Chapter 58 (U+Z)

Background color
Font
Font size
Line height

(Unicode)

အပိုင်း ၅၈။ နောက်ဆုံးတော့ ဇနီးလေးကို အိမ်ခေါ်နိုင်ခဲ့ပြီ

လင်ကျန်းရီတစ်ယောက် အလုပ်များနေခဲ့သည်။ သူက ကွန်ပျူတာကို သေတ္တာတစ်လုံးထဲမှာ သက်သက်ခွဲပြီးထုပ်ပိုးခဲ့သည်။

ပြီးသွားသည့်နောက် သူက ခရီးဆောင်အိတ်နှင့်သေတ္တာကို အတူထားလိုက်ကာ လက်ခုပ်တီးလိုက်ပြီး ကျေကျေနပ်နပ်ပင် ခေါင်းတညိတ်ညိတ်လုပ်နေ၏။

အမ်း နောက်ဆုံးတော့ ထုပ်ပိုးလို့ပြီးပြီဖြစ်၏။ အခုတော့ မနက်ဖြန်ရောက်လာဖို့ကို စောင့်ရုံသာကျန်ပြီး ထိုလူသားလေးကို အိမ်ကိုခေါ်သွားရုံမျှသာ။

လင်ကျန်းရီက မီးဖိုချောင်ထဲကိုသွားပြီး ပန်းကန်တွေနှင့်တူတွေကို သန့်ရှင်းလိုက်သည်။

စုကျစ်ယန်က အဲဒါက(အိမ်ပြောင်းဖို့က) အစောကြီးရှိသေးတယ်ဆိုတာကို တွေ့ခဲ့ရသည်။ သူကတစ်နေ့ခင်းလုံးအိပ်နေခဲ့ပြီး သူ့စိတ်ဝိဉာဉ်ကလည်း ပို၍ကောင်းလာသလို ခံစားလိုက်ရသည်။ သူထပ်မံ၍ မအိပ်လိုတော့ပေ။ ထို့ကြောင့် သူအိပ်ယာကထလိုက်ပြီး ဧည့်ခန်းထဲသွားကာ TVကြည့်တော့သည်။

သူနိုးလာတာတွေ့ပြီး လင်ကျန်းရီဟာ လုပ်လက်စအလုပ်တွေကိုပစ်ချပြီး သူ့နောက်ကိုမလိုက်ဘဲမနေနိုင်ခဲ့ချေ။

"သန့်စင်ခန်းသွားမလို့လား ကိုယ်မင်းနဲ့လိုက်ခဲ့မယ်"

"မဟုတ်ဘူး TVကြည့်ရုံလေးပဲ"

"အာ ဒါဆိုလည်း ကိုယ်TVဖွင့်ပေးမယ်လေ"

လင်ကျန်းရီကနောက်ကလိုက်လာသည်။ စုကျစ်ယန်ကအခုထိ ညဝတ်စုံဖြင့်ပင်ရှိနေဆဲဆိုတာကို တွေ့လိုက်ရပြီးသည့်အခါ သူ့ကိုတားလိုက်သည်။

"ခဏ ကိုယ်မင်းလဲဖို့ အဝတ်တွေယူပေးမယ်"

"ဘာအဝတ်တွေလဲ ကျွန်တော်မအေးပါဘူး"

စုကျစ်ယန်က ဆိုဖာမှာ ဖြည်းဖြည်းချင်းထိုင်ချပြီး remoteထံသို့လက်လှမ်းလိုက်သည်။

လင်ကျန်းရီက သူ့လက်ကိုဖိချလိုက်ပြီး

“ ခဏလောက်စောင့်ဦး၊ တီဗီကလည်းပဲဓာတ်ရောင်ခြည်ဖြာထွက်တယ်...ရောင်ခြည်ဆန့်ကျင်တဲ့အ၀တ်တွေအရင်၀တ်ထား...ဟုတ်ပြီလား"

"...ကောင်းပြီ၊ ခင်ဗျား အဝတ်တွေသွားယူလိုက်" 

စုကျစ်ယန်က ပခုံးတွန့်ပြလိုက်ပြီး သူပြောသည့်အတိုင်း ဆိုဖာကိုကျောမီ၍ထိုင်နေလိုက်သည်။

"ဟုတ်ပါပြီဗျာ၊ မင်း TVကို ခိုးကြည့်လို့မရအောင် remote ကို ကိုယ်အရင်သိမ်းထားမယ်" 

လင်ကျန်းရီက remoteကို ယူ၍ ပင်မအိပ်ခန်းဘက်သို့ဦးတည်လိုက်ပြီး အသစ်များကိုသာထည့်ထားသောLuggageကိုပြန်ဖွင့်လိုက်သည်။ 

အဝါဖျော့ရောင် ဓာတ်ရောင်ခြည်ဆန့်ကျင်သော အ၀တ်များကိုတွေ့ပြီး၎င်းတို့ကိုစနစ်တကျပြန်ခေါက်လိုက်သည်။

"ဒီကိုလာ...အဝတ်တွေရပြီ...ကိုယ်ဝတ်ကူပေးမယ် "

"ကျွန်တော့်ဘာသာ ကျွန်တော်လုပ်နိုင်ပါတယ် "

စုကျစ်ယန်က ထိုသို့ ပြောလိုက်ပါသော်လည်း သူကလက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ခေါင်းအပေါ်သို့မြှောက်လျက်သာ။

အ၀တ်များကို ၀တ်ပေးနေစဉ်ချိန်အတွင်း လင်ကျန်းရီက သူ့အတွက်ဂရုတစိုက်လေးဝတ်ပေးလေသည်။ သူကစုကျစ်ယန်၏ လက်များကိုစွပ်ယူလိုက်ပြီး စုကျစ်ယန်ရဲ့ ဝမ်းဗိုက်လေးကို လုံး၀ဖုံးလွှမ်းသွားစေရန်အတွက်အဝတ်အစားများကို သေချာဆွဲဆန့်ပေးလိုက်သည်။

ထို့နောက်သူက စုကျစ်ယန်အား remote ကိုပေးလိုက်သည်။

"အခုမင်းလေးရဲ့TVကြည့်နိုင်ပါပြီ... အကြာကြီးမကြည့်နဲ့နော်.... အကြာကြီးထိုင်တာက ခါးအောက်ပိုင်းကိုနာကျင်စေလိမ့်မယ်..."

"ကျွန်တော်နားလည်ပါတယ်"

စုကျစ်ယန် remote ကို နှိပ်လိုက်ပြီးTVကိုဖွင့်လိုက်သည်။  သူက သူ့ဘေးမှာရပ်နေသည့် လင်ကျန်းရီကိုတစ်ချက်ကြည့်လိုက်သည်။ သူ ကူကယ်ရာမဲ့စွာဖြင့် နှုတ်ကိုမဖွင့်ဟဘဲမနေနိုင်ခဲ့ဘူး။

"အတူတူကြည့်ရအောင် ဒီမှာထိုင်"

သူ့ဘေးအနားမှဆိုဖာကိုပုတ်လိုက်သည်။ လင်ကျန်းရီ ပြုံးလျက်ထိုင်လိုက်သည်။ 

ဟုတ်ပါတယ်။ TVကြည့်တာကဒုတိယ။ သူ့ဇနီးကိုကြည့်နေရတာသာအရေးအကြီးဆုံးပါပဲ။

ယခုချက်ရမည့်ဟင်းလျာများထဲမှတစ်ခုက မဆေးကြောရသေးပါသော်လည်းအရေးမပါပေ။

လင်ကျန်းရီ TV ကိုခဏကြည့်ပြီးနောက် သူ၏အမြင်အာရုံသည် စုကျစ်ယန်၏မျက်နှာပေါ်သို့လွင့်မျောသွားတော့သည်။ စုကျစ်ယန်သတိမပြုမိမီ သူ၏အကြည့်တွေကိုပြန်ရုတ်ကာ TV ကိုသာဆက်လက်စိုက်ကြည့်နေလိုက်သည်။

ဒါကအကြိမ်အနည်းငယ်ခန့် ခဏခဏဖြစ်ခဲ့ပြီး လင်ကျန်းရီဟာ ပြုံးနေတဲ့ စုကျစ်ယန်ထံတွင်ဖမ်းမိသွားသည်။

"ကျွန်တော့်ကို ဘာလို့ စိုက်ကြည့်နေရတာလဲ"

လင်ကျန်းရီက သူ့ဘေးမှသူလေးကိုအသာတွန်းလိုက်ပြီးချက်ချင်းပင် ကလူကျီစယ်တော့သည်။

"သေချာတာပေါ့ ဘာ့ကြောင့်ဆို မင်းကအရမ်းကိုကြည့်ကောင်းနေလို့လေ"

"ကျစ်... ခင်ဗျား ကျွန်တော့်ကို မိန်းမတစ်ယောက်လိုချော့ဖို့ကြိုးစားတာကအသုံးမ၀င်ပါဘူးနော်"

စုကျစ်ယန်က မထီမဲ့မြင်ပြုဟန် နှာခေါင်းရှုံ့ပြလိုက်ပြီး TV ကိုဆက်ကြည့်နေလိုက်သည်။

"ကျစ်ယန်... ကိုယ်မင်းအတွက်ဂျင်းပြုတ်ရည်အချိုလေး တစ်ခွက်ယူလာခဲ့မယ်...  မင်း ဒီညနေအတွက်မသောက်ရသေးဘူးလေ... ကိုယ့်အထင် အဲ့ဒါကိုသောက်တာကပိုထိရောက်သလိုပဲ"

"အိုကေလေ...အာ...ခင်ဗျား သွားယူလိုက်"

စုကျစ်ယန်က တီဗွီကိုသာစူးစိုက်စိုက်ကြည့်နေလေသည်။

လင်ကျန်းရီက သူလုပ်စရာရှိသည်ကိုချက်ချင်းသွားလုပ်ပြီး မကြာမီပန်းကန်တစ်လုံးနှင့်ပြန်လာခဲ့သည်။  သူက သူ့ကို ခွံ့ကျွေးချင်နေလေသည်။ 

ရလဒ်ဟာဆိုရင်ဖြင့် စုကျစ်ယန်က အလွန်တရာမှ နတ်ဘုရားဆန်လေသည်။  သူ ပန်းကန်လုံးကိုယူလိုက်ပြီး ခပ်မြန်မြန်ပင်သောက်ချလိုက်သည်။ 

ဒါလေးအတွက်နှင့် သူ့ကိုခွံ့ကျွေးရန်လုံးဝမလိုအပ်ပေ။

ကောင်းပြီ ခင်ပွန်းကိုအသုံးမလိုဘူး။

လင်ကျန်းရီက ပန်းကန်လုံးအလွတ်ကို စိတ်ပျက်လက်ပျက်ဟန်ဖြင့်ပြန်ယူပြီး ပြန်မသွားခင်ချိန်အထိ ပန်းကန်လုံးကိုဖြည်းဖြည်းချင်းပြန်ဆေးနေလိုက်သည်။

စုကျစ်ယန်က ဆိုဖာပေါ်တွင်တစောင်းထိုင်နေပြီး အတော်လေးကိုပင်ပန်းနေပုံလည်းရလေသည်။

တောက်ပသောမျက်လုံးများနှင့် လင်ကျန်းရီက စုကျစ်ယန်၏ နံဘေးတွင်ပြန်ထိုင်လိုက်သည်။ ဒီတခါတော့သူက စုကျစ်ယန်နဲ့ပိုနီးနီးကပ်ကပ်လေးမှာထိုင်လိုက်နိုင်သည်။

သူ၏ လက်ကို အတန်ငယ်ဆန့်ထုတ်လိုက်ပြီး စုကျစ်ယန်၏ပခုံးကိုဆုပ်ကိုင်လိုက်ကာ သူ့လက်များကသူ့ပခုံးပေါ်သို့ဖြည်းဖြည်းချင်းဆင်းသွားပြီး ပြောလိုက်သည်။

"မင်းပင်ပန်းနေလား... ကိုယ့် အပေါ်ကိုခဏလောက်ဖြစ်ဖြစ်မှီပါလား"

သူ့လေသံက အကြံဉာဏ်တောင်းခံနေသည့်ဟန်ဖြင့်တူနေသော်လည်း သူ့လုပ်ရပ်များကတော့ လုံးဝကိုကြီးစိုးချယ်လှယ်နေလေသည်။

စုကျစ်ယန်၏ ဆွဲငင်အားက သူ၏လုံးဝန်းသောဗိုက်လေးကြောင့် မတည်မငြိမ်ဖြစ်လာခဲ့သည်။ 

သူကလင်ကျန်းရီ၏ဆွဲချခြင်းကိုခံလိုက်ရပြီး ရင်ခွင်ထဲသို့ကျဆင်းသွားတော့သည်။ သူငြင်းဆိုချင်သည်။

သူနှစ်ကြိမ်တိုင်တိုင်ကြိုးစားပြီးထပါသော်လည်း ပြန်မထနိုင်ရုံသာမက သူ၏ အသားခဲခေါင်းအုံးပေါ်တွင် သက်တောင့်သက်သာရှိနေသောကြောင့် စုကျစ်ယန်ဟာ ထရန်ကြိုးစားနေခြင်းကိုရပ်တန့်လိုက်သည်။

သူကသူ့ကိုယ်သူ သက်သောင့်သက်သာဖြစ်တဲ့အသိုက်မြုံလေး လုပ်ဖို့ရာ အဆင်ပြေတဲ့နေရာလေးကိုရှာလိုက်သည်။

လင်ကျန်းရီကတော့ တစ်လက်မပြီးတစ်လက်မတိုးတက်နေသည်။ သူကသူ့အသံကိုကြည်လင်ရွှင်ပျစွာဖြင့်ရှင်းလင်းစွာမေးလိုက်သည်။

"ဒါကသက်သောင့်သက်သာရှိရဲ့လား"

"…ဆိုးဆိုးရွားရွားကြီးကိုသက်သောင့်သက်သာရှိတာ…"

စုကျစ်ယန်က သူ့ကိုတမင်တကာပင်တိုက်ခိုက်လိုက်သည်။

"…"

လင်ကျန်းရီ၏ ဦးခေါင်းတွင်အနက်ရောင်မျဉ်းများပေါ်လာတော့သည်။ [Like this -_-///]

ဒါက အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ် ...ဒါက 'အဆင်မပြေဘူး' လို့ဖြေလိုက်တာထက်ပိုသာပါသေးတယ်။

သိပ်မကြာပါ။ စုကျစ်ယန်က လင်ကျန်းရီ၏ လက်မောင်းတွေကြားထဲတွင်အိပ်ပျော်သွားတော့သည်။  သူ၏အသက်ရှူသံမှာလည်း အတော်လေးချောမွေ့လာပြီး သူ့ရဲ့ နှာရည်ယိုခြင်းကသိပ်မပြင်းထန်တော့ပေ။ ချောင်းဆိုးတာကလည်း နေ့လယ်ခင်းတုန်းကထက်ပိုကောင်းလာ၏။

ကောင်းပြီလေ။ ကြည့်ရတာတော့ ဒီအကောင်ပေါက်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာကတော့ အတော်လေး အဆင်ပြေနေပုံရသည်။ သူ့မှာကျန်းမာပြီးကြံ့ခိုင်တဲ့ကိုယ်ခံအားစနစ်ရှိသည်။

TVကိုပိတ်လိုက်ပြီးနောက် လင်ကျန်းရီက ထိုလူငယ်လေးကိုဂရုတစိုက်ပွေ့ယူလိုက်ပြီး သူ့အိပ်ခန်းသို့ပြန်ပို့ပေးလိုက်သည်။

ရေချိုးပြီးသည့်အခါ သူကရေချိုးခန်းထဲမှာပင် ဆံပင်ကိုအခြောက်ခံလိုက်ပြီး စုကျစ်ယန်၏ စောင်ရှိရာနေရာသို့ ဦးတည်လိုက်သည်။

ယခင်လိုအတူတကွပွေ့ဖက်ခြင်းကို စုကျစ်ယန် မခုခံချေ။  နောက်ဆုံးတော့ သူက လင်ကျန်းရီ၏ ပုခုံးနဲ့ရင်ဘတ်ပေါ်တွင်လဲလျောင်းနေခဲ့သည်။

ထို့ကြောင့် သူ၏အပေါ်ပိုင်းခန္ဓာကိုယ်က အနည်းငယ်မြင့်တက်လာပြီး ဤနည်းအားဖြင့်ဝမ်းဗိုက်ဖိအားလျော့နည်းသွားကာ သူသည်လည်းပိုမို၍ချောမွေ့စွာအသက်ရှူနိုင်လိမ့်မည်။ 

တိုတိုပြောရလျှင် သူ အရမ်းကိုသက်သောင့်သက်သာဖြစ်နေသည်။ စုကျစ်ယန်က လင်ကျန်းရီမှန်းသိပေမယ့် မသိချင်ယောင်ဆောင်နေခဲ့သည်။

လင်ကျန်းရီ တစ်နေ့လုံးတကယ်ပင်အလုပ်များနေခဲ့ရသည်။ သူ့ ကုမ္ပဏီကိစ္စများ၊ ခရီးဆောင်အိတ်များထုပ်ပိုးခြင်း၊ ကွန်ပျူတာကိုသိမ်းခြင်း၊ ဟင်းချက်ခြင်းနှင့်ပန်းကန်ဆေးခြင်းတို့ကိုလုပ်ခဲ့ရသည်။

ခုအချိန်မှာတော့ သူ့ချစ်သူလေးကသူ့ရင်ခွင်ထဲမှာရှိနေလေသည်။
မကြာမီအိပ်ငိုက်လာပြီး စုကျစ်ယန် နှင့်အတူတူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့တွင် ပထမဆုံးနိုးသူမှာ စုကျစ်ယန် ဖြစ်လေသည်။

သူ၏မျက်လုံးများကိုအနည်းငယ်ဖွင့်လိုက်သည့်အခါ လင်ကျန်းရီ၏ ချောမောခန့်ညားသောမျက်နှာက သူ့မြင်ကွင်းထဲသို့ရောက်လာသည်။

သူက စုကျစ်ယန်၏ ဦးခေါင်းနောက်တွင် ကူရှင်သဖွယ်ထားထားသောလက်မှတစ်ဝက်ကိုမှီထားလေသည်။

အခြားလက်တစ်ဖက်ကိုတော့ စုကျစ်ယန်၏ ကျောပေါ်တွင်ဝိုက်ကာ သူ့လက်မောင်းထဲတွင် ပွေ့ဖက်ထားလေသည်။  ဟုတ်ပါသည်။ လက်မောင်းတွင်မည်သည့် အားမှမထည့်ထားပေ။

အကြောင်းမှာ စုကျစ်ယန်က သူအိပ်ပျော်နေစဉ်အတွင်းလှည့်ကြည့်ပေလိမ့်မည်။  သူ[ကျစ်ယန်]က သူ့[ကျန်းရီ]အနားမှာပဲအကြာကြီးမနေနိုင်ပေ။ 

သူ့၏ဗိုက်ကြောင့် ကိုယ်ဟန်အနေအထားတစ်ခုတည်းကို ထိန်းသိမ်းထားရတာက သူ့အတွက်အရမ်းပင်ပန်းလွန်းလှသည်။

လင်ကျန်းရီက စုကျစ်ယန်ရဲ့ဝမ်းဗိုက်ကိုအရမ်းဖိမိပြီး သူ့ကိုစိတ်မသက်မသာဖြစ်စေမှာစိုးသည့်အတွက် သူ့လက်ကမသိလိုက်ပါဘဲ လေထဲမှာပင်ရပ်တန့်အသာလေးသာကျလာလေသည်။ ဒါကပဲ စုကျစ်ယန်ကို မဖိနှိပ်မိရခြင်း၏အဓိကအကြောင်းအရင်းဖြစ်လေသည်။

စုကျစ်ယန်က လင်ကျန်းရီကို ငေးကြည့်နေရင်း နေ့ခင်းကြောင်တောင်ကြီး စိတ်ကူးယဉ်အိပ်မက်မက်မိလေသည်။

တကယ်တော့ လင်ကျန်းရီ၏ ရုပ်ရည်က တကယ်ကိုအပြစ်ကင်းစင်လေသည်။  သည်ဘဝ၌ သူ၏စိတ်နေစိတ်ထားက သူ၏ယခင်ဘ၀နှင့် လုံးဝကိုခြားနားလေသည်။ (ဒါမှမဟုတ်) ဆိုလိုသည်မှာ သူသည် ယခင်ဘ၀၌ သူ့အကြောင်းသိရှိရန် အချိန်မရှိခဲ့ပေ။

စုကျစ်ယန် စဉ်းစားမိသည်။ သူကပဲသတိကြီးလွန်းနေခဲ့သလား။  အကယ်၍ သူသည် 'ချီးပေ'ဟု မရှင်းပြနိုင်အောင်စွပ်စွဲခံရသူဖြစ်ပါလျှင် သူအခြားသူများကိုလည်း အမြဲကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်ပါသေးသလား။

သူသေချာပေါက်ဆက်ဆံမည်မဟုတ်ပေ။ အခြားသူအား သူ၏အကြောင်းကိုရှင်းပြရန်အတွက် သူ၏မြင့်မားသောမြင်းကိုစီးရန်ပင်မလိုပေ။

သူကလုံးဝလှည့်မကြည့်ပဲ ဘာတွေပဲဖြစ်ဖြစ်သူ့ဘ၀မှာ နားလည်မှုလွဲစေခဲ့တဲ့သူကို ဖယ်ရှားပစ်ပေလိမ့်မည်။

လူတိုင်းမှာမတူညီကွဲပြားတဲ့စရိုက်တွေရှိသည်။ ဒါပေမဲ့ လင်ကျန်းရီသာ သူ့ကို ယခင်ပုံအတိုင်းသာဆက်ဆံခဲ့ပါလျှင် သူတို့ဒီနေ့ ဒီအချိန်တွင် တွေ့နေရမှာ မဟုတ်တာအမှန်ပင်။

လောလောဆယ်တော့ ဒီအတိုင်းလေးပဲထားလိုက်တာပေါ့။  သူကသူ့ကိုအခွင့်အရေးတစ်ခုပေးမယ်လို့ပြောထားပြီးသားပဲလေ။ 

လင်ကျန်းရီမှာ အစီအစဉ်တစ်ခုရှိခဲ့တယ်ဆိုရင်တောင် သူ့ဗိုက်ထဲက ကလေးမှာသူ့သွေးတွေစီးဆင်းနေတယ်လေ။ သူကဒီကလေးကိုလက်ဝါးကြီးအုပ်ချင်တယ်ဆိုရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူးထင်တယ်... ဟုတ်တယ် မဟုတ်လား။

[Y/N-ပြောချင်တာက ဒီကလေးက လင်ကျန်းရီနဲ့လည်းဆိုင်တယ်လို့ပါ]

"မင်းနိုးလာပြီလား"

လင်ကျန်းရီက အိပ်ချင်မူးတူးဖြင့် မျက်လုံးမဖွင့်နိုင်သေးသော်လည်း သူ့ကိုစူးစိုက်ကြည့်နေသည်ဆိုတာ ခံစားမိသည်။ သူကမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သည်နှင့် သေချာတာပေါ့၊ စုကျစ်ယန်က သူ့ကိုမျက်လုံးပြူးလေးများဖြင့်ကြည့်နေသည်ကိုမြင်လိုက်ရလေသည်။ 

"ဘယ်လိုလဲ ကိုယ့်ရဲ့ စွဲဆောင်မှုတွေကို မင်းမြင်သွားပြီလား"

"… ထတော့... မနက်စာစားပြီးရင်အပြင်လေးဘာလေးထွက်ရအောင်" 

စုကျစ်ယန်က သူ့အကြည့်တွေကိုအဝေးသို့လွှဲလိုက်ကာထဖို့ကြိုးစားလိုက်သည်။ သို့သော်လည်း လင်ကျန်းရီက သူ့ကိုရင်ဘတ်ပေါ် အတင်းဆွဲတင်လိုက်သည်။

"အစောကြီးရှိသေးတယ် နည်းနည်းပိုကြာကြာအိပ်ရအောင်ကွာ"

"…"

စုကျစ်ယန်တွင်လုံလောက်သောခွန်အားမရှိသောကြောင့် သူဟာ သူ့ရင်ခွင်အတွင်းသို့တစ်ဖန်ပြန်ကျသွားလေသည်။

သိပ်မကြာပါ။ စုကျစ်ယန်က ဝှက်ဖဲကိုသုံးလိုက်သည်၊

"ကြည့်ရတာ ခင်ဗျားက မြန်မြန်ဆန်ဆန်မရွှေ့ချင်ဘူးထင်ပါတယ်၊ ဒါဆိုလည်း ကျွန်တော်တို့မရွှေ့ရုံပဲပေါ့"

လင်ကျန်းရီက ထိုစကားကိုကြားလိုက်သည့်အခါ သူချက်ချင်းပင် စုကျစ်ယန်ကို ချုပ်ကိုင်ထားမှုအပေါ် အလျင်အမြန်ပင် ဖြေလျော့လိုက်ပြီး ထုံကျဉ်နေသောလက်မောင်းကို လှုပ်လိုက်သည်။

"မြန်မြန်... မဟုတ်ဘူး... ဘယ်သူပြောလဲ... ကိုယ်မြန်မြန်မလုပ်ဘူးလို့... ကိုယ်ထပြီးအိပ်ယာကိုအရင်သိမ်းလိုက်ဦးမယ်...မင်းနည်းနည်းလောက်ပိုကြာအောင်လှဲနေနိုင်တယ် ကိုယ်ကြက်ဥသွားကြော်လိုက်ဦးမယ်"

စုကျစ်ယန်က 'ကြက်ဥကြော်' ဆိုသော စကားကိုကြားလိုက်ရသည့်အခါ မျက်မှောင်အသာကြုတ်သည်။

"ခင်ဗျားတခြားတစ်ခုခု ပြောင်းချက်နိုင်မလား ကျွန်တော်အဲ့ဒါကိုရိုးအီနေပြီ "

ပထမဦးဆုံးအနေဖြင့် သူကကြက်ဥမကြိုက်ဘူး။  သူကလွန်ခဲ့သောနှစ်ရက်က လင်ကျန်းရီကို ဒီအတိုင်းမျက်နှာသာပေးခဲ့ရုံသာ။ မနက်စာအတွက် ကြက်ဥကိုသာအမြဲလိုလိုစားနေရပါလျှင် စိတ်ကျရောဂါကြောင့် သေရပေလိမ့်မည်။

[ရော်-ဒီမကြီးကတော့ ကိုဗစ်မှာကိုယ်ခံအားကောင်းအောင်ဆိုပြီးကြက်ဥတွေချည်းလှိမ့်ကျွေးခံနေရလို့ကြာရင် ကြက်ဥရုပ်ပေါက်တော့မယ်]

"အိုး ... တခြားဘာရှိသေးလဲ" 

လင်ကျန်းရီကတီးတိုဆိုလိုက်ရင်း-

"ကိုယ်ဘာမှမသိဘူး ... ဒါဖြင့် မင်းလေးကဘာစားချင်သလဲ"

"လာပါ၊ အရင်ဆုံးသွားဆေးကြောစမ်းပါ... ကျွန်တော်ဘာသာကျွန်တော် လုပ်လိုက်မယ်" 

စုကျစ်ယန်ကပြောပြီးသည်နှင့်ထထိုင်လိုက်သည်။

"မင်း...ဘာသာမင်းလုပ်မယ်"

လင်ကျန်းရီက စုကျစ်ယန်ကို ငေးကြောင်ကြည့်နေမိသည်။ 

"မင်း... မင်းဟင်းချက်တတ်တယ်လား"

"အင်း၊ ဟုတ်တယ်...ကျွန်တော်ချက်ပြုတ်တတ်တယ်...ဘာလို့လဲ ခင်ဗျား အံ့သြသွားတာလား"

စုကျစ်ယန်က သူ့ဘာသာသူ ၀တ်စုံကို၀တ်လိုက်ပြီးသည်နှင့် ချက်ချင်းပင် စတင်လိုက်ပြီး

"ဒါပေါ့၊ ကျွန်တော် အချက်အပြုတ်အရည်အချင်းကသာမန်ပဲရယ်... ကျွန်တော် ဗိုက်ပြည့်အောင်စားနိုင်သောက်နိုင် လောက်တဲ့အထိတော့ကောင်းတာပဲ "

လင်ကျန်းရီဟာ တုန်လှုပ်ချောက်ချားနေဆဲဖြစ်၏။

သူကချက်ပြုတ်နိုင်တယ်ဆိုရင်လည်းသူချက်နေတဲ့အချိန်မှာ ဘာလို့သူ့ကိုပြောနေသေးတာလဲ။

စုကျစ်ယန်ကသူ့ကိုတစ်ချက်မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ခင်ဗျားအခုကျွန်တော်ကို နှလုံးသားထဲကနေကျိန်ဆဲနေတာလား "

"မဟုတ်ဘူး။ မဟုတ်ဘူး" 

လင်ကျန်းရီက သူ့လက်ကိုအလျင်အမြန်ဝှေ့ယမ်းပြလိုက်သည်။

"ကိုယ်ကဒီအတိုင်းအံ့သြနေရုံတင်ပါ...ဒီလိုဆိုရင်ရော  နောက်တစ်ခါကျရင် မင်းက ဘယ်လိုလုပ်ရမလဲဆိုတာ ...ကိုယ့်ကိုပြော...ကိုယ်ကလိုက်လုပ်မယ် ...ဘယ်လိုလဲ...မင်းချက်ဖို့အတွက် ကိုယ်ဘယ်လိုလုပ်ပေးရမလဲ"

"ကျွန်တော် နောက်တစ်ခါကျရင်သင်ပေးပါ့မယ် ...အခုတော့ ကျွန်တော် ဗိုက်ဆာနေပြီ...ကျွန်တော်မြန်မြန်လေးစားချင်နေပြီ... ခင်ဗျား ဒါကိုလုပ်တာကိုသာ ကျွန်တော်စောင့်နေရရင် ကျွန်တော်ငတ်လိမ့်မယ်"

စုကျစ်ယန်က မီးဖိုချောင်ထဲသို့ ဖိနပ်ပါးစီးပြီး တန်းသွားလိုက်သည်။ 

"ဒါက...ဒီအတိုင်း မနက်စာပါပဲ ဒါက...အရမ်းရိုးရှင်းပါတယ်..."

ဒါပေမဲ့ လင်ကျန်းရီက သန့်ရှင်းဖို့သွားရန် ငြင်းဆန်လိုက်သည်။  သူ စုကျစ်ယန်၏ နောက်သို့လိုက်သွားသည့်အခါ ဆန်ဆေးနေသည်ကို သူမြင်လိုက်ရသည်။

ထို့နောက် ဆန်ကိုအိုးထဲသို့ထည့်ကာ ရေထည့်ပြီးအဖုံးကိုဖုံး၍မီးဖွင့်လိုက်လေသည်....ဒါအကုန်ပဲ...။

ဒါပဲပေါ့လေ။  ဒါကအရမ်းရိုးရှင်းလွန်းတယ်မဟုတ်ဘူးလား။ ဒါပေမယ့်  ဘယ်သူကမှ သူ့ကိုမနက်စာချက်ဖို့ရာအတွက် ဒီလိုရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းနဲ့မသင်ပေးကြရတာလဲ။

လင်ကျန်းရီ၏ D၀င်မှုက ခဏတဖြုတ်သာကြာခဲ့ပြီး မကြာမီ သူအိမ်ပြောင်းရမည်ဆိုသောကြာင့် စိတ်လှုပ်ရှားကာတတ်ကြွသွားတော့သည်။  သူတို့ဟာ တစ်လခန့်သာရွှေ့ကြရမည်ဆိုပါသော်လည်း ဒါကိုတိုးတက်မှုတစ်ခုလို့ မှတ်ယူလို့ရသည် မဟုတ်ပါလား။

အလုပ်ကြိုးစားရမယ်... ပိုပိုပြီး ကြိုးစားရမယ်။ လင်ကျန်းရီ... အလုပ်ကိုကြိုးစားထား.  ဒါမှ မင်းရဲ့ဇနီးကိုမင်းရဲ့လက်တွေထဲမှာဖမ်းချုပ်ထားနိုင်မှာ...။

____________

သနားပါတယ်ဟ!

Translated by Yaw_Ywet_Kway [Team-Camomile]

လေပြည် - အားလုံးပဲ သွားတာလာတာ သတိထားကြပါ။ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါရှင်။ ပြည်သူများအားလုံး အသက်အန္တရာယ်ကင်းေ၀းကြပါစေ။

_ _ _ _ _ _ _ _ _ _

(Zawgyi)

အပိုင္း ၅၈။ ေနာက္ဆုံးေတာ့ ဇနီးေလးကို အိမ္ေခၚႏိုင္ခဲ့ၿပီ

လင္က်န္းရီတစ္ေယာက္ အလုပ္မ်ားေနခဲ့သည္။ သူက ကြန္ပ်ဴတာကို ေသတၱာတစ္လုံးထဲမွာ သက္သက္ခြဲၿပီးထုပ္ပိုးခဲ့သည္။

ၿပီးသြားသည့္ေနာက္ သူက ခရီးေဆာင္အိတ္ႏွင့္ေသတၱာကို အတူထားလိုက္ကာ လက္ခုပ္တီးလိုက္ၿပီး ေက်ေက်နပ္နပ္ပင္ ေခါင္းတညိတ္​ညိတ္​လုပ္ေန၏။

အမ္း ေနာက္ဆုံးေတာ့ ထုပ္ပိုးလို႔ၿပီးၿပီျဖစ္၏။ အခုေတာ့ မနက္ျဖန္ေရာက္လာဖို႔ကို ေစာင့္႐ုံသာက်န္ၿပီး ထိုလူသားေလးကို အိမ္ကိုေခၚသြား႐ုံမွ်သာ။

လင္က်န္းရီက မီးဖိုေခ်ာင္ထဲကိုသြားၿပီး ပန္းကန္ေတြႏွင့္တူေတြကို သန္႔ရွင္းလိုက္သည္။

စုက်စ္ယန္က အဲဒါက(အိမ္​​ေျပာင္​းဖုိ႔က) အေစာႀကီးရွိေသးတယ္ဆိုတာကို ေတြ႕ခဲ့ရသည္။ သူကတစ္ေန႔ခင္းလုံးအိပ္ေနခဲ့ၿပီး သူ႔စိတ္ဝိဥာဥ္ကလည္း ပို၍ေကာင္းလာသလို ခံစားလိုက္ရသည္။ သူထပ္မံ၍ မအိပ္လိုေတာ့ေပ။ ထို႔ေၾကာင့္ သူအိပ္ယာကထလိုက္ၿပီး ဧည့္ခန္းထဲသြားကာ TVၾကည့္ေတာ့သည္။

သူႏိုးလာတာေတြ႕ၿပီး လင္က်န္းရီဟာ လုပ္လက္စအလုပ္ေတြကိုပစ္ခ်ၿပီး သူ႔ေနာက္ကိုမလိုက္ဘဲမေနႏိုင္ခဲ့ေခ်။

"သန္႔စင္ခန္းသြားမလို႔လား ကိုယ္မင္းနဲ႔လိုက္ခဲ့မယ္"

"မဟုတ္ဘူး TVၾကည့္႐ုံေလးပဲ"

"အာ ဒါဆိုလည္း ကိုယ္TVဖြင့္ေပးမယ္ေလ"

လင္က်န္းရီကေနာက္ကလိုက္လာသည္။ စုက်စ္ယန္ကအခုထိ ညဝတ္စုံျဖင့္ပင္ရွိေနဆဲဆိုတာကို ေတြ႕လိုက္ရၿပီးသည့္အခါ သူ႔ကိုတားလိုက္သည္။

"ခဏ ကိုယ္မင္းလဲဖို႔ အဝတ္ေတြယူေပးမယ္"

"ဘာအဝတ္ေတြလဲ ကြၽန္ေတာ္မေအးပါဘူး"

စုက်စ္ယန္က ဆိုဖာမွာ ျဖည္းျဖည္းခ်င္းထိုင္ခ်ၿပီး remoteထံသို႔လက္လွမ္းလိုက္သည္။

လင္က်န္းရီက သူ႔လက္ကိုဖိခ်လိုက္ၿပီး

“ ခဏေလာက္ေစာင့္ဦး၊ တီဗီကလည္းပဲဓာတ္ေရာင္ျခည္ျဖာထြက္တယ္...ေရာင္ျခည္ဆန႔္က်င္တဲ့အ၀တ္ေတြအရင္၀တ္ထား...ဟုတ္ၿပီလား"

"...ေကာင္းၿပီ၊ ခင္ဗ်ား အဝတ္ေတြသြားယူလိုက္" 

စုက်စ္ယန္က ပခုံးတြန႔္ျပလိုက္ၿပီး သူေျပာသည့္အတိုင္း ဆိုဖာကိုေက်ာမီ၍ထိုင္ေနလိုက္သည္။

"ဟုတ္ပါၿပီဗ်ာ၊ မင္း TVကို ခိုးၾကည့္လို႔မရေအာင္ remote ကို ကိုယ္အရင္သိမ္းထားမယ္" 

လင္က်န္းရီက remoteကို ယူ၍ ပင္မအိပ္ခန္းဘက္သို႔​ဦးတည္လိုက္ၿပီး အသစ္မ်ားကိုသာထည့္ထားေသာLuggageကိုျပန္ဖြင့္လိုက္သည္။ 

အဝါေဖ်ာ့ေရာင္ ဓာတ္ေရာင္ျခည္ဆန႔္က်င္ေသာ အ၀တ္မ်ားကိုေတြ႕ၿပီး၎တို႔ကိုစနစ္တက်ျပန္ေခါက္လိုက္သည္။

"ဒီကိုလာ...အဝတ္ေတြရၿပီ...ကိုယ္ဝတ္ကူေပးမယ္ "

"ကြၽန္ေတာ့္ဘာသာ ကြၽန္ေတာ္လုပ္ႏိုင္ပါတယ္ "

စုက်စ္ယန္က ထိုသို႔ ေျပာလိုက္ပါေသာ္လည္း သူကလက္ကိုဆန္႔ထုတ္လိုက္ၿပီး သူ႔ေခါင္းအေပၚသို႔ေျမႇာက္လ်က္သာ။

အ၀တ္မ်ားကို ၀တ္ေပးေနစဥ္ခ်ိန္အတြင္း လင္က်န္းရီက သူ႔အတြက္ဂ႐ုတစိုက္ေလးဝတ္ေပးေလသည္။ သူကစုက်စ္ယန္၏ လက္မ်ားကိုစြပ္ယူလိုက္ၿပီး စုက်စ္ယန္ရဲ႕ ဝမ္းဗိုက္ေလးကို လုံး၀ဖုံးလႊမ္းသြားေစရန္အတြက္အဝတ္အစားမ်ားကို ​ေသခ်ာဆြဲဆန္႔ေပးလိုက္သည္။

ထို႔ေနာက္သူက စုက်စ္ယန္အား remote ကိုေပးလိုက္သည္။

"အခုမင္းေလးရဲ႕TVၾကည့္ႏိုင္ပါၿပီ... အၾကာႀကီးမၾကည့္နဲ႔ေနာ္.... အၾကာႀကီးထိုင္တာက ခါးေအာက္ပိုင္းကိုနာက်င္ေစလိမ့္မယ္..."

"ကြၽန္ေတာ္နားလည္ပါတယ္"

စုက်စ္ယန္​ remote ကို ႏွိပ္လိုက္ၿပီးTVကိုဖြင့္လိုက္သည္။  သူက သူ႔ေဘးမွာရပ္ေနသည့္ လင္က်န္းရီကိုတစ္ခ်က္ၾကည့္လိုက္သည္။ သူ ကူကယ္ရာမဲ့စြာျဖင့္ ႏႈတ္ကိုမဖြင့္ဟဘဲမေနႏိုင္ခဲ့ဘူး။

"အတူတူၾကည့္ရေအာင္ ဒီမွာထိုင္"

သူ႔ေဘးအနားမွဆိုဖာကိုပုတ္လိုက္သည္။ လင္က်န္းရီ ၿပဳံးလ်က္ထိုင္လိုက္သည္။ 

ဟုတ္ပါတယ္။ TVၾကည့္တာကဒုတိယ။ သူ႔ဇနီးကိုၾကည့္ေနရတာသာအေရးအႀကီးဆုံးပါပဲ။

ယခုခ်က္ရမည့္ဟင္းလ်ာမ်ားထဲမွတစ္ခုက မေဆးေၾကာရေသးပါေသာ္လည္းအေရးမပါေပ။

လင္က်န္းရီ TV ကိုခဏၾကည့္ၿပီးေနာက္ သူ၏အျမင္အာ႐ုံသည္ စုက်စ္ယန္၏မ်က္ႏွာေပၚသို႔လြင့္ေမ်ာသြားေတာ့သည္။ စုက်စ္ယန္သတိမျပဳမိမီ သူ၏အၾကည့္ေတြကိုျပန္႐ုတ္ကာ TV ကိုသာဆက္လက္စိုက္ၾကည့္ေနလိုက္သည္။

ဒါကအႀကိမ္အနည္းငယ္ခန္႔ ခဏခဏျဖစ္ခဲ့ၿပီး လင္က်န္းရီဟာ ၿပဳံးေနတဲ့ စုက်စ္ယန္ထံတြင္ဖမ္းမိသြားသည္​။

"ကြၽန္ေတာ့္ကို ဘာလို႔ စိုက္ၾကည့္ေနရတာလဲ"

လင္က်န္းရီက သူ႔ေဘးမွသူေလးကိုအသာတြန္းလိုက္ၿပီးခ်က္ခ်င္းပင္ ကလူက်ီစယ္​​ေတာ့သည္။

"ေသခ်ာတာေပါ့ ဘာ့ေၾကာင့္ဆို မင္းကအရမ္းကိုၾကည့္ေကာင္းေနလို႔ေလ"

"က်စ္... ခင္ဗ်ား ကြၽန္ေတာ့္ကို မိန္းမတစ္ေယာက္လိုေခ်ာ့ဖို႔ႀကိဳးစားတာကအသုံးမ၀င္ပါဘူးေနာ္"

စုက်စ္ယန္က မထီမဲ့ျမင္ျပဳဟန္ ႏွာေခါင္းရႈံ႕ျပလိုက္ၿပီး TV ကိုဆက္ၾကည့္ေနလိုက္သည္။

"က်စ္ယန္... ကိုယ္မင္းအတြက္ဂ်င္းျပဳတ္ရည္အခ်ိဳေလး တစ္ခြက္ယူလာခဲ့မယ္...  မင္း ဒီညေနအတြက္မေသာက္ရေသးဘူးေလ... ကိုယ့္အထင္ အဲ့ဒါကိုေသာက္တာကပိုထိေရာက္သလိုပဲ"

"အိုေကေလ...အာ...ခင္ဗ်ား သြားယူလိုက္"

စုက်စ္ယန္က တီဗြီကိုသာစူးစိုက္စိုက္ၾကည့္ေနေလသည္။

လင္က်န္းရီက သူလုပ္စရာရွိသည္ကိုခ်က္ခ်င္းသြားလုပ္ၿပီး မၾကာမီပန္းကန္တစ္လုံးႏွင့္ျပန္လာခဲ့သည္။  သူက သူ႔ကို ခြံ႕ေကြၽးခ်င္ေနေလသည္။ 

ရလဒ္ဟာဆိုရင္ျဖင့္ စုက်စ္ယန္က အလြန္တရာမွ နတ္ဘုရားဆန္ေလသည္။  သူ ပန္းကန္လုံးကိုယူလိုက္ၿပီး ခပ္ျမန္ျမန္ပင္ေသာက္ခ်လိုက္သည္။ 

ဒါေလးအတြက္ႏွင့္ သူ႔ကိုခြံ႕ေကြၽးရန္လုံးဝမလိုအပ္ေပ။

ေကာင္းၿပီ ခင္ပြန္းကိုအသုံးမလိုဘူး။

လင္က်န္းရီက ပန္းကန္လုံးအလြတ္ကို စိတ္ပ်က္လက္ပ်က္ဟန္ျဖင့္ျပန္ယူၿပီး ျပန္မသြားခင္ခ်ိန္အထိ ပန္းကန္လုံးကိုျဖည္းျဖည္းခ်င္းျပန္ေဆးေနလိုက္သည္။

စုက်စ္ယန္က ဆိုဖာေပၚတြင္တေစာင္းထိုင္ေနၿပီး အေတာ္ေလးကိုပင္ပန္းေနပုံလည္းရေလသည္။

ေတာက္ပေသာမ်က္လုံးမ်ားႏွင့္ လင္က်န္းရီက စုက်စ္ယန္၏ နံ​ေဘးတြင္ျပန္ထိုင္လိုက္သည္။ ဒီတခါေတာ့သူက စုက်စ္ယန္နဲ႔ပိုနီးနီးကပ္ကပ္ေလးမွာထိုင္လိုက္ႏိုင္သည္။

သူ၏ လက္ကို အတန္ငယ္ဆန႔္ထုတ္လိုက္ၿပီး စုက်စ္ယန္၏ပခုံးကိုဆုပ္ကိုင္လိုက္ကာ သူ႔လက္မ်ားကသူ႔ပခုံးေပၚသို႔ျဖည္းျဖည္းခ်င္းဆင္းသြားၿပီး ေျပာလိုက္သည္။

"မင္းပင္ပန္းေနလား... ကိုယ့္ အေပၚကိုခဏေလာက္ျဖစ္ျဖစ္မွီပါလား"

သူ႔​ေလသံက အႀကံဥာဏ္ေတာင္းခံေနသည့္ဟန္ျဖင့္တူေန​ေသာ္လည္း သူ႔လုပ္ရပ္မ်ားက​ေတာ့ လုံးဝကိုႀကီးစိုးခ်ယ္လွယ္ေနေလသည္။

စုက်စ္ယန္၏ ဆြဲငင္အားက သူ၏လုံးဝန္းေသာဗိုက္ေလးေၾကာင့္ မတည္မၿငိမ္ျဖစ္လာခဲ့သည္။ 

သူကလင္က်န္းရီ၏ဆြဲခ်ျခင္းကိုခံလိုက္ရၿပီး ရင္ခြင္ထဲသို႔က်ဆင္းသြားေတာ့သည္။ သူျငင္းဆိုခ်င္သည္။

သူႏွစ္ႀကိမ္တိုင္တိုင္ႀကိဳးစားၿပီးထပါေသာ္လည္း ျပန္မထႏိုင္႐ုံသာမက သူ၏ အသားခဲေခါင္းအုံးေပၚတြင္ သက္ေတာင့္သက္သာရွိေနေသာေၾကာင့္ စုက်စ္ယန္ဟာ ထရန္ႀကိဳးစားေနျခင္းကိုရပ္တန႔္လိုက္သည္။

သူကသူ႔ကိုယ္သူ သက္ေသာင့္သက္သာျဖစ္တဲ့အသိုက္ၿမံဳ​ေလး လုပ္ဖို႔ရာ အဆင္ေျပတဲ့ေနရာေလးကိုရွာလိုက္သည္။

လင္က်န္းရီက​ေတာ့ တစ္လက္မၿပီးတစ္လက္မတိုးတက္ေနသည္။ သူကသူ႔အသံကိုၾကည္လင္႐ႊင္ပ်စြာျဖင့္ရွင္းလင္းစြာေမးလိုက္သည္။

"ဒါကသက္ေသာင့္သက္သာရွိရဲ႕လား"

"…ဆိုးဆိုး႐ြား႐ြားႀကီးကိုသက္ေသာင့္သက္သာရွိတာ…"

စုက်စ္ယန္က သူ႔ကိုတမင္တကာပင္တိုက္ခိုက္လိုက္သည္။

"…"

လင္က်န္းရီ၏ ဦးေခါင္းတြင္အနက္ေရာင္မ်ဥ္းမ်ားေပၚလာေတာ့သည္။ [Like this -_-///]

ဒါက အဆင္ေျပပါတယ္၊ အဆင္ေျပပါတယ္ ...ဒါက 'အဆင္မေျပဘူး' လို႔ေျဖလိုက္တာထက္ပိုသာပါေသးတယ္။

သိပ္မၾကာပါ။ စုက်စ္ယန္က လင္က်န္းရီ၏ လက္ေမာင္းေတြၾကားထဲတြင္အိပ္ေပ်ာ္သြားေတာ့သည္။  သူ၏အသက္ရွဴသံမွာလည္း အေတာ္ေလးေခ်ာေမြ႕လာၿပီး သူ႔ရဲ႕ ႏွာရည္ယိုျခင္းကသိပ္မျပင္းထန္ေတာ့ေပ။ ေခ်ာင္းဆိုးတာကလည္​း ​ေန႔လယ္ခင္းတုန္းကထက္ပိုေကာင္းလာ၏။

ေကာင္းၿပီေလ။ ၾကည့္ရတာေတာ့ ဒီအေကာင္ေပါက္ေလးရဲ႕ ႐ုပ္ပိုင္းဆိုင္ရာကေတာ့ အေတာ္ေလး အဆင္ေျပေနပုံရသည္​။

You are reading the story above: TeenFic.Net