(Unicode)
အခန်း ၄၅။ မြင်သာအောင်ပြမိတော့မလို့။
လင်ကျန်းရီက သူ၏ဓားစွမ်းရည်ကို အတော်ကြာအောင် လေ့ကျင့်နေခဲ့သည်။ အချိန်တွေကြာသွားတာကို သူသတိထားမိသွားချိန်တွင် သူကပင်မအိပ်ခန်းထဲက စုကျစ်ယန်ကို စစ်ဆေးဖို့ပြန်သွားလိုက်သည်။
သူလုံးဝအိပ်မောကျနေတာကိုတွေ့ပြီးမှ တံခါးကိုငြင်သာစွာပိတ်လိုက်ပြီး အိမ်သော့ကိုယူလိုက်သည်။ သူအိမ်ရှေ့တံခါးမကြီးကို မလိုအပ်တဲ့ဆူညံသံတွေမထွက်ရအောင် ဂရုတစိုက်ဖွင့်ခဲ့သည်။
လင်ကျန်းရီက အောက်ထပ်ကိုအမှိုက်ပစ်ဖို့နှင့် ဦးလေးလီလာပို့ထားခဲ့သည့် နေ့လည်စာထမင်းဘူးကို ယူဖို့ဆင်းသွားလိုက်သည်။
သူကအိမ်ယာရဲ့အရှေ့ဂိတ်အထိ ပေါ့ပေါ့ပါးပါးလျှောက်လာခဲ့ပေမယ့် ပတ်ဝန်းကျင်မှာဦးလေးလီကားရဲ့အရိပ်အယောင်ကိုပင်မမြင်ရချေ။
လင်ကျန်းရီက အိမ်ပြန်ရောက်သည်နှင့် စုကျစ်ယန်ကိုချော့မြူဖို့ အဆာပြေမုန့်အချို့နှင့် အခြားအရာတွေကိုဝယ်ရန်အတွက် ကုန်စုံဆိုင်ထဲကို သူ့အလိုလိုဝင်သွားလိုက်သည်။
ဆိုင်ပြတင်းပေါက်မှတဆင့် သူကရင်းနှီးနေတဲ့ကားတစ်စီး တစ်ဖြည်းဖြည်းနီးလာတာကိုတွေ့လိုက်ရသည်။လင်ကျန်းရီက စင်တစ်ခုနောက်မှာပုန်းလိုက်ပြီး ခေါင်းအသာဖော်ကာ ချောင်းကြည့်လိုက်သည်။
ထိုအရာကို အနည်းကပ်ကြည့်ပြီးသည့်နောက်တွင် အဲဒါက သူ့အဖေရဲ့ကားဆိုတာ သေချာသွားခဲ့သည်။
သူတို့က ဒီလိုနေရာကို ဘာလာလုပ်တာတုန်း...
ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်ပြီးသည့်အခါ ဦးလေးလီ၏ကားဖြတ်သွားတာကို တွေ့လိုက်ရသည်။
လင်ကျန်းရီက သူ့ဖုန်းကိုထုတ်ပြီး ဦးလေးလီဆီခေါ်လိုက်သည်။ တစ်ဖက်က ဖုန်းကိုင်သည်နှင့် သူကလေသံလေးဖြင့်မေးလိုက်သည်။
"ဦးလေးလီ ပါးကဦးလေးနောက်ကို လိုက်လာတာလား..."
"မဟုတ်ပါဘူး အာ.. ဦးလေးကတစ်ယောက်တည်းလာတာပါ..."
"နောက်ကြည့်မှန်ကနေ ပြန်ကြည့်ဦး ဦးလေးကားရဲ့ အနောက်ကလိုက်နေတဲ့ ပါးရဲ့ကားကိုတွေ့လိမ့်မယ်.."
သူ ဆက်ပြီးပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဦးလေးရပ်ကွက်ထဲကိုမသွားနဲ့တော့ ဘယ်ကိုသွားရမလဲဆိုတော့ အမ်.. ကုမ္ပဏီကိုပဲတိုက်ရိုက်သွားလိုက်ပါဦးလေး... ပြီးတာနဲ့ကျွန်တော်လည်းရုံးကိုလာခဲ့မယ် ဘာပဲဖြစ်ဖြစ်ပါ ပါးနဲ့မားမေးရင် ဦးလေးကြိုက်သလိုပြောလို့ရတယ် အမှန်အတိုင်းသာမပြောပါနဲ့... နော် ဦးလေးလီ"
"ဒါဖြင့်လည်း ကောင်းပါပြီ..."
ဦးလေးလီက လင်ကျန်းရီကြီးပြင်းလာတဲ့တစ်လျှောက်လုံး အတူရှိနေခဲ့တာဖြစ်ပြီး သားအရင်းနှင့်မခြားချစ်လေသည်။ ထို့ကြောင့် ဒီလောက်လေးလုပ်ပေးရတာက ကိစ္စကြီးမဟုတ်ချေ။
လင်ကျန်းရီကစိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ပြီး နောက်ထက်ဘာကိုမှ အလုပ်ရှုပ်ခံပြီး မဝယ်နိုင်ခဲ့တော့ပေ။
သူ့ဖခင်၏ကားထွက်သွားသည်နှင့် သူလည်းကုန်စုံဆိုင်ထဲမှအမြန်ဆုံးထွက်ပြီး တက္ကစီငှားကာ ကုမ္ပဏီကိုအမြန်ဆုံးသွားတော့သည်။
လင်အုပ်စု၏ဝန်ထမ်းများမှာ သူတို့၏ဥက္ကဌက အိမ်နေရင်းအဝတ်များဖြင့် အလုပ်ကိုရောက်လာသဖြင့် ထိတ်လန့်သွားကြပြီး ပြောစရာစကားမဲ့သွားခဲ့ကြရသည်။ အဲတာထက် ဘာလို့သူ့ခြေထောက်တွေမှာတောင် slippers (အိမ်တွင်းစီးဖိနပ်ပါး)ကို စီးထားရတာတုန်းလို့။
အတိအကျကဘာလဲ... ဘာတွေဖြစ်နေတာလဲ။
လင်ကျန်းရီက သူ၏သီးသန့်ဓာတ်လှေကားထဲကိုဝင်သွားပြီး သူ့ရုံးခန်းရှိသည့် အထပ်ကိုနှိပ်လိုက်ကာ အတားအဆီးမရှိ ရောက်သွားခဲ့သည်။
သူ့ရုံးခန်းထဲမှာ သူအလုပ်ကိစ္စဆွေးနွေးလေ့ရှိသည့် နားနေခန်းရှိလေသည်။ လင်ကျန်းရီက နားနေခန်းထဲကိုဝင်သွားလိုက်ပြီး သူ၏ကိုယ်ပိုင်ရုံးခန်းထဲကို တိုက်ရိုက်ဝင်သွားကာ ဝတ်စုံလဲလိုက်သည်။
သူကသူစီးထားတဲ့ အကောင်ပေါက်လေးရဲ့အိမ်က ဖိနပ်ပါးလေးတွေကို ရှူးဖိနပ်တွေနှင့် လဲပြီးမစီးခင်တစ်ချက်ငုံ့ကြည့်ကာ ရယ်လိုက်သည်။
ထို့နောက်သူက နက်ခ်တိုင်ကို တင်းကြပ်စွာချည်လိုက်ပြီး သိပ်မကြာမီက ဝတ်ထားခဲ့သည့် အဝတ်များနှင့်ဖိနပ်ကို ဗီရိုထဲထိုးထည့်ပြီးမှ သူ့ကိုယ်ပိုင်ရုံးတွင်းအခန်းထဲကထွက်ပြီး ပြင်ပအဓိကရုံးခန်းထဲရှိ ထိုင်ခုံတွင်ထိုင်လိုက်သည်။
သူကစာရွက်စာတမ်းအချို့ကိုပင် ဖတ်နေသယောင်ဟန်ဆောင်ခဲ့ပြီး ကွန်ပျူတာကိုတော့ ဖွင့်မထားခဲ့ပေ။
အဆောက်အဦးအောက်တွင် ပါပါးလင်နှင့် မားမားလင်တို့ပါလာသည့်ကားလေးက ဖြည်းညင်းစွာရပ်သွားသည်။
"အာ ဘာလို့ကားက ကျန်းကျန်းရဲ့ကုမ္ပဏီမှာ ရပ်သွားရတာလဲ မဟုတ်မှ သူကြိုက်နေတဲ့လူက ကုမ္ပဏီဝန်ထမ်းတွေထဲများလား.."
မာမားလင်က ဦးလေးလီ food boxအကြီးကြီးကိုသယ်ပြီး ခပ်မြန်မြန်ပင် ပထမထပ်ရှိ ဧည့်ကြိုကောင်တာထဲဝင်သွားတာကို တွေ့လိုက်ရသည်။
"တက်ကြည့်ချင်သေးလား"
ပါပါးလင်ကမေးပြီးမှ သူ့စိတ်ကိုချက်ချင်းပြန်ပြောင်းလိုက်သည်။
"ကိုယ်တို့သားကအမြဲလိုလို ပုဂ္ဂိုလ်ရေးနဲ့စီးပွားရေး (အလုပ်နဲ့ကိုယ်ရေးကိုယ်တာ)ကြားက ခြားနားချက်ကို ရှင်းရှင်းလင်းလင်း လုပ်နေကျပါ သူကရုံးမှာတော့ *ရွှေစံအိမ်မှာ သခင်မလေးကိုဖွက်ထား*တဲ့အလုပ်မျိုးလုပ်မယ့်လူမဟုတ်ပါဘူး ကြည့်ရတာ မာမားကျန်းရဲ့လက်ရာကို ကုမ္ပဏီမှာစားချင်လို့ဖြစ်နိုင်တာပဲမလား"
"အင်း ရှင်ပြောတဲ့စကားက အဓိပ္ပါယ်ရှိတယ် ကျွန်မတို့သူ့ကိုစုံစမ်းဖို့ ဦးလေးလီနောက်က ခိုးလိုက်မှန်းသာသိရင် သူစိတ်ဆိုးလိမ့်မယ် လာပါ ပြန်ကြတာပေါ့ သူတို့ရှင်းရှင်းလင်းလင်းဖြစ်မှ သူ့ဇနီးလေးကို အိမ်ခေါ်လာပြီး မိတ်ဆက်ပေးတဲ့အထိ စောင့်ကြတာပေါ့..."
"အင်း.. ဒါပေမယ့် ကိုယ်တို့အခုလိုအတူအပြင်ထွက်ရတာရှားတယ် မိန်းမရေ ကိုယ်မင်းရှောပင်းထွက်တာ လိုက်ပေးမယ်လေ"
ပါပါးလင်က ရုတ်တရက် ပြောလာသည်။
"အား... တကယ်လား ယောက်ျားရှင်ကအရမ်းကြင်နာတတ်တာပဲ.."
မာမားလင်၏မျက်နှာတွင် ပျော်ရွှင်မှုတို့ဖြင့်ပြည့်နေ၏။
"ကိုယ်တို့ဈေးဝယ်မထွက်ခင် အရင်ဆုံး နေ့လည်စာစားကြတာပေါ့ ကိုယ့်မိန်းမ ဘာစားချင်လဲ"
"အင်.. ဒီနေ့အတွက်တော့ ပြင်သစ်ဟင်းလျာစားမယ်"
"ရစေရမယ်ဗျာ..."
လင်ဇနီးမောင်နှံနှစ်ဦးက အလျင်အမြန်ပင် သူတို့*date*လုပ်ဖို့ကို ဆွေးနွေးပြီး ထွက်သွားကြသည်။
ထိုအချိန်၌ လင်ကျန်းရီမှာ ဦးလေးလီကိုစစ်မေးနေတုန်းပင်။
"ဦးလေးလီ ဘယ်လိုဖြစ်သွားပြီလဲ ခင်များရောက်ပြီလား"
"ရောက်ပြီ အခုပဲlobbyထဲဝင်လာခဲ့တာ"
"ပါးရော ဦးလေးနောက်ကလိုက်လာသေးလား"
"အင်း လိုက်လာခဲ့သေးတယ် ဒါပေမယ့် ခုလေးတင်ပဲ ထွက်သွားပြီ"
"ဘာကြီး"
လင်ကျန်းရီမှာ အံ့သြသွားရသည်။ သူကမျက်နှာကျက်မှသည် ကြမ်းပြင်အထိရှည်လျားပြီးကြီးမားသည့် ပြတင်းပေါက်အနားသွားလိုက်ပြီး ငုံ့ကြည့်လိုက်သည်။
သေချာပေါက်ကို ရင်းနှီးနေသည့်ကားလေးက ဦးတည်ရာပြောင်းပြီး လမ်းဘက်ကိုလှည့်ကာ ထွက်သွားချေပြီ။
"ဟူး一"
လင်ကျန်းရီက စိတ်သက်သာရာရသွားပြီး သက်ပြင်းကိုမှုတ်ထုတ်လိုက်သည်။
အဲ့ဒီ့နှစ်ယောက်ကတော့လေ။ လူကိုဘယ်လိုနှိပ်စက်ရမလဲတကယ်သိတာပဲ အား...
ကံကောင်း၍ သူကြောက်နေခဲ့ပေမယ့် အန္တရာယ်တော့မရှိခဲ့ချေ။ များသောအားဖြင့် သူတော့ဖော်ထုတ်ခံရပြီလို့သာတွေးနေရင်း တစ်လမ်းလုံးပူပန်ကာ စိတ်လှုပ်ရှားနေခဲ့ရသည်။
သူက ကျစ်ယန်ကို သူ့မိဘတွေနှင့်မိတ်မဆက်ပေးချင်လို့မဟုတ်ပေ။ သို့ပေမယ့် အချိန်မကျသေးသလို သူကလည်း ကျစ်ယန်ကို မသိမ်းသွင်းနိုင်သေးချေ။
သူသာအခုချက်ချင်း သူ့မိဘတွေနှင့် ကျစ်ယန်ကို ပေးတွေ့လိုက်လျှင် (preg timeမို့) အထိမခံသည့်ကောင်လေးကို လန့်သွားအောင် ခြောက်လှန့်မိသွားနိုင်သည်။
ရုတ်တရက် သူ့ရုံးခန်းတံခါးကို ခေါက်လိုက်သံကို ကြားလိုက်ရသည်။ အဲဒါက သူ့အတွင်းရေးမှူးကျန့်ချင်းဖြစ်သည်။ တံခါးခေါက်သံနှင့်အတူ မေးသံကိုပါကြားလိုက်ရသည်။
"ဥက္ကဌလင် မစ္စတာလီဆိုတဲ့လူတစ်ဦးရောက်နေပါတယ် သူရှင့်ကိုလာရှာတာပါတဲ့ ဝင်ခွင့်ပေးလိုက်ရမလားရှင့်.."
"ဝင်လာခဲ့..."
လင်ကျန်းရီက သူ့မျက်နှာထားကိုပြင်ပြီး အေးတိအေးစက်အသံပေါက်အောင်လုပ်ကာ ပြောလိုက်သည်။
ကျန့်ချင်းက လူတစ်ယောက်ကို လင်ကျန်းရီရဲ့ရုံးခန်းထဲ ဦးဆောင်၍ခေါ်လာသည်။ ယခုဆိုရင်ဖြင့် ဥက္ကဌဟာ ဝတ်စုံဖြင့်ဖြစ်နေပြီး သူမကိုကြောက်ရွံ့စေသည်။
သူမရဲ့ဥက္ကဌကြီးသည် အင်မတန်မှအေးတိအေးစက်နိုင်ပြီး လျစ်လျူရှုတတ်သူကြီးဖြစ်သည်။
သူ့ကိုအခုလို ကြောက်လန့်တုန်လှုပ်ပြီးပြာယာခတ်နေတာကို မြင်ရတာ ဒီတစ်ကြိမ်ကပထမဆုံးဖြစ်သည်။
သူကအိမ်နေရင်းအဝတ်အစားများဖြင့်ပင် ရုံးတက်လိုက်သေးသည်။ သူ့ကောင်မလေးအိမ်ကနေ အလုပ်ကိုတန်းလာလာတာများ ဖြစ်နိုင်သလား။
"ဦးလေးလီ ထိုင်ပါဦး..."
လင်ကျန်းရီက အမိန့်ပေးလိုက်သည်။
"ရှာင်ချင်း ကော်ဖီတစ်ခွက်ဖျော်လာခဲ့ .."
"ဟုတ်ကဲ့ပါ"
ကျန့်ချင်းထွက်သွားပြီးနောက် လင်ကျန်းရီက အလောတကြီးပြောလာသည်။
"ဦးလေးလီ ဘာတွေဖြစ်နေတာလဲ"
"ဦးလေးလည်းမသိဘူး မင်းဖုန်းဆက်မှ သခင်ကြီးရဲ့ကားလိုက်လာမှန်း ဦးလေးသိတာ တကယ်လန့်သွားတာပဲ"
"ကြည့်ရတာ မားပဲဖြစ်ရမယ် သူကသူများဖုန်းထဲကစာတွေ ခိုးပြီးစပ်စုရတာကို အသေကြိုက်တာလေ"
လင်ကျန်းရီက ခန့်မှန်းလိုက်ပြီး ဦးလေးလီအနားက Food bookကိုယူဖို့သွားလိုက်လေသည်။
"ခုလိုပတ်လည်ရိုက်သွားအောင်မောင်းခိုင်းလိုက်ရလို့ ဦးလေးကိုတောင်းပန်ပါတယ်"
"ရပါတယ် အဲ့လောက်ထိမဝေးပါဘူး လောလောဆယ် ခိုင်းစရာမရှိတော့လေ ဦးလေးအလုပ်လုပ်ဖို့ပြန်သွားတော့မယ်"
ဦးလေးလီက သူ့ခြေထောက်တွေကို ကြွလိုက်သည်။
"အာ... မသွားပါနဲ့ဦး ဦးလေးလီရာ မသွားခင် ဘာလို့ ကော်ဖီလေးတောင်မသောက်သွားရတာလဲ"
"မလိုပါဘူးကွာ မင်းလည်းကြာကြာထိုင်လို့မရတာသိပါတယ် ဟားဟား လူငယ်ဖြစ်ရတာ တကယ်ကောင်းတာပဲ"
ဦးလေးလီက လင်ကျန်းရီခဏခဏနာရီကြည့်နေတာကို သတိထားမိပြီး မစနောက်ဘဲ မနေနိုင်ခဲ့ချေ။ သူကတံခါးကိုမဖွင့်ခင် လက်သီးဆုပ်ကာမြှောက်လိုက်ပြီး ပြောခဲ့သည်။
"ကြိုးစားထား!"
(All the best-အားလုံးအကောင်းဆုံးဖြစ်ပါစေလို့ ရေးထားပေမယ့် အခြေအနေနဲ့လိုက်အောင် ခြူးက အခုလိုပဲပြန်လိုက်ပါတယ် နောက်လည်း ဒီလိုပြင်ရေးတာတွေပါလာနိုင်လို့ပါ ဖတ်ရမထောက်လောက်ဘူးမလား)
ကျန့်ချင်းကော်ဖီဖျော်ပြီးသည့်အခါ သူ(ဦးလေးလီ)ထွက်လာတာနှင့်တိုးတော့သည်။ သူမကမနေနိုင်မထိုင်မေးလိုက်၏။
"မစ္စတာလီပြန်တော့မှာလား"
"အင်း ဟုတ်တယ် မင်းကိုဒုက္ခပေးမိပြီပဲကလေးမ ကော်ဖီကို မင်းပဲသောက်လိုက်တော့"
သူကလက်ကိုဝေ့ယမ်းကာ နှုတ်ဆက်ပြီး ဓာတ်လှေကားထဲဝင်ကာ ထွက်သွားတော့သည်။
ကျန့်ချင်းသက်ပြင်းချလိုက်ပြီး သူမစားပွဲပေါ် စာရွက်အထပ်လိုက်ကြီးကို ပြန်ကြည့်လိုက်သည်။ သူမက ကော်ဖီခွက်ကိုချလိုက်ကာ စာရွက်ပုံကြီးကိုပွေ့လျက် တံခါးကိုခေါက်လိုက်၏။
လင်ကျန်းရီက သူလဲခဲ့သည့်အိမ်နေရင်းအဝတ်များကို အိတ်တစ်လုံးထဲ ထည့်သိမ်းနေတာဖြစ်သည်။ သူအိမ်ပြန်သည့်အခါ ထိုအဝတ်များကို ပြန်လဲရန်လိုအပ်သည်။
သူအမြဲ Suitကိုပဲဝတ်ထားမနေနိုင်ဘူးလေ။ သူလုပ်လို့ရနိုင်လို့လား...
တံခါးခေါက်သံကိုကြားပြီးနောက် လင်ကျန်းရီကဧည့်ခန်းထဲကထွက်လာပြီး တံခါးကိုဖွင့်လိုက်သည်။
"ဦးလေးလီ ဘာဖြစ်လို့လဲ "
ထိုနာမည်ကိုခေါ်ပြီးမှ တံခါးရှေ့မှာရပ်နေတာက ကျန့်ချင်းဆိုတာ သူသတိထားမိသွားခဲ့သည်။ ကျန့်ချင်းမှာ ကျောက်ရုပ်ပမာဖြစ်သွားခဲ့ရသည်။
"ရှောင်ချင်းလား အိုး ဒါနဲ့ ကော်ဖီဖျော်စရာမလိုတော့ဘူး သူလည်းထွက်သွားပြီ ငါလည်းသွားတော့မှာ တစ်ယောက်ယောက်ငါ့ကိုမေးရင် ငြင်းသာလွှတ်လိုက် ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဘယ်လိုဆွေးနွေးစရာတွေကိုမဆို ရက်သာရွှေ့ထားလိုက်"
"ဥက္ကဌလင် ရှင်အလုပ်များနေရင်တောင် အနည်းဆုံး ဒါလေးတွေကိုတော့လက်မှတ်ထိုးပေးခဲ့သင့်တယ် ဈေးကွက်စီးပွားရေးဌာနရယ် ဘဏ္ဍာရေးဌာနရယ် အရောင်းဌာနရယ်အားလုံးက ရှင်လက်မှတ်ထိုးပေးဖို့ပြောနေကြတယ် အဲလိုမှမဟုတ်ရင် သူတို့အလုပ်ဆက်လုပ်လို့ရမှာမဟုတ်ဘူး ရှင်အလုပ်မလာတာကြာနေပြီဆိုတော့ အလုပ်တွေလည်းပုံနေပြီ"
လင်ကျန်းရီက ကျန့်ချင်းလက်ထဲက စာရွက်အထပ်လိုက်ကြီးကိုကြည့်ပြီးပြောချင်ခဲ့သည်မှာ 'မင်းငါ့အစား လက်မှတ်ထိုးလို့ရတာပဲလေ'ဟူ၍။
သို့ပေမယ့် သူ့တာဝန်သိစိတ်က ထိုသို့တာဝန်မဲ့တဲ့အရာများကို လုပ်ဖို့ခွင့်မပြုချေ။ သူ့တွင်အပေးအယူလုပ်ဖို့ရာ ရွေးချယ်စရာမရှိသဖြင့် ပြောလိုက်ရသည်။
"ကောင်းပြီ ငါမသွားခင် လက်မှတ်ထိုးခဲ့ပါ့မယ်"
_ _ _ _ _ _ _ _ _ _
Translated by Chu Chu
နောက်ကျသွားလို့တကယ်အားနာပါတယ်ဘာဘီတို့ရေ မီ့အမှားပါ
_ _ _ _ _ _
(Zawgyi)
အခန္း ၄၅။ ျမင္သာေအာင္ျပမိေတာ့မလို႔။
လင္က်န္းရီက သူ၏ဓားစြမ္းရည္ကို အေတာ္ၾကာေအာင္ ေလ့က်င့္ေနခဲ့သည္။ အခ်ိန္ေတြၾကာသြားတာကို သူသတိထားမိသြားခ်ိန္တြင္ သူကပင္မအိပ္ခန္းထဲက စုက်စ္ယန္ကို စစ္ေဆးဖို႔ျပန္သြားလိုက္သည္။
သူလုံးဝအိပ္ေမာက်ေနတာကိုေတြ႕ၿပီးမွ တံခါးကိုျငင္သာစြာပိတ္လိုက္ၿပီး အိမ္ေသာ့ကိုယူလိုက္သည္။ သူအိမ္ေရွ႕တံခါးမႀကီးကို မလိုအပ္တဲ့ဆူညံသံေတြမထြက္ရေအာင္ ဂ႐ုတစိုက္ဖြင့္ခဲ့သည္။
လင္က်န္းရီက ေအာက္ထပ္ကိုအမႈိက္ပစ္ဖို႔ႏွင့္ ဦးေလးလီလာပို႔ထားခဲ့သည့္ ေန႔လည္စာထမင္းဘူးကို ယူဖို႔ဆင္းသြားလိုက္သည္။
သူကအိမ္ယာရဲ႕အေရွ႕ဂိတ္အထိ ေပါ့ေပါ့ပါးပါးေလွ်ာက္လာခဲ့ေပမယ့္ ပတ္ဝန္းက်င္မွာဦးေလးလီကားရဲ႕အရိပ္အေယာင္ကိုပင္မျမင္ရေခ်။
လင္က်န္းရီက အိမ္ျပန္ေရာက္သည္ႏွင့္ စုက်စ္ယန္ကိုေခ်ာ့ျမဴဖို႔ အဆာေျပမုန္႔အခ်ိဳ႕ႏွင့္ အျခားအရာေတြကိုဝယ္ရန္အတြက္ ကုန္စုံဆိုင္ထဲကို သူ႔အလိုလိုဝင္သြားလိုက္သည္။
ဆိုင္ျပတင္းေပါက္မွတဆင့္ သူကရင္းႏွီးေနတဲ့ကားတစ္စီး တစ္ျဖည္းျဖည္းနီးလာတာကိုေတြ႕လိုက္ရသည္။လင္က်န္းရီက စင္တစ္ခုေနာက္မွာပုန္းလိုက္ၿပီး ေခါင္းအသာေဖာ္ကာ ေခ်ာင္းၾကည့္လိုက္သည္။
ထိုအရာကို အနည္းကပ္ၾကည့္ၿပီးသည့္ေနာက္တြင္ အဲဒါက သူ႔အေဖရဲ႕ကားဆိုတာ ေသခ်ာသြားခဲ့သည္။
သူတို႔က ဒီလိုေနရာကို ဘာလာလုပ္တာတုန္း...
ပတ္ဝန္းက်င္ကို ဂ႐ုတစိုက္ၾကည့္လိုက္ၿပီးသည့္အခါ ဦးေလးလီ၏ကားျဖတ္သြားတာကို ေတြ႕လိုက္ရသည္။
လင္က်န္းရီက သူ႔ဖုန္းကိုထုတ္ၿပီး ဦးေလးလီဆီေခၚလိုက္သည္။ တစ္ဖက္က ဖုန္းကိုင္သည္ႏွင့္ သူကေလသံေလးျဖင့္ေမးလိုက္သည္။
"ဦးေလးလီ ပါးကဦးေလးေနာက္ကို လိုက္လာတာလား..."
"မဟုတ္ပါဘူး အာ.. ဦးေလးကတစ္ေယာက္တည္းလာတာပါ..."
"ေနာက္ၾကည့္မွန္ကေန ျပန္ၾကည့္ဦး ဦးေလးကားရဲ႕ အေနာက္ကလိုက္ေနတဲ့ ပါးရဲ႕ကားကိုေတြ႕လိမ့္မယ္.."
သူ ဆက္ၿပီးေျပာလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ ဦးေလးရပ္ကြက္ထဲကိုမသြားနဲ႔ေတာ့ ဘယ္ကိုသြားရမလဲဆိုေတာ့ အမ္.. ကုမၸဏီကိုပဲတိုက္႐ိုက္သြားလိုက္ပါဦးေလး... ျပီးတာနဲ႔ကြၽန္ေတာ္လည္း႐ုံးကိုလာခဲ့မယ္ ဘာပဲျဖစ္ျဖစ္ပါ ပါးနဲ႔မားေမးရင္ ဦးေလးႀကိဳက္သလိုေျပာလို႔ရတယ္ အမွန္အတိုင္းသာမေျပာပါနဲ႔... ေနာ္ ဦးေလးလီ"
"ဒါျဖင့္လည္း ေကာင္းပါၿပီ..."
ဦးေလးလီက လင္က်န္းရီႀကီးျပင္းလာတဲ့တစ္ေလွ်ာက္လုံး အတူရွိေနခဲ့တာျဖစ္ၿပီး သားအရင္းႏွင့္မျခားခ်စ္ေလသည္။ ထို႔ေၾကာင့္ ဒီေလာက္ေလးလုပ္ေပးရတာက ကိစၥႀကီးမဟုတ္ေခ်။
လင္က်န္းရီကစိတ္သက္သာရာရသြားကာ သက္ျပင္းရႈိက္လိုက္ၿပီး ေနာက္ထက္ဘာကိုမွ အလုပ္ရႈပ္ခံၿပီး မဝယ္ႏိုင္ခဲ့ေတာ့ေပ။
သူ႔ဖခင္၏ကားထြက္သြားသည္ႏွင့္ သူလည္းကုန္စုံဆိုင္ထဲမွအျမန္ဆုံးထြက္ၿပီး တကၠစီငွားကာ ကုမၸဏီကိုအျမန္ဆုံးသြားေတာ့သည္။
လင္အုပ္စု၏ဝန္ထမ္းမ်ားမွာ သူတို႔၏ဥကၠဌက အိမ္ေနရင္းအဝတ္မ်ားျဖင့္ အလုပ္ကိုေရာက္လာသျဖင့္ ထိတ္လန္႔သြားၾကၿပီး ေျပာစရာစကားမဲ့သြားခဲ့ၾကရသည္။ အဲတာထက္ ဘာလို႔သူ႔ေျခေထာက္ေတြမွာေတာင္ slippers (အိမ္တြင္းစီးဖိနပ္ပါး)ကို စီးထားရတာတုန္းလို႔။
အတိအက်ကဘာလဲ... ဘာေတြျဖစ္ေနတာလဲ။
လင္က်န္းရီက သူ၏သီးသန္႔ဓာတ္ေလွကားထဲကိုဝင္သြားၿပီး သူ႔႐ုံးခန္းရွိသည့္ အထပ္ကိုႏွိပ္လိုက္ကာ အတားအဆီးမရွိ ေရာက္သြားခဲ့သည္။
သူ႔႐ုံးခန္းထဲမွာ သူအလုပ္ကိစၥေဆြးေႏြးေလ့ရွိသည့္ နားေနခန္းရွိေလသည္။ လင္က်န္းရီက နားေနခန္းထဲကိုဝင္သြားလိုက္ၿပီး သူ၏ကိုယ္ပိုင္႐ုံးခန္းထဲကို တိုက္႐ိုက္ဝင္သြားကာ ဝတ္စုံလဲလိုက္သည္။
သူကသူစီးထားတဲ့ အေကာင္ေပါက္ေလးရဲ႕အိမ္က ဖိနပ္ပါးေလးေတြကို ရွဴးဖိနပ္ေတြႏွင့္ လဲၿပီးမစီးခင္တစ္ခ်က္ငုံ႔ၾကည့္ကာ ရယ္လိုက္သည္။
ထို႔ေနာက္သူက နက္ခ္တိုင္ကို တင္းၾကပ္စြာခ်ည္လိုက္ၿပီး သိပ္မၾကာမီက ဝတ္ထားခဲ့သည့္ အဝတ္မ်ားႏွင့္ဖိနပ္ကို ဗီ႐ိုထဲထိုးထည့္ၿပီးမွ သူ႔ကိုယ္ပိုင္႐ုံးတြင္းအခန္းထဲကထြက္ၿပီး ျပင္ပအဓိက႐ုံးခန္းထဲရွိ ထိုင္ခုံတြင္ထိုင္လိုက္သည္။
သူကစာ႐ြက္စာတမ္းအခ်ိဳ႕ကိုပင္ ဖတ္ေနသေယာင္ဟန္ေဆာင္ခဲ့ၿပီး ကြန္ပ်ဴတာကိုေတာ့ ဖြင့္မထားခဲ့ေပ။
အေဆာက္အဦးေအာက္တြင္ ပါပါးလင္ႏွင့္ မားမားလင္တို႔ပါလာသည့္ကားေလးက ျဖည္းညင္းစြာရပ္သြားသည္။
"အာ ဘာလို႔ကားက က်န္းက်န္းရဲ႕ကုမၸဏီမွာ ရပ္သြားရတာလဲ မဟုတ္မွ သူႀကိဳက္ေနတဲ့လူက ကုမၸဏီဝန္ထမ္းေတြထဲမ်ားလား.."
မာမားလင္က ဦးေလးလီ food boxအႀကီးႀကီးကိုသယ္ၿပီး ခပ္ျမန္ျမန္ပင္ ပထမထပ္ရွိ ဧည့္ႀကိဳေကာင္တာထဲဝင္သြားတာကို ေတြ႕လိုက္ရသည္။
"တက္ၾကည့္ခ်င္ေသးလား"
ပါပါးလင္ကေမးၿပီးမွ သူ႔စိတ္ကိုခ်က္ခ်င္းျပန္ေျပာင္းလိုက္သည္။
"ကိုယ္တို႔သားကအၿမဲလိုလို ပုဂၢိဳလ္ေရးနဲ႔စီးပြားေရး (အလုပ္နဲ႔ကိုယ္ေရးကိုယ္တာ)ၾကားက ျခားနားခ်က္ကို ရွင္းရွင္းလင္းလင္း လုပ္ေနက်ပါ သူက႐ုံးမွာေတာ့ *ေ႐ႊစံအိမ္မွာ သခင္မေလးကိုဖြက္ထား*တဲ့အလုပ္မ်ိဳးလုပ္မယ့္လူမဟုတ္ပါဘူး ၾကည့္ရတာ မာမားက်န္းရဲ႕လက္ရာကို ကုမၸဏီမွာစားခ်င္လို႔ျဖစ္ႏိုင္တာပဲမလား"
"အင္း ရွင္ေျပာတဲ့စကားက အဓိပၸါယ္ရွိတယ္ ကြၽန္မတို႔သူ႔ကိုစုံစမ္းဖို႔ ဦးေလးလီေနာက္က ခိုးလိုက္မွန္းသာသိရင္ သူစိတ္ဆိုးလိမ့္မယ္ လာပါ ျပန္ၾကတာေပါ့ သူတို႔ရွင္းရွင္းလင္းလင္းျဖစ္မွ သူ႔ဇနီးေလးကို အိမ္ေခၚလာၿပီး မိတ္ဆက္ေပးတဲ့အထိ ေစာင့္ၾကတာေပါ့..."
"အင္း.. ဒါေပမယ့္ ကိုယ္တို႔အခုလိုအတူအျပင္ထြက္ရတာရွားတယ္ မိန္းမေရ ကိုယ္မင္းေရွာပင္းထြက္တာ လိုက္ေပးမယ္ေလ"
ပါပါးလင္က ႐ုတ္တရက္ ေျပာလာသည္။
"အား... တကယ္လား ေယာက္်ားရွင္ကအရမ္းၾကင္နာတတ္တာပဲ.."
မာမားလင္၏မ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈတို႔ျဖင့္ျပည့္ေန၏။
"ကိုယ္တို႔ေစ်းဝယ္မထြက္ခင္ အရင္ဆုံး ေန႔လည္စာစားၾကတာေပါ့ ကိုယ့္မိန္းမ ဘာစားခ်င္လဲ"
"အင္.. ဒီေန႔အတြက္ေတာ့ ျပင္သစ္ဟင္းလ်ာစားမယ္"
"ရေစရမယ္ဗ်ာ..."
လင္ဇနီးေမာင္ႏွံႏွစ္ဦးက အလ်င္အျမန္ပင္ သူတို႔*date*လုပ္ဖို႔ကို ေဆြးေႏြးၿပီး ထြက္သြားၾကသည္။
ထိုအခ်ိန္၌ လင္က်န္းရီမွာ ဦးေလးလီကိုစစ္ေမးေနတုန္းပင္။
"ဦးေလးလီ ဘယ္လိုျဖစ္သြားၿပီလဲ ခင္မ်ားေရာက္ၿပီလား"
"ေရာက္ၿပီ အခုပဲlobbyထဲဝင္လာခဲ့တာ"
"ပါးေရာ ဦးေလးေနာက္ကလိုက္လာေသးလား"
"အင္း လိုက္လာခဲ့ေသးတယ္ ဒါေပမယ့္ ခုေလးတင္ပဲ ထြက္သြားၿပီ"
"ဘာႀကီး"
လင္က်န္းရီမွာ အံ့ၾသသြားရသည္။ သူကမ်က္ႏွာက်က္မွသည္ ၾကမ္းျပင္အထိရွည္လ်ားၿပီးႀကီးမားသည့္ ျပတင္းေပါက္အနားသြားလိုက္ၿပီး ငုံ႔ၾကည့္လိုက္သည္။
ေသခ်ာေပါက္ကို ရင္းႏွီးေနသည့္ကားေလးက ဦးတည္ရာေျပာင္းၿပီး လမ္းဘက္ကိုလွည့္ကာ ထြက္သြားေခ်ၿပီ။
"ဟူး一"
လင္က်န္းရီက စိတ္သက္သာရာရသြားၿပီး သက္ျပင္းကိုမႈတ္ထုတ္လိုက္သည္။
အဲ့ဒီ့နွစ္ေယာက္ကေတာ့ေလ။ လူကိုဘယ္လိုႏွိပ္စက္ရမလဲတကယ္သိတာပဲ အား...
ကံေကာင္း၍ သူေၾကာက္ေနခဲ့ေပမယ့္ အႏၲရာယ္ေတာ့မရွိခဲ့ေခ်။ မ်ားေသာအားျဖင့္ သူေတာ့ေဖာ္ထုတ္ခံရၿပီလို႔သာေတြးေနရင္း တစ္လမ္းလုံးပူပန္ကာ စိတ္လႈပ္ရွားေနခဲ့ရသည္။
သူက က်စ္ယန္ကို သူ႔မိဘေတြႏွင့္မိတ္မဆက္ေပးခ်င္လို႔မဟုတ္ေပ။ သို႔ေပမယ့္ အခ်ိန္မက်ေသးသလို သူကလည္း က်စ္ယန္ကို မသိမ္းသြင္းႏိုင္ေသးေခ်။
သူသာအခုခ်က္ခ်င္း သူ႔မိဘေတြႏွင့္ က်စ္ယန္ကို ေပးေတြ႕လိုက္လွ်င္ (preg timeမို႔) အထိမခံသည့္ေကာင္ေလးကို လန္႔သြားေအာင္ ေျခာက္လွန္႔မိသြားႏိုင္သည္။
႐ုတ္တရက္ သူ႔႐ုံးခန္းတံခါးကို ေခါက္လိုက္သံကို ၾကားလိုက္ရသည္။ အဲဒါက သူ႔အတြင္းေရးမႉးက်န္႔ခ်င္းျဖစ္သည္။ တံခါးေခါက္သံႏွင့္အတူ ေမးသံကိုပါၾကားလိုက္ရသည္။
"ဥကၠဌလင္ မစၥတာလီဆိုတဲ့လူတစ္ဦးေရာက္ေနပါတယ္ သူရွင့္ကိုလာရွာတာပါတဲ့ ဝင္ခြင့္ေပးလိုက္ရမလားရွင့္.."
"ဝင္လာခဲ့..."
လင္က်န္းရီက သူ႔မ်က္ႏွာထားကိုျပင္ၿပီး ေအးတိေအးစက္အသံေပါက္ေအာင္လုပ္ကာ ေျပာလိုက္သည္။
က်န္႔ခ်င္းက လူတစ္ေယာက္ကို လင္က်န္းရီရဲ႕႐ုံးခန္းထဲ ဦးေဆာင္၍ေခၚလာသည္။ ယခုဆိုရင္ျဖင့္ ဥကၠဌဟာ ဝတ္စုံျဖင့္ျဖစ္ေနၿပီး သူမကိုေၾကာက္႐ြံ႕ေစသည္။
သူမရဲ႕ဥကၠဌႀကီးသည္ အင္မတန္မွေအးတိေအးစက္ႏိုင္ၿပီး လ်စ္လ်ဴရႈတတ္သူႀကီးျဖစ္သည္။
သူ႔ကိုအခုလို ေၾကာက္လန္႔တုန္လႈပ္ၿပီးျပာယာခတ္ေနတာကို ျမင္ရတာ ဒီတစ္ႀကိမ္ကပထမဆုံးျဖစ္သည္။
သူကအိမ္ေနရင္းအဝတ္အစားမ်ားျဖင့္ပင္ ႐ုံးတက္လိုက္ေသးသည္။ သူ႔ေကာင္မေလးအိမ္ကေန အလုပ္ကိုတန္းလာလာတာမ်ား ျဖစ္ႏိုင္သလား။
"ဦးေလးလီ ထိုင္ပါဦး..."
လင္က်န္းရီက အမိန္႔ေပးလိုက္သည္။
"ရွာင္ခ်င္း ေကာ္ဖီတစ္ခြက္ေဖ်ာ္လာခဲ့ .."
"ဟုတ္ကဲ့ပါ"
က်န္႔ခ်င္းထြက္သြားၿပီးေနာက္ လင္က်န္းရီက အေလာတႀကီးေျပာလာသည္။
"ဦးေလးလီ ဘာေတြျဖစ္ေနတာလဲ"
"ဦးေလးလည္းမသိဘူး မင္းဖုန္းဆက္မွ သခင္ႀကီးရဲ႕ကားလိုက္လာမွန္း ဦးေလးသိတာ တကယ္လန္႔သြားတာပဲ"
"ၾကည့္ရတာ မားပဲျဖစ္ရမယ္ သူကသူမ်ားဖုန္းထဲကစာေတြ ခိုးၿပီးစပ္စုရတာကို အေသႀကိဳက္တာေလ"
လင္က်န္းရီက ခန္႔မွန္းလိုက္ၿပီး ဦးေလးလီအနားက Food bookကိုယူဖို႔သြားလိုက္ေလသည္။
"ခုလိုပတ္လည္႐ိုက္သြားေအာင္ေမာင္းခိုင္းလိုက္ရလို႔ ဦးေလးကိုေတာင္းပန္ပါတယ္"
"ရပါတယ္ အဲ့ေလာက္ထိမေဝးပါဘူး ေလာေလာဆယ္ ခိုင္းစရာမရွိေတာ့ေလ ဦးေလးအလုပ္လုပ္ဖို႔ျပန္သြားေတာ့မယ္"
ဦးေလးလီက သူ႔ေျခေထာက္ေတြကို ႂကြလိုက္သည္။
"အာ... မသြားပါနဲ႔ဦး ဦးေလးလီရာ မသြားခင္ ဘာလို႔ ေကာ္ဖီေလးေတာင္မေသာက္သြားရတာလဲ"
"မလိုပါဘူးကြာ မင္းလည္းၾကာၾကာထိုင္လို႔မရတာသိပါတယ္ ဟားဟား လူငယ္ျဖစ္ရတာ တကယ္ေကာင္းတာပဲ"
ဦးေလးလီက လင္က်န္းရီခဏခဏနာရီၾကည့္ေနတာကို သတိထားမိၿပီး မစေနာက္ဘဲ မေနႏိုင္ခဲ့ေခ်။ သူကတံခါးကိုမဖြင့္ခင္ လက္သီးဆုပ္ကာေျမႇာက္လိုက္ၿပီး ေျပာခဲ့သည္။
"ႀကိဳးစားထား!"
(All the best-အားလုံးအေကာင္းဆုံးျဖစ္ပါေစလို႔ ေရးထားေပမယ့္ အေျခအေနနဲ႔လိုက္ေအာင္ ျခဴးက အခုလိုပဲျပန္လိုက္ပါတယ္ ေနာက္လည္း ဒီလိုျပင္ေရးတာေတြပါလာႏိုင္လို႔ပါ ဖတ္ရမေထာက္ေလာက္ဘူးမလား)
က်န္႔ခ်င္းေကာ္ဖီေဖ်ာ္ၿပီးသည့္အခါ သူ(ဦးေလးလီ)ထြက္လာတာႏွင့္တိုးေတာ့သည္။ သူမကမေနႏိုင္မထိုင္ေမးလိုက္၏။
"မစၥတာလီျပန္ေတာ့မွာလား"
"အင္း ဟုတ္တယ္ မင္းကိုဒုကၡေပးမိၿပီပဲကေလးမ ေကာ္ဖီကို မင္းပဲေသာက္လိုက္ေတာ့"
သူကလက္ကိုေဝ့ယမ္းကာ ႏႈတ္ဆက္ၿပီး ဓာတ္ေလွကားထဲဝင္ကာ ထြက္သြားေတာ့သည္။
က်န္႔ခ်င္းသက္ျပင္းခ်လိုက္ၿပီး သူမစားပြဲေပၚ စာ႐ြက္အထပ္လိုက္ႀကီးကို ျပန္ၾကည့္လိုက္သည္။ သူမက ေကာ္ဖီခြက္ကိုခ်လိုက္ကာ စာ႐ြက္ပုံႀကီးကိုေပြ႕လ်က္ တံခါးကိုေခါက္လိုက္၏။
လင္က်န္းရီက သူလဲခဲ့သည့္အိမ္ေနရင္းအဝတ္မ်ားကို အိတ္တစ္လုံးထဲ ထည့္သိမ္းေနတာျဖစ္သည္။ သူအိမ္ျပန္သည့္အခါ ထိုအဝတ္မ်ားကို ျပန္လဲရန္လိုအပ္သည္။
သူအၿမဲ Suitကိုပဲဝတ္ထားမေနႏိုင္ဘူးေလ။ သူလုပ္လို႔ရႏိုင္လို႔လား...
တံခါးေခါက္သံကိုၾကားၿပီးေနာက္ လင္က်န္းရီကဧည့္ခန္းထဲကထြက္လာၿပီး တံခါးကိုဖြင့္လိုက္သည္။
"ဦးေလးလီ ဘာျဖစ္လို႔လဲ "
ထိုနာမည္ကိုေခၚၿပီးမွ တံခါးေရွ႕မွာရပ္ေနတာက က်န္႔ခ်င္းဆိုတာ သူသတိထားမိသြားခဲ့သည္။ က်န္႔ခ်င္းမွာ ေက်ာက္႐ုပ္ပမာျဖစ္သြားခဲ့ရသည္။
"ေရွာင္ခ်င္းလား အိုး ဒါနဲ႔ ေကာ္ဖီေဖ်ာ္စရာမလိုေတာ့ဘူး သူလည္းထြက္သြားၿပီ ငါလည္းသြားေတာ့မွာ တစ္ေယာက္ေယာက္ငါ့ကိုေမးရင္ ျငင္းသာလႊတ္လိုက္ ပူးေပါင္းေဆာင္႐ြက္မႈေတြအတြက္ ဘယ္လိုေဆြးေႏြးစရာေတြကိုမဆို ရက္သာေ႐ႊ႕ထားလိုက္"
"ဥကၠဌလင္ ရွင္အလုပ္မ်ားေနရင္ေတာင္ အနည္းဆုံး ဒါေလးေတြကိုေတာ့လက္မွတ္ထိုးေပးခဲ့သင့္တယ္ ေစ်းကြက္စီးပြားေရးဌာနရယ္ ဘ႑ာေရးဌာနရယ္ အေရာင္းဌာနရယ္အားလုံးက ရွင္လက္မွတ္ထိုးေပးဖို႔ေျပာေနၾကတယ္ အဲလိုမွမဟုတ္ရင္ သူတို႔အလုပ္ဆက္လုပ္လို႔ရမွာမဟုတ္ဘူး ရွင္အလုပ္မလာတာၾကာေနၿပီဆိုေတာ့ အလုပ္ေတြလည္းပုံေနၿပီ"
လင္က်န္းရီက က်န္႔ခ်င္းလက္ထဲက စာ႐ြက္အထပ္လိုက္ႀကီးကိုၾကည့္ၿပီးေျပာခ်င္ခဲ့သည္မွာ 'မင္းငါ့အစား လက္မွတ္ထိုးလို႔ရတာပဲေလ'ဟူ၍။
သို႔ေပမယ့္ သူ႔တာဝန္သိစိတ္က ထိုသို႔တာဝန္မဲ့တဲ့အရာမ်ားကို လုပ္ဖို႔ခြင့္မျပဳေခ်။ သူ႔တြင္အေပးအယူလုပ္ဖို႔ရာ ေ႐ြးခ်ယ္စရာမရွိသျဖင့္ ေျပာလိုက္ရသည္။
"ေကာင္းၿပီ ငါမသြားခင္ လက္မွတ္ထိုးခဲ့ပါ့မယ္"
_ _ _ _ _ _ _ _ _ _
Translated by Chu Chu
ေနာက္က်သြားလို႔တကယ္အားနာပါတယ္ဘာဘီတို႔ေရ မီ့အမွားပါ
You are reading the story above: TeenFic.Net