[Unicode]
အခန်း ၃၉။ သူ့ကိုခေါင်းမာခွင့်မပေးနိုင်ဘူးလား ဟင်...ရနိုင်မလား ရနိုင်မလားလို့...
လင်ကျန်းရီက ကြွေပန်းကန်တစ်လုံးကိုကိုင်ထားရင်း အပြစ်ကင်းသည့်ပုံလေးဖြင့် ခေါင်းခါပြလာသည်။
"မင်းကိုယ့်ကိုအထင်မှားနေပြီ သူကသူ့စိတ်နဲ့သူထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ ဒီမနက်ကိုယ်မင်းဆီလာတော့ သူကသူ့ခရီးဆောင်အိတ်တွေကိုတောင် ထုပ်ပိုးပြီးနေပြီ သူကခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နဲ့လိုက်သွားတာ ကြည့်ရတာသူ့အမျိုးထင်တယ် ဘာပဲဖြစ်ဖြစ်ပါ သူကအဲ့ကလေးနဲ့လိုက်သွားတာပဲ သူက ကိုယ့်ကိုကလေးအဖေဆိုတာသိတော့ သော့ပေးပြီးမင်းကိုဂရုစိုက်ဖို့ မှာသွားတယ်"
စုကျစ်ယန်က မနေ့ကအကြောင်းတွေကိုပြန်တွေးလိုက်သည်။ သူတို့ဆေးရုံကထွက်လာတော့ လော့ယန်က အရပ်ရှည်ရှည်ကောင်လေးနှင့်အတူ ဆိုင်ကယ်ဖြင့်ထွက်သွားတာကို သတိရလိုက်၏။ သူစိတ်သက်သာရာရသွားသည့်တိုင် ပို၍ဝမ်းနည်းလာသည်။
"သူထွက်သွားပြီပေါ့"
စုကျစ်ယန်ကတိုးတိတ်စွာရေရွတ်လိုက်သည်။ ဘယ်လိုလုပ်ပြီး သူ့ကိုနှုတ်တောင်မဆက်သွားဘဲ ထွက်သွားနိုင်ရတာတဲ့လဲ။
လင်ကျန်းရီ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားရသည်။လသူလက်ရှိပြောခဲ့သမျှတွေက တစ်ဝက်ကအမှန်ဖြစ်ပြီး တစ်ဝက်ကအမှားဖြစ်သည်။
လော့ယန်က တကယ်ထွက်သွားခဲ့တာဖြစ်ပြီး ထိုကောင်လေးဖြင့်အတူထွက်သွားတာကလည်းအမှန်ပင်ဖြစ်သည်။ သို့တိုင် သူ့ဆန္ဒအလျောက်ထွက်သွားခဲ့တာလားဆိုတာကိုတော့ သူလည်းရှင်းရှင်းလင်းလင်းမသိချေ။
ဖြစ်နိုင်တာကတော့ သူပြောခဲ့တာတွေကြောင့် ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်သည်။ မည်သို့ဆိုစေ သူ့ရည်ရွယ်ချက်မပြည့်သေးသရွေ့တော့ သူလူဆိုးဖြစ်ရမယ်ဆိုလည်း စိတ်ထဲမထားပါချေ။
နံနက်စောစောက--
လွန်ခဲ့တဲ့ညက လင်ကျန်းရီထွက်သွားချိန်တွင် သူကစုကျစ်ယန်နှင့်အတူပြောင်းနေဖို့ စိတ်ပိုင်းဖြတ်ပြီးပြီဖြစ်သည်။ စုကျစ်ယန်ကလက်မခံလျှင်ပင် လင်ကျန်းရီအနေဖြင့်လည်း လက်လျော့ဖို့စိတ်ကူးဆိုတာ မရှိရေးချမရှိပါချေ။
သူ့ဓားစွမ်းရည်ကို မနက်လေးနာရီထိုးသည်အထိ တစ်ညလုံးလေ့ကျင့်ပြီးသည့်အခါ နောက်ဆုံးတွင်တော့ လင်ကျန်းရီတစ်ယောက် ရိုးရှင်းသည့်ကြက်ဥပေါင်းနည်း(ကြက်ဥပူတင်း)ကို သူ့မိဘတွေကို ဆယ်နှစ်တိုင်ဂရုစိုက်ပေးခဲ့သည့် မာမားကျန်းဆီက သင်ယူနိုင်ခဲ့ပြီဖြစ်သည်။
သူကမာမားကျန်းကို အဆာပြေမုန့်အချို့ကိုလည်းလုပ်ခိုင်းခဲ့ပြီး သူထွက်မလာခင် food boxထဲထည့်ခိုင်းလိုက်သည်။ ရလဒ်အနေဖြင့် သူက တိုက်ခန်းအောက်ကိုရောက်နေသည့် လော့ယန်နှင့်တွေ့ခဲ့ရတာပင်။
လင်ကျန်းရီ၏အကြည့်များက တောက်ပသွားပြီး သူကကပ်ရက်ကလှေကားထစ်မှာရပ်လိုက်သည်။
"မစ္စတာလော့ ခင်ဗျားရပ်ပါဦး"
လော့ယန်က အရပ်ရှည်ရှည်ဖြင့်လူငယ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး...
"ဘာကိစ္စလဲ.."
"ကျွန်တော် ခင်များနဲ့တစ်ခုလောက် ဆွေးနွေးချင်လို့..."
လင်ကျန်းရီ၏မျက်နှာက အနည်းငယ်ရှက်ရွံ့သလိုဖြစ်သွားပြီး..
"ကျေးဇူးပြုပြီး ခင်ဗျားဒီတိုက်ခန်းတွဲက ပြောင်းပေးလို့ရမလား ခင်ဗျားကျစ်ယန်ကို လနဲ့ချီပြီးဂရုစိုက်ပေးခဲ့တာကိုသိပါတယ် အခုလိုပြောရတာရိုင်းမှန်းသိပေမယ့် ကျွန်တော်ကျစ်ယန်ကို ဂရုစိုက်ပေးမှာဆိုတော့ ခင်များနားလို့ရပါပြီ ကျွန်တော်ခင်များကိုကျေးဇူးတင်ပါတယ် စိတ်ရင်းနဲ့ကျေးဇူးတင်တာပါဗျာ.."
ခဏရပ်လိုက်ပြီးနောက် လင်ကျန်းရီကထပ်ပြောသည်။
"ခင်ဗျားအတွက်နေစရာမရှိရင် ကျွန်တော်ကူညီပေးနိုင်ပါတယ် ခင်ဗျားစာသင်နေတဲ့တက္ကသိုလ်နဲ့နီးတဲ့နေရာပေါ့ နေရာလည်းကောင်းသလို အလင်းရောင်လည်းကောင်းကောင်းရပြီး အခန်းအပြင်အဆင်ကလည်း ပထမတန်းစားထဲကပေါ့ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့ဗျာ ဒီအတိုင်းပေးပစ်တာမဟုတ်ပါဘူး ကျွန်တော့်စိတ်ရင်းနဲ့ကျေးဇူးတင်မှုကို ဖော်ပြချင်လို့ပါ..."
လော့ယန်ကမလှုပ်ရှားခဲ့ချေ။ သူကစာအုပ်တစ်ထပ်ကိုကိုင်ထားပြီး လင်ကျန်းရီကို ငြင်သာစွာဖြင့်တစ်ချက်သာကြည့်လိုက်သည်။
"မင်းမှာပိုက်ဆံအများကြီးရှိတော့ ငွေရှိရင်တန်ခိုးရှိတယ် ငွေနဲ့ဘာမဆိုဖြေရှင်းနိုင်တယ်လို့ ထင်နေတာပဲ ဟုတ်တယ်မလား..."
"ဒါပေမယ့် အခုလိုပြောရလို့အားနာပါတယ် ကျွန်တော်မပြောင်းချင်ဘူး ဒီအချိန်အတောအတွင်း ကျွန်တော်နဲ့ကျစ်ယန်ကြားမှာ တကယ်ကောင်းတဲ့ဆက်ဆံရေးရှိခဲ့တယ် ပြီးတော့ သူ့ကိုကျွန်တော်ဂရုစိုက်ပေးဖို့လည်းလိုသေးတယ် နောက်ခြောက်လဆို ကျွန်တော်က ကလေးရဲ့မွေးစားဖေဖေဖြစ်တော့မှာ အဲဒါကိုစောင့်နေတာ.."
သူကနူးညံ့စွာပြုံးလိုက်ရင်း ထပ်ပြောသည်။
"ကျွန်တော်က ကလေးမွေးပြီးတာနဲ့ ပထမဆုံးမြင်ရမယ့်လူဖြစ်မှာ..."
လင်ကျန်းရီ၏မျက်နှာက နက်မှောင်သွားပြီး သူ့အသံကလည်း သတိပေးမှုတို့ဖြင့် ပြည့်သွားခဲ့သည်။
"ယမကာသောက်ချင်ရုံသက်သက်နဲ့ ပေါင်မုန့်ကိုငြင်းတယ်.."
"ဘာလဲ.. ဘာလို့တုန်း မင်းကအဲ့လောက်တောင် ဒေါသထွက်လွယ်တယ်လား.."
လော့ယန်က သူတို့ပြောနေတဲ့အကြောင်းအရာကို ပြောင်းလဲပစ်သည်။
"မင်းဒီလိုလွယ်လွယ်နဲ့ ဒေါသထွက်တတ်နေရင် ကျစ်ယန်ကို ဘယ်လိုဂရုစိုက်နိုင်မှာတဲ့လဲ.."
"..."
အေးစက်စက်မပြုံးခင် လင်ကျန်းရီမှာခဏမျှ ပြောစရာစကားမဲ့သွားရသည်။
"ဒါက ကျွန်တော့်ကိစ္စပါ ခင်ဗျားဒါနဲ့ပတ်သက်ပြီး ဘာမှပူစရာမလိုဘူး..."
"မှန်တယ် ကျွန်တော် မင်းကိစ္စတွေကိုလည်း ဝင်မရှုပ်ချင်ပါဘူး ကျွန်တော်က ကျစ်ယန်ကို ဂရုစိုက်ပေးချင်ရုံလေးပဲ သူကလူကောင်းလေးပါ အကောင်းမြင်ပြီးပျော်ပျော်နေတတ်တယ် သူကဒီလိုပုံမှန်မဟုတ်တဲ့ကိစ္စကြီးကို ရင်ဆိုင်နေရတာတောင်မှ ဘယ်တော့မှ ခေါင်းငုံ့ပြီးအရှုံးမပေးခဲ့ဘူး"
"သူက လခနည်းနည်းလေးနဲ့ ကျွန်တော့်ကိုအိမ်ငှားပေးခဲ့တယ် သူကကျွန်တော့်ကိုအခွန်လည်းမဆောင်စေခဲ့ဘူး(may be ရေဖိုးမီးဖိုး) သူ့ကိုဂရုစိုက်ပေးတယ်ဆိုတာက သူ့အပေါ်အကြွေးတင်နေတာတွေကို ဆပ်ချင်တဲ့ ကိုယ်ပိုင်ဆန္ဒသက်သက်နဲ့ပါ..."
လော့ယန်က လင်ကျန်းရီ၏ အထက်တန်းကျပြီး ကြော့ရှင်းနေသည့်ဝတ်စုံကို ကြည့်လိုက်သည်။
"မင်းကချမ်းသာတယ်မလား ဘာလို့ကျစ်ယန်ကို မခေါ်ထုတ်သွားလဲ မင်းသူ့ကိုကောင်းကောင်းဂရုစိုက်မယ်လို့ ပြောခဲ့တာပဲမလား မင်းသူ့ကို စိတ်တိုင်းကျခိုင်းလို့ရတဲ့ အစေခံတွေအများကြီးနဲ့ ဗီလာကောင်းကောင်းကိုခေါ်သွားလို့ပြီး ကောင်းမွန်တဲ့လူနေမှုဘဝတစ်ခုကိုပေးလို့ရတာမဟုတ်လား မင်းဘာလို့အခုလိုမျိုး ကျွန်တော့်ဆီလာပြီး လူဆိုးလုပ်ဖို့တွေးနေရတာလဲ သူ့ကိုဂရုစိုက်ပေးရမှာက မင်းအလုပ်ပဲကို ပြီးတော့ စုကျစ်ယန်ရဲ့အိမ်မှာငှားနေတာကလည်း ကျွန်တော့်အပိုင်းလေ ဘာပြဿနာမှဖြစ်စရာမရှိဘူး ဟုတ်ရဲ့လား"
"ခင်ဗျား--"
လင်ကျန်းရီမှာ စကားမပြောနိုင်ဘဲ ရင်ခံသွားရသည်။ သူ့ပုံစံက အားနည်းသွားပြီး သက်ပြင်းရှိုက်ကာ ခပ်ဟဟရယ်လိုက်သည်။
"ကျွန်တော်လည်းခေါ်သွားချင်တာပါပဲ ဒါပေမယ့် ... အာ... သူမှလက်မခံတာ ဘာတတ်နိုင်မှာလဲ.."
လင်ကျန်းရီကသူ့ရဲ့ မာနမင်းသားလေးပုံရိပ်ကိုထပ်ပြီး ထိန်းထားမနေတော့ဘဲ လော့ယန်ကိုအမိန့်ပေးခဲ့သည့်အတိုင်း သူကလှေကားထစ်ကိုထပ်တက်လိုက်သည်။ လော့ယန်ကလည်း သူ၏နူးညံ့သိမ်မွေ့သည့်ပုံလေးအတိုင်း ပြန်ဖြစ်သွားသည်။
"မင်းကျစ်ယန်အပေါ်အမှားတစ်ခုခုလုပ်ခဲ့တယ် ဟုတ်တယ်မလား ဒါကြောင့်လည်း သူကမင်းကိုမယုံရဲဘဲ သတိထားနေတာပေါ့.."
လင်ကျန်းရီက သူ့လက်တွေကို ကူကယ်ရာမဲ့စွာဖြန့်လိုက်ပြီး ညည်းသလိုဆိုသည်။
"သူ့အပေါ် ဘာအမှားမှမလုပ်ခဲ့ဘူး ကျွန်တော်တို့ရဲ့ပတ်သက်မှုအစကတည်းက နှစ်ယောက်လုံး စိတ်တူကိုယ်တူ လွန်ကျူးခဲ့ကြတာပဲလေ ဘာအားနာစရာရှိလို့လဲ.."
"နောက်ပိုင်းကျတော့ သူကသူမဟုတ်သလို ထွက်ပြေးခဲ့တယ် ကျွန်တော်သူနဲ့တရားဝင်ချိန်းတွေ့ချင်ပေမယ့် သူကကျွန်တော့်ကို မသိရင် ပလိပ်ရောဂါသည်ကြီးလိုရှောင်နေတာ သူကိုယ်ဝန်ရှိနေတာသိတော့လည်း တာဝန်ယူမယ့်အကြောင်းပြောပေမယ့် ငြင်းပြန်ရော အခြားဘာများလုပ်နိုင်မှာတဲ့လဲ.."
လော့ယန်တိတ်ဆိတ်သွားရသည်။ သူကိုယ်တိုင်လည်း အကွေးလူသားဖြစ်ရကား သူတို့ဘဝတွေကတကယ်မလုံခြုံတာကိုသိသည်။ သူတို့ဘဝမှာ တစ်ယောက်နှင့်တစ်ယောက်ချစ်တဲ့အချစ်က ဘာတဲ့လဲ။
အားလုံးက လက်တွေ့မကျတဲ့ နှင်းဆီရောင်မြင်ကွင်းတစ်ခုသာဖြစ်သည်။သူတို့မျှော်လင့်ချက်အတွက် အဆုံးထိတိုင် တိုက်ခိုက်ဖို့ ရှိသမျှနည်းအားလုံးကို သုံးဖို့သာရှိသည်။ အဲဒါကရက်စက်ပေမယ့် အမှန်တရားတစ်ခုလည်းဖြစ်နေသည်။
လင်ကျန်းရီက သူအရင်ကတွေ့ဖူးတဲ့ ချမ်းသာတဲ့ဒုတိယမျိုးဆက်လူပေါ်ကြော့ လူရှုပ်လူပွေသခင်လေးတွေနှင့်လည်းမတူချေ။
စုကျစ်ယန်ကအကြိမ်ကြိမ်ငြင်းပယ်ခဲ့ပေမယ့် သူကတော့ ကြိုးစားဆဲဖြစ်သည်။ အခုဆိုသူက သူ့ကိုထွက်သွားပေးဖို့ပင် တောင်းပန်လာသေးသည်။
သူကနားလည်မှုရှိတဲ့လူတစ်ယောက်ပါ။ စုံတွဲကြားကအရေးကိစ္စမှာ လူပိုတစ်ယောက်အနေနှင့် အပြင်လူရှိနေပါက တကယ်စိတ်အနှောင့်အယှက်ဖြစ်ရသည်။
ပထမမှာတော့ သူကအဝေးကိုထွက်ပြေးဖို့ရန်အလို့ငှာ ယဲ့ရှို့အိမ်မှပြန်လာခဲ့ခြင်းဖြစ်သည်။ ယခုသူနှင့်လင်ကျန်းရီကြား ဖြစ်ခဲ့သမျှကလည်း လင်ကျန်းရီအနေဖြင့် စုကျစ်ယန်အပေါ် ဘယ်လိုသဘောထားသလဲသိချင်ရုံသက်သက်မျှသာဖြစ်၏။
လင်ကျန်းရီက လော့ယန်ကို စောင့်ကြည့်နေခဲ့သည်။ သူ့မျက်နှာပေးက ပျော့ပျောင်းလာတာကိုတွေ့ပြီးနောက် သူက သံပူတုန်းပုံသွင်းဖို့ အားကြိုးမာန်တက်ကြိုးစားလေတော့သည်။
"သူလက်ခံလာအောင်လို့ ကျွန်တော်အကောင်းဆုံးကြိုးစားနေတာပါ ခင်များကနေပဲစရမှာပါ မစ္စတာလော့ ကျွန်တော်ကတာဝန်မဲ့တဲ့လူရှုပ်လူပွေမဟုတ်တာမို့ယုံကြည်ပေးပါ အသိအမှတ်ပြုခံရတာနဲ့ သူတို့ကိုမြတ်နိုးပြီး အစွမ်းကုန်ကာကွယ်သွားမှာပါ.."
"ဘာလို့များ ငါမင်းကိုယုံမယ်လို့ ထင်နေရတာလဲ.."
လော့ယန်ကအနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။ သူ့မသိစိတ်က ကျစ်ယန်ပျော်နိုင်ဖို့ မျှော်လင့်တာကလွဲလို့ ဘာမှမတတ်နိုင်ပေ။
သူသိတဲ့လိင်တူစုံတွဲတွေ ပျော်ရွှင်နေကြတာမျိုး အသက်ထက်ဆုံးအတူနေထိုင်ပြီး သစ္စာရှိရှိချစ်သွားကြတာမျိုးသာဖြစ်ခဲ့ရင် အဲဒါက လက်တွေ့လောကကြီးကို ပါးတစ်ချက် ခပ်ပြင်းပြင်းဖြတ်ရိုက်လိုက်သလို ဖြစ်သွားလိမ့်မည်။
လင်ကျန်းရီက သူ့လက်ထဲကနွေးနေဆဲ food boxအကြီးစားကြီးကိုဖွင့်လိုက်သည့်အခါ အထဲတွင် စုကျစ်ယန်ကြိုက်တတ်သည့် အဆာပြေမုန့်မျိုးစုံကို တွေ့လိုက်ရသည်။
"အခုအခြေအနေမှာ ဒီထက်ပိုပြီးသက်သေမပြနိုင်တာကိုသိပါတယ် လက်ရှိမှာတော့ ဒီအကြံအစည်လောက်ဆို ရပြီလို့ယုံတယ်"
လော့ယန်ရဲ့မျက်လုံးတွေက food boxဆီမှတစ်ဆင့် လင်ကျန်းရီ၏မျက်လုံးဘေးက အနက်ရောင်အရိပ်များဆီရောက်သွားပြီး သူနားလည်သွားခဲ့သည်။
မကောင်းတဲ့အာဏာရှင်တစ်ယောက်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ထိုလူ။ အရာအားလုံးကိုထိန်းချုပ်ထားချင်တဲ့အကျင့်နှင့်လူသား... သူက တစ်ညလုံး သူ့အချစ်ကလေးမနက်စာကောင်းကောင်းစားရဖို့ ကြိုးစားနေခဲ့သည်တဲ့။
လင်ကျန်းရီ၏ ဘယ်ဘက်လက်ချောင်းတို့ကို များစွာသောပတ်တီးတို့ဖြင့် ဖုံးလွှမ်းထား၏။ သူမနေ့ကဆေးရုံကိုလာပြီး စုကျစ်ယန်ကိုခေါ်စဉ်က ထိုအရာတို့ကို မတွေ့ခဲ့ချေ။
သူခန့်မှန်းတာမှန်လျှင် ချက်ပြုတ်ဖို့အတွက် လှီးချွတ်ရာမှာလေ့ကျင့်ရင်း ရလာတာပဲဖြစ်ရမည်။ သူ့ရဲ့အားထုတ်မှူတွေက ဘယ်လောက်ကြာမလဲသူမသိချေ။
သို့ပေမယ့် စုကျစ်ယန်အတွက်နှင့် သူ့နှလုံးသားနှင့်ရင်းပြီး သင်ယူလိုစိတ်ရှိတာက လုံလောက်နေပါပြီ။ အရာအားလုံးက နေရာတစ်ခုကနေ စတင်ရတာပါပဲ။
လင်ကျန်းရီက သူကိုယ်တိုင်ကျေကျေနပ်နပ်ခြေတစ်လှမ်းစလှမ်းမှတော့ နောက်ထပ်ခြေလှမ်း ၉၉လှမ်းကို ထပ်လှမ်းနိုင်လိမ့်မယ်ဆိုတာကိုလည်း သူယုံကြည်သည်။
လော့ယန်က သူ့အိတ်ထဲကသော့ကိုထုတ်လိုက်ပြီး လင်ကျန်းရီကိုပေးလိုက်သည်။
"ကျွန်တော်အခုပြောတာတွေက စော်ကားသလိုဖြစ်သွားရင် မစ္စတာလင်စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် ကျွန်တော်သူနဲ့ခံစားချက်တွေပိုလာမှာကြောက်ပြီး ဖယ်ထုတ်ချင်နေတာကိုသိပါတယ် ဒါကကျစ်ယန်ရဲ့အိမ်သော့ပါ မင်းကိုပေးမယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတစ်ယောက်တည်းသမားဆိုတော့ ဘယ်မှာနေနေပြဿနာမရှိပါဘူး နားထောင်မကောင်းတဲ့စကားတစ်ခွန်းကို အရင်ဆုံးပြောခဲ့ပါရစေ မင်းသူ့ကိုသေချာဂရုမစိုက်ရင် ကျွန်တော်မင်းကိုလာရှာမှာ.."
လင်ကျန်းရီ၏အကြည့်များက ကျဉ်းမြောင်းစူးရှသွားသည်။ သူက သော့ကိုယူပြီးမေးလိုက်သည်။
"ခင်များက ဘာမို့လို့ ဒီလိုပြောရတာလဲ"
"ကျွန်တော်လား ဒါပေါ့ ကလေးရဲ့ခေါင်းကိုင်ဖေဖေ(မွေးစားဖေဖေ)အနေနဲ့လေ..."
လော့ယန်က လင်ကျန်းရီနောက်က Audiအနက်ရောင်ကို ကျော်ကြည့်လိုက်သည်။
"မလုပ်သင့်ဘူးနော် သဝန်တိုနေတာလား..."
လော့ယန်က သူ့ကိုဆွလိုက်ပြီး ပြန်လှည့်ကာ လှေကားထစ်တွေဆီဦးတည်လိုက်သည်။
"စိတ်မပူပါနဲ့ သူနဲ့ကျွန်တော့်ကြားမှာ မီးပွားပွင့်လာစရာအကြောင်းမရှိပါဘူး အခုတော့ပစ္စည်းတွေသိမ်းဖို့ ပြန်သွားရဦးမယ်..."
လင်ကျန်းရီက စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး နောက်ကလိုက်တက်လိုက်သည်။
"ကျွန်တော် ခင်များကိုကူမယ်.."
ပစ္စည်းတွေသိမ်းရာမှာထွက်လာတဲ့အသံတွေက စုကျစ်ယန်ကို မနိုးလာစေခဲ့ချေ။ ထပ်ပေါင်းထည့်ရလျှင် လော့ယန်က ငယ်ရွယ်တဲ့တစ်ကိုယ်တည်းသမား ပါမောက္ခတစ်ဦးဖြစ်တာကြောင့် သူ့မှာပစ္စည်းများများစားစားမရှိရကား ခပ်မြန်မြန်ပင်သိမ်းထုပ်လို့ပြီးသွားသည်။
လင်ကျန်းရီကသူ့ကိုအပြင်ထိလိုက်ပို့ပေး၏။ တံခါးဝတွင် သူက ဆေးရုံမှာလော့ယန်နှင့်အတူရှိနေခဲ့သည့်ကောင်လေးကို တွေ့လိုက်သည်။ လော့ယန်ကသူ့ကို ယဲ့ရှို့ဟုခေါ်လိုက်တာကိုလည်း ကြားလိုက်ရသည်။
မျိုးရိုးနာမည်မတူဘူး ဝမ်းကွဲများလား...
လင်ကျန်းရီက ပြန်သွားပြီးစုကျစ်ယန်အတွက် ကြက်ဥပေါင်းလုပ်ပေးဖို့ပဲ စိတ်စောနေတာမို့ ယဲ့ရှို့က လော့ယန်ကိုကြည့်သည့် မထင်မရှားအကြည့်တို့ကို သတိမမူမိလိုက်ချေ။
___
"ခင်ဗျားဘာတွေအိမ်မက်မက်နေတာလဲ"
စုကျစ်ယန်ရဲ့အသံက လင်ကျန်းရီကိုအတွေးတွေထဲက ပြန်ဆွဲထုတ်လိုက်သည်။ သူကလက်ထဲမှာ ကြက်ဥစွပ်ပြုတ်ကိုကိုင်ထားပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ဘာလို့ကိုယ့်လက်ရာကို မမြည်းစမ်းကြည့်တာလဲ.."
စုကျစ်ယန်ကကြက်ဥစွပ်ပြုတ်ကို စိုက်ကြည့်ပြီး ခေါင်းကိုခါပြလိုက်သည်။
"မစားချင်ဘူး.."
သူအမုန်းဆုံးက ဥတွေပဲ..
"ကောင်းပြီ စားကြည့်ပါ အဲဒါက ကလေးအတွက်ကောင်းတယ် ကိုယ်အင်တာနက်ပေါ်မှာ ရှာကြည့်ထားပြီးပြီ..."
"ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်မင်းအတွက်အာဟာရဖြစ်တာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပေးမယ် အခုချိန်က ဥစားဖို့အကောင်းဆုံးအချိန်ပဲ..."
"ခေါင်းမမာနဲ့ ဟုတ်ပြီလား"
လင်ကျန်းရီက ဇွန်းအပြည့်ဥတွေကိုခပ်လိုက်ပြီး နှစ်ကြိမ်ခန့် တဖူးဖူးမှုတ်လိုက်သေးသည်။ သူကချော့သည့်လေသံလေးဖြင့်...
"လာပါ ကိုယ်မင်းကိုခွံ့ကျွေးမယ် ပါးစပ်ဟ အာ ~..."
စုကျစ်ယန်က နောက်ကိုဆုတ်ပြီး ငြင်းပယ်လိုက်သည်။
"ကျွန်တော် တကယ်မစားချင်ဘူး အခြားတစ်ခုနဲ့ ပြောင်းပေးလို့ရမလား..."
ဘာလို့ ဒီအရူးကသူ့ကို အာဟာရဖြစ်အောင်ဆိုပြီး လော့ယန်ကျွေးတဲ့နည်းအတိုင်း ကျွေးနေရပြန်တာတုန်း အား...။
ဘာကိုကျန်းမာရေးနဲ့ညီညွတ်အောင်ချက်တာလဲ။ ဘာကိုစားဖို့အသင့်တော်ဆုံးအချိန်လဲ။ ဒီရှေ့နောက်စာကြောင်းနှစ်ခုနဲ့တင် သူ့မှာဘယ်လိုငြင်းရမလဲမသိတော့ဘူး.။
အရင်ကတော့ သူ့အတွက်ကြိုးစားပမ်းစားချက်ပြုတ်ပေးခဲ့တဲ့လော့ယန်ရဲ့မျက်နှာကြောင့် သူမငြင်းပယ်နိုင်ခဲ့တာဖြစ်သည်။ ဒါပေမယ့် အခုကတော့...
ဒီလင်ကျန်းရီက သူ့ကိုကြိုးစားပြီးသေချာဂရုစိုက်ပါ့မယ်လို့ အခိုင်အမာပြောခဲ့တာလေ.. သူ့ကိုခဏလောက်တော့ ခေါင်းမာခွင့်မပေးနိုင်ဘူးလား ဟင်...ရနိုင်မလား ရနိုင်မလားလို့...
_____________
Translated by chu chu
My note ::
敬酒不吃吃罚酒(ယမကာသောက်ချင်ရုံသက်သက်နဲ့ ပေါင်မုန့်ကိုငြင်းတယ်) :- တွန်းအားမပေးမချင်း ကိုယ်လုပ်ရမယ့်အရာကိုမလုပ်ဘဲနေတယ်ဆိုတဲ့အဓိပ္ပါယ်ပါတဲ့
အဲဒါက တရုတ်စကားပုံတစ်ခုပါ။ တစ်စုံတစ်ယောက်က စေတနာသန့်သန့်နဲ့ ပေါင်မုန့်တစ်ခုပေးခဲ့ပေမယ့် ငြင်းလိုက်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ဘာကိစ္စနှင့်ပဲရင်ဆိုင်ရပါစေ မင်းသောက်လိုက်တာအကောင်းဆုံးပါတဲ့ မဟုတ်ရင် သူကမင်းကိုအတင်းအကြပ်တိုက်ဖို့ နည်းရှာပါလိမ့်မယ်တဲ့
(Base on Wikipedia)
_ _ _ _ _ _ _ _ _ _
[Zawgyi]
အခန္း ၃၉။ သူ႔ကုိေခါင္းမာခြင့္မေပးနိုင္ဘူးလား ဟင္...ရနိုင္မလား ရနိုင္မလားလို႔...
လင္က်န္းရီက ေႂကြပန္းကန္တစ္လုံးကိုကိုင္ထားရင္း အျပစ္ကင္းသည့္ပုံေလးျဖင့္ ေခါင္းခါျပလာသည္။
"မင္းကိုယ့္ကိုအထင္မွားေနၿပီ သူကသူ႔စိတ္နဲ႔သူထြက္သြားဖို႔ ဆုံးျဖတ္ခဲ့တာပါ ဒီမနက္ကိုယ္မင္းဆီလာေတာ့ သူကသူ႔ခရီးေဆာင္အိတ္ေတြကိုေတာင္ ထုပ္ပိုးၿပီးေနၿပီ သူကခပ္ငယ္ငယ္ေကာင္ေလးတစ္ေယာက္နဲ႔လိုက္သြားတာ ၾကည့္ရတာသူ႔အမ်ိဳးထင္တယ္ ဘာပဲျဖစ္ျဖစ္ပါ သူကအဲ့ကေလးနဲ႔လိုက္သြားတာပဲ သူက ကိုယ့္ကုိကေလးအေဖဆိုတာသိေတာ့ ေသာ့ေပးၿပီးမင္းကိုဂ႐ုစိုက္ဖို႔ မွာသြားတယ္"
စုက်စ္ယန္က မေန႔ကအေၾကာင္းေတြကိုျပန္ေတြးလိုက္သည္။ သူတို႔ေဆး႐ုံကထြက္လာေတာ့ ေလာ့ယန္က အရပ္ရွည္ရွည္ေကာင္ေလးႏွင့္အတူ ဆိုင္ကယ္ျဖင့္ထြက္သြားတာကို သတိရလိုက္၏။ သူစိတ္သက္သာရာရသြားသည့္တိုင္ ပို၍ဝမ္းနည္းလာသည္။
"သူထြက္သြားၿပီေပါ့"
စုက်စ္ယန္ကတိုးတိတ္စြာေရ႐ြတ္လိုက္သည္။ ဘယ္လိုလုပ္ၿပီး သူ႔ကိုႏႈတ္ေတာင္မဆက္သြားဘဲ ထြက္သြားႏိုင္ရတာတဲ့လဲ။
လင္က်န္းရီ၏မ်က္လုံးမ်ားမွာ က်ဥ္းေျမာင္းသြားရသည္။လသူလက္ရွိေျပာခဲ့သမွ်ေတြက တစ္ဝက္ကအမွန္ျဖစ္ၿပီး တစ္ဝက္ကအမွားျဖစ္သည္။
ေလာ့ယန္က တကယ္ထြက္သြားခဲ့တာျဖစ္ၿပီး ထိုေကာင္ေလးျဖင့္အတူထြက္သြားတာကလည္းအမွန္ပင္ျဖစ္သည္။ သို႔တိုင္ သူ႔ဆႏၵအေလ်ာက္ထြက္သြားခဲ့တာလားဆိုတာကိုေတာ့ သူလည္းရွင္းရွင္းလင္းလင္းမသိေခ်။
ျဖစ္ႏိုင္တာကေတာ့ သူေျပာခဲ့တာေတြေၾကာင့္ ထြက္သြားဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ႏိုင္သည္။ မည္သို႔ဆိုေစ သူ႔ရည္႐ြယ္ခ်က္မျပည့္ေသးသေ႐ြ႕ေတာ့ သူလူဆိုးျဖစ္ရမယ္ဆိုလည္း စိတ္ထဲမထားပါေခ်။
နံနက္ေစာေစာက--
လြန္ခဲ့တဲ့ညက လင္က်န္းရီထြက္သြားခ်ိန္တြင္ သူကစုက်စ္ယန္ႏွင့္အတူေျပာင္းေနဖို႔ စိတ္ပိုင္းျဖတ္ၿပီးၿပီျဖစ္သည္။ စုက်စ္ယန္ကလက္မခံလွ်င္ပင္ လင္က်န္းရီအေနျဖင့္လည္း လက္ေလ်ာ့ဖို႔စိတ္ကူးဆိုတာ မရွိေရးခ်မရွိပါေခ်။
သူ႔ဓားစြမ္းရည္ကို မနက္ေလးနာရီထိုးသည္အထိ တစ္ညလုံးေလ့က်င့္ၿပီးသည့္အခါ ေနာက္ဆုံးတြင္ေတာ့ လင္က်န္းရီတစ္ေယာက္ ႐ိုးရွင္းသည့္ၾကက္ဥေပါင္းနည္း(ၾကက္ဥပူတင္း)ကို သူ႔မိဘေတြကို ဆယ္ႏွစ္တိုင္ဂ႐ုစိုက္ေပးခဲ့သည့္ မာမားက်န္းဆီက သင္ယူႏိုင္ခဲ့ၿပီျဖစ္သည္။
သူကမာမားက်န္းကို အဆာေျပမုန္႔အခ်ိဳ႕ကိုလည္းလုပ္ခိုင္းခဲ့ၿပီး သူထြက္မလာခင္ food boxထဲထည့္ခိုင္းလိုက္သည္။ ရလဒ္အေနျဖင့္ သူက တိုက္ခန္းေအာက္ကိုေရာက္ေနသည့္ ေလာ့ယန္ႏွင့္ေတြ႕ခဲ့ရတာပင္။
လင္က်န္းရီ၏အၾကည့္မ်ားက ေတာက္ပသြားၿပီး သူကကပ္ရက္ကေလွကားထစ္မွာရပ္လိုက္သည္။
"မစၥတာေလာ့ ခင္ဗ်ားရပ္ပါဦး"
ေလာ့ယန္က အရပ္ရွည္ရွည္ျဖင့္လူငယ္ကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္ၿပီး...
"ဘာကိစၥလဲ.."
"ကြၽန္ေတာ္ ခင္မ်ားနဲ႔တစ္ခုေလာက္ ေဆြးေႏြးခ်င္လို႔..."
လင္က်န္းရီ၏မ်က္ႏွာက အနည္းငယ္ရွက္႐ြံ႕သလိုျဖစ္သြားၿပီး..
"ေက်းဇူးျပဳၿပီး ခင္ဗ်ားဒီတိုက္ခန္းတြဲက ေျပာင္းေပးလို႔ရမလား ခင္ဗ်ားက်စ္ယန္ကို လနဲ႔ခ်ီၿပီးဂ႐ုစိုက္ေပးခဲ့တာကိုသိပါတယ္ အခုလိုေျပာရတာ႐ိုင္းမွန္းသိေပမယ့္ ကြၽန္ေတာ္က်စ္ယန္ကို ဂ႐ုစိုက္ေပးမွာဆိုေတာ့ ခင္မ်ားနားလို႔ရပါၿပီ ကြၽန္ေတာ္ခင္မ်ားကိုေက်းဇူးတင္ပါတယ္ စိတ္ရင္းနဲ႔ေက်းဇူးတင္တာပါဗ်ာ.."
ခဏရပ္လိုက္ၿပီးေနာက္ လင္က်န္းရီကထပ္ေျပာသည္။
"ခင္ဗ်ားအတြက္ေနစရာမရွိရင္ ကြၽန္ေတာ္ကူညီေပးႏိုင္ပါတယ္ ခင္ဗ်ားစာသင္ေနတဲ့တကၠသိုလ္နဲ႔နီးတဲ့ေနရာေပါ့ ေနရာလည္းေကာင္းသလို အလင္းေရာင္လည္းေကာင္းေကာင္းရၿပီး အခန္းအျပင္အဆင္ကလည္း ပထမတန္းစားထဲကေပါ့ ေက်းဇူးျပဳၿပီး မျငင္းလိုက္ပါနဲ႔ဗ်ာ ဒီအတိုင္းေပးပစ္တာမဟုတ္ပါဘူး ကြၽန္ေတာ့္စိတ္ရင္းနဲ႔ေက်းဇူးတင္မႈကို ေဖာ္ျပခ်င္လို႔ပါ..."
ေလာ့ယန္ကမလႈပ္ရွားခဲ့ေခ်။ သူကစာအုပ္တစ္ထပ္ကိုကိုင္ထားၿပီး လင္က်န္းရီကို ျငင္သာစြာျဖင့္တစ္ခ်က္သာၾကည့္လိုက္သည္။
"မင္းမွာပိုက္ဆံအမ်ားႀကီးရွိေတာ့ ေငြရွိရင္တန္ခိုးရွိတယ္ ေငြနဲ႔ဘာမဆိုေျဖရွင္းႏိုင္တယ္လို႔ ထင္ေနတာပဲ ဟုတ္တယ္မလား..."
"ဒါေပမယ့္ အခုလိုေျပာရလို႔အားနာပါတယ္ ကြၽန္ေတာ္မေျပာင္းခ်င္ဘူး ဒီအခ်ိန္အေတာအတြင္း ကြၽန္ေတာ္နဲ႔က်စ္ယန္ၾကားမွာ တကယ္ေကာင္းတဲ့ဆက္ဆံေရးရွိခဲ့တယ္ ၿပီးေတာ့ သူ႔ကိုကြၽန္ေတာ္ဂ႐ုစိုက္ေပးဖို႔လည္းလိုေသးတယ္ ေနာက္ေျခာက္လဆို ကြၽန္ေတာ္က ကေလးရဲ႕ေမြးစားေဖေဖျဖစ္ေတာ့မွာ အဲဒါကိုေစာင့္ေနတာ.."
သူကႏူးညံ့စြာၿပဳံးလိုက္ရင္း ထပ္ေျပာသည္။
"ကြၽန္ေတာ္က ကေလးေမြးၿပီးတာနဲ႔ ပထမဆုံးျမင္ရမယ့္လူျဖစ္မွာ..."
လင္က်န္းရီ၏မ်က္ႏွာက နက္ေမွာင္သြားၿပီး သူ႔အသံကလည္း သတိေပးမႈတို႔ျဖင့္ ျပည့္သြားခဲ့သည္။
"ယမကာေသာက္ခ်င္႐ုံသက္သက္နဲ႔ ေပါင္မုန္႔ကိုျငင္းတယ္.."
"ဘာလဲ.. ဘာလို႔တုန္း မင္းကအဲ့ေလာက္ေတာင္ ေဒါသထြက္လြယ္တယ္လား.."
ေလာ့ယန္က သူတို႔ေျပာေနတဲ့အေၾကာင္းအရာကို ေျပာင္းလဲပစ္သည္။
"မင္းဒီလိုလြယ္လြယ္နဲ႔ ေဒါသထြက္တတ္ေနရင္ က်စ္ယန္ကို ဘယ္လိုဂ႐ုစိုက္ႏိုင္မွာတဲ့လဲ.."
"..."
ေအးစက္စက္မၿပဳံးခင္ လင္က်န္းရီမွာခဏမွ် ေျပာစရာစကားမဲ့သြားရသည္။
"ဒါက ကြၽန္ေတာ့္ကိစၥပါ ခင္ဗ်ားဒါနဲ႔ပတ္သက္ၿပီး ဘာမွပူစရာမလိုဘူး..."
"မွန္တယ္ ကြၽန္ေတာ္ မင္းကိစၥေတြကိုလည္း ဝင္မရႈပ္ခ်င္ပါဘူး ကြၽန္ေတာ္က က်စ္ယန္ကို ဂ႐ုစိုက္ေပးခ်င္႐ုံေလးပဲ သူကလူေကာင္းေလးပါ အေကာင္းျမင္ၿပီးေပ်ာ္ေပ်ာ္ေနတတ္တယ္ သူကဒီလိုပုံမွန္မဟုတ္တဲ့ကိစၥႀကီးကို ရင္ဆိုင္ေနရတာေတာင္မွ ဘယ္ေတာ့မွ ေခါင္းငုံ႔ၿပီးအရႈံးမေပးခဲ့ဘူး"
"သူက လခနည္းနည္းေလးနဲ႔ ကြၽန္ေတာ့္ကိုအိမ္ငွားေပးခဲ့တယ္ သူကကြၽန္ေတာ့္ကိုအခြန္လည္းမေဆာင္ေစခဲ့ဘူး(may be ေရဖိုးမီးဖိုး) သူ႔ကိုဂ႐ုစိုက္ေပးတယ္ဆိုတာက သူ႔အေပၚအေႂကြးတင္ေနတာေတြကို ဆပ္ခ်င္တဲ့ ကိုယ္ပိုင္ဆႏၵသက္သက္နဲ႔ပါ..."
ေလာ့ယန္က လင္က်န္းရီ၏ အထက္တန္းက်ၿပီး ေၾကာ့ရွင္းေနသည့္ဝတ္စုံကို ၾကည့္လိုက္သည္။
"မင္းကခ်မ္းသာတယ္မလား ဘာလို႔က်စ္ယန္ကို မေခၚထုတ္သြားလဲ မင္းသူ႔ကိုေကာင္းေကာင္းဂ႐ုစိုက္မယ္လို႔ ေျပာခဲ့တာပဲမလား မင္းသူ႔ကို စိတ္တိုင္းက်ခိုင္းလို႔ရတဲ့ အေစခံေတြအမ်ားႀကီးနဲ႔ ဗီလာေကာင္းေကာင္းကိုေခၚသြားလို႔ၿပီး ေကာင္းမြန္တဲ့လူေနမႈဘဝတစ္ခုကိုေပးလို႔ရတာမဟုတ္လား မင္းဘာလို႔အခုလိုမ်ိဳး ကြၽန္ေတာ့္ဆီလာၿပီး လူဆိုးလုပ္ဖို႔ေတြးေနရတာလဲ သူ႔ကိုဂ႐ုစိုက္ေပးရမွာက မင္းအလုပ္ပဲကို ၿပီးေတာ့ စုက်စ္ယန္ရဲ႕အိမ္မွာငွားေနတာကလည္း ကြၽန္ေတာ့္အပိုင္းေလ ဘာျပႆနာမွျဖစ္စရာမရွိဘူး ဟုတ္ရဲ႕လား"
"ခင္ဗ်ား--"
လင္က်န္းရီမွာ စကားမေျပာႏိုင္ဘဲ ရင္ခံသြားရသည္။ သူ႔ပုံစံက အားနည္းသြားၿပီး သက္ျပင္းရႈိက္ကာ ခပ္ဟဟရယ္လိုက္သည္။
"ကြၽန္ေတာ္လည္းေခၚသြားခ်င္တာပါပဲ ဒါေပမယ့္ ... အာ... သူမွလက္မခံတာ ဘာတတ္ႏိုင္မွာလဲ.."
လင္က်န္းရီကသူ႔ရဲ႕ မာနမင္းသားေလးပုံရိပ္ကိုထပ္ၿပီး ထိန္းထားမေနေတာ့ဘဲ ေလာ့ယန္ကိုအမိန္႔ေပးခဲ့သည့္အတိုင္း သူကေလွကားထစ္ကိုထပ္တက္လိုက္သည္။ ေလာ့ယန္ကလည္း သူ၏ႏူးညံ့သိမ္ေမြ႕သည့္ပုံေလးအတိုင္း ျပန္ျဖစ္သြားသည္။
"မင္းက်စ္ယန္အေပၚအမွားတစ္ခုခုလုပ္ခဲ့တယ္ ဟုတ္တယ္မလား ဒါေၾကာင့္လည္း သူကမင္းကိုမယုံရဲဘဲ သတိထားေနတာေပါ့.."
လင္က်န္းရီက သူ႔လက္ေတြကို ကူကယ္ရာမဲ့စြာျဖန္႔လိုက္ၿပီး ညည္းသလိုဆိုသည္။
"သူ႔အေပၚ ဘာအမွားမွမလုပ္ခဲ့ဘူး ကြၽန္ေတာ္တို႔ရဲ႕ပတ္သက္မႈအစကတည္းက ႏွစ္ေယာက္လုံး စိတ္တူကိုယ္တူ လြန္က်ဴးခဲ့ၾကတာပဲေလ ဘာအားနာစရာရွိလို႔လဲ.."
"ေနာက္ပိုင္းက်ေတာ့ သူကသူမဟုတ္သလို ထြက္ေျပးခဲ့တယ္ ကြၽန္ေတာ္သူနဲ႔တရားဝင္ခ်ိန္းေတြ႕ခ်င္ေပမယ့္ သူကကြၽန္ေတာ့္ကို မသိရင္ ပလိပ္ေရာဂါသည္ႀကီးလိုေရွာင္ေနတာ သူကိုယ္ဝန္ရွိေနတာသိေတာ့လည္း တာဝန္ယူမယ့္အေၾကာင္းေျပာေပမယ့္ ျငင္းျပန္ေရာ အျခားဘာမ်ားလုပ္ႏိုင္မွာတဲ့လဲ.."
ေလာ့ယန္တိတ္ဆိတ္သြားရသည္။ သူကိုယ္တိုင္လည္း အေကြးလူသားျဖစ္ရကား သူတို႔ဘဝေတြကတကယ္မလုံၿခဳံတာကိုသိသည္။ သူတို႔ဘဝမွာ တစ္ေယာက္ႏွင့္တစ္ေယာက္ခ်စ္တဲ့အခ်စ္က ဘာတဲ့လဲ။
အားလုံးက လက္ေတြ႕မက်တဲ့ ႏွင္းဆီေရာင္ျမင္ကြင္းတစ္ခုသာျဖစ္သည္။သူတို႔ေမွ်ာ္လင့္ခ်က္အတြက္ အဆုံးထိတိုင္ တိုက္ခိုက္ဖို႔ ရွိသမွ်နည္းအားလုံးကို သုံးဖို႔သာရွိသည္။ အဲဒါကရက္စက္ေပမယ့္ အမွန္တရားတစ္ခုလည္းျဖစ္ေနသည္။
လင္က်န္းရီက သူအရင္ကေတြ႕ဖူးတဲ့ ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္လူေပၚေၾကာ့ လူရႈပ္လူေပြသခင္ေလးေတြႏွင့္လည္းမတူေခ်။
စုက်စ္ယန္ကအႀကိမ္ႀကိမ္ျငင္းပယ္ခဲ့ေပမယ့္ သူကေတာ့ ႀကိဳးစားဆဲျဖစ္သည္။ အခုဆိုသူက သူ႔ကိုထြက္သြားေပးဖို႔ပင္ ေတာင္းပန္လာေသးသည္။
သူကနားလည္မႈရွိတဲ့လူတစ္ေယာက္ပါ။ စုံတြဲၾကားကအေရးကိစၥမွာ လူပိုတစ္ေယာက္အေနႏွင့္ အျပင္လူရွိေနပါက တကယ္စိတ္အေႏွာင့္အယွက္ျဖစ္ရသည္။
ပထမမွာေတာ့ သူကအေဝးကိုထြက္ေျပးဖို႔ရန္အလို႔ငွာ ယဲ့ရႈိ႕အိမ္မွျပန္လာခဲ့ျခင္းျဖစ္သည္။ ယခုသူႏွင့္လင္က်န္းရီၾကား ျဖစ္ခဲ့သမွ်ကလည္း လင္က်န္းရီအေနျဖင့္ စုက်စ္ယန္အေပၚ ဘယ္လိုသေဘာထားသလဲသိခ်င္႐ုံသက္သက္မွ်သာျဖစ္၏။
လင္က်န္းရီက ေလာ့ယန္ကို ေစာင့္ၾကည့္ေနခဲ့သည္။ သူ႔မ်က္ႏွာေပးက ေပ်ာ့ေပ်ာင္းလာတာကိုေတြ႕ၿပီးေနာက္ သူက သံပူတုန္းပုံသြင္းဖို႔
You are reading the story above: TeenFic.Net