ့ပါ။ သို႔ေသာ္ျငား သူ႔ရဲ႕အေတြးထင္ျမင္ခ်က္အတြက္ စုက်စ္ယန္ကိုေက်းဇူးတင္မိသည္။
"ငါႀကိဳးစားမွာပါ စိတ္ခ်လိုက္ ငါမင္းကုိေခၚလိုက္တာက မင္းနဲ႔မင္းကေလးရဲ႕လက္ရွိအေျခအေနကိုေမးမလို႔ကြ ကေလးေလးက ငါ့ေမြးစားေလ မင္းကိုယ္တိုင္ေရာ ငါ့ေမြးစားသားအတြက္ေရာ မင္းေကာင္းေကာင္းဂရုစိုက္ဦးေနာ္ ငါအခ်ိန္ရရင္မင္းဆီကို လာလည္ဦးမယ္"
"ဒါက... ေလာ့ယန္ ကြၽန္ေတာ္ေနရာေဟာင္းမွာ မေနေတာ့ဘူး ဟိုအယုတ္တမာက သူ႔အိမ္မွာေနဖို႔ ကြၽန္ေတာ့္ကိုေခၚလာခဲ့တယ္ေလ"
စုက်စ္ယန္ဟာ ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး နည္းနည္းေတာ့ ရွက္ေသြးျဖာမိသည္။ ပထမဦးစြာ သူ႔ပါးျပင္ကိုကုတ္ၿပီးေနာက္ လင္က်န္းရီကိုဘယ္လ္ုအခြင့္အေရးမ်ိဳးမွေပးလိမ့္မွာမဟုတ္ဘူးလို႔ ခိုင္မာစြာေျပာခဲ့သည္။ ဒါေပမဲ့အခုေတာ့ သူက သူ႔လက္ေတြဆီ တျဖည္းျဖည္းက်႐ႈံးေနခဲ့ေလၿပီ။
ေလာ့ယန္ကေတာ့ သူ႔အတြက္တစ္ကယ္ ၀မ္းသာသြားခဲ့သည္။
"ဒါေကာင္းတာေပါ့ အခုမင္းက မင္းကိုဂရုစိုက္မဲ့သူနဲ႔အတူရွိေနၿပီ ေကာင္းၿပီ မင္းအနားယူတာကို မေနွာင့္ယွက္ေတာ့ဘူး မင္းရဲ႕လိပ္စာငါ့ကိုေျပာ အခြင့္အေရးရရင္ မင္းကိုလာၾကည့္မယ္ အဲဒီ့အေၾကာင္းေျပာရရင္ မၾကာခင္မွာငါတို႔ရဲ႕ေႏြရာသီအားလပ္ရက္ရေတာ့မွာေလ မင္းနဲ႔မ်က္နွာခ်င္းဆိုင္ စားေျပာနိုင္တာေပါ့"
"ေကာင္းတယ္ ေကာင္းတယ္ လိပ္စာက XX...."
စုက်စ္ယန္က လိပ္စာကိုျမန္ျမန္သတင္းပို႔လိုက္သည္။ လင္က်န္းရီ၏လိပ္စာကို ဒီေလာက္ျမန္ျမန္ႀကီး သူမွတ္မိေနသည့္အေၾကာင္းရင္းက သူနွင့္လင္က်န္းရီတို႔ လြန္ခဲ့ေသာနွစ္ရက္က အင္တာနက္မွေန၍ ကေလးအ၀တ္အထည္ အစံုမ်ားစြာကို ၀ယ္ခဲ့တာေၾကာင့္ျဖစ္သည္။
အဲဒါျပီးသြားသည့္ေနာက္ ယခုအခ်ိန္မွာေတာ့ သူတို႔မွာသားနွစ္ေယာက္ရွိေနၿပီဆိုတာ သိခဲ့ရၿပီဆိုေတာ့ သူတို႔ေတြအ၀တ္အထည္ေတြပိုၿပီးမျပင္ဆင္ထားသင့္ဘူးလား။
အႁမြာေလးေတြအတြက္ အပိုအိပ္ရာတစ္ခုကိုပါ သူတို႔၀ယ္ျဖစ္ခဲ့ၾကသည္။ သူတို႔အဲဒါကို အြန္လိုင္းမွ၀ယ္ခဲ့စဥ္က စုက်စ္ယန္ဟာ လိပ္စာကိုမွတ္မိခဲ့တာျဖစ္သည္။
သူကဓာတ္ပံုဆရာတစ္ေယာက္ျဖစ္သည္။ သူအင္တာဗ်ဴးလုပ္ေနတဲ့၊ ဒါမွမဟုတ္ သြားလည္ပတ္ေနတဲ့ ဘယ္နာမည္ေက်ာ္ရဲ႕လိပ္စာမဆို ခ်ေရးထားဖို႔(လိုအပ္)သည္။ သည္ေတာ့ အေလ့အက်င့္တစ္ခုကို ပံုသြင္းျဖစ္ခဲ့သည္ေပါ့။
ၿပီးေနာက္ အင္တာနက္မွာပထမဆံုး ေစ်း၀ယ္ခဲ့စဥ္ကတည္းက လင္က်န္းရီရဲ႕လိပ္စာကို မွတ္စုမွာခ်ေရးခဲ့သည္။
"အမ္း ငါမွတ္မိၿပီ ငါ့မွာအခ်ိန္ရရင္ မင္းကိုလာရွာမယ္။ ငါမင္းကုိႀကိဳၿပီးေခၚလိုက္မယ္ေလ"
"အိုေက ကြၽန္ေတာ္ခင္ဗ်ားကိုေစာင့္ေနမယ္"
ဖုန္းျပန္ခ်ၿပီးေနာက္ စုက်စ္ယန္က သူ႔ခါးကိုပြတ္သည္။ ဒီၾကာရွည္ေသာဖုန္းေခၚဆိုမႈက သူ႔ကိုအနည္းငယ္ ပင္ပန္းေစသည္။
သူထရပ္ကာ ၿခံ၀င္းအတြင္းလမ္းေလွ်ာက္ရန္အသင့္ျဖစ္ေနခဲ့သည္။ မၾကာမီမွာ တံခါး၀သို႔သူေရာက္သြားၿပီး ကားအင္ဂ်င္စက္သံကုိ ၾကားလိုက္ရသည္။
လင္က်န္းရီ ျပန္လာၿပီ...။
စုက်စ္ယန္က စိတ္လႈပ္ရွားတက္ႂကြစြာျဖင့္ တံခါးကိုဖြင့္လိုက္သည္။ ဂိတ္တံခါးမွ အထဲသို႔၀င္လာေသာ အနီေရာင္ကားတစ္စီးကိုျမင္လိုက္ၿပီးေနာက္ အံ့အားသင့္သြားေတာ့သည္။
လင္က်န္းရီ၏ကားကအနက္ေရာင္ဆိုတာ သူမွတ္မိသည္။ ဘယ္အခ်ိန္ကတည္းက အနီေရာင္ျဖစ္သြားခဲ့တာပါလိမ့္။
သည္ကိစၥမွာ ေျပာစရာရိွတာက... ခ်ဥ္းကပ္လာသည့္ကားဟာ လင္က်န္းရီရဲ႕ကားမဟုတ္ဘူးလား။
စုက်စ္ယန္က လွ်င္ျမန္စြာပင္တံခါးကိုပိတ္ပစ္လိုက္သည္။ ပိတ္ထားေသာတံခါး၏အဟေလးၾကားမွ အနီေရာင္ကား၏အေနာက္မွေန၍ အထဲသို႔၀င္လာေသာကားတစ္စီးကို သူျမင္လိုက္သည္။ ဒါေပမဲ့ကားကအနီေရာင္မဟုတ္။
You are reading the story above: TeenFic.Net