(Unicode)
အခန်း ၃၄။ မီးခိုးရောင်အမွှေးနဲ့မြေခွေး'လင်'ရဲ့ 'လျှို့၀ှက်ကြံစည်မှု'။
စုကျစ်ယန်၏ မောပန်းနေတဲ့ ညည်းတွားသံကိုကြားကြားချင်း လင်ကျန်းရီတံခါးကိုချက်ချင်းပိတ်ကာ တတ်နိုင်သမှျှ အမြန်ဆုံးပြေးချလာလေသည်။ ဆိုဖာဘေးမှာဆောင့်ကြောင့်ထိုင်လိုက်ရင်း နူးညံ့ညင်သာစွာမေးလိုက်သည်။
"ကိုယ်မင်းကို နှိပ်ပေးရမလား"
စုကျစ်ယန် ဘေးကိုနေရာနည်းနည်းလောက် မရွှေ့ပေးခင် မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်သည်။
"ခါးလာနှိပ်ပေး... အကြာကြီးမတ်တပ်ရပ်လိုက်ရတာ ခါးကျိုးတော့မယ်"
ဒါက ဒီလူတစ်ကယ်ပဲပြောင်းလဲသွားပြီလား။ ဒါမှမဟုတ် ယောကျ်ားပီသဟန်ဆောင်နေတာလားဆိုတာ စမ်းသပ်ဖို့အခွင့်အရေးပဲလေ။
စုကျစ်ယန်ရဲ့ တမင်သက်သက်မာနကြီးပြနေတဲ့ပုံစံလေးကို လင်ကျန်းရီမြင်လိုက်ရတဲ့နောက် စိတ်ထဲမှာရယ်မောလိုက်သည်။ သို့သော်လည်း သူ့လှုပ်ရှားမှုတွေကတော့ ရပ်မသွားပေ။ သူ့လက်တွေကို စုကျစ်ယန်ရဲ့ဘေးကိုပို့ကာ နူးညံ့စွာနှိပ်နယ်ပေးလိုက်သည်။
သူဆေးရုံမှာတုန်းက ကိုယ်၀န်ဆောင်တစ်ယောက်အတွက် အခြေခံအချက်များနှင့် ဂရုစိုက်ရန်နည်းလမ်းများအကြောင်း ဆရာ၀န်ကိုမေးခဲ့ပြီးပြီ။ အနည်းငယ် နှိပ်နယ်ပွတ်သပ်ပေးခြင်းက စိတ်အားငယ်မှုနှင့် နာကျင်မှုတွေကိုလျော့ပါးစေသည်တဲ့။
စုကျစ်ယန် ဆိုဖာပေါ်လှဲချသလိုလိုနှင့် သူ့ကိုတစ်ချက်မျှခိုးကြည့်လိုက်တော့ တည်ငြိမ်စူးစိုက်စွာ နှိပ်ပေးနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။
လင်ကျန်းရီရဲ့လေးနက်မှုတွေနဲ့ အလိုလိုက်နေတဲ့အမူအရာတွေက မမျှော်လင့်ဘဲ သူ့နှလုံးသားကို ကြောင်လေးတစ်ကောင် ကုတ်ခြစ်နေသလို ပို၍ပို၍လျှင်မြန်စွာ တဒိတ်ဒိတ်ခုန်ပေါက်လာစေသည်။ ကလိကလိနှင့်ယားယံစေသလို ကိုးယို့ကားယားလဲနိုင်လှပါသေးသည်။
စုကျစ်ယန်ခိုးကြည့်နေကြောင်း လင်ကျန်းရီသတိပြုမိလိုက်တော့ ပျော်ရွှင်သွားရသည်။ သို့သော်လည်း သူမမြင်သလိုဟန်ဆောင်နေဆဲ။ ထို့ပြင် သူ့ရဲ့ဇနီးလေးကို ဘယ်လောက်အထိချစ်မြတ်နိုးကြောင်းပင် ပြသနေလိုက်သေးသည်။
ရာသီဥတုက တစ်ရက်တစ်ရက် ပိုမိုအေးစက်လာကာ မြစ်ရေတွေပင် သုံးပေအထူလောက်ခဲကုန်ကြပြီ။ ထို့ပြင် ဒီရေခဲကိုအရည်ပျော်အောင်လုပ်ဖို့က အရမ်းကြီးမြန်မြန်မဖြစ်နိုင်ပေ။
{လေပြည်--ဥပမာပေးတာပါ။ စုကျစ်ယန်ရဲ့သူ့အပေါ်အေးစက်မှု၊ မလိုလားမှုတွေကို လုံး၀ကြီးပျောက်သွားစေဖို့က အရမ်းကြီးမမြန်နိုင်ပါဘူးတဲ့။}
စုကျစ်ယန်ပြောတဲ့ 'အရင်ဘ၀'ဆိုတာက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ သူ့ရှေ့ကလူဆီမှာ သူ့အပေါ်ကောင်းမွန်တဲ့အမြင် သိပ်မရှိတာကြောင့် သူ့စိတ်ကိုသာ အနည်းငယ်ဖွင့်လှစ်ပေးထားလိုက်သည်။
"ရပြီ ထပ်မလုပ်နဲ့တော့ ရေဆာတယ်ရေတစ်ခွက်ပေး"
စုကျစ်ယန်က အမိန့်ပေးသည်။ လင်ကျန်းရီက ခေါင်းညိတ်သည်။
"ကိစ္စမရှိပါဘူး"
ရေငှဲ့နေစဉ်မှာ ဥက္ကဌလင်ဟာ တိုက်ခန်းကိုလေ့လာနေသည်။ ဒါက... အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသည့် ပုံမှန်ဆန်လွန်းသော တိုက်ခန်းတစ်ခန်းသာ။ သူ့ရဲ့ဗီလာလောက်တော့ မကျယ်ပေ။
သူ့ဗီလာကတော့ အင်း... သူ့ဗီလာလို့ကိုမပြောရ။ အိပ်ခန်းကတင် ဒီတိုက်ခန်းထက်ပိုကြီးသည်။ ဒါပေမယ့်လည်း ဒီတိုက်ခန်းလေးဟာ သေးပေမယ့် အေးစက်ပြီးအထီးကျန်တဲ့ သူ့အိမ်နဲ့မတူဘဲ လူတွေကိုနွေးထွေးမှုတို့ ပေးစွမ်းနိုင်သည်။ အဲဒီ့နေရာမှာက အိမ်ဆိုတဲ့ခံစားချက်တောင် မရှိပေ။
ဘာပဲသူလုပ်လုပ် တစ်ယောက်တည်းသာ။ အိမ်အကူတွေရှိပေမယ့်လည်း လူတိုင်းကသူ့အပေါ် လေးစားမှုထားကြသည်။ သည်ခံစားချက်က နွေးထွေးမှုမရှိဘဲ စိမ်းသက်သည်။
"Splash -"
လင်ကျန်းရီ အတွေးတွေကိုဖယ်ခွာရင်း ဂရုတစိုက်ဖြင့် ခွက်ထဲရေအပြည့်ဖြည့်လိုက်သည်။ စင်ထွက်လာသည့်ရေစက်တွေကြောင့့် သူ့လက်အပူလောင်သွားကာ ရေထုတ်စက်အောက်ခြေကို ကိုင်ထားသည့်လက်ကို လျှင်မြန်စွာလွှတ်လိုက်သည်။
နာကျင်မှုကိုသည်းခံပြီး ရေနွေးခွက်ကိုကော်ဖီစားပွဲပေါ်တင်လိုက်ကာ သူ့လက်ကို အားဖြင့်ခါလိုက်သည်။ စုကျစ်ယန် ဒါကိုမြင်လိုက်ပြီးနောက် အကူအညီမပေးဘဲ ရွဲ့ပြောလိုက်သည်။
"ခင်ဗျားကတစ်ကယ်ကို သန်မာအားကြီးလိုက်တာနော် ရေလေးတစ်ခွက်ဖြည့်တာကို ကိုယ့်ဘာသာ အပူလောင်သွားသေးတယ်"
လင်ကျန်းရီကြက်သေသေကာ ခါနေသည့်လက်ကို အောက်ချလိုက်သည်။ စုကျစ်ယန်ကတော့ ဆက်လက်အမိန့်ပေးနေဆဲ။
"ရေချိုးခန်းထဲသွားပြီး သွားတိုက်ဆေးယူလိမ်းလိုက် အပြာရောင်ခွက်က ကျွန်တော့်ဟာ"
သဘာ၀ကျစွာပင် လင်ကျန်းရီမငြင်းပေ။ သူ့လက်ကို လေတဟူးဟူးမှုတ်ရင်း ရေချိုးခန်းဆီကို လျှောက်သွားလိုက်သည်။ ရေချိုးခန်းသေးသေးလေးကို သူကြည့်လိုက်တော့ အထဲမှာ ရေပန်းတစ်ခုရှိသည်။
လင်ကျန်းရီ၏ နဖူးက တဖြည်းဖြည်းချင်း ရှုံ့သွားခဲ့သည်။ ဒါက ရေချိုးဖို့ရာ မလုံခြုံပေ။ အမှတ်တမဲ့ ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ။ မရဘူး။ သူဒါကိုမွမ်းမံမှဖြစ်မယ်။
နောက်ဆုံးမှာတော့ သူ့ရဲ့အမြင်အာရုံတွေကို ရေကန်ဆီပို့လိုက်ပြီးနောက် ရေခွက်နှစ်ခွက်၊ သွားပွတ်တံနှစ်ခု၊ သွားတိုက်ဆေးဘူးနှစ်ဘူး၊ အမျိုးသားသုံးမျက်နှာသစ်ဆေးဘူးနှစ်ဘူး၊ ခေါင်းလျှော်ရည်ဘူးနှစ်ဘူးနဲ့ မျက်နှာသုတ်ပုဝါနှစ်ခုကို တွေ့လိုက်ရသည်။
အဲဒါက... ဘာတွေပဲဖြစ်နေပါစေ။ အစုံလိုက်တွေလေ...။ အား... ဖီ...။ ဘာကိုအစုံလိုက်တွေတဲ့လဲ။ အဲဒါကနှစ်ခုပဲ။ နှစ်ခု... အစုံလိုက်မဟုတ်ဘူး။ အိမ်ကသေးသေးလေးဖြစ်နေတာကို အိမ်ငှားကတင်လိုက်သေးတယ်တဲ့။ ဒီပေါက်စလေးက တစ်ကယ်ကို ဒေါသထွက်ချင်စရာပဲ။
သူ့စိတ်အတွေးထဲမှာတော့ စုကျစ်ယန်နဲ့လော့ယန်တို့ အတူနေထိုင်ကြသည့် မြင်ကွင်းများဖြင့် ပြည့်နှက်လာသည်။ လင်ကျန်းရီတစ်ယောက် အလိုအလျောက် လောင်ကျွမ်းသွားလုနီးပါးပင်။
သူ့ရဲ့မျက်နှာက မည်းမှောင်နေကာ စုကျစ်ယန်က သူ့ကို "ခင်ဗျားအဲဒါကိုတွေ့လား"ဟု လှမ်းမေးလိုက်သည့်အချိန်အထိ ကြောက်ရွံ့နေခဲ့သည်။ အဲဒီ့နောက် သူ့ရဲ့ခံစားချက်ကိုထိန်းကာ ပြန်လာပြီးဖြေလိုက်သည်။
"တွေ့ပြီ"
အဲဒီ့နောက် သူဒေါသထွက်စွာပင် အပြာရောင်ခွက်ထဲမှ သွားတိုက်ဆေးဘူးကိုရွေးယူလိုက်ရင်း မျက်နှာအမူအရာကို ပြင်လိုက်သည်။
ပြီးနောက် အပြင်ပြန်ထွက်လာကာ သွားတိုက်ဆေးဘူးကို စုကျစ်ယန်ဆီပေးလိုက်သည်။ နှလုံးသားလေးကတော့ တစ်စုံတစ်ယောက်ကို မကျေမနပ်ဖြစ်နေဆဲပင်။
{လေပြည်-ပါမောက္ခလော့ရေ ခလုတ်တွေတိုက်ကုန်ပြီလားရှင့်}
တစ်နေ့မှာ သူစုကျစ်ယန်ကို သူ့အိမ်ကိုရအောင်ခေါ်သွားမည်။ ဒါမှမဟုတ် လော့ယန်ကို အေ၀းကိုမောင်းထုတ်ပစ်မည်။
လင်ကျန်းရီ၏ကြိမ်းဝါးနေမှုတို့ကို မရိပ်မိသူစုကျစ်ယန် လက်ကိုဆွဲကာ အပူလောင်သွားသောအနီရောင်အကွက်ကို ကြည့်လိုက်သည်။
ဒါက... အဆင်ပြေပါရဲ့။ အရမ်းကြီးတော့မစိုးရိမ်ရဘူး။ သွားတိုက်ဆေးတစ်ချို့လိမ်းလိုက်ရင် အဆင်ပြေသွားလိမ့်မည်။
သည်တော့ သူသွားတိုက်ဆေးဘူးအဖုံးကိုဖွင်ကာ သွားတိုက်ဆေးအချို့ညှစ်ထုတ်လိုက်ပြီး လင်ကျန်းရီ၏ အပူလောင်ဒဏ်ရာအပေါ် လိမ်းလိုက်သည်။
သူ့လက်ပေါ်မှ အအေးဓာတ်လေးကိုခံစားလိုက်ရပြီးနောက် လင်ကျန်းရီက သူ့အတွေးတွေကို ပြန်ဆွဲခေါ်ကာ စူးစမ်းချင်စိတ်အပြည့်ဖြင့် စုကျစ်ယန်ကိုမေးလိုက်သည်။
"ဒါကဘာလဲ"
{လေပြည်-သွားတိုက်ဆေးမှန်းသူသိပါတယ်။ အပူလောင်ရင်လိမ်းလို့ရမှန်း မသိလို့ပါတဲ့ကွယ်}
စုကျစ်ယန် ဆေးလိမ်းလို့ပြီးသွာတော့ လင်ကျန်းရီက လက်ကိုပြန်ယူပြီး ဂရုတစိုက်ကြည့်လိုက်သည်။ အမ်... ဒါက.. လိမ်းထားတဲ့သွားတိုက်ဆေးတွေက ညီညီညာညာကလေးပဲ...
လင်ကျန်းရီ ဒါကိုမြင်လိုက်တော့ သူ့ကိုယ်ပိုင်မေးခွန်း (ဒါကဘာလဲလို့မေးမိတာ)ကို သူ့ဘာသာတောင်ပြန်ဖြေဖို့ စက်ဆုပ်သွားရသည်။ ဒီအကြောင်းတွေးပြီးနောက် သူရုတ်တရက်သဘောပေါက်သွားခဲ့သည်။
"ဒါကရေနွေးပူလောင်တာကို ကုသပေးနိုင်တာလား"
"အမ်း... ခဏလောက်စောင့်နေလိုက်ဦး အဆင်ပြေသွားလိမ့်မယ် ဒါကအရမ်းအကျိုးသက်ရောက်မှုရှိတယ် ခင်ဗျားမစောင့်နိုင်ရင် မီးဖိုချောင်သွားပြီး ခင်ဗျားလက်ကိုရေခဲသေတ္တာထဲထည့်ထားလိုက်ပေါ့ ဒါဆိုအရည်ကြည်ဖုထွက်တာကို ကာကွယ်နိုင်တယ်"
စုကျစ်ယန် သူ့လက်ကိုလျှော့ပေးကာ လင်ကျန်းရီလက်ထဲ သွားတိုက်ဆေးဘူး ပြန်ထည့်ပေးလိုက်သည်။
" သွားတိုက်ဆေးဘူးကို သွားပြန်ထားလိုက်ဦး"
လင်ကျန်းရီ သွားတိုက်ဆေးဘူးကို သွားပြန်ထားပြီးနောက် ပြီးပြီဖြစ်ကြောင်းပြောလိုက်သည်။ အဲဒီ့နောက် စုကျစ်ယန် ဖန်ခွက်တစ်ခွက်ကိုင်ထားကာ တစ်ငုံသောက်တာကို တွေ့လိုက်သည်။
စူးစမ်းချင်စိတ်ပြင်းပြစွာပဲ သူမီးဖိုချောင်ထဲ၀င်သွားကာ လှည့်ပတ်ကြည့်လိုက်သည်။ မီးဖိုချောင်က အလွန်သေးငယ်ပြီး ရေခဲသေတ္တာကလည်း အရမ်းသေးလွန်းသည်။
ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရသည့် အစားအစာတွေကြောင့် လင်ကျန်းရီအံ့သြသွားရသည်။
"ကျစ်ယန်... မင်းချက်စားနေတုန်းလား"
စုကျစ်ယန်ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး ဒါပေမယ့်လော့ယန်ကကျွန်တော်အစားအစာနဲ့ အားဖြည့်နေတယ်ဆိုတာသိတယ်လေ"
ရွှင်မြူးအားရသည့်အပြုံးဖြင့် ပြောလိုက်သည်။ သည်အပြုံးက လင်းကျန်းရီအတွက်တော့ စိတ်ကိုဆွပေးလိုက်သလိုပင်။ ရေခဲသေတ္တာတံခါးကို ခပ်ပြင်းပြင်းဆောင့်ပိတ်လိုက်ပြီးနောက် ခပ်တိုးတိုးရေရွတ်သည်။
"ဒါက... ချက်ပြုတ်တာလေးပဲမဟုတ်လား ဘာများခက်နေလို့လဲ လေ့လာလိုက်ရင် မကြာခင်မှာ ကိုယ်လဲလုပ်နိုင်ပါတယ်ကွ"
မီးဖိုချောင်ကို လျှောက်ကြည့်ပြီးနောက် လင်ကျန်းရီက အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
"ကျစ်ယန် ဒါမင်းအခန်းလား"
စုကျစ်ယန်ခေါင်းညိတ်သည်။
"ဟုတ်တယ် အထဲကိုမ၀င်နဲ့"
"ကိုယ်သွားလို့မရဘူးလား တစ်ချက်လောက်ကြည့်ရုံပဲလေ"
လင်ကျန်းရီခြေလှမ်းတွေကို နောက်ပြန်ဆုတ်လိုက်သည်။
"တံခါး၀ကနေ ကြည့်ရတာနဲ့မတူဘူးလား"
"သေချာတာပေါ့"
လင်ကျန်းရီ ပခုံးတွန့်လိုက်ပြီး တံခါးဘောင်ကိုမှီကာ အထဲသို့မျက်လုံးေ၀့ကြည့်လိုက်သည်။ အခန်းက မသပ်မရပ်ဖြစ်နေသော်လည်း အနည်းဆုံးတော့ ရှုပ်ပွမနေကြောင်း သူတွေ့လိုက်သည်။
စားပွဲခုံပေါ်မှာ laptop တစ်လုံးရှိပြီး စာအုပ်တစ်ချို့ကတော့ ဆိုဖာပေါ်မှာ၊ အိပ်ရာပေါ်မှာ ပြန့်ကျဲနေသည်။ ဓာတ်ပုံပညာသုံး ကိရိယာအစိတ်အပိုင်းတွေကလည်း ကြမ်းပြင်ပေါ်ပြန့်ကျဲလို့။ အဲဒါတွေက အိပ်ရာနှင့်မျက်နှာချင်းဆိုင်မှာဖြစ်သည်။
လင်ကျန်းရီနှလုံးသားလေးထဲ ချိုင့်၀င်သွားရပြီ။ တစ်ကယ်မယုံနိုင်သေးဘူး။ အာ...။ ကျစ်ယန်မှာ ကိုယ့်ဘာသာဓာတ်ပုံရိုက်ရတဲ့ ဝါသနာရှိတယ်ဆိုတာကိုပေါ့။
အကြည့်ဟာရုတ်တရက် တန့်ခနဲဖြစ်သွားပြီ။ လင်ကျန်းရီ အိပ်ရာဘေးမှ အ၀တ်သေးသေးလေးအနည်းငယ်ကိုမြင်လိုက်ရသည်လေ။
ဒါလေးတွေက ထူးထူးခြားခြားကိုသေးငယ်နေကာ လက်ရာမြောက်သည်။ ဒါက ကလေး၀တ်လေးတွေဖြစ်ပြီး အလွန်အမင်းချစ်ဖို့ကောင်းနေသည်။
သူကကလေးအတွက် အ၀တ်အစားတွေ ကြိုပြီးပြင်ဆင်နေပြီပေါ့။ သူကတစ်ကယ်ကို စိတ်ကူးစိတ်သန်းရှိတဲ့၊ ရွေးချယ်ဖို့သင့်တော်တဲ့ ဇနီးကောင်းတစ်ယောက်ပါပဲ။ 'မိခင်ကောင်း၊ ဇနီးကောင်း'တစ်ယောက်ပေါ့။
ဒါပေမယ့် ဒီအ၀တ်လေးတွေရဲ့ quality က အရမ်းနိမ့်ကျနေသည်။ အာ...။ နောင်တစ်ချိန်မှာ သူက ကလေးအဖေဖြစ်လာမှာမို့ ကလေးအတွက်ပိုကောင်းတာတွေ ၀ယ်ကို၀ယ်ရမည်။
လင်ကျန်းရီ စုကျစ်ယန်ကိုဘယ်လိုမျိုးစိတ်ကျေနပ်အောင်လုပ်ရမလဲဆိုတာတွေးနေချိန်မှာ စုကျစ်ယန်က သတိပြုမိကာ သူ့ကိုတိုက်တွန်းလေသည်။
"နောက်ကျနေပြီ ခင်ဗျားပြန်သင့်ပြီ"
လင်ကျန်းရီ သူ့ကိုနှင်ထုတ်နေသည့်စကား ကြားပြီးနောက် တန်ပြန်အစီအစဉ်ကို စတင်ပြီးတွေးတောလိုက်သည်။
"အခုက အစားစားချိန်လေ ကိုယ်ပြန်ရင် မင်းဘာသွားစားမှာလဲ"
"အဲဒါကိုမစိုးရိမ်ပါနဲ့ ကျွန်တော့်မှာစားစရာရှိပါတယ်"
"အဆာပြေမုန့်တွေလား... မင်းကကိုယ်၀န်ရှိနေတာနော် သွားရည်စာမုန့်တွေမစားသင့်တော့ဘူး သွားရည်စာမုန့်စားလို့ ဗိုက်မပြည့်နိုင်ဘူး"
လင်ကျန်းရီပြောလိုက်သည်။
"မင်းကအာဟာရရှိဖို့လိုတယ် ဘာလို့ကိုယ်တို့ အပြင်ထွက်မစားရမှာလဲ ကိုယ်ဒကာခံမယ် မင်းစားချင်တဲ့ ဘယ်ဟာမဆိုကိုယ်ကျွေးမယ်"
"ဒီနေ့ခေတ်မှာ အပြင်စာတွေကမသန့်ရှင်းတော့ဘူး ဒီတော့သွားရည်စာမုန့်တွေက ပိုကောင်းပါတယ် ကျွန်တော်အပြင်ထွက်စားမှာမဟုတ်ဘူး"
စုကျစ်ယန် နှုတ်ခမ်းစူလိုက်သည်။
"လော့ယန် ပြန်လာပြီးချက်ပေးတာကိုစောင့်လိုက်မယ် သူ့ကျောင်းကနီးနီးလေး နေ့လည်ဘက်ဆို ချက်ပြုတ်ဖို့ပြန်လာလိမ့်မယ်"
"....."
လင်ကျန်းရီ၏ နှုတ်ခမ်းအစုံတင်းသွားကာ အကြည့်တွေက ခက်ထန်သွားသည်။
လော့ယန်... လော့ယန်... လော့ယန်ဆိုတာချည်းပဲ။ မရဘူး... သူထပ်ပြီးသည်းမခံနိုင်တော့ဘူး။
မနက်ဖြန်... မနက်ဖြန်ကျ ဒီအိမ်ကနေလော့ယန်ကို ကန်ထုတ်ဖို့နည်းလမ်းရှာကိုရှာရမယ်။ သူ့ကိုငါ့ဇနီးနဲ့ ေ၀းေ၀းမှာထားရမယ်။
ဇနီးလေးအတွက်ကတော့... ဒါပေါ့။ သူ့ဇနီးလေးကို သူ့ဘာသာဂရုစိုက်ပေးမှာလေ။ မှန်တယ်။ ဒီပေါက်စလေးက သူ့အိမ်ကိုမှ အတူတူမလိုက်ချင်တာ။ သူကပဲဒီမှာ နေနိုင်ရမှာပေါ့။
ဆုံးဖြတ်ချက်ချလိုက်ပြီ။ မနက်ဖြန်လော့ယန်ကိုကန်ထုတ်ပြီး သူရွှေ့လာရမယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ။ လုံး၀ပြည့်စုံတာပဲ။
"ရင်းနီးတယ်ဆိုရင်တောင်မှ တခြားသူကိုအနှောင့်အယှက်ပေးဖို့ မသင့်တော်ဘူးလေ"
လင်ကျန်းရီ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့်ပြုံးသည်။
"ချက်ပြုတ်ရုံလေးမလား ကိုယ်လည်းသိပါတယ် မင်းစောင့်နေ ကိုယ်မင်းအတွက်ချက်ပေးမယ် ဘာစားချင်လဲသာပြော ကိုယ်လုပ်ပေးမှာပေါ့"
________
Translated by Lay Pyay Yhine.
ဒယ်ဒီရီကတော့ စိန်ခေါ်လိုက်ပါပြီ။ သူ့ကြည့်ရတာ တစ်ခါမှလည်း မချက်ဘူးဘဲနဲ့ ဘယ်လိုတွေလွဲကုန်ဦးမယ်မသိနော်။ :D
ဒီတစ်ပိုင်းလည်း Challenge နော်။ vote 100=next chapter ပါ။ ယူတို့အားပေးကြမ်းတယ်နော် အဟေးဟေး။
_____________
(Zawgyi)
အခန္း ၃၄။ မီးခိုးေရာင္အေမႊးနဲ႔ေျမေခြး'လင္'ရဲ႕ 'လွ်ိဳ႕၀ွက္ႀကံစည္မႈ'။
စုက်စ္ယန္၏ ေမာပန္းေနတဲ့ ညည္းတြားသံကိုၾကားၾကားခ်င္း လင္က်န္းရီတံခါးကိုခ်က္ခ်င္းပိတ္ကာ တတ္နိုင္သမွွ် အျမန္ဆံုးေျပးခ်လာေလသည္။ ဆုိဖာေဘးမွာေဆာင့္ေၾကာင့္ထိုင္လိုက္ရင္း ႏူးညံ့ညင္သာစြာေမးလိုက္သည္။
"ကိုယ္မင္းကို နွိပ္ေပးရမလား"
စုက်စ္ယန္ ေဘးကိုေနရာနည္းနည္းေလာက္ မေ႐ႊ႕ေပးခင္ မ်က္ေမွာင္ႀကံဳ႕ကာ စဥ္းစားလိုက္သည္။
"ခါးလာနွိပ္ေပး... အၾကာႀကီးမတ္တပ္ရပ္လိုက္ရတာ ခါးက်ိဳးေတာ့မယ္"
ဒါက ဒီလူတစ္ကယ္ပဲေျပာင္းလဲသြားၿပီလား။ ဒါမွမဟုတ္ ေယာက်္ားပီသဟန္ေဆာင္ေနတာလားဆိုတာ စမ္းသပ္ဖို႔အခြင့္အေရးပဲေလ။
စုက်စ္ယန္ရဲ႕ တမင္သက္သက္မာနႀကီးျပေနတဲ့ပံုစံေလးကို လင္က်န္းရီျမင္လိုက္ရတဲ့ေနာက္ စိတ္ထဲမွာရယ္ေမာလိုက္သည္။ သို႔ေသာ္လည္း သူ႔လႈပ္ရွားမႈေတြကေတာ့ ရပ္မသြားေပ။ သူ႔လက္ေတြကို စုက်စ္ယန္ရဲ႕ေဘးကိုပို႔ကာ ႏူးညံ့စြာနွိပ္နယ္ေပးလိုက္သည္။
သူေဆးရံုမွာတုန္းက ကိုယ္၀န္ေဆာင္တစ္ေယာက္အတြက္ အေျခခံအခ်က္မ်ားနွင့္ ဂရုစိုက္ရန္နည္းလမ္းမ်ားအေၾကာင္း ဆရာ၀န္ကိုေမးခဲ့ၿပီးၿပီ။ အနည္းငယ္ နွိပ္နယ္ပြတ္သပ္ေပးျခင္းက စိတ္အားငယ္မႈနွင့္ နာက်င္မႈေတြကိုေလ်ာ့ပါးေစသည္တဲ့။
စုက်စ္ယန္ ဆိုဖာေပၚလွဲခ်သလိုလိုနွင့္ သူ႔ကိုတစ္ခ်က္မွ်ခိုးၾကည့္လိုက္ေတာ့ တည္ၿငိမ္စူးစိုက္စြာ နွိပ္ေပးေနဆဲျဖစ္ေၾကာင္း ျမင္လိုက္ရသည္။
လင္က်န္းရီရဲ႕ေလးနက္မႈေတြနဲ႔ အလိုလိုက္ေနတဲ့အမူအရာေတြက မေမွ်ာ္လင့္ဘဲ သူ႔နွလံုးသားကို ေၾကာင္ေလးတစ္ေကာင္ ကုတ္ျခစ္ေနသလို ပို၍ပို၍လွ်င္ျမန္စြာ တဒိတ္ဒိတ္ခုန္ေပါက္လာေစသည္။ ကလိကလိနွင့္ယားယံေစသလို ကိုးယို႔ကားယားလဲနိုင္လွပါေသးသည္။
စုက်စ္ယန္ခိုးၾကည့္ေနေၾကာင္း လင္က်န္းရီသတိျပဳမိလိုက္ေတာ့ ေပ်ာ္႐ႊင္သြားရသည္။ သို႔ေသာ္လည္း သူမျမင္သလိုဟန္ေဆာင္ေနဆဲ။ ထို႔ျပင္ သူ႔ရဲ႕ဇနီးေလးကို ဘယ္ေလာက္အထိခ်စ္ျမတ္နိုးေၾကာင္းပင္ ျပသေနလုိက္ေသးသည္။
ရာသီဥတုက တစ္ရက္တစ္ရက္ ပိုမိုေအးစက္လာကာ ျမစ္ေရေတြပင္ သံုးေပအထူေလာက္ခဲကုန္ၾကၿပီ။ ထို႔ျပင္ ဒီေရခဲကိုအရည္ေပ်ာ္ေအာင္လုပ္ဖို႔က အရမ္းႀကီးျမန္ျမန္မျဖစ္နိုင္ေပ။
{ေလျပည္--ဥပမာေပးတာပါ။ စုက်စ္ယန္ရဲ႕သူ႔အေပၚေအးစက္မႈ၊ မလိုလားမႈေတြကို လံုး၀ႀကီးေပ်ာက္သြားေစဖို႔က အရမ္းႀကီးမျမန္နိုင္ပါဘူးတဲ့။}
စုက်စ္ယန္ေျပာတဲ့ 'အရင္ဘ၀'ဆိုတာက ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ။ သူ႔ေရွ႕ကလူဆီမွာ သူ႔အေပၚေကာင္းမြန္တဲ့အျမင္ သိပ္မရွိတာေၾကာင့္ သူ႔စိတ္ကိုသာ အနည္းငယ္ဖြင့္လွစ္ေပးထားလိုက္သည္။
"ရၿပီ ထပ္မလုပ္နဲ႔ေတာ့ ေရဆာတယ္ေရတစ္ခြက္ေပး"
စုက်စ္ယန္က အမိန္႔ေပးသည္။ လင္က်န္းရီက ေခါင္းညိတ္သည္။
"ကိစၥမရွိပါဘူး"
ေရငွဲ႔ေနစဥ္မွာ ဥကၠဌလင္ဟာ တိုက္ခန္းကိုေလ့လာေနသည္။ ဒါက... အိပ္ခန္းနွစ္ခန္းနွင့္ ဧည့္ခန္းတစ္ခန္းပါသည့္ ပံုမွန္ဆန္လြန္းေသာ တိုက္ခန္းတစ္ခန္းသာ။ သူ႔ရဲ႕ဗီလာေလာက္ေတာ့ မက်ယ္ေပ။
သူ႔ဗီလာကေတာ့ အင္း... သူ႔ဗီလာလို႔ကိုမေျပာရ။ အိပ္ခန္းကတင္ ဒီတိုက္ခန္းထက္ပိုႀကီးသည္။ ဒါေပမယ့္လည္း ဒီတိုက္ခန္းေလးဟာ ေသးေပမယ့္ ေအးစက္ၿပီးအထီးက်န္တဲ့ သူ႔အိမ္နဲ႔မတူဘဲ လူေတြကိုေႏြးေထြးမႈတို႔ ေပးစြမ္းနိုင္သည္။ အဲဒီ့ေနရာမွာက အိမ္ဆိုတဲ့ခံစားခ်က္ေတာင္ မရွိေပ။
ဘာပဲသူလုပ္လုပ္ တစ္ေယာက္တည္းသာ။ အိမ္အကူေတြရွိေပမယ့္လည္း လူတိုင္းကသူ႔အေပၚ ေလးစားမႈထားၾကသည္။ သည္ခံစားခ်က္က ေႏြးေထြးမႈမရွိဘဲ စိမ္းသက္သည္။
"Splash -"
လင္က်န္းရီ အေတြးေတြကိုဖယ္ခြာရင္း ဂရုတစိုက္ျဖင့္ ခြက္ထဲေရအျပည့္ျဖည့္လိုက္သည္။ စင္ထြက္လာသည့္ေရစက္ေတြေၾကာင့့္ သူ႔လက္အပူေလာင္သြားကာ ေရထုတ္စက္ေအာက္ေျခကို ကိုင္ထားသည့္လက္ကို လွ်င္ျမန္စြာလႊတ္လိုက္သည္။
နာက်င္မႈကိုသည္းခံၿပီး ေရေႏြးခြက္ကုိေကာ္ဖီစားပြဲေပၚတင္လိုက္ကာ သူ႔လက္ကို အားျဖင့္ခါလိုက္သည္။ စုက်စ္ယန္ ဒါကိုျမင္လိုက္ၿပီးေနာက္ အကူအညီမေပးဘဲ ႐ြဲ႕ေျပာလိုက္သည္။
"ခင္ဗ်ားကတစ္ကယ္ကို သန္မာအားႀကီးလိုက္တာေနာ္ ေရေလးတစ္ခြက္ျဖည့္တာကို ကိုယ့္ဘာသာ အပူေလာင္သြားေသးတယ္"
လင္က်န္းရီၾကက္ေသေသကာ ခါေနသည့္လက္ကို ေအာက္ခ်လုိက္သည္။ စုက်စ္ယန္ကေတာ့ ဆက္လက္အမိန္႔ေပးေနဆဲ။
"ေရခ်ိဳးခန္းထဲသြားၿပီး သြားတိုက္ေဆးယူလိမ္းလိုက္ အျပာေရာင္ခြက္က ကြၽန္ေတာ့္ဟာ"
သဘာ၀က်စြာပင္ လင္က်န္းရီမျငင္းေပ။ သူ႔လက္ကို ေလတဟူးဟူးမႈတ္ရင္း ေရခ်ိဳးခန္းဆီကို ေလွ်ာက္သြားလိုက္သည္။ ေရခ်ိဳးခန္းေသးေသးေလးကို သူၾကည့္လိုက္ေတာ့ အထဲမွာ ေရပန္းတစ္ခုရွိသည္။
လင္က်န္းရီ၏ နဖူးက တျဖည္းျဖည္းခ်င္း ရႈံ႕သြားခဲ့သည္။ ဒါက ေရခ်ိဳးဖို႔ရာ မလံုၿခံဳေပ။ အမွတ္တမဲ့ ေခ်ာ္လဲသြားရင္ ဘယ္လိုလုပ္မလဲ။ မရဘူး။ သူဒါကိုမြမ္းမံမွျဖစ္မယ္။
ေနာက္ဆံုးမွာေတာ့ သူ႔ရဲ႕အျမင္အာရံုေတြကို ေရကန္ဆီပို႔လိုက္ၿပီးေနာက္ ေရခြက္နွစ္ခြက္၊ သြားပြတ္တံနွစ္ခု၊ သြားတိုက္ေဆးဘူးနွစ္ဘူး၊ အမ်ိဳးသားသံုးမ်က္နွာသစ္ေဆးဘူးနွစ္ဘူး၊ ေခါင္းေလွ်ာ္ရည္ဘူးနွစ္ဘူးနဲ႔ မ်က္နွာသုတ္ပု၀ါနွစ္ခုကို ေတြ႕လိုက္ရသည္။
အဲဒါက... ဘာေတြပဲျဖစ္ေနပါေစ။ အစံုလိုက္ေတြေလ...။ အား... ဖီ...။ ဘာကိုအစံုလိုက္ေတြတဲ့လဲ။ အဲဒါကနွစ္ခုပဲ။ နွစ္ခု... အစံုလိုက္မဟုတ္ဘူး။ အိမ္ကေသးေသးေလးျဖစ္ေနတာကို အိမ္ငွားကတင္လိုက္ေသးတယ္တဲ့။ ဒီေပါက္စေလးက တစ္ကယ္ကို ေဒါသထြက္ခ်င္စရာပဲ။
သူ႔စိတ္အေတြးထဲမွာေတာ့ စုက်စ္ယန္နဲ႔ေလာ့ယန္တို႔ အတူေနထိုင္ၾကသည့္ ျမင္ကြင္းမ်ားျဖင့္ ျပည့္နွက္လာသည္။ လင္က်န္းရီတစ္ေယာက္ အလိုအေလ်ာက္ ေလာင္ကြၽမ္းသြားလုနီးပါးပင္။
သူ႔ရဲ႕မ်က္နွာက မည္းေမွာင္ေနကာ စုက်စ္ယန္က သူ႔ကို "ခင္ဗ်ားအဲဒါကိုေတြ႕လား"ဟု လွမ္းေမးလိုက္သည့္အခ်ိန္အထိ ေၾကာက္႐ြံ႕ေနခဲ့သည္။ အဲဒီ့ေနာက္ သူ႔ရဲ႕ခံစားခ်က္ကိုထိန္းကာ ျပန္လာၿပီးေျဖလိုက္သည္။
"ေတြ႕ၿပီ"
အဲဒီ့ေနာက္ သူေဒါသထြက္စြာပင္ အျပာေရာင္ခြက္ထဲမွ သြားတိုက္ေဆးဘူးကိုေ႐ြးယူလိုက္ရင္း မ်က္နွာအမူအရာကို ျပင္လိုက္သည္။
ၿပီးေနာက္ အျပင္ျပန္ထြက္လာကာ သြားတိုက္ေဆးဘူးကို စုက်စ္ယန္ဆီေပးလိုက္သည္။ နွလံုးသားေလးကေတာ့ တစ္စံုတစ္ေယာက္ကို မေက်မနပ္ျဖစ္ေနဆဲပင္။
{ေလျပည္-ပါေမာကၡေလာ့ေရ ခလုတ္ေတြတိုက္ကုန္ၿပီလားရွင့္}
တစ္ေန႔မွာ သူစုက်စ္ယန္ကို သူ႔အိမ္ကိုရေအာင္ေခၚသြားမည္။ ဒါမွမဟုတ္ ေလာ့ယန္ကုိ အေ၀းကိုေမာင္းထုတ္ပစ္မည္။
လင္က်န္းရီ၏ႀကိမ္း၀ါးေနမႈတို႔ကို မရိပ္မိသူစုက်စ္ယန္ လက္ကိုဆြဲကာ အပူေလာင္သြားေသာအနီေရာင္အကြက္ကို ၾကည့္လိုက္သည္။
ဒါက... အဆင္ေျပပါရဲ႕။ အရမ္းႀကီးေတာ့မစိုးရိမ္ရဘူး။ သြားတိုက္ေဆးတစ္ခ်ိဳ႕လိမ္းလိုက္ရင္ အဆင္ေျပသြားလိမ့္မည္။
သည္ေတာ့ သူသြားတိုက္ေဆးဘူးအဖံုးကိုဖြင္ကာ သြားတိုက္ေဆးအခ်ိဳ႕ညႇစ္ထုတ္လိုက္ၿပီး လင္က်န္းရီ၏ အပူေလာင္ဒဏ္ရာအေပၚ လိမ္းလိုက္သည္။
သူ႔လက္ေပၚမွ အေအးဓာတ္ေလးကိုခံစားလိုက္ရၿပီးေနာက္ လင္က်န္းရီက သူ႔အေတြးေတြကို ျပန္ဆြဲေခၚကာ စူးစမ္းခ်င္စိတ္အျပည့္ျဖင့္ စုက်စ္ယန္ကိုေမးလိုက္သည္။
"ဒါကဘာလဲ"
{ေလျပည္-သြားတိုက္ေဆးမွန္းသူသိပါတယ္။ အပူေလာင္ရင္လိမ္းလို႔ရမွန္း မသိလို႔ပါတဲ့ကြယ္}
စုက်စ္ယန္ ေဆးလိမ္းလို႔ၿပီးသြာေတာ့ လင္က်န္းရီက လက္ကိုျပန္ယူၿပီး ဂရုတစိုက္ၾကည့္လိုက္သည္။ အမ္... ဒါက.. လိမ္းထားတဲ့သြားတိုက္ေဆးေတြက ညီညီညာညာကေလးပဲ...
လင္က်န္းရီ ဒါကိုျမင္လိုက္ေတာ့ သူ႔ကိုယ္ပိုင္ေမးခြန္း (ဒါကဘာလဲလို႔ေမးမိတာ)ကုိ သူ႔ဘာသာေတာင္ျပန္ေျဖဖို႔ စက္ဆုပ္သြားရသည္။ ဒီအေၾကာင္းေတြးၿပီးေနာက္ သူရုတ္တရက္သေဘာေပါက္သြားခဲ့သည္။
"ဒါကေရေႏြးပူေလာင္တာကို ကုသေပးနိုင္တာလား"
"အမ္း... ခဏေလာက္ေစာင့္ေနလိုက္ဦး အဆင္ေျပသြားလိမ့္မယ္ ဒါကအရမ္းအက်ိဳးသက္ေရာက္မႈရွိတယ္ ခင္ဗ်ားမေစာင့္နိုင္ရင္ မီးဖိုေခ်ာင္သြားၿပီး ခင္ဗ်ားလက္ကိုေရခဲေသတၲာထဲထည့္ထားလိုက္ေပါ့ ဒါဆိုအရည္ၾကည္ဖုထြက္တာကို ကာကြယ္နိုင္တယ္"
စုက်စ္ယန္ သူ႔လက္ကိုေလွ်ာ့ေပးကာ လင္က်န္းရီလက္ထဲ သြားတိုက္ေဆးဘူး ျပန္ထည့္ေပးလိုက္သည္။
" သြားတိုက္ေဆးဘူးကုိ သြားျပန္ထားလိုက္ဦး"
လင္က်န္းရီ သြားတိုက္ေဆးဘူးကုိ သြားျပန္ထားၿပီးေနာက္ ၿပီးၿပီျဖစ္ေၾကာင္းေျပာလိုက္သည္။ အဲဒီ့ေနာက္ စုက်စ္ယန္ ဖန္ခြက္တစ္ခြက္ကိုင္ထားကာ တစ္ငံုေသာက္တာကို ေတြ႕လိုက္သည္။
စူးစမ္းခ်င္စိတ္ျပင္းျပစြာပဲ သူမီးဖိုေခ်ာင္ထဲ၀င္သြားကာ လွည့္ပတ္ၾကည့္လိုက္သည္။ မီးဖိုေခ်ာင္က အလြန္ေသးငယ္ၿပီး ေရခဲေသတၲာကလည္း အရမ္းေသးလြန္းသည္။
ေရခဲေသတၲာကိုဖြင့္ၾကည့္လိုက္ေတာ့ ေတြ႕လိုက္ရသည့္ အစားအစာေတြေၾကာင့္ လင္က်န္းရီအံ့ၾသသြားရသည္။
"က်စ္ယန္... မင္းခ်က္စားေနတုန္းလား"
စုက်စ္ယန္ေခါင္းခါလုိက္သည္။
"မဟုတ္ပါဘူး ဒါေပမယ့္ေလာ့ယန္ကကြၽန္ေတာ္အစားအစာနဲ႔ အားျဖည့္ေနတယ္ဆုိတာသိတယ္ေလ"
႐ႊင္ျမဴးအားရသည့္အၿပံဳးျဖင့္ ေျပာလိုက္သည္။ သည္အၿပံဳးက လင္းက်န္းရီအတြက္ေတာ့ စိတ္ကိုဆြေပးလုိက္သလိုပင္။ ေရခဲေသတၱာတံခါးကို ခပ္ျပင္းျပင္းေဆာင့္ပိတ္လိုက္ၿပီးေနာက္ ခပ္တိုးတိုးေရ႐ြတ္သည္။
"ဒါက... ခ်က္ျပဳတ္တာေလးပဲမဟုတ္လား ဘာမ်ားခက္ေနလို႔လဲ ေလ့လာလိုက္ရင္ မၾကာခင္မွာ ကိုယ္လဲလုပ္နိုင္ပါတယ္ကြ"
မီးဖိုေခ်ာင္ကို ေလွ်ာက္ၾကည့္ၿပီးေနာက္ လင္က်န္းရီက အိပ္ခန္းတံခါးကို တြန္းဖြင့္လိုက္သည္။
"က်စ္ယန္ ဒါမင္းအခန္းလား"
စုက်စ္ယန္ေခါင္းညိတ္သည္။
"ဟုတ္တယ္ အထဲကိုမ၀င္နဲ႔"
"ကိုယ္သြားလို႔မရဘူးလား တစ္ခ်က္ေလာက္ၾကည့္ရံုပဲေလ"
လင္က်န္းရီေျခလွမ္းေတြကို ေနာက္ျပန္ဆုတ္လုိက္သည္။
"တံခါး၀ကေန ၾကည့္ရတာနဲ႔မတူဘူးလား"
"ေသခ်ာတာေပါ့"
လင္က်န္းရီ ပခံုးတြန္႔လိုက္ၿပီး တံခါးေဘာင္ကိုမွီကာ အထဲသို႔မ်က္လံုးေ၀့ၾကည့္လိုက္သည္။ အခန္းက မသပ္မရပ္ျဖစ္ေနေသာ္လည္း အနည္းဆံုးေတာ့ ရႈပ္ပြမေနေၾကာင္း သူေတြ႕လိုက္သည္။
စားပြဲခံုေပၚမွာ laptop တစ္လံုးရွိၿပီး စာအုပ္တစ္ခ်ိဳ႕ကေတာ့ ဆိုဖာေပၚမွာ၊ အိပ္ရာေပၚမွာ ျပန္႔က်ဲေနသည္။ ဓာတ္ပံုပညာသံုး ကိရိယာအစိတ္အပိုင္းေတြကလည္း
You are reading the story above: TeenFic.Net