(Unicode)
အခန်း ၅၃။ အနာဂတ်ချွေးမလေးက ကိုယ်၀န်ရှိနေပြီတဲ့လား။
ဘယ်အချိန်ပြန်လာမှာလဲတဲ့လား။ ဒါပေါ့... အခုပဲလေ။ ချက်ချင်းလက်ငင်းပဲ။
လင်ကျန်းရီတစ်ယောက် သူ့ရဲ့စာချုပ်စာတမ်းတွေကိုထပ်ကြည့်ဖို့ စိတ်မဖြောင့်တော့ပါ။ နေ့လည်စာဘူးကိုယူကာ ခပ်မြန်မြန်လေး ရုံးခန်းထဲမှထွက်ပြီး ဓာတ်လှေကားဆီဦးတည်လိုက်သည်။
"အိမ်မှာ သာမိုမီတာရှိလား ကိုယ်ပူတက်နေသလားဆိုတာ တိုင်းကြည့်လိုက်ပါလား"
အဲဒီ့နောက် လင်ကျန်းရီက သူ့စကားလုံးတွေကို ပြန်ဖယ်ရှားသည်။
"မေ့လိုက်တော့... နာနာခံခံလေးလှဲနေလိုက်ဦး ကိုယ်ပြန်လာခဲ့မယ်"
"အဲဒါအကုန် ခင်ဗျားအပြစ်တွေပဲ"
စုကျစ်ယန် နှာခေါင်းရှုံရင်း နှာရည်တို့ကျလာပြန်သည်။ သူ့နံ့ဘေးမှ တစ်ရှူးစကိုယူပြီးသုတ်ကာ ခပ်ေ၀းေ၀းလွှင့်ပစ်လိုက်သည်။
ဒါပေမယ့်လည်း နှာခေါင်းကပိတ်နေဆဲမို့ နေရတာမသက်သာပါ။ ဒီတော့ သူ့ရဲ့ဒေါသတွေဟာ လင်ကျန်းရီဆီ တိုက်ရိုက်သက်ဆင်းသွားရတော့သည်။
"အဲဒါအကုန်လုံး မနက်အစောကြီး အရူးထနေတဲ့ခင်ဗျားရဲ့အပြစ်တွေပဲ ကျွန်တော်အခု ဘယ်ဆေးမှရမ်းသောက်လို့မရဘူး အရိုးတွေထဲကလဲ မအီမသာနဲ့..."
စုကျစ်ယန် သူ့ကိုဆူပူငေါက်ငမ်းဖို့ မလုပ်ရင်တောင် လင်ကျန်းရီကသူ့ကိုယ်သူ နောင်တရနေခဲ့ပြီဖြစ်သည်။ အခုတော့ ဒီကောင်လေးဆီက နှာသံစွက်နေတဲ့ တိုင်တောသံကိုကြားတော့ သူပိုပြီးပူပန်သောကတို့ ဖြစ်တည်လာတော့သည်။
"ကိုယ်မကောင်းတာပါကွာ... ကိုယ်မကောင်းတာပါ... နည်းနည်းလေးသည်းခံထားပေးဦးနော် မကြာခင် ကိုယ်အိမ်ပြန်ရောက်တော့မယ်နော်"
လင်ကျန်းရီလျှင်မြန်စွာပင် ဓာတ်လှေကားဆီလျှောက်သွားပြီးနောက်မှာ ကားပါကင်ဆီသို့ အပြေးတစ်ပိုင်းသွားတော့သည်။ သူပြောဖို့လဲ မမေ့ပါ။
"အိမ်မှာ အဖျားကျဆေးမရှိဘူးလား ရှာပြီး နည်းနည်းလောက်အရင်သောက်ထားလိုက်ပါလား"
"ခင်ဗျားပြောတာတော့လွယ်နေတာပဲ လက်ရှိအခြေအနေမှာ ကျွန်တော်ကြုံရာကျပန်းဆေးတွေ သောက်လို့မရဘူးလို့... အဲဒါက ကလေးလေးကို ဆိုးကျိုးတွေဖြစ်စေလိမ့်မယ်"
စုကျစ်ယန်သက်ပြင်းချသည်။
"ကျွန်တော်ခင်ဗျားနဲ့ စကားမပြောချင်တော့ဘူး ခေါင်းကိုက်လာပြီ ခဏလောက်လှဲနေလိုက်ဦးမယ်"
ဖုန်းထဲမှ တတီတီမြည်သံကို လင်ကျန်းရီကြားလိုက်ရချိန်မှာ တစ်ဖက်လူကဖုန်းချသွားပြီဆိုတာ သူသိလိုက်သည်။
သူကားရှိရာဆီအမြန်သွားကာ နေ့လည်စာဘူးကို နောက်ခန်းမှခုံပေါ်တင်လိုက်သည်။ bluetooth ကို နားမှာချိတ်ကာ ကားတံခါးပြန်မပိတ်ခင်မှာ ကျန်းမာမားဆီဖုန်းခေါ်လိုက်သည်။
ကားကိုစတင်မောင်းထွက်လာပြီး သူမောင်းနှင်နေစဉ်မှာပဲ သူမဖုန်းပြန်ဖြေမည်ကို စောင့်နေလိုက်သည်။
"သခင်လေးလား... ဘာဖြစ်လို့လဲ အစားအစာတွေက စားချင်စရာမဖြစ်လို့လား"
လင်ကျန်းရီအနေဖြင့် သူမကို ဒီရက်အနည်းငယ်အတွင်း အနှောင့်အယှက်ပေးနေခဲ့တာမို့ အကျင့်တောင်ဖြစ်သွားလေပြီ။
"ကျန်းမာမား ကျွန်တော်မာမားကိုမေးစရာရှိတယ်"
လင်ကျန်းရီက သူမမေးခင်အရင်ချင့်ချိန်လိုက်သည်။
"ကိုယ်၀န်သည်တွေဖျားရင် ဘာလုပ်သင့်လဲ။ သန္ဓေသားထိခိုက်မှာစိုးလို့ ဆေးပုံမှန်သောက်လို့မရတဲ့ပုံပဲ။ အဲဒါနဲ့ပါတ်သတ်ပြီး သူတို့တစ်ခုခုလုပ်နိုင်တာမျိုးရှိလား"
"ကိုယ်၀န်... ကိုယ်၀န်ရှိတာ..."
ကျန်းမာမားထိတ်လန့်တုန်လှုပ်ကာ သူမ၏နှလုံးသားလေးထဲမှာ တွေးနေသည်က -
သူကအစကတည်းက လက်တွဲဖော်ရွေးပြီးနေခဲ့ပြီလား။ အိမ်ဂိုးကို ဒီလောက်မြန်မြန်ကြီးသွင်းလိုက်ပြီလား။ ဒီနေ့ခေတ် လူငယ်လေးတွေကတော့လေ အာ... တစ်ကယ်ကို မြန်မြန်လေးတိုက်ပွဲ၀င်ဖို့ ကျင့်သားရနေတော့တာပဲနော် အာ...။
"ကျန်းမာမား"
လင်ကျန်းရီ၏ပါးစပ်တို့ တွန့်ချိတ်သွားရသည်။ သူအရင်က ဒါကိုသဘောမပေါက်(မတွေးမိ)ခဲ့။ ကျန်းမာမားက အတင်းပြောတတ်သူများ ဖြစ်နေမလား။
ကျန်းမာမားက သူမရဲ့အတွေးအာရုံတွေကို ပြန်စုစည်းကာ အနည်းငယ်ချောင်းဆိုးလိုက်သည်။ သူမ လင်ကျန်းရီကို အကြံနည်းနည်းပေးဖို့ စတင်လိုက်သည်။
"အအေးမိတယ်တယ်ဆိုရင် အပူချိန်မြင့်မမြင့်စစ်ဆေးရမယ်။ ဖျားတာဆိုရင်တော့ ဆေးရုံသွားတာကပိုကောင်းတယ်။ မဖျားဘူး... ဒါပေမယ့် လည်ချောင်းနာတာ၊ မူးေ၀တာ ပြီးတော့ နှာစေးတာမျိုးဆိုရင်တော့ ဂျင်းပြုတ်ရည်ချိုချိုလေးသောက်လို့ရတာပေါ့"
"ဂျင်းပြုတ်ရည်အချိုလား။ ဘယ်လိုကျိုရမှာလဲ။ အဲဒါသောက်တာက ကလေးကိုသက်ရောက်မှုရှိလား"
လင်ကျန်းရီ လေးလေးနက်နက်မေးသည်။
"ဒါကရိုးရိုးလေးပါပဲ ဂျင်းကိုအလွှာလေးတွေလှီး၊ ရေထဲထည့်ပြီးဆူအောင်တည်... ပြီးရင် သခင်လေးဆန္ဒရှိသလောက် သကြားညိုကိုထည့်ရုံပဲ"
ကျန်းမာမားက အသေးစိတ်အချက်အလက်များကို သင်ကြားပို့ချသည်။
"အိုး... ကောင်းပါပြီ။ အလွှာလေးတွေ... ရေထဲမှာဆူအောင်တည်... ဂျင်းအလွှာတွေမထည့်ခင်ရေဆူရမှာလား... ဒါမှမဟုတ် ဂျင်းကရေအေးမှထည့်ရမှာလား"
"နှစ်ခုလုံးရတယ်"
"ဟုတ်ကဲ့ ကျွန်တော်သိပြီ ကျေးဇူးပဲကျန်းမာမား"
လင်ကျန်းရီဖုန်းချပြီး ကားကိုအရှိန်မြှင့်သည်။ သူ့ရဲ့ခွန်အားအလုံးစုံကို အသုံးပြုကာ အိမ်ကိုပြန်နေတာဖြစ်သည်။
ကျန်းမာမားဖုန်းပြန်ချပြီးနောက် နောက်ကိုလှည့်လိုက်ရာ လင်မာမားက သူမ၏နောက်မှာရပ်ကာ သူမကိုတောက်ပနေသောမျက်လုံးများဖြင့် စိုက်ကြည့်နေတာကိုတွေ့လိုက်ရပြီး အလန့်တကြားတောင်ဖြစ်သွားရသည်။
"သ... သခင်မကြီး"
"ညီမလေးကျန်း... အဲဒါကျန်းကျန်းဆီကဖုန်းလား"
လင်မာမားဟာ စိတ်လှုပ်ရှားမှုကို မအောင့်အီးထားနိုင်တော့ပေ။
—— အိုး! ဘုရားသခင်... သူမဘာကို ကြားလိုက်မိတာပါလိမ့်။
—— ကိုယ်၀န်တဲ့လား။ သူမရဲ့အနာဂတ်ချွေးမလေးက ကိုယ်၀န်တောင်ရှိနေပြီတဲ့လား။
—— ကျန်းကျန်းကတော်လိုက်တာ။ သူကလူကိုမသိမ်းသွင်းရသေးခင် ထမင်းအရင်ချက်ထားတာပဲ။ သူမနဲ့ သူမတို့လင်မယားတော့ မကြာခင်ပဲမြေးချီနိုင်တော့မယ်။
သည်လိုမျိုးတွေးမိခြင်းက သူမကိုအလွန်အမင်း စိတ်လှုပ်ရှားစေသည်။
ဒေါသထွက်စရာကောင်စုတ်လေးက မိန်းကလေးစုကို စတွေ့ကတည်းက စေ့စပ်ဖို့ငြင်းဆန်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။ ကောင်စုတ်လေးက စိတ်ထဲမှာ ဆုံးဖြတ်ထားပြီးသားကိုး။
"အာ... ဟုတ်ပါတယ်"
ကျန်းမာမားကဒီကိစ္စကို ဘယ်လိုဖုံးကွယ်ရမယ်ဆိုတာ မသိ။ သည်တော့ကာ အမှန်အတိုင်း ခေါင်းညိတ်လိုက်တော့သည်။
"သူ ညီမလေးကို ဘာမေးတာလဲ။ တစ်ယောက်ယောက်ကိုယ်၀န်ရှိတယ်ဆိုလား။ အဲဒါဟုတ်လား"
လင်မာမားက ကျန်းမာမားကို အာသာငမ်းငမ်းကြည့်နေသည်။
"ဟုတ်ကဲ့... သခင်လေးက ကျွန်မကိုမေးတာ ကိုယ်၀န်သည်တွေ အအေးမိရင် ဘာလုပ်သင့်လဲတဲ့။ ကျွန်မလဲ အဖျားမရှိဘဲ သာမန်အအေးမိတာဆို ဂျင်းပြုတ်ရည်သောက်..."
ကျန်းမာမားဟာအမှတ်တမဲ့ပင် အရာအားလုံးဖွင့်ချပစ်လိုက်တော့သည်။ လင်မာမားတစ်ယောက် ပျော်ရွှင်စွာပင်အိပ်ခန်းထဲပြေးကာ သူမ၏ယောကျ်ားကိုသွားရှာတော့သည်။
"ယောကျ်ားရေ သတင်းကြီးပဲ... အရမ်းကိုကြီးတဲ့ သတင်းကြီးနော်... တော်ရေ..."
လင်မာမား၏စိတ်လှုပ်ရှားမှုအပေါ် ပူးပေါင်းပေးဖို့ရာ သတင်းစာထဲခေါင်းမြုှပ်ထားတဲ့လင်ပါပါးဟာ ခေါင်းထောင်ကာ စူးစမ်းချင်ဟန်ဆောင်ပြီးမေးလိုက်သည်။
"ဘာသတင်းများတုန်းကွ"
"ကျွန်မတို့အခု မြေးချီရတော့မယ်"
လင်မာမားက ၀င်ထိုင်လိုက်ကာ လင်ပါပါး၏လက်ထဲမှ သတင်းစာကိုဆွဲယူပြီး တဆတ်ဆတ်ခုန်နေသော မျက်ခုံးများနှင့် ပြောလိုက်သည်။
"ကျန်းကျန်း... ဒီခွေးကောင်လေး တစ်ယောက်ယောက်ကို ဗိုက်ကြီးအောင်လုပ်လိုက်ပြီလေ။ ဒီရက်အတွင်း သူ့လက်တွေနဲ့ လူတစ်ယောက်ကို အပျော့ဆွဲဆွဲဖို့ကြိုးစားနေတာ။ ကျွန်မတို့မမှားဘူး။ အဲဒါအမှန်ပဲ"
[T/N*ကိုယ်၀န်ရှိအောင်မဟုတ်ဘူးနော်။ တစ်ကယ်ကို အဲဒီ့အတိုင်းပြောချလိုက်တာ မာမားက ဘယ်လိုတောင်
T...T]
"အိုး"
လင်ပါပါးက ရိုးရှင်းစွာပင် တစ်လုံးတည်းပြန်ပြောသည်။ လင်မာမားရဲ့မျက်ခုံးတို့ ပင့်တက်လာလေပြီ။
"ရှင်ကဘာကိစ္စ အံ့သြမသွားရတာလဲ။ ယောကျ်ား... ရှင်ပြော... ကျွန်မတို့ရဲ့အနာဂတ်ချွေးမလေးက ဘယ်သူလဲဆိုတာ သွားပြီးရှာဖွေသင့်လား။ တစ်ကယ်ကို ကျွန်မတို့သားကိုဆွဲဆောင်နိုင်ခဲ့တာနော်။ ဒါပေမယ့်သူမကအခု ကိုယ်၀န်ရှိနေတာဆိုတော့ ကျွန်မတို့သူမအပေါ် အမှားလုပ်လို့မရဘူး။ သူမမိဘတွေနဲ့အရင်ဆုံး လက်ထပ်ဖို့စကားပြောရ၊ ဆွေးနွေးရမယ်။ ဒီအချိန်မှာတော့ ကျန်းကျန်းဆန့်ကျင်လိမ်မယ်လို့ ကျွန်မမထင်ဘူး။ သူလုပ်လိမ့်မလား"
"မင်းကငါတို့သားလေး သူမကိုခေါ်ပြီးပြန်လာတဲ့အထိ မစောင့်နိုင်တော့ဘူးလား"
လင်ပါပါးက အကူအညီမဲ့စွာပင် သူ့မိန်းမကိုကြည့်ကာ သက်ပြင်းချသည်။
သူ့အမေက သူ့အပေါ် အကွက်ချစီစဉ်နေတာကို သူတို့သားသာသိသွားရင်တော့လား... ဖြစ်နိုင်တာက ဆွံ့အသွားလိမ့်မည်။
"ကျွန်မအကြာကြီး ထပ်ပြီးမစောင့်နိုင်တော့ဘူး"
လင်မာမားက လင်ပါပါး၏လက်မောင်းကိုကိုင်ကာ ခါယမ်းရင်းဆိုသည်။
"ကျွန်မတို့ချွေးမလေးကို အိမ်မြန်မြန်ခေါ်လာချင်တယ်... ဂရုစိုက်ပေးချင်တယ်လို့..."
"မင်းကတော့လေ တော်တော်ကြီးကို ပျင်းနေပုံရတယ်"
လင်ပါပါးက အသံခပ်တိုးတိုးနှင့် ညည်းတွားသည်။ စစ်ကြောလိုသည့်၊ သတိပေးလိုသည့်မျက်လုံးအကြည့်များကို ရင်ဆိုင်လိုက်ရချိန်မှာတော့ ရယ်ကာမောကာပင် သဘောတူလိုက်တော့သည်။
"ဟုတ်ပါပြီကွာ... မင်းကတော့လေ တစ်လျှောက်လုံး တခြားသူတွေကို ဂရုစိုက်ပေးဖို့ လိုလားနေတော့တာပဲ။ ဒီတော့ ကိုယ်တို့ချွေးမလေးကိုသွားရှာပြီး အိမ်ခေါ်လာရအောင်"
"ယောကျ်ား... ရှင်ကအကောင်းဆုံးပဲ"
လင်မာမား တောက်တောက်ပပပြုံးသည်။ လင်ပါပါးက သူမကို သတိပေးသည်။
"ဒါပေမယ့် ဘာကိစ္စပဲရှိလာလာ မင်း... ကိုယ်တို့သားနဲ့အရင်ဆုံး တိုင်ပင်ရမယ်နော်။ ကိုယ်တို့နဲ့နောက်တစ်ခါထပ်ပြီး စကားများတာမျိုး ဖြစ်မှာစိုးရိမ်တယ်"
"လိုအပ်လို့လား"
"ကျိန်းသေပေါက်လိုအပ်တာပေါ့ ကိုယ်ကြောက်မိတာက သူကအခြေအနေ တိုးတက်လာအောင်စောင့်ရင်း ကိုယ်တို့ဆီခေါ်မလာခင် ကလေးအရင်မွေးဖို့ဆုံးဖြတ်ထားမှာကိုပဲ"
"သူလုပ်ရဲလား"
လင်မာမားက ခါးထောက်လိုက်သည်။
"နောက်ဆုံးတစ်ခါတုန်းကလိုဖြစ်လာရင် ကျွန်မလက်လျှော့ပြီး စောင့်ပဲကြည့်နေတော့မယ်။ စုမိသားစုက ကလေးမက ကျွန်မတို့လင်မိသားစုရဲ့မျိုးစေ့နဲ့ ကိုယ်၀န်ရတာမဟုတ်ဘူး။ ဒီတော့ သူတာ၀န်မယူချင်ဘူးဆိုတာမှန်တယ်။ ဒီတစ်ခါမှာ ထပ်ပြီးတာ၀န်မယူဘူးဆိုရင်တော့ ကျွန်မဒီခွေးစုတ်လေးရဲ့နားရွက်တွေကို ပြတ်ထွက်သွားအောင် လိမ်ဆွဲဲတော့မှာ"
"ဒါကရော ကိုယ်တို့လင်မျိုးစေ့ဆိုတာ ဘယ်လိုသေချာအောင် မင်းလုပ်မှာလဲ။ မဟုတ်ဘူးဆိုရင်ရော"
"မဖြစ်နိုင်လိုက်တာ..."
လင်မာမားက သူမရဲ့လက်ကိုေ၀့ှယမ်းကာ ဆိုသည်။
"ကျွန်မသားအကြောင်း ကျွန်မသိတယ်။ သူ့မျိုးစေ့နဲ့စိုက်ထားတဲ့အပင်မဟုတ်ရင် တစ်ဖက်လူစိတ်ကျေနပ်လောက်အောင် စိတ်ထက်ထက်သန်သန်နဲ့လိုက်(ပိုးပမ်း)မှာမဟုတ်ဘူး"
ဒါကိုပြောရင်း လင်မာမားဟာ နက်မှောင်နေသောမျက်နှာဖြင့် လင်ပါပါးရဲ့ပခုံးကိုပုတ်သည်။
"ယောကျ်ား... ကျွန်မပြောတာမှန်တယ်ဆိုတာ ရှင်စိတ်ချလိုက်စမ်းပါ။ ဟဟ... ၀၀ဖြိုးဖြိုးမြေးတစ်ယောက် ချီဖို့သာ စောင့်နေလိုက်စမ်းပါရှင်"
_ _ _ _ _ _
လင်ကျန်းရီ သူ့ကားကို ရပ်ကွက်ကားပါကင်မှာ ပါကင်ထိုးပြီးနောက် နေ့လည်စာနှင့်အတူ အိမ်သို့အမြန်ပြေးလာခဲ့သည်။ ကုန်မျိုးစုံဆိုင်ရှေ့မှ သူဖြတ်လာချိန်မှာတော့ သူ၀င်သွားလိုက်ပြီး သကြားညိုနှစ်အိတ်နှင့် သာမိုမီတာတစ်ခု ၀ယ်လိုက်သည်။
ဆက်လျှောက်လာရင်း လမ်းတစ်၀က်မှာ သူရပ်သွားပြန်သည်။ အိမ်မှာ ဂျင်းရောရှိရဲ့လား။ မနက်အဆာပြေစာအတွက် ဘာဟင်းမှမကြော်လှော်ခဲ့ (မီးဖိုခန်းမ၀င်ခ့ဲ)တာမို့ သူသတိမရနိုင်တော့ပါ။
ဟုတ်ပြီ။ သူဂျင်းပါ၀ယ်သွားရမည်။ လင်ကျန်းရီနောက်ပြန်လှည့်ကာ ရပ်ကွက်ကားပါကင်နားမှ အသီးအရွက်ဈေးမှာ ဂျင်းအိတ်ကြီးတစ်အိတ်၀ယ်လိုက်သည်။ ထို့ပြင် အသီးအရွက်တစ်ချို့ပါ၀ယ်ပြီး ပြန်လာခဲ့သည်။ အိတ်တွေ လေး၊ ငါးအိတ်တောင် ဆွဲလာရင်းပေါ့။
ဈေးသည်ဦးလေးကြီးနှင့် အန်တီကြီးတွေအားလုံး လင်ကျန်းရီကိုကြည့်ရင်း အံ့အားသင့်နေကြသည်။ suit... leather shoes ဒါတွေ၀တ်ဆင်ထားတဲ့ formal ကျကျလူတစ်ယောက်က အသီးအရွက်တွေ ၀ယ်ဖို့လာသတဲ့။
ဒီနှစ်မှာ သူတို့ရဲ့ဇနီးအတွက် ကုန်စုံဆိုင်တွေကို ဈေးလာ၀ယ်တဲ့လူကောင်သူကောင်းလေးတွ အရမ်းနည်းပါးလာသည်။
ဒီအခိျန်မှာတော့ လင်ကျန်းရီဟာ သော့ကိုယူလာဖို့မမေ့ပါ။ သူတံခါးကိုသော့ဖွင့်ပြီးနောက် အိပ်ခန်းမကြီးဆီပြေးမသွားခင် ၎င်းတို့ကိုပစ်ချလိုက်ဖို့ စိတအနှောင့်မယှက်ပင်မဖြစ်နေ။
စုကျစ်ယန်ကမိန်းမောကာ အိပ်ပျော်နေသည်။ သူ့နှာခေါင်းကပိတ်နေတာမို့ ပါးစပ်ဟကာရှူနေရသည်။ သူ့အသက်ရှူပုံက ပင်ပန်းနေဟန်ရပြီး မျက်နှာကတော့ နည်းနည်းလေးနီနေသည်။ အဖျားရှိနေမှာ လင်ကျန်းရီ စိုးရိမ်သွားရသည်။
သူ့လက်ထဲကအိတ်တွေကို ကြမ်းပြင်ပေါ်ပစ်ချပြီးနောက် စုကျစ်ယန်ရဲ့အပူချိန်ကို လက်ခုံဖြင့်စမ်းဖို့ ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။
တော်ပါသေးရဲ့။ ကိုယ်မပူနေဘူး။
နာကျင်မှုကြောင့် စုကျစ်ယန်ဟာ နှစ်နှစ်ခြိုက်ခြိုက်ကြီးအိပ်မပျော်ပါ။ တစ်စုံတစ်ယောက် သူ့ဘေးကိုရောက်လာကြောင်း သတိပြုမိကာ မျက်လုံးတွေဖွင့်ဖိ့ကြိုးစားလိုက်သည်။
"ခင်ဗျားပြန်လာပြီ"
နှာသံက ဖုန်းထဲကထက် ပိုပြင်းထန်သည်။ သူ့ရဲ့ မျက်လုံးရဲရဲတွေကိုမြင်ကာ လင်ကျန်းရီ အံ့သြတုန်လှုပ်သွားရသည်။
သူဘယ်လိုလုပ်ပြီး ဂျငး်းပြုတ်ရည်တောင် လုပ်နေနိုင်တော့မှာလဲ။ သူစုကျစ်ယန်ကိုထူကာ တီးတိုးပြောလိုက်သည်။
"ကျစ်ယန်... အရမ်းခံရခက်နေလား... ကိုယ်မင်းကို ဆေးရုံခေါ်သွားပေးမယ်နော်"
"မသွားနဲ့"
စုကျစ်ယန်က ခေါင်းကိုအားဖြင့်ခါယမ်းသည်။
"ခင်ဗျားဆေးရုံကိုသွားရင် ဆရာ၀န်က ဆေးမထိုးဖို့၊ ဆေးမတိုက်ဖို့ ခင်ဗျားကို ညွှန်ကြားလိမ့်မယ် ဒီတော့ သူ့ဘာသာပဲ သက်သာသွားပါလေ့စေ"
"အာ... အရမ်းတာ၀န်မဲ့ကြတာလား"
"ခင်ဗျားဘာသိလို့လဲ။ မသင့်တော်တဲ့ဆေးတွေ သောက်တာက သန္ဓေသားလေးကို နာကျင်စေနိုင်တယ်။ ပြီးခဲ့တဲ့လကလည်း ကျွန်တော်အအေးမိတော့ လော့ယန်ကဆေးရုံပို့ပေးတယ်။ အဲဒါက ဆရာ၀န်တွေက ကျွန်တော့်ကိုဘာပြောခဲ့တယ်ဆိုတာပဲ။ တစ်ပါတ်လောက်တောင့်ခံလိုက်ရင် ပြန်ကောင်းသွားလိမ့်မယ်တဲ့လေ"
"..."
လင်ကျန်းရီ ဆွံ့အကာ ကြက်သေသေသွားကာ မကျေနပ်သလိုပြောလိုက်သည်။
"ကိုယ်က မင်းနေရခက်နေမှာကိုပဲ စိုးရိမ်တာပါ။ ကိုယ်ဂျင်းချိုချိုလေး ပြုတ်ပေးမယ်။ တစ်ခွက်လောက်သောက်လိုက်မလား"
"အမ်း..."
စုကျစ်ယန် နှာရှုံ့သည်။
"ကျွန်တော် ရေဆာတယ်။ ရေသောက်ချင်တယ်"
"ခဏစောင့် ကိုယ်မင်းအတွက်သွားငဲ့ပေးမယ်"
လင်ကျန်းရီ မတ်တပ်ရပ်လိုက်ပြီး ရုတ်တရက်ပင် တစ်စုံတစ်ရာကို သတိရသွားသည်။ စုကျစ်ယန်ဆီ သူအသစ်၀်လာသော သာမိုမီတာကိုပေးလိုက်သည်။
"မင်းရဲ့ကိုယ်အပူချိန်ကိုအရင်ဆုံး စစ်ဆေးသင့်တယ် အဖျားရှိတယ်ဆိုရင် အပူချိန်လျော့အောင် ကိုယ်တခြားနည်းလမ်းတွေ ရှာရမယ်"
"အိုး"
စုကျစ်ယန်က သာမိုမီတာကိုယူကာ ချိုင်းကြားမှာညှပ်ထားလိုက်ပြီး သူ့အတွက်ရေသွားယူသည့် လင်ကျန်းရီကိုကြည့်လိုက်သည်။
"ခင်ဗျားဘာလို့ အစောကြီးပြန်လာတာလဲ။ ကုမ္ပဏီမှာ အလုပ်မများလို့လား"
"မင်းနေမကောင်းဖြစ်နေတာ ကိုယ်ကဘယ်လ်ုလုပ် ကုမ္ပဏီမှာဆက်ပြီးနေနိုင်မှာလဲ"
လင်ကျန်းရီက သူ့ကိုရေတိုက်နေရင်း ဒီရေကတော်တော်လေး ပူနေတယ်ဆိုတာ ခံစားလိုက်ရသည်။
ခွက်အလွတ်ကိုယူကာ ရေထည့်လိုက်ပြီး ခွက်နှစ်ခွက်ကို အပြန်အလှန်လောင်းထည့်သည်။ ဒါဆို ရေကမြန်မြန်အေးသွားလိမ့်မည်။
"အကုန်လုံးက မနက်အစောကြီးမှာ အေ၀းကြီးသွားတဲ့ ခင်ဗျားကြောင့်ပဲ"
စုကျစ်ယန်သူ့ကိုကြည့်လိုက်ရာ သူ့၀တ်စုံမှအကျႌလက်ကို ဆွဲတင်နေသည်ကိုတွေ့လိုက်ရသည်။ သူကဒီလို စဉ်းစားဆင်ခြင်ဉာဏ်ရှိရှိ၊ စိတ်ရှည်ရှည်နဲ့ ရေကိုအအေးခံတာလား။
ရုတ်တရက်ပင် ဒီဟန်အမူအရာက ရိုးရိုးလေးနဲ့ကိုခန့်ငြားနေတယ်ဆိုတာ ခံစားလိုက်မိသည်။
ရေနွေသောက်နေသည့် စုကျစ်ယန်တစ်ယောက် သူနေထိုင်မကောင်းချိန်မှာ ဂရုစိုက်ပေးမယ့်လူတစ်ယောက်ရှိပြီဖြစ်ကြောင်း နှလုံးသားထဲမှာ တိတ်တိတ်ကလေးခံစားလိုက်ရသည်။
ဒါကတစ်ကယ့်ကို အရမ်းအရမ်း စိတ်ချမ်းသာဖို့ကောင်းလိုက်တာ။
_ _ _ _ _ _ _ _ _ _
Translated by Lay Pyay Yhine.
လင်မာမားလို ယောက္ခမမျိုး လိုချင်ကြသလားရှင့်။ ချမ်းသာပေမယ့် စိတ်ကြီး၀င်နေတာမျိုးမဟုတ်ဘူးနော်။ သူ့ယောကျ်ားကိုလည်း ဘယ်လိုတောင်ချွဲသလဲမေး...
ကျစ်ယန်လေးကတော့ မတွေ့ခင်ကတည်းက အချစ်ခံနေရတာ။ မိန်းကလေးလို့ အထင်နေခံရတာကလွဲလို့ပေါ့။ XD
ကျစ်ယန်လေးနဲ့တော့ ခွဲမယ်မထင်ဘူး။ မိန်းမယူ... သူတို့ချီဖို့မြေးလေးမွေးပြီးရင် ယောကျ်ားယူခွင့်ပြုတယ်ဆိုတော့လေ...
_ _ _ _ _ _ _ _ _ _
(Zawgyi)
အခန္း ၅၃။ အနာဂတ္ေခြၽးမေလးက ကိုယ္၀န္ရိွေနၿပီတဲ့လား။
ဘယ္အခ်ိန္ျပန္လာမွာလဲတဲ့လား။ ဒါေပါ့... အခုပဲေလ။ ခ်က္ခ်င္းလက္ငင္းပဲ။
လင္က်န္းရီတစ္ေယာက္ သူ႔ရဲ႕စာခ်ဳပ္စာတမ္းေတြကိုထပ္ၾကည့္ဖို႔ စိတ္မေျဖာင့္ေတာ့ပါ။ ေန႔လည္စာဘူးကိုယူကာ ခပ္ျမန္ျမန္ေလး ရံုးခန္းထဲမွထြက္ၿပီး ဓာတ္ေလွကားဆီဦးတည္လိုက္သည္။
"အိမ္မွာ သာမိုမီတာရွိလား ကိုယ္ပူတက္ေနသလားဆိုတာ တိုင္းၾကည့္လိုက္ပါလား"
အဲဒီ့ေနာက္ လင္က်န္းရီက သူ႔စကားလံုးေတြကို ျပန္ဖယ္ရွားသည္။
"ေမ့လိုက္ေတာ့... နာနာခံခံေလးလွဲေနလိုက္ဦး ကိုယ္ျပန္လာခဲ့မယ္"
"အဲဒါအကုန္ ခင္ဗ်ားအျပစ္ေတြပဲ"
စုက်စ္ယန္ နွာေခါင္းရံႈရင္း ႏွာရည္တို႔က်လာျပန္သည္။ သူ႔နံ႔ေဘးမွ တစ္ရွဴးစကိုယူၿပီးသုတ္ကာ ခပ္ေ၀းေ၀းလႊင့္ပစ္လိုက္သည္။
ဒါေပမယ့္လည္း နွာေခါင္းကပိတ္ေနဆဲမို႔ ေနရတာမသက္သာပါ။ ဒီေတာ့ သူ႔ရဲ႕ေဒါသေတြဟာ လင္က်န္းရီဆီ တိုက္ရိုက္သက္ဆင္းသြားရေတာ့သည္။
"အဲဒါအကုန္လံုး မနက္အေစာႀကီး အရူးထေနတဲ့ခင္ဗ်ားရဲ႕အျပစ္ေတြပဲ ကြၽန္ေတာ္အခု ဘယ္ေဆးမွရမ္းေသာက္လို႔မရဘူး အရိုးေတြထဲကလဲ မအီမသာနဲ႔..."
စုက်စ္ယန္ သူ႔ကိုဆူပူေငါက္ငမ္းဖို႔ မလုပ္ရင္ေတာင္ လင္က်န္းရီကသူ႔ကိုယ္သူ ေနာင္တရေနခဲ့ၿပီျဖစ္သည္။ အခုေတာ့ ဒီေကာင္ေလးဆီက နွာသံစြက္ေနတဲ့ တိုင္ေတာသံကိုၾကားေတာ့ သူပိုၿပီးပူပန္ေသာကတို႔ ျဖစ္တည္လာေတာ့သည္။
"ကိုယ္မေကာင္းတာပါကြာ... ကိုယ္မေကာင္းတာပါ... နည္းနည္းေလးသည္းခံထားေပးဦးေနာ္ မၾကာခင္ ကိုယ္အိမ္ျပန္ေရာက္ေတာ့မယ္ေနာ္"
လင္က်န္းရီလွ်င္ျမန္စြာပင္ ဓာတ္ေလွကားဆီေလွ်ာက္သြားၿပီးေနာက္မွာ ကားပါကင္ဆီသို႔ အေျပးတစ္ပိုင္းသြားေတာ့သည္။ သူေျပာဖို႔လဲ မေမ့ပါ။
"အိမ္မွာ အဖ်ားက်ေဆးမရွိဘူးလား ရွာၿပီး နည္းနည္းေလာက္အရင္ေသာက္ထားလိုက္ပါလား"
"ခင္ဗ်ားေျပာတာေတာ့လြယ္ေနတာပဲ လက္ရွိအေျခအေနမွာ ကြၽန္ေတာ္ႀကံဳရာက်ပန္းေဆးေတြ ေသာက္လို႔မရဘူးလို႔... အဲဒါက ကေလးေလးကို ဆိုးက်ိဳးေတြျဖစ္ေစလိမ့္မယ္"
စုက်စ္ယန္သက္ျပင္းခ်သည္။
"ကြၽန္ေတာ္ခင္ဗ်ားနဲ႔ စကားမေျပာခ်င္ေတာ့ဘူး ေခါင္းကိုက္လာၿပီ ခဏေလာက္လွဲေနလိုက္ဦးမယ္"
ဖုန္းထဲမွ တတီတီျမည္သံကို လင္က်န္းရီၾကားလိုက္ရခ်ိန္မွာ တစ္ဖက္လူကဖုန္းခ်သြားျပီဆိုတာ သူသိလိုက္သည္။
သူကားရွိရာဆီအျမန္သြားကာ ေန႔လည္စာဘူးကို ေနာက္ခန္းမွခံုေပၚတင္လိုက္သည္။ bluetooth ကို နားမွာခ်ိတ္ကာ ကားတံခါးျပန္မပိတ္ခင္မွာ က်န္းမာမားဆီဖုန္းေခၚလုိက္သည္။
ကားကိုစတင္ေမာင္းထြက္လာၿပီး သူေမာင္းနွင္ေနစဥ္မွာပဲ သူမဖုန္းျပန္ေျဖမည္ကို ေစာင့္ေနလိုက္သည္။
"သခင္ေလးလား... ဘာျဖစ္လို႔လဲ အစားအစာေတြက စားခ်င္စရာမျဖစ္လို႔လား"
လင္က်န္းရီအေနျဖင့္ သူမကို ဒီရက္အနည္းငယ္အတြင္း အေနွာင့္အယွက္ေပးေနခဲ့တာမို႔ အက်င့္ေတာင္ျဖစ္သြားေလၿပီ။
"က်န္းမာမား ကြၽန္ေတာ္မာမားကိုေမးစရာရွိတယ္"
လင္က်န္းရီက သူမေမးခင္အရင္ခ်င့္ခ်ိန္လိုက္သည္။
"ကိုယ္၀န္သည္ေတြဖ်ားရင္ ဘာလုပ္သင့္လဲ။ သေႏၶသားထိခိုက္မွာစိုးလို႔ ေဆးပံုမွန္ေသာက္လို႔မရတဲ့ပံုပဲ။ အဲဒါနဲ႔ပါတ္သတ္ၿပီး သူတို႔တစ္ခုခုလုပ္နိုင္တာမ်ိဳးရွိလား"
"ကိုယ္၀န္... ကုိယ္၀န္ရွိတာ..."
က်န္းမာမားထိတ္လန္႔တုန္လႈပ္ကာ သူမ၏နွလံုးသားေလးထဲမွာ ေတြးေနသည္က -
သူကအစကတည္းက လက္တြဲေဖာ္ေ႐ြးၿပီးေနခဲ့ၿပီလား။ အိမ္ဂိုးကို ဒီေလာက္ျမန္ျမန္ႀကီးသြင္းလိုက္ၿပီလား။ ဒီေန႔ေခတ္ လူငယ္ေလးေတြကေတာ့ေလ အာ... တစ္ကယ္ကို ျမန္ျမန္ေလးတိုက္ပြဲ၀င္ဖုိ႔ က်င့္သားရေနေတာ့တာပဲေနာ္ အာ...။
"က်န္းမာမား"
လင္က်န္းရီ၏ပါးစပ္တို႔ တြန္႔ခ်ိတ္သြားရသည္။ သူအရင္က ဒါကိုသေဘာမေပါက္(မေတြးမိ)ခဲ့။ က်န္းမာမားက အတင္းေျပာတတ္သူမ်ား ျဖစ္ေနမလား။
က်န္းမာမားက သူမရဲ႕အေတြးအာရံုေတြကို ျပန္စုစည္းကာ အနည္းငယ္ေခ်ာင္းဆိုးလိုက္သည္။ သူမ လင္က်န္းရီကို အႀကံနည္းနည္းေပးဖို႔ စတင္လိုက္သည္။
"အေအးမိတယ္တယ္ဆိုရင္ အပူခ်ိန္ျမင့္မျမင့္စစ္ေဆးရမယ္။ ဖ်ားတာဆိုရင္ေတာ့ ေဆးရံုသြားတာကပိုေကာင္းတယ္။ မဖ်ားဘူး... ဒါေပမယ့္ လည္ေခ်ာင္းနာတာ၊ မူးေ၀တာ ၿပီးေတာ့ နွာေစးတာမ်ိဳးဆိုရင္ေတာ့ ဂ်င္းျပဳတ္ရည္ခ်ိဳခ်ိဳေလးေသာက္လို႔ရတာေပါ့"
"ဂ်င္းျပဳတ္ရည္အခ်ိဳလား။ ဘယ္လုိက်ိဳရမွာလဲ။ အဲဒါေသာက္တာက ကေလးကိုသက္ေရာက္မႈရွိလား"
လင္က်န္းရီ ေလးေလးနက္နက္ေမးသည္။
"ဒါကရိုးရိုးေလးပါပဲ ဂ်င္းကိုအလႊာေလးေတြလွီး၊ ေရထဲထည့္ၿပီးဆူေအာင္တည္... ၿပီးရင္ သခင္ေလးဆႏၵရွိသေလာက္ သၾကားညိဳကိုထည့္ရံုပဲ"
က်န္းမာမားက အေသးစိတ္အခ်က္အလက္မ်ားကို သင္ၾကားပို႔ခ်သည္။
"အိုး... ေကာင္းပါၿပီ။ အလႊာေလးေတြ... ေရထဲမွာဆူေအာင္တည္... ဂ်င္းအလႊာေတြမထည့္ခင္ေရဆူရမွာလား... ဒါမွမဟုတ္ ဂ်င္းကေရေအးမွထည့္ရမွာလား"
"နွစ္ခုလံုးရတယ္"
"ဟုတ္ကဲ့ ကြၽန္ေတာ္သိၿပီ ေက်းဇူးပဲက်န္းမာမား"
လင္က်န္းရီဖုန္းခ်ၿပီး ကားကိုအရွိန္ျမႇင့္သည္။ သူ႔ရဲ႕ခြန္အားအလံုးစံုကို အသံုးျပဳကာ အိမ္ကိုျပန္ေနတာျဖစ္သည္။
က်န္းမာမားဖုန္းျပန္ခ်ၿပီးေနာက္ ေနာက္ကိုလွည့္လုိက္ရာ လင္မာမားက သူမ၏ေနာက္မွာရပ္ကာ သူမကုိေတာက္ပေနေသာမ်က္လံုးမ်ားျဖင့္ စိုက္ၾကည့္ေနတာကိုေတြ႕လိုက္ရၿပီး အလန္႔တၾကားေတာင္ျဖစ္သြားရသည္။
"သ... သခင္မႀကီး"
"ညီမေလးက်န္း... အဲဒါက်န္းက်န္းဆီကဖုန္းလား"
လင္မာမားဟာ စိတ္လႈပ္ရွားမႈကို မေအာင့္အီးထားနိုင္ေတာ့ေပ။
—— အိုး! ဘုရားသခင္... သူမဘာကို ၾကားလိုက္မိတာပါလိမ့္။
—— ကိုယ္၀န္တဲ့လား။ သူမရဲ႕အနာဂတ္ေခြၽးမေလးက ကိုယ္၀န္ေတာင္ရွိေနၿပီတဲ့လား။
—— က်န္းက်န္းကေတာ္လိုက္တာ။ သူကလူကိုမသိမ္းသြင္းရေသးခင္ ထမင္းအရင္ခ်က္ထားတာပဲ။ သူမနဲ႔ သူမတို႔လင္မယားေတာ့ မၾကာခင္ပဲေျမးခ်ီနိုင္ေတာ့မယ္။
သည္လိုမ်ိဳးေတြးမိျခင္းက သူမကိုအလြန္အမင္း စိတ္လႈပ္ရွားေစသည္။
ေဒါသထြက္စရာေကာင္စုတ္ေလးက မိန္းကေလးစုကို စေတြ႕ကတည္းက ေစ့စပ္ဖို႔ျငင္းဆန္ခဲ့တာ အံ့ၾသစရာမရွိေတာ့ပါဘူး။ ေကာင္စုတ္ေလးက စိတ္ထဲမွာ ဆံုးျဖတ္ထားၿပီးသားကိုး။
"အာ... ဟုတ္ပါတယ္"
က်န္းမာမားကဒီကိစၥကို ဘယ္လိုဖံုးကြယ္ရမယ္ဆိုတာ မသိ။ သည္ေတာ့ကာ အမွန္အတိုင္း ေခါင္းညိတ္လိုက္ေတာ့သည္။
"သူ ညီမေလးကို ဘာေမးတာလဲ။ တစ္ေယာက္ေယာက္ကိုယ္၀န္ရွိတယ္ဆိုလား။ အဲဒါဟုတ္လား"
လင္မာမားက က်န္းမာမားကို အာသာငမ္းငမ္းၾကည့္ေနသည္။
"ဟုတ္ကဲ့... သခင္ေလးက ကြၽန္မကိုေမးတာ ကိုယ္၀န္သည္ေတြ အေအးမိရင္ ဘာလုပ္သင့္လဲတဲ့။ ကြၽန္မလဲ အဖ်ားမရွိဘဲ သာမန္အေအးမိတာဆို ဂ်င္းျပဳတ္ရည္ေသာက္..."
က်န္းမာမားဟာအမွတ္တမဲ့ပင္ အရာအားလံုးဖြင့္ခ်ပစ္လိုက္ေတာ့သည္။ လင္မာမားတစ္ေယာက္ ေပ်ာ္႐ႊင္စြာပင္အိပ္ခန္းထဲေျပးကာ သူမ၏ေယာက်္ားကိုသြားရွာေတာ့သည္။
"ေယာက်္ားေရ သတင္းႀကီးပဲ... အရမ္းကိုႀကီးတဲ့ သတင္းႀကီးေနာ္... ေတာ္ေရ..."
လင္မာမား၏စိတ္လႈပ္ရွားမႈအေပၚ ပူးေပါင္းေပးဖို႔ရာ သတင္းစာထဲေခါင္းျမဳွပ္ထားတဲ့လင္ပါပါးဟာ ေခါင္းေထာင္ကာ စူးစမ္းခ်င္ဟန္ေဆာင္ၿပီးေမးလိုက္သည္။
"ဘာသတင္းမ်ားတုန္းကြ"
"ကြၽန္မတို႔အခု ေျမးခ်ီရေတာ့မယ္"
လင္မာမားက ၀င္ထိုင္လိုက္ကာ လင္ပါပါး၏လက္ထဲမွ သတင္းစာကုိဆြဲယူၿပီး တဆတ္ဆတ္ခုန္ေနေသာ မ်က္ခံုးမ်ားနွင့္ ေျပာလိုက္သည္။
"က်န္းက်န္း... ဒီေခြးေကာင္ေလး တစ္ေယာက္ေယာက္ကို ဗိုက္ႀကီးေအာင္လုပ္လိုက္ၿပီေလ။ ဒီရက္အတြင္း သူ႔လက္ေတြနဲ႔ လူတစ္ေယာက္ကို
You are reading the story above: TeenFic.Net