Chapter 3 (Z)

Background color
Font
Font size
Line height

အခန်း ၃။ ကိုယ်​၀န်​သုံးလရှိ​နေပြီ။

စုကျစ်​​​ယန်​ လင်​ကျန်းရီကိုစက္ကန့်​အနည်းငယ်​​လောက်​ စိုက်​ကြည့်​​နေပြီး​နောက်​ စက္ကူခွက်​ကို ​​ပေးကိုင်​ခိုင်းလိုက်​သည်​။

"​ကောင်းပြီ​လေ ခင်​ဗျားကူညီ​ပေး ဒါကိုကိုင်​ထား"

လင်​ကျန်းရီရဲ့နှုတ်​ခမ်း​တွေ မျဉ်း​တစ်​​ကြောင်းလို ​ဖြောင့်​တန်းသွားသည်​။ ဖြစ်​နိုင်​လျှင်​ ထိုလူသားကိုထားခဲ့ပြီး အ​ဝေးကိုသာ​ပြေးသွားလိုက်​ချင်​သည်​။

ဒါ​ပေမယ့်​ သူအနည်းငယ်​စဉ်းစားပြီးတဲ့​နောက်​မှာ​တော့ ခွက်​ကိုကိုင်​ထားလိုက်​ရင်း စုကျစ်​​​ယန်​ကို ကြီးကြပ်​​ပေး​ဖို့ဆုံးဖြတ်​လိုက်​သည်​။

သူတစ်​ခုခုကိုဝှက်​ယူလာပြီး မလှည့်​စားနိုင်​ဖို့အတွက်​​​ပေါ့။ ဒါ​ကြောင့်​လည်း သူဒီကို​ရောက်​တာမလား။

လင်​ကျန်းရီ သူ့မျက်​လုံး​တွေထဲမှာ အ​ဖြေရှာ​နေတာကို ​ရှောင်​ဖို့အတွက်​စုကျစ်​​​ယန်​ ​ခေါင်းကိုငုံ့ချလိုက်​သည်​။ စုကျစ်​​​ယောင်​ သူ့ရဲ့အ​ပေါ်အားကစားအင်္ကျီကို အပြင်​ထုတ်​လိုက်​ပြီး အတွင်းခံ​ဘောင်းဘီကိုပါ ချွတ်​လိုက်​သည်​။

သူ့မျက်​နှာ​ပေါ်မှာ စိတ်​ရှုပ်​မှု​တွေကိုအထင်းသား မြင်​​နေရသည်​။ ထို့​နောက်​မှာ​တော့ အ​တော်​​လေး​ကျေနပ်​သွားတဲ့အပြုံးနှင့်​ လင်​ကျန်းရီကိုလှည့်​ကြည့်​လာသည်​။

"ရီ... ကျွန်ေ​တာ်​အ​ပေါ့သွား​တော့မလို့ ကျွန်​​တော့်​ကို ဆီးထည့်​ဖို့ ကူညီပါ"

လင်​ကျန်းရီ ၀မ်းနည်းပြီးငိုချင်​သွားသည်​။ ကိုယ်​ကိုခပ်​​စောင်း​စောင်း မှီလိုက်​ရင်း စုကျစ်​​​ယန်​အဆင်​​ပြေ​စေဖို့အတွက်​ လက်​ကိုဆန့်​ပြီးစက္ကူခွက်​ကို စုဇစ်​​ယန်​အငယ်​​လေးနားကိုကပ်​​ပေးလိုက်​သည်​။

သူ့မျက်​လုံး​တွေက ကိုယ်​တိုင်​ပင်​သတိမထားမိဘဲ စုကျစ်​​​ယန်​ရဲ့ ခါးနှင့်​ ၀မ်းဗိုက်​​တွေကို​ကျော်​ပြီးကြည့်​မိသွားသည်​။ စုကျစ်ယန်​ အားကစားအင်္ကျီကို လှန်​တင်​လိုက်​တုန်းက သူ့အသားအရည်​​​ကအ​တော်​​လေး​ကောင်းပြီး ဖြူစင်​၀င်းမွတ်​​နေသည်​။

အဲဒီ့ညကလို ဆွဲ​ဆောင်​မှုရှိ​နေဆဲပင်​။ သို့​​ပေသည့်​ ထိုညက ၀မ်းပြင်​တစ်​​လျှောက်​ဟာ ညီညာ​ချောမွတ်​ကျစ်​လျစ်​ပြီးအဆီပိုအသားပိုတို့ရှိမ​နေ​ချေ။ အခုချိန်​မှာ​တော့ ဗိုက်​ပြင်​က အနည်းငယ်​ ပိုပြီးစူထွက်​​နေသ​ယောင်​။ တကယ်​ပဲ အဲဒီထဲမှာ အသက်​ပိစိ​လေးရှိ​နေတာလား။

လင်​ကျန်းရီ ထိုညကိုပင်​သတိရသွားသည်​။ အဲ့ဒီ့ညက သူနဲ့စုကျစ်​​​ယန်​ ​စောင်​​တွေကြားမှာ ​ထွေး​ပွေ့လူးလှိမ့်​ကြတဲ့အချိန်​မှာ စုကျစ်​ယန်​ရဲ့မျက်​နှာကနှင်းဆီ​ရောင်​သန်းပြီး ဆွဲ​ဆောင်​မှုရှိ​နေခဲ့သည်​။

ပြီး​တော့ သူ့ကို 'ရီ'လို့အဆက်​မပြတ်​​ခေါ်​နေခဲ့​သေးသည်​။ လင်​ကျန်းရီ တကယ်​ပင်​ စိတ်​ရှုပ်​​ထွေးသွားသည်​။ သူ့လက်​တ​လျှောက်​ပူ​နွေးမှုကို ခံစားလိုက်​ရတဲ့အချိန်​မှာပဲ လင်​ကျန်းရီ ​နေ့ခင်း​ကြောင်ေ​တာင်အိ​မ်​မက်​မက်ရာ​က​ ပြန်​လည်​သတိလည်​လာ၏။

အောက်​ကိုငုံ့ကြည့်​မိတဲ့အခါမှာ​တော့ ကျင်​ငယ်​ရည်​​တွေဟာ ခွက်​အပြင်​ကိုလျှံထွက်​ကာ လင်​ကျန်းရီလက်​​ပေါ်အထိ စီးကျကုန်​သည်​။

ချီးပဲ ​သေလိုက်​ပါ​တော့!
သေနာ​လေး!တကယ်​ပဲ သူ့လက်​​ပေါ်ကို ရှူးပန်းချရဲတယ်​​ပေါ့​လေ!
F*ck!ဒါက ဆီးစစ်​ဖို့အတွက်​​လေးပဲ​လေ မင်းကဘာကိစ္စ အများကြီး​ပေါက်​ချလိုက်​တာလဲ!

စုကျစ်​​ယန်​ သူ့ရဲ့​'​ရေပိုက်​​'​လေးကို အလျင်​အမြန်​ပိတ်​ချရင်း စတင်​​တောင်းပန်​​တော့သည်​။

"အား ​ဆောရီး ​တောင်းပန်​ပါတယ်​ ငါအချိန်​မှီရပ်​ဖို့ မထိန်းချုပ်​လိုက်​နိုင်​ဘူး မင်းအတွက်​ တစ်​ရှူးယူ​ပေးပါ့မယ်​.."

လင်​ကျန်းရီ စုကျစ်​​​ယန်​ရဲ့မျက်​နှာလှလှ​လေးကို မ​ကျေမနပ်​စိုက်​ကြည့်​ရင်း အံကြိတ်​​မိသည်​။ ​သောက်​က​လေး တကယ်​ပဲမရိပ်​မိတာလား ငါ့နှုတ်​ခမ်း​တွေတင်းတင်း​စေ့ပြီး မျက်​ခုံး​တွေတွန့်​ချိုး​နေတာ မမြင်​ဘူးလား။

ဒါမှမဟုတ်​ တကယ်​ပဲ ငါ့ကို ​သောက်​ဂရုမစိုက်​တာလား!

လင်​ကျန်းရီ အသက်​ပြင်းပြင်းရှူပြီး စက္ကူဘူးကို အန်​တီကြီးရဲ့စားပွဲ​ပေါ်တင်​​ပေးလိုက်​ကာ ​ဒေါသကို​လျော့ချလိုက်​သည်​။

"စစ်​​ဆေးချက်​ အ​ဖြေထွက်​လာဖို့ ဘယ်​​လောက်​ ကြာကြာ​စောင့်​ရမှာလဲ"

"အမ်​ သိပ်​မကြာပါဘူး.."

အန်​တီကြီးက​ချောင်းတစ်​ချက်​ဟန့်​လိုက်​သည်​။ သူမ သူတို့နှစ်​​ယောက်​ရဲ့ လှည့်​ကွက်​​တွေကို သိပြီးပြီ။ ထုံးစံအတိုင်းလက်​အိတ်​ကိုစွပ်​ပြီးခွက်​​ကိုယူလိုက်​သည်​။ ပြီးတဲ့​နောက်​ ထို​ကောင်​​လေးရဲ့ ဆီးကိုကိုယ်​၀န်​စစ်​တဲ့ကိရိယာနှင့်​ စစ်​လိုက်​၏။

သိပ်​မကြာခင်​မှာပင်​ ကိုယ်​၀န်​စစ်​တဲ့တုတ်​​ချောင်း​လေး​ပေါ်မှာ မျဉ်းနှစ်​​​ကြောင်း​ပေါ်လာသည်​။ အန်​တီကြီးရဲ့ မျက်​မှန်​ဟာကျွတ်​ကျလုနီးနီးဖြစ်​သွားပြီး စုကျစ်​​​ယန်​ကို အံ့သြတကြီးကြည့်​လိုက်​သည်​။

သူမထိုလူငယ်​​လေးကို ​မေးခွန်းတစ်​ခုအလွန်​အမင်း​မေးချင်​​နေမိသည်​။
'မင်းက ​ယောက်ျားစိတ်​​ပေါက်​​နေတဲ့ မိန်းက​လေးများလား' ဆိုပြီး​တော့​ပေါ့။ ဒါ​ပေမယ့်​ သူ​စော​စောကအ​ပေါ့သွားတဲ့အချိန်​မှာ သူ့ရဲ့ညီ​လေးကို သူမမျက်​လုံးနှင့်​ တပ်​အပ်​မြင်​ခဲ့ပြီးပြီ။

သူကမိန်းက​လေး မဖြစ်​နိုင်​ဘူး။
ဒါ​ပေမယ့်​လည်း ထွက်​လာတဲ့ အ​ဖြေက-အခုက ဘာအ​ခြေအ​နေကြီးလဲရှင်​။

"ဘာဖြစ်​လို့လဲ "

လင်​ကျန်းရီ စိတ်​မရှည်​စွာ​ မျက်​​မှောက်​ကြုပ်​ရင်း ​မေးလိုက်​သည်​။ အန်​တီကြီးရဲ့ တုန့်​ပြန်​မှုကို ကြည့်​ပြီး သူ့စိတ်​ထဲ မ​ကောင်းတဲ့ခံစားချက်​ကို ခံစားရလာသည်​။ တကယ်​ပဲ စုကျစ်​​ယန်​က ကိုယ်​၀န်​​ဆောင်​နိုင်​တာလား။

ဘယ်​လိုလုပ်​ဖြစ်​နိုင်​မှာလဲ! အဆန်းကြီး​နော်​!

"သူ့..သူ့မှာ တကယ်​ပဲ ကိုယ်​၀န်​ရှိ​နေတာ.."

အန်​တီကြီးကတုန်​လှုပ်​စွာနဲ့ လိုင်း​လေးနှစ်​ခုကိုကြည့်​ပြီး စကားသံထွက်​​အောင်​ ကြိုးစားပြီး​ပြောလိုက်​သည်​။

စုကျစ်​​​ယန်​ လင်​ကျန်းရီကို ​ကျေနပ်​အားရတဲ့ အကြည့်​​တွေနှင့်​ကြည့်​လိုက်​သည်​။ထိုအကြည့်​​တွေကို ဘာသာပြန်​ရမည်​ဆိုရင်​ဖြင့်​ 'ကြည့်​ ကျွန်​​တော်​မ​ပြောဘူးလား ခင်​ဗျားကိုကျွန်​​တော်​ မလိမ်​ခဲ့ဘူး​နော်​ ဟုတ်​တယ်​ဟုတ်​!' ဟူ၍ဖြစ်​သည်​။

လင်​ကျန်းရီရဲ့စိတ်​ဟာ တ၀ီဝီမည်​ကာ ရှုပ်​​ထွေးပြီးေ၀၀ါးသွားသည်​။ သူလည်​စည်းကို ဆုပ်​ကိုင်​ပြီး သက်​​တောင့်​သက်​သာဖြစ်​​အောင်​​ဖြေ​လျော့ရင်း သူ့ကိုယ်​သူပြန်​​ပြောလိုက်​၏။

"ဒါအမှန်​​တွေမဟုတ်​ပါဘူး ဟုတ်​တယ်​မလား..ဒီထက်​ပိုပြီး ​သေချာတဲ့နည်းနှင့်​ စစ်​လို့မရ​တော့ဘူးလား.."

"ရှိတာ​ပေါ့ ​သွေးစစ်​တာနှင့်​ အယ်​ထရာ​ဆောင်းရိုက်​တာက ဒီ့ထက်​ပိုပြီး တိကျနိုင်​တယ်​..."

အန်​တီကြီးကခပ်မြန်မြန်ပင်​​​​၀င်​​ဖြေသည်​။

ဒါမှန်​စရာအ​ကြောင်းမရှိဘူး။
ပိုအ​ရေးကြီးတာက ​ယောက်ျား​လေးတစ်​​ယောက်​ကဘယ်​လိုလုပ်​ ကိုယ်​၀န်​ရှိနိုင်​မှာလဲ။

လက်​ကျန်းရီ စုကျစ်​ယန်​ကို B-Ultrasound ဌာနကို ​ခေါ်သွား၏။ပြီး​နောက်​ ​ပြောလိုက်​သည်​။

"သွားပြီးထပ်​စစ်​လိုက်​"

"​ဟေ့လူ အယ်​ထရာ​ဆောင်းမှာ ​ရေဒီရိုလှိုင်း​တွေအများကြီးနှင့်​ က​လေးအတွက်​ မ​ကောင်းဘူး​နော်​..."

စုကျစ်​​ယန်​ လင်​ကျန်းရီရဲ့လက်​​တွေထဲမှာ တင်းတင်းကြပ်​ကြပ်​ ဖမ်းဆုပ်​ခံထားရသည်​။ လင်​ကျန်းရီကသူ့စကား​ကို အဖက်​ပင်​မလုပ်​​ချေ။

"​ကောင်းပြီ​လေ ခင်​ဗျားတာဝန်​မယူချင်​လည်း ဒီက​လေးကို ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​​မွေးပြီး ကြီးပြင်းလာ​အောင်​ ​စောင့်​​ရှောက်​နိုင်​ပါတယ်​"

"မင်းပါးစပ်​ပိတ်​ထား!"

လင်​ကျန်းရီ သူ့ကိုစကားဆက်​မ​ပြောနိုင်​​အောင်​ တားဆီးလိုက်​ပြီး အယ်​ထရာ​ဆောင်းခန်းထဲကို ပစ်​သွင်းလိုက်​သည်​။ ထို့​နောက်​ ​ဒေါက်​တာကိုကြည့်​ကာ ​အေးစက်​စက်​​ပြောလိုက်​၏။

"သူ့ကိုအယ်​ထရာ​ဆောင်းရိုက်​​ပေးလိုက်​"

အယ်​ထရာ​ဆောင်းရိုက်​တဲ့အ​ဖြေကထွက်​လာခဲ့သည်​။ Resultက ဆီးစစ်​လို့ရတဲ့အ​ဖြေနှင့်​ အတူတူပင်​ဖြစ်​သည်​။ စုကျစ်​​​ယန်​မှာ ကိုယ်​၀န်​သုံးလ ရှိ​နေပြီ။

-------

Translator - Lazy_kallyCHU

{​ရေပိုက်​} : စုကျစ်​​​ယန်​အငယ်​​လေး...

You are reading the story above: TeenFic.Net