Chapter 60-1 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း ၆၀။ လင်မျိုးရိုးလူဆိုးကောင်ရဲ့အိမ်ကအရမ်းပြည့်စုံတာပဲ

တကယ်တော့ အဆာပြေမုန့်ထုတ်အကြီးကြီးနှင့် နို့တွေကို လင်ကျန်းရီကမိုးရွာတဲ့နေ့တွေအတွက်ရည်စူးပြီးဝယ်ယူကာ နောက်ခုံမှာထားထားတာဖြစ်သည်။

သူကသေချာပေါက် စုကျစ်ယန်အတွက်ဟုရည်ရွယ်ခဲ့တာဖြစ်သည့်တိုင် ထိုအကောင်ပေါက်လေးက အကြောက်အလန့်ကင်းလွန်းနေတာပဲမဟုတ်လား။ သူကသူ့ကိုပင် ရန်စနေသေး၏။

"ကိုယ်မှားပါတယ်သခင်မရယ်  မင်းကိုယ့်ကိုသောက်စရာတစ်ခုခုများ ပေးနိုင်မလား"

လင်ကျန်းရီက သုန်မှုန်နေသည့်မျက်နှာပေးဖြင့် ခွင့်လွှတ်ရန်တောင်းခံနေ၏။

"မပေးနိုင်ပါဘူး ခင်များအိမ်ရောက်မှသောက်လို့ရတယ် ဒါတွေအကုန် ကျွန်တော့်ဟာချည်းပဲ"

စုကျစ်ယန်က နှလုံးသားမဲ့ပစ်လိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။

လင်ကျန်းရီတစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ကောင်းပြီလေ၊ သူတို့အိမ်ရောက်ပြီးမှသောက်လည်းဖြစ်တာပဲ။ ဘာပဲဖြစ်ဖြစ် အဝေးကြီးမှမဟုတ်တာ။

လင်ကျန်းရီက စုကျစ်ယန်ကိုထပ်ပြီး ဟနောက်မနေတော့ချေ။ သူက ကားမောင်းနေတဲ့အပေါ်မှာသာအာရုံစိုက်လိုက်ပြီး လမ်းကျယ်ကြီးဆီကို တဖြည်းဖြည်းကွေ့လိုက်သည်။

ထိုလမ်းပေါ်မှာ အတော်ကြာအောင်မောင်းပြီးနောက် သူ့ပုခုံးကရုတ်တရက်ခပ်ဖွဖွအပုတ်ခံလိုက်ရသည်။လင်ကျန်းရီက သူ့မျက်လုံးတွေကိုပင့်မလိုက်ပြီး နောက်ကြည့်မှန်ကတစ်ဆင့်ကြည့်လိုက်သည်။

စုကျစ်ယန်က  နို့ဘူးပိုက်ကိုဆွဲဆန့်လိုက်ပြီး ရေထည့်ထားသည့်သတ္ထုရေဘူးထဲကိုထည့်လိုက်သည်။ သူကဘာမှမပြောပေ၊ သူက*ဒါကခင်များကိုပေးတာ*ဟူသော အမူအယာဖြင့် ခေါင်းကိုအသာစောင်းလိုက်၏။

လင်ကျန်းရီ၏ မျက်ခုံးများမှာ ကွေးညွတ်သွားပြီး တောက်ပစွာပြုံးလိုက်သည်။ သူကခေါင်းကိုဘေးဘက်ကိုလှည့်ပြီးနောက် ပိုက်ကိုနှုတ်ခမ်းနှစ်လွှာကြားငုံလိုက်ကာ ရေကိုပါးစပ်အပြည့်နှစ်ခါတောင် စုပ်ယူပစ်လိုက်သည်။

သူ့ရဲ့ကိုယ်တစ်ခုလုံးက ခုံပေါ်မှာပဲရှိနေဆဲဖြစ်ပြီး သူ့အကြည့်တွေကလည်း လမ်းရှေ့ကိုသာ အာရုံစိုက်ထားဆဲဖြစ်သည်။

ပါးစပ်အပြည့်ရေကိုနှစ်ခါကိုမြိုချပြီးနောက် လင်ကျန်းရီ၏မျက်လုံးတစ်စုံက ကျေနပ်စွာဖြင့်ကျဉ်းမြောင်းသွားသည်။ ဘာလို့များ ဒီတစ်ခါရေအရသာက သူသောက်ဖူးသမျှရေတွေအားလုံးထက်ပိုချိုတယ်လို့ ခံစားနေရပါလိမ့်။

ဆယ့်ငါးမိနစ်ခန့်မောင်းပြီးနောက် ကားကဗီလာတွေရှိနေတဲ့ခရိုင်တစ်ခုကိုရောက်သွားပြီး ရိုးရှင်းပြီးနေချင်စဖွယ်ဗီလာတစ်လုံးရှေ့၌ ရပ်သွားသည်။

စုကျစ်ယန်က ဘေးပတ်ဝန်းကျင် တမ်းတသလိုကြည့်လိုက်ကာ လှောင်ပြောင်ရန်ပင်မေ့နေခဲ့ပြီး ပြောလိုက်သည်။

"ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ လူချမ်းသာတွေလဲ"

လင်ကျန်းရီက ကားမှန်ကိုချလိုက်ပြီး သူ့အိတ်ကပ်ထဲကသော့ကိုယူကာ ဗီလာရဲ့ဂိတ်တံခါးတွင်ဖိလိုက်သည်။မြည်သံတစ်ခုထွက်လာပြီးနောက် ဂိတ်တံခါးပွင့်သွားကာ လင်ကျန်းရီကအရှိန်တင်ပြီး ကားကိုအထဲကိုမောင်းသွားလိုက်သည်။

ကားအထဲကိုရောက်သွားပြီးနောက် ဂိတ်ကလည်းအလိုအလျောက်ပိတ်သွားသည်။

အိမ်ဝင်းကအလွန်ကြီးမားကျယ်ဝန်းကြီး ဘေးတစ်ဖက်မှာ ဥယျာဉ်အသေးလေးတစ်ခုလည်းရှိ၏။ လှပသည့်ခရမ်းရောင်၊ တောက်ပသည့်အနီရောင်ပန်းတို့က ထိုအချိန်မှာ ပွင့်လန်းနေကြသည်။အပြင်ဘက်၌ ရေကူးကန်တစ်ခုရှိပြီး ကြည်လင်နေသည့်ရေတို့က ရေကူးကန်ထဲ၌ရှိနေပြီး အလွန်သန့်ရှင်းပုံပေါ်သည်။ စုကျစ်ယန်က ရေကူးကန်ကို တဖျတ်ဖျတ်လက်နေသည့်မျက်လုံးများဖြင့် ရွှန်းရွှန်းဝေအောင်ကြည့်နေသည်။

ဟမ့်... အဲဒါကကောင်းလိုက်တာနော်...။နွေရာသီမှာ သူရေကူးလို့ရပြီ။

သို့ပေမယ့် သူအခုကိုယ်ဝန်ဆောင်နေရတယ်ဆိုတာကို တွေးမိပြီးသည့်နောက်တွင် သူ့မျက်လုံးတွေကချက်ချင်းပင် မှုန်မှိုင်းသွားသည်။ ကြည့်ရတာ ဒီလာမယ့်နွေရာသီမှာတော့ သူ့အနေဖြင့် ရေကူးကန်ကိုသုံးမရနိုင်လောက်ဘူးထင်သည်။

ကားကရှေ့ကိုဆက်သွား၏။ ကွန်ကရစ်အခင်းပေါ်၌ ဘတ်စကတ်ဘောကွင်းအသေးစားလေးတစ်ခုရှိနေပြီး ရိုးရှင်းသည့် fitnessပစ္စည်းများလည်းရှိနေသည်။

ပတ်ဝန်းကျင်မှာ ကြီးမားပြီးစိမ်းစိုနေသည့် သစ်ပင်များစွာရှိပြီး သူတို့၏ကျယ်ပြန့်သည့်အရိပ်များက နေရာတစ်ခုလုံးကိုလွှမ်းခြုံထားကာ ရိုမန်တစ်ဆန်သည့်ပုံပေါ်အောင် ပြုလုပ်ထားသည်။

အဲ့ခွေးကောင်လင်က တကယ်ကိုဘယ်လိုပျော်ရမလဲသိနေတာပဲ...

နောက်ဆုံးတော့ ကားက လှေကားထစ်တွေရှေ့၌ရပ်တန့်သွားပြီး အထဲမှာတော့ ဗီလာ၏အဓိကဝင်ပေါက်ခန်းမရှိလေသည်။

လင်ကျန်းရီက ကားထဲမှထွက်လိုက်ပြီး ကားနောက်ကိုပတ်သွားလိုက်ကာ စုကျစ်ယန်အတွက်တံခါးကို ဖွင့်ပေးခဲ့သည်။သူက အောက်ကိုငုံ့လိုက်ကာ လက်ကိုဆန့်တန်းပြီး ရိုသေမှုအပြည့်ဖြင့်ပြောလိုက်သည်။

"သခင်မ ကျေးဇူးပြုပြီးကားထဲကထွက်ပါခင်ဗျ一"

စုကျစ်ယန်က သူ၏(လင်ကျန်းရီကို)မနာလိုသောအကြည့်တို့ကို ရုတ်သိမ်းလိုက်ပြီး လေးနက်သည့်ပုံစံဖြင့် လင်ကျန်းရီလက်ကိုဆုပ်ကိုင်ကာ ကားပေါ်မှဆင်းလိုက်သည်။

သို့ပေမယ့် သူ၏တောက်ပလင်းလက်နေသည့်မျက်လုံးများက သူ့ကိုသိသာစွာပင်သစ္စာဖောက်နေကြသည်။ အမှန်တော့ သူတကယ်ပင် ဒီနေရာကို အရမ်းသဘောကျ၏။

ဓာတ်ပုံပညာရှင်တစ်ဦးအနေဖြင့် လှပသည့်အရာများနှင့် ကြည့်ကောင်းသည့်မြင်ကွင်းများကိုသဘောကျသူဖြစ်ရကား ဒီနေရာသည်လည်း စုကျစ်ယန်အတွက်ချွင်းချက်မရှိချေ။

မည်သို့ဆိုစေ သူအများကြီးချစ်မြတ်နိုး(အဲဒီ့နေရာကိုကြိုက်)တာကိုတော့ ထုတ်မပြခဲ့ပါချေ။ မဟုတ်လျှင် ခွေးကောင်လင်က ဒီအခွင့်အရေးကိုအသုံးချပြီး သူ့ကိုကျီစယ်ပေလိမ့်မည်။
(လင်ကျန်းရီကို ခွေးဖေဖေကြီးလို့ခေါ်ရတဲ့အကြောင်းအရင်းက ဒါပါပဲ ပြီးတဲ့အထိ ခွေးကောင်ဆိုတဲ့အသုံးကပြီးပါ့မလားမသိ😂)

သူထိန်းထားရမယ် ထိန်းထားစမ်းပါ အား စုကျစ်ယန်ရေ!

စုကျစ်ယန်သူ့ကိုယ်သူသတိပေးရင်း လင်ကျန်းရီနောက်က လိုက်သွားခဲ့သည်။လင်ကျန်းရီက တံခါးအပြင်ဘက်ရှိ ခလုပ်များစွာကိုနှိပ်နေ၏။ တစ်ချိန်တည်းမှာပင် သူကစုကျစ်ယန်ကို ပြောပြဖို့လည်းမမေ့ပါချေ။

"လျှို့ဝှက်ကုတ်က 965813နော် အမ်း မေ့လိုက်ပါတော့ မင်းမမှတ်မိမှာစိုးတယ် ကိုယ်မင်းမွေးနေ့နဲ့ပြောင်းလိုက်မယ် မင်းမွေ့နေကဘယ်နေ့လဲ"

စုကျစ်ယန် နှုတ်ခမ်းကိုစူလိုက်သည်။

"ကျွန်တော်က အဲလောက်အထိလည်း အမေ့အလျော့မထူပါဘူးနော် ပြောင်းစရာမလိုဘူး..."

"မင်းမပြောလည်း မင်းမွေးနေ့ကိုကိုယ်သိပြီးသားပဲ ဇန်နဝါရီလ ၂၁ရက်နေ့ မှန်တယ်မလား အဲဒါကို *121121*လို့ပြောင်းရအောင်…"

လင်ကျန်းရီက ချက်ချင်းပင်လျှို့ဝှက်နံပါတ်ကိုပြောင်းလိုက်ပြီး စုကျစ်ယန်၏မျက်နှာပေါ်တွင် အနက်ရောင်မျဉ်းများပေါ်လာ၏။

"ဒီpasswardက ဖော်ထုတ်ဖို့တအားလွယ်လွန်းတယ် ခင်များအရူးလား"

စုကျစ်ယန်၏စကားကိုကြားပြီးနောက် လင်ကျန်းရီက တတိယမြောက်နံပါတ်တွေကိုပြောင်းလိုက်သည်။ သူကပါးနပ်စွာပင် ပြုံးလိုက်ပြီးနောက် နောက်ဆုံးသုံးလုံးကို *521*ဖြင့် အစားထိုးလိုက်သည်။

"121521 အခုပိုကောင်းသွားပြီမလား နောက်ဆုံးသုံးလုံးက ကိုယ့်မွေးနေ့လေ မှတ်မိဖို့မလွယ်ဘူးမလား"

"…"

စုကျစ်ယန်မှာ သူ့ကိုဆူဖို့ပင် အားမရှိတော့ချေ။

"အဲဒါကလည်း ခန့်မှန်းဖို့လွယ်တုန်းပဲ..."

"ရပါတယ်ကွာ ဒီမှာလုံခြုံရေးတွေလည်းရှိတယ် နေ့တိုင်း၂၄နာရီလုံး ကင်းလှည့်နေကြတာ ဂိတ်ကိုလည်းlockချထားသေးတယ် ဘယ်သူမှဒီထဲဝင်ပြီး passwardကို မဖော်ရဲပါဘူး စိတ်မပူနဲ့ ဟုတ်ပြီလား လာပါ အထဲဝင်ရအောင် ..."

လင်ကျန်းရီက တံခါးကိုဖွင့်ပြီး စုကျစ်ယန်ကို ကြိုဆိုလိုက်သည်။

ဧည့်ခန်းသည်အလွန်ကျယ်ဝန်းပြီး ပရိဘောဂများသည်ဇိမ်ခံပစ္စည်းများဖြင့် ဖြည့်ထားပြီး ပို၍ပင်သဘောကျစရာကောင်းခဲ့သည်။ စုကျစ်ယန်မှာ တကယ်တော့ အကောင်းကြိုက်သူဖြစ်၏။သို့ပေမယ့် သူ့အခြေအနေက သူ့ကိုအရသာပင်မြည်းစမ်းခွင့်မပေးခဲ့ပါချေ။(ဇိမ်ခံတာဘာညာ)

ထိုသို့မဟုတ်ပါက သူ့အိမ်၏ နိမ့်ကျတဲ့အသွင်အပြင်ကို ဇိမ်ခံပစ္စည်းများဖြင့်ဖြည့်ကာ လုံးဝပြောင်းလဲပစ်ပေမည်။

ဓာတ်ပုံဆရာအဖြစ်လုပ်ခဲ့သည့် ၂နှစ်အတွင်း သူနေရာတွေအများကြီးကို ခရီးထွက်ခဲ့ပြီး အလွန်နာမည်ကြီးသည့်နာမည်ကျော်များ၊ လူချမ်းသာများဖြင့်ပင် တွေ့ကြုံခဲ့ရသည်။သူက ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီများအကြောင်းကို အနည်းငယ်သိခဲ့ရပြီး လင်ကျန်းရီ၏ ဧည့်ခန်းထဲရှိ ပစ္စည်းများ၏တန်ဖိုးကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ပါသည်။

လင်ကျန်းရီကအနည်းငယ်ရွဲ့စောင်းနေသည့်ဆိုဖာကို သပ်ရပ်အောင်လုပ်ပြီး စုကျစ်ယန်ထိုင်ဖို့ကူညီလိုက်သည်။

"ခဏထိုင်ပြီးနားလိုက် ကိုယ်ခရီးဆောင်အိတ်တွေ သယ်လိုက်ဦးမယ်"

"အင်း.."

စုကျစ်ယန်ကခေါင်းညိမ့်ပြပြီးထိုင်လိုက်သည်။ မျက်နှာချင်းဆိုင်မှ အလွန်တရာကြီးမားလှသည့်TVကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

_ _ _ _ _ _ _ _ _

Translate by Chu Chu.

လေပြည် - တစ်၀က်ပဲရှိပါသေးတယ်။ ရထားတာလေးအရင်လာတင်တာ။

_ _ _ _ _ _ _ _

(Zawgyi)

အခန္း ၆၀။ လင္မ်ိဳးရိုးလူဆိုးေကာင္ရဲ႕အိမ္ကအရမ္းျပည့္စုံတာပဲ

တကယ္ေတာ့ အဆာေျပမုန္႔ထုတ္အႀကီးႀကီးႏွင့္ နို႔ေတြကို လင္က်န္းရီကမိုး႐ြာတဲ့ေန႕ေတြအတြက္ရည္စူးၿပီးဝယ္ယူကာ ေနာက္ခုံမွာထားထားတာျဖစ္သည္။

သူကေသခ်ာေပါက္ စုက်စ္ယန္အတြက္ဟုရည္႐ြယ္ခဲ့တာျဖစ္သည့္တိုင္ ထိုအေကာင္ေပါက္ေလးက အေၾကာက္အလန္႔ကင္းလြန္းေနတာပဲမဟုတ္လား။ သူကသူ႕ကိုပင္ ရန္စေနေသး၏။

"ကိုယ္မွားပါတယ္သခင္မရယ္  မင္းကိုယ့္ကိုေသာက္စရာတစ္ခုခုမ်ား ေပးနိုင္မလား"

လင္က်န္းရီက သုန္မႈန္ေနသည့္မ်က္ႏွာေပးျဖင့္ ခြင့္လႊတ္ရန္ေတာင္းခံေန၏။

"မေပးနိုင္ပါဘူး ခင္မ်ားအိမ္ေရာက္မွေသာက္လို႔ရတယ္ ဒါေတြအကုန္ ကြၽန္ေတာ့္ဟာခ်ည္းပဲ"

စုက်စ္ယန္က ႏွလုံးသားမဲ့ပစ္လိုက္ဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္သည္။

လင္က်န္းရီတစ္ေယာက္ ကူကယ္ရာမဲ့စြာ သက္ျပင္းခ်လိုက္သည္။ ​ေကာင္းၿပီေလ၊ သူတို႔အိမ္ေရာက္ၿပီးမွေသာက္လည္းျဖစ္တာပဲ။ ဘာပဲျဖစ္ျဖစ္ အေဝးႀကီးမွမဟုတ္တာ။

လင္က်န္းရီက စုက်စ္ယန္ကိုထပ္ၿပီး ဟေနာက္မေနေတာ့ေခ်။ သူက ကားေမာင္းေနတဲ့အေပၚမွာသာအာ႐ုံစိုက္လိုက္ၿပီး လမ္းက်ယ္ႀကီးဆီကို တျဖည္းျဖည္းေကြ႕လိုက္သည္။

ထိုလမ္းေပၚမွာ အေတာ္ၾကာေအာင္ေမာင္းၿပီးေနာက္ သူ႕ပုခုံးက႐ုတ္တရက္ခပ္ဖြဖြအပုတ္ခံလိုက္ရသည္။လင္က်န္းရီက သူ႕မ်က္လုံးေတြကိုပင့္မလိုက္ၿပီး ေနာက္ၾကည့္မွန္ကတစ္ဆင့္ၾကည့္လိုက္သည္။

စုက်စ္ယန္က  နို႔ဘူးပိုက္ကိုဆြဲဆန္႔လိုက္ၿပီး ေရထည့္ထားသည့္သတၳဳေရဘူးထဲကိုထည့္လိုက္သည္။ သူကဘာမွမေျပာေပ၊ သူက*ဒါကခင္မ်ားကိုေပးတာ*ဟူေသာ အမူအယာျဖင့္ ေခါင္းကိုအသာေစာင္းလိုက္၏။

လင္က်န္းရီ၏ မ်က္ခုံးမ်ားမွာ ေကြးၫြတ္သြားၿပီး ေတာက္ပစြာၿပဳံးလိုက္သည္။ သူကေခါင္းကိုေဘးဘက္ကိုလွည့္ၿပီးေနာက္ ပိုက္ကိုႏႈတ္ခမ္းႏွစ္လႊာၾကားငုံလိုက္ကာ ေရကိုပါးစပ္အျပည့္ႏွစ္ခါေတာင္ စုပ္ယူပစ္လိုက္သည္။

သူ႕ရဲ႕ကိုယ္တစ္ခုလုံးက ခုံေပၚမွာပဲရွိေနဆဲျဖစ္ၿပီး သူ႕အၾကည့္ေတြကလည္း လမ္းေရွ႕ကိုသာ အာ႐ုံစိုက္ထားဆဲျဖစ္သည္။

ပါးစပ္အျပည့္ေရကိုႏွစ္ခါကိုၿမိဳခ်ၿပီး​ေနာက္ လင္က်န္းရီ၏မ်က္လုံးတစ္စုံက ေက်နပ္စြာျဖင့္က်ဥ္းေျမာင္းသြားသည္။ ဘာလို႔မ်ား ဒီတစ္ခါေရအရသာက သူေသာက္ဖူးသမွ်ေရေတြအားလုံးထက္ပိုခ်ိဳတယ္လို႔ ခံစားေနရပါလိမ့္။

ဆယ့္ငါးမိနစ္ခန္႔​ေမာင္းၿပီးေနာက္ ကားကဗီလာေတြရွိေနတဲ့ခရိုင္တစ္ခုကိုေရာက္သြားၿပီး ရိုးရွင္းၿပီးေနခ်င္စဖြယ္ဗီလာတစ္လုံးေရွ႕၌ ရပ္သြားသည္။

စုက်စ္ယန္က ေဘးပတ္ဝန္းက်င္ တမ္းတသလိုၾကည့္လိုက္ကာ ေလွာင္ေျပာင္ရန္ပင္ေမ့ေနခဲ့ၿပီး ေျပာလိုက္သည္။

"ဘယ္လိုေတာင္ေၾကာက္စရာေကာင္းတဲ့ လူခ်မ္းသာေတြလဲ"

လင္က်န္းရီက ကားမွန္ကိုခ်လိုက္ၿပီး သူ႕အိတ္ကပ္ထဲကေသာ့ကိုယူကာ ဗီလာရဲ႕ဂိတ္တံခါးတြင္ဖိလိုက္သည္။ျမည္သံတစ္ခုထြက္လာၿပီးေနာက္ ဂိတ္တံခါးပြင့္သြားကာ လင္က်န္းရီကအရွိန္တင္ၿပီး ကားကိုအထဲကိုေမာင္းသြားလိုက္သည္။

ကားအထဲကိုေရာက္သြားၿပီးေနာက္ ဂိတ္ကလည္းအလိုအေလ်ာက္ပိတ္သြားသည္။

အိမ္ဝင္းကအလြန္ႀကီးမားက်ယ္ဝန္းႀကီး ေဘးတစ္ဖက္မွာ ဥယ်ာဥ္အေသးေလးတစ္ခုလည္းရွိ၏။ လွပသည့္ခရမ္းေရာင္၊ ေတာက္ပသည့္အနီေရာင္ပန္းတို႔က ထိုအခ်ိန္မွာ ပြင့္လန္းေနၾကသည္။အျပင္ဘက္၌ ေရကူးကန္တစ္ခုရွိၿပီး ၾကည္လင္ေနသည့္ေရတို႔က ေရကူးကန္ထဲ၌ရွိေနၿပီး အလြန္သန့္ရွင္းပုံေပၚသည္။ စုက်စ္ယန္က ေရကူးကန္ကို တဖ်တ္ဖ်တ္လက္ေနသည့္မ်က္လုံးမ်ားျဖင့္ ႐ႊန္း႐ႊန္းေဝေအာင္ၾကည့္ေနသည္။

ဟမ့္... အဲဒါကေကာင္းလိုက္တာေနာ္...။ေႏြရာသီမွာ သူေရကူးလို႔ရၿပီ။

သို႔ေပမယ့္ သူအခုကိုယ္ဝန္ေဆာင္ေနရတယ္ဆိုတာကို ေတြးမိၿပီးသည့္ေနာက္တြင္ သူ႕မ်က္လုံးေတြကခ်က္ခ်င္းပင္ မႈန္မႈိင္းသြားသည္။ ၾကည့္ရတာ ဒီလာမယ့္ေႏြရာသီမွာေတာ့ သူ႕အေနျဖင့္ ေရကူးကန္ကိုသုံးမရနိုင္ေလာက္ဘူးထင္သည္။

ကားကေရွ႕ကိုဆက္သြား၏။ ကြန္ကရစ္အခင္းေပၚ၌ ဘတ္စကတ္ေဘာကြင္းအေသးစားေလးတစ္ခုရွိေနၿပီး ရိုးရွင္းသည့္ fitnessပစၥည္းမ်ားလည္းရွိေနသည္။

ပတ္ဝန္းက်င္မွာ ႀကီးမားၿပီးစိမ္းစိုေနသည့္ သစ္ပင္မ်ားစြာရွိၿပီး သူတို႔၏က်ယ္ျပန့္သည့္အရိပ္မ်ားက ေနရာတစ္ခုလုံးကိုလႊမ္းၿခဳံထားကာ ရိုမန္တစ္ဆန္သည့္ပုံေပၚေအာင္ ျပဳလုပ္ထားသည္။

အဲ့ေခြးေကာင္လင္က တကယ္ကိုဘယ္လိုေပ်ာ္ရမလဲသိေနတာပဲ...

ေနာက္ဆုံးေတာ့ ကားက ေလွကားထစ္ေတြေရွ႕၌ရပ္တန္႔သြားၿပီး အထဲမွာေတာ့ ဗီလာ၏အဓိကဝင္ေပါက္ခန္းမရွိေလသည္။

လင္က်န္းရီက ကားထဲမွထြက္လိုက္ၿပီး ကားေနာက္ကိုပတ္သြားလိုက္ကာ စုက်စ္ယန္အတြက္တံခါးကို ဖြင့္ေပးခဲ့သည္။သူက ေအာက္ကိုငုံ႕လိုက္ကာ လက္ကိုဆန္႔တန္းၿပီး ရိုေသမႈအျပည့္ျဖင့္ေျပာလိုက္သည္။

"သခင္မ ေက်းဇူးျပဳၿပီးကားထဲကထြက္ပါခင္ဗ်一"

စုက်စ္ယန္က သူ၏(လင္က်န္းရီကို)မနာလိုေသာအၾကည့္တို႔ကို ႐ုတ္သိမ္းလိုက္ၿပီး ေလးနက္သည့္ပုံစံျဖင့္ လင္က်န္းရီလက္ကိုဆုပ္ကိုင္ကာ ကားေပၚမွဆင္းလိုက္သည္။

သို႔ေပမယ့္ သူ၏ေတာက္ပလင္းလက္ေနသည့္မ်က္လုံးမ်ားက သူ႕ကိုသိသာစြာပင္သစၥာေဖာက္ေနၾကသည္။ အမွန္ေတာ့ သူတကယ္ပင္ ဒီေနရာကို အရမ္းသေဘာက်၏။

ဓာတ္ပုံပညာရွင္တစ္ဦးအေနျဖင့္ လွပသည့္အရာမ်ားႏွင့္ ၾကည့္ေကာင္းသည့္ျမင္ကြင္းမ်ားကိုသေဘာက်သူျဖစ္ရကား ဒီေနရာသည္လည္း စုက်စ္ယန္အတြက္ခြၽင္းခ်က္မရွိေခ်။

မည္သို႔ဆိုေစ သူအမ်ားႀကီးခ်စ္ျမတ္နိုး(အဲဒီ့​ေနရာကိုႀကိဳက္)တာကိုေတာ့ ထုတ္မျပခဲ့ပါေခ်။ မဟုတ္လွ်င္ ေခြးေကာင္လင္က ဒီအခြင့္အေရးကိုအသုံးခ်ၿပီး သူ႕ကိုက်ီစယ္ေပလိမ့္မည္။
(လင္က်န္းရီကို ေခြးေဖေဖႀကီးလို႔ေခၚရတဲ့အေၾကာင္းအရင္းက ဒါပါပဲ ၿပီးတဲ့အထိ ေခြးေကာင္ဆိုတဲ့အသုံးကၿပီးပါ့မလားမသိ😂)

သူထိန္းထားရမယ္ ထိန္းထားစမ္းပါ အား စုက်စ္ယန္ေရ!

စုက်စ္ယန္သူ႕ကိုယ္သူသတိေပးရင္း လင္က်န္းရီေနာက္က လိုက္သြားခဲ့သည္။လင္က်န္းရီက တံခါးအျပင္ဘက္ရွိ ခလုပ္မ်ားစြာကိုႏွိပ္ေန၏။ တစ္ခ်ိန္တည္းမွာပင္ သူကစုက်စ္ယန္ကို ေျပာျပဖို႔လည္းမေမ့ပါေခ်။

"လွ်ိဳ႕ဝွက္ကုတ္က 965813ေနာ္ အမ္း ေမ့လိုက္ပါေတာ့ မင္းမမွတ္မိမွာစိုးတယ္ ကိုယ္မင္းေမြးေန႕နဲ႕ေျပာင္းလိုက္မယ္ မင္းေမြ႕ေနကဘယ္ေန႕လဲ"

စုက်စ္ယန္ ႏႈတ္ခမ္းကိုစူလိုက္သည္။

"ကြၽန္ေတာ္က အဲေလာက္အထိလည္း အေမ့အေလ်ာ့မထူပါဘူးေနာ္ ေျပာင္းစရာမလိုဘူး..."

"မင္းမေျပာလည္း မင္းေမြးေန႕ကိုကိုယ္သိၿပီးသားပဲ ဇန္နဝါရီလ ၂၁ရက္ေန႕ မွန္တယ္မလား အဲဒါကို *121121*လို႔ေျပာင္းရေအာင္…"

လင္က်န္းရီက ခ်က္ခ်င္းပင္လွ်ိဳ႕ဝွက္နံပါတ္ကိုေျပာင္းလိုက္ၿပီး စုက်စ္ယန္၏မ်က္ႏွာေပၚတြင္ အနက္ေရာင္မ်ဥ္းမ်ားေပၚလာ၏။

"ဒီpasswardက ေဖာ္ထုတ္ဖို႔တအားလြယ္လြန္းတယ္ ခင္မ်ားအ႐ူးလား"

စုက်စ္ယန္၏စကားကိုၾကားၿပီးေနာက္ လင္က်န္းရီက တတိယေျမာက္နံပါတ္ေတြကိုေျပာင္းလိုက္သည္။ သူကပါးနပ္စြာပင္ ၿပဳံးလိုက္ၿပီးေနာက္ ေနာက္ဆုံးသုံးလုံးကို *521*ျဖင့္ အစားထိုးလိုက္သည္။

"121521 အခုပိုေကာင္းသြားၿပီမလား ေနာက္ဆုံးသုံးလုံးက ကိုယ့္ေမြးေန႕ေလ မွတ္မိဖို႔မလြယ္ဘူးမလား"

"…"

စုက်စ္ယန္မွာ သူ႕ကိုဆူဖို႔ပင္ အားမရွိေတာ့ေခ်။

"အဲဒါကလည္း ခန့္မွန္းဖို႔လြယ္တုန္းပဲ..."

"ရပါတယ္ကြာ ဒီမွာလုံၿခဳံေရးေတြလည္းရွိတယ္ ေန႕တိုင္း၂၄နာရီလုံး ကင္းလွည့္ေနၾကတာ ဂိတ္ကိုလည္းlockခ်ထားေသးတယ္ ဘယ္သူမွဒီထဲဝင္ၿပီး passwardကို မေဖာ္ရဲပါဘူး စိတ္မပူနဲ႕ ဟုတ္ၿပီလား လာပါ အထဲဝင္ရေအာင္ ..."

လင္က်န္းရီက တံခါးကိုဖြင့္ၿပီး စုက်စ္ယန္ကို ႀကိဳဆိုလိုက္သည္။

ဧည့္ခန္းသည္အလြန္က်ယ္ဝန္းၿပီး ပရိေဘာဂမ်ားသည္ဇိမ္ခံပစၥည္းမ်ားျဖင့္ ျဖည့္ထားၿပီး ပို၍ပင္သေဘာက်စရာေကာင္းခဲ့သည္။ စုက်စ္ယန္မွာ တကယ္ေတာ့ အေကာင္းႀကိဳက္သူျဖစ္၏။သို႔ေပမယ့္ သူ႕အေျခအေနက သူ႕ကိုအရသာပင္ျမည္းစမ္းခြင့္မေပးခဲ့ပါေခ်။(ဇိမ္ခံတာဘာညာ)

ထိုသို႔မဟုတ္ပါက သူ႕အိမ္၏ နိမ့္က်တဲ့အသြင္အျပင္ကို ဇိမ္ခံပစၥည္းမ်ားျဖင့္ျဖည့္ကာ လုံးဝေျပာင္းလဲပစ္ေပမည္။

ဓာတ္ပုံဆရာအျဖစ္လုပ္ခဲ့သည့္ ၂ႏွစ္အတြင္း သူေနရာေတြအမ်ားႀကီးကို ခရီးထြက္ခဲ့ၿပီး အလြန္နာမည္ႀကီးသည့္နာမည္ေက်ာ္မ်ား၊ လူခ်မ္းသာမ်ားျဖင့္ပင္ ေတြ႕ႀကဳံခဲ့ရသည္။သူက ေရွးေဟာင္းပစၥည္းမ်ားႏွင့္ ပန္းခ်ီမ်ားအေၾကာင္းကို အနည္းငယ္သိခဲ့ရၿပီး လင္က်န္းရီ၏ ဧည့္ခန္းထဲရွိ ပစၥည္းမ်ား၏တန္ဖိုးကိုလည္း ရွင္းရွင္းလင္းလင္း နားလည္ပါသည္။

လင္က်န္းရီကအနည္းငယ္႐ြဲ႕ေစာင္းေနသည့္ဆိုဖာကို သပ္ရပ္ေအာင္လုပ္ၿပီး စုက်စ္ယန္ထိုင္ဖို႔ကူညီလိုက္သည္။

"ခဏထိုင္ၿပီးနားလိုက္ ကိုယ္ခရီးေဆာင္အိတ္ေတြ သယ္လိုက္ဦးမယ္"

"အင္း.."

စုက်စ္ယန္ကေခါင္းညိမ့္ျပၿပီးထိုင္လိုက္သည္။ မ်က္ႏွာခ်င္းဆိုင္မွ အလြန္တရာႀကီးမားလွသည့္TVကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္။

_ _ _ _ _ _ _ _ _

Translate by Chu Chu.

​ေလျပည္​ - တစ္​၀က္​ပဲရွိပါ​ေသးတယ္​။ ရထားတာ​ေလးအရင္​လာတင္​တာ။

You are reading the story above: TeenFic.Net