Chapter 41 (U+Z)
Background color
Font
Font size
Line height
(Unicode)
အခန်း ၄၁။ တာ၀န်ယူဖို့ ခင်ဗျားတစ်ကယ်ကြီးဆုံးဖြတ်ထားတာလား။
လင်ကျန်းရီရဲ့ဘယ်ဘက်လက်ချောင်းတွေကိုကြည့်ရသလောက် ပတ်တီးတွေစည်းထားသော်လည်း ပါးစပ်ကတော့'ကိုယ်ဘာမှမဖြစ်ပါဘူး'လို့ လိမ်ညာပြောလိမ့်မည်ဆိုတာ သူသိသည်။
စုကျစ်ယန်သည် တိတ်ဆိတ်စွာပင် လင်ကျန်းရီ၏လက်ကို ကိုင်လိုက်သော်လည်း သူ့အတွေးတွေကတော့ နေရာအန့ှံ ပျံသန်းနေသည်။
သူ့ရဲ့ကံကြမ္မာက သူ့ပါးစပ်မှ ပြန်လည်မွေးဖွားသည့်အကြောင်း ပထမဆုံးလွှတ်ခနဲပြောမိကတည်းက ပြောင်းလဲသွားခဲ့ပုံပေါ်သည်။
ဒီလင်ကျန်းရီနဲ့ သူ့ရဲ့အရင်ဘ၀ကလင်ကျန်းရီတို့က သိပ်ပြီးအများကြီးမတူလှပေ။ ဒီလူကတော့ တည်ငြိမ်ကာဣနြေ္ဒရသည်။ အကြင်နာကင်းမဲ့တဲ့ ဟိုတစ်ယောက်နဲ့ နှီးနွယ်ပါတ်သတ်ဖို့ဆိုရင်တော့ အသေအချာကို သူအလိုမရှိပါဘူး။
ဟုတ်တာပေါ့။ nightclub မှာ ဆုံခဲ့တဲ့အချိန်တုန်းက သူတို့နှစ်ဦးသင့်မြတ်ခဲ့ကြသည်။ အရက်တစ်ချို့သောက်ကာ နှစ်ဖက်စလုံးက လိုလိုလားလားပင် အိပ်ရာပေါ်ကို သွားခဲ့ကြသည်။
ဒါပေမယ့်လည်း သူတို့ 419 စည်းမျဉ်းကို လုံး၀မလိုက်နာခဲ့ကြပါဘူး။
{လေပြည် - '419' ဆိုတာက ဗန်းစကားတစ်ခုဖြစ်ပြီး ဆိုလိုရင်းကတော့ 'for one night'ပါတဲ့။ အသံထွက်ချင်းဆင်တယ်ဟုတ်။ မလိုက်နာကြဘူးဆိုတာကတော့ သူတို့နှစ်ယောက်လုံးက ထပ်ပြီးဆုံကြဖို့ ဆန္ဒရှိတာကြောင့်ဖြစ်ပါတယ်}
စုကျစ်ယန် သူ့ရှေ့မှလူ၏IDကို အစောကတည်းက သိနေခဲ့သည်။ ကြီးမားတဲ့နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဌကို သူမသိဘဲနေမှာတဲ့လား။
ဒါပေမယ့် လင်ကျန်းရီက အမြဲတမ်းခပ်လျှိုလျှိုသာနေသည်။ စုကျစ်ယန်ဆိုတဲ့ဒီလူက သူ့ကိုသိသလား၊ မသိဘူးလားဆိုတာကို သူအမှုမထားခဲ့ဘူး။
ပြီးတော့ ဒီလူက တစ်ကယ်တမ်းမှာ ဘ၀င်တော်တော်မြင့်တဲ့ ဥက္ကဌတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း စုကျစ်ယန်တွေးခဲ့သည်။
ဘာလို့ ဥက္ကဌကြီးက nightclubမှာ ပေါ်လာရတာပါလိမ့်။
မည်သို့ပင်ဆိုစေ လင်ကျန်းရီကတော့ သူ့ရဲ့နာမည်ကိုဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပါ။ ဆန့်ကျင်ဘက်အနေနှင့် စုကျစ်ယန်ကို သူ့နာမည်ခေါ်ဖို့တောင် ပြောခဲ့သေးသည်။ သူတို့ရဲ့အိပ်ရာထက်ကနှီးနွယ်မှုကို ပြုလုပ်နေစဉ်မှာပေါ့။
"ရီ..."
တိုးညင်းသောအသံလေးဖြင့် သူ့ရဲ့အမည်ကိုညည်းညူခဲ့ပြီး အဲဒါကပင် သူ့ရဲ့ခံစားမှုအဟုန်ကို တစ်ရှိန်ထိုးတက်လာစေသည်။
အဲဒီ့နောက် ယဉ်ကျေးမှုရှိပြီး အပြန်အလှန်နားလည်နိုင်သည့် စုကျစ်ယန်က သူ့(လင်ကျန်းရီ)ကိုလည်း သူ့(စုကျစ်ယန်)ရဲ့နာမည်ခေါ်စေခဲ့သည်။
သူတို့နှစ်ယောက်စလုံး မျှော်လင့်ထားတာက သူတို့ရဲ့လိုအင်ဆန္ဒတွေ ထပ်မံဖြစ်ပေါ်လာပါက နောက်တစ်ကြိမ်ထပ်မံဆုံတွေ့ရန် ဖြစ်ကောင်းဖြစ်နိုင်မလား။
မင်းသိထားဖို့လိုတာက ဂေးတစ်ယောက်နေနဲ့ ကောင်းမွန်ပြီး၊ မင်းရဲ့ရမ္မက်ဆန္ဒတွေနဲ့ပါ အံ၀င်ဂွင်ကျတဲ့ 'ညအိပ်အဖော်'တစ်ယောက်ကို ရှာတွေ့ရန်က ဘယ်လောက်တောင်မှ ခက်ခဲသလဲဆိုတာကိုဖြစ်သည်။
နောက်ပိုင်းမှာတော့ သူ့ရဲ့ကိုယ်၀န်က မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့သည်။ စုကျစ်ယန်တစ်ယောက် ကြိုးစရဲ့အဆုံးနားကို ရောက်သွားခဲ့ပြီ။
သူနောက်ဆုံးသော ကောက်ရိုးမျှင်လေးကို ဖမ်းဆွဲသည့်အနေဖြင့် လင်ကုမ္ပဏီ၏ တရား၀င်websiteသို့ သွားကြည့်လိုက်သည်။
'လင်ကျန်းရီ'ဟူသည့်စကားလုံးများအောက်မှ ရင်းနှီးနေသည့် မျက်နှာတစ်ခုကိုမြင်လိုက်ချိန်မှာတော့ စုကျစ်ယန် အမှတ်တမဲ့ လက်ခုပ်နှစ်ဖက်ကိုတီးလိုက်သည်။
ဒါ... တစ်ကယ်သူပဲ။
လင်ကျန်းရီ သူ့ကိုမလိမ်ခဲ့ဘူး။ သူပြောပြခဲ့တဲ့နာမည်က အမှန်ပဲ။
--စိတ်ပိုင်းဆိုင်ရာ ရုန်းကန်လှုပ်ရှှားမှုတွေပြီးတဲ့နောက်(စိတ်တွေလွန်ဆွဲနေပြီးနောက်) သူ့ကိုသွားတွေ့ဖို့ စုကျစ်ယန်ဆုံးဖြတ်လိုက်သည်။ အဲဒီနောက်မှာတော့ ဒီလိုပြန်ပြင်မရတော့တဲ့အရာတွေ(ကလေးရောသူရောသေဆုံးတာ) ဖြစ်လာခဲ့သည်ပေါ့။
သို့သော် နတ်ဘုရားတွေက သူ့အပေါ်သနားညှာတာခဲ့သည်။ သူပြန်လည်မွေးဖွားခဲ့သည်လေ။ ဒါပေမယ့် သူပြန်လည်မွေးဖွားချိန်မှာ ဒီလူ့အောက်မှာ အဖိခံထားရတာဖြစ်ပြီး ကိစ္စတွေကပြင်ဆင်မရဘဲ ဆက်ဖြစ်နေဆဲ။
သူက ကြိုတင်သိထားပြီးသားအရာတွေနောက်လိုက်ရမယ်။ ပြီးတော့ ထပ်ပြီးသေရဦးမယ်လို့ မပြောနဲ့နော်...။
မဖြစ်ရဘူး...။
စုကျစ်ယန် သဘာ၀ကျစွာပင် ထပ်မံသေဆုံးမဲ့လမ်းကို မလိုချင်ခဲ့ပါဘူး။ ဒီတော့ သူ့ပါးစပ်ဖွင့်လိုက်ပြီး ဒီစကားနှစ်ခွန်းကို ပြောလိုက်သည်။
"အပြင်မှာပဲပြီးပါ..."
"ငါ... မင်းအဖေမှာ ကိုယ်၀န်ရသွားရင် တာ၀န်ယူနိုင်မှာမလို့လား"
ဖြစ်နိုင်တာက ဒီစကားလုံးတွေက လင်ကျန်းရီရဲ့စိတ်၀င်စားမှုကို နှိုးဆွလိုက်နိုင်တာလား။
အဲဒါပြီးနောက် သူလွတ်မြောက်ဖို့ ကြိုးစားခဲ့သည်။ ဒါပေမယ့်လည်း သူဒီလူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိနေဆဲပါပဲ။
တစ်ယောက်နှင့်တစ်ယောက် ဘယ်တုန်းကမှမသိခဲ့သူတွေရဲ့ အပြန်အလှန်နားလည်မှုကို သူဒီဘ၀မှာတော့ ဖြိုခွဲဖို့ကြိုးစားခဲ့သည်။ သို့သော် သူအဖက်မတန်သလို လုပ်ခဲ့ချိန်မှာတောင် ဇွဲကောင်းသည့်လူက သူ့ခြေလှမ်းတွေကို နောက်ပြန်မဆုတ်ခဲ့ဘူး။
သူ့ရဲ့မူလက ငြိမ်းချမ်းနေသောဘ၀လေးဆီ တစ်လှမ်းပြီးတစ်လှမ်း၀င်လာကာ နောက်ဆုံးမှာ သူကမမျှော်လင့်ထားသောသူတစ်ယောက် ဖြစ်လာခဲ့သည်။
အာ...။ ကလေးထိန်းလို့ပြောရမလား။
ပူပူနွေးနွေးအနမ်းတစ်ပွင့်က စုကျစ်ယန်၏နှုတ်ခမ်းထောင့်စွန်းလေးပေါ် ကျရောက်လာသည်။
သူ့ရဲ့ပြန့်ကျဲနေသောအတွေးတွေ ရုတ်တရက်ကြီးပြန်ရောက်လာပြီးနောက် လင်ကျန်းရီ၏မျက်နှာပေါ်ရှိ မျက်နှာချိုသွေးနေသောအပြုံးကြီးတစ်ခုကို မြင်လိုက်ရသည်။
စုကျစ်ယန် နောက်ထပ်အနမ်းကို ရှောင်ရန် သူ့ခေါင်းကိုနောက်သို့ အနည်းငယ်စောင်းလိုက်သည်။
ဒီခွေးကောင်... တစ်ဖက်လူကို ဘယ်လိုဖမ်းဆုပ်ရင် သူ့အတွက်အကျိုးရှိမလဲဆိုတာ သေချာကိုသိနေတာပဲ။ အား...
လင်ကျန်းရီ ရှုပ်ထွေးနေသောမျက်နှာဖြင့် သူ့လက်ကိုဆုပ်ကိုင်ထားသော စုကျစ်ယန်ကို ငေးကြည့်လိုက်သည်။ စုကျစ်ယန်က ၀မ်းနည်းနေပုံပေါ်သည်။
သူ့ရဲ့သရုပ်ဆောင်မှုတွေက စုကျစ်ယန်ကို စိတ်အပြောင်းအလဲဖြစ်စေနိုင်ကြောင်း လင်ကျန်းရီသိသည်။ ဒါကြောင့် သူအနမ်းတစ်ပွင့်လောက် ထပ်ခိုးဖို့ သတ္တိမွေးလိုက်သည်။
ဒါပေမယ့်လည်း... သူထပ်ပြီးမနမ်းလိုက်နိုင်ပါ။ လင်ကျန်းရီ မပျော်ရွှင်ဟန်ဖြင့်ပြောလိုက်သည်။
"ကျစ်ယန် မင်းရဲ့နှလုံးသားက အခုကိုယ့်ကို ရင်နင့်သွားစေချင်တာလား"
စုကျစ်ယန်က သူ့ထံသို့ ပြန့်ကျဲနေသော သေတ္တာတွေလို၊ ကလေးလက်တွန်းလှည်းတစ်ခုလို၊ အရုပ်ကားတွေလို၊ သူ့အိပ်ခန်းထဲက ကလေးဓာတ်ပုံတွေကိုကြည့်သလို အကြည့်မျိုးပြန်ပေးသည်။
သူ့ရ့ှကဒီလူရဲ့အပြောင်မြောက်ဆုံးလက်ရာ(စကားပြောကောင်းတာ) အကြောင်း သူအရင်ကတည်းက ခန့်မှန်းခဲ့ပြီးသားပင်။ သူမျက်မှောင်ကြုတ်ကာ တည်ကြည်လေးနက်စွာ မေးလိုက်သည်။
"လင်ကျန်းရီ... ခင်ဗျား တာ၀န်ယူမယ်ဆိုတာက တစ်ကယ်ဆုံးဖြတ်ပြီးပြီလား"
လင်ကျန်းရီ ဒီစကားလုံးတွေကိုကြားချိန်မှာ သူ့မျက်လုံးတွေဟာ ညကောင်းကင်မှာ တလက်လက်ဖြင့်ရှိနေသည့် ကြယ်ပွင့်လေးများသဖွယ် ချက်ချင်းကိုတောက်ပသွားလေသည်။
သူချက်ချင်းခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ပွင့်နှင့်ဖြေလိုက်သည်။
"အင်း... ဟုတ်တယ် ကိုယ်တာ၀န်ယူမှာ"
နောက်ဆုံးအနေနဲ့ အကောင်ပေါက်လေး လက်လျှော့သွားအောင်လု့ိ ဒီအခွင့်အရေးကိုသုံးပြီး တာ၀န်ယူချင်တ့ဲ သူ့ဆန္ဒကိုဖော်ပြဖို့ ဘယ်လိုများအလွဲခံနိုင်ရမှာလဲ။
စုကျစ်ယန် လင်းကျန်းရီ၏လက်ကိုလွှတ်ကာ မျက်နှာသာပေးသလိုပြောလိုက်သည်။
"ကောင်းပြီလေ... ဒီရက်တွေမှာ ခင်ဗျားကောင်းကောင်းလုပ်ခဲ့တာမို့ အချိန်အတိုင်းအတာတစ်ခုအထိ ခင်ဗျားကိုယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျားကို ဒီအခွင့်အရေးပေးမယ်။ အဲဒါက... အွန်း..."
သူ့ရဲ့ နောက်ထပ်ပြောမယ့်စကားလုံးတွေမတိုင်ခင် ပီတိဖြာနေသောလင်ကျန်းရီက သူ့ခေါင်းအနောက်မှဆွဲကိုင်ကာ စိတ်အားထက်သန်စွာပင် နှုတ်ခမ်းသားကို ဖိကပ်နမ်းရှိုက်ပါတော့သည်။
အလွန်နီးကပ်နေသော မျက်၀န်းတစ်စုံကိုကြည့်ပြီး စုကျစ်ယန် အသက်ရှူပင်မှားသွားသည်။ တစ်ခဏမျှ အတွေးတွေ ရပ်တန့်သွားသည့်နောက် လင်ကျန်းရီကဦးဆောင်နေဆဲပင်။
သူကမြို့တော်ကိုတိုက်ခိုက်ပြီးမှ မြေကိုသိမ်းယူတဲ့နည်းကို သုံးခဲ့တာပဲ။ သူ့ကိုမိန်းမောပြီးရှုပ်ထွေးအောင်လဲ လုပ်သည်။
"ဟမ်း.... အွန်း...."
လင်ကျန်းရီရဲ့ချဉ်းကပ်မှုကို စုကျစ်ယန်ငြင်းပယ်လိုက်သည်။ ကံဆိုးချင်တော့ လင်ကျန်းရီက သူ့ကိုယ်သူအပြည့်အ၀ပျော်ရွှင်ဖို့ မရအရကြိုးစားမှာပင်။
ဘယ်လိုလုပ် သူစုကျစ်ယန်ကို လွှတ်ပေးနိုင်မှာလဲ။
ဒါပေမယ့် စုကျစ်ယန် ပင့်သက်ရှိုက်ချိန်မှာ အင်တင်တင်နဲ့ သူလွှတ်ပေးလိုက်ရသည်။
အဲဒီ့နောက် စုကျစ်ယန်က မခံမရပ်နိုင်ဖြစ်နေသောလေသံဖြင့် ပြတ်တောင်းစွာပြောလိုက်သည်။
"ခင်ဗျား... ခင်ဗျား... ခင်ဗျားကလိုက်နာမှုမရှိဘူး။ ကျွန်တော်နဲ့အခန်းမျှသုံးဖို့ ခွင့်မပြုတော့ဘူး"
လင်ကျန်းရီသည် စုကျစ်ယန်၏မျက်ရည်၀ဲနေသောမျက်လုံးများကိုကြည့်ကာ စိတ်ကျေနပ်သွားသလို ခံစားရသော်လည်း သူ၏ပါးစပ်မှ ဒေါသတကြီး ထွက်လာသောစကားကတော့ ချက်ချင်းပင် သူ့အပြုံးကို တောင့်ခဲသွားစေသည်။
သူ စုကျစ်ယန်၏အကျႌလက်ကိုဆွဲကာ မကျေနပ်ကြောင်းဖော်ပြရင်း စတင်ကာ သူ့ရဲ့အမြီးကြီးတွေကိုယမ်းခါနေသော မြေခွေးတစ်ကောင်သဖွယ် သရုပ်ဆောင်တော့သည်။
{လေပြည်--'အမြီးကြီးတွေကိုယမ်းခါနေ'ရဲ့အဓိပ္ပာယ်က 'ချစ်စရာကောင်းအောင်လုပ်ပြနေတယ်'လို့ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် အမြီးတစ်ချောင်းတောင်မဟုတ် အမြီးတွေတဲ့ အဟားဟား။ လင်ကျန်းရီကအမြီးကိုးချောင်းမြေခွေးကြီးပဲ}
"ကျစ်ယန် ဒီလိုမလုပ်နဲ့လေ ကိုယ်တို့ကဒီ့ထက်ရင်းနှီးတဲ့အရာတွေတောင် လုပ်ခဲ့ပြီးပြီပဲ။ ဘယ်လိုလုပ်ကိုယ်တို့က အခန်းနှစ်ခန်းခွဲနေရမှာလဲ။ အဲဒါအပြင် ကိုယ်တခြားအခန်းမှာနေတုန်း မင်းတစ်ခုခုလိုအပ်ရင် ကိုယ်ဘယ်လိုလုပ်သိမှာလဲ။ မင်းအော်ခေါ်တာကို ကိုယ်မကြားဘဲ ကိစ္စတွေနှောင့်နှေးကုန်ရင်ရော ဘယ်လိုလုပ်မလဲ"
စုကျစ်ယန်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ခိုင်မာစွာရပ်တည်နေဆဲ။ မပြောင်းမလဲရှိနေဆဲပင်။
"ခင်ဗျား ဆင်ခြေပေးနေတာပဲ။ ကျွန်တော်ခေါ်တာကိုခင်ဗျားမကြားရင် ခင်ဗျားကျွန်တော့်ကို ဂရုမစိုက်လို့ပဲဖြစ်လိမ့်မယ်။ ခင်ဗျားဘာသာဆင်ခြေတွေ ပေးနေတာ။ ခင်ဗျားဒီမှာမနေချင်တော့ဘူးလား။ အိုခေ... ကောင်းပြီလေ။ ကျွန်တော် လော့ယန်ကိုပြန်ခေါ်ပြီး နေခိုင်းလိုက်မယ်"
"မလုပ်နဲ့..."
လင်ကျန်းရီ လျှင်မြန်စွာပင် တစ်ဖက်ကိုလှည့်ထွက်သွားသည့် စုကျစ်ယန်ကိုဆွဲထားလိုက်သည်။
"မလုပ်နဲ့ ဒုတိယအိပ်ခန်းမှာ ကိုယ်အိပ်ပါ့မယ်။ ကိုယ်သဘောတူခဲ့ပြီးသားပဲလေ ဒါတောင်မှ မင်းစိတ်မကြည်သေးဘူးလား"
"ဒါကအနမ်းလေးတစ်ခုပဲမဟုတ်ဘူးလား။ မင်းကကိုယ့်ကို အိပ်ခန်းမကြီးမှာ အိပ်ခွင့်မပေးဘူးပေါ့။ ဒီ့ပြင် မင်းအစတုန်းက အဲဒ့ီမှာကိုယ့်ကို နေခွင့်ပြုမယ်ဆိုတာကို ပြောလဲမပြောခဲ့ဘဲနဲ့"
လင်ကျန်းရီ စကားနှစ်ခွန်းကို တီးတိုးရေရွတ်ရင်း လုံး၀မတရားသလိုခံစားနေရသည်။ စုကျစ်ယန် သူ့နောက်ကျောဘက်မှ လင်ကျန်းရီကိုလှည့်ကြည့်ပြီးနောက် ဆက်ပြီးလျှောက်သွားရင်း သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေကတော့ ကျေနပ်မှုကြောင့် အောင်ပွဲခံလိုဟန်ဖြင့် ကွေးညွတ်သွားလေသည်။
ဆေးရုံမှာတုန်းက ဖြစ်ခဲ့တဲ့ကိစ္စအတွက် သူ့ရဲ့ကလဲ့စားဟာ နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီပဲ။
-- အစမှာတုန်းကတော့ ဒီခွေးကောင်လင်က ယွမ်၅သောင်းကို ပေးမယ်လို့ တိုက်ရိုက်မပြောခဲ့ပါဘူး။ ဒီတော့ သူ့ရဲ့ပါးစပ်ကိုဖွင့်ဟလာစေဖို့ သူ့မှာသတ္တိမရှိဘူး။ အဆုံးမှာတော့ ယွမ်၅ထောင်ပဲရခဲ့သည်လေ။
ပြီတော့ ဒီအယုတ်တမာကြီးက ပြောသေးသည်။ ယွမ်၅ထောင်က နည်းလွန်းတာမို့ ၅သောင်းပေးဖို့ ဆုံးဖြတ်ထားသည်တဲ့။
-- ဟမ့်.... မကောင်းတဲ့ကောင်။ အခု အမှောင်ထဲမှာ ကစားတာက ဘယ်လိုအရသာဆိုတာ ငါမင်းကိုပြပေးမယ်။ ငါ့ကိုကစားမိတဲ့အပေါ် နောင်တရနေတဲ့ပုံကို ကြည့်စမ်းမယ်"
ကြည့်နေ... စုကျစ်ယန်ဆိုတဲ့ငါက ဦးနှောက်မရှိတဲ့သူမဟုတ်ဘူး။ နည်းနည်းလေးငွေမက်တတ်ပေမယ့် အငြိုးလည်းကြီးပါတယ်နော်။
လင်ကျန်းရီတစ်ယောက် စုကျစ်ယန်၏မြူးတူးနေသောမျက်နှာကိုမမြင်လိုက်သလို စုကျစ်ယန်ကလည်း လင်ကျန်းရီရဲ့မျက်လုံးတွေထဲက ဉာဏ်နီဉာဏ်နက်တွေ၊ အကွက်ချမှုတွေကို မမြင်ခဲ့ပါဘူး။
ဒါက ဒုတိယအိပ်ခန်းမှာ နေရုံလေးပဲမဟုတ်လား။ ဒီအကောင်ပေါက်လေး သူ့(လော့ယန်)ကိုအေ၀းကို နှင်ထုတ်ဖို့အခွင့်အရေးပေးခဲ့ပြီးမှ အခု ပြန်ခေါ်သွင်းဖို့ ခွင့်ပြုစရာလား။
ဆန့်ကျင်ဘက်အနေနဲ့ သူဆက်ပြီးလုံ့လရှိရှိနဲ့ ဆက်ကြိုးစားရမည်။ အကောင်ပေါက်လေး သူ့ကို အိပ်ခန်းမကြီးထဲ ၀င်ခွင့်ပြုစေဖု့ိပေါ့။
ဂိမ်းကစားရာမှာ --- သူက ပွဲတွေကျော်ဖြတ်ပြီးကစားရတဲ့နည်းကို ပိုပြီးစိတ်၀င်စားတယ်။
မိန်းမရွေးရာမှာ --- သဘာ၀ကျကျပြောရရင် ဒီကိစ္စကတော့ အောင်မြင်နိုင်ဖို့ဆိုရင် တစ်ကြိမ်ကိုခြေတစ်လှမ်းနှုန်းနဲ့ ဖြည်းဖြည်းချင်းသွားရမှာပေါ့။
breakfast စားပြီးနောက်မှာ စုကျစ်ယန် ဧည့်ခန်းမှာထိုင်ကာ လင်ကျန်းရီ၀ယ်လာပေးသော အရုပ်ကားနှစ်စီးနှင့် ကစားလေတော့သည်။
သူ့မျက်လုံးထောင့်လေးကတော့ အိပ်ခန်းမကြီးနှင့် ဒုတိယအိပ်ခန်းဆီ ခေါက်တုံ့ခေါက်ပြန်သွားနေသည့် လင်ကျန်းရီဆီ တစ်ကြိမ်ပြီးတစ်ကြိမ် လှမ်းကြည့်သည်။
လင်ကျန်းရီ တမင်လုပ်နေတာလား။ ဒါမှမဟုတ် သူ့ခေါင်းကပဲ မူလီချောင်နေသလားတော့မပြောတတ်။ လင်ကျန်းရီက အ၀တ်အစားတွေကို တစ်ကြိမ်ကို နိုင်သလောက်နှုန်းနဲ့မသယ်ဘဲ သေတ္တာကြီးကို ဒုတိယအိပ်ခန်းသို့ ရွှေ့သွားလေသည်။
ဒီလိုလျှောက်ရင်း၊ သယ်ရင်း သူ့ခြေထောက်တွေပိန်ကုန်မှာ မကြောက်သလိုပဲ။
စုကျစ်ယန် စိတ်ထဲမှတွေးလိုက်သော်လည်း လင်ကျန်းရီရဲ့လှုပ်ရှားမှုတွေကို မရပ်တန့်စေခဲ့ပါဘူး။
နောက်ဆုံးတော့ လင်ကျန်းရီတစ်ယောက် ရွှေ့တာပြီးသွားပြီမု့ိ ဆိုဖာပေါ်သက်တောင့်သက်သာခွေနေသော စုကျစ်ယန်ကို မျက်လုံးပင့်ကာ ကြည့်လိုက်သည်။
အဲဒီ့နောက် သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေ အထက်သို့အနည်းငယ် ကွေးညွတ်သွားလေသည်။
သူဘာလို့ ဒီလောက်အပေါ်အောက်၊ အရှေ့အနောက် ပြေးလွှားနေရတာကို စိတ်အနှောင့်အယှက်မဖြစ်တာလဲဆိုတာရဲ့အကြောင်းပြချက်ကတော့---
အိပ်ခန်းမကြီးမှာလဲမဟုတ်၊ ဒုတိယအိပ်ခန်းမှာလဲမဟုတ်ဘဲ ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်ကလေးရှိနေတဲ့ စုကျစ်ယန်ကို အကြိမ်ရေနည်းနည်းလောက် ပိုပြီးကြည့်နိုင်လို့ပေါ့။
ခရီးဆောင်သေတ္တာကြီးကို ဒုတိယအိပ်ခန်းဆီ တိုက်ရိုက်သယ်မယ်ဆိုရင် သူဒီလိုသယ်နေတုန်း ဧည့်ခန်းမှာပုန်းနေတဲ့စုကျစ်ယန်ကိုသူမြင်ဖို့အခွင့်အရေးမရတာမျိုး မဖြစ်နိုင်တော့ဘူးမလား။
{လေပြည်-နည်းနည်းရှုပ်သွားလား။ သေတ္တာအကြီးကြီးကို မနိုင့်တနိုင်ရအောင်သယ်နေရတော့ ဒါက်ုအကြောင်းပြပြီး ဧည့်ခန်း၀မှာရစ်သီရစ်သီလုပ်နိုင်တယ်ကွာ။ အဲဒီလို}
ဒီပေါက်စလေးက သူနဲ့အတူနေဖု့ိ ကျင့်သားမရလောက်သေးဘူး။ ဟုတ်တယ်မလား။
မကြာသေးခင်ကမှ ရှင်လင်းထားတဲ့ ဒုတိယအိပ်ခန်းကိုကြည့်ပြီးနောက် လင်ကျန်းရီတစ်ယောက် ကြမ်းပြင်ပေါ်ချထားသော ပလတ်စတစ်အိတ်ကိုကောက်ယူကာ ရေခိျုးခန်းဆီတည့်တည့်လျှောက်သွားလိုက်သည်။
စုကျစ်ယန် စပ်စုလိုစိတ်ဖြစ်လာကာ မေးလိုက်သည်။
"ခင်ဗျားဘာလုပ်နေတာလဲ"
"မသက်ဆိုင်တဲ့လူရဲ့ ပစ္စည်းတွေကို ေ၀းေ၀းလွှင့်ပစ်ပြီး ကိုယ့်ဟာတွေနဲ့အစားထိုးနေတာလေ"
လင်ကျန်းရီ ပဟေဠိဆန်စွာပင် ရယ်လေသည်။ စုကျစ်ယန် နားမလည်ပါ။ မသက်ဆိုင်တဲ့လူဆိုတာက... လော့ယန်လား။
ဒီလောက်ဆိုလုံလောက်ပြီ။ လင်ကျန်းရီရေချိုးခန်းဆီသွားကာ လော့ယန်၏တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ဖယ်ရှားပစ်သည်။ သူမြန်မြန်လွှင့်ပစ်မှ လော့ယန်က ဒါတွေကိုသိမ်းဖို့ဆိုပြီးတော့ အကြောင်းပြဖို့ အချိန်မရှိမှာပေါ့။
အဲဒီ့နောက် ရေခွက်အသစ်တစ်စုံ၊ သွားပွတ်တံတစ်စုံ၊ သွားတိုက်ဆေးနှစ်ဘူးတို့ကို ပလတ်စတစ်အိတ်ထဲမှထုတ်ယူကာ နေရာချလိုက်သည်။ စုကျစ်ယန်ရဲ့အရင်ဟာတွေကတော့ အေ၀းရောက်သွားပြီပေါ့။
သူတို့ကအခု အတစ်အိမ်တည်း အတူတူနေသူတွေဖြစ်သည်။ ဒါပေါ့။ ပစ္စည်းတွေကိုလည်း အစုံလိုက်သုံးရမည်။
နောက်ထပ်နေရာချဖို့ရာကတော့ ရေချိုးခန်းသုံး ပစ္စည်းတွေဖြစ်သည်။ ခေါင်းလျှော်ရည်ဘူး၊ တဘတ်နဲ့တခြားပစ္စည်းတွေကိုတော့ မျှသုံးမှာဖြစ်သည်။
လင်ကျန်းရီ အသစ်ကလေးလိုဖြစ်သွားတဲ့ ရေချိုးခန်းကို အားရကျေနပ်သောအပြုံးကြီးဖြင့် ကြည့်လိုက်သည်။
ဒီပြင်ပအရာ၀တ္တုတွေက အကောင်ပေါက်လေးရဲ့နှလုံးသားကို တဖြည်းဖြည်းသိမ်းသွင်းရာမှာ ကူညီလိမ့်မည်။
အနာဂတ်မှာခံစားချက်တွေတိုးတက်လာစေဖို့ စုကျစ်ယန်နဲ့ ဘယ်လိုအတူနေထိုင်မည်ဆိုတာကိုစဉ်းစားရင်း လင်ကျန်းရီ၏မျက်နှာက လေးလေးနက်နက် ပြုံးနေသည်။
ဒါပေမယ့်လည်း သူဖယ်ပစ်လိုက်တဲ့ (လော့ယန်ရဲ့)ပစ္စည်းတွေကိုကိုင်ပြီး ရေချိုးခန်းထဲကနေ ပြန်ထွက်လာချိန်မှာတော့ သူ့အပြုံးတွေအေးခဲသွားတော့သည်။
ဘာလို့လဲဆိုတော့ သူ့ပြိုင်ဘက်လို့ သူသတ်မှတ်ထားတဲ့လူရဲ့အမည်ကို စုကျစ်ယန်ကခေါ်နေတာကြောင့်ပါပဲ။
"လော့ယန်... ခင်ဗျားဘာလို့ ဒီလိုလုပ်သွားတာလဲ ဘာလို့ကျွန်တော့်ကိုမပြောဘဲ ထွက်သွားတာလဲ လင်ကျန်းရီမောင်းထုတ်လို့လား အဲဒ့ီလိုဟုတ်တယ်ဆို ကျွန်တော့်ကိုပြောပါ ကျွန်တော်ခင်ဗျားကိုကူညီပေးမယ်"
စုကျစ်ယန်၏အသံက အလွန်အမင်းသည်ခံနေခြင်းတို့အပြည့်။ လင်ကျန်းရီ၏ပါးစပ်ဟာ အံ့သြမှုကြောင့် ပွင့်ဟသွားရလေပြီ။ သူတံခါးကိုဖွင့်ကာ သူ့လက်ထဲကအမှိုက်တွေကို တံခါးနားမှာ ဆောင့်ကြီးအောင့်ကြီးပစ်ချလိုက်သည်။ အောက်ကိုဆင်းတဲ့အချိန်ကျမှပဲ ပစ်လိုက်တော့မည်။
ဒါပေမယ့်လည်း သူ့နားရွက်ကတော့ အပေါ်ကိုထောင်နေကာ စုကျစ်ယန်နဲ့လော့ယန်တို့ အပြန်အလှန်ဖုန်းပြောနေတဲ့စကားတွေကို နားထောင်နေဆဲပါပဲ။
{လေပြည်-ဒယ်ဒီလင်ကမြေခွေးကြီးပါကွယ်}
ထိုအချိန်မှာ လော့ယန်က သူ့ပစ္စည်းတွေကို ဖြည်နေတာဖြစ်သည်။ အထူးဇိမ်ခံအခန်းထဲကိုကြည့်လိုက်တော့ ယဲ့ရှို့က သူ့အ၀တ်တွေကို ခရီးဆောင်အိတ်ထဲကထုတ်ကာ နေရာချပေးရင်း အလုပ်များနေသည်။
လော့ယန် အိပ်ရာပေါ်လဲလျောင်းလိုက်သည်။ သူညင်သာစွာပြုံးကာ ပြန်ဖြေသည်။
"မဟုတ်ပါဘူး။ ငါနေဖို့နေရာအသစ်တစ်ခုတွေ့လို့ပါ။ တောင်းပန်ပါတယ်ကျစ်ယန်။ ငါမင်းကိုပြောဖို့ အချိန်မရလိုက်ဘူး။ တစ်ကယ်တော့ ငါ..."
လင်ကျန်းရီပြောသည့် 'မနက်ဘက်မှာ လော့ယန်ကလူတစ်ယောက်နှင့်အတူ၀င်လာခဲ့တယ်' ဆိုသည့်အကြောင်း စုကျစ်ယန် ပြန်တွေးလိုက်မိကာ သူ့စိတ်ထဲအပြေးအလွှားတွေးမိလိုက်သည်။
"တစ်ကယ်တော့ ခင်ဗျားချစ်သူရသွားတာ ဟုတ်တယ်မလား"
ထိုအချိန်မှာ ယဲ့ရှို့က မတ်ခွက်နှစ်ခုကိုကိုင်ကာ သူ့ဆီပြေးလာပြီး ရတနာပစ္စည်းတစ်ခုလို သူ့လက်ထဲထည့်ပေးတာကြောင့် လော့ယန်အံ့အားသင့်သွားသည်။
သူပြုံးရယ်လိုက်ပြီး ခွက်နှစ်ခွက်ကို ထိတွေ့ကြည့်သည်။ ခွက်တွေက ထူးဆန်းတဲ့ပုံစံရှိပြီး တစ်ခုက မျက်နှာပြင်ခွက်ကာ ကျန်တစ်ခုက အစွန်းတွေငေါနေသည်။
ဒီလိုအမြင်အရ ကွဲလွဲနေတဲ့ဟာနှစ်ခုက အတူတကွထားလိုက်မယ်ဆိုရင်တော့ 'အသည်းပုံတစ်ခု' ပုံစံပေါ်လာသည်။
ယဲ့ရှို့က သူ့နှုတ်ခမ်းကိုလှုပ်ကာ မျက်ခုံးတွေ ကွေးညွတ်နေပုံက 'ကြည့်ကောင်းရဲ့လား'လု့ိ တိတ်ဆိတ်စွာ မေးနေသလို။
"ကလေးဆန်လိုက်တာ"
လော့ယန်က စကားလုံးနှစ်လုံးသာပြန်ပေးသည်။ ဒါပေမယ့်လည်း သူတစ်ကယ်တမ်း ပြုံးနေခဲ့ပါသည်။ အဲဒီ့နောက် သူစုကျစ်ယန်ရဲ့မေးခွန်းကို ပြန်ဖြေလိုက်သည်။
"အမ်း..."
ဟုတ်တယ်။ ဒါက... ချစ်သူတစ်ယောက်ပါပဲ။ အဲဒီ့ချစ်သူက နည်းနည်းလေးကလေးဆန်ပြီး၊ နည်နည်လေးစိတ်မချရပေမယ့်ပေါ့။
_ _ _ _ _ _ _ _
Translated by Lay Pyay Yhine.
အားယိုးယိုး စာလုံးရေ ၇၀၀၀နီးနီးပဲ။ ညောင်းသွားပြီ T...T
ဒီကောင်မလေးကို ကြယ်လေးတွေနဲ့ နှစ်သိမ့်မပေးချင်ဘူးလား
[^ 3 ^]
_ _ _ __ _ _ _ _ _
(Zawgyi)
စုကျစ်​ယန်​သည်​ တိတ်​ဆိတ်​စွာပင် လင်​ကျန်းရီ၏လက်​ကို ကိုင်​လိုက်​​သော်​လည်း သူ့အ​တွေး​တွေက​တော့ ​နေရာအနှံ့ ပျံသန်း​နေသည်​။
"ရီ..."
ဒါ... တစ်​ကယ်​သူပဲ။
မဖြစ်​ရဘူး...။
"အပြင်​မှာပဲပြီးပါ..."
You are reading the story above: TeenFic.Net