(Unicode)
အခန်း ၄၉။ ထွက်သွားစမ်းပါ။ ဒီဖေဖေက အလုပ်ကြီးအကိုင်ကြီး လုပ်ချင်နေပြီ။
ရေကျသံကိုနားထောင်ရင်း လူတစ်ယောက်... တိိကျကျပြောရလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောလူတစ်ယောက်က ဂွမ်းစောင်ကို ဆောင့်ကန်လိုက်ကာ သူ့မျက်လုံးတွေကိုတော့ ဇေ၀ဇဝါဖြင့် ဖွင့်လာခဲ့သည်။
ဟမ်... မိုးတောင်လင်းနေပြီလား။
စုကစ်ယန်တစ်ယောက် လွန်ခဲ့တဲ့ညက လင်ကျန်းရီပြန်လာခဲ့ကြောင်း အကြာကြီးမေ့လျော့နေခဲ့သည်။
မသိစိတ်ကတွေးမိသည်က ဘယ်သူမှပြန်မလာခဲ့ဘူးလို့ပေါ့။ ဒီအခိျန်မှာပဲ ရေချိုးခန်းထဲက ရေကျသံကိုသူကြားလိုက်ရသည်။
သူတဖြည်းဖြည်း ကောင်းကောင်းနိုးလာခဲ့ပြီး သူ့ဘာသာတွေးလိုက်မိတာက 'ညတုန်းက ရေဘုံဘိုင်ခေါင်းကို ပိတ်ဖို့မေ့သွားခဲ့တာလား'လို့ပေါ့။
မဟုတ်သေးဘူး။ သူရေဘုံဘိုင်ခေါင်းကို မပိတ်ခဲ့မိတာဆိုရင် ညကအိပ်ရာ၀င်တော့ ဘာလို့သတိမပြုခဲ့မိတာလဲ။
စုကျစ်ယန် သူ့အ၀တ်တွေကို စိတ်မပါလက်မပါ၀တ်လိုက်သည်။ သူအိပ်ရာကထပြီး ရှူးဖိနပ်စီးကာ ထလျှောက်လိုက်သည်။
သူနိုးလာတဲ့မနက်ခင်းတိုင်းမှာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းသည့် အလေ့အကျင့်ရှိသည်။ အဲဒါကတော့ အိမ်သာသွားတာပါပဲ။
အဓိကအိပ်ခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်မှာ ရေကျသံရပ်သွားပြီး စုကျစ်ယန်လည်း သမ်းေ၀လိုက်သည်။ ညကလင်ကျန်းရီ ပြန်လာတာလား၊ မလာတာလားဆိုတာ စူးစမ်းဖို့ရာ ရေချိုးခန်းဆီဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
-- သူ့အိမ်က ဇိမ်ရှိတဲ့ဗီလာတစ်ခုမဟုတ်။ ဒီတော့ ရေချိုးခန်းကသန့်စင်ခန်းဖြစ်ပြီး သန့်စင်ခန်းကရေချိုးခန်းဖြစ်သည်။ သဘာ၀ကျကျပင် အိမ်သာခွက်က ရေချိုးခန်းထဲမှာဖြစ်သည်။
မီးလင်းလာပြီးနောက် ရေချိုးခန်းထဲက ညည်းညူသံကို သူကြားလိုက်ရသည်။ သူအံ့အားတကြီးနှင့် တံခါးကိုဆွဲဖွင့်လိုက်သည်။ ရလဒ်ကတော့ သူ့မျက်လုံးတွေကို ပြူးကျယ်သွားစေတာပဲ။
လင်ကျန်းရီကြီးဟ....။ သူညက ပြန်လာခဲ့တာလား။
သူလင်ကျန်းရီအတွက် တံခါးဖွင့်ပေးခဲ့ပုံရကြောင်း ၀ိုးတိုးဝါးတားမှတ်မိသွားချိန်မှာ စုကျစ်ယန် နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။
အဲဒီ့အချိန်က သူအိပ်မက်မက်နေတာလို့ တွေးခဲ့ပြီး တစ်ကယ်ကြီးဖြစ်နေမယ်မထင်ထားပေ။ သူသိခဲ့ရင်တော့ တံခါးဖွင့်ပေးခဲ့မှာမဟုတ်ဘူး။
ကြည့်စမ်းပါဦး။ ဥက္ကဌကြီးက သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို မဆက်ဆံဘူးလေ။ သူကရေချိုးခန်းထဲမှာ အ၀တ်ဗလာနဲ့ မတ်တပ်ရပ်နေပြီး သူ့ကိုယ်သူ သန့်ရှင်းနေလေရဲ့။
"မင်း... မင်းဘာလုပ်နေတာလဲ"
တစ်ကယ်တမ်း လင်ကျန်းရီက စုကျစ်ယန်လာနေသံကို အေ၀းကတည်းက ကြားခဲ့ပြီးဖြစ်သည်။ တံခါးကိုဖွင့်လိုက်ချိန်မှာတော့ အံ့အားသင့်နေဟန်နဲ့ သူ့ရင်ဘတ်သူအုပ်ကာလိုက်ကာ ဟာသလုပ်လိုက်သည်။
"မင်းမြင်ပြီးသွားပြီဆိုတော့ ကိုယ့်ကိုတာ၀န်ယူပေးရမယ်နော်"
"ထွက်သွားစမ်းပါ"
စုကျစ်ယန်ရယ်မောရင်း ဆူပူကြိမ်းမောင်းပစ်လိုက်သည်။
"ပြီးတော့ ခင်ဗျားဖုံးတာနေရာလွဲနေတယ်။ မိန်းကလေးတွေပဲ သူတို့ရင်ဘတ်ကိုကာကြတာ..."
ဒီစကားကိုပြောရင်း စုကျစ်ယန်က အောက်ဘက်ကိုကြည့်လိုက်သည်။ သူ့ကိုနှုတ်ဆက်နေတဲ့ လင်ကျန်းရီရဲ့ညီငယ်လေးကို တွေ့လိုက်ရချိန်မှာတော့ ချက်ချင်းကို သူ့မျက်နှာတစ်ခုလုံး ရဲပတောင်းခတ်သွားတော့သည်။
လင်ကျန်းရီက ရေချိုးဆပ်ပြာရည်ကို ကိုယ်ပေါ်မှာပွတ်ရင်း ပြောလိုက်သည်။
"အဲဒါကို မင်းမြင်သွားတယ်... မင်းမြင်သွားပြီးပြီ... မင်းတာ၀န်ယူကိုယူပေးရမယ်"
"အဓိပ္ပာယ်မရှိတာ... ခင်ဗျားကကျွန်တော့်ရေချိုးခန်းထဲ အ၀တ်ဗလာနဲ့ရပ်နေမှတော့ ဘယ်လိုလုပ်မမြင်ဘဲနေမှာလဲ။ ခင်ဗျားဘာသာခင်ဗျား ကျွန်တော့်ကိုအမြင်ခံတာလေ။ ဒီနေရာမှာ အ၀တ်မ၀တ်ရဘူးလို့ ခင်ဗျားကိုဘယ်သူကပြောခဲ့လို့လဲ"
စုကျစ်ယန် တစ်စက္ကန့်လောက် ရှက်သွေးဖြာသွားပြီးနောက် မကြာခင်မှာ လင်ကျန်းရီကိုကြည့်ကာ အပြစ်ကင်းလွတ်ခွင့်ပြုလိုက်သည်။
ပြောဖို့မလိုပါဘူး။ သူနဲ့ အယုတ်တမာကောင် လင်ကျန်းရီတို့ အချစ်တိုက်ပွဲ၀င်ခဲ့ကြတဲ့ အဲဒီ့နေ့က တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်နဲ့လေ့လာဖို့ အချိန်မရှိခဲ့ကြဘူး။ ဒီလူက ကြည့်လို့တော့ ကောင်းသား။
ရသံစားမှုဟာ မကြာခင်မှာတော့ မနာလိုမရှုစိမ့်ခြင်းဖြစ်လာခဲ့သည်။ စုကျစ်ယန် သူ့သွားတွေကို ကြိတ်လိုက်သည်။
- ချီး....... နေ့တိုင်းရုံးမှာထိုင်နေရတဲ့လူက ဘယ်လိုလုပ်ပြီး ကြည့်ကောင်းနေရတာလဲ။
အကြောင်းပြချက်မရှိဘူး။ အား..... အကြောင်းပြချက်မရှိဘူး။ သူအလုပ်လုပ်တုန်းကတော့ သူ့ရဲ့ဓာတ်ပုံဆိုင်ရာ ပစ္စည်းကိရိယာတွေနဲ့ ပြေးလွှားနေခဲ့ရတာ။
ရလဒ်အနေနဲ့ ပိုပြီးပြေးလွှားရင်းကနေ သူပိုပြီးပိန်လာခဲ့တာပဲ။ အားကျစရာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်ကိုရဖို့ လေ့ကျင့်ခန်းလဲမလုပ်နိုင်ခဲ့ပါဘူး။
"ကိုယ်အ၀တ်၀တ်ပြီးတာတောင် ဘာလို့ကြည့်နေရသေးတာလဲ ကြည့်စမ်း... သွားရည်တွေတောင်ကျနေပြီ"
စုကျစ်ယန် အလိုအလျောက်ပင် သူ့ပါးစပ်ထောင့်ကိုသုတ်လိုက်သည်။ ဒါပေမယ့် လင်ကျန်းရီရဲ့ ခွက်ထိုးခွက်လှန် ရယ်မောသံကြားကာမှ စနောက်ခံလိုက်မှန်း သူသဘောပေါက်လိုက်သည်။
သူလင်ကျန်းရီကို ဘုကြည့်ကြည့်လိုက်ပြီး စိတ်ထဲမှာတော့ ဒီလူ့ကို နာနာလေးရိုက်ဖို့ ပစ္စည်းတစ်ခုခုရှာရန် တွေးနေလေပြီ။
ရယ်နေတယ်...။
ရယ်နေသေးတယ်ပေါ့လေ။
လင်ကျန်းရီ သူ့ကိုကြည့်လိုက်တော့ သူ့အ၀တ်တွေက သေသေချာချာ၀တ်ထားတာမဟုတ်မှန်း မြင်လိုက်ရသည်။ ၀တ်သင့်တဲ့နေရာတွေတော့ ၀တ်ထားသား...။ သူစိတ်ပျက်လက်ပျက်ဖြစ်သွားလေပြီ။
"ကျစ်ယန် ဒီမနက်အစောကြီး ဘာလို့ဒီလောက်အများကြီး၀တ်ထားတာလဲ ဘာလို့ကိုယ်နဲ့အတူတူ မချွတ်ပစ်ရတာလဲ။ ကိုယ်မင်းကိုရေချိုးပေးမယ်လေ။ ဒီအကြောင်းပြောမှပဲ... အိမ်မှာရေချိုးကန်မရှိတာက တစ်ကယ်ကို အဆင်မပြေတာပဲ"
သူ့မှာသာ ရေချိုးကန်သာရှိရင် တို့ဖူးကိုသူကိုယ်တိုင် ပွင့်ပွင့်လင်းလင်းထုတ်ပြီး... ထွေးဖက်ထားကာ ပွတ်သပ်လို့ရနိုင်ရဲ့။
(လေပြည်-ဒီမှာ 'တို့ဖူး'ဆိုတာကလေ 'အသားယူတယ်'ဆိုတာရဲ့ slang ဖြစ်နိုင်ပေမယ့် သူကိုယ်တိုင်ဆိုတော့ကာ သူ့ရဲ့ဂျူနီယာလေးကိုပြောတာဖြစ်ပြီး တစ်ပိုဒ်လုံးဆိုလိုရင်းကတော့ hand job ကိုပြောတာဖြစ်မယ်ထင်ပါတယ်။ *shy*)
ကောင်းပြီ။ ရေပန်းကလဲ သိပ်တော့မဆိုးပါဘူး။ မတ်တပ်ရပ်ချိုးတာကလဲ အရေးသာမှုမရနိုင်ဘူးလို့ ဘယ်သူပြောလဲ။
"အရေးမစိုက်ဘဲ ထွက်သွားစမ်းပါ။ ဘယ်သူမှခင်ဗျားကို ကျွန်တော့်အိမ်မှာ ရေပန်းနဲ့ချိုးဖို့မတောင်းဆိုခဲ့ဘူး"
ကျစ်ယန်က 'ဟမ့်'ဟုအသံပြုကာ ခပ်လောလောဖြင့် တိုက်တွန်းသည်။
"အချိန်ဆွဲမနေနဲ့။ မြန်မြန်ချိုး... ကျွန်တော်အိမ်သာသုံးချင်တယ်"
အိမ်သာသုံးတာလား...။
လင်ကျန်းရီက သူ့နောက်ဘက်က အိမ်သာကိုကြည့်ပြီးနောက် ချက်ချင်းသဘောပေါက်သွားသည်။
-- အိုး.... သူတို့အိမ်က ရေချိုးခန်းနဲ့အိမ်သာက တစ်ခန်းထဲကိုး။
ဒါကိုသဘောပေါက်ပြီးနောက် လင်ကျန်းရီစတင်ရယ်မောကာ ပြောလိုက်သည်။
"မင်း၀င်လာခဲ့ပြီး ကိုယ့်ကိစ္စကိုယ်ရှင်းလို်က်လေ။ ကိုယ်အခု ရေသုံးဖို့မလိုဘူး။ မင်းဆီရေတွေစင်မှာဟုတ်ပါဘူး။ အာ... ခဏေလေးစောင့်... ကိုယ်မင်းကိုလက်ကမ်းပေးတာက ပိုကောင်းမယ်။ ရေချိုးခန်းကရေတွေနဲ့မို့ မင်းချော်လဲဖို့လွယ်တယ်"
ခဏရပ်လိုက်ပြီးနောက် လင်ကျန်းရီဆက်ပြောသည်။
"ဒါမှမဟုတ်... မင်းတံခါး၀မှာပဲ ဆီးသွားလိုက်ရင်ရော... ကိုယ့်ဆီစင်လာလဲကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ်ကိုယ်ကရေချိုးနေတဲ့လူပဲဟာ ဒီ့အတွက်ကိုယ်မစိုးရိမ်ပါဘူး။"
အရင်ဘ၀က သူကိုယ်၀န်စစ်ချိန်မှာ ဒီအယုတ်တမာရဲ့လက်ထဲ ဘယ်လိုဆီးသွားခဲ့တယ်ဆိုတာ စုကျစ်ယန်သတိရသွားခဲ့သည်။
သူသဘောတကျနှင့် ရယ်လိုက်သော်လည်း ဒါကတစ်ခဏသာဖြစ်ပြီး သူ့ကိုမြန်မြန်လုပ်ရန် တိုက်တွန်းခြင်းဖြင့် လျှင်မြန်စွာ အစားထိုးသွားခဲ့သည်။
"ခင်ဗျားဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ခင်ဗျားဘာသာ မြန်မြန်ရေချိုးပြီးထွက်လာခဲ့... ကျွန်တော့်ဘာသာ ပြန်လာပြီးလုပ်နိုင်တယ်"
"ကျစ်ယန်... ရှက်နေတာလား။ မင်းဘယ်သူ့ကိုပြောနေတယ် ထင်နေတာလဲ။ ဒီနေရာမှာပဲပေါက်ချလိုက်စမ်းပါကွာ"
လင်ကျန်းရီ စုကျစ်ယန်ကိုစနောက်ကာ ရုတ်တရက်ကြီး စကားဆက်မပြောခင် စူမို့နေသာ၀မ်းဗိုက်လေးဆီ အကြည့်ပို့လိုက်သည်။
"အိုး... မင်းအတွက်ငုတ်တုပ်ထိုင်ပြီး ညီငယ်လေးကို အပြင်ထုတ်ဖို့က အဆင်မပြေဘူးလား။ ဒါဆိုကိုယ်ကူညီပေးရမလား"
"ဒီဖေဖေက ခင်ဗျားအကူအညီကိုမလိုဘူး ဒီကနေထွက်သွားစမ်းပါ။ ဒီဖေဖေက အလုပ်ကြီးအကိုင်ကြီး လုပ်ချင်နေပြီ"
_ _ _ _ _ _ _ _ _
Translated Lay Pyay Yhine.
ဟေး! ဘာလိုက်ကြည့်နေတာလဲ။ ဘေဘီ့ပါပါးလေးက အပေါ့သွားမလို့တဲ့။ ရှောင်ပေးကြဦးလေ။
_ _ _ _ _ _ _
(Zawgyi)
အခန္း ၄၉။ ထြက္သြားစမ္းပါ။ ဒီေဖေဖက အလုပ္ႀကီးအကိုင္ႀကီး လုပ္ခ်င္ေနၿပီ။
ေရက်သံကိုနားေထာင္ရင္း လူတစ္ေယာက္... တိိက်က်ေျပာရလွ်င္ နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာလူတစ္ေယာက္က ဂြမ္းေစာင္ကို ေဆာင့္ကန္လိုက္ကာ သူ႔မ်က္လံုးေတြကိုေတာ့ ဇေ၀ဇ၀ါျဖင့္ ဖြင့္လာခဲ့သည္။
ဟမ္... မိုးေတာင္လင္းေနၿပီလား။
စုကစ္ယန္တစ္ေယာက္ လြန္ခဲ့တဲ့ညက လင္က်န္းရီျပန္လာခဲ့ေၾကာင္း အၾကာႀကီးေမ့ေလ်ာ့ေနခဲ့သည္။
မသိစိတ္ကေတြးမိသည္က ဘယ္သူမွျပန္မလာခဲ့ဘူးလို႔ေပါ့။ ဒီအခိ်န္မွာပဲ ေရခ်ိဳးခန္းထဲက ေရက်သံကိုသူၾကားလိုက္ရသည္။
သူတျဖည္းျဖည္း ေကာင္းေကာင္းနိုးလာခဲ့ၿပီး သူ႔ဘာသာေတြးလိုက္မိတာက 'ညတုန္းက ေရဘံုဘိုင္ေခါင္းကို ပိတ္ဖို႔ေမ့သြားခဲ့တာလား'လို႔ေပါ့။
မဟုတ္ေသးဘူး။ သူေရဘံုဘိုင္ေခါင္းကို မပိတ္ခဲ့မိတာဆိုရင္ ညကအိပ္ရာ၀င္ေတာ့ ဘာလို႔သတိမျပဳခဲ့မိတာလဲ။
စုက်စ္ယန္ သူ႔အ၀တ္ေတြကို စိတ္မပါလက္မပါ၀တ္လိုက္သည္။ သူအိပ္ရာကထၿပီး ရွဴးဖိနပ္စီးကာ ထေလွ်ာက္လိုက္သည္။
သူနိုးလာတဲ့မနက္ခင္းတိုင္းမွာ သူ႔ရဲ႕ရုပ္ပိုင္းဆိုင္ရာျပႆနာကိုေျဖရွင္းသည့္ အေလ့အက်င့္ရွိသည္။ အဲဒါကေတာ့ အိမ္သာသြားတာပါပဲ။
အဓိကအိပ္ခန္းတံခါးကို ဖြင့္လိုက္သည့္အခ်ိန္မွာ ေရက်သံရပ္သြားၿပီး စုက်စ္ယန္လည္း သမ္းေ၀လိုက္သည္။ ညကလင္က်န္းရီ ျပန္လာတာလား၊ မလာတာလားဆိုတာ စူးစမ္းဖို႔ရာ ေရခ်ိဳးခန္းဆီျဖည္းညင္းစြာ ေလွ်ာက္သြားလိုက္သည္။
-- သူ႔အိမ္က ဇိမ္ရွိတဲ့ဗီလာတစ္ခုမဟုတ္။ ဒီေတာ့ ေရခ်ိဳးခန္းကသန္႔စင္ခန္းျဖစ္ၿပီး သန္႔စင္ခန္းကေရခ်ိဳးခန္းျဖစ္သည္။ သဘာ၀က်က်ပင္ အိမ္သာခြက္က ေရခ်ိဳးခန္းထဲမွာျဖစ္သည္။
မီးလင္းလာၿပီးေနာက္ ေရခ်ိဳးခန္းထဲက ညည္းညဴသံကို သူၾကားလိုက္ရသည္။ သူအံ့အားတႀကီးနွင့္ တံခါးကိုဆြဲဖြင့္လိုက္သည္။ ရလဒ္ကေတာ့ သူ႔မ်က္လံုးေတြကို ျပဴးက်ယ္သြားေစတာပဲ။
လင္က်န္းရီႀကီးဟ....။ သူညက ျပန္လာခဲ့တာလား။
သူလင္က်န္းရီအတြက္ တံခါးဖြင့္ေပးခဲ့ပံုရေၾကာင္း ၀ိုးတိုး၀ါးတားမွတ္မိသြားခ်ိန္မွာ စုက်စ္ယန္ နည္းနည္းေတာ့ စိတ္အေနွာင့္အယွက္ျဖစ္သြားရသည္။
အဲဒီ့အခ်ိန္က သူအိပ္မက္မက္ေနတာလို႔ ေတြးခဲ့ၿပီး တစ္ကယ္ႀကီးျဖစ္ေနမယ္မထင္ထားေပ။ သူသိခဲ့ရင္ေတာ့ တံခါးဖြင့္ေပးခဲ့မွာမဟုတ္ဘူး။
ၾကည့္စမ္းပါဦး။ ဥကၠဌႀကီးက သူ႔ကိုယ္သူ အျပင္လူတစ္ေယာက္လို မဆက္ဆံဘူးေလ။ သူကေရခ်ိဳးခန္းထဲမွာ အ၀တ္ဗလာနဲ႔ မတ္တပ္ရပ္ေနၿပီး သူ႔ကိုယ္သူ သန္႔ရွင္းေနေလရဲ႕။
"မင္း... မင္းဘာလုပ္ေနတာလဲ"
တစ္ကယ္တမ္း လင္က်န္းရီက စုက်စ္ယန္လာေနသံကို အေ၀းကတည္းက ၾကားခဲ့ၿပီးျဖစ္သည္။ တံခါးကိုဖြင့္လိုက္ခ်ိန္မွာေတာ့ အံ့အားသင့္ေနဟန္နဲ႔ သူ႔ရင္ဘတ္သူအုပ္ကာလိုက္ကာ ဟာသလုပ္လိုက္သည္။
"မင္းျမင္ၿပီးသြားၿပီဆိုေတာ့ ကိုယ့္ကိုတာ၀န္ယူေပးရမယ္ေနာ္"
"ထြက္သြားစမ္းပါ"
စုက်စ္ယန္ရယ္ေမာရင္း ဆူပူႀကိမ္းေမာင္းပစ္လိုက္သည္။
"ၿပီးေတာ့ ခင္ဗ်ားဖံုးတာေနရာလြဲေနတယ္။ မိန္းကေလးေတြပဲ သူတို႔ရင္ဘတ္ကိုကာၾကတာ..."
ဒီစကားကိုေျပာရင္း စုက်စ္ယန္က ေအာက္ဘက္ကိုၾကည့္လိုက္သည္။ သူ႔ကိုနႈတ္ဆက္ေနတဲ့ လင္က်န္းရီရဲ႕ညီငယ္ေလးကို ေတြ႕လုိက္ရခ်ိန္မွာေတာ့ ခ်က္ခ်င္းကို သူ႔မ်က္နွာတစ္ခုလံုး ရဲပေတာင္းခတ္သြားေတာ့သည္။
လင္က်န္းရီက ေရခ်ိဳးဆပ္ျပာရည္ကို ကိုယ္ေပၚမွာပြတ္ရင္း ေျပာလိုက္သည္။
"အဲဒါကို မင္းျမင္သြားတယ္... မင္းျမင္သြားၿပီးၿပီ... မင္းတာ၀န္ယူကိုယူေပးရမယ္"
"အဓိပၸာယ္မရွိတာ... ခင္ဗ်ားကကြၽန္ေတာ့္ေရခ်ိဳးခန္းထဲ အ၀တ္ဗလာနဲ႔ရပ္ေနမွေတာ့ ဘယ္လိုလုပ္မျမင္ဘဲေနမွာလဲ။ ခင္ဗ်ားဘာသာခင္ဗ်ား ကြၽန္ေတာ့္ကိုအျမင္ခံတာေလ။ ဒီေနရာမွာ အ၀တ္မ၀တ္ရဘူးလို႔ ခင္ဗ်ားကိုဘယ္သူကေျပာခဲ့လို႔လဲ"
စုက်စ္ယန္ တစ္စကၠန္႔ေလာက္ ရွက္ေသြးျဖာသြားၿပီးေနာက္ မၾကာခင္မွာ လင္က်န္းရီကိုၾကည့္ကာ အျပစ္ကင္းလြတ္ခြင့္ျပဳလိုက္သည္။
ေျပာဖို႔မလိုပါဘူး။ သူနဲ႔ အယုတ္တမာေကာင္ လင္က်န္းရီတို႔ အခ်စ္တိုက္ပြဲ၀င္ခဲ့ၾကတဲ့ အဲဒီ့ေန႔က တစ္ေယာက္ကိုတစ္ေယာက္ ဂရုတစိုက္နဲ႔ေလ့လာဖို႔ အခ်ိန္မရွိခဲ့ၾကဘူး။ ဒီလူက ၾကည့္လို႔ေတာ့ ေကာင္းသား။
ရသံစားမႈဟာ မၾကာခင္မွာေတာ့ မနာလုိမရႈစိမ့္ျခင္းျဖစ္လာခဲ့သည္။ စုက်စ္ယန္ သူ႔သြားေတြကို ႀကိတ္လိုက္သည္။
- ခ်ီး....... ေန႔တိုင္းရံုးမွာထိုင္ေနရတဲ့လူက ဘယ္လိုလုပ္ၿပီး ၾကည့္ေကာင္းေနရတာလဲ။
အေၾကာင္းျပခ်က္မရွိဘူး။ အား..... အေၾကာင္းျပခ်က္မရွိဘူး။ သူအလုပ္လုပ္တုန္းကေတာ့ သူ႔ရဲ႕ဓာတ္ပံုဆိုင္ရာ ပစၥည္းကိရိယာေတြနဲ႔ ေျပးလႊားေနခဲ့ရတာ။
ရလဒ္အေနနဲ႔ ပိုၿပီးေျပးလႊားရင္းကေန သူပိုၿပီးပိန္လာခဲ့တာပဲ။ အားက်စရာ ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္ကိုရဖို႔ ေလ့က်င့္ခန္းလဲမလုပ္နိုင္ခဲ့ပါဘူး။
"ကုိယ္အ၀တ္၀တ္ၿပီးတာေတာင္ ဘာလို႔ၾကည့္ေနရေသးတာလဲ ၾကည့္စမ္း... သြားရည္ေတြေတာင္က်ေနၿပီ"
စုက်စ္ယန္ အလိုအေလ်ာက္ပင္ သူ႔ပါးစပ္ေထာင့္ကိုသုတ္လိုက္သည္။ ဒါေပမယ့္ လင္က်န္းရီရဲ႕ ခြက္ထိုးခြက္လွန္ ရယ္ေမာသံၾကားကာမွ စေနာက္ခံလိုက္မွန္း သူသေဘာေပါက္လိုက္သည္။
သူလင္က်န္းရီကို ဘုၾကည့္ၾကည့္လိုက္ၿပီး စိတ္ထဲမွာေတာ့ ဒီလူ႔ကို နာနာေလးရိုက္ဖို႔ ပစၥည္းတစ္ခုခုရွာရန္ ေတြးေနေလၿပီ။
ရယ္ေနတယ္...။
ရယ္ေနေသးတယ္ေပါ့ေလ။
လင္က်န္းရီ သူ႔ကိုၾကည့္လိုက္ေတာ့ သူ႔အ၀တ္ေတြက ေသေသခ်ာခ်ာ၀တ္ထားတာမဟုတ္မွန္း ျမင္လိုက္ရသည္။ ၀တ္သင့္တဲ့ေနရာေတြေတာ့ ၀တ္ထားသား...။ သူစိတ္ပ်က္လက္ပ်က္ျဖစ္သြားေလၿပီ။
"က်စ္ယန္ ဒီမနက္အေစာႀကီး ဘာလို႔ဒီေလာက္အမ်ားႀကီး၀တ္ထားတာလဲ ဘာလို႔ကိုယ္နဲ႔အတူတူ မခြၽတ္ပစ္ရတာလဲ။ ကိုယ္မင္းကိုေရခ်ိဳးေပးမယ္ေလ။ ဒီအေၾကာင္းေျပာမွပဲ... အိမ္မွာေရခ်ိဳးကန္မရွိတာက တစ္ကယ္ကို အဆင္မေျပတာပဲ"
သူ႔မွာသာ ေရခ်ိဳးကန္သာရွိရင္ တို႔ဖူးကိုသူကိုယ္တိုင္ ပြင့္ပြင့္လင္းလင္းထုတ္ၿပီး... ေထြးဖက္ထားကာ ပြတ္သပ္လို႔ရနိုင္ရဲ႕။
(ေလျပည္-ဒီမွာ 'တို႔ဖူး'ဆိုတာကေလ 'အသားယူတယ္'ဆိုတာရဲ႕ slang ျဖစ္နိုင္ေပမယ့္ သူကိုယ္တိုင္ဆိုေတာ့ကာ သူ႔ရဲ႕ဂ်ဴနီယာေလးကိုေျပာတာျဖစ္ၿပီး တစ္ပိုဒ္လံုးဆိုလိုရင္းကေတာ့ hand job ကိုေျပာတာျဖစ္မယ္ထင္ပါတယ္။ *shy*)
ေကာင္းၿပီ။ ေရပန္းကလဲ သိပ္ေတာ့မဆိုးပါဘူး။ မတ္တပ္ရပ္ခ်ိဳးတာကလဲ အေရးသာမႈမရနိုင္ဘူးလို႔ ဘယ္သူေျပာလဲ။
"အေရးမစိုက္ဘဲ ထြက္သြားစမ္းပါ။ ဘယ္သူမွခင္ဗ်ားကို ကြၽန္ေတာ့္အိမ္မွာ ေရပန္းနဲ႔ခ်ိဳးဖို႔မေတာင္းဆိုခဲ့ဘူး"
က်စ္ယန္က 'ဟမ့္'ဟုအသံျပဳကာ ခပ္ေလာေလာျဖင့္ တိုက္တြန္းသည္။
"အခ်ိန္ဆြဲမေနနဲ႔။ ျမန္ျမန္ခ်ိဳး... ကြၽန္ေတာ္အိမ္သာသံုးခ်င္တယ္"
အိမ္သာသံုးတာလား...။
လင္က်န္းရီက သူ႔ေနာက္ဘက္က အိမ္သာကိုၾကည့္ၿပီးေနာက္ ခ်က္ခ်င္းသေဘာေပါက္သြားသည္။
-- အိုး.... သူတို႔အိမ္က ေရခ်ိဳးခန္းနဲ႔အိမ္သာက တစ္ခန္းထဲကိုး။
ဒါကိုသေဘာေပါက္ၿပီးေနာက္ လင္က်န္းရီစတင္ရယ္ေမာကာ ေျပာလိုက္သည္။
"မင္း၀င္လာခဲ့ၿပီး ကိုယ့္ကိစၥကိုယ္ရွင္းလို္က္ေလ။ ကိုယ္အခု ေရသံုးဖို႔မလိုဘူး။ မင္းဆီေရေတြစင္မွာဟုတ္ပါဘူး။ အာ... ခဏေေလးေစာင့္... ကုိယ္မင္းကိုလက္ကမ္းေပးတာက ပိုေကာင္းမယ္။ ေရခ်ိဳးခန္းကေရေတြနဲ႔မို႔ မင္းေခ်ာ္လဲဖို႔လြယ္တယ္"
ခဏရပ္လိုက္ၿပီးေနာက္ လင္က်န္းရီဆက္ေျပာသည္။
"ဒါမွမဟုတ္... မင္းတံခါး၀မွာပဲ ဆီးသြားလိုက္ရင္ေရာ... ကိုယ့္ဆီစင္လာလဲကိစၥမရွိဘူး။ ဘာပဲျဖစ္ျဖစ္ကိုယ္ကေရခ်ိဳးေနတဲ့လူပဲဟာ ဒီ့အတြက္ကိုယ္မစိုးရိမ္ပါဘူး။"
အရင္ဘ၀က သူကိုယ္၀န္စစ္ခ်ိန္မွာ ဒီအယုတ္တမာရဲ႕လက္ထဲ ဘယ္လိုဆီးသြားခဲ့တယ္ဆိုတာ စုက်စ္ယန္သတိရသြားခဲ့သည္။
သူသေဘာတက်နွင့္ ရယ္လိုက္ေသာ္လည္း ဒါကတစ္ခဏသာျဖစ္ၿပီး သူ႔ကုိျမန္ျမန္လုပ္ရန္ တိုက္တြန္းျခင္းျဖင့္ လွ်င္ျမန္စြာ အစားထိုးသြားခဲ့သည္။
"ခင္ဗ်ားဘာလို႔ အဓိပၸာယ္မရွိတာေတြ ေျပာေနတာလဲ။ ခင္ဗ်ားဘာသာ ျမန္ျမန္ေရခ်ိဳးၿပီးထြက္လာခဲ့... ကြၽန္ေတာ့္ဘာသာ ျပန္လာၿပီးလုပ္နိုင္တယ္"
"က်စ္ယန္... ရွက္ေနတာလား။ မင္းဘယ္သူ႔ကိုေျပာေနတယ္ ထင္ေနတာလဲ။ ဒီေနရာမွာပဲေပါက္ခ်လိုက္စမ္းပါကြာ"
လင္က်န္းရီ စုက်စ္ယန္ကိုစေနာက္ကာ ရုတ္တရက္ႀကီး စကားဆက္မေျပာခင္ စူမို႔ေနသာ၀မ္းဗိုက္ေလးဆီ အၾကည့္ပို႔လိုက္သည္။
"အိုး... မင္းအတြက္ငုတ္တုပ္ထိုင္ၿပီး ညီငယ္ေလးကို အျပင္ထုတ္ဖို႔က အဆင္မေျပဘူးလား။ ဒါဆိုကိုယ္ကူညီေပးရမလား"
"ဒီေဖေဖက ခင္ဗ်ားအကူအညီကုိမလိုဘူး ဒီကေနထြက္သြားစမ္းပါ။ ဒီေဖေဖက အလုပ္ႀကီးအကိုင္ႀကီး လုပ္ခ်င္ေနၿပီ"
_ _ _ _ _ _ _ _ _
Translated Lay Pyay Yhine.
ေဟး! ဘာလိုက္ၾကည့္ေနတာလဲ။ ေဘဘီ့ပါပါးေလးက အေပါ့သြားမလို႔တဲ့။ ေရွာင္ေပးၾကဦးေလ။
You are reading the story above: TeenFic.Net