(Unicode)
အခန်း ၆၄။ အလိုလေး... အနာဂတ်ချွေးမလေးကို မတွေ့ရတော့ပါဘူး။
စုကျစ်ယန်၏တုန်ယင်နေသောအသံကို လင်ကျန်းရီကြားကာ သူ့ကားကိုလမ်းဘေမှာ ထိုးရပ်လိုက်သည်။ ကားမောင်းသူနေရာမှကျော်ကာ နောက်ခန်းမှစုကျစ်ယန်ဆီသို့သွားကာ ဂရုတစိုက်ကြည့်လိုက်သည်။
"ကျစ်ယန်... မကြောက်ပါနဲ့ ဟုတ်ပြီလား ဒီအချိန်မှာမင်းအဆင်ပြေမှာ ကိုယ်မင်းဘေးမှာ အတူရှိနေပေးမှာပါ"
စုကျစ်ယန်ပြောသည့်အရင်ဘ၀ဆိုတာကို လင်ကျန်းရီဟာ မယုံကြည်သော်ငြားလဲ သည်ကောင်လေး အဲဒီ့နာကျင်မှုထဲ နစ်မြုပ်နေချိန်မှာတော့ သူအကူအညီမဲ့နေဆဲသာ။
'အတိတ်ဘ၀မှာကိုယ်က တစ်ကယ်ပဲ မင်းနဲ့မင်းရဲ့ကလေးလေးကိုသတ်ဖို့ကြိုးစားခဲ့တာလား'လို့ သူမေးလိုက်မိလျှင် သည်အချိန်မှာ စုကျစ်ယန်စိတ်ဆိုးပြီးလဲကျ(မေ့မျော)သွားမှာ ကြောက်မိသည်။
သည်တော့ကာ စုကျစ်ယန်၏စကားလုံးများကို လိုက်နာဖို့သာတတ်နိုင်တော့သည်။
"ဘာပဲဖြစ်ဖြစ် အရင်ဘ၀ဆိုတာကပြီးသွားနှင့်ပြီလေ။ အရင်ဘ၀မှာကိုယ်ဘာမှမလုပ်လိုက်နိုင်ဘူး။ ကိုယ့်မှာအရင်ဘ၀ကလို စိတ်နေစရိုက်ရှိလိမ့်ဦးမယ်လို့ မင်းယူဆမိတာလား။ ကိုယ်ကနှလုံးသားမဲ့ပြီး ရက်စက်တဲ့သူလား။ မင်းကိုယ့်အပေါ် ယုံကြည်မှုလေးနည်းနည်းလောက် ထားပေးလို့ရမလား... ဟင်... မင်းပေးနိုင်မလား..."
စုကျစ်ယန်ကသူ့ကိုကြည့်ပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်ပြလာသည်။ ဒါပေမဲ့လည်း သေအံ့ဆဲဆဲဖြစ်ခဲ့ချိန်က စိတ်ဒဏ်ရာဟာ သူ့နှလုံးသားထဲ တရစ်၀ဲ၀ဲရှိနေဆဲသာ။
"ဆရာ၀န်ကလည်းပြောတယ်။ မင်းရဲ့စိတ်ခံစားချက်က တက်လိုက်ကျလိုက်မဖြစ်သင့်ဘူးတဲ့။ မဟုတ်ရင်ကလေးကို ထိခိုက်လိမ့်မယ်။ စိတ်ကိုလျှော့ထားနော် ကိုယ်မင်းကိုကောင်းကောင်း ဂရုစိုက်မှာပါ။ ကလေးမွေးနေတုန်း ခက်ခဲမှာတွေကိုစိုးရိမ်ရင် ကိုယ်တို့မှာ c-section ရှိတယ်လေ။ အဲဒါကပိုပြီးအန္တရာယ်ကင်းတယ်။ မီးမဖွားခင်မှာ အချိန်မရွေးဖုန်းတစ်ချက်ဆက်ရုံနဲ့ အကောင်းဆုံးသားဖွားဆရာ၀န်နဲ့ သားဖွားမီးယပ်ပါရဂူကို ကိုယ်ရှာလို့ရတယ်။ ကလေးမွေးပြီးရင်လည်း မင်းရဲ့ကလေးတွေကိုဂရုစိုက်ပေးဖို့ အကောင်ဆုံးကလေးထိန်းတစ်ယောက် ရှာပေးနိုင်တယ် မင်းမြင်ရဲ့လား ပြီးခဲ့တဲ့ငါးလလုံး ကလေးတွေက မင်းခက်ခဲစေမဲ့ဘယ်အရာကိုမှမလုပ်ခဲ့ကြဘူးလေ။ ဟုတ်တယ်မလား အလွန်ဆုံးမှခြေကန်တာ၊ လက်ဆန့်တာ ဒါမှမဟုတ်တခြားဟာလေးတွေလောက်ပဲလေ။ ဆရာ၀န်ကလည်းပြောလိုက်တယ် ဒါကသဘာ၀ဖြစ်စဉ်ပဲတဲ့ ဒီတော့အဲဒါနဲ့ပါတ်သတ်ပြီး မစိုးရိမ်နဲ့နော် နောက်ငါးလမှာ လေ့ကျင့်ခန်းများများလုပ်၊ ခန္ဓာကိုယ်အားရှိအောင် အာဟာရပြည့်ပြည့်၀၀စားပေးရမယ်။ အားလုံးကို ကိုယ်တို့တစ်ဆင့်ဆီလုပ်သွားကြမယ်လေ"
လင်ကျန်းရီက နောက်ခန်းခုံမှာ၀င်ထိုင်ကာ စုကျစ်ယန်ကိုသူ့လက်မောင်းများအကြား ထွေးပွေ့ထားလိုက်သည်။ စုကျစ်ယန်၏ပူပင်သောကတွေမပျောက်ခင်အထိ အချိန်အတော်ကြာ ညင်သာစွာနှစ်သိမ့်ပေးခဲ့သည်။
"ကျွန်တော် ပိုပြီးနေလို့ကောင်းလာပါပြီ ခင်ဗျားသွားပြီးမောင်းတော့လေ အိမ်ပြန်ကြရအောင်"
သူလင်ကျန်းရီိကိုတွန်းကာပြောလိုက်သည်။ လင်ကျန်းရီကပြုံးကာ သူ့ရဲ့မျက်လုံးလေးကို နမ်းသည်။
"ကောင်းပြီ အိမ်ပြန်ကြမယ်"
ပြီးနောက်မှာတော့ လင်ကျန်းရီဟာသူ့ဇနီးနှင့်ကလေးများအတွက် ခက်ခဲသောလမ်းကို ဂရုတစိုက်ဖြင့် စတင်ပြီးမောင်းနှင်ပါတော့သည်။
စုကျစ်ယန်သည်လည်း ရေချိုးကန်ကို သဘောကျခြင်းဆီမှာ တဖြည်းဖြည်းချင်းပျော်၀င်နစ်မြုပ်လာခဲ့လေပြီ။ ကြီးထွားနေသော၀မ်းဗိုက်ဖိအားကို ရေအောက်မှာဆိုလျှင် ကောင်းကောင်းလျှော့ချနိုင်သည်လေ။
လင်ကျန်းရီတစ်ယောက်မှာတော့ အလှဆင်ကုမ္ပဏီကို အလုပ်စနိုင်ပြီဖြစ်ကြောင်း ဖုန်းခေါ်ဖို့တောင်မှ မေ့လျော့နေသည်အထိ အလုပ်များနေခဲ့သည်။
ဆယ်ရက်ကြာပြီးနောက် အလှဆင်ကုမ္ပဏီက လင်ကျန်းရီိကိုဖုန်းခေါ်ကာ နေရာရွှေ့ပြီးပြီလား၊ အလှဆင်ဖို့ကိုဆက်လုပ်မှာလားဆိုတာ မေးတော့သည်။ အဲဒီ့အခါမှသာ သူသတိရတော့သည်။
"အင်း... အင်း... ကျွန်တော်ခင်ဗျားကိုသော့လာပေးမယ် ကောင်းပြီ ခင်ဗျားဒီနေ့ပဲစလို့ရတယ် နေ့လည်သုံးနာရီလောက်လုပ်ရအောင် ကောင်းပြီ..."
စွပ်ပြုတ်တစ်ခွက်လုံး အကုန်သောက်လိုက်ပြီးနောက် စုကျစ်ယန်ကစူးစမ်းလိုဟန်ဖြင့်မေးလာသည်။
"အဲဒါကဘာလဲ"
လင်ကျန်းရီ၏အချက်အပြုတ်စွမ်းရည်က မကြာသေးမီကပင် လျှင်မြန်စွာတိုးတက်လာခဲ့သည်။ ဒါက သူ့ဗိုက်ထဲက အစားကြိုက်လေးနှစ်ယောက်ကို အလိုလိုက်ဖျက်ဆီးနေတာပင်။
"အိုး အိမ်ကြမ်းပြင်ကို ပြင်ဆင်မွမ်းမံဖို့ကိစ္စ ကိုယ်မေ့နေတာလေ ဒီနေ့သူတို့ပြောမှပဲ သတိရတော့တာ အချစ်ရေ စိတ်မကောင်းစရာပဲ ကိုယ်တို့ဒီမှာဆယ်ရက်ထက်ပိုပြီးနေရတော့မယ်"
လင်ကျန်းရီ၏အသံက ပူဆွေးနေဟန်ရှိသော်လည်း သူ့မျက်နှာကတော့ ဂုဏ်ယူ၀မ်းမြောက်လို့နေသည်။
စုကျစ်ယန်ကတော့ ကြီးမားသော ရေချိုးကန်ကို စွဲလမ်းနေခဲ့လေပြီ။ သည်တော့ လင်ကျန်းရီ၏စကားလုံးများကို ကြားလိုက်ရချိန်မှာ ဘာမှမခံစားရပေ။
"အဆင်ပြေပါတယ် ဒီလိုကိစ္စမျိုးက ကူညီလို့ရတာမှမဟုတ်တာပဲ"
"ဟုတ်တာပေါ့ ကိုယ့်မှာဘာမှမတတ်နိုင်ဘူးလေ"
ရေချိုးကန်အပေါ် သူအရူးအမူးဖြစ်နေပြီဆိုတာ လင်ကျန်းရီကဘယ်လိုလုပ် မသိဘဲနေပါမည်လဲ။ ရေချိုးကန်ကို စွဲလမ်းတာက ကောင်းတဲ့အရာဖြစ်ပြီး (ဗိုက်ထပ်ပူလာပြီး) ၎င်းနှင့်အံ၀င်ဂွင်ကျဖြစ်သွားလျှင်ပင် သူ့ကိုပြန်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။
-- ဒါပေမဲ့လည်း ပြင်ဆင်ဆောက်လုပ်မှုလုပ်နေတာက စုကျစ်ယန်ရဲ့အိမ်မှာဖြစ်သည်။ သူကခုနစ်လွှာမှာနေတာဖြစ်ပြီး လှေကားပဲသုံးသုံး၊ ဓာတ်လှေကားပဲသုံးသုံး စွန့်စားမှုတွေရှိနေတုန်းပဲ။ သူ့၀င်းခြံနဲ့အိမ်လေးက မကောင်းဘူးလားလို့။ ကျစ်ယန်က သစ်ပင်ရိပ်မှာ လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်သည်။ လေ့ကျင့်ခန်းလုပ်ရင်း လတ်ဆတ်တဲ့လေလည်း ရှူလို့ရသည်။ ဟိုအဆောက်အဦကကျ လူတွေပြည့်နှက်နေတာဖြစ်ပြီး စုကျစ်ယန်ရဲ့ဗိုက်လေးက ပိုပိုကြီးလာပြီ။ လူတွေသတိထားမိရင် ဘယ်လိုလုပ်မလဲ။ ကျစ်ယန်ကစိတ်ထဲမထားရင်တောင် သူ့ဘာသာစိတ်ပင်ပန်းမှုကိုခံစားနေရလိမ့်မည်။ သည်တော့ ယာယီအနေဖြင့် သည်မှာနေခြင်းက သက်တောင့်သက်သာရှိသည်။
နေ့လယ်မှာတော့ လင်ကျန်းရီက အလှဆင်ကုမ္ပဏီကို သော့ပေးကာ သူတို့နှင့်သဘောတူစာချုပ်မှာ လက်မှတ်ထိုးလိုက်သည်။
သူ့ကုမ္ပဏီမှ၀န်ထမ်းတစ်ယောက်ကို လုပ်ငန်းကြီးကြပ်ဖို့ပို့ပေးခဲ့သည်။ ထိုအရာပြီးနောက် လင်ကျန်းရီဟာ အိမ်ကိုပြန်မောင်းလာခဲ့သည်။
သူထွက်သွားပြီးမကြာမီ လင်ပါ့ပါနှင့်လင်မားမာတို့ ၀င်လာခဲ့ကြသည်။ သူတို့တွေအန်ကယ်လ်လီကိုခြိမ်းခြောက်တာရော ကတိပေးတာပါ နှစ်ခုစလုံးလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ၀န်ခံချက်တစ်ခုကို ရခဲ့ကြသည်။
သူတို့၏သားနှင့်အနာဂတ်ချွေးမလေးတို့၏လိပ်စာကိုရခဲ့ပြီး အနာဂတ်ချွေးမလေးကိုတွေ့ရဖို့ စိတ်လှုပ်ရှားတက်ကြွစွာ အပြေးအလွှားသွားကြလေတော့သည်။
"ခုနစ်လွှာမှာမဟုတ်လား"
"ဟုတ်တယ် ခုနစ်လွှာပဲ"
"ဒီအိမ်လား"
"ဟုတ်တယ် အဲဒီ့အိမ်ပဲ"
သူတို့ဟာ သူခိုးများသဖွယ် စုကျစ်ယန်၏အခန်းတံခါးရှေ့သို့ ချဉ်းကပ်လာကြသည်။ မှတ်စုစာရွက်ပေါ်မှ လိပ်စာကိုစစ်ဆေးပြီးနောက်မှာ အခန်းတံခါးခေါက်ဖို့ မဝံ့ရဲပါချေ။
"ရှင်ခေါက်လိုက် ကျွန်မတို့ကိုမြင်ရင် သားလေးစိတ်ဆိုးမှာ ကျွန်မကြောက်တယ်"
လင်မားမာက တိုးတိုးပြောသည်။ လင်ပါ့ပါက သူ့လက်ချောင်းများကို နောက်သို့ပြန်သိမ်းလိုက်သည်။
"ဒီကိုလာပြီး ရေးကြီးခွင်ကျယ်လုပ်ချင်တာကမင်းလေ... မင်းခေါက်လိုက်..."
သည်စကားနှင့်အတူ လင်ပါ့ပါက လင်မားမာ၏အနောက်နားသို့ ပြန်ဆုတ်လိုက်သည်။ လင်မားမာက သူ့ကိုိိအရှေ့သို့ပြန်ဆွဲကာ ရန်မူလိုဟန်ဖြင့် လက်ကောက်၀တ်ကိုဖိညှစ်ထားသည်။
"ရှင်သွားခေါက်မှာလား"
"ကောင်းပြီ... ကိုယ်ခေါက်လိုက်မယ် ကိုယ်တံခါးခေါက်တာက သိပ်မကောင်းဘူးလားလို့နော် ဘာပဲဖြစ်ဖြစ် ကိုယ်တို့သားကမြင်လိုက်ရုံနဲ့ ကိုယ်ကတွန်းအားပေးခံရလို့ဆိုတာ သိမှာပါလေ"
လင်ပါ့ပါက အရှေ့ကိုရောက်လာပြီးနောက် တံခါးခေါက်ရင်း လင်မားမာကိုကြည့်လိုက်သည်။
"ကိုယ်တို့သား ဒေါသထွက်သွားမယ်လု့ိမင်းထင်လား ဒါမှမဟုတ် ပြန်ကြရအောင်ပါကွာ"
"စိတ်ငြိမ်ငြိမ်ထားစမ်းပါရှင် ကျွန်မတို့အဆူခံရမယ်ဆိုရင်တောင်မှ ကျွန်မတို့ချွေးမလောင်းလေးကိုတော့ ဒီမှာတွေ့ရမှကိုဖြစ်မယ်"
လင်မားမာဟာ အကြာကြီးကြောက်လန့်မနေပေ။ လင်ပါ့ပါ၏ရှေ့မှတံခါးဘဲလ်ကိုရည်ရွယ်ကာနှိပ်လိုက်သည်။
ခြေသံတွေကိုသူမကြားလိုက်ရချိန်မှာတော့ သူ့(လင်ပါ့ပါ)အနောက်မှာ ကျုံ့ကျုံ့လေးပြေးပုန်းလိုက်သည်။ လင်ပါ့ပါက သူမကိုရှုံ့ချဖို့ရာ အလွန်အမင်းပျင်းရိလို့နေသည်။
တံခါးကညင်သာစွာပွင့်လာသည်။ အလုပ်သမား၀တ်စုံနှင့်လူတစ်ယောက်က အံ့အားသင့်ဟန်ဖြင့် တံခါးရှေ့တွင်ရပ်နေသောအမျိုးသားကြီးနှင့် အမျိုးသမီးကြီးကိုကြည့်လိုက်သည်။
သူ့အကျႌလက်ကိုမြှောက်ကာ နဖူးမှချွေးများကိုသုတ်ရင်း ရိုးသားစွာပင်မေးသည်။
"ဒီမှာခင်ဗျ... ခင်ဗျားတို့က..."
သည်နှစ်ယောက်က လေးဆယ်အစောပိုင်း၀န်းကျင်လောက်ရှိမည့်ပုံပေါ်သည်။ သူတို့က ကျက်သရေရှိသောအမူရာရှိပြီး ကောင်းမွန်စွာ၀တ်ဆင်ထားကာ အလွန်အမင်းငယ်ရွယ်ပုံပေါ်သည်။ ဘာလို့သူတို့ကီမှာရှိနေတာပါလိမ့်။ အိမ်မှားပြီးတော့များ လာတာမဖြစ်နိုင်လောက်ဘူးလား။
"ယောကျ်ားရေ... ရှင်လိပ်စာမှားပြီးမှတ်ထားမိတာလား"
လင်မားမာ တွေေ၀သွားပြီး လင်ပါ့ပါ၏လက်ထဲမှ မှတ်စုစာရွက်ကို ဆွဲယူကာ ထပ်မံကြည့်လိုက်သည်။
"ဟုတ်ပါတယ် ဒီနေရာပါပဲ"
တစ်ချိန်ပြီးတစ်ချိန် ကျယ်လောင်သောအသံအချို့နှင့် ခပ်တိုးတိုးအသံအချို့က အိမ်ထဲမှထွက်ပေါ်နေသည်။ လူတွေ၏အော်ဟစ်သံသို့မဟုတ် အမိန့်ပေးသံတွေလည်း ကောင်းကောင်းကြားရသည်။
အတိုချုပ်ပြောရလျှင် ဒါကအလွန်အမင်းဆူညံသည်။ လင်ပါ့ပါကအထဲကို လှမ်းကြည့်လိုက်သည်။
"ဒီနေရာမှာ ဘာလို့... သူတို့ပြင်ဆင်နေကြတာလဲ အရင်ပိုင်ရှင်တွေရော... ဒီအိမ်ကိုရောင်းလိုက်တာတော့ မဟုတ်ဘူးမလား"
လင်မားမာကငိုကြွေးလိုက်ကာ ၀မ်းနည်းပူဆွေးဟန်ဖြင့်ကြည့်သည်။
"နည်းလမ်းမရှိတော့ဘူးလား ဒါကရောင်းလိုက်ပြီလား"
သူတို့(လင်မယားနှစ်ယောက်) ဒီကိုလာတာက သူတို့(သားနှင့်ချွေးမ) ထွက်သွားတာကိုကြည့်ရဖို့ဖြစ်သွားလေပြီ။
"အိုး... ဒါကလေ မစ္စတာလင်က ကြမ်းပြင်ကိုပြန်လည်မွမ်းမံဖို့ ကျွန်တော်တို့ကိုငှားထားတာကြောင့်ပါဗျ။ သူတို့အိမ်ရောင်းလိုက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ဒီမှာအလှဆင်တာပြီးဖို့က တစ်ပါတ်လောက်အချ်ိန်ယူရမှာဆိုတော့ ယာယီနေဖို့တခြားကိုသွားကြတယ်"
ထိုလူကရှင်းပြသည်။
လင်ပါ့ပါနှင့် လင်မားမာတို့ စိတ်သက်သာရာရသွားကြသည်။ သူတို့အေ၀းကိုထွက်သွားကြတာမဟုတ်ဘူးပဲ။ သူတို့မှာတော့ သေတော့မလိုပဲ စိုးရိမ်ပူပန်သွားခဲ့ရသည်။ သူတို့ရဲ့အနာဂတ်ချွေးလေးက အနာဂတ်မြေးလေးကိုသယ်ဆောင်ကာ ထွက်ပြေးသွားပြီဟု ထင်လိုက်ကြတာဖြစ်သည်။
ကံကောင်းစွာပဲ ကြမ်းပြင်ကိုမွမ်းမံပြီးအလှဆင်ဖို့စေခိုင်းသူက'မစ္စတာလင်'ဖြစ်နေပေလို့။ ဒါကချော်မလဲစေရန် ဖြစ်ပုံပေါ်သည်။ ဒီေကောင်စုတ်လေးက သေချာပေါက်သူ့ရဲ့ဇနီးကိုအလိုလိုက်ရမယ်ဆိုတာ သိနေခဲ့တာပဲ။ အာ... မဆိုးဘူး မဆိုးဘူး။
"မိန်းမရေအိမ်ပြန်ရအောင် သူတို့ကိုပြန်လာတွေ့ဖို့ တစ်ပါတ်စောင့်ကြတာပေါ့"
လင်ပါ့ပါကထွက်ခွာရန် လှည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် အိမ်ကဒီမှာရှိနေတာပဲဟာ သူတို့အေ၀းကြီးမပြေးနိုင်ပါဘူး"
"ကျွန်မအထဲ၀င်ပြီး တစ်ခါလောက်ကြည့်ပါရစေဦး"
အခုအခါမှာ လင်မားမာဟာ (လိပ်စာ) သေချာသွားပြီမို့ သူမရဲ့သိချင်စိတ်က ပြင်းပြလာသည်။
ဒီယာယီပြင်ဆင်မှုအတွက်သူတို့ရဲ့ပစ္စည်းတွေကို ရွှေ့ပြောင်းနိုင်ခဲ့ကြမှာမဟုတ်ပေ။ သူမလိုချင်တာက သွားပြီးတစ်ခါလောက်ကြည့်ရုံလေးပါပဲ။
သူမ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုလောက်ဖြစ်ဖြစ်၊ ဓာတ်ပုံလေးနည်းနည်းလောက်ဖြစ်ဖြစ် ကြည့်လို့ရနိုင်တယ်လေ။ ဟဟဟ...။
"တောင်းပန်ပါတယ် ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ ၀င်လို့မရပါဘူးခင်ဗျာ"
အလုပ်သမား၀န်ထမ်းကောင်လေးက သူမကိုတားကာ ယဉ်ကျေးသိမ်မွေ့စွာပြောလိုက်သည်။
"ငါကပိုင်ရှင်ရဲ့အမေပဲ ငါ့သားရဲ့အိမ်ထဲ ဘာလို့၀င်လို့မရရမှာလဲ"
(လေပြည်-အနာဂတ်သားမက်လေးရဲ့အိမ်ပါအန်တီရေ။ ဒါပေမဲ့ ကျစ်ယန်လေးကိုသားလို့အသိအမှတ်ပြုလိုက်သလိုခံစားလိုက်ရ XD)
လင်မားမာကအကြောင်းပြချက်ကိုပြောရင်း အထဲကို၀င်ချင်သည်။ လင်ပါ့ပါကတော့အကူအညီမဲ့စွာပင် သူမကိုအေ၀းဆွဲခေါ်ရသည်။
"တော်လောက်ပြီမိန်းမရာ မင်းမှာဦးနှောက်မရှိဘူးလား။ သူတို့ဒီမှာမနေဘူးဆိုကတည်းက အပြင်မှာယာယီနေဖို့ ရွှေ့သွားပြီလေ။ သူတို့ဘယ်နေရာကိုသွားတာ ဖြစ်နိုင်မလဲ။ မင်းအဲဒါကိုထပ်ပြီးစဉ်းစားကြည့်လေ။ မင်းရဲ့သားက သူ့ရဲ့မျက်ရှုလေးကို တခြားသူရဲ့အိမ်မှာထားပါ့မလား။ ဒါကမဖြစ်နိုင်ဘူးလေ ဟုတ်တယ်မလား"
လင်ပါ့ပါကမျက်စပစ်ရင်း သူ့ဇနီးကိုအသိဉာဏ်အလင်းပွင့်စေသည်။ လင်မားမာလည်း နားလည်သွားသည်။
"အာ... ဟုတ်သားပဲ ကောင်စုတ်လေးရဲ့ဗီလာ..."
"မှန်တယ် သူတို့အဲဒီ့မှာပဲဖြစ်ရမယ် သွားမယ် အဲဒီ့ကိုသွားမယ်"
လင်ပါ့ပါက လင်မာမားကိုဆွဲခေါ်ကာ ထိုနေရာမှ အတူတကွထွက်လာခဲ့ကြသည်။
_ _ _ _ _ _ _ _
ဗီလာမှာတော့ -
လင်ကျန်းရီက သော့ကိုလွှဲပြောင်းပေးရန် အိမ်မှထွကလာခဲ့သည်။ စုကျစ်ယန်ကတော့ ပျင်းရိစွာပဲ အိမ်မှာကျန်နေခဲ့သည်။
TV ဖွင့်ပြီးနောက် စိတ်၀င်စားစရာရှိုးတွေမရှိဘူးဆိုတာ တွေ့လိုက်ရသည်။ တစ်ခဏမျှကြာပြီးနောက် ကွန်ပျူတာသုံးချင်လာသည်။ ဒါပေမဲ့လည်း ကြာကြာထိုင်နေရာကနေ ကျောအောင့်နေပြီဖြစ်သည်။
သူလင်ကျန်းရီဆီ ဖုန်းခေါ်ချင်ပေမဲ့လည်း တစ်စုံတစ်ယောက်က သူ့ကိုဖုန်းခေါ်လာပြီး screen ပေါ်မှာလော့ယန်၏အမည်ကို မြင်လိုက်ရသည်။ စုကျစ်ယန်ရယ်မောကာ ဖုန်းလက်ခံဖြေလိုက်သည်။
"လော့ယန်လား ကျွန်တော်ခင်ဗျားနဲ့နောက်ဆုံးတွေ့ခဲ့တာတောင် တော်တော်ကြာသွားပဲ ခင်ဗျားနေကေင်းတယ်မလား"
"ငါကမင်းကိုမေးရမှာပါကွာ ငါကအားလုံးအဆင်ပြေတယ် မင်းရောအဆင်ပြေလား၊ မပြေဘူးလား ငါ့ရဲ့မွေးစားသားလေးကရော အခြေအနေဘယ်လိုလဲ ဟိုလူကရော မင်းအပေါ်ကောင်းရဲ့လား"
လော့ယန်က အသက်တစ်ရှိုက်စာအတွင်းမှာပင် မေးခွန်းအချို့ကိုမေးလိုက်သည်။ ပြီးနောက် နှစ်ဦးစလုံးအကူအညီမဲ့စွာ ရယ်မောနေကြသည်။
"ကျွန်တော်အဆင်ပြေပါတယ် ကလေးတွေလည်းအဆင်ပြေကြတယ် အဲဒီ့အယုတ်တမာကတော့... ကျွန်တော့်အပေါ်ကောင်းပါတယ်။ ဒါပေမယ့်အဲဒါက ဘယ်လောက်ခံမလဲဆိုတာတော့ ကျွန်တော်မသိဘူး"
"ကောင်းတယ်"
စုကျစ်ယန်ကတစ်စုံတစ်ရာကိုပြောလျှင်ပင် အဓိပ္ပာယ်ကတခြားတစ်ခုကို ဆိုလိုသည်ဆိုတာ လော့ယန်သိသည်။ ရယ်စရာပြောမိသလိုမျိုး သူရယ်မောသည်။
"အများကြီးမမေးနဲ့ မင်းရဲ့တောင်းဆိုမှုတွေကနေ အေ၀းကိုထွက်မပြေးစေနဲ့ဦး"
"သူလုပ်ရဲလား အခုကျွန်တော့်မှာ ကလေးသေးသေးလေးတွေရှိနေပြီ သူအေ၀းကိုမပြေးနိုင်ပါဘူး"
စုကျစ်ယန်က သည်လိုပြောလိုက်သည်။ မရည်ရွယ်ဘဲ သူ့စကားထဲမှာဂုဏ်ယူပီတိဖြာမှုလေးက စီးမျောလိုက်ပါသွားသည်။
လော့ယန်က 'ကလေးတွေ'ဟူသောစကားလုံးကို ဖမ်းဆုပ်မိပြီးနောက် အပျော်လွန်သွားတော့သည်။
"ကျစ်ယန် ကလေးတွေလို့မင်းပြောလိုက်တာလား ဖြစ်နိုင်တာက... သူတို့ကနှစ်ယောက်လား အမြွှာလေးတွေလား"
"အမ်း... ဟုတ်တယ်အမြွှာလေးတွေလေ နောက်ဆုံးတစ်ကြိမ်စစ်ဆေးခဲ့တုန်းက တွေ့လိုက်ရတာ ကျွန်တော်ဖြင့်အံ့အားသင့်ပြီးကြည်နူးသွားတာပဲဗျာ"
စုကျစ်ယန်က မကြာသေးခင်ကသူတို့ရဲ့အခြေအနေအပေါ် တောင်ရောက်မြောက်ပြောပြီးနောက် မေးလိုက်သည်။
"ခင်ဗျားရော... ခင်ဗျားရဲ့သူငယ်ချင်းငယ်ငယ်လေးက ဘယ်လိုဆက်ဆံလဲ ခင်ဗျားတို့နှစ်ယောက် ဘယ်အဆင့်ကိုရောက်ကြပြီလဲ"
_ _ _ _ _ _ _ _ _ _
Translated by Lay Pyay Yhine (Team Camomile).
ကတိအတိုင်း triple update ပါနော်။ မနက်ဖြန် 65 upပေးမယ်နော် ဘေဘေးတို့။ vote တွေအများကြီးပေးကြရင်ပေါ့လို့။
_ _ _ _ _ _ _ _ _
(Zawgyi)
အခန္း ၆၄။ အလိုေလး... အနာဂတ္ေခြၽးမေလးကို မေတြ႕ရေတာ့ပါဘူး။
စုက်စ္ယန္၏တုန္ယင္ေနေသာအသံကို လင္က်န္းရီၾကားကာ သူ႔ကားကိုလမ္းေဘမွာ ထိုးရပ္လိုက္သည္။ ကားေမာင္းသူေနရာမွေက်ာ္ကာ ေနာက္ခန္းမွစုက်စ္ယန္ဆီသို႔သြားကာ ဂရုတစိုက္ၾကည့္လိုက္သည္။
"က်စ္ယန္... မေၾကာက္ပါနဲ႔ ဟုတ္ၿပီလား ဒီအခ်ိန္မွာမင္းအဆင္ေျပမွာ ကိုယ္မင္းေဘးမွာ အတူရွိေနေပးမွာပါ"
စုက်စ္ယန္ေျပာသည့္အရင္ဘ၀ဆိုတာကို လင္က်န္းရီဟာ မယံုၾကည္ေသာ္ျငားလဲ သည္ေကာင္ေလး အဲဒီ့နာက်င္မႈထဲ နစ္ျမဳပ္ေနခ်ိန္မွာေတာ့ သူအကူအညီမဲ့ေနဆဲသာ။
'အတိတ္ဘ၀မွာကိုယ္က တစ္ကယ္ပဲ မင္းနဲ႔မင္းရဲ႕ကေလးေလးကိုသတ္ဖို႔ႀကိဳးစားခဲ့တာလား'လို႔ သူေမးလိုက္မိလွ်င္ သည္အခ်ိန္မွာ စုက်စ္ယန္စိတ္ဆိုးၿပီးလဲက်(ေမ့ေမ်ာ)သြားမွာ ေၾကာက္မိသည္။
သည္ေတာ့ကာ စုက်စ္ယန္၏စကားလံုးမ်ားကို လိုက္နာဖို႔သာတတ္နိုင္ေတာ့သည္။
"ဘာပဲျဖစ္ျဖစ္ အရင္ဘ၀ဆိုတာကၿပီးသြားနွင့္ၿပီေလ။ အရင္ဘ၀မွာကိုယ္ဘာမွမလုပ္လိုက္နိုင္ဘူး။ ကိုယ့္မွာအရင္ဘ၀ကလို စိတ္ေနစရိုက္ရွိလိမ့္ဦးမယ္လို႔ မင္းယူဆမိတာလား။ ကိုယ္ကနွလံုးသားမဲ့ၿပီး ရက္စက္တဲ့သူလား။ မင္းကိုယ့္အေပၚ ယံုၾကည္မႈေလးနည္းနည္းေလာက္ ထားေပးလို႔ရမလား... ဟင္... မင္းေပးနိုင္မလား..."
စုက်စ္ယန္ကသူ႔ကိုၾကည့္ၿပီးေနာက္ ျဖည္းညင္းစြာ ေခါင္းညိတ္ျပလာသည္။ ဒါေပမဲ့လည္း ေသအံ့ဆဲဆဲျဖစ္ခဲ့ခ်ိန္က စိတ္ဒဏ္ရာဟာ သူ႔နွလံုးသားထဲ တရစ္၀ဲ၀ဲရိွေနဆဲသာ။
"ဆရာ၀န္ကလည္းေျပာတယ္။ မင္းရဲ႕စိတ္ခံစားခ်က္က တက္လိုက္က်လိုက္မျဖစ္သင့္ဘူးတဲ့။ မဟုတ္ရင္ကေလးကို ထိခိုက္လိမ့္မယ္။ စိတ္ကိုေလွ်ာ့ထားေနာ္ ကိုယ္မင္းကိုေကာင္းေကာင္း ဂရုစိုက္မွာပါ။ ကေလးေမြးေနတုန္း ခက္ခဲမွာေတြကိုစိုးရိမ္ရင္ ကိုယ္တို႔မွာ c-section ရွိတယ္ေလ။ အဲဒါကပိုၿပီးအႏၲရာယ္ကင္းတယ္။ မီးမဖြားခင္မွာ အခ်ိန္မေ႐ြးဖုန္းတစ္ခ်က္ဆက္ရံုနဲ႔ အေကာင္းဆံုးသားဖြားဆရာ၀န္နဲ႔ သားဖြားမီးယပ္ပါရဂူကို ကိုယ္ရွာလို႔ရတယ္။ ကေလးေမြးၿပီးရင္လည္း မင္းရဲ႕ကေလးေတြကိုဂရုစိုက္ေပးဖို႔ အေကာင္ဆံုးကေလးထိန္းတစ္ေယာက္ ရွာေပးနိုင္တယ္ မင္းျမင္ရဲ႕လား ၿပီးခဲ့တဲ့ငါးလလံုး ကေလးေတြက မင္းခက္ခဲေစမဲ့ဘယ္အရာကိုမွမလုပ္ခဲ့ၾကဘူးေလ။ ဟုတ္တယ္မလား အလြန္ဆံုးမွေျခကန္တာ၊ လက္ဆန္႔တာ ဒါမွမဟုတ္တျခားဟာေလးေတြေလာက္ပဲေလ။ ဆရာ၀န္ကလည္းေျပာလိုက္တယ္ ဒါကသဘာ၀ျဖစ္စဥ္ပဲတဲ့ ဒီေတာ့အဲဒါနဲ႔ပါတ္သတ္ၿပီး မစိုးရိမ္နဲ႔ေနာ္ ေနာက္ငါးလမွာ ေလ့က်င့္ခန္းမ်ားမ်ားလုပ္၊ ခႏၶာကိုယ္အားရွိေအာင္ အာဟာရျပည့္ျပည့္၀၀စားေပးရမယ္။ အားလံုးကုိ ကိုယ္တို႔တစ္ဆင့္ဆီလုပ္သြားၾကမယ္ေလ"
လင္က်န္းရီက ေနာက္ခန္းခံုမွာ၀င္ထိုင္ကာ စုက်စ္ယန္ကိုသူ႔လက္ေမာင္းမ်ားအၾကား ေထြးေပြ႕ထားလိုက္သည္။ စုက်စ္ယန္၏ပူပင္ေသာကေတြမေပ်ာက္ခင္အထိ အခ်ိန္အေတာ္ၾကာ ညင္သာစြာနွစ္သိမ့္ေပးခဲ့သည္။
"ကြၽန္ေတာ္ ပိုၿပီးေနလို႔ေကာင္းလာပါၿပီ ခင္ဗ်ားသြားၿပီးေမာင္းေတာ့ေလ အိမ္ျပန္ၾကရေအာင္"
သူလင္က်န္းရီိကိုတြန္းကာေျပာလိုက္သည္။ လင္က်န္းရီကၿပံဳးကာ သူ႔ရဲ႕မ်က္လံုးေလးကို နမ္းသည္။
"ေကာင္းၿပီ အိမ္ျပန္ၾကမယ္"
ၿပီးေနာက္မွာေတာ့ လင္က်န္းရီဟာသူ႔ဇနီးနွင့္ကေလးမ်ားအတြက္ ခက္ခဲေသာလမ္းကို ဂရုတစိုက္ျဖင့္ စတင္ၿပီးေမာင္းနွင္ပါေတာ့သည္။
စုက်စ္ယန္သည္လည္း ေရခ်ိဳးကန္ကို သေဘာက်ျခင္းဆီမွာ တျဖည္းျဖည္းခ်င္းေပ်ာ္၀င္နစ္ျမဳပ္လာခဲ့ေလၿပီ။ ႀကီးထြားေနေသာ၀မ္းဗိုက္ဖိအားကို ေရေအာက္မွာဆိုလွ်င္ ေကာင္းေကာင္းေလွ်ာ့ခ်နိုင္သည္ေလ။
လင္က်န္းရီတစ္ေယာက္မွာေတာ့ အလွဆင္ကုမၸဏီကို အလုပ္စနိုင္ၿပီျဖစ္ေၾကာင္း ဖုန္းေခၚဖို႔ေတာင္မွ ေမ့ေလ်ာ့ေနသည္အထိ အလုပ္မ်ားေနခဲ့သည္။
ဆယ္ရက္ၾကာၿပီးေနာက္ အလွဆင္ကုမၸဏီက လင္က်န္းရီိကိုဖုန္းေခၚကာ ေနရာေ႐ႊ႕ျပီးၿပီလား၊ အလွဆင္ဖို႔ကိုဆက္လုပ္မွာလားဆိုတာ ေမးေတာ့သည္။ အဲဒီ့အခါမွသာ သူသတိရေတာ့သည္။
"အင္း... အင္း... ကြၽန္ေတာ္ခင္ဗ်ားကိုေသာ့လာေပးမယ္ ေကာင္းၿပီ ခင္ဗ်ားဒီေန႔ပဲစလို႔ရတယ္ ေန႔လည္သံုးနာရီေလာက္လုပ္ရေအာင္ ေကာင္းၿပီ..."
စြပ္ျပဳတ္တစ္ခြက္လံုး အကုန္ေသာက္လိုက္ၿပီးေနာက္ စုက်စ္ယန္ကစူးစမ္းလိုဟန္ျဖင့္ေမးလာသည္။
"အဲဒါကဘာလဲ"
လင္က်န္းရီ၏အခ်က္အျပဳတ္စြမ္းရည္က မၾကာေသးမီကပင္ လွ်င္ျမန္စြာတိုးတက္လာခဲ့သည္။ ဒါက သူ႔ဗိုက္ထဲက အစားႀကိဳက္ေလးနွစ္ေယာက္ကို အလိုလိုက္ဖ်က္ဆီးေနတာပင္။
"အိုး အိမ္ၾကမ္းျပင္ကို ျပင္ဆင္မြမ္းမံဖို႔ကိစၥ ကိုယ္ေမ့ေနတာေလ ဒီေန႔သူတို႔ေျပာမွပဲ သတိရေတာ့တာ အခ်စ္ေရ စိတ္မေကာင္းစရာပဲ ကိုယ္တို႔ဒီမွာဆယ္ရက္ထက္ပိုၿပီးေနရေတာ့မယ္"
လင္က်န္းရီ၏အသံက ပူေဆြးေနဟန္ရွိေသာ္လည္း သူ႔မ်က္နွာကေတာ့ ဂုဏ္ယူ၀မ္းေျမာက္လို႔ေနသည္။
စုက်စ္ယန္ကေတာ့ ႀကီးမားေသာ ေရခ်ိဳးကန္ကို စြဲလမ္းေနခဲ့ေလၿပီ။ သည္ေတာ့ လင္က်န္းရီ၏စကားလံုးမ်ားကို ၾကားလိုက္ရခ်ိန္မွာ ဘာမွမခံစားရေပ။
"အဆင္ေျပပါတယ္ ဒီလိုကိစၥမ်ိဳးက ကူညီလို႔ရတာမွမဟုတ္တာပဲ"
"ဟုတ္တာေပါ့ ကိုယ့္မွာဘာမွမတတ္နိုင္ဘူးေလ"
ေရခ်ိဳးကန္အေပၚ သူအရူးအမူးျဖစ္ေနၿပီဆိုတာ လင္က်န္းရီကဘယ္လိုလုပ္ မသိဘဲေနပါမည္လဲ။ ေရခ်ိဳးကန္ကို စြဲလမ္းတာက ေကာင္းတဲ့အရာျဖစ္ၿပီး (ဗိုက္ထပ္ပူလာၿပီး) ၎နွင္ ့အံ၀င္ဂြင္က်ျဖစ္သြားလွ်င္ပင္ သူ႔ကိုျပန္ခြင့္ေပးလိမ့္မည္မဟုတ္ေပ။
-- ဒါေပမဲ့လည္း ျပင္ဆင္ေဆာက္လုပ္မႈလုပ္ေနတာက စုက်စ္ယန္ရဲ႕အိမ္မွာျဖစ္သည္။ သူကခုနစ္လႊာမွာေနတာျဖစ္ၿပီး ေလွကားပဲသံုးသံုး၊ ဓာတ္ေလွကားပဲသံုးသံုး စြန္႔စားမႈေတြရွိေနတုန္းပဲ။ သူ႔၀င္းၿခံနဲ႔အိမ္ေလးက မေကာင္းဘူးလားလို႔။ က်စ္ယန္က သစ္ပင္ရိပ္မွာ လြတ္လြတ္လပ္လပ္ လမ္းေလွ်ာက္နိုင္သည္။ ေလ့က်င့္ခန္းလုပ္ရင္း လတ္ဆတ္တဲ့ေလလည္း ရွဴလို႔ရသည္။ ဟိုအေဆာက္အဦကက် လူေတြျပည့္နွက္ေနတာျဖစ္ၿပီး စုက်စ္ယန္ရဲ႕ဗိုက္ေလးက ပိုပိုႀကီးလာၿပီ။ လူေတြသတိထားမိရင္ ဘယ္လုိလုပ္မလဲ။ က်စ္ယန္ကစိတ္ထဲမထားရင္ေတာင္ သူ႔ဘာသာစိတ္ပင္ပန္းမႈကိုခံစားေနရလိမ့္မည္။ သည္ေတာ့ ယာယီအေနျဖင့္ သည္မွာေနျခင္းက သက္ေတာင့္သက္သာရွိသည္။
ေန႔လယ္မွာေတာ့ လင္က်န္းရီက အလွဆင္ကုမၸဏီကုိ ေသာ့ေပးကာ သူတို႔နွင့္သေဘာတူစာခ်ဳပ္မွာ လက္မွတ္ထိုးလိုက္သည္။
သူ႔ကုမၸဏီမွ၀န္ထမ္းတစ္ေယာက္ကို လုပ္ငန္းႀကီးၾကပ္ဖို႔ပို႔ေပးခဲ့သည္။ ထိုအရာၿပီးေနာက္ လင္က်န္းရီဟာ အိမ္ကိုျပန္ေမာင္းလာခဲ့သည္။
သူထြက္သြားၿပီးမၾကာမီ လင္ပါ့ပါနွင့္လင္မားမာတို႔ ၀င္လာခဲ့ၾကသည္။ သူတို႔ေတြအန္ကယ္လ္လီကိုၿခိမ္းေျခာက္တာေရာ ကတိေပးတာပါ နွစ္ခုစလံုးလုပ္ခဲ့ၾကၿပီး ေနာက္ဆံုးမွာေတာ့ ၀န္ခံခ်က္တစ္ခုကို ရခဲ့ၾကသည္။
သူတို႔၏သားနွင့္အနာဂတ္ေခြၽးမေလးတို႔၏လိပ္စာကိုရခဲ့ၿပီး အနာဂတ္ေခြၽးမေလးကိုေတြ႕ရဖို႔ စိတ္လႈပ္ရွားတက္ႂကြစြာ အေျပးအလႊားသြားၾကေလေတာ့သည္။
"ခုနစ္လႊာမွာမဟုတ္လား"
"ဟုတ္တယ္ ခုနစ္လႊာပဲ"
"ဒီအိမ္လား"
"ဟုတ္တယ္ အဲဒီ့အိမ္ပဲ"
သူတို႔ဟာ သူခိုးမ်ားသဖြယ္ စုက်စ္ယန္၏အခန္းတံခါးေရွ႕သို႔ ခ်ဥ္းကပ္လာၾကသည္။ မွတ္စုစာ႐ြက္ေပၚမွ လိပ္စာကိုစစ္ေဆးၿပီးေနာက္မွာ အခန္းတံခါးေခါက္ဖို႔ မ၀ံ့ရဲပါေခ်။
"ရွင္ေခါက္လိုက္ ကြၽန္မတို႔ကိုျမင္ရင္ သားေလးစိတ္ဆိုးမွာ ကြၽန္မေၾကာက္တယ္"
လင္မားမာက တိုးတိုးေျပာသည္။ လင္ပါ့ပါက သူ႔လက္ေခ်ာင္းမ်ားကို ေနာက္သုိ႔ျပန္သိမ္းလိုက္သည္။
"ဒီကိုလာၿပီး ေရးႀကီးခြင္က်ယ္လုပ္ခ်င္တာကမင္းေလ... မင္းေခါက္လိုက္..."
သည္စကားနွင့္အတူ လင္ပါ့ပါက လင္မားမာ၏အေနာက္နားသို႔ ျပန္ဆုတ္လိုက္သည္။ လင္မားမာက သူ႔ကုိိိအေရွ႕သို႔ျပန္ဆြဲကာ ရန္မူလိုဟန္ျဖင့္ လက္ေကာက္၀တ္ကိုဖိညႇစ္ထားသည္။
"ရွင္သြားေခါက္မွာလား"
"ေကာင္းၿပီ... ကိုယ္ေခါက္လိုက္မယ္ ကိုယ္တံခါးေခါက္တာက သိပ္မေကာင္းဘူးလားလို႔ေနာ္ ဘာပဲျဖစ္ျဖစ္ ကိုယ္တို႔သားကျမင္လိုက္ရံုနဲ႔ ကိုယ္ကတြန္းအားေပးခံရလို႔ဆိုတာ သိမွာပါေလ"
လင္ပါ့ပါက အေရွ႕ကိုေရာက္လာၿပီးေနာက္ တံခါးေခါက္ရင္း လင္မားမာကိုၾကည့္လိုက္သည္။
"ကုိယ္တို႔သား ေဒါသထြက္သြားမယ္လု႔ိမင္းထင္လား ဒါမွမဟုတ္ ျပန္ၾကရေအာင္ပါကြာ"
"စိတ္ၿငိမ္ၿငိမ္ထားစမ္းပါရွင္ ကြၽန္မတို႔အဆူခံရမယ္ဆိုရင္ေတာင္မွ ကြၽန္မတို႔ေခြၽးမေလာင္းေလးကိုေတာ့ ဒီမွာေတြ႕ရမွကုိျဖစ္မယ္"
လင္မားမာဟာ အၾကာႀကီးေၾကာက္လန္႔မေနေပ။ လင္ပါ့ပါ၏ေရွ႕မွတံခါးဘဲလ္ကိုရည္႐ြယ္ကာနွိပ္လိုက္သည္။
ေျခသံေတြကိုသူမၾကားလိုက္ရခ်ိန္မွာေတာ့
You are reading the story above: TeenFic.Net