(Unicode)
အခန်း ၂၉။ ငါမသေသေးဘူး။ ကလေးလေးကဒီနေရာမှာရှိနေတုန်းပဲ။
"အ..."
စုကျစ်ယန် သူ့ခေါင်းကို၀မ်းဗိုက်ဆီငုံ့ကြည့်ကာ နာကျင်စွာညည်းညူလိုက်သည်။ သူ့ရဲ့မျက်မှောင်ကြုတ်ရင်းငိုကြွေးမလိုဖြစ်နေပုံကို လင်ကျန်းရီမြင်တဲ့အခါ သူ့နှလုံးသားလေးဟာ ရင်ဘတ်ထဲမှခုန်ထွက်သွားခဲ့သည်။
သူဘာမျှရှင်းပြမနေတော့ဘဲ စုကျစ်ယန်ကိုပွေ့ချီကာ ဆေးရုံထဲအပြေးအလွှား ၀င်လိုက်သည်။
"ေ၀းေ၀းသွားစမ်းပါ ကျွန်တော့်ကိုမထိနဲ့ အား..."
စုကျစ်ယန်၏စကားလုံးများက ပြတ်တောင်းပြတ်တောင်းဖြစ်နေကာ နာကျင်နေသောအမူအရာ ဖြစ်နေသည်။
__________
သေစမ်း! အခုတော့ သူ့ရဲ့ဒေါသတွေကြောင့် သူ့ဗိုက်ထဲကသန္ဓေသားလေး အကျိုးသက်ရောက်မှုဖြစ်မှာ သူကြောက်မိသည်။ သူ့ဗိုက်ကနာကျင်လာတယ်ဆိုတော့... သူသိလိုက်ပြီ။ ဒီအယုတ်တမာကောင်နဲ့ ဆုံတွေ့တာက ကောင်းသောအဆုံးသတ်ကို ရရှိစေမှာမဟုတ်ဘူး။
သူ့သွားတွေ နာကျင်နေမယ်ဆိုရင်တောင်မှ လင်ကျန်းရီကိုမကောင်းပြောဖို့ စုကျစ်ယန်မမေ့ပေ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို ဒီ့ထက်ပိုပြီး မထိန်းနိုင်တော့ဘူး။
သူ့ခန္ဓာကိုယ်ဟာ ကားပေါ်မှီမိလိုက်ကာ တဖြည်းဖြည်းလျှောသွားလေပြီ။ ဟုတ်တာပေါ့။ လင်ကျန်းရီက ပြုတ်ကျသွားခွင့်ပေးပေ။ စုကျစ်ယန်သူ့ပေါ် အေးတိအေးစက်ဆက်ဆံတာကို မကြောက်ဘဲ ပွေ့ချီလိုက်သည်။
သူ့အသံက ပူပန်မှုတို့ရောစွက်နေပြီး အထက်စီးဆန်နေသည်မှာလည်း မငြင်းနိုင်ပေ။
"မင်းဒေါသထွက်နိုင်တယ် ဒါပေမယ့်မင်းရဲ့ကလေးအပေါ်တော့ သက်ရောက်မှုမဖြစ်စေနဲ့ မင်းကအခု တစ်ယောက်တည်းမဟုတ်ဘူး အရင်ဆုံးကုသမှုခံယူဖို့ မင်းကိုဆေးရုံထဲခေါ်သွားပေးမယ် ပြီးမှအဲဒီ့အကြောင်းပြောကြတာပေါ့"
လင်ကျန်းရီ သူ့ကိုဆေးရုံထဲ ဘယ်လိုပြန်ခေါ်သွားတယ်ဆိုတာ မြင်လိုက်ပြီးနောက် စုကျစ်ယန် တစ်ကယ်ကြီးကြောက်လန့်သွားရသည်။ သူ လင်ကျန်းရီကို ပြင်းပြင်းထန်ထန်တွန်းသော်လည်း အားနည်းစွာပင် တန်သ့ွားရသည်။
"ကျွန်တော်ဆေးရုံမသွားဘူး ခင်ဗျားပြန်ချပေး လင်ကျန်းရီ ခင်ဗျား... ကျွန်တော့်ကိုအခုချပေး..."
၀မ်းဗိုက်ထဲကနာကျင်မှုကြောင့် သူ့ခွန်အားကမလုံလောက်ခဲ့ပါချေ။ ဒါကလင်ကျန်းရီ၏မျက်လုံးထဲ ဖော်ပြဖို့ပင်မတန်ပါပေ။ ထပ်ပေါင်းပြောရလျှင် လင်ကျန်းရီ ဒီအသေးလေးနဲ့အတူ ဗိုက်ထဲကကလေးကိုပါ စိုးရိမ်နေတာဖြစ်သည်။ ဒါကြောင့် သူ့ခြေလှမ်းတွေကို မြန်နိုင်သမျှပိုမြန်လိုက်သည်။
"လင်... မစ်စတာလင်... ကျွန်တော်တောင်းဆိုပါတယ် ကျွန်တော့်ကိုသွားခွင့်ပြုပါရမလား ခင်ဗျားနဲ့စေ့စပ်ထားတဲ့မိန်းမက ကျွန်တော့်ကိုအန္တရာယ်ပေးချင်နေတယ် ကျွန်တော့်ကိုယ်ကျွန်တော် သေတွင်းထဲမပု့ိနိုင်ဘူး ခင်ဗျားကျွန်တော့်ကိုတစ်ကယ်စိုးရိမ်တယ်ဆိုရင် အိမ်ပြန်ခေါ်သွားပေးပါ ဒါမှမဟုတ်တခြားဆေးရုံကိုပို့ပေးပါ ဒီဆေးရုံကိုမသွားချင်ဘူး ဆရာ၀န်တွေ... ဆရာ၀န်တွေကို လာဘ်ထိုးထားတယ် သူတို့ကကျွန်တော်နဲ့ ကျွန်တော့်ကလေးကို သတ်လိုက်ကြလိမ့်မယ်"
စုကျစ်ယန် လင်ကျန်းရီ၏ပခုံးကို အားနည်းစွာမှီထားရင်း လေသံပြတ်တောင်းပြတ်တောင်းဖြင့် တောင်းဆိုသည်။
သူပြန်မသွားချင်ပါ။ မဟုတ်လျှင် သူ့ရဲ့ဘ၀ကလေးဟာ ထပ်ပြီးပစ်ထုတ်ခံရပေလိမ့်မည်။ ကောင်းကင်ဘုံက ပြန်လည်မွေးဖွားဖို့ အခွင့်အရေးထပ်ပေးဦးမလားဆိုတာ သူအာမ,မခံနိုင်ပေ။
လင်ကျန်းရီ စုကျစ်ယန်၏စကားလုံးများကို ကြောက်ရွံ့မှုတစ်၀က်စိုးရိမ်မှုတစ်၀က်ဖြင့် နားထောင်နေသည်။ သူ့နှလုံးသားထဲ အလန့်တကြားဖြစ်သွားကာ သူ့မျက်လုံးတွေဟာ စူးရှစွာလင်းလက်သွားသည်။ မည်သို့ပင်ဆိုစေ သူ့လေသံက နူးညံ့သွားရလေသည်။
"ကျစ်ယန် အဓိပ္ပာယ်မရှိတာတွေမတွေးနဲ့ ကိုယ်ဒီမှာရှိတယ် ဘယ်သူကမှမင်းနဲ့ကလေးလေးကို နာကျင်စေလိမ့်မှာမဟုတ်ဘူး အခုနေတခြားဆေးရုံသွားဆိုတာ အရမ်းနောက်ကျနေပြီ မင်းအတွက်ပိုပြီးအန္တရာယ်ရှိတယ် ကောင်းကောင်းနေ ကိုယ့်ကိုယုံကြည်ထား ဟုတ်ပြီလားနော်..."
"မဟုတ်ဘူး ကျွန်တော်မသွားဘူး... ရီ... ခင်ဗျားကျွန်တော့်ကို တစ်ကယ်ချစ်တယ်ဆိုရင် ကျွန်တော့်ကိုသေတွင်းထဲမပို့လိုက်ပါနဲ့"
စုကျစ်ယန်၏ ခန္ဓာကိုယ်ကို လင်ကျန်းရီဟာ ဓာတ်လှေကားဆီပွေ့ချီသွားသည်။ စုကျစ်ယန်ရဲ့နှလုံးသားလေးဟာ ပိုမိုစိတ်အနှောင့်အယှက်ဖြစ်ကာ အလွန်အမင်းနစ်မြုပ်သွားရလေပြီ။
သူ့အောက်က ကလေးလေးက ပူလောင်ကာ သွေးတွေထွက်လာသည့်ပုံပင်။ စုကျစ်ယန်အလွန်ကြောက်ရွံ့လာကာ မျက်ရည်တွေကျဆင်းလာသည်။ သူ့လက်ကို၀မ်းဗိုက်လေးပေါ်တင်ထားကာ ဒေါသတွေ မကျေမနပ်ဖြစ်မှုတွေနှင့် သနားစရာကောင်းလောက်အောင် ကြည့်နေလေသည်။
စုကျစ်ယန်ကိုကြည့်လိုက်ချိန်မှာ လင်ကျန်းရီ၏နှလုံးသားလေး နူးညံ့သွားပြီးလျစ်လျူရှုလိုက်ဖို့ မဝံ့ရဲပေ။ နူးညံ့သောလေသံလေးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်ပါနဲ့ ကိုယ်မင်းနဲ့အမြဲတမ်းရှိနေမှာ မင်းစိုးရိမ်နေတဲ့ကိစ္စတွေ ဖြစ်လာမှာမဟုတ်ပါဘူး စိတ်ချလက်ချအနားယူလိုက်နော် မင်းနဲ့ကလေးလေး လုံလုံခြုံခြုံနဲ့ရှိပြီး အန္တရာယ်ကင်းမှာပါ ဒေါသလဲမထွက်ဘဲစိတ်လျှော့ထား စောစောက ဆရာ၀န်စစ်ဆေးပြီးတုန်းက မင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက ကိုယ်၀န်ဆောင်ဖို့ မဆီလျော်ဘူးလို့ပြောခဲ့တယ် မင်းရဲ့ခံစားချက်မတည်ငြိမ်ရင် ကိုယ်၀န်ပျက်ကျဖို့ပိုလွယ်တယ် မင်းအန္တရာယ်ကင်းအောင်လို့ စိတ်လျှော့ထားပြီး ပိုအနားယူသင့်တယ်လေ"
ဘာရယ်...။
လင်ကျန်းရီရဲ့စကားလုံးတွေကိုကြားလိုက်သည့်အခါ စုကျစ်ယန်ဟာစတင်ပြီး မျက်လုံးတွေကိုပြူးပြီးကြည့်လိုက်သည်။ မူလကထက်မက်သည့်မျက်လုံးတွေဟာ သည်ခဏမှာပဲ စတင်ကာမှုန်မှိုင်းလာလေသည်။
ဆရာ၀န်က လင်ကျန်းရီကို ဒီလိုတောင်ပြောလိုက်ပြီပေါ့။ စစ်ဆေးနေတုန်းကလေ။ သူကဘာလု့ိမကြားလိုက်မိတာလဲ။
အိုး... ဟုတ်သား သူ့ဦးနှောက်က ဒီ'ဗုဒ္ဓ'ဆီကနေ ဘယ်လိုထွက်ပြေးရမလဲဆိုတာပဲ တွေးနေခဲ့တာလေ။ ဒီတော့ ဆရာ၀န်ပြောတာကို ဘယ်လိုလုပ်ကြားလိုက်ပါ့မလဲ။
ဒါပေမယ့် သူ့ဒေါသတွေကို လင်ကျန်းရီဆီ ပစ်ထုတ်လိုက်ရုံသက်သက်သာဖြစ်ပြီး အခုတော့ကိုယ်၀န်ပျက်ကျမဲ့ အနေအထားနဲ့ စွန့်စားနေရပြီ။ သူကတစ်ကယ်ကိုပဲ အားနည်းနေတာလား။ ဟာ့.... ဗိုက်ကနာလိုက်တာ။
နောက်ဆုံးမှာတော့ စုကျစ်ယန်ရုန်းကန်ခြင်းမပြုဘဲ ငြိမ်သက်သွားကြောင်း လင်ကျန်းရီမြင်ခဲ့ရသည်။ သူစိတ်သက်သာရာရသွားသော်လည်း မှုန်မှိုင်းကာနုံခွေနေသည့်ပုံစံကို မြင်မြင်ချင်း စိုးရိမ်မှုတို့ဆောင့်တက်သွားလေပြီ
ဒီအသေးလေး အဓိပ္ပာယ်မရှိတာတွေ ထပ်တွေးနေပြန်ပြီလား။ သူကဘယ်လိုလုပ်ပြီးများ သူ့ဇနီးနဲ့ကလေးကို နာကျင်စေနိုင်မှာတဲ့လဲ။ တစ်ကယ်ဆို အလိုလိုက်ထားဖို့တောင်မှ မစောင့်နိုင်တော့တဲ့ဟာကို။
လင်ကျန်းရီ စုကျစ်ယန်ကို အရေးပေါ်အခန်းဆီသယ်ဆောင်သွားခဲ့ပြီး ခွဲစိတ်ကုတင်ပေါ် တင်ပေးလိုက်သည်။ စုကျစ်ယန်တွေးလိုက်သည်က ဒီအယုတ်တမာရဲ့လက်ထဲမှာ လုံး၀ကိုပြီးဆုံးသွားပြီိလို့ပေါ့။ မေ့လိုက်တော့... သူထပ်ပြီးသေရဦးမှာပဲ။
သူဒီလိုတွေးခဲ့ပေမယ့်လည်း လင်ကျန်းရီခွဲစိတ်ခန်းထဲကထွက်သွားတာကို သူမြင်တဲ့အခါ ဘယ်ကရောက်လာမှန်းမသိတဲ့ သူ့ရဲ့ခွန်အားနဲ့ လင်ကျန်းရီရဲ့လက်ကို ဆွဲထားမိသည်။
သူ့မျက်နှာကဖြူလျော်နေပြီး လင်ကျန်းရီကိုကြည့်တဲ့အကြည့်တွေက ခွဲခွာဖို့ဆန္ဒမရှိတာ ဒါမှမဟုတ် မခွဲခွာခင်နှုတ်ဆက်ချင်နေတာ အသနားခံနေတာလို့တော့မပြောနိုင်ပေ။
ခွဲစိတ်ကုတင်ပေါ်မှာ သူနောက်တစ်ကြိမ်သေဆုံးသွားခဲ့ရင် သူ့ရှေ့မှသည်လူအကြောင်း ပြတ်ပြတ်သားသား မှတ်ကိုမှတ်မိရလိမ့်မည်။ နောင်ဘ၀သူမွေးဖွားလာခဲ့ရင် ဒါမှမဟုတ် နောက်တစ်ကြိမ် သူပြန်လည်ရှင်သန်လာခဲ့ရင် သူတို့ နောက်တစ်ကြိမ်ပြန်မဆုံတွေ့တာ ပိုကောင်းမည်။
သို့သော်လည်း လင်ကျန်းရီကတော့ သည်လိုမတွေးပါချေ။ သနားစဖွယ် မျက်နှာငယ်လေးနဲ့ စုကျစ်ယန်က သူ့ကိုဆွဲထားခဲ့သည်။ သူ့နှလုံးသားထဲတွင် ချက်ချင်းပင်နွေဦးစမ်းချောင်းလေးတစ်စင်းစီးဆင်းသွားလေသည်။
စုကျစ်ယန်၏ အေးစက်နေသည့်လက်ကို ဆုပ်ကိုင်လိုက်ပြီး ခွဲစိတ်ကုတင်၏တစ်ဖက်ခြမ်းသို့သွားလိုက်ကာ လေသံတိုးတိုးလေးပြောလိုက်သည်။
"ကောင်းပြီ ကိုယ်ဒီနေရာမှာ မင်းနဲ့အတူတူရှိနေပေးမယ်နော်"
သည်လိုပုံစံနှင့် လင်ကျန်းရီဟာ စုကျစ်ယန်၏လက်ကို သူ့ရဲ့နှုတ်ခမ်းမှာကပ်ကာ အနမ်းပေးလိုက်ရင်း အားပေးလိုက်သည်။
"မကြောက်နဲ့ မင်းမှာကိုယ်ရှိနေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး လိမ္မာတယ်ခဏလောက်သည်းခံလိုက်ဦး အိပ်လိုက်နော် မင်းအဆင်ပြေသွားမှာ..."
စုကျစ်ယန်၏အသိစိတ်က တဖြည်းဖြည်းချင်း လွင့်ပါးသွားပြီး လုံးလုံးသတိမလစ်ခင်လေးမှာ တီးတိုးရေရွတ်သည်။
"ကျွန်တော်တို့ကလေးကို စောင့်ရှောက်ရမယ် ခင်ဗျားရဲ့ကလေး... ဖျက်မချလိုက်ပါနဲ့... ကျွန်တော်နာကျင်ရင်တောင် ကြံ့ကြံ့ခံနိုင်ပါတယ်..."
"ကောင်းပြီ ကိုယ်ကတိပေးတယ် မင်းရောမင်းရဲ့ကလေးရော အန္တရာယ်ကင်းစေရမယ်နော်..."
"...." စုကျစ်ယန် ဘာမျှထပ်မပြောတော့ပေ။ သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီးနောက် သတိလစ်သွားပုံပေါ်သည်။
သည်အချိန်မှာ ကြောက်ရွံ့မှုတွနဲ့ သူ့ဗိုက်ထဲမှာနာကျင်မှုတွေ ရှိနေသေးတယ်ဆိုပေမယ့်လည်း (အသိစိတ်မရှိတော့တာကြောင့်) ကွဲပြားသွားပုံပေါ်သည်။
သူ့အရင်ဘ၀က ခွဲခန်းကုတင်ပေါ်မှာ တစ်ယောက်တည်းသေဆုံးသွားခဲ့ရသည်။ သို့သော်ယခုဘ၀မှာတော့ သူတစ်ယောက်တည်းမဟုတ်တော့ပေ။
အစမှအဆုံးတိုင် လင်ကျန်းရီက သူ့ဘေးမှာရှိနေပေးပြီး အဆတ်မပြတ်နှစ်သိမ့်ပေးနေကာ နွေးထွေးသောစကားလုံးများဖြင့် အားပေးနေသည်။ သူ့နားထဲမှာ ရပ်တန့်မသွားခဲ့ပေ။
ခွဲစိတ်နေစဉ်တစ်လျှောက်လုံး လင်ကျန်းရီရဲ့နာမည်ကိုခေါ်နေမိမှန်း စုကျစ်ယန်မသိပေ။ ဟုတ်တာပေါ့။ နောက်ထပ်ခေါ်နေတာကတော့ "ကလေးလေး"...
သူ့လက်ဖဝါးထဲက လက်ရဲ့အပူချိန်ဟာ အေးစက်နေရာကနေ နွေးလာကြောင်း လင်ကျန်းရီခံစားလိုက်မိသည်။ အဲဒီ့နောက်မှာ စတင်ပြီး ချွေးတွေထွက်လာလေပြီ။
သူ့ရဲ့နှလုံးသားလေးဟာလည်း စိုးရိမ်ကြောင့်ကြမှုနောက်ကိုလိုက်ပါနေရင်းကနေ နောက်ဆုံးမှာ ပုဂ္ဂိုလ်ရေးအရ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကိုပင်စိုးရိမ်နေမိပြီ။
ဒီအသေးလေးက အရမ်းကြီးနာကျင်နေတာ ဟုတ်တယ်မလား။ သူချွေးတွေအတော်လေး ထွက်နေသည်။ အရမ်းရှော့ခ်ရပြီး
ကြာက်နေတာပဲဖြစ်ရမည်။
ဘာကြောင့်လဲဆိုတော့ 'ကျွန်တော်မသေချင်သေးဘူး'ဆိုတဲ့စကားကို ထပ်ကာတလဲလဲပြောနေတာကြောင့်ပင်။
ူသူအရင်က 'သူ့လက်ပေါ်မှာသေခဲ့တာ'ဆိုတာက လုံး၀ကိုအဓိပ္ပာယ်မရှိဘူး။ ဒါမှမဟုတ် မှန်ကန်ခဲ့လိမ့်မည်။ ဒီဘ၀မှာတော့ သူစုကျစ်ယန်ကို သွားခွင့်ပြုမှာမဟုတ်ဘူး။
သူအရင်ဘ၀က တစ်ကယ်ကိုသူ့ကိုပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုရင် ဒီဘ၀မှာ ဒီအသေးလေးကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ဖို့ သူစီစဉ်ရမည်။ သူ့(လင်ကျန်းရီ)ရဲ့ဘ၀တစ်လျှောက်လုံးကို နိုင်စားမယ်ဆိုရင်တောင်မှ သူလိုလိုလားလားနဲ့ကို ၀မ်းမြောက်၀မ်းသာဖြစ်နေမှာပင်။
သူရုတ်တရက်ကြီး ဒီလိုအတွေးမျိုးဘာကြောင့်တွေးမိမှန်း လင်ကျန်းရီမသိပါချေ။ ခွဲစိတ်ကုင်ပေါ်တွင်ဖြူဖျော့စွာ လဲလျောင်းနေဆဲဖြစ်သောစုကျစ်ယန်ကိုကြည့်ပြီး ၀မ်းဗိုက်ကလေးကိုညင်စွာပေါ့ပါးစွာ ပွတ်သပ်လိုက်သည်။
သူ့ရဲ့ဘ၀တစ်လျှောက်လုံးမှာ one night stand တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် ဒီလူနဲ့အတူရှိနိုင်ခဲ့တာဟာ အိပ်မက်တစ်ခုလိုမျိုး လင်ကျန်းရီရုတ်တရက်ကြီးခံစားလိုက်ရသည်။
ဆန့်ကျင်ဘက်အနေနဲ့ သူ့မှာမျှော်လင့်ချက်တွေ ပြည့်နှက်လာခဲ့သည်။ ထပ်ပြီးတော့ သူတို့မှာကလေးတစ်ယောက်တောင် ရှိနေခဲ့ပြီ။
သတိလစ်နေစဉ်မှာတောင် စုကျစ်ယန်ဟာ သူတို့ရဲ့ကလေးကို ခေါ်နေတယ်ဆိုတာ သူကြားမိချိန်မှာ လင်ကျန်းရီအကူအညီမဲ့သွားရသည်။ သို့သော်လည်း သူ့နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားခဲ့ပြီး ကျေနပ်ပြုံးတို့ကုပြသလေသည်။
စုကျစ်ယန်မျက်လုံးတွေပွင့်လာတဲ့အခါ အိပ်ရာဘေးတွင်ရပ်နေသော လင်ကျန်းရီကို ပထမဆုံးမြင်လိုက်ရသည်။ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက သူသေသွားခဲ့ပြီး ပြန်မွေးဖွားလာခဲ့ပြီလို့။
ပြီးတော့ သူပြန်ပြီးမွေးဖွားလာတာတောင် တစ်ကယ်ကိုပဲဒီအယုတ်တမာနဲ့ ထပ်ပြီးဆုံပြန်ပြီလို့ပေါ့။
ကောင်းကင်ဘုံရေ အား.... ကမ္ဘာကြီးရေ အား... နောက်တစ်ခါလောက် သူ့ကိုသေဖို့ခွင့်ပြုပေးနိုင်မလား။
စုကျစ်ယန်နိုးလာပြီး သူ့ကိုစကားတစ်လုံးမှမပြောဘဲ စိုက်ကြည့်နေကြောင်း မြင်လိုက်ရပြီးနောက်မှာ သူ့(လင်ကျန်းရီ)မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားရလေပြီ။
ဒီထူးဆန်းတဲ့ပုံစံကြီးက နောက်ထပ်နာကျင်နေကြောင်း ပြတဲ့အမူအရာပဲ။ လင်ကျန်းရီ တစ်ခဏမျှ ရယ်မောချင်သလိုခံစားလိုက်ရသည်။ ဒီအသေးကောင်လေးဟာ ဘယ်လိုအဓိပ္ပာယ်မရှိတာတွေ တွေးနေပြန်ပြီလဲ။
"နိုးပြီလား နေရတာအဆင်ပြေရဲ့လား မင်းဗိုက်ကနာနေသေးလား"
လင်ကျန်းရီ၏နူးညံ့သောစကားလုံးလေးများက သူ့နားစည်ထဲ၀င်ရောက်လာသည်။ စုကျစ်ယန်မျက်လုံးကျယ်သွားကာ လက်တွေက IV ဆေးပိုက်တန်းလန်းရှိနေသော်ငြား အနှောင့်အယှက်မဖြစ်ဘဲ ၀မ်းဗိုက်ကလေးဆီ ရောက်ရှိသွားလေသည်။
သူ့ဗိုက်ကလေးဖောင်းနေကြောင်း ခံစားမိချိန်မှာ စုကျစ်ယန်ဟာ စတင်ပြီးတောင့်တင်းလို့သွားလေသည်။ သူမယုံကြည်နိုင်ဘဲ အံ့အားသင့်သွားသည်။
"ကျွန်တော်မသေသေးဘူးလား ကျွန်တောအသက်ရှင်နေသေးတယ်ပေါ့ ကလေးလေးလဲဒီမှာ ရှိနေတုန်းပဲပေါ့နော်"
လင်ကျန်းရီ ရယ်မောရင်း မျက်ရည်များပင် ထွက်လာရသည်။ သူ့စကားလုံးတွေကိုအဖြေပေးဖု့ိ ကြိုးစားလိုက်သည်။ ဒီအသေးကောင်လေးဟာ မတ်တပ်ရပ်ချင်နေသော ငါးကြင်းလေးတစ်ကောင်နဲ့တူသည်။ ဟုတ်တာပေါ့။ ကျရှုံးခဲ့သည်လေ။
အားနည်းနေသေးတာ ဒါမှမဟုတ် လှုပ်ရှားလိုက်တာကြောင့် နာကျင်သွားတာဖြစ်နိုင်သည်။ သူအနောက်ဘက်ကို ပြန်ပြီးလဲကျသွားလေသည်။
မည်သို့ပင်ဆိုစေ သူ့ခေါင်းကတော့ ထောင်မတ်နေကာ ပူဖောင်းနေသောဗိုက်ကလေးကိုကြည့်ရင်း တွတ်ထိုးနေဆဲ။
"ငါအသက်ရှင်နေတာပဲ အံ့သြဖို့ကောင်းလွန်းတယ်..."
သူ့ဘာသာရေရွတ်နေရင်း ၀မ်းဗိုက်လေးရဲ့အရှေ့နဲ့ဘေးဘက်တွေကို ပွတ်သပ်ဖို့လဲ မမေ့ပေ။ သည်အမူအရာလေးက ရယ်စရာကောင်းသလို နွေးထွေးလှပေသည်။
လင်ကျန်းရီက လှုပ်ရှားနေသည့် သူ့လက်ကိုကိုငိလိုက်ကာ ခန္ဓာကိုယ်ဘေးမှာချထားပေးရင်း ပြုံးကာပြောလိုက်သည်။
"ကောင်းပြီ မလှုပ်နဲ့တော့ IV ဆေးပိုက်တွေလှုပ်ကုန်မှာကိုသတိထား နောက်တစ်ခါပြန်သွင်းနေရမယ်လေ မင်းရဲ့တက်ကြွနေတဲ့ပုံစံကိုကြည့်ရတာ အဆင်ပြေနေပြီမလား ကျစ်ယန် ကိုယ်မင်းနဲ့ဆွေးနွေးစရာရှိတယ် မင်းနေကောင်းသွားတဲ့အခါ ကိုယ်နဲ့အိမ်ကိုလိုက်ခဲ့ပေးမလား ကိုယ်မင်းနဲ့ကလေးလေးကို သေချာဂရုစိုက်ပါ့မယ် မင်းတစ်ယောက်တည်းနေတာ ကိုယ်စိုးရိမ်မိလို့ပါ ကလေးလေးမွေးပြီးရင် ကိုယ်တို့လက်ထပ်ကြမယ်လေ နော်... ကိုယ်တို့မိသားစုလေး အတူတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်မှာပါ ဘယ်လောက်တောင်အံ့သြဖို့ကောင်းလဲ မင်းဘယ်လိုသဘောရလဲဟင်"
မည်သို့ပင်ဆိုစေ စုကျစ်ယန်စိတ်မအေးသေးပေ။ သူ့၀မ်းဗိုက်ကလေးကို လက်ဖြင့်တဖန်ထိလိုက်သည်။ သူ့ကလေးလေးဗိုက်ထဲမှာရှိနေသေးတယ်ဆိုတာက အိပ်မက်မဟုတ်ကြောင်း သူအတည်ပြုပြီးမှ စိတ်သက်သာရာရသွားသည်။
သူ့မျက်လုံးတွေကိုရွှေ့ကာ သူ့ကိုကြည့်နေသောလင်ကျန်းရီဆီ အကြည့်တို့ကိုပို့လိုက်သည်။ အဲဒီ့နောက် စုကျစ်ယန်မေးလိုက်သည်။
"အမ်...ခင်ဗျားဘာပြောလိုက်တာလဲ"
__________
Footnotes:
ဟုတ်တယ်။ ကျစ်ယန်ကကျန်းရီကို 'ဗုဒ္ဓ'လို့ခေါ်လိုက်တာ။
Translated by Lay Pyay Yhine.
_______________
(Zawgyi)
အခန္း ၂၉။ ငါမေသေသးဘူး။ ကေလးေလးကဒီေနရာမွာရွိေနတုန္းပဲ။
"အ..."
စုက်စ္ယန္ သူ႔ေခါင္းကို၀မ္းဗုိက္ဆီငံု႔ၾကည့္ကာ နာက်င္စြာညည္းညဴလိုက္သည္။ သူ႔ရဲ႕မ်က္ေမွာင္ၾကဳတ္ရင္းငိုေႂကြးမလိုျဖစ္ေနပံုကို လင္က်န္းရီျမင္တဲ့အခါ သူ႔နွလံုးသားေလးဟာ ရင္ဘတ္ထဲမွခုန္ထြက္သြားခဲ့သည္။
သူဘာမွ်ရွင္းျပမေနေတာ့ဘဲ စုက်စ္ယန္ကိုေပြ႕ခ်ီကာ ေဆးရံုထဲအေျပးအလႊား ၀င္လိုက္သည္။
"ေ၀းေ၀းသြားစမ္းပါ ကြၽန္ေတာ့္ကိုမထိနဲ႔ အား..."
စုက်စ္ယန္၏စကားလံုးမ်ားက ျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနကာ နာက်င္ေနေသာအမူအရာ ျဖစ္ေနသည္။
__________
ေသစမ္း! အခုေတာ့ သူ႔ရဲ႕ေဒါသေတြေၾကာင့္ သူ႔ဗိုက္ထဲကသေႏၶသားေလး အက်ိဳးသက္ေရာက္မႈျဖစ္မွာ သူေၾကာက္မိသည္။ သူ႔ဗိုက္ကနာက်င္လာတယ္ဆိုေတာ့... သူသိလိုက္ၿပီ။ ဒီအယုတ္တမာေကာင္နဲ႔ ဆံုေတြ႕တာက ေကာင္းေသာအဆံုးသတ္ကို ရရွိေစမွာမဟုတ္ဘူး။
သူ႔သြားေတြ နာက်င္ေနမယ္ဆိုရင္ေတာင္မွ လင္က်န္းရီကိုမေကာင္းေျပာဖို႔ စုက်စ္ယန္မေမ့ေပ။ ဒါေပမယ့္ သူ႔ခႏၶာကိုယ္ကို ဒီ့ထက္ပိုၿပီး မထိန္းနိုင္ေတာ့ဘူး။
သူ႔ခႏၶာကိုယ္ဟာ ကားေပၚမွီမိလိုက္ကာ တျဖည္းျဖည္းေလွ်ာသြားေလၿပီ။ ဟုတ္တာေပါ့။ လင္က်န္းရီက ျပဳတ္က်သြားခြင့္ေပးေပ။ စုက်စ္ယန္သူ႔ေပၚ ေအးတိေအးစက္ဆက္ဆံတာကို မေၾကာက္ဘဲ ေပြ႕ခ်ီလိုက္သည္။
သူ႔အသံက ပူပန္မႈတို႔ေရာစြက္ေနၿပီး အထက္စီးဆန္ေနသည္မွာလည္း မျငင္းနိုင္ေပ။
"မင္းေဒါသထြက္နိုင္တယ္ ဒါေပမယ့္မင္းရဲ႕ကေလးအေပၚေတာ့ သက္ေရာက္မႈမျဖစ္ေစနဲ႔ မင္းကအခု တစ္ေယာက္တည္းမဟုတ္ဘူး အရင္ဆံုးကုသမႈခံယူဖို႔ မင္းကုိေဆးရံုထဲေခၚသြားေပးမယ္ ၿပီးမွအဲဒီ့အေၾကာင္းေျပာၾကတာေပါ့"
လင္က်န္းရီ သူ႔ကိုေဆးရံုထဲ ဘယ္လိုျပန္ေခၚသြားတယ္ဆိုတာ ျမင္လိုက္ၿပီးေနာက္ စုက်စ္ယန္ တစ္ကယ္ႀကီးေၾကာက္လန္႔သြားရသည္။ သူ လင္က်န္းရီကို ျပင္းျပင္းထန္ထန္တြန္းေသာ္လည္း အားနည္းစြာပင္ တန္သ႔ြားရသည္။
"ကြၽန္ေတာ္ေဆးရံုမသြားဘူး ခင္ဗ်ားျပန္ခ်ေပး လင္က်န္းရီ ခင္ဗ်ား... ကြၽန္ေတာ့္ကိုအခုခ်ေပး..."
၀မ္းဗိုက္ထဲကနာက်င္မႈေၾကာင့္ သူ႔ခြန္အားကမလံုေလာက္ခဲ့ပါေခ်။ ဒါကလင္က်န္းရီ၏မ်က္လံုးထဲ ေဖာ္ျပဖို႔ပင္မတန္ပါေပ။ ထပ္ေပါင္းေျပာရလွ်င္ လင္က်န္းရီ ဒီအေသးေလးနဲ႔အတူ ဗိုက္ထဲကကေလးကိုပါ စိုးရိမ္ေနတာျဖစ္သည္။ ဒါေၾကာင့္ သူ႔ေျခလွမ္းေတြကို ျမန္နိုင္သမွ်ပိုျမန္လိုက္သည္။
"လင္... မစ္စတာလင္... ကြၽန္ေတာ္ေတာင္းဆိုပါတယ္ ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါရမလား ခင္ဗ်ားနဲ႔ေစ့စပ္ထားတဲ့မိန္းမက ကြၽန္ေတာ့္ကိုအႏၲရာယ္ေပးခ်င္ေနတယ္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ေသတြင္းထဲမပု႔ိနိုင္ဘူး ခင္ဗ်ားကြၽန္ေတာ့္ကိုတစ္ကယ္စိုးရိမ္တယ္ဆိုရင္ အိမ္ျပန္ေခၚသြားေပးပါ ဒါမွမဟုတ္တျခားေဆးရံုကိုပို႔ေပးပါ ဒီေဆးရံုကိုမသြားခ်င္ဘူး ဆရာ၀န္ေတြ... ဆရာ၀န္ေတြကို လာဘ္ထိုးထားတယ္ သူတို႔ကကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ကေလးကို သတ္လုိက္ၾကလိမ့္မယ္"
စုက်စ္ယန္ လင္က်န္းရီ၏ပခံုးကို အားနည္းစြာမွီထားရင္း ေလသံျပတ္ေတာင္းျပတ္ေတာင္းျဖင့္ ေတာင္းဆိုသည္။
သူျပန္မသြားခ်င္ပါ။ မဟုတ္လွ်င္ သူ႔ရဲ႕ဘ၀ကေလးဟာ ထပ္ၿပီးပစ္ထုတ္ခံရေပလိမ့္မည္။ ေကာင္းကင္ဘံုက ျပန္လည္ေမြးဖြားဖို႔ အခြင့္အေရးထပ္ေပးဦးမလားဆိုတာ သူအာမ,မခံနိုင္ေပ။
လင္က်န္းရီ စုက်စ္ယန္၏စကားလံုးမ်ားကို ေၾကာက္႐ြံ႕မႈတစ္၀က္စိုးရိမ္မႈတစ္၀က္ျဖင့္ နားေထာင္ေနသည္။ သူ႔နွလံုးသားထဲ အလန္႔တၾကားျဖစ္သြားကာ သူ႔မ်က္လံုးေတြဟာ စူးရွစြာလင္းလက္သြားသည္။ မည္သို႔ပင္ဆိုေစ သူ႔ေလသံက ႏူးညံ့သြားရေလသည္။
"က်စ္ယန္ အဓိပၸာယ္မရွိတာေတြမေတြးနဲ႔ ကိုယ္ဒီမွာရွိတယ္ ဘယ္သူကမွမင္းနဲ႔ကေလးေလးကုိ နာက်င္ေစလိမ့္မွာမဟုတ္ဘူး အခုေနတျခားေဆးရံုသြားဆိုတာ အရမ္းေနာက္က်ေနၿပီ မင္းအတြက္ပိုၿပီးအႏၲရာယ္ရွိတယ္ ေကာင္းေကာင္းေန ကိုယ့္ကိုယံုၾကည္ထား ဟုတ္ၿပီလားေနာ္..."
"မဟုတ္ဘူး ကြၽန္ေတာ္မသြားဘူး... ရီ... ခင္ဗ်ားကြၽန္ေတာ့္ကို တစ္ကယ္ခ်စ္တယ္ဆိုရင္ ကြၽန္ေတာ့္ကုိေသတြင္းထဲမပို႔လိုက္ပါနဲ႔"
စုက်စ္ယန္၏ ခႏၶာကိုယ္ကို လင္က်န္းရီဟာ ဓာတ္ေလွကားဆီေပြ႕ခ်ီသြားသည္။ စုက်စ္ယန္ရဲ႕နွလံုးသားေလးဟာ ပိုမိုစိတ္အေနွာင့္အယွက္ျဖစ္ကာ အလြန္အမင္းနစ္ျမဳပ္သြားရေလၿပီ။
သူ႔ေအာက္က ကေလးေလးက ပူေလာင္ကာ ေသြးေတြထြက္လာသည့္ပံုပင္။ စုက်စ္ယန္အလြန္ေၾကာက္႐ြံ႕လာကာ မ်က္ရည္ေတြက်ဆင္းလာသည္။ သူ႔လက္ကို၀မ္းဗုိက္ေလးေပၚတင္ထားကာ ေဒါသေတြ မေက်မနပ္ျဖစ္မႈေတြနွင့္ သနားစရာေကာင္းေလာက္ေအာင္ ၾကည့္ေနေလသည္။
စုက်စ္ယန္ကိုၾကည့္လိုက္ခ်ိန္မွာ လင္က်န္းရီ၏နွလံုးသားေလး ႏူးညံ့သြားၿပီးလ်စ္လ်ဴရႈလိုက္ဖို႔ မ၀ံ့ရဲေပ။ ႏူးညံ့ေသာေလသံေလးျဖင့္ နွစ္သိမ့္ေပးလုိက္သည္။
"မေၾကာက္ပါနဲ႔ ကိုယ္မင္းနဲ႔အၿမဲတမ္းရွိေနမွာ မင္းစိုးရိမ္ေနတဲ့ကိစၥေတြ ျဖစ္လာမွာမဟုတ္ပါဘူး စိတ္ခ်လက္ခ်အနားယူလိုက္ေနာ္ မင္းနဲ႔ကေလးေလး လံုလံုၿခံဳၿခံဳနဲ႔ရွိၿပီး အႏၲရာယ္ကင္းမွာပါ ေဒါသလဲမထြက္ဘဲစိတ္ေလွ်ာ့ထား ေစာေစာက ဆရာ၀န္စစ္ေဆးၿပီးတုန္းက မင္းရဲ႕ခႏၶာကိုယ္တည္ေဆာက္ပံုက ကိုယ္၀န္ေဆာင္ဖို႔ မဆီေလ်ာ္ဘူးလို႔ေျပာခဲ့တယ္ မင္းရဲ႕ခံစားခ်က္မတည္ၿငိမ္ရင္ ကိုယ္၀န္ပ်က္က်ဖို႔ပိုလြယ္တယ္ မင္းအႏၲရာယ္ကင္းေအာင္လို႔ စိတ္ေလွ်ာ့ထားၿပီး ပိုအနားယူသင့္တယ္ေလ"
ဘာရယ္...။
လင္က်န္းရီရဲ႕စကားလံုးေတြကိုၾကားလိုက္သည့္အခါ စုက်စ္ယန္ဟာစတင္ၿပီး မ်က္လံုးေတြကုိျပဴးၿပီးၾကည့္လိုက္သည္။ မူလကထက္မက္သည့္မ်က္လံုးေတြဟာ သည္ခဏမွာပဲ စတင္ကာမႈန္မႈိင္းလာေလသည္။
ဆရာ၀န္က လင္က်န္းရီကို ဒီလိုေတာင္ေျပာလိုက္ၿပီေပါ့။ စစ္ေဆးေနတုန္းကေလ။ သူကဘာလု႔ိမၾကားလိုက္မိတာလဲ။
အိုး... ဟုတ္သား သူ႔ဦးေနွာက္က ဒီ'ဗုဒၶ'ဆီကေန ဘယ္လိုထြက္ေျပးရမလဲဆိုတာပဲ ေတြးေနခဲ့တာေလ။ ဒီေတာ့ ဆရာ၀န္ေျပာတာကို ဘယ္လုိလုပ္ၾကားလိုက္ပါ့မလဲ။
ဒါေပမယ့္ သူ႔ေဒါသေတြကို လင္က်န္းရီဆီ ပစ္ထုတ္လိုက္ရံုသက္သက္သာျဖစ္ၿပီး အခုေတာ့ကိုယ္၀န္ပ်က္က်မဲ့ အေနအထားနဲ႔ စြန္႔စားေနရၿပီ။ သူကတစ္ကယ္ကိုပဲ အားနည္းေနတာလား။ ဟာ့.... ဗိုက္ကနာလိုက္တာ။
ေနာက္ဆံုးမွာေတာ့ စုက်စ္ယန္ရုန္းကန္ျခင္းမျပဳဘဲ ၿငိမ္သက္သြားေၾကာင္း လင္က်န္းရီျမင္ခဲ့ရသည္။ သူစိတ္သက္သာရာရသြားေသာ္လည္း မႈန္မႈိင္းကာႏုံေခြေနသည့္ပံုစံကို ျမင္ျမင္ခ်င္း စိုးရိမ္မႈတို႔ေဆာင့္တက္သြားေလၿပီ
ဒီအေသးေလး အဓိပၸာယ္မရွိတာေတြ ထပ္ေတြးေနျပန္ၿပီလား။ သူကဘယ္လိုလုပ္ၿပီးမ်ား သူ႔ဇနီးနဲ႔ကေလးကို နာက်င္ေစနိုင္မွာတဲ့လဲ။ တစ္ကယ္ဆို အလိုလိုက္ထားဖို႔ေတာင္မွ မေစာင့္နိုင္ေတာ့တဲ့ဟာကို။
လင္က်န္းရီ စုက်စ္ယန္ကို အေရးေပၚအခန္းဆီသယ္ေဆာင္သြားခဲ့ၿပီး ခြဲစိတ္ကုတင္ေပၚ တင္ေပးလိုက္သည္။ စုက်စ္ယန္ေတြးလိုက္သည္က ဒီအယုတ္တမာရဲ႕လက္ထဲမွာ လံုး၀ကိုၿပီးဆံုးသြားၿပီိလို႔ေပါ့။ ေမ့လိုက္ေတာ့... သူထပ္ၿပီးေသရဦးမွာပဲ။
သူဒီလိုေတြးခဲ့ေပမယ့္လည္း လင္က်န္းရီခြဲစိတ္ခန္းထဲကထြက္သြားတာကို သူျမင္တဲ့အခါ ဘယ္ကေရာက္လာမွန္းမသိတဲ့ သူ႔ရဲ႕ခြန္အားနဲ႔ လင္က်န္းရီရဲ႕လက္ကို ဆြဲထားမိသည္။
သူ႔မ်က္နွာကျဖဴေလ်ာ္ေနၿပီး လင္က်န္းရီကိုၾကည့္တဲ့အၾကည့္ေတြက ခြဲခြာဖို႔ဆႏၵမရွိတာ ဒါမွမဟုတ္ မခြဲခြာခင္နႈတ္ဆက္ခ်င္ေနတာ အသနားခံေနတာလို႔ေတာ့မေျပာနိုင္ေပ။
ခြဲစိတ္ကုတင္ေပၚမွာ သူေနာက္တစ္ႀကိမ္ေသဆံုးသြားခဲ့ရင္ သူ႔ေရွ႕မွသည္လူအေၾကာင္း ျပတ္ျပတ္သားသား မွတ္ကိုမွတ္မိရလိမ့္မည္။ ေနာင္ဘ၀သူေမြးဖြားလာခဲ့ရင္ ဒါမွမဟုတ္ ေနာက္တစ္ႀကိမ္ သူျပန္လည္ရွင္သန္လာခဲ့ရင္ သူတို႔ ေနာက္တစ္ႀကိမ္ျပန္မဆံုေတြ႕တာ ပိုေကာင္းမည္။
သို႔ေသာ္လည္း လင္က်န္းရီကေတာ့ သည္လုိမေတြးပါေခ်။ သနားစဖြယ္ မ်က္နွာငယ္ေလးနဲ႔ စုက်စ္ယန္က သူ႔ကိုဆြဲထားခဲ့သည္။ သူ႔နွလံုးသားထဲတြင္ ခ်က္ခ်င္းပင္ေႏြဦးစမ္းေခ်ာင္းေလးတစ္စင္းစီးဆင္းသြားေလသည္။
စုက်စ္ယန္၏ ေအးစက္ေနသည့္လက္ကို ဆုပ္ကိုင္လိုက္ၿပီး ခြဲစိတ္ကုတင္၏တစ္ဖက္ျခမ္းသို႔သြားလိုက္ကာ ေလသံတိုးတိုးေလးေျပာလိုက္သည္။
"ေကာင္းၿပီ ကိုယ္ဒီေနရာမွာ မင္းနဲ႔အတူတူရွိေနေပးမယ္ေနာ္"
သည္လိုပံုစံနွင့္ လင္က်န္းရီဟာ စုက်စ္ယန္၏လက္ကို သူ႔ရဲ႕ႏႈတ္ခမ္းမွာကပ္ကာ အနမ္းေပးလိုက္ရင္း အားေပးလိုက္သည္။
"မေၾကာက္နဲ႔ မင္းမွာကိုယ္ရွိေနရင္ ဘာမွျဖစ္လာမွာမဟုတ္ဘူး လိမၼာတယ္ခဏေလာက္သည္းခံလိုက္ဦး အိပ္လိုက္ေနာ္ မင္းအဆင္ေျပသြားမွာ..."
စုက်စ္ယန္၏အသိစိတ္က တျဖည္းျဖည္းခ်င္း လြင့္ပါးသြားၿပီး လံုးလံုးသတိမလစ္ခင္ေလးမွာ တီးတိုးေရ႐ြတ္သည္။
"ကြၽန္ေတာ္တို႔ကေလးကုိ ေစာင့္ေရွာက္ရမယ္ ခင္ဗ်ားရဲ႕ကေလး... ဖ်က္မခ်လိုက္ပါနဲ႔... ကြၽန္ေတာ္နာက်င္ရင္ေတာင္ ႀကံ့ႀကံ့ခံနိုင္ပါတယ္..."
"ေကာင္းၿပီ ကိုယ္ကတိေပးတယ္ မင္းေရာမင္းရဲ႕ကေလးေရာ အႏၲရာယ္ကင္းေစရမယ္ေနာ္..."
"...." စုက်စ္ယန္ ဘာမွ်ထပ္မေျပာေတာ့ေပ။ သူ႔မ်က္လံုးေတြကိုမွိတ္လိုက္ၿပီးေနာက္ သတိလစ္သြားပံုေပၚသည္။
You are reading the story above: TeenFic.Net