Chapter 56 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း-၅၆။ဗီဒီယိုကွန်ဖရင့်မှာ...ဘာကြောင့်များကလေးပုခက်ကရှိနေရတာလဲ။

သူ့ရဲ့မျိုသိပ်ထားရသော ခံစားချက်များနှင့် အအေးမိ၍ဖြစ်ပေါ်လာသောအဆင်မပြေမှုများပေါင်းစုကာ စုကျစ်ယန်ဟာ အိပ်ပျော်နေစဉ်မှာပင် နိုးတစ်၀က်အိပ်တစ်၀က်ဖြင့် အနည်းငယ်နာကျင်သောခံစားချက်ကြောင့် ညည်းညူနေမိသည်။

လင်ကျန်းရီ စောင်ခြုံပေးလိုက်ပြီး ထိုလူငယ်လေးကို ညင်သာစွာပုတ်ပေးလိုက်သည်။ ထိုလူငယ်လေး ပြန်အိပ်ပျော်သွားစေရန်ချော့သိပ်ပြီးကာမှ သက်ပြင်းအသာချမိတော့သည်။

သူထမင်းတစ်ဝက်လောက် စားပြီးသည်နှင့် ပန်းကန်များနှင့်တူများကိုဆေးကြောရှင်းလင်းလိုက်သည်။  နောက်ဆုံးအနေနဲ့  စုကျစ်ယန် ကြိုက်သည့် ဖက်ထုပ်တွေကို သူ ရေခဲသေတ္တာထဲမှာထည့်ထားလိုက်သည်။ ဒါမှ နောက်ပိုင်း သူဗိုက်ဆာလာသည့်အခါ အဲဒါတွေကို စားလို့ရနိုင်လိမ့်မည်ဖြစ်သည်။

အရာအားလုံးရှင်းလင်းသွားပြီ။ 

လင်ကျန်းရီက ကျန်းချင်ထံမှဖုန်းကောလက်ခံရရှိပြီး ကုမ္ပဏီကနေ့လယ်မှာ အစည်းအဝေးတစ်ခုပြုလုပ်လိမ့်မည်ဖြစ်ကြောင်းပြောလာခဲ့သည်။ 

ဒါကယဲ့မီဒီယာနှင့် ပူးပေါင်းမှုနှင့်ပါတ်သတ်သည့် အရေးကြီးသောအစည်းအဝေးဖြစ်လေသည်။ သို့ရာတွင် ဥက္ကဋ္ဌမရှိလေသောကြောင့် အစည်းအဝေးကိုမည်သို့ရှေ့ဆက်ရနိုင်မည်နည်း။

လင်ကျန်းရီ- "ငါတို့ video conference လုပ်လို့ရမလား"

[note-Online Meeting နဲ့အဓိပ္ပါယ်အတူတူပါပဲနော်]

ကျန်းချင်က စက္ကန့်၀က်မျှရပ်တန့်သွားပြီကာမှ ပြန်ဖြေလာသည်။

"ဥက္ကဋ္ဌလင်ရှိနေသ၍ အဆင်ပြေတယ်...ဒါပေမယ့်ဗီဒီယိုကွန်ဖရင့်နဲ့ လုပ်တာကနည်းနည်းတော့ မရိုးသားသလိုဖြစ်နေတယ်.. ဥက္ကဋ္ဌလင် တကယ်ကိုအလျင်စလိုနောက်ဆုတ်လို့မရဘူးလား အစည်းအဝေးကနေ့လယ်(ညနေ) လေးနာရီအထိမစသေးပါဘူး! "

"ငါဒီအကြောင်းကို ထပ်စဉ်းစားကြည့်ဦးမယ်... ငါသုံးနာရီကျမှမင်းကိုခေါ်လိုက်မယ်... အခုမင်း ကုဖုန်း ကိုသွားပြော.. ယဲ့ဘက်ကကိုယ်စားလှယ်နဲ့ နေသားတကျဆက်ဆံပေးဖို့ ထွက်လာရမယ်ဆိုပြီးသူ့ကိုခေါ်လိုက်... ဘာပဲဖြစ်ဖြစ် သူက ကုမ္ပဏီရဲ့ဒုတိယဥက္ကဌဖြစ်နေပြီး အဲဒါက video conferencing တစ်ခုထက်ပိုကြောင်းလေးစားမှုကိုပြရာရောက်တယ်လေ"

"ဟုတ်ကဲ့ပါ ဥက္ကဌလင်" 

ကျန်းချင်က သူမပေးအပ်ခြင်းခံရသောတာဝန်ကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်ခဲ့သည်။

လင်ကျန်းရီ ဖုန်းချလိုက်သည့်အခါ နောက်ထပ်တစ်ဖန် အမည်မသိဖုန်းနံပါတ်တစ်ခုမှ ခေါ်ဆိုမှုတစ်ခုကိုလက်ခံရရှိလိုက်ပြန်သည်။ ခေါ်ဆိုမှုကိုလက်ခံလိုက်ပြီးမေးလိုက်သည်။

"ဒါကဘယ်သူလဲ"

"မစ္စတာလင်လားခင်ဗျ၊  ကျွန်တော်တို့က ကွမ်းမင်အိမ်အလှဆင်ကုမ္ပဏီကပါ လူကြီးမင်းက ကျွန်တော်တို့ကို ဒီမတိုင်ခင်ကခေါ်ဆိုထားပြီး ရေချိုးခန်းကြမ်းပြင်ကိုအသစ်ပြန်အလှဆင်ပြီး ရေမချောတဲ့ဟာနဲ့ပြောင်းချင်တယ်လို့ပြောခဲ့တယ်မဟုတ်လား... "

"အိုး၊ ဟုတ်တယ်၊ မှန်တယ်...  ကျွန်တော်ပါ။" 

လင်ကျန်းရီ ရုတ်တရက်ပင် သတိရသွားသည်။

"လူကြီးမင်းအတွက်ဘယ်အချိန်လောက်အဆင်ပြေနိုင်မလဲ။  ကြမ်းပြင်ကိုပြန်လည်ပြင်ဆင်တဲ့အချိန်က တစ်ပတ်လောက်ကြာလိမ့်မယ်... အချိန်ခဏလောက် အပြင်မှာရွှေ့နေလိုက်တာကပိုကောင်းလိမ့်မယ်... လူကြီးမင်းမှာတခြားအစီအစဉ်များရှိပါသေးလား။ "

"အိုး၊ ဒါကဒီလိုလား…ကျွန်တော်အိမ်ကရွှေ့ပေးရဖို့က ကိစ္စမရှိပေမယ့်အချိန်နည်းနည်းလောက်လိုသေးတယ်... ဒါ့အပြင် မင်း ကျွန်တော့်ကိုအကောင်းဆုံးပစ္စည်းတွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...ကျွန်တော်မိန်းမကကိုယ်ဝန်ရှိနေတယ်၊ ပြင်ဆင်ပြီးတဲ့အခါကြမ်းပြင်ကမချောတော့ဘူးလို့ ကျွန်တော်မျှော်လင့်တယ်၊ ဆိုလိုချင်တာက ကြမ်းပြင်ကစိုနေရင်တောင်မချော်နိုင်မယ့်ဘေးကင်းလုံခြုံမှုမျိုးပေါ့"

"မစ္စတာလင် ကျေးဇူးပြုပြီး ကျွန်တော်တို့ လူကြီးမင်းရဲ့တောင်းဆိုချက်ကိုမှတ်သားထားပြီးသားဖြစ်တာမို့လို့ လူကြီးမင်းတို့အနေနဲ့ဘယ်အချိန်လောက်ထွက်သွားပေးနိုင်မလဲ"

"ကျွန်တော်ခင်ဗျားတို့ကိုပြီးမှပြန်ဆက်သွယ်လိုက်ပါ့မယ်"

"ကောင်းပြီ၊ မစ္စတာလင်အနေနဲ့ နောက်ထပ်လိုအပ်ချက်တွေရှိနေသေးရင်လည်း ကျွန်တော်တို့ကိုတိုက်ရိုက်ခေါ်လို့ရပါတယ် နှုတ်ဆက်ပါတယ် မစ္စတာလင်"

"နူတ်ဆက်ပါတယ်"

လင်ကျန်းရီတစ်ယောက် ဖုန်းကိုချလိုက်ပြီးသည်နှင့်ဂုဏ်ယူစွာဖြင့်ပြုံးလိုက်မိသည်။

အပြင်ကိုရွှေ့တာ...အာ…တစ်ခြားတစ်ယောက်က အဝေးတစ်နေရာကနေရှာဖွေပေးတဲ့ တကယ်ကိုထူးဆန်းတဲ့ ကံကောင်းခြင်းဆုလာဘ် ရှာဖွေတွေ့ရှိမှုလေးပဲ။

သူလိုချင်တုန်းကကျ ဘယ်လိုမှမရခဲ့ဘူး။

အရင်တုန်းက သူဒီအကောင်ပေါက်လေးကို ခေါ်ပြီး သူနဲ့အတူနေဖို့ရာ နည်းလမ်းပေါင်းစုံကိုကြိုးစားခဲ့ပေမယ့် စုကျစ်ယန်ကအမြဲလိုလို လုံး၀သဘောမတူခဲ့ဘူး။

ယခုတော့ဖြင့်... ကြမ်းပြင်ကိုပြန်လည်ပြုပြင်သည့်ကိစ္စကိုအကြောင်းပြ၍ သူ့ကိုခေါ်သွားနိုင်ပေပြီ။

"အင်း…"

စုကျစ်ယန်၏ မသက်မသာဖြစ်နေသောညည်းညူသံကို ကြားလိုက်သည့်အခါ လင်ကျန်းရီ၏အပြုံးဟာ လျင်မြန်စွာပြိုကွဲသွားတော့သည်။ 

သူက ဒီအချိန်လေးအတွင်းမှာ နေမကောင်းဖြစ်နေသည့် လူတစ်ယောက်အကြောင်းတွေးလိုက်မိသည့်အခါ အရမ်းစိတ်သောကရောက်သွားသလိုခံစားလိုက်ရသည်။

"ကျစ်ယန်... ဘာဖြစ်လို့လဲ"

လင်ကျန်းရီ ကုတင်ဘေးတွင်ထိုင်ချလိုက်ပြီး စုကျစ်ယန်၏နဖူးကိုစမ်းလိုက်သည်။ သူနေ့လည်စာမစားခင်ကအဖျားမတက်ခဲ့ပေမဲ့ အခုအဖျားတက်နေပြီလားဆိုတာ သူလည်းမသိပေ။

စစ်ဆေးပြီးသည့်နောက် လင်ကျန်းရီချက်ချင်းပင်စိတ်သက်သာရာရသွားသည်။ ကိုယ်အပူချိန်က ပုံမှန်အတိုင်းအတာတစ်ခုမှာသာ ရှိနေဆဲဖြစ်သည်။

"အင်း…ခေါင်းကိုက်…တယ်..."

စုကျစ်ယန် စောင်ကိုကန်ထုတ်ပစ်လိုက်ပြီးအားအင်ချိနဲ့စွာ ညည်းညူလိုက်သည်။ သူလုံး၀အိပ်လို့မပျော်။

လင်ကျန်းရီ ခုတင်ပေါ်ထိုင်လိုက်ပြီး စုကျစ်ယန်၏ ဦးခေါင်းထိပ်ကိုနှိပ်နယ်ရန်အတွက်သူ၏လက်များကိုဆန့်ထုတ်လိုက်သည်။ ခဏအကြာ စုကျစ်ယန်၏ ဦးခေါင်းထိပ်ကို နှိပ်လိုက်နိုင်ပေပြီ။

လူ့ခန္ဓာကိုယ်၏ ဦးခေါင်းတွင်အပ်ကဲ့သို့သေးမျှင်သောနာ့ဗ်ကြောလေးများရှိသည်ဟု ဆိုကြသည်။  ခေါင်းကိုက်သည့်အခါ ခဏလောက်နှိပ်နယ်ပေးခြင်းက ထိရောက်စေနိုင်သည်။

သေချာတာပေါ့၊ ဆယ်မိနစ်ခန့်အကြာတွင် စုကျစ်ယန်၏အသက်ရှူသံသည်ပုံမှန်လိုငြိမ်သက်သွားသည်။ သူကခပ်ကျယ်ကျယ်ဖွင့်ဟထားသည့် ပါးစပ်ကနေအသက်ရှူနေသေးပေမယ့်အနည်းဆုံးတော့သူ့ရဲ့မျက်ခုံးတွေကိုသက်တောင့်သက်သာဆန့်ထုတ်ထားနိုင်ခဲ့ချေပြီ။ အရင်ကလို တွန့်ကျုံ့မထားတော့ဘူး။

လင်ကျန်းရီက စုကျစ်ယန် ကန်ထုတ်ထားသောစောင်ကိုဆွဲယူကာ တင်းတင်းကျပ်ကျပ် ပြန်ပြီးရစ်ပတ်ပေးလိုက်သည်။  သူ နည်းနည်းချွေးတွေပိုထွက်လာပြီး အမြန်ဆုံးပြန်ကောင်းလာလိမ့်မယ်လို့မျှော်လင့်သည်။

သို့သော်လည်း လင်ကျန်းရီဟာ သူ့နှလုံးသားကို တစ်ဖန်ပြန်လည်မဖိနှိပ်နိုင်မီအထိ ခပ်ကြာကြာလေးပင် စိတ်သက်သာရာမရနိုင်ခဲ့ပေ။

"အဟွတ်…"

စုကျစ်ယန် ခဏခဏချောင်းဆိုးနေပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်မရသဖြင့် ဟိုလှည့်ဒီလှည့်ဖြစ်နေလေသည်။

လင်ကျန်းရီ ကုတင်ကိုမှီပြီးကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ သူ့လက်တစ်ဖက်က စုကျစ်ယန်ကို ညင်ညင်သာသာပုတ်ပေးနေပြီး ကျန်တစ်ဖက်က သူ့ဖုန်းမှအင်တာနက်ကို ဖွင့်လိုက်သည်။

ချောင်းဆိုးခြင်းကို ဘယ်လိုကုသရမလဲ ဆိုတာကိုစတင်ရှာဖွေလိုက်သည်။ သေချာတာပေါ့။ အဲ့ဒါက ကိုယ်၀န်ဆောင်တွေချောင်းဆိုးတဲ့အခါ ဘယ်လိုကုသရမလဲ ဆိုတာအပေါ်ဦးတည်ထားရှာခြင်းပင်။

နှင်းသစ်တော်သီးနှင့်သကြားခဲကိုနှပ်ရမယ်... ဟင်း ... ဒါက ကောင်းမယ့်ပုံပဲ ...

လင်ကျန်းရီ ကြမ်းပြင်ကနေထရပ်လိုက်ပြီးမီးဖိုချောင်သို့တိုက်ရိုက်သွားကာပါဝင်ပစ္စည်းတွေကိုစတင်ရှာဖွေတော့သည်။ ကံကောင်းထောက်မစွာဖြင့် ကျစ်ယန်အတွက်ဆိုကာ အဆာပြေဝယ်ရန် ကုန်စုံဆိုင်သို့သွားစဉ်က အသီးများ၀ယ်လာခဲ့ပြီး ထိုထဲတွင်နှင်းသစ်တော်သီးနှစ်လုံးပင် ပါလာခဲ့သည်။

ချက်ပြုတ်နည်းလမ်းညွှန်အရ လင်ကျန်းရီဟာ နှပ်ထားသောနှင်းသစ်တော်သီးနှင့်သကြားခဲကိုရလောက်ပြီဆိုသည်နှင့် ခပ်ယူလိုက်သည်။  အိပ်ခန်းအတွင်းမှ စုကျစ်ယန်အတွက်မယူသွားမီ အရင်ဆုံးအရသာကိုမြည်းစမ်းကြည့်လိုက်သည်။

ပြဿနာမှာ  စုကျစ်ယန်က ယခုအချိန်တွင်အလွန်အိပ်မောကျနေပြီးနိုးထရန်ဆန္ဒလုံး၀မရှိခြင်းပေ။

လင်ကျန်းရီလည်း အကောင်ပေါက်လေးကို သူ့လက်မောင်းထဲသို့အသာထည့်၍ ရစ်ပတ်ပွေ့ဖက်ထားလိုက်သည် ။ထို့နောက် သူ[ကျစ်ယန်]သောက်ရန်အတွက်မနှိုးခင် ဒီမတိုင်ခင်က စားပွဲပေါ်တွင်တင်ထားသော နှင်းသစ်တော်သီးနှင့်သကြားခဲကိုရောကြိုနှပ်ထားသည်ကိုထည့်ထားသည့်ပန်းကန်လုံးကို ကောက်ယူလိုက်သည်။ 

"ကျစ်ယန် လိမ္မာတယ်...ပါးစပ်ကိုဖွင့်ပြီးရေနည်းနည်းလောက်သောက်လိုက်နော်... မဟုတ်ရင်ချွေးထွက်လွန်ပြီး မင်းလေးရဲ့ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးသွားရလိမ့်မယ်... မင်းလေး ရေဓာတ်ခမ်းခြောက်သွားလိမ့်မယ်နော်...လာ...ပါးစပ်လေးကိုဟ...အာ...ဟုတ်တယ်... အိုကေ... နောက်တစ်ဇွန်းထပ်သောက်မယ်... "

စုကျစ်ယန် ပထမတုန်းကတော့ရေငတ်နေခဲ့သည်။ တစ်ဇွန်းသောက်ပြီးနောက် ဒါကချိုမြိန်ပြီးစားလို့ကောင်းတယ်လို့ သူခံစားလိုက်ရသည်။ သူပိုပြီးလိုချင်လာသဖြင့် ပန်းကန်ရှိရာနေရာသို့ မသိမသာလေးတိုးသွားမိသည်။ 

လင်ကျန်းရီ လွန်စွာပျော်ရွှင်သွားသည်။ သူကဒီအခွင့်အရေးကိုအရယူပြီး ပန်းကန်တစ်ခုလုံး ကုန်အောင်ခွံ့ပေးလိုက်တော့သည်။

သူ့ကို ကျွေးပြီးနောက် လင်ကျန်းရီက ပန်းကန်ကိုစားပွဲပေါ်သို့ပြန်တင်လိုက်သည်။ ထို့နောက် သူက စုကျစ်ယန်ကို သူ့လက်ဖြင့် အသာပွေ့၍ ဖြည်းဖြည်းချင်း အိပ်ယာထက်သို့ပြန်လှဲပေးလိုက်ပြီးစောင်ကိုပြန်ချုံပေးလိုက်သည်။

သူဒါတွေအကုန်လုပ်လို့ပြီးသွားတဲအခါ လင်ကျန်းရီ၏တယ်လီဖုန်းသည်နှစ်ကြိမ်ခန့် တဖျတ်ဖျတ်လက်သွားသည်။  ကံအားလျော်စွာ ဖုန်းကို silence mode ထားထားမိသည်။ ဒီလိုမှမဟုတ်ရင် ဒီဖုန်းက ကျစ်ယန်ကို ဒီအချိန်လေးအတွင်းမှာမနိုးသွားစေနိုင်ဘူးလား။

လင်ကျန်းရီ အိပ်ခန်းထဲမှထွက်လာလိုက်ပြီး သူဖုန်းမပြောခင်တံခါးကိုအရင်ပိတ်လိုက်သည်။

"ရှောင်းချင် ဘာဖြစ်လို့လဲ"

"ဥက္ကဋ္ဌလင်၊ ဒုက္ကဋ္ဌကု က ဥက္ကဋ္ဌနေရာမှာအစားဝင်ပြီး ယဲ့ ရဲ့ဘက်ကလူတွေနဲ့စကားပြောခဲ့ပေမယ့် တစ်ဖက်က ဥက္ကဋ္ဌနဲ့ပဲစကားပြောဖို့အခိုင်အမာပြောနေကြတယ်...ဥက္ကဋ္ဌ..တွေ့တယ်မလား ... "

ကျန်းချင် မဝံ့မရဲဟန်ဖြင့်ပြောလိုက်ပြီး

"ကျွန်မ သူတို့ကိုပြောပြီးပြီ... ဥက္ကဋ္ဌက ဒီအချိန်မှာ ကိစ္စ တစ်ခုကြောင့်အဝေးကိုရောက်နေပြီး ဒီကိုမလာနိုင်ဘူးဆိုတဲ့အကြောင်းကို...ဒါပေမယ့် တခြားဘက်ကအဖွဲ့၀င်တွေက ဥက္ကဋ္ဌ video conference နှင့်ပြောရင်တောင်စိတ်ထဲမထားဘူးတဲ့ ... "

"video conference နဲ့ဆိုတောင်ဖြစ်တယ်ဆိုတော့ ငါသူတို့နဲ့စကားပြောမယ်... "

လင်ကျန်းရီ ခပ်မြန်မြန်ပြောလိုက်သည်။

"ငါးမိနစ်လောက်စောင့်လို့....ငါကွန်ပျူတာဖွင့်လိုက်ဦးမယ်"

အစတုန်းက သူအလျင်စလိုပြောင်းရွှေ့ခဲ့ရတာကြောင့် သူ၏ကွန်ပျူတာကိုယူမလာခဲ့မိချေ။ သူ ပင်မအိပ်ခန်းထဲတွင်ရှာကြည့်လိုက်တော့ ကွန်ပျူတာစားပွဲနဲ့ကွန်ပျူတာကို လသာဆောင်မှာတွေ့လိုက်ရသည်။

သူ့မျက်လုံးများတောက်ပသွားသည်။  ဒါပေမယ့် သိပ်မကြာခင်မှာပဲသူ့ရဲ့ အမူအရာတို့မှာကထပ်ပြီးပြိုကွဲသွားရပြန်သည်။

ဒါက desktop ကွန်ပျူတာပဲ။ သူက အဲ့ဒါကိုတစ်ဖက်အိပ်ခန်းကို ရွှေ့ယူပြီး သုံးချင်တယ်ဆိုလျှင် အဲဒါကအရမ်းကို ကရိကထများလိမ့်မည်။

ဘေးက ခုတင်ပေါ်၌အိပ်ပျော်နေသော လူတစ်ယောက်ကိုကြည့်ရင်း လင်ကျန်းရီ ရုတ်တရက် ရယ်မိပြန်သည်။

ကွန်ပျူတာကိုရွှေ့ရသည်မှာပြသနာရှိပါသော်လည်း "လူတစ်ဦးတစ်ယောက်ကို ရွှေ့ရခြင်းမှာ" လုံး၀ပြသနာမရှိပေ...အာ...။
ပြီးတော့သူကအဲဒါကိုလုပ်ရလို့ပိုတောင်ပျော်ရွှင်ကျေနပ်သေးတယ်။

ထိုကိစ္စကိုစဉ်းစားရင်း လင်ကျန်းရီက ကုတင်ဘေးသို့သွားပြီး စုကျစ်ယန်ကိုပွေ့ချီကာ သူ[ကျန်းရီ]အမှန်တကယ်အိပ်သင့်သည့် အိပ်ခန်းသို့ ဂရုတစိုက်ရွှေ့လိုက်သည်။ ဒါပေမယ့်သူကတော့ခုထိမအိပ်ရသေးဘူး။

သူကိုယ်ကိုကိုင်း၍ စုကျစ်ယန်ကို ခြုံပေးဖို့ရန်အတွက်စောင်ကိုဆွဲလိုက်သည်။ လင်ကျန်းရီ သူ၏အိပ်ခန်းတံခါးကိုပိတ်လိုက်ပြီးနောက် စုကျစ်ယန်၏ ကွန်ပျူတာရှိရာ ပင်မအိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကျစ်ယန်၏ desktop ကွန်ပျူတာတွင် ကင်မရာတစ်လုံးတပ်ဆင်ထားလေသည်။  ဒီလိုမှမဟုတ်ရင်၊ သူက video conference ကိုရှေ့ဆက်လို့ရမှာမဟုတ်တော့ပေ။

ကွန်ပျူတာ ပွင့်တာက အတော်လေးတော့မြန်လေသည်။ လင်ကျန်းရီ ညာဘက်အောက်ထောင့်ရှိ boxကိုတစ်ချက်ကြည့်ရုံနှင့် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။ 

ဒီကွန်ပျူတာဟာဖွင့်ဖို့အတွက်၃၅ စက္ကန့်ပဲကြာတယ်.. ရှိခဲ့ပြီးတဲ့ကွန်ပျူတာ ၇၃% ကိုရိုက်ချိုးလိုက်ရမယ့်ပုံပင်။ 

လင်ကျန်းရီ ပြုံးလိုက်မိသည်။

ဒီကောင်စုတ်လေးရဲ့ desktop ကွန်ပျူတာကိုသာမကြည့်လိုက်မိပါက ၎င်း၏ဖွဲ့စည်းတည်ဆောက်ပုံက အလွန်မြင့်မားကြောင်းသိနိုင်မည်မဟုတ်ပေ။

ရေးဆွဲခြင်းနှင့်ဗွီဒီယိုထုတ်လုပ်ခြင်းအတွက်အများစုပါ၀င်သော ဘယ်ဘက်မှ software စာရင်းကိုကြည့်ခြင်းဖြင့် လင်ကျန်းရီဟာ ကွန်ပျူတာ၏ဖွဲ့စည်းပုံ မြင့်မားသည်မှာအံ့သြစရာမဟုတ်ကြောင်း ရုတ်တရက်သတိပြုမိသွားသည်။ 

အဆင့်မြင့် software တွေ အများကြီး download လုပ်ထားတယ်။ ထို့ကြောင့်သူ၏ ဤကွန်ပျူတာသာ စွမ်းရည်မြင့်မားမှုမရှိပါလျှင် ဤစွမ်းရည်မြင့် software အားလုံးကိုသုံးနိုင်လိမ့်မည်မဟုတ်ပေ။

ကွန်ပျူတာနောက်ခံပုံမှာ စုကျစ်ယန် သူ ခရီးသွားတုန်းက ရိုက်ထားသည့်ပုံဖြစ်သည်။ သူ့အသက် ၂၀ အောက်သာသာတုန်းကဖြစ်ကောင်းဖြစ်နိုင်သည်။ အလွန်ငယ်ရွယ်နေပြီးခွန်အားအပြည့်ဖြင့်တတ်ကြွပုံရနေသည်။ 

အကောင်ပေါက်လေးက ကျောက်လိပ်၏နောက်ကျောဘက်တွင်စီးနင်းနေပြီး အလွန်တောက်ပစွာပြုံးနေခဲ့သည်။

လင်ကျန်းရီ၏ စိတ်ခံစားချက်တို့ သူလေး၏အပြုံးကြောင့်အတော်လေး သာယာသောခံစားချက်သို့လွှမ်းမိုးသွားတော့သည်။

သူတို့သုံးယောက်သားခရီးအတူထွက်သည်ဟု စိတ်ကူးယဉ်မိသည့်အခါ သူ့သားလေးနဲ့ ကျစ်ယန်က ကလေးဆန်တဲ့အရာတွေကိုကစားရတာသဘောကျ ကျမှာသေချာသည်။

ဒီလူလေးနှစ်ယောက် အတူတူကစားနေကြတဲ့ပုံတွေကိုစဉ်းစားလိုက်ရုံဖြင့် လင်ကျန်းရီတစ်ယောက် အော်ရယ်လုနီးပါးဖြစ်သွားရသည်။

ကံကောင်းစွာဖြင့် ဥက္ကဋ္ဌလင် တစ်ယောက် သည်ကွန်ပျူတာနှင့်လုပ်ရမည့် သူ၏ရည်ရွယ်ချက်ကိုမမေ့ခဲ့ချေ။

သူအင်တာနက်ပေါ်တွင် video conference အတွက်အထူးပြုလုပ်ထားသော software ကို download လုပ်တာနှင့် install လုပ်တာအတွက် ငါးမိနစ်ခန့်သာကြာခဲ့သည်။

အင်း… ကျစ်ယန် အိမ်ရဲ့အင်တာနက်အမြန်နှုန်းကတော်တော်လေးကိုမြန်တာပဲ။ မဆိုးပါဘူး... ဒီအကောင်ပေါက်လေးကသူ့ကိုယ်သူဘယ်လိုပျော်အောင်နေရမလဲဆိုတာတော့တအားသိတယ်။

ဗီဒီယိုကွန်ဖရင့်ကိုဖွင့်ပြီးနောက် လင်ကျန်းရီဟာ အလုပ်ချိန်အတွင်းသူ၏ ခက်ထန်သောအသွင်အပြင်ကိုပြန်လည်ဆင်မြန်းလိုက်သည်။ 

သူ့လက်ထဲတွင် ကုမ္ပဏီမှအချက်အလက်တွေ ရှိမနေပေမယ့် လင်ကျန်းရီဟာ တည်ကြည်ခိုင်မာပြီးယုံကြည်ချက်အပြည့်ရှိဟန်နှင့် လွတ်လွတ်လပ်လပ်ပြောဆိုနိုင်နေတုန်းပင်။ 

ထို့ပြင် ဖော်ပြသွားသောဥပမာများက မှန်ကန်ရုံသာမက၊ ယဲ့၏ထုတ်ကုန်နှင့်ပတ်သတ်သော ထူးခြားသောလက္ခဏာရပ်များနှင့် အဓိကသော့ချက်များကို တစ်ချက်မမှားယွင်းဘဲ ယုံကြည်ချက်ရှိရှိပြောခဲ့သည်။

သည်အချက်ဖြင့်ပင် ယဲ့ ၏ကိုယ်စားလှယ်ဟာ လင်ကျန်းရီ ဦးဆောင်သော လုပ်ငန်းတွင် လက်တွဲခြင်းက လေးစားဖွယ်ကောင်းရုံသာမက လုံး၀ မျှော်လင့်ချက်အပြည့် ဖြင့် လုံး၀ယုံကြည်ထိုက်ပေသည်။

အစည်းအဝေးမပြီးမီမှာပင် လင်ကျန်းရီနှင့်စာချုပ်ချုပ်ပြီး ဒုဥက္ကဋ္ဌ ကုဖုန်းကလက်မှတ်ထိုးလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် အတွင်းရေးမှူး ကျန်းချင် ရဲ့တံဆိပ်လည်းပါရှိသလို ကုဖုန်းရဲ့လက်မှတ်လည်းပါရှိတာကြောင့် ဒီပူးပေါင်းမှုကိုပြီးပြည့်စုံတယ်လို့ယူဆနိုင်ပေသည်။

"ဒုဥက္ကဋ္ဌကု" 

ကျန်းချင့်သည် အသံတိုးတိုးဖြင့် နှစ်ခါမျှခေါ်လိုက်သည်။ ဒုဥက္ကဋ္ဌကု၏ လွင့်ချင်တိုင်းလွင့်နေသော သူ့အတွေးအာရုံများ လျင်မြန်စွာပြန်လာတော့သည်။ 

သူ တောင်းပန်သည့် အပြုံးကိုပြုံးလိုက်ကာ ကျန်းချင့်၏လက်ထဲမှ ဘောပင်ကိုယူ၍စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်။ ထို့နောက် သူတို့၏အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် သူ၏ပျော်ရွှင်မှုကိုဖော်ပြရန် ယဲ့မီဒီယာ မှ ကိုယ်စားလှယ်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ 

တစ်ချိန်တည်းမှာပဲ သူလည်းညစာအတူတူစားဖို့ရန်သဘောတူလိုက်ရသည်။

ကုဖုန်းဟာ ယဲ့၏ကိုယ်စားလှယ်နှင့် အထာကျကျပြောဆိုဆက်ဆံနေသော်လည်း သူ၏မျက်လုံးများမှာတော့ video call တစ်ဖက်ရှိ လင်ကျန်းရီ၏နောက်ကွယ်ရှိအရာများသို့ မသိစိတ်ဖြင့် အလိုလိုမျောပါသွားသည်။

——အဲဒါက ပုခက် မဟုတ်ဘူးလား။  ထိပ်မှာလည်း Super Q ရဲ့ အရမ်းချစ်စရာ ကောင်းတဲ့အ၀တ်အထည်အသေးစား ပုံစံမျိုးစုံနဲ့ ပြီးတော့ လင်ကျန်းရီ ရဲ့ အခန်းနံရံတွေပေါ်မှာလည်း ကလေးငယ်တွေရဲ့ ရုပ်ပုံတွေဖုံးလွှမ်းထားသေးတယ်...ယ

—— ဒီအခန်းကတကယ်ကိုမရင်းနှီးသလိုပဲ။ ဒါက လင်ကျန်းရီ ရဲ့ ဗီလာ နဲ့ လုံးဝမတူဘူး။  ဒီအခန်းကိုကြည့်ရတာ စတုရန်းမီတာလေးဆယ်ထက်လုံး၀မပိုဘူး။ ဒါကအရမ်းကျဉ်းလွန်းတယ်...သေချာပြီ...ဒါက လင်ကျန်းရီ ရဲ့ဗီလာမှာရှိတဲ့ အခန်းတစ်ခန်းလုံး၀မဖြစ်နိုင်ဘူး။

ကုဖုန်းယင်: ဒီကောင် အတိအကျဘယ်နေရာမှာရှိနေတာလဲ။ သူကအပြင်မှာ တစ်စုံတစ်ယောက်နဲ့ အတူတူ ကလေးတွေရှိနေပြီး အသိုက်သေးသေးလေးရှိနေတာဖြစ်နိုင်မလား။

ကျွတ်...ကျွတ် ..လင်ကျန်းရီ...အာ... မင်း ဒီလိုအရာလေးတွေကိုဘယ်လို ဖွက်ထားရမလဲဆိုတာ တကယ်ကောင်းကောင်းသိတာပဲ အား။

_ _ _ _ _ _ _ _ _ _ _ _ _

တစ်ခွန်းပဲပြောနိုင်တယ် 'အရှည်ကြီးပဲ...အား!!!'

ပြီးတော့ လင်ဥက္ကဋ္ဌလိုဘဲမျိုးလိုချင်တယ်...အား!!!

Translated by Yaw_Ywet_Kway. [Team-Camomile]

_ _ _ _ _ _ _ _

(Zawgyi)

အခန္း-၅၆။ဗီဒီယိုကြန္ဖရင့္မွာ...ဘာေၾကာင့္မ်ားကေလးပုခက္ကရွိေနရတာလဲ။

သူ႔ရဲ႕မ်ိဳသိပ္ထားရေသာ ခံစားခ်က္မ်ားႏွင့္ အေအးမိ၍ျဖစ္ေပၚလာေသာအဆင္မေျပမႈမ်ား​ေပါင္းစုကာ စုက်စ္ယန္ဟာ အိပ္ေပ်ာ္ေနစဥ္မွာပင္​ ႏိုးတစ္၀က္အိပ္တစ္၀က္ျဖင့္ အနည္းငယ္နာက်င္ေသာခံစားခ်က္ေၾကာင့္ ညည္းညဴေနမိသည္။

လင္က်န္းရီ ​ေစာင္ၿခံဳ​ေပးလိုက္ၿပီး ထိုလူငယ္​​ေလးကို ညင္သာစြာပုတ္ေပးလိုက္သည္။ ထိုလူငယ္​​ေလး ျပန္အိပ္ေပ်ာ္သြားေစရန္ေခ်ာ့သိပ္ၿပီးကာမွ သက္ျပင္းအသာခ်မိေတာ့သည္။

သူထမင္းတစ္ဝက္​ေလာက္​ စားၿပီးသည္ႏွင့္ ပန္းကန္မ်ားႏွင့္တူမ်ားကိုေဆးေၾကာရွင္းလင္းလိုက္သည္။  ေနာက္ဆုံးအေနနဲ႔  စုက်စ္ယန္ ႀကိဳက္သည့္ ဖက္ထုပ္ေတြကို သူ ေရခဲေသတၱာထဲမွာထည့္ထားလိုက္သည္​။ ဒါမွ ေနာက္ပိုင္း သူဗိုက္ဆာလာသည့္အခါ အဲဒါေတြကို စားလို႔ရႏိုင္လိမ့္မည္ျဖစ္သည္​။

အရာအားလုံးရွင္းလင္းသြားၿပီ။ 

လင္က်န္းရီက က်န္းခ်င္ထံမွဖုန္း​ေကာလက္ခံရရွိၿပီး ကုမၸဏီက​ေန႔လယ္​မွာ အစည္းအေဝးတစ္ခုျပဳလုပ္လိမ့္မည္ျဖစ္ေၾကာင္းေျပာလာခဲ့သည္။ 

ဒါကယဲ့မီဒီယာႏွင့္ ပူးေပါင္းမႈနွင္​့ပါတ္​သတ္​သည္​့ အေရးႀကီးေသာအစည္းအေဝးျဖစ္ေလသည္။ သို႔ရာတြင္ ဥကၠ႒မရွိေလေသာေၾကာင့္ အစည္းအေဝးကိုမည္သို႔ေရွ႕ဆက္ရႏိုင္မည္နည္း။

လင္က်န္းရီ- "ငါတို႔ video conference လုပ္လို႔ရမလား"

[note-Online Meeting နဲ႔အဓိပၸါယ္အတူတူပါပဲေနာ္]

က်န္းခ်င္က စကၠန္႔၀က္မွ်ရပ္တန္႔သြားၿပီကာမွ ျပန္ေျဖလာသည္။

"ဥကၠ႒လင္ရွိေနသ၍ အဆင္ေျပတယ္...ဒါေပမယ့္ဗီဒီယိုကြန္ဖရင့္နဲ႔ လုပ္တာကနည္းနည္းေတာ့ မ႐ိုးသားသလိုျဖစ္ေနတယ္.. ဥကၠ႒လင္ တကယ္ကိုအလ်င္စလိုေနာက္ဆုတ္လို႔မရဘူးလား အစည္းအေဝးကေန႔လယ္​(ည​ေန) ေလးနာရီအထိမစေသးပါဘူး! "

"ငါဒီအေၾကာင္းကို ထပ္စဥ္းစားၾကည့္ဦးမယ္... ငါသုံးနာရီက်မွမင္းကိုေခၚလိုက္မယ္... အခုမင္း ကုဖုန္း ကိုသြားေျပာ.. ယဲ့ဘက္ကကိုယ္စားလွယ္နဲ႔ ေနသားတက်ဆက္ဆံေပးဖို႔ ထြက္လာရမယ္ဆိုၿပီးသူ႔ကိုေခၚလိုက္... ဘာပဲျဖစ္ျဖစ္ သူက ကုမၸဏီရဲ႕ဒုတိယဥကၠဌျဖစ္ေနၿပီး အဲဒါက video conferencing တစ္ခုထက္ပိုေၾကာင္းေလးစားမႈကိုျပရာေရာက္တယ္ေလ"

"ဟုတ္ကဲ့ပါ ဥကၠဌလင္" 

က်န္းခ်င္က သူမေပးအပ္ျခင္းခံရေသာတာဝန္ကိုျမန္ျမန္ဆန္ဆန္လုပ္ေဆာင္ခဲ့သည္။

လင္က်န္းရီ ဖုန္းခ်လိုက္သည့္အခါ ေနာက္ထပ္တစ္ဖန္ အမည္မသိဖုန္းနံပါတ္တစ္ခုမွ ​ေခၚဆိုမႈတစ္ခုကိုလက္ခံရရွိလိုက္ျပန္သည္။ ေခၚဆိုမႈကိုလက္ခံလိုက္ၿပီးေမးလိုက္သည္။

"ဒါကဘယ္သူလဲ"

"မစၥတာလင္လားခင္ဗ်၊  ကြၽန္ေတာ္တို႔က ကြမ္းမင္အိမ္အလွဆင္ကုမၸဏီကပါ လူႀကီးမင္းက ကြၽန္​ေတာ္တို႔ကို ဒီမတိုင္ခင္ကေခၚဆိုထားၿပီး ေရခ်ိဳးခန္းၾကမ္းျပင္ကိုအသစ္ျပန္အလွဆင္ၿပီး ​ေရမေခ်ာတဲ့ဟာနဲ႔ေျပာင္းခ်င္တယ္လို႔ေျပာခဲ့တယ္မဟုတ္လား... "

"အိုး၊ ဟုတ္တယ္၊ မွန္တယ္...  ကြၽန္ေတာ္ပါ။" 

လင္က်န္းရီ ႐ုတ္တရက္ပင္​ သတိရသြားသည္။

"လူႀကီးမင္းအတြက္ဘယ္အခ်ိန္ေလာက္အဆင္ေျပႏိုင္မလဲ။  ၾကမ္းျပင္ကိုျပန္လည္ျပင္ဆင္တဲ့အခ်ိန္က တစ္ပတ္ေလာက္ၾကာလိမ့္မယ္... အခ်ိန္ခဏေလာက္ အျပင္မွာ​ေ႐ႊ႕​ေနလိုက္​တာကပိုေကာင္းလိမ့္မယ္... လူႀကီးမင္းမွာတျခားအစီအစဥ္မ်ားရွိပါေသးလား။ "

"အိုး၊ ဒါကဒီလိုလား…ကြၽန္ေတာ္အိမ္ကေ႐ႊ႕​ေပးရဖို႔က ကိစၥမရွိေပမယ့္အခ်ိန္နည္းနည္းေလာက္လိုေသးတယ္... ဒါ့အျပင္ မင္း ကြၽန္ေတာ့္ကိုအေကာင္းဆုံးပစၥည္းေတြေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္...ကြၽန္ေတာ္မိန္းမကကိုယ္ဝန္ရွိေနတယ္၊ ​​ျပင္ဆင္ၿပီးတဲ့အခါၾကမ္းျပင္ကမေခ်ာေတာ့ဘူးလို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္၊ ဆိုလိုခ်င္တာက ၾကမ္းျပင္ကစိုေနရင္ေတာင္မေခ်ာ္ႏိုင္မယ့္ေဘးကင္းလုံၿခဳံမႈမ်ိဳးေပါ့"

"မစၥတာလင္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္တို႔ လူႀကီးမင္းရဲ႕ေတာင္းဆိုခ်က္ကိုမွတ္သားထားၿပီးသားျဖစ္တာမို႔လို႔ လူႀကီးမင္းတို႔အေနနဲ႔ဘယ္အခ်ိန္ေလာက္ထြက္သြားေပးႏိုင္မလဲ"

"ကြၽန္ေတာ္ခင္ဗ်ားတို႔ကိုၿပီးမွျပန္ဆက္သြယ္လိုက္ပါ့မယ္"

"​ေကာင္းၿပီ၊ မစၥတာလင္အေနနဲ႔ ေနာက္ထပ္လိုအပ္ခ်က္ေတြရွိေနေသးရင္လည္း ကြၽန္ေတာ္တို႔ကိုတိုက္႐ိုက္ေခၚလို႔ရပါတယ္ ႏႈတ္ဆက္ပါတယ္ မစၥတာလင္"

"ႏူတ္ဆက္ပါတယ္"

လင္က်န္းရီတစ္ေယာက္ ဖုန္းကိုခ်လိုက္ၿပီးသည္ႏွင့္ဂုဏ္ယူစြာျဖင့္ၿပဳံးလိုက္မိသည္။

အျပင္ကိုေ႐ႊ႕တာ...အာ…တစ္ျခားတစ္ေယာက္က အေဝးတစ္ေနရာကေနရွာေဖြေပးတဲ့ တကယ္ကိုထူးဆန္းတဲ့ ကံေကာင္းျခင္းဆုလာဘ္ ရွာေဖြေတြ႕ရွိမႈေလးပဲ။

သူလိုခ်င္တုန္းကက် ဘယ္လိုမွမရခဲ့ဘူး။

အရင္တုန္းက သူဒီအေကာင္ေပါက္ေလးကို ေခၚၿပီး သူနဲ႔အတူေနဖို႔ရာ နည္းလမ္းေပါင္းစုံကိုႀကိဳးစားခဲ့ေပမယ့္ စုက်စ္ယန္ကအၿမဲလိုလို လုံး၀သေဘာမတူခဲ့ဘူး။

ယခုေတာ့ျဖင့္... ၾကမ္းျပင္ကိုျပန္လည္ျပဳျပင္သည့္ကိစၥကိုအေၾကာင္းျပ၍ သူ႔ကိုေခၚသြားႏိုင္ေပၿပီ။

"အင္း…"

စုက်စ္ယန္၏ မသက္မသာျဖစ္ေနေသာညည္းညဴသံကို ၾကားလိုက္သည့္အခါ လင္က်န္းရီ၏အၿပဳံးဟာ လ်င္ျမန္စြာၿပိဳကြဲသြားေတာ့သည္။ 

သူက ဒီအခ်ိန္ေလးအတြင္းမွာ ေနမေကာင္းျဖစ္ေနသည့္ လူတစ္ေယာက္အေၾကာင္းေတြးလိုက္မိသည့္အခါ အရမ္းစိတ္ေသာကေရာက္သြားသလိုခံစားလိုက္ရသည္။

"က်စ္ယန္... ဘာျဖစ္လို႔လဲ"

လင္က်န္းရီ ကုတင္ေဘးတြင္ထိုင္ခ်လိုက္ၿပီး စုက်စ္ယန္၏နဖူးကိုစမ္းလိုက္သည္။ သူေန႔လည္စာမစားခင္ကအဖ်ားမတက္ခဲ့ေပမဲ့ အခုအဖ်ားတက္ေနၿပီလားဆိုတာ သူလည္းမသိေပ။

စစ္ေဆးၿပီးသည့္ေနာက္ လင္က်န္းရီခ်က္ခ်င္းပင္စိတ္သက္သာရာရသြားသည္။ ကိုယ္အပူခ်ိန္က ပုံမွန္အတိုင္းအတာတစ္ခုမွာသာ ရွိေနဆဲျဖစ္သည္။

"အင္း…ေခါင္းကိုက္…တယ္..."

စုက်စ္ယန္ ေစာင္ကိုကန္ထုတ္ပစ္လိုက္ၿပီးအားအင္ခ်ိနဲ႔စြာ ညည္းညဴလိုက္သည္။ သူလုံး၀အိပ္လို႔မေပ်ာ္။

လင္က်န္းရီ ခုတင္ေပၚထိုင္လိုက္​ၿပီး စုက်စ္ယန္၏ ဦးေခါင္းထိပ္ကိုႏွိပ္နယ္ရန္အတြက္သူ၏လက္မ်ားကိုဆန႔္ထုတ္လိုက္သည္။ ခဏအၾကာ စုက်စ္ယန္၏ ဦးေခါင္းထိပ္ကို ႏွိပ္လိုက္ႏိုင္ေပၿပီ။

လူ႔ခႏၶာကိုယ္၏ ဦးေခါင္းတြင္အပ္ကဲ့သို႔ေသးမွ်င္ေသာနာ႔ဗ္​​ေၾကာေလးမ်ားရွိသည္ဟု ဆိုၾကသည္။  ေခါင္းကိုက္သည့္အခါ ခဏေလာက္ႏွိပ္နယ္ေပးျခင္းက ထိေရာက္ေစႏိုင္သည္။

ေသခ်ာတာေပါ့၊ ဆယ္မိနစ္ခန႔္အၾကာတြင္ စုက်စ္ယန္၏အသက္ရွဴသံသည္ပုံမွန္လိုၿငိမ္သက္သြားသည္။ သူကခပ္က်ယ္က်ယ္ဖြင့္ဟထားသည့္ ပါးစပ္ကေနအသက္ရွဴေနေသးေပမယ့္အနည္းဆုံးေတာ့သူ႔ရဲ႕မ်က္ခုံးေတြကိုသက္ေတာင့္သက္သာဆန႔္ထုတ္ထားႏိုင္ခဲ့ေခ်ၿပီ။ အရင္ကလို တြန႔္က်ဳံ႕မထားေတာ့ဘူး။

လင္က်န္းရီက စုက်စ္ယန္ ကန္ထုတ္ထားေသာေစာင္ကိုဆြဲယူကာ တင္းတင္းက်ပ္က်ပ္ ျပန္ၿပီးရစ္ပတ္ေပးလိုက္သည္။  သူ နည္းနည္း​ေခြၽး​ေတြပိုထြက္လာၿပီး အျမန္ဆုံးျပန္ေကာင္းလာလိမ့္မယ္လို႔​ေမွ်ာ္လင့္သည္။

သို႔ေသာ္လည္း လင္က်န္းရီဟာ သူ႔ႏွလုံးသားကို တစ္ဖန္ျပန္လည္မဖိႏွိပ္ႏိုင္မီအထိ ခပ္​ၾကာၾကာ​ေလးပင္​ စိတ္သက္သာရာမရႏိုင္ခဲ့ေပ။

"အဟြတ္…"

စုက်စ္ယန္ ခဏခဏေခ်ာင္းဆိုးေနၿပီးႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္မရသျဖင့္ ဟိုလွည့္ဒီလွည့္ျဖစ္ေနေလသည္။

လင္က်န္းရီ ကုတင္ကိုမွီၿပီးၾကမ္းျပင္ေပၚ ထိုင္ခ်လိုက္သည္။ သူ႔လက္တစ္ဖက္က စုက်စ္ယန္ကို ညင္ညင္သာသာပုတ္ေပးေနၿပီး က်န္တစ္ဖက္က သူ႔ဖုန္းမွအင္တာနက္ကို ဖြင့္လိုက္သည္။

​ေခ်ာင္းဆိုးျခင္းကို ဘယ္​လိုကုသရမလဲ ဆိုတာကိုစတင္ရွာေဖြလိုက္သည္။ ​ေသခ်ာတာေပါ့။ အဲ့ဒါက ကိုယ္၀န္ေဆာင္ေတြေခ်ာင္းဆိုးတဲ့အခါ ဘယ္လိုကုသရမလဲ

You are reading the story above: TeenFic.Net