(Unicode)
အခန်း ၂၅။ ကျွန်တော်မသေချင်သေးဘူး။
စုကျစ်ယန် ဂနာမငြိမ်ဖြစ်ရင်း သူ့၀မ်းဗိုက်လေးကိုပွတ်သပ်သည်။ ကားအရှိန်ကနှေးသွားပေမယ့်လည်း အဲဒါကဆေးရုံဆီ နီးလာတုန်းပဲလေ။
သူ့ရဲ့မျက်လုံးအိမ်ဟာ လျှင်မြန်စွာလှည့်နေသည်။ (ဟိုကြည့်သည်ကြည့်) နောက်ဆုံးမှာတော့ စိတ်ကူးတစ်ခုရလိုက်ပြီး လင်ကျန်းရီဆီ ကိုယ်ကိုကိုင်းကာ ပြောလိုက်သည်။
"မစ်စတာလင်.... အာ မဟုတ်သေးဘူး... ရီ... ဖျင်အန်းဆေးရုံကို စစ်ဆေးဖို့သွားမှာလား ကျွန်တော်တစ်ချိန်လုံး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးသားပါ။ နေရာပြောင်းချင်တယ်။ ကျွန်တော်က ကိုယ်၀န်ဆောင်နိုင်တဲ့ အမျိုးသားတစ်ယောက်... ဒါကမဖြစ်နိုင်ဘူးမလား လူတွေအများကြီးသိသွားကြရင် ကျွန်တော့်အတွက်ခက်ခဲလိမ့်မယ်။ ဖျင်အန်းဆေးရုံပဲ သွားရအောင်နော်"
လင်ကျန်းရီ သူ့ကိုနောက်ကြည့်မှန်မှကြည့်ရင်း မတုန်မလှုပ်ဟန်ဖြင့် ပြောလိုက်သည်။
"မရဘူး"
"----- ဘာလို့လဲ"
စုကျစ်ယန် မျက်မှောင်ကြုတ်သည်။ လင်ကျန်းရီကတော့ ပြုံးရင်းပြန်ဖြေသည်။
"ဆရာ၀န်နဲ့မင်း ပေါင်းပြီးငါ့ကိုလိမ်မှာစိုးလို့လေ ဒီတော့ငါယုံကြည်ရတဲ့ဆရာ၀န်ဆီ သွားရမှာပဲ"
သူ စကားခေတ္တရပ်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
"Municipal ဆေးရုံကိုသွားတာပေါ့"
Municipal ဆေးရုံ...?
စုကျစ်ယန် လင်ကျန်းရီကို အလွန်အံ့အားသင့်ဟန်ဖြင့်ကြည့်လိုက်သည်။ သူတစ်ကယ်ကြီး municipal ဆေးရုံကိုသွားနေတာလား။ ဒါအန္တရာယ်ရှိသည်။ သူအခု တစ်ကယ်ကို သေဖို့သွားနေတာပါလား။
မိုးနတ်မင်းရေ.... အား... ခင်ဗျားကတစ်ကယ်ကို အမြင်မရှိတာပဲ။
မူလတုန်းကတော့ လင်ကျန်းရီ ဆိုးရွားတဲ့ကိစ္စကိုလုပ်ဖို့ Municipal ဆေးရုံဆီသွားနေတာကို ရပ်တန့်ချင်တာဖြစ်သည်။ သို့သော်လည်း စုကျစ်ယန် ကိစ္စတစ်ခုလုပ်ဖို့ရာ အလိုရှိချိန်မှာ ကားကရပ်တန့်သွာသည်။
လင်ကျန်းရီက ကားတံခါးကိုဖွင့်ကာ သူဆင်းနိုင်ဖို့ကူညီပေးသည်။ မျက်နှာတစ်ခုလုံး အပြုံးတွေေ၀လို့ပေါ့။
"ကျစ်ယန်... ကိုယ်တို့ရောက်ပြီ ကိုယ်ကူတွဲပေးမယ် ဖြည်းဖြည်းလျှောက်"
"....." စုကျစ်ယန် ရွေးချယ်စရာမရှိဘဲ သူ့ကိုလှည့်ကာပြုံးပြလိုက်သည်။ သို့သော်သူ့အပြုံးက ငိုနေတဲ့ပုံစံထက် နည်းနည်းကလေးမှ မသာလွန်၊ မကောင်းမွန်ပါချေ။
ဆေးရုံတံခါးကနေ ၀င်သွားပြီးနောက် စုကျစ်န်၏နှလုံးသားလေးဟာ စတင်ပြီး သွေးစိမ်းရှင်ရှင် ထွက်လာတော့သည်။ လင်ကျန်းရီရဲ့အနားကနေ ထွက်သွားနိုင်ဖို့ ရှိသမျှနည်းလမ်းတွေအကုန်သုံးပြီးကြိုးစားခဲ့ပေမယ့် အချည်းနှီးသာ။
"ရီ... ကျွန်တော်အိမ်သာသွားချင်တယ် အရင်ဆုံး ကျွန်တော့်ကိုခဏလောက် စောင့်ပေးလို့ရမလား"
စုကျစ်ယန် ချိုမြိန်စွာ ရယ်သွမ်းသွေးလိုက်သည်။ လင်ကျန်းရီလဲ အကြံဉာဏ်ကောင်းကိုပေးရင်း ပြောလိုက်သည်။
"ကိုယ်လိုက်ခဲ့ပေးမယ် မင်းကိုယ်၀န်က အဆင်မပြေမှာစိုးလို့ပါ အဒေါ်ကြီးတစ်ယောက် ကြမ်းတိုက်နေတာတွေ့ခ့ဲတယ် ခုဆိုကြမ်းပြင်ပေါ်ရေတွေရှိနေလောက်သေးတယ် မင်းချော်လဲသွားရင်ဘယ်လိုလုပ်မလဲ လာ... ဒီဘက်ကလျှောက်..."
စုကျစ်ယန်၏ခါးလေးဟာ လင်ကျန်းရီ၏ထွေးပိုက်ခြင်းကို ခံလိုက်ရသည်။ ဘယ်ဘက်ပခုံးဟာလည်း လင်ကျန်းရီ၏အကူအညီဖြင့်သာ။ (လင်ကျန်းရီရဲ့လက်တစ်ဖက်က ကျစ်ယန်ရဲ့ဘယ်ပခုံး၊ နောက်လက်တစ်ဖက်က ခါးကိုထိန်းကိုင်ပေးထားတာနေပါမယ်)
ဒီလို "အကာအကွယ်"ကိုယ်နေဟန်ထားက သူရုတ်တရက် ကျောမှာအတောင်ပံတွေပေါက်လာပြီး ပျံပြေးချင်ရင်တောင်မှ ပြေးဖို့ခက်ခဲမည့်ပုံပင်။
"ရပါတယ် ဘာပဲဖြစ်ဖြစ်ဆီးစစ်ရဦးမှာပဲဟာ ခဏနေမှပဲ ပြန်လာပါတော့မယ်"
စုကျစ်ယန်၏မျက်နှာရှိအပြုံးက တောင့်တင်းလို့နေသည်။ သို့သော် နှလုံးသားထဲမှာတော့ သူငိုကြွေးနေသည်။ -- သွားပါပြီ။--ငါတော့သေပြီ။--
သူ့ဘေးကလူ စိတ်ဖိစီးနေပုံရတယ်လို့ လင်ကျန်းရီခံစားမိလိုက်သည်။ သူ့မျက်လုံးတွေက ဘေးပတ်လည်ကိုလျှောက်ကြည့်နေပြီး နဖူးမှာလည်း ချွေးတွေစို့နေသည်လေ။ သူအနည်းငယ်မျှ ပဟေဠိဖြစ်သွားရသည်။
"ကျစ်ယန် မင်းဘာကိုကြောက်နေတာလ"
"ကျွန်တော်... ကျွန်တော်သေမှာကြောက်တယ်"
စုကျစ်ယန် ဒီ့ထက်ပိုပြီး ခြေလှမ်းဖို့မရဲဝံ့ပေ။ ကော်ရစ်ဒါရှိ အနားယူဖို့ချထားပေးသည့် ထိုင်ခုံလက်ရန်းကို လက်တစ်ဖက်ဖြင့်ကိုင်ကာ တောင်းဆိုလိုက်သည်။
"ရီ... ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့ကို ကလေးဖျက်မချခိုင်းပါနဲ့ ခင်ဗျား... ရမလားဟင် ကျွန်တော်ခင်ဗျားကို တာ၀န်မယူစေချင်ပါဘူး ကျွန်တော့်ကလေးအတွက် ခင်ဗျားဆီက ငွေလဲမညှစ်ပါဘူး ဟုတ်ပြီလား ကျေးဇူးပြုပြီး ကျွန်တော်နဲ့ကလေးကိုလွှတ်ပေးပါလား ကျွန်တော်မသေချင်ဘူး... ကျွန်တော် တစ်ကယ်ကို မသေချင်သေးလို့ပါ..."
လင်ကျန်းရီ ဒါကိုကြားလိုက်ပြီးနောက် သူ့နဖူးပြင်ဟာ မည်းမှောင်သွားလေပြီ။ နောက်ဆုံးတစ်ခွန်းကိုပြောပြီးနောက်မှာတော့ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
သူဘယ်လိုပဲ အဓိပ္ပာယ်ကောက်ပါစေ။ ကိစ္စမရှိပါဘူး။ သူက ဒီအသေးလေးရဲ့မျက်လုံးထဲမှာ တာ၀န်မဲ့တဲ့လူယုတ်မာတစ်ယောက်ပဲမဟုတ်လား။ သူတာ၀န်မယူဘူးလို့များ ပြောခဲ့ဖူးလို့လား။ ကလေးကိုဖျက်ချမယ်လို့ရော ပြောခဲ့လို့လား။
သူတဒါတွေတစ်ခုမှ မပြောခဲ့ဖူးဘူး။ အိုး... ဒါ... မှားနေပြီလေ။ သူပြောခဲ့တာက ဒီကလေးကသူနဲ့ရတာဆိုရင် သေချာပေါက်တာ၀န်ယူမယ်လို့။ ဘာလို့ ဒီအသေးလေးက သူ့အပေါ်ဆိုးဆိုးရွားရွားတွေးနေရတာလဲ။
"ကိုယ်မင်းကို ဒီကလေးကိုဖျက်ချစေချင်တယ်လို့ ပြောခဲ့ဖူးလို့လား"
လင်ကျန်းရီ တွန့်ဆုတ်စွာမေးလိုက်ပြီးနောက် စိတ်ရှည်လက်ရှည်ပင် နူးညံ့သည့်လေသံလေးဖြင့် ရှင်းပြလိုက်သည်။
"ကိုယ်တာ၀န်မယူဘူးလို့ မပြောခဲ့သလို ကလေးဖျက်ချမယ်လို့လဲ မပြောခ့ဲဖူးဘူးလေ ကိုယ်ကမင်းရဲ့ ကျန်းမာရေးကိုစစ်ဆေးဖို့ ကူညီပေးပြီး အိမ်ခေါ်သွားချင်ရုံပါ။ ကိုယ်တို့နှစ်ယောက် လက်ထပ်ကြမယ် ဒါမှမဟုတ် ကလေးလေးမွေးလာပြီးမှဆိုလည်း ကိုယ်စောင့်နိုင်ပါတယ် ကိုယ်မင်းအပေါ် ဘယ်နည်းနဲ့မှအမှားကျူးလွန်မှာမဟုတ်ဘူး။ မကြောက်ပါနဲ့ ဟုတ်ပြီလား... နော်... စိတ်လျှော့ထား စိတ်ကိုလျှော့ထားလိုက် မင်းရဲ့ကျန်းမာရေးကိုပဲ ဂရုစိုက်... ကောင်းပြီ မကြောက်နဲ့တော့ အာ..."
အဆုံးမှာတော့ လင်ကျန်းရီ ဒူးထောက်ကာကျိန်ဆိုနိုင်ဖို့ရာ ကောင်းကင်ဘုံထံသို့ပင် တောင်းပန်ရလုနီးပါးပင်။ သူ့အသံက ငှက်မွှေးလေးလို နူးညံ့နေကာ ကိုယ်နေဟန်ထားကလည်း သူငယ်တန်းမှ အန်တီကြီးသဖွယ် စိတ်ရှည်လက်ရှည်ရှိလှသည်။
စုကျစ်ယန် သူ့၀မ်းဗိုက်အောက်နားလေးမှ ပင့်ကိုင်ပေးထားသည့် လင်ကျန်းရီကို မသင်္ကာသလိုကြည်လိုက်ပြီး တစ်ခဏမျှ သတိအနေအထားဖြင့်ရှိကာ မေးလိုက်သည်။
"တစ်ကယ်လား"
"အင်းပေါ့ တစ်ကယ်ပြောတာ ဘာလို့ကိုယ်ကမင်းကိုလိမ်ရမှာလဲ"
လင်ကျန်းရီပြုံးသည်။ ဒီအသေးလေးက နောက်ဆုံးတော့ သူ့စကားတွေကို ယုံကြည်ပြီပဲ။
ရလဒ်အနေဖြင့် နောက်တစ်ခဏအကြာမှာ စုကျစ်ယန်က သူ့ခေါင်းကိုခါကာ စကားတစ်ခွန်းကို သူ့ဆီပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။ လင်ကျန်းရီ နှလုံးသားတစ်ခုလုံး နာကျင်ကွဲအက်ကာ အပိုင်းအစငယ်လေးများအဖြစ် အစိတ်စိတ်ကွဲကြေသွားရလေသည်။
နတ်ဆိုးပေါက်စလေးစုဟာ သတိ္တရှိရှိပင် အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်က ---
"ကျွန်တော် -မ-ယုံ-ဘူး-"
______________
Translated by Lay Pyay Yhine.
နောက်ဆုံးတစ်ခွန်းမှာ ရယ်မိတော့တာပါပဲကွယ်။ novel တွေမယ် CEO (gong) အများစုဟာ ချေမိုးခဲ့ကြသမျှ လင်ကျန်းရီကျမှ သူပဲခံနေရ။ ကျစ်ယန်လေးဟာလည်း တစ်ကယ့်အဆိုးအပေလေးနော်။ အူယားလို့သေတော့မယ်။ XD
______________
(Zawgyi)
အခန္း ၂၅။ ကြၽန္ေတာ္မေသခ်င္ေသးဘူး။
စုက်စ္ယန္ ဂနာမၿငိမ္ျဖစ္ရင္း သူ႔၀မ္းဗိုက္ေလးကိုပြတ္သပ္သည္။ ကားအရွိန္ကေနွးသြားေပမယ့္လည္း အဲဒါကေဆးရံုဆီ နီးလာတုန္းပဲေလ။
သူ႔ရဲ႕မ်က္လံုးအိမ္ဟာ လွ်င္ျမန္စြာလွည့္ေနသည္။ (ဟိုၾကည့္သည္ၾကည့္) ေနာက္ဆံုးမွာေတာ့ စိတ္ကူးတစ္ခုရလိုက္ၿပီး လင္က်န္းရီဆီ ကိုယ္ကုိကိုင္းကာ ေျပာလိုက္သည္။
"မစ္စတာလင္.... အာ မဟုတ္ေသးဘူး... ရီ... ဖ်င္အန္းေဆးရံုကို စစ္ေဆးဖို႔သြားမွာလား ကြၽန္ေတာ္တစ္ခ်ိန္လံုး က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ခဲ့ၿပီးသားပါ။ ေနရာေျပာင္းခ်င္တယ္။ ကြၽန္ေတာ္က ကိုယ္၀န္ေဆာင္နိုင္တဲ့ အမ်ိဳးသားတစ္ေယာက္... ဒါကမျဖစ္နိုင္ဘူးမလား လူေတြအမ်ားႀကီးသိသြားၾကရင္ ကြၽန္ေတာ့္အတြက္ခက္ခဲလိမ့္မယ္။ ဖ်င္အန္းေဆးရံုပဲ သြားရေအာင္ေနာ္"
လင္က်န္းရီ သူ႔ကိုေနာက္ၾကည့္မွန္မွၾကည့္ရင္း မတုန္မလႈပ္ဟန္ျဖင့္ ေျပာလိုက္သည္။
"မရဘူး"
"----- ဘာလို႔လဲ"
စုက်စ္ယန္ မ်က္ေမွာင္ၾကဳတ္သည္။ လင္က်န္းရီကေတာ့ ၿပံဳးရင္းျပန္ေျဖသည္။
"ဆရာ၀န္နဲ႔မင္း ေပါင္းၿပီးငါ့ကိုလိမ္မွာစုိးလို႔ေလ ဒီေတာ့ငါယံုၾကည္ရတဲ့ဆရာ၀န္ဆီ သြားရမွာပဲ"
သူ စကားေခတၲရပ္ၿပီးေနာက္ ဆံုးျဖတ္ခ်က္ခ်လိုက္သည္။
"Municipal ေဆးရံုကိုသြားတာေပါ့"
Municipal ေဆးရံု...?
စုက်စ္ယန္ လင္က်န္းရီကို အလြန္အံ့အားသင့္ဟန္ျဖင့္ၾကည့္လိုက္သည္။ သူတစ္ကယ္ႀကီး municipal ေဆးရံုကိုသြားေနတာလား။ ဒါအႏၲရာယ္ရွိသည္။ သူအခု တစ္ကယ္ကို ေသဖို႔သြားေနတာပါလား။
မိုးနတ္မင္းေရ.... အား... ခင္ဗ်ားကတစ္ကယ္ကို အျမင္မရွိတာပဲ။
မူလတုန္းကေတာ့ လင္က်န္းရီ ဆိုး႐ြားတဲ့ကိစၥကိုလုပ္ဖို႔ Municipal ေဆးရံုဆီသြားေနတာကို ရပ္တန္႔ခ်င္တာျဖစ္သည္။ သို႔ေသာ္လည္း စုက်စ္ယန္ ကိစၥတစ္ခုလုပ္ဖို႔ရာ အလိုရွိခ်ိန္မွာ ကားကရပ္တန္႔သြာသည္။
လင္က်န္းရီက ကားတံခါးကိုဖြင့္ကာ သူဆင္းနိုင္ဖို႔ကူညီေပးသည္။ မ်က္နွာတစ္ခုလံုး အၿပံဳးေတြေ၀လို႔ေပါ့။
"က်စ္ယန္... ကုိယ္တို႔ေရာက္ၿပီ ကိုယ္ကူတြဲေပးမယ္ ျဖည္းျဖည္းေလွ်ာက္"
"....." စုက်စ္ယန္ ေ႐ြးခ်ယ္စရာမရွိဘဲ သူ႔ကိုလွည့္ကာၿပံဳးျပလိုက္သည္။ သို႔ေသာ္သူ႔အၿပံဳးက ငိုေနတဲ့ပံုစံထက္ နည္းနည္းကေလးမွ မသာလြန္၊ မေကာင္းမြန္ပါေခ်။
ေဆးရံုတံခါးကေန ၀င္သြားၿပီးေနာက္ စုက်စ္န္၏နွလံုးသားေလးဟာ စတင္ၿပီး ေသြးစိမ္းရွင္ရွင္ ထြက္လာေတာ့သည္။ လင္က်န္းရီရဲ႕အနားကေန ထြက္သြားနိုင္ဖို႔ ရွိသမွ်နည္းလမ္းေတြအကုန္သံုးၿပီးႀကိဳးစားခဲ့ေပမယ့္ အခ်ည္းနွီးသာ။
"ရီ... ကြၽန္ေတာ္အိမ္သာသြားခ်င္တယ္ အရင္ဆံုး ကြၽန္ေတာ့္ကိုခဏေလာက္ ေစာင့္ေပးလို႔ရမလား"
စုက်စ္ယန္ ခ်ိဳၿမိန္စြာ ရယ္သြမ္းေသြးလိုက္သည္။ လင္က်န္းရီလဲ အႀကံဉာဏ္ေကာင္းကိုေပးရင္း ေျပာလိုက္သည္။
"ကိုယ္လိုက္ခဲ့ေပးမယ္ မင္းကိုယ္၀န္က အဆင္မေျပမွာစိုးလို႔ပါ အေဒၚႀကီးတစ္ေယာက္ ၾကမ္းတိုက္ေနတာေတြ႕ခ့ဲတယ္ ခုဆိုၾကမ္းျပင္ေပၚေရေတြရွိေနေလာက္ေသးတယ္ မင္းေခ်ာ္လဲသြားရင္ဘယ္လိုလုပ္မလဲ လာ... ဒီဘက္ကေလွ်ာက္..."
စုက်စ္ယန္၏ခါးေလးဟာ လင္က်န္းရီ၏ေထြးပိုက္ျခင္းကို ခံလိုက္ရသည္။ ဘယ္ဘက္ပခံုးဟာလည္း လင္က်န္းရီ၏အကူအညီျဖင့္သာ။ (လင္က်န္းရီရဲ႕လက္တစ္ဖက္က က်စ္ယန္ရဲ႕ဘယ္ပခံုး၊ ေနာက္လက္တစ္ဖက္က ခါးကိုထိန္းကိုင္ေပးထားတာေနပါမယ္)
ဒီလုိ "အကာအကြယ္"ကိုယ္ေနဟန္ထားက သူရုတ္တရက္ ေက်ာမွာအေတာင္ပံေတြေပါက္လာၿပီး ပ်ံေျပးခ်င္ရင္ေတာင္မွ ေျပးဖို႔ခက္ခဲမည့္ပံုပင္။
"ရပါတယ္ ဘာပဲျဖစ္ျဖစ္ဆီးစစ္ရဦးမွာပဲဟာ ခဏေနမွပဲ ျပန္လာပါေတာ့မယ္"
စုက်စ္ယန္၏မ်က္နွာရွိအၿပံဳးက ေတာင့္တင္းလို႔ေနသည္။ သို႔ေသာ္ နွလံုးသားထဲမွာေတာ့ သူငိုေႂကြးေနသည္။ -- သြားပါၿပီ။--ငါေတာ့ေသၿပီ။--
သူ႔ေဘးကလူ စိတ္ဖိစီးေနပံုရတယ္လို႔ လင္က်န္းရီခံစားမိလုိက္သည္။ သူ႔မ်က္လံုးေတြက ေဘးပတ္လည္ကိုေလွ်ာက္ၾကည့္ေနၿပီး နဖူးမွာလည္း ေခြၽးေတြစို႔ေနသည္ေလ။ သူအနည္းငယ္မွ် ပေဟဠိျဖစ္သြားရသည္။
"က်စ္ယန္ မင္းဘာကိုေၾကာက္ေနတာလ"
"ကြၽန္ေတာ္... ကြၽန္ေတာ္ေသမွာေၾကာက္တယ္"
စုက်စ္ယန္ ဒီ့ထက္ပိုၿပီး ေျခလွမ္းဖို႔မရဲ၀ံ့ေပ။ ေကာ္ရစ္ဒါရွိ အနားယူဖို႔ခ်ထားေပးသည့္ ထိုင္ခံုလက္ရန္းကို လက္တစ္ဖက္ျဖင့္ကိုင္ကာ ေတာင္းဆိုလိုက္သည္။
"ရီ... ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ့ကို ကေလးဖ်က္မခ်ခိုင္းပါနဲ႔ ခင္ဗ်ား... ရမလားဟင္ ကြၽန္ေတာ္ခင္ဗ်ားကို တာ၀န္မယူေစခ်င္ပါဘူး ကြၽန္ေတာ့္ကေလးအတြက္ ခင္ဗ်ားဆီက ေငြလဲမညႇစ္ပါဘူး ဟုတ္ၿပီလား ေက်းဇူးျပဳၿပီး ကြၽန္ေတာ္နဲ႔ကေလးကိုလႊတ္ေပးပါလား ကြၽန္ေတာ္မေသခ်င္ဘူး... ကြၽန္ေတာ္ တစ္ကယ္ကို မေသခ်င္ေသးလို႔ပါ..."
လင္က်န္းရီ ဒါကိုၾကားလိုက္ၿပီးေနာက္ သူ႔နဖူးျပင္ဟာ မည္းေမွာင္သြားေလၿပီ။ ေနာက္ဆံုးတစ္ခြန္းကိုေျပာၿပီးေနာက္မွာေတာ့ မ်က္နွာတစ္ခုလံုး မည္းေမွာင္သြားေတာ့သည္။
သူဘယ္လိုပဲ အဓိပၸာယ္ေကာက္ပါေစ။ ကိစၥမရိွပါဘူး။ သူက ဒီအေသးေလးရဲ႕မ်က္လံုးထဲမွာ တာ၀န္မဲ့တဲ့လူယုတ္မာတစ္ေယာက္ပဲမဟုတ္လား။ သူတာ၀န္မယူဘူးလို႔မ်ား ေျပာခဲ့ဖူးလို႔လား။ ကေလးကိုဖ်က္ခ်မယ္လို႔ေရာ ေျပာခဲ့လို႔လား။
သူတဒါေတြတစ္ခုမွ မေျပာခဲ့ဖူးဘူး။ အိုး... ဒါ... မွားေနၿပီေလ။ သူေျပာခဲ့တာက ဒီကေလးကသူနဲ႔ရတာဆိုရင္ ေသခ်ာေပါက္တာ၀န္ယူမယ္လို႔။ ဘာလို႔ ဒီအေသးေလးက သူ႔အေပၚဆိုးဆိုး႐ြား႐ြားေတြးေနရတာလဲ။
"ကိုယ္မင္းကုိ ဒီကေလးကိုဖ်က္ခ်ေစခ်င္တယ္လို႔ ေျပာခဲ့ဖူးလို႔လား"
လင္က်န္းရီ တြန္႔ဆုတ္စြာေမးလိုက္ၿပီးေနာက္ စိတ္ရွည္လက္ရွည္ပင္ ႏူးညံ့သည့္ေလသံေလးျဖင့္ ရွင္းျပလိုက္သည္။
"ကုိယ္တာ၀န္မယူဘူးလို႔ မေျပာခဲ့သလို ကေလးဖ်က္ခ်မယ္လို႔လဲ မေျပာခ့ဲဖူးဘူးေလ ကိုယ္ကမင္းရဲ႕ က်န္းမာေရးကုိစစ္ေဆးဖို႔ ကူညီေပးၿပီး အိမ္ေခၚသြားခ်င္ရံုပါ။ ကိုယ္တို႔နွစ္ေယာက္ လက္ထပ္ၾကမယ္ ဒါမွမဟုတ္ ကေလးေလးေမြးလာၿပီးမွဆိုလည္း ကိုယ္ေစာင့္နိုင္ပါတယ္ ကိုယ္မင္းအေပၚ ဘယ္နည္းနဲ႔မွအမွားက်ဴးလြန္မွာမဟုတ္ဘူး။ မေၾကာက္ပါနဲ႔ ဟုတ္ၿပီလား... ေနာ္... စိတ္ေလွ်ာ့ထား စိတ္ကိုေလွ်ာ့ထားလိုက္ မင္းရဲ႕က်န္းမာေရးကိုပဲ ဂရုစိုက္... ေကာင္းၿပီ မေၾကာက္နဲ႔ေတာ့ အာ..."
အဆံုးမွာေတာ့ လင္က်န္းရီ ဒူးေထာက္ကာက်ိန္ဆိုနိုင္ဖို႔ရာ ေကာင္းကင္ဘံုထံသို႔ပင္ ေတာင္းပန္ရလုနီးပါးပင္။ သူ႔အသံက ငွက္ေမႊးေလးလို ႏူးညံ့ေနကာ ကိုယ္ေနဟန္ထားကလည္း သူငယ္တန္းမွ အန္တီႀကီးသဖြယ္ စိတ္ရွည္လက္ရွည္ရွိလွသည္။
စုက်စ္ယန္ သူ႔၀မ္းဗိုက္ေအာက္နားေလးမွ ပင့္ကိုင္ေပးထားသည့္ လင္က်န္းရီကို မသကၤာသလိုၾကည္လိုက္ၿပီး တစ္ခဏမွ် သတိအေနအထားျဖင့္ရွိကာ ေမးလိုက္သည္။
"တစ္ကယ္လား"
"အင္းေပါ့ တစ္ကယ္ေျပာတာ ဘာလို႔ကိုယ္ကမင္းကိုလိမ္ရမွာလဲ"
လင္က်န္းရီၿပံဳးသည္။ ဒီအေသးေလးက ေနာက္ဆံုးေတာ့ သူ႔စကားေတြကို ယံုၾကည္ၿပီပဲ။
ရလဒ္အေနျဖင့္ ေနာက္တစ္ခဏအၾကာမွာ စုက်စ္ယန္က သူ႔ေခါင္းကိုခါကာ စကားတစ္ခြန္းကို သူ႔ဆီျပင္းထန္စြာ ပစ္ေပါက္လုိက္သည္။ လင္က်န္းရီ နွလံုးသားတစ္ခုလံုး နာက်င္ကြဲအက္ကာ အပိုင္းအစငယ္ေလးမ်ားအျဖစ္ အစိတ္စိတ္ကြဲေၾကသြားရေလသည္။
နတ္ဆိုးေပါက္စေလးစုဟာ သတိၲရွိရွိပင္ အထင္အျမင္ေသးဟန္ျဖင့္ ေျပာလိုက္သည္က ---
"ကြၽန္ေတာ္ -မ-ယံု-ဘူး-"
______________
Translated by Lay Pyay Yhine.
ေနာက္ဆံုးတစ္ခြန္းမွာ ရယ္မိေတာ့တာပါပဲကြယ္။ novel ေတြမယ္ CEO (gong) အမ်ားစုဟာ ေခ်မိုးခဲ့ၾကသမွ် လင္က်န္းရီက်မွ သူပဲခံေနရ။ က်စ္ယန္ေလးဟာလည္း တစ္ကယ့္အဆိုးအေပေလးေနာ္။ အူယားလို႔ေသေတာ့မယ္။ XD
You are reading the story above: TeenFic.Net