Chapter 44 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း ၂၄။ အမျိုးသားနှစ်ယောက်ကြားကပါတ်သတ်မှု

လင်ကျန်းရီကသူ့ခေါင်းကို ခပ်မြန်မြန်ပင်ခါယမ်းလာသည်။

"ဟင့်အင်း ကိုယ်မင်းကိုစိုးရိမ်လို့... ဒေါက်တာပြောခဲ့တယ်လေ မင်းရဲ့ထူးခြားတဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံကြောင့် ကိုယ်ဝန်ဆောင်ကာလအတွင်း အန္တရာယ်ရှိနိုင်တယ်တဲ့ ဒါကြောင့်ကိုယ်ကအဲဒါကို အလေးပေးပြီးတွေးကြည့်တာပါ ဘာလို့များမင်းက..."

စုကျစ်ယန်က အေးစက်စွာပြုံးလိုက်သည်။

"ကျွန်တော်ခင်ဗျားကို အကြောင်းပြချက်မပေးခဲ့ဘူးလား ခင်ဗျားကမှမယုံခဲ့တာ"

စုကျစ်ယန်ရဲ့မျက်နှာပေးက ပိုပိုပြီးအေးစက်လာတာကိုကြည့်ပြီး လင်ကျန်းရီစိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။

Shit! သူ့မေးလိုက်တဲ့မေးခွန်းကြောင့် ကောင်းမွန်နေတဲ့အခြေအနေလေးက ဖျက်ဆီးခံလိုက်ရပြီ။

"စိတ်မဆိုးပါနဲ့ကွာ စိတ်မဆိုးပါနဲ့ အရင်ကမင်းပြောခဲ့တာကို ကိုယ်မှတ်မိပါတယ် ပြီးတော့ကိုယ်ယုံပါတယ်..."

ဘဝတစ်လျှောက်လုံးနေလာခဲ့တဲ့လင်ကျန်းရီနှင့်လက်ရှိကိုယ်က လုံးဝကိုကွာခြားသွားပြီ။ သူလုပ်ခဲ့သမျှက သူ့လုပ်နိုင်စွမ်းထက်ကျော်လွန်နေတာချည်းပဲ။

ရှင်းရှင်းပြောရရင် ကိုယ့်ဘဝတစ်လျှောက်လုံး မင်းအမိန့်ပေးတဲ့အတိုင်း မင်းဆန္ဒတွေကိုဖြည့်ဆည်းပေးပြီး မင်းကိုဘာမှမထိခိုက်စေရဘူး.. မင်းအပေါ်အမှားမလုပ်ဘူး ကိုယ်ကတိပေးတယ်...

"မင်းကိုယ်မင်း အရမ်းကာကွယ်ချင်နေတာတွေကိုလွှတ်ချပြီး ကိုယ့်ကိုဒီတစ်ကြိမ်လေးပဲယုံကြည်ပေးပါကွာ ဟုတ်ပြီလား..."

လင်ကျန်းရီမှာ အကူအညီမဲ့စွာဖြင့် ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ပြောမိမတတ်ပင်။

"ခင်ဗျားကို ဒီတစ်ကြိမ်မှာ ယုံပေးရမယ်လား"

စုကျစ်ယန်၏နှုတ်ခမ်းထောင့်လေးများက ကော့တက်သွားပြီး အဓိပ္ပါယ်ဖွင့်ရခက်သည့်အပြုံးတစ်ခုပေါ်လာသည်။

"ဒီဘဝမှာခင်ဗျားကိုထပ်ယုံရမယ်ဆို ကျွန်တော့်အသက်နဲ့လောင်းကြေးထပ်ရမှာ ခင်ဗျားအဲ့အတွက် တာဝန်ခံနိုင်ရဲ့လား"

"ဒါပေါ့... မင်းကိုယ့်ကိုယုံကြည်နေသရွေ့ ကိုယ်တာဝန်ခံနိုင်ပါတယ်"

လင်ကျန်းရီက ပြတ်ပြတ်သားသားပင် ဖြေလာသည်။

"ကျွန်တော်ခင်ဗျားကိုမယုံရင် ခင်များကိုအိမ်ထဲခြေတစ်လှမ်းချခွင့်တောင် ပေးမှာမဟုတ်ဘူး"

စုကျစ်ယန်က သူ့ကိုခဏမျှကြည့်ပြီး စိတ်သက်သာရာရသွားသည်။ သူကလင်ကျန်းရီရဲ့ထွေးပွေ့မှုကြား ပြန်ရောက်သွားပြီး သူ့ဗိုက်ကလေးကို အသာအယာပွတ်နေလိုက်သည်။

"ဘာပဲဖြစ်ဖြစ်ပါ ကလေးကိုဘေးကင်းကင်းနဲ့ မွေးနိုင်မမွေးနိုင်ဆိုတာက ကျွန်တော်တတ်နိုင်တဲ့အရာမှမဟုတ်တာ အားလုံးကဘုရားသခင်ရဲ့အလိုအတိုင်းပါပဲ"

သူခက်ခက်ခဲခဲကြိုးစားတည်ဆောင်ထားတဲ့ဆက်ဆံရေးက လေထဲကမီးခိုးငွေ့တွေလို ပျောက်ကွယ်လုလုဖြစ်သွားသဖြင့် ထိတ်လန့်သွားရကား လင်ကျန်းရီမှာဘာကိုမှထပ်ပြီး လက်လွတ်စပယ်မပြောရဲတော့ပေ။

သူကသူ့ကိုပွေ့ဖက်ထားဖို့သာ ဆုံးဖြတ်လိုက်ပြီး တိုးညှင်းလှတဲ့ကြားရရုံလေသံလေးဖြင့် ပြောလိုက်သည်။

"အဆင်ပြေသွားမှာပါ..."

ဒီနေ့ခေတ်နည်းပညာတွေက အလွန်တိုးတက်နေပေပြီ။ ကလေးကိုမွေးဖို့ခက်ခဲမယ်ဆိုရင်တောင် သူတို့မှာခွဲမွေးလို့ရနေသေးတာပဲ။ ဘာပဲဖြစ်ဖြစ် သူနဲ့ကလေးလေးကို ဘာမှဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။

"အဲဒါထက် ခင်ဗျားကျွန်တော်နဲ့တစ်နေ့လုံး လာအချိန်ဖြုန်းနေတော့ အလုပ်မရှိလို့လား..."

စုကျစ်ယန်က သူတို့လက်ရှိပြောနေတဲ့အကြောင်းအရာက ဖိအားများသလိုခံစားရပြီး အခြားခေါင်းစဉ်ကို ပြောင်းလဲလိုက်သည်။

သူ့နောက်ကနေ စောင်နဲ့အတူထွေးဖက်ထားတဲ့လင်ကျန်းရီကဖြေသည်။

"ဟင့်အင်း အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေအတွက်ဆိုရင်တော့ ကိုယ်သွားပေမယ့် ပုံမှန်အားဖြင့် ကိုယ်အလုပ်မသွားဘူး..."

"မကောင်းဆိုးဝါးအရင်းရှင်တွေပဲ..."

စုကျစ်ယန်ကခပ်တိုးတိုးပြောပြီး လှောင်ပြောင်လိုက်သည်။

လင်ကျန်းရီက ရယ်မောလိုက်ပြီး သူ့ကိုစိတ်ချရတဲ့ ဆေးတစ်လုံးပေးလိုက်သည်။
[[E/N- ထပ်ရှင်းရရင် စိတ်သက်သာရာရအောင်တိုက်တဲ့ဆေးပါ]]
(တစ်ကယ့်ဆေးမဟုတ်ပါဘူး။ စုကျစ်ယန်ပျော်လာအောင် ကျန်းရီပြောပေးတဲ့စကားပါ။ အောက်ကစကားတွေပေါ့)

"ကိုယ်တစ်နှစ်လောက်အလုပ်မသွားရင်တောင် မင်းအတွက်ငွေသုံးနိုင်သေးလို့ စိတ်ချလက်ချနေလို့ရတယ် နောက်ပိုင်းအတွက် အဝတ်အစားနဲ့စားသောက်စရိတ်အားလုံးကို ကိုယ်တာဝန်ယူမှာမို့ မင်းယဉ်ကျေးပြနေစရာမလိုပါဘူး..."

"ဘယ်သူကခင်များကိုယဉ်ကျေးပြနေလို့လဲ.."

စုကျစ်ယန်က သူ့ကိုတစ်ချက်မျှ မျက်လုံးလှန်ကာကြည့်လိုက်သည်။

"ခင်ဗျားငွေတွေ အများကြီးကို သုံးပစ်ဦးမယ် အဲ့ကျမှ ခုလိုဘဝင်မြင့်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့ "

"ကျစ်ယန် တကယ်တမ်း မင်းကအားကျနေတာပဲ ဟုတ်တယ်မလား..."

လင်ကျန်းရီက စနောက်လိုက်ပေမယ့် သူ့ခေါင်းလေးမှုတ်ထုတ်ခံလိုက်ရမှာကိုလည်း စိုးရိမ်နေပြီး ထပ်ပြောလိုက်သည်။
(ခေါင်းကိုမှုတ်ထုတ်တယ်ဆိုတာ အိမ်ပြင်အထုတ်ခံရတာကိုဆိုလိုတာထင်ပါတယ်)

"စိတ်မပူပါနဲ့ အခုဆို မင်းလည်းသူများအားကျခံရမယ့်လူဖြစ်လာပါပြီ ကိုယ့်လိုလူကောင်းလေးက မင်းကိုဂရုစိုက်ပေးနေတယ်လေ ပြီးတော့ကိုယ့်လစာတွေအားလုံး မင်းကိုအပ်တဲ့အချိန်ဆို သူတို့တွေမနာလိုလွန်းလို့ မျက်လုံးတွေတောင် နီရဲလာမှာ"

"ကျစ် ဘယ်သူကခင်ဗျားယောက်ျားလုပ်ပါ့မယ်လို့ လက်ခံလိုက်လို့လဲ ခင်ဗျားက အကဲခတ်တဲ့အဆင့်ကိုတောင်မကျော်နိူင်တာကို ခင်ဗျားကိုကျွန်တော့်ကောင်လေးလို့တောင် သတ်မှတ်သေးတာမဟုတ်ဘူးနော်..."

စုကျစ်ယန်က လှောင်လိုက်ရင်း ချက်ချင်းခွန်းတုန့်ပြန်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လင်ကျန်းရီကတော့ အတည်မမှတ်ယူပေ။

"ကိုယ်တို့မှာကလေးတောင်ရှိနေပြီကို မကြာခင်ကိုယ်တို့က အတူတူဖြစ်သွားတော့မှာ..."

"အဲဒါကအမှန်မဟုတ်ဘူး..."

စုကျစ်ယန်၏နားလေးများက အနည်းငယ်နီရဲလာသည့်တိုင် သူ့ပါးစပ်ကတော့ အမှန်အတိုင်းဝန်မခံသေးချေ။

လင်ကျန်းရီကသူ့မျက်နှာထားကိုမပြောင်းဘဲ ဖျော့တော့တဲ့အပြုံးတစ်ခုကိုသာပေးလိုက်သည်။

"ဒါဖြင့်လည်းစောင့်ကြည့်ပေါ့ မင်းကိုယ့်ကိုချစ်လာအောင်လုပ်မှာ..."

ပထမအကြိမ်တုန်းက ကားမတော်တဆမှုကိုပြန်တွေးရင်း စုကျစ်ယန်ဘာမှထပ်မပြောတော့ချေ။

ထိုအချိန်က သူ့ခံယူချက်ကလုံးဝခိုင်မာနေခဲ့သည်။ လင်ကျန်းရီက ထိုသို့ပင်တစ်ခုခုကိုပြောခဲ့သည်။ 'ကြည့်နေပါ မင်းကိုယ့်ကိုချစ်လာလိမ့်မယ်'ဆိုပြီးတော့ပေါ့။

သူကခုထပ်ပြီး ထိုအကြောင်းအရာကိုပဲထပ်ပြောလာပြန်ပါပြီ။ သူဘယ်အချိန်ထိများ အဲ့ဒါကိုထိန်းထားနိုင်မလဲ စိတ်ဝင်စားလှသည်။

"မင်းနေ့လည်စာ ဘာစားချင်လဲ"

လင်ကျန်းရီ သူ့လက်တွေကြားမှာအိပ်ပျော်လုလုဖြစ်နေသည့် စုကျစ်ယန်ကိုမေးလိုက်သည်။

"အင်း ငါးကြော်.."

စုကျစ်ယန်က ဇဝေဇဝါဖြင့်ပင် ဟင်းလျာနာမည်ကိုပြောလိုက်ပြီး တစ်ဖက်ကလော့ယန်လည်း ခုချိန်ဆို ချက်ပြုတ်လို့ပြီးလောက်ရောပေါ့ဟု တွေးလိုက်သည်။

သူ့ချက်ပြုတ်နည်းတွေက တကယ်ကိုမေ့ရခက်သည်။ ကံဆိုးချင်တော့ သူလည်း လင်ကျန်းရီ ငါးသေချာကြော်တတ်ရဲ့လားမသိပေ။

မနေ့ကသူချက်ခဲ့တဲ့ဟင်းလျာတွေက ကမ္ဘာကြီးရဲ့ဘယ်နေရာကများရလာသလဲမသိချေ။ အဲဒါတွေက အလွန်အမင်းအရသာရှိသည်။

ဒီလောက်အရသာရှိတဲ့အိမ်ချက်အရသာရနိုင်တဲ့ဆိုင်က များများစားစားမရှိချေ။

(ဒီနေရာမှာငါးကြော်က တရုတ်စတိုင်ငါးကြော်ပါ ကိုယ်တွေဆီကငါးချဉ်စပ်လိုမျိုး နောက်ပိုင်းမှာပုံထည့်ပေးမယ်နော်)

စုကျစ်ယန်က အိပ်ချင်ဟန်ဆောင်ပြီး လင်ကျန်းရီကို တိတ်တဆိတ်စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။

ခဏကြာပြီးနောက် လင်ကျန်းရီက စုကျစ်ယန်၏အသက်ရှူသံ ငြိမ်လာတာကို တွေ့လိုက်ရသည်။ သူက သူ့နှုတ်ခမ်းလေးကိုနမ်းလိုက်ပြီး ဂရုတစိုက်ဖြင့် အိပ်ယာပေါ်ချပေးကာ စောင်ခြုံပေးလိုက်သည်။ ထို့နောက် အခန်းထဲမှ ပေါ့ပါးစွာထွက်လာတော့၏။

အိပ်ယာပေါ်ကအမျိုးသားလေးက သူ့မျက်လုံးတွေကိုမဖွင့်မီမှာပင် ရှက်ရွံ့သွားရသည်။

စုကျစ်ယန်က သူ့လက်ကိုဆန့်ထုတ်ပြီး အနမ်းခံလိုက်ရသည့် နှုတ်ခမ်းထောင့်လေးကို ထိကြည့်လိုက်သည်။
သူကနှုတ်ခမ်းကိုစူလိုက်၏။

ဟမ့်... အဲ့ခွေးကောင်ကတော့ ဘယ်ကိုအခွင့်အရေးယူရမလဲဆိုတာ အရမ်းသိနေတော့တာပဲ...

သူကဖြည်းဖြည်းချင်းထထိုင်လိုက်ပြီး တိတ်တဆိတ်ထွက်ကာ ခိုးနားထောင်လိုက်သည်။

သေချာတာပေါ့။ အခန်းထဲကထွက်သွားတဲ့လင်ကျန်းရီက ဖုန်းတစ်ခုကိုခေါ်လိုက်သည်။

"ဟယ်လို မာမားကျန်းလား.. ဟဟ ကျွန်တော်ပါပဲ ... ဒီနေ့ငါးကြော်ပေးလို့ရမလား ပြီးတော့ တခြားငါးချိုချဉ်လေးရောပဲ ထပ်ပြီးအခြားအိမ်ချက်အရံဟင်းနှစ်မျိုးလောက်ပါ ပိုလုပ်ပေးပါ... ကောင်းပြီ အာ.. မာမားကျန်းဘာလုပ်နိုင်လဲဆိုတာ မာမားကျန်းသေချာသိပါတယ်.."

ဖြစ်နိုင်တာက ဖုန်းတစ်ဖက်ကအခြားလူက သူ့ကိုဟင်းချက်သင်မလား၊ မသင်ဘူးလားဟုမေးနေတာဖြစ်ကောင်းဖြစ်နိုင်သည်။ လင်ကျန်းရီကရှက်ဝဲဝဲဖြင့် ပြောသည်။

"အား.. အဲဒါက အာ... ကျွန်တော်ကအလှီးအချွတ်သင်လို့ပြီးကာစပဲရှိသေးတာလေ ကျွန်တော်အိမ်ပြန်လာတာနဲ့ မာမားကျန်းကိုသင်ခိုင်းမှာပါ အခုကတော့ အိမ်ပြန်လာဖို့နည်းနည်းကြာအုံးမယ် နည်းနည်းအလုပ်များနေလို့လေ..."

တစ်ဖက်ကတစ်ခုခုထပ်မေးနေပုံရသည်။ ဒီနှစ်ရက်အတွင်း သူထူးထူးဆန်းဆန်းပျော်နေတာကို မေးနေတာဖြစ်ကောင်းဖြစ်နိုင်၏။ လင်ကျန်းရီက ရယ်ပြီးဖြေသည်။

"ဟုတ်တယ် ကျွန်တော့်ဇနီးလေးကိုလိုက်နေတာလေ။ ကျွန်တော်အောင်မြင်သွားတာနဲ့ သူ့ကိုအိမ်ခေါ်လာပြီး မိတ်ဆက်ပေးပါ့မယ်။ ဒါပေမယ့်မာမားကျန်းရေ ဒါကိုပါးနဲ့မားကိုပေးမသိနဲ့နော် လျှို့ဝှက်ထားပေးပါ။ သူတို့သိသွားရင်လာရှုပ်ကြတော့မှာ။ အဲဒါဆို ကျွန်တော်ဆွဲဆောင်မှုရှိတာတွေကို ထုတ်ပြခွင့်ရမှာမဟုတ်တော့ဘူး..."

"ကောင်းပြီ မင်းအချစ်နဲ့ပတ်သက်ပြီး အလေးအနက်ဖြစ်နေတာကို မတွေ့ဖူးဘူး။ ဒီအဖွားကြီးကဘာမှမလုပ်နိုင်ပေမယ့် ချက်ပြုတ်ရာမှာတော့ တော်နေတုန်းပါပဲ... အသင့်ဖြစ်တာနဲ့ ဦးလေးလီကို မင်းဆီပို့ခိုင်းလိုက်မယ်..."

မာမားကျန်းကရယ်မောကာ ဖုန်းချလိုက်သည်။ သူကလက်ကို အေပရွန်နဲ့သုတ်လိုက်ပြီး မီးဖိုခန်းထဲဝင်သွားတော့သည်။

လင်ဗီလာရဲ့ထောင့်ချိုးလေးက ပါပါးလင်နှင့်မာမားလင်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ မာမားကျန်းဖုန်းပြောနေတာကို ခိုးနားထောင်နေကြတာဖြစ်ပြီး သေချာပေါက်ကို 'အချစ်'ဆိုတဲ့စကားလုံးကို ကြားလိုက်ရတာဖြစ်သည်။

"အချစ်ရေ ရှင်ရော ကျန်းကျန်းတော့ တကယ်ချစ်မိနေပြီလို့ထင်လား"

မာမားလင်က သူမ၏တစ်ဘဝလုံးစာလက်တွဲဖော်အား ဧည့်ခန်းဆီဆွဲခေါ်သွားပြီး သူမအသံကိုလျော့ချလိုက်သည်။ သူမအသံကတိုးနေပေမယ့် သူမအသံတွေမှာစိတ်လှုပ်ရှားမှုကိုတော့ မထိန်းချုပ်နိုင်သေးချေ။

လွန်ခဲ့တဲ့လအနည်းငယ်က ခွေးကောင်လေးနှင့်စုသခင်မလေးတို့ ပြဿနာများစွာဖြင့် ထိပ်တိုက်တွေ့ကြပြီးကတည်းက သူမနဲ့သူမချစ်လင်မှာ အိမ်ပြင်ကိုပင် မထွက်ရဲခဲ့ချေ။

လင်မိသားစုက အမြဲလိုလို လင်ကျန်းရီကိုထိန်းချုပ်ခြင်းမရှိ လွှတ်ပေးထားခဲ့ရကား အခုတော့အထိန်းအကွပ်မဲ့စွ။ လွတ်လပ်တာကိုကြိုက်သည့်ကျန်းရီမှာ လုံးဝကိုထိန်းချုပ်ရခက်နေတော့သည်။

စုမိသားစုတွေ သူမတို့အိမ်တံခါးကိုခေါက်ပြီး သူတို့သမီးလေးမှာ သူတို့သားရဲ့ကလေးကိုလွယ်ထားရပြီး တာဝန်ယူဖို့မပြောလာတဲ့နေ့အထိပေါ့လေ။ သူတို့နှစ်ဦးမှာ သူတို့သားက ဒီလိုတာဝန်မဲ့တဲ့အရာကိုလုပ်ခဲ့တဲ့အပေါ် အလွန်အံ့အားသင့်သွားခဲ့ရသည်။

မာမားလင်က ကလေးအလွန်ချစ်တတ်သူဖြစ်သည်။ ထိုအရာကိုကြားပြီးနောက် သူမအရင်လုပ်သည်မှာ အဆောတလျင်ပင် သူတို့ကိုကတိပေးလိုက်ပြီး သူ့မြေးလေးမွေးတဲ့အထိစောင့်ဖို့ပင်ဖြစ်သည်။

သို့ပေမယ့် ခွေးကောင်လေး(လင်ကျန်းရီ)က လက်ထပ်ဖို့ကိုငြင်းလိုက်ပြီး စေ့စပ်ဖို့ကိုတောင် လက်မခံခဲ့ချေ။
စုမိသားစုကမိန်းကလေးကလည်း ခေသူတော့မဟုတ်ချေ။

သူမကမီဒီယာတွေနှင့်ဆက်သွယ်ခဲ့ပြီး ကောလဟာလဖြန့်လိုက်၏။ သူမက သူတို့သားကလူထုရဲ့ဖိအားပေးမှုနှင့်ဆိုလျှင် သူမကိုလက်ခံလိမ့်မည်ဟု ထင်ခဲ့ပုံရသည်။

သူမနှင့်ပါပါးလင်က မြေးထိန်းဖို့ကို အေးဆေးစွာ စောင့်ဆိုင်းနိုင်ကြလိမ့်မည်။

ရလဒ်တွေကကောင်းခဲ့ပါသည်။ သူမတို့သားကလည်း အရူးမှမဟုတ်တာ.. ဘာအလီဘိုင်နဲ့လဲ ဘာDNAစစ်ချက်တဲ့လဲ...

သူကသာဓကများစွာဖြင့် စုမိသားစုဘာစကားမှထပ်မပြောနိုင်အောင်လုပ်ပစ်သည်။ ထိုအကြောင်းပြချက်ဖြင့်ပင် သူမတို့၏လုပ်ငန်းအဆက်အသွယ်များစွာ ဆုံးရှှုံးခဲ့ရသည်။

သို့ပေမယ့် သူမတို့သားကတော့ အဲဒါတွေကို စိတ်မဝင်စားဘဲ စကားအချို့ကိုသာပြောခဲ့သည်။

"မား မြေးထိန်းချင်လို့လား။ အဲဒီ့လောက်လွယ်မနေဘူး... လင်မိသားစုရဲ့မျိုးစေ့မဟုတ်တဲ့ကလေးကို ထိန်းရရင် မားလက်တွေပူနေမှာ မကြောက်ဘူးလား..."

သူကထိုစကားလေးနှစ်ခွန်းဖြင့် သူတို့ကိုနှစ်သိမ့်ပေးပြီး အိမ်ထဲကအေးဆေးသက်သာစွာပင် ထွက်သွားလိုက်သေးသည်။

ကျစ် - ဒီစောက်ကျင့်မကောင်းတဲ့ခွေးစုတ်ကလေးကတော့လေ!

သူမနှင့်ပါပါးလင်က ဒီခွေးကောင်လေးတော့ ချစ်မိဖို့မလွယ်သလို နောက်၂နှစ်အတွင်းမှာတောင်လက်ထပ်ဖို့မဖြစ်နိုင်ဟုထင်ခဲ့ကြသည်။သူမပျင်းလာသည့်အခါ ရှောပင်းထွက်လိမ့်မည်။

ပြီးနောက် ချက်စ်ကစားကာ ငါးဖမ်းထွက်တာဖြစ်ဖြစ် TVကြည့်တာဖြစ်ဖြစ် လုပ်နေရုံသာ။ အလွန်သနားစရာကောင်းသည့် အသက်ရှင်နေထိုင်နည်းပင်။

သို့ပေမယ့် လွန်ခဲ့တဲ့နှစ်ရက်က သူမတို့အိမ်ရဲ့စားတော်ကဲ မာမားကျန်းက တိတ်တခိုးဖုန်းပြောနေတာကို သူမကြားခဲ့သည်။

သူမက ဟင်းလျာအများကြီးကိုလုပ်ပြီး အိမ်ကယာဉ်မောင်းကို ပို့ခိုင်းလိုက်သည်။ အဲဒါတွေက သူမတို့သားအတွက်ဆိုတာကို သူမသိသည်။

ဒါပေမယ့်လည်း အဲ့ခွေးကောင်လေးက အိမ်မှာစားရတာမကြိုက်ဘူးမလား... ပြီးတော့ အဲ့ဟင်းတွေကလည်း သူ့အကြိုက်တွေမှမဟုတ်တာ...။

အခွင့်အရေးရချိန်မှာတော့ သူမတို့ထပ်မံ၍ခိုးနားထောင်ပြန်သည်။ ဒီလိုနဲ့ပဲ သူတို့ရဲ့သားက အပြင်ဘက်ကရွှေစံအိမ်မှာ သခင်မလေးတစ်ယောက်ကို ဖွက်ထားတယ်ဆိုတာ သိခဲ့ရသည်။

[[E/N- ရွှေစံအိမ်မှာဖွက်ထားတဲ့သခင်မလေး:; အဓိပ္ပါယ်က ချစ်ရသူအတွက် ပြင်ဆင်ပေးထားတဲ့အိမ်ပါ]]
(စုကျစ်ယန်ရဲ့အိမ်ကရွှေရောင်ဖြစ်နေတာမဟုတ်ဘူးနော် ချစ်လွန်းလို့ အိမ်မှာ သည်းသည်းလှုပ်ဂရုစိုက်ခံရတဲ့ဇနီးလေးဆိုတဲ့အဓိပ္ပါယ်မျိုးပါ)

အဲဒီ့နောက်သူက ထိုတစ်ယောက်ကိုစိတ်ကျေနပ်စေဖို့ သူ့ရဲ့ဂုဏ်သတင်းကိုပင် ပစ်ချထားဖို့တုံ့ဆိုင်းမနေပေ။

ပါပါးလင်တစ်ယောက် မာမားလင်ရဲ့အမေးစကားကိုကြားချိန်မှာ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"အမ်... ကိုယ်ထင်တာတော့ ဒီခန့်မှန်းချက်က ဖြစ်နိုင်လောက်တယ်"

"အာ... ယောက်ျားရေ ရှင်လည်းဒီလိုထင်တယ်ပေါ့"

မေမေလင်က စိတ်လှုပ်ရှားမှုတို့ပြည့်နေသည့် မျက်ဝန်းများဖြင့် ဆိုဖာပေါ်ထိုင်လိုက်သည်။

"ကျွန်မစူးစမ်းမိသလောက်ဆို ကျွန်မတို့ဒီလက်ထပ်မှုကိုခိုင်မြဲအောင်လုပ်ပေးနိုင်ရင်ရော..... ကျန်းကျန်းက တစ်ဖက်ကကလေးကို အရမ်းအပြစ်ရှာလွန်းတယ် တစ်ကယ်တမ်း ကျွန်မတော့ စုမိသားစုကအငယ်ဆုံးသမီးလေးက အရမ်းအရမ်းကြည့်လို့ကောင်းပြီး သူမရဲ့ဂုဏ်သိက္ခာနဲ့ဖြူစင်မှုကို ကျန်းကျန်းအတွက် ချနင်းဖို့ဝန်မလေးတဲ့သူလို့ထင်တယ်။ အသက်ငယ်ငယ်လေးနဲ့ ကလေးမွေးဖို့ဆန္ဒရှိတဲ့အပြင် လျှို့ဝှက်အစီအစဉ်တွေလဲ(စတော့ဈေးကွက်ဘာညာ) အများကြီးလုပ်နိုင်တယ် သူမက စီးပွားနယ်ပယ်မှာတော့ ကျန်းကျန်းအတွက် လက်ထောက်ကောင်းတစ်ယောက်ဖြစ်နိုင်တယ် ဘယ်လောက်တောင် ပြည့်စုံလိုက်သလဲ"

"လာစမ်းပါ... ညဘက်တခြားတစ်ယောက်နဲ့အတူအိပ်ဖို့ မကြောက်ဘူးမလား တစ်နေ့လုံး အကွက်ချနေတယ်ဆိုတာက မင်းကိုယ်တိုင်လဲ သူ(မ)အကွက်ချတာခံနေရတယ်ဆိုတာ မသိတာပဲကွ"

ပါပါးလင်ရဲ့စကားလုံးတွေထဲမှာ သူ့သားကဘာကြောင့် ဒီအမျိုးသမီးကိုငြင်းဆန်ရတယ်ဆိုတဲ့အကြောင်းပြချက်ကို ထင်ထင်ရှားရှားထောက်ပြလျက်ရှိသည်။ သိသိသာသာကိုပဲ သူကသူ့သားရဲ့ နည်းလမ်းကို သဘောတူနေခဲ့တာပင်။

မာမားလင်က သာမန်ကာလျှံကာပင် ဆိုဖာပေါ်လဲလျောင်းလိုက်ကာ သူမလက်ထဲက ရီမုကိုကိုင်ပြီး ဟိုရွှေ့သည်ရွှေ့လုပ်လိုက်သည်။

"အလိုအလျောက်သိစိတ်နဲ့လား ဒါကအရေးမကြီးပါဘူးရှင် အရေးကြီးတာက ကျွန်မတို့သား နောက်ဆုံးတော့ချစ်တတ်သွားပြီ အရမ်းပျော်တာပဲ... အား... ယောက်ျားရေ ဘယ်နေ့လောက် ကျွန်မတို့ရဲ့အနာဂတ်ချွေးမလောင်းလေးကို သွားခိုးကြည့်သင့်လဲ"

"...."

ပါပါးလင်က သူ့မိန်းမကိုကြည့်ကာ အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချသည်။

"ကိုယ်ကတော့ သားကသူ့ဘာသာ သူ့ဇနီးကိုခေါ်ပြီးလာပြတဲ့အထိ အိမ်မှာပဲစောင့်နေတာက မင်းအတွက် ပိုကောင်းမယ်ထင်တယ် ဘယ်ယောက္ခမက သူမရဲ့ဂုဏ်သိက္ခာဆုံးရှုံးသွားမှာကို မစိုးရိမ်ဘဲ ဆန္ဒတွေစောနေတာပါလိမ့်"

"ကျန်းကျန်းရဲ့နှလုံးသားကို ဘယ်သူကဆွဲဆောင်လိုက်နိုင်တယ်ဆိုတာ ရှင်မသိချင်ဘူးလား"

မာမားလင်က မျက်တောင်တဖျတ်ဖျတ်ခတ်ရင်းမေးသည်။ ပါပါးလင်ကတော့ သူ့ရဲ့သိချင်စိတ်ပြင်းပြမှုကိုဖိနှိပ်ကာ ဖြေသည်။

"မသိချင်ပါဘူး သူ့ဘာသာခေါ်လာပြပါစေ"

"ဒါပေမယ့် ကျွန်မသိချင်တယ်လို့ဆိုနေ...."

မာမားလင် ဂနာမငြိမ်ဖြစ်လာသည်။ သူမကထရပ်ကာ ဟိုဟိုသည်သည် ပတ်လျှောက်ရင်းပြောသည်။

"ခုချိန်မှာ အနာဂတ်ချွေးမလေးက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရနေလောက်ပြီလို့ ရှင်ထင်လား အာ... နောက်ဆုံးလက်ထပ်တာက ကျန်းကျန်းရဲ့တုံ့ပြန်မှုကို သန်မာစေတဲ့အပြင် ဒီမိန်းကလေးကို ရွှေစံအိမ်မှာဖွက်ထားရုံမကဘူး သားလေးတစ်ယောက်တောင်မှ ရနေပြီပေါ့"

အဲဒီ့နောက်မှာတော့ မာမားလင်က 'စဉ်းလဲသောအပြုံးနှင့် မတ်တပ်ရပ်နေသော' ပါပါးလင်ကိုကြည့်လိုက်သည်။

"ယောက်ျား... ရှင်မသိချင်ဘူးလို့ပြောပေမယ့် ရှင်တွေ့ချင်ရင်တွေ့လို့ရတာပဲ။ ရှင်'ဦးလေးလီ'နောက်ကို လိုက်လို့ရတယ်လေ"

ပါပါးလင်ရဲ့မျက်နှာထားက ပြောင်းလဲသွားကာ ဖုံးကွယ်ချင်ဟန်ဖြင့် အရှက်ပြေ ချောင်းနှစ်ခါဆိုးလိုက်သည်။

"ကိုယ် မင်းနဲ့မလိုက်လို့မရဘူးလား"

"ကျွန်မက taxiနဲ့သွားမှာ ရှင်မပါဘဲနဲ့လေ"

မာမားလင်က တမင်သက်သက်ပင် ပါပါးလင်၏ လိမ်ညာလိုသည့်သွင်ပြင်ကို ပျက်စီးသွားစေသည်။

"မင်းကတစ်ကယ်ပဲ ကိုယ့်ကိုအလွတ်မပေးဘူးပေါ့... တော်ပြီအိပ်ရာထဲပဲ ပြန်ဝင်တော့မယ်"

"မသွားနဲ့... အာ..."

မာမားလင်က ဆွဲထားသည်။

"ရှင်အိပ်မယ်ဆိုရင် ကျွန်မအတွက်ကားမောင်းပေးမဲ့သူမရှိဘူး သွားရအောင်"

ပါပါးလင်နှင့်မာမားလင်တို့ သူ့သားဖွက်ထားသည့် အနာဂတ်ချွေးမလေးကိုသွားကြည့်ရန် ဆွေးနွေးနေကြသလို အခြားတစ်ဖက်မှာတော့ လင်ကျန်းရီကဖုန်းချပြီးသည်နှင့် မီးဖိုခန်းဆီ ဟိတ်ဟန်ထုတ်ကာ ပြန်သွားတော့သည်။

သူ့ရဲ့အေပရွန်ကိုဝတ်ဆင်ပြီးနောက် အာလူးတစ်လုံးရှာကာ သူ့ရဲ့ဓားစွမ်းရည်လေ့ကျင့်ခြင်းအလုပ်ကို ဆက်လုပ်တော့သည်။

စုကျစ်ယန်က အိပ်ရာထဲ ပြန်လည်လဲလျောင်းရင်း မျက်နှာကြက်ကိုငေးကြည့်သည်။ အိမ်မှာကူညီချက်ပြုတ်ပေးဖို့ သူ့အဒေါ်ကိုခေါ်ခဲ့တာကို သူ့ဘာသာတွေးပြီးသိလိုက်သည်။

အရသာအရမ်းရှိနေတာကို အံ့သြနေစရာမလိုတော့ဘူးပဲ...

ဒါပေမယ့်လည်း စုကျစ်ယန်တစ်ယောက် မကြာမီပင် အခြားအရေးကြီးအရာတစ်ခုကို တွေးမိလိုက်သည်။ လင်ကျန်းရီက သူ့ကိုဒီနေရာမှာ သူ့(လင်ကျန်းရီ)မိဘတွေဆီက ပုန်းနေဖို့ပြောသည်။

သူ့ရှုထောင့်ကကြည့်လျှင် အမျိုးသားနှစ်ယောက်ကြားက ခံစားချက်တွေဟာ အထိမခံဖြစ်နေဆဲပင်။

Translated by chu chu.

_ _ _ _ _ _ _ _ _ _ _ _

(Zawgyi)

အခန္​း ၂၄။ အမ်ိဳးသားနွစ္​​ေယာက္​ၾကားကပါတ္​သတ္​မႈ

လင္က်န္းရီကသူ႔ေခါင္းကို ခပ္ျမန္ျမန္ပင္ခါယမ္းလာသည္။

"ဟင့္အင္း ကိုယ္မင္းကိုစိုးရိမ္လို႔... ေဒါက္တာေျပာခဲ့တယ္ေလ မင္းရဲ႕ထူးျခားတဲ့ကိုယ္ခႏၶာတည္ေဆာက္​ပုံေၾကာင့္ ကိုယ္ဝန္ေဆာင္ကာလအတြင္း အႏၲရာယ္ရွိႏိုင္တယ္တဲ့ ဒါေၾကာင့္ကိုယ္ကအဲဒါကို အေလးေပးၿပီးေတြးၾကည့္တာပါ ဘာလို႔မ်ားမင္းက..."

စုက်စ္ယန္က ေအးစက္စြာၿပဳံးလိုက္သည္။

"ကြၽန္ေတာ္ခင္ဗ်ားကို အေၾကာင္းျပခ်က္မေပးခဲ့ဘူးလား ခင္ဗ်ားကမွမယုံခဲ့တာ"

စုက်စ္ယန္ရဲ႕မ်က္ႏွာေပးက ပိုပိုၿပီးေအးစက္လာတာကိုၾကည့္ၿပီး လင္က်န္းရီစိတ္ထဲမွာ က်ိန္ဆဲလိုက္မိသည္။

Shit! သူ႔ေမးလိုက္တဲ့ေမးခြန္းေၾကာင့္ ေကာင္းမြန္ေနတဲ့အေျခအေနေလးက ဖ်က္ဆီးခံလိုက္ရၿပီ။

"စိတ္မဆိုးပါနဲ႔ကြာ စိတ္မဆိုးပါနဲ႔ အရင္ကမင္းေျပာခဲ့တာကို ကိုယ္မွတ္မိပါတယ္ ၿပီးေတာ့ကိုယ္ယုံပါတယ္..."

ဘဝတစ္ေလွ်ာက္လုံးေနလာခဲ့တဲ့လင္က်န္းရီႏွင့္လက္ရွိကိုယ္က လုံးဝကိုကြာျခားသြားၿပီ။ သူလုပ္ခဲ့သမွ်က သူ႔လုပ္ႏိုင္စြမ္းထက္ေက်ာ္လြန္ေနတာခ်ည္းပဲ။

ရွင္းရွင္းေျပာရရင္ ကိုယ့္ဘဝတစ္ေလွ်ာက္လုံး မင္းအမိန္႔ေပးတဲ့အတိုင္း မင္းဆႏၵေတြကိုျဖည့္ဆည္းေပးၿပီး မင္းကိုဘာမွမထိခိုက္ေစရဘူး.. မင္းအေပၚအမွားမလုပ္ဘူး ကိုယ္ကတိေပးတယ္...

"မင္းကိုယ္မင္း အရမ္းကာကြယ္ခ်င္ေနတာေတြကိုလႊတ္ခ်ၿပီး ကိုယ့္ကိုဒီတစ္ႀကိမ္ေလးပဲယုံၾကည္ေပးပါကြာ ဟုတ္ၿပီလား..."

လင္က်န္းရီမွာ အကူအညီမဲ့စြာျဖင့္ ေကာင္းကင္ကိုတိုင္တည္ၿပီး က်ိန္ေျပာမိမတတ္ပင္။

"ခင္​ဗ်ားကို ဒီတစ္ႀကိမ္မွာ ယုံေပးရမယ္လား"

စုက်စ္ယန္၏ႏႈတ္ခမ္းေထာင့္ေလးမ်ားက ေကာ့တက္သြားၿပီး အဓိပၸါယ္ဖြင့္ရခက္သည့္အၿပဳံးတစ္ခုေပၚလာသည္။

"ဒီဘဝမွာခင္ဗ်ားကိုထပ္ယုံရမယ္ဆို ကြၽန္ေတာ့္အသက္နဲ႔ေလာင္းေၾကးထပ္ရမွာ ခင္ဗ်ားအဲ့အတြက္ တာဝန္ခံႏိုင္ရဲ႕လား"

"ဒါေပါ့... မင္းကိုယ့္ကိုယုံၾကည္ေနသေ႐ြ႕ ကိုယ္တာဝန္ခံႏိုင္ပါတယ္"

လင္က်န္းရီက ျပတ္ျပတ္သားသားပင္ ေျဖလာသည္။

"ကြၽန္ေတာ္ခင္​ဗ်ားကိုမယုံရင္ ခင္မ်ားကိုအိမ္ထဲေျခတစ္လွမ္းခ်ခြင့္ေတာင္ ​ေပးမွာမဟုတ္ဘူး"

စုက်စ္ယန္က သူ႔ကိုခဏမွ်ၾကည့္ၿပီး စိတ္သက္သာရာရသြားသည္။ သူကလင္က်န္းရီရဲ႕ေထြးေပြ႕မႈၾကား ျပန္ေရာက္သြားၿပီး သူ႔ဗိုက္ကေလးကို အသာအယာပြတ္ေနလိုက္သည္။

"ဘာပဲျဖစ္ျဖစ္ပါ ကေလးကိုေဘးကင္းကင္းနဲ႔ ေမြးႏိုင္မေမြးႏိုင္ဆိုတာက ကြၽန္ေတာ္တတ္ႏိုင္တဲ့အရာမွမဟုတ္တာ အားလုံးကဘုရားသခင္ရဲ႕အလိုအတိုင္းပါပဲ"

သူခက္ခက္ခဲခဲႀကိဳးစားတည္ေဆာင္ထားတဲ့ဆက္ဆံေရးက ေလထဲကမီးခိုးေငြ႕ေတြလို ေပ်ာက္ကြယ္လုလုျဖစ္သြားသျဖင့္ ထိတ္လန္႔သြားရကား လင္က်န္းရီမွာဘာကိုမွထပ္ၿပီး လက္လြတ္စပယ္မေျပာရဲေတာ့ေပ။

သူကသူ႔ကိုေပြ႕ဖက္ထားဖို႔သာ ဆုံးျဖတ္လိုက္ၿပီး တိုးညႇင္းလွတဲ့ၾကားရ႐ုံေလသံေလးျဖင့္ ​ေျပာလိုက္သည္။

"အဆင္ေျပသြားမွာပါ..."

ဒီေန႔ေခတ္နည္းပညာေတြက အလြန္တိုးတက္ေနေပၿပီ။ ကေလးကိုေမြးဖို႔ခက္ခဲမယ္ဆိုရင္ေတာင္ သူတို႔မွာခြဲေမြးလို႔ရေနေသးတာပဲ။ ဘာပဲျဖစ္ျဖစ္ သူနဲ႔ကေလးေလးကို ဘာမွျဖစ္ခြင့္ေပးမွာမဟုတ္ဘူး။

"အဲဒါထက္ ခင္ဗ်ားကြၽန္ေတာ္နဲ႔တစ္ေန႔လုံး လာအခ်ိန္ျဖဳန္းေနေတာ့ အလုပ္မရွိလို႔လား..."

စုက်စ္ယန္က သူတို႔လက္ရွိေျပာေနတဲ့အေၾကာင္းအရာက ဖိအားမ်ားသလိုခံစားရၿပီး အျခားေခါင္းစဥ္ကို ေျပာင္းလဲလိုက္သည္။

သူ႔ေနာက္ကေန ေစာင္နဲ႔အတူေထြးဖက္ထားတဲ့လင္က်န္းရီက​ေျဖသည္​။

"ဟင့္အင္း အေရးႀကီးတဲ့ဆုံးျဖတ္ခ်က္ေတြအတြက္ဆိုရင္ေတာ့ ကိုယ္သြားေပမယ့္ ပုံမွန္အားျဖင့္ ကိုယ္အလုပ္မသြားဘူး..."

"မေကာင္းဆိုးဝါးအရင္းရွင္ေတြပဲ..."

စုက်စ္ယန္ကခပ္တိုးတိုးေျပာၿပီး ေလွာင္ေျပာင္လိုက္သည္။

လင္က်န္းရီက ရယ္ေမာလိုက္ၿပီး သူ႔ကိုစိတ္ခ်ရတဲ့ ​ေဆးတစ္လုံးေပးလိုက္သည္။
[[E/N- ထပ္ရွင္းရရင္ စိတ္သက္သာရာရေအာင္တိုက္တဲ့ေဆးပါ]]
(တစ္​ကယ္​့​ေဆးမဟုတ္​ပါဘူး။ စုက်စ္​ယန္​​ေပ်ာ္​လာ​ေအာင္​ က်န္​းရီ​ေျပာ​ေပးတဲ့စကားပါ။ ​ေအာက္​ကစကား​ေတြ​ေပါ့)

"ကိုယ္တစ္ႏွစ္ေလာက္အလုပ္မသြားရင္ေတာင္ မင္းအတြက္ေငြသုံးႏိုင္ေသးလို႔ စိတ္ခ်လက္ခ်ေနလို႔ရတယ္ ေနာက္ပိုင္းအတြက္ အဝတ္အစားနဲ႔စားေသာက္စရိတ္အားလုံးကို ကိုယ္တာဝန္ယူမွာမို႔ မင္းယဥ္ေက်းျပေနစရာမလိုပါဘူး..."

"ဘယ္သူကခင္မ်ားကိုယဥ္ေက်းျပေနလို႔လဲ.."

စုက်စ္ယန္က သူ႔ကိုတစ္ခ်က္မွ် မ်က္လုံးလွန္ကာၾကည့္လိုက္သည္​။

"ခင္ဗ်ား​ေငြေတြ အမ်ားႀကီးကို သုံးပစ္ဦးမယ္ အဲ့က်မွ ခုလိုဘဝင္ျမင့္ႏိုင္ဦးမလား ၾကည့္ၾကေသးတာေပါ့ "

"က်စ္ယန္ တကယ္တမ္း မင္းကအားက်ေနတာပဲ ဟုတ္တယ္မလား..."

လင္က်န္းရီက စေနာက္လိုက္ေပမယ့္ သူ႔ေခါင္းေလးမႈတ္ထုတ္ခံလိုက္ရမွာကိုလည္း စိုးရိမ္ေနၿပီး ထပ္ေျပာလိုက္သည္။
(ေခါင္းကိုမႈတ္ထုတ္တယ္ဆိုတာ အိမ္ျပင္အထုတ္ခံရတာကိုဆိုလိုတာထင္ပါတယ္)

"စိတ္မပူပါနဲ႔ အခုဆို မင္းလည္းသူမ်ားအားက်ခံရမယ့္လူျဖစ္လာပါၿပီ ကိုယ့္လိုလူေကာင္းေလးက မင္းကိုဂ႐ုစိုက္ေပးေနတယ္ေလ ၿပီးေတာ့ကိုယ့္လစာေတြအားလုံး မင္းကိုအပ္တဲ့အခ်ိန္ဆို သူတို႔ေတြမနာလိုလြန္းလို႔ မ်က္လုံးေတြေတာင္ နီရဲလာမွာ"

"က်စ္ ဘယ္သူကခင္ဗ်ားေယာက္်ားလုပ္ပါ့မယ္လို႔ လက္ခံလိုက္လို႔လဲ ခင္ဗ်ားက အကဲခတ္တဲ့အဆင့္ကိုေတာင္မေက်ာ္ႏိူင္တာကို ခင္ဗ်ားကိုကြၽန္ေတာ့္ေကာင္ေလးလို႔ေတာင္ သတ္မွတ္ေသးတာမဟုတ္ဘူးေနာ္..."

စုက်စ္ယန္က ေလွာင္လိုက္ရင္း ခ်က္ခ်င္းခြန္းတုန္႔ျပန္လိုက္သည္။ ဘာပဲျဖစ္ျဖစ္ လင္က်န္းရီကေတာ့ အတည္မမွတ္ယူေပ။

"ကိုယ္တို႔မွာကေလးေတာင္ရွိေနၿပီကို မၾကာခင္ကိုယ္တို႔က အတူတူျဖစ္သြားေတာ့မွာ..."

"အဲဒါကအမွန္မဟုတ္ဘူး..."

စုက်စ္ယန္၏နားေလးမ်ားက အနည္းငယ္နီရဲလာသည့္တိုင္ သူ႔ပါးစပ္ကေတာ့ အမွန္အတိုင္းဝန္မခံေသးေခ်။

လင္က်န္းရီကသူ႔မ်က္ႏွာထားကိုမေျပာင္းဘဲ ေဖ်ာ့ေတာ့တဲ့အၿပဳံးတစ္ခုကိုသာေပးလိုက္သည္။

"ဒါျဖင့္လည္းေစာင့္ၾကည့္ေပါ့ မင္းကိုယ့္ကိုခ်စ္လာေအာင္လုပ္မွာ..."

ပထမအႀကိမ္တုန္းက ကားမေတာ္တဆမႈကိုျပန္ေတြးရင္း စုက်စ္ယန္ဘာမွထပ္မေျပာေတာ့ေခ်။

ထိုအခ်ိန္က သူ႔ခံယူခ်က္ကလုံးဝခိုင္မာေနခဲ့သည္။

You are reading the story above: TeenFic.Net