[Unicode]
//mature scene တွေပါတာမို့
Read at your own risk. ပါနော်//
အခန်း ၅၁။ ခွေးကောင်... ခင်ဗျားလက်ကိုဖယ်ထားစမ်းပါ။
"ခင်ဗျား... ခင်ဗျားဘာလို့ဝင်လာရတာလဲ"
စုကျစ်ယန် အနည်းငယ်မျှ ခပ်ကြမ်းကြမ်းပြောလိုက်သည်။ သူအနောက်ကိုဆုတ်လိုက်ချင်ပေမယ့်လည်း သူ့ရဲ့အောက်ခံဘောင်းဘီက သူ့ခြေကျင်းဝတ်ကို ရောက်နေခဲ့ပြီဆိုတာကို မေ့လျော့နေခဲ့သည်။
မကြာမီမှာပင် သူရွှေ့နိုင်လိုက်သော်ငြား ဟပ်ထိုးလဲသွားတာကြောင့် ကြောက်လန့်တကြားအော်လိုက်သည်။ ဒါပေမယ့်လည်း လျှင်မြန်စွာပင် လင်ကျန်းရီကိုလှမ်းဆွဲလို့မီလိုက်တာမို့ ဟန်ပျက်မသွားပေ။
-- သူ့နှလုံးခုန်သံတောင်မှ ရုတ်တရက်ကြီး တဒိန်းဒိန်းမြည်ဟည်းလို့။
လင်ကျန်းရီ သူ့အနားမှာရှိနေသမျှကာလပတ်လုံး သူအန္တရာယ်ကင်းလိမ့်မည်ဆိုတာ နားလည်သွားသည်။ သို့သော်လည်း ကြောက်လန့်တာလဲမဟုတ်၊ ရှက်ရွံ့တာလဲမဟုတ်ဘဲ အကြောင်းပြချက်မရှိဘဲ သူစိတ်လှုပ်ရှားနေမိဆဲ။
လင်ကျန်းရီက သူ၏ဟိုယခင်ကလှည့်ဖျားတတ်သောအကျင့်ကိုပြင်ပြီး စုကျစ်ယန်ကိုကြင်နာစွာကြည့်ကာ လေသံတီးတိုးလေးပြောလိုက်သည်။
"မင်းကကိုယ့်ကို ရေနဲ့ပက်လိုက်တာကလေ။ ကိုယ်အထဲဝင်လာပြီး ဘာလုပ်မယ်လို့ မင်းထင်လဲ"
"ခင်ဗျားနဲ့တန်တယ်... ဘယ်သူက မြင်ခွင့်ပေးလို့လဲ... ကျွန်တော့်ရဲ့...."
အသံဟာ ရုတ်တရက်ကြီးရပ်တန့်လို့သွားသည်။ စုကျစ်ယန်ဟာ လင်ကျန်းရီထံမှ ဖိကပ်နမ်းရှိုက်မှုကို ခံလိုက်ရခြင်းသာ။ အဲဒီ့နောက် သူ့ရဲ့စကားလုံးတွေဟာ ပြန်လည်မျိုချခံလိုက်ရတော့သည်။
လင်ကျန်းရီက သူ့ခေါင်းကိုတလှုပ်လှုပ်ဖြင့် (စုကျစ်ယန်၏နှုတ်ခမ်းလွှာတို့ကို) ဂရုတစိုက်ဖြင့် မြည်းစမ်းသည်။ အခုလက်ရှိ သူ့ရဲ့တက်ကြွနေသည့်ပုံစံက စိတ်ထိခိုက်မှုတွေကို အနက်ရှိုင်းဆုံးနေရာအထိ မြှင့်တင်ခံခဲ့ရပုံပေါ်သည်။
သူ့ကိုယ်သူသက်သာရာရစေဖို့ နည်းလမ်းတစ်ခုကိုကြိုးစားရှာဖွေသည့်အနေဖြင့် စုကျစ်ယန်ဆီမှာ အဆောတလျင် ပွတ်သပ်ရင်း အသက်ရှူခြင်းက ပူလောင်လာသည်။
သူထိတွေ့လိုက်သည့်အသားအရည်က အလွန်အမင်းချောမွေ့ကာ နူးညံ့နေသည်။ ရေဆေးမချရသေးသည့် စုကျစ်ယန်ကိုယ်ပေါ်ကအမြုှပ်တွေက သူ့အတွက်ပိုပြီး လွယ်ကူချောမွေ့စေသည်။
လင်ကျန်းရီရဲ့လက်တွေက နောက်ကျောတစ်ပြင်လုံး လျှောက်သွားနေရာမှ အောက်ဘက်သို့နိမ့်ဆင်းသွားသည်။ စုကျစ်ယန်၏စိတ်အခြေအနေဟာ ဆွဲဆန့်ကာ ဖျစ်ညှစ်ခံထားရသလိုပင်။
တစ်ပြိုင်နက်ထဲမှာပင် သူ၏နှုတ်ခမ်းလွှာနှင့်သွားများအကြား လူးလွန့်သွားလာနေသော လင်ကျန်းရီရဲ့လျှာကို ကိုက်ပစ်လိုက်သည်။
လင်ကျန်းရီ နာကျင်စွာညည်းညူသည်ကို ဒီအခွင့်အရေးကိုယူကာ စုကျစ်ယ်ဟာ သူ့ရဲ့အနမ်းတွေကနေ ရှောင်တိမ်းရင်း နောက်ကျောဘက်မှ လင်ကျန်းရီ၏လက်ကိုရိုက်ပစ်လိုက်သည်။
"ခွေးကောင်... ဘယ်နေရာကို လာထိတာလဲ။ ခင်ဗျားလက်တွေဖယ်စမ်းပါ။
လင်ကျန်းရီမှာရွေးချယ်စရာမရှိပေ။ သည်တော့ သူ့လက်တွေကို ပြန်ရုတ်သိမ်းလိုက်ရသည်။
သို့သော်လည်း ၎င်းအစား သူ့လက်တွေကို စုကျစ်ယန်၏ခါးတွင်ရစ်ပတ်ကာ သူ့နဖူးကိုတော့ စုကျစ်ယန်၏ပခုံးပေါ် ထိကပ်ကာမှီထားလိုက်သည်။ တစ်စုံတစ်ရာချုပ်ထိန်းနေရသလို လေးပင်စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။
ယောက်ျားလေးတစ်ယောက်အနေဖြင့် လင်ကျန်းရီ၏အခြေအနေကို စုကျစ်ယန်သိနေခဲ့သည်။ သူမတ်တပ်ရပ်လျက်သားအတိုင်းရှိနေကာ မလှုပ်ရဲပေ။
လင်ကျန်းရီ၏ခန္ဓာကိုယ်မှအပူများ လျော့ကျသွားမည်ကို ဂရုတစိုက်စောင့်ဆိုင်းနေလိုက်သည်။
"ကျစ်ယန်"
အက်ကွဲနေသည့်အသံဖြင့် လင်ကျန်းရီစကားပြောလိုက်သည်။
"ကိုယ့်ရဲ့ဆန္ဒတွေကို မင်း... ဖယ်ရှားပေးနိုင်မလားဟင်"
စုကျစ်ယန်၏ ပထမဆုံးတုံ့ပြန်မှုက ငြင်းဆန်တာပင်။ ဒါပေမယ့်လည်း လင်ကျန်းရီက သူ့ရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းမနေခဲ့။
သူက သူ့၏သန့်ရှင်းနေသောပခုံးကို ဖွဖွလေးနမ်းပြီး လင်ကျန်းရီထံမှ နွေးထွေးသောအာငွေ့လေးကိုတော့ စုကျစ်ယန်က လွတ်အောင်ရှောင်သည်။
လင်ကျန်းရီ ပြတ်တောင်းပြတ်တောင်းဖြင့် ပြောလိုက်သည်။
"ကျစ်ယန်... ကျစ်ယန် ကိုယ်ဆက်ပြီးမအောင့်ထားနိုင်တော့ဘူး ကိုယ့်ကိုကူညီပေးပါ"
စုကျစ်ယန်မျက်နှာနီသွားကာ မာန်မဲပစ်လိုက်သည်။
"ခင်ဗျားမှာလက်တွေမပါလို့လား... ကိုယ့်ဘာသာဖြေရှင်းလိုက်စမ်းပါ"
"ကျစ်ယန်... ကျစ်ယန်..."
သို့သော်လည်း လင်ကျန်းရီဟာ စုကျစ်ယန်၏စကားလုံးတွေအပေါ် နားမကြားသလိုပင်။ အလျှော့မပေးဘဲ အသံတီးတိုးကလေးဖြင့် သူ့ကိုယ်သူ ပွတ်သပ်ရင်း အသနားခံသည်။
"အဲဒီ့နေ့တုန်းက မင်းအရမ်းကိုစိတ်အားထက်သန်နေခဲ့တာလေ ကိုယ်အဲဒါကိုသဘောကျတယ် ကိုယ်တို့ပြန်ဆုံပြီးမှ ဘာလို့မင်းက အရမ်းခြားနားသွားတာလဲ... ကျစ်ယန်..."
လင်ကျန်းရီဟာ ညုတုတုဖြင့်မြူှဆွယ်နေသောအမြီးရှည်ရှည် မြေခွေးတစ်ကောင်နှင့်ပင် တူနေသေးတော့သည်။
"ကိုယ့်ဆန္ဒတွေကို ကိုယ့်ဘာသာဖြေရှင်းပါ့မယ်... ဝင်တော့မဝင်ဘူးလေ... ရမလား..."
(လေပြည်--ဒီနားကိုအဓိပ္ပာယ်ပေါက်လားဟင်။ အမှောင်သခင်တွေဆိုရင်တော့ ဒက်ခနဲသိသွားမှာပါ ဗက်ဟက်ဟက်။ မသိသူလေးများကတော့ 'ခြေထောက်များအကြား'လို့ အလွယ်မှတ်ပေါ့ရှင်တို့ရေ။)
"ဝေးဝေးသွားစမ်းပါ... ကျွန်တော်ရေချိုးချင်သေးတယ်"
စုကျစ်ယန်ဟာ သဘောတူဖို့ရာ တွန့်ဆုတ်ဝန်လေးနေခဲ့သည်။
ဒီလူကြီးက တစ်လက်မ ပေးရင် တစ်ကိုက်လောက်လိုချင်မလားဆိုတာ ဘယ်သူသိလိမ့်မလဲ။ သူ့နှလုံးသားလေး နူးညံ့သွားလို့ မဖြစ်ပေါင်...။
"တစ်ကယ်ကို နှလုံးသားမဲ့လိုက်တာကွာ အား... ဒါကသေတဲ့အထိ ဖြစ်သွားစေရင် ဘယ်လိုလုပ်ရပါ့..."
လင်ကျန်းရီက သူ့ကိုလွှတ်ပေးဖို့ငြင်းဆန်ကာ တမင်သက်သက်ကို သူ့ရဲ့'ဖောင်းကြွကာနာကျင်နေသည့်အရာ'နှင့် ထပ်မံပွတ်သပ်လိုက်သည်။
"ဒီဟာလေးသာ ပျက်စီးသွားခဲ့ရရင် နောင်အနာဂတ်မှာ ချမ်းသာသုခနဲ့ပြည့်စုံတဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို မင်းရတော့မှာမဟုတ်ဘူးနော်... ကျစ်ယန်... တစ်ကယ်ပဲ ဒါလေးကိုနှစ်သိမ့်မပေးတော့ဘူးလားကွာ..."
"အခုအချိန်မှာ ကျွန်တော်က ကိုယ်ဝန်ကြီးနဲ့နော်..."
စုကျစ်ယန် သူ့ကို တစ်ချက်မျှစိုက်ကြည့်လိုက်သည်။
"ခင်ဗျားမှာ ခံနိုင်ရည်ရော ရှိရဲ့လား"
"..."
လင်ကျန်းရီ သက်ပြင်းရှိုက်သည်။
"မင်းကိုယ့်ကို ကလူကျီစယ်နေတာလား... ကျစ်ယန်..."
"ကလူနေတဲ့သူကခင်ဗျားလေ... ကျွန်တော့်ကိုမြန်မြန်လေးလွှတ်ပေးပြီး ကိုယ့်ဘာသာ ဖြေရှင်းလိုက်စမ်းပါဗျာ
"ဟင့်အင်း"
လင်ကျန်းရီက သူ့ကိုအားကိုးဖို့ဆုံးဖြတ်ထားကာ အဝတ်တွေကို ဆွဲချွတ်ပစ်လိုက်သည်။ သူဟာ ထိုနေရာမှာပင် အဝတ်ဗလာနှင့်မတ်တပ်ရပ်နေခဲ့ပြီး နတ်ဆိုးတစ်ကောင်လိုအပြုံးဖြင့် စုကျစ်ယန်ကိုကြည့်နေလေသည်။
"ခင်ဗျား... ခင်ဗျားဘာလို့အဝတ်တွေ ချွတ်လိုက်တာလဲ"
"ကိုယ်က ရေတွေစိုရွှဲနေပြီဆိုတော့ မင်းနဲ့ရေထပ်ချိုးမလို့ပေါ့"
လင်ကျန်းရီက ရေပန်းကိုကိုင်ကာ ဖြည်းဖြည်းဖွင့်ရင်းဖြေသည်။
"ကျစ်ယန် ကိုယ်မင်းရဲ့ကျောကုန်းကို ကြေး(ဂျီး)တွန်းပေးမယ်လေ ရမလား။ မင်းဘာသာသန့်ရှင်းရတာက မင်းအတွက်အဆင်မပြေမဖြစ်ဘူးလား"
"ဒီဖေဖေ အကူအညီမလိုဘူး။ ခင်ဗျားဘာသာသန့်စင်နေတာမဟုတ်ဘူးလား။ အပြင်ထွက်စမ်းပါ"
"ကိုယ်ကအပြင်ထွက်ချင်ပေမယ့် သူကသဘောမတူဘူးလေ အာ..."
လင်ကျန်းရီ မှီထားရင်းကပြောသည်။ စုကျစ်ယန်ရဲ့လက်တွေကိုဆွဲယူကာ သူ့လက်နဲ့အုပ်ကိုင်ထားရင်း အောက်ဘက်တစ်နေရာကို ရောက်ရှိစေလိုက်သည်။
"ကျစ်ယန်... မင်းကိုယ့်ကိုတစ်ကြိမ်ပဲကူညီပါ။ ကိုယ်ထွက်သွားပေးပါ့မယ်။ ကိုယ်မင်းကိုထပ်ပြီး တွန်းအားမပေးတော့ပါဘူး။ မင်းရဲ့လက်တွေကိုပဲ သုံးပေးလေ... နော်..."
စုကျစ်ယန်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ချင်သည်။ ဒါပေမယ့်လည်း လင်ကျန်းရီက သူ့လက်ကောက်ဝတ်ကို မြဲမြံစွာဆုပ်ကိုင်ထားခဲ့သည်။
"ကျစ်ယန်... မြန်မြန်လေး... မင်းခံစားလို့ရလား... ဒီဟာလေးက ဘယ်လောက်တောင်မှ သနားစရာကောင်းလိုက်လဲလို့..."
သူ့လက်ထဲမှ အားမာန်အပြည့်ဖြင့်တက်ကြွနေသော ထိုအရာကို စုကျစ်ယန်ခံစားမိပြီး ပူပြင်းတောက်လောင်နေသော လင်ကျန်းရီ၏မျက်လုံးများအကြောင်း တွေးမိသွားသည်။
နောက်ဆုံးတော့ သူက သူ့(စုကျစ်ယန်)ကို နောက်ဆုတ်ဖို့ ခွင့်မပြုခဲ့ပါချေ။
သူလင်းကျန်းရီကို စိုက်ကြည့်လိုက်ကာ သွားတွေကိုကြိတ်ခြေရင်းပြောလိုက်သည်။
"ဒီတစ်ခါပဲရမယ် နောက်တစ်ကြိမ်ဆိုတာ မရှိဘူး"
"အင်းပါ..."
လင်ကျန်းရီ ခပ်မြန်မြန်ပဲ ကတိပေးလိုက်ကာ တစ်ချိန်တည်းမှာပင် စုကျစ်ယန်ကိုတဖန်ပွတ်သပ်ကာ တိုက်တွန်းလိုက်သည်။
"မြန်မြန်... ပိုပြီးမြန်မြန်လေး..."
စုကျစ်ယန်ဟာ သူ့ခေါင်းကို တစ်ဖက်သို့လှည့်ထားသော်လည်း လှုပ်ရှားမှုတို့ရပ်တန့်မသွားပေ။ သူ့ပါးပြင်တွေတောင်မှ နည်းနည်းပူလာခဲ့လေပြီ။
လင်ကျန်းရီဟာ တမင်သက်သက်ကို သက်တောင့်သက်သာရှိသောညည်းသံလေးတွေ ထုတ်နေပြီး ဒါကစုကျစ်ယန်ကို ပိုပြီးတော့တောင်မှ ရှက်စိတ်တို့တိုးလာစေသည်။
"ဘာလို့ ခင်ဗျားမလာသေးတာလဲ"
စုကျစ်ယန် အချိန်အတော်ကြာသည်အထိ သူ့ကိုကူညီပေးနေသော်လည်း လင်ကျန်းရီက ထွက်လာဖို့ငြင်းဆန်နေသည်ပင်။
စုကျစ်ယန်ဟာ သူ့ရဲ့လက်တွေကို ဖယ်ရှားပစ်ကာ ဆက်မလုပ်ပေးချင်တော့သည်အထိ အလွန်အမင်းဒေါသထွက်လာသည်။
လင်ကျန်းရီက သနားစဖွယ် မျက်တောင်လေးခတ်ကာ တီးတိုးလေးပြောသည်။
"အဲဒါက... ကိုယ်အကြာကြီးအောင့်ထားလိုက်ရတာမို့လို့..."
စုကျစ်ယန်ဟာ သူ့စကားလုံးတွေကြောင့် ဒေါကန်ကာ သူ့လှုပ်ရှားမှုကို အရှိန်တင်ဖို့ အကူအညီမဲ့သွားရသည်။
စုကျစ်ယန်ဟာ သူ့ဆံပင်သူ လေမှုတ်မတင်သလို သူ့ကိုဆူပူငေါက်ငမ်းတာလည်းမလုပ်ဘူးဆိုတာ သိလိုက်ရသည်။ သူအလွန်အမင်းပျော်ရွှင်ကာ သူ့ပါးစပ်ကိုဖွင့်ဟပြီး မေးလိုက်သည်။
"ကျစ်ယန်... ကိုယ်မင်းနဲ့ တစ်ချို့ကိစ္စလေးတွေ ဆွေးနွေးလို့ရမလား"
"ဘာကိစ္စလဲ"
စုကျစ်ယန်က အပေါ်ကိုသာမော့ကြည့်ကာ သူ့ကိုအကြည့်လေးတစ်ချက်တောင် ပေးဖို့ငြင်းဆန်ခဲ့သည်။
"အဲဒါက... နောင်အနာဂတ်မှာ မင်းကိုယ့်ကို ဒီလိုကူညီနိုင်မလားလို့ပါ.... ဟာ့... ဖြည်းဖြည်းလုပ်ပါ... မင်းဒါကိုချိုးပစ်လိုက်မိရင် ဘယ်လိုလုပ်မလဲ..."
လင်ကျန်းရီ လေအေးတစ်ချက်ရှိုက်လိုက်သည်။ ဒီအကောင်ပေါက်လေး တမင်လုပ်နေတာများလား။
"ခင်ဗျားက အဲဒါနဲ့ပဲတန်တယ်။ ဘယ်သူကဦးနှောက်ထဲ -ုတ်ပိုးတွေထည့်ထားမှာလဲ။ ပေါက်တတ်ကရတွေ၊ အဓိပ္ပာယ်မရှိတာတွေ အပြည့်နဲ့..."
"ဒါကဘာလို့အဓိပ္ပာယ်မရှိရမှာလဲ။ ဒါကသာမန်ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုတစ်ခုမဟုတ်ဘူးလား။ မင်းရော မလိုအပ်လို့လား"
လင်ကျန်းရီဟာ စုကျစ်ယန်ကို ငုံ့ကြည့်ရင်း ရုတ်တရက်ကြီးရယ်မောလိုက်သည်။
"ကျစ်ယန်... မင်းကသာကိုယ့်အကြောင်းပြောနေသေးတာ... ဒါပေမယ့် မင်းကလည်း..."
လင်ကျန်းရီဟာ စကားပြောနေရင်းပင် သူ့လက်တွေကို ဆန့်ထုတ်လိုက်သည်။
"အချင်းချင်းကူညီပေးရအောင်လေ"
"ကျွန်တော့်ကိုမထိနဲ့"
စုကျစ်ယန်ဟာ လင်ကျန်းရီနှင့် ဒီလောက်မြန်မြန်းကြီးနီးစပ်သည့် အခြေအနေကို မရောက်ချင်သေးပေ။ ဒီလူကြီး အနှောင့်အယှက်ပေး၊ လူပါးဝပြီးတော့ အရူးတစ်ယောက်လို သရုပ်ဆောင်ပြနေတာကြောင့်သာမဟုတ်ရင် သူလဲဒီလိုကိစ္စကို သူနဲ့လုပ်ဖြစ်ခဲ့မှာ မဟုတ်ဘူး။
အခုတော့ သူအားသွန်ခွန်စိုက် လုပ်နေရပေပြီ။ ဘယ်လိုလုပ်ဒီလူက အကျိုးကျေးဇူးကောင်းတွေ ရနိုင်သွားတာတုန်း။
ဒါပေမယ့်လည်း စုကျစ်ယန် မည်သို့ပင်ခုခံစေကာမူ သူ့ခန္ဓာကိုယ်က သူ့ကိုသစ္စာဖောက်သွားခဲ့သည်။
လင်ကျန်းရီက သူ့ရဲ့အထိမခံနိုင်တဲ့နေရာကို ထိတွေ့လိုက်ပြီးနောက်မှာ သူကအားစိုက်မှုတွေအကုန်သုံးကာ သူ့ကိုစနောက်တော့သည်။
ထပ်ပေါင်းထည့်ရလျှင် လင်ကျန်းရီဟာ တမင်သက်သက် သူ့ရင်ဘတ်ရှေ့မှ ထိုအရာလေးများကို သူ့လက်ချောင်းများဖြင့် ဆွဲညှစ်လိုက်တာဖြစ်သည်။
သူ့မှာကိုယ်ဝန်ရှိလာပြီးကတည်းက သူ့ရင်ဘတ်က အသီးလေးနှစ်လုံးက အလွန်အမင်းဆတ်ဆတ်ထိမခံ ဖြစ်လာခဲ့သည်။ မကြာခင်မှာပင် စုကျစ်ယန်ရှုံးနိမ့်သွားကာ ခပ်မြန်မြန်အသက်ရှူလိုက်ရသည်။
"လင်ကျန်းရီ... မလုပ်..."
"ကိုယ့်ကို 'ရီ'လို့ခေါ်..."
လင်ကျန်းရီ ညစ်ကျယ်ကျယ်ရယ်မောကာ ကိုယ်ကိုကွေးပြီး စုကျစ်ယန်၏ရင်ဘတ်မှ ဖျားယောင်းသွေးဆောင်နေသော အသီးကလေးနှစ်လုံးကို နမ်းရှိုက်လိုက်သည်။
"ဟမ်း... အယုတ်တမာကြီး..."
"ဟာ့... အာ့... မကိုက်နဲ့လေ... ဟမ်း..."
ရေချိုးခန်းဟာ လူနှစ်ယောက်၏စနက်ဖြင့် ညစ်ပတ်ပေရေသွားတော့သည်။ အဝတ်အစားတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲနေသည်။
စုကျစ်ယန် ဟောဟဲလိုက်ကာ ချွေးတွေစိုရွှဲပြီး သည့်ထက်ပိုပြောရလျှင် နှစ်ယောက်စလုံး အားတကသရောဖြင့် အတူတကွ ထုတ်လွှတ်နေကြသည်။
များစွာသောအရာတွေ အတူတကွ စေးကပ်နေခြင်းက စုကျစ်ယန်ကို တစ်ကယ်ကြီးဒေါသထွက်ကာ ရှက်ရွံ့စေသည်။ ဒါပေမယ့်လည်း ပိုပြီးပျော်ရွှင်လာသည်။
ကြာရှည်စွာပျောက်ဆုံးနေခဲ့တဲ့ ဒီဆန္ဒဖြေဖျောက်မှု...
လင်ကျန်းရီက စုကျစ်ယန်ကို အနောက်မှနေ၍ ဆုပ်ကိုင်ထားဆဲပင်။ စုကျစ်ယန်က ရေကန်ဘောင်ပေါ်လက်ထောက်ရင်း သူ့ကိုယ်သူထောက်ကန်ထားကာ သူ့ခေါင်းကိုတော့ အလွန်အမင်းငုံ့ချထားရင်း ဟောဟဲလိုက်နေသည်။
ခြေထောက်နှစ်ချောင်းအကြားမှ အဟနေရာလေး(အနီး)မှာတော့ လင်ကျန်းရီဟာ မမောတမ်းရုန်းကန်နေဆဲပင်။
-- ဟုတ်တာပေါ့။ ကိုယ်ဝန်ရှိနေချိန်မှာ သူ့ရဲ့ပိုင်ဆိုင်မှုလေးကို သိမ်ပိုက်ဖို့ဆိုတာကတော့ သူဝန်လေးနေသည်။
-- သူကသူ့ရဲ့ဆာလောင်မှုအာသီသကို ဖြေရှင်းနေရုံသက်သက်ပါပဲ။
အမှန်တရားအနေနဲ့ကတော့ ဒီချစ်ခင်ကြင်နာတဲ့မြင်ကွင်းက လင်ကျန်းရီသူ့ဘာသာထိန်းချုပ်နိုင်ခြင်းနှင့် ပြီးသွားခဲ့သည်။
စုကျစ်ယန်၏ခါးနှင့်ဝမ်းဗိုက်ဟာ နာကျင်နေပြီး မတ်တပ်ရပ်နေခဲ့ချိန်က ကောင်းကောင်းလုံလောက်သွားခဲ့ပြီဖြစ်သည်။
ဒီလူ့ကိုဝေးဝေးတွန်းထုတ်ပစ်ဖို့ သူ့လက်တွေ၊ ခွန်အားတွေကို မနှမြောနိုင်တော့ပါ။
ဒါ့အပြင် လင်ကျန်းရီကတော့ သူ့ကိုယသူစိတ်သကသာရာရစေဖို့ စုကျစ်ယန်ရဲ့ခန္ဓာကိုယ်တစ်ဝိုက်ကို ပွတ်သပ်နေရုံသာ။
သူစည်းကျော်ပြီးတော့ ဘယ်အရာကိုမှ တစ်ကယ်လုပ်မည်မဟုတ်ပါ။ ဒီလိုမှမဟုတ်လျှင် စုကျစ်ယန်က သူ့ကိုကန်ထုတ်ပေလိမ့်မည်။
ဒါတောင်မှ စုကျစ်ယန်ဟာ အလွန်အမင်းပင်ပန်းနေဟု ခံစားနေရဆဲပင်။
လင်ကျန်းကတော့ ဒီမီးစကို ငြှိမ်းဖို့ရာ ဆန္ဒမရှိပေ။ သူ့လက်တွေက စုကျစ်ယန်၏အနောက်မှ ဖြတ်သန်းသွားသည်။
စုကျစ်ယန်၏ဝမ်းဗိုက်အောက်ပိုင်းလေးကို လက်တစ်ဖက်ဖြင့်ထိကိုင်လိုက်ပြီး အခြားတစ်ဖက်က ညှပ်ရိုးရှေ့တွင် တရစ်ဝဲ၀ဲရှိနေသည်။ .
"ခင်ဗျား... မတော်သေးဘူးလား"
စုကျစ်န် သူ့လက်တစ်ဖက်ကို ပင်ပင်ပန်းပန်းမလိုက်ကာ သူ့ဝမ်းဗိုက်ကလေးပေါ် နေရာချလိုက်သည်။
-- အရမ်းပင်ပန်းတာပဲ။ အား....
လင်ကျန်းရီ၏လက် စုကျစ်ယန်၏ဖြန့်ကားထားသည့်လက်ကို ထိမိချိန်မှာ သူရုတ်တရက်ကြီး နိုးထသွားပြန်သည်။
သူဟာအရှိန်အဟုန်တို့မြင့်တက်လာပြီး နောက်ဆုံးတစ်ကြိမ်တက်လာသည့် စိတ်ဆန္ဒတို့ကို ထုတ်လွှတ်လိုက်သည်။ စုကျစ်ယန်၏ ပခုံးနှင့် နောက်ကျောပြင်တို့ကို သူညင်သာစွာနမ်းရှိုက်သည်။
"ပင်ပန်းသွားပြီလား။ တောင်းပန်ပါတယ် ကျစ်ယန်... မင်းကောင်းကောင်းကြိုးစားခဲ့ပါတယ်။ ကိုယ်မင်းကို သန့်ရှင်းပေးမယ်နော်"
ရေပန်းကထွက်လာသည့်ရေဟာ အလွန်အမင်းမပူပါ။ လင်ကျန်းရီက သူ့အရှိန်နှုန်းကိုမြှင့်ကာ စုကျစ်ယန်၏စေးကပ်နေသောခန္ဓာကိုယ်ကို ကူညီကာသန့်ရှင်းပေးရင်း မေးလိုက်သည်။
"ရေကနည်းနည်းလေး အေးနေလားဟင်"
"အဆင်ပြေပါတယ်။ အကြာကြီးလုပ်နေရင်တော့ သေချာပေါက်အေးသွားလိမ့်မယ်"
စုကျစ်ယန်က စကားပြောလု့ိမပြီးသေးခင်မှာပင် နှာချေလိုက်မိသည်။ သည်လိုနှာချေခြင်းက လင်ကျန်းရီ၏နှလုံးသားကို ကျောက်တုံးကြီးတစ်တုံးလို လေးလံသွားစေပြီး ထိုကျောက်တုံးကြောင့်သူပါနာကျင်သွားသလိုပင်။ သူရှင်းရှင်းလင်းလင်းပင် ရေပန်းကိုပိတ်ပစ်လိုက်သည်။
"ရပြီ... ဒီလောက်ဆိုတော်ပြီ... ဒီ့ထက်ကြာရင် မင်းအအေးမိသွားလိမ့်မယ်"
လင်ကျန်းရီကျု ပြန်ဖြေလိုက်သည်က... နှာချေသံကြီးနှစ်ကြိမ်ဖြစ်သည်။
စုကျစ်ယန် လင်ကျန်းရီကို ပြင်းပြင်းထန်ထန် မကျေမချမ်းဟန်ဖြင့် ကြည့်လိုက်သည်။
"ဘာတွေကြောင်ငေးနေတာလဲ။ ကျွန်တော့်အတွက် မြန်မြန်လေး မျက်နှာသုတ်ပဝါတစ်ခု သွားယူလေ"
_ _ _ _ _ _ _ _ _ _ _
Translated by Lay Pyay Yhine.
ဘုရားစူး စာလုံးရေ၃၀၀၀နီးပါး။ (UNI) တစ်ထိုင်ထဲ ပြန်ချ။ မျက်လုံးတွေ ဝေနေပြီသိလား။ T....T
အဲဒီ့တော့ အချစ်တွေနဲ့ ကုသွားပေးလေနော်။
သန်ဘက်ခါကျနောက်တစ်ပိုင်းနဲ့ပြန်လာခဲ့ပါမယ်။
_ _ _ _ _ _ _ _ _ _
[Zawgyi]
"ကျစ်ယန်"
"ကျစ်ယန်... ကျစ်ယန်..."
လင်ကျန်းရီဟာ ညုတုတုဖြင့်မြှူဆွယ်နေသောအမြီးရှည်ရှည် မြေခွေးတစ်ကောင်နှင့်ပင် တူနေသေးတော့သည်။
"..."
"ဟင့်အင်း"
You are reading the story above: TeenFic.Net