(Unicode)
အခန်း ၂၄။ ဒီဖေဖေက ခင်ဗျားကိုတာ၀န်မယူစေချင်ပါဘူး
သူ့လက်ထဲကသားကောင်လေးဖို့ ဘယ်နေရာတွေက sensitive ဖြစ်စေသလဲဆိုတာ ဥက္ကဌလင်တစ်ယောက် သိနေခဲ့သည်။
စုကျစ်ယန်ရဲ့ အိမ်နေရင်းမျက်နှာလေးက ရှက်စိတ်ကြောင့် နီရဲလာခဲ့ပြီးနောက်မှာ တဖျတ်ဖျတ်လင်းလက်နေသည့် သူ့မျက်လုံးတွေကို အေ၀းတစ်နေရာဆီ ပို့်လိုက်ကာ မပီမသညည်းတွားလေသည်။
"မဟုတ်ဘူး... ဒါကတစ်ကယ်ကို ခင်ဗျားကလေးမဟုတ်ဘူး ခင်ဗျားမှားနေပြီ ကျွန်တော့်ကိုလွှတ်ပေးစမ်းပါ ကျွန်တော်ခင်ဗျားကိုတာ၀န်ယူခိုင်းဖို့မလိုအပ်ပါဘူး တစ်ကယ်ပြောတာ ကျွန်တော်ခင်ဗျားကိုတာ၀န်ယူခိုင်းဖို့မလိုဘူး"
လင်ကျန်းရီ၏အမူအရာက ပြောင်းလဲသွားကာ တစ်စုံတစ်ရာအပေါ် မကျေမနပ်ဖြစ်သလို ခံစားလိုက်ရသည်။
သို့သော်လည်း ဒီအသေးလေးရဲ့ လှုပ်ရှားမှုအပေါ် သည်းမခံနိုင်ပေ။ သူ့လက်ကိုကိုင်ထားရင်း စုကျစ်ယန်၏ပုခုံးထက်ဆီမှ ဖြည်းညင်းစွာလျှောချကာ သူ့လက်ချောင်းတွေကို အကြင်နာကင်းမဲ့စွာပင် စုကျစ်ယန်ရဲ့ရင်ဘတ်ပေါ်တွင် သက်၀င်လှုပ်ရှားစေလိုက်သည်။
စုကျစ်ယန် လေအေးတွေကိုရှိုက်လိုက်မိပြီး သူ့တစ်ကိုယ်လုံးဟာလည်း ပို၍တောင့်တင်းသွားလေပြီ။ သူကိုယ်၀န်စရှိခဲ့ကတည်းက သူ့ရင်ဘတ်က အမှတ်ငယ်လေးနှစ်ခုဟာ မကြာခဏယားယံလာခဲ့သည်။ ပြီးတော့ ဒီနေရာကအလွန်အမင်းကို ဆတ်ဆတ်ထိမခံဖြစ်လွန်းသည်။
ဒီလိုကျွမ်းကျင်မှုရှိရှိ ပွတ်သပ်ကိုင်တွယ်ခံရတာကိုမဆိုထားနဲ့။ ဒီအတိုင်းခပ်ဖွဖွအထိအတွေ့လေးဆိုရင်တောင် သူ့မှာရပ်တည်နိုင်စွမ်းမရှိပေ။
စုကျစ်ယန်၏မျက်နှာက နီရဲနေကာ ခေါင်းမာမာဖြင့် လင်ကျန်းရီကိုစိုက်ကြည့်နေသည့် သူ့အမူအရာက လင်ကျန်းရီ၏ဆော့ကစားလိုစိတ်ကို တလူလူလွှင့်ထူပေးနေသလိုပင်။
ဒီအသေးလေးရဲ့ရင်ဘတ်ကို ကစားတာက ဒီလိုအကျိုးဆက်ကို ရရှိစေလိမ့်မည်လို့ သူမမျှော်လင့်ခဲ့ပေ။ သူ(လင်ကျန်းရီ)က သူ့(စုကျစ်ယန်)ကို ဖမ်းမိလိုက်ပြီဆိုကတည်းက တစ်ခဏလောက်တော့ ဆက်ပြီးကစားပေးရမှာပေါ့။
စုကျစ်ယန် မောဟိုက်လာတာကြောင့် အေ၀းကိုထွက်ပြေးချင်မိသည်။ သို့သော် လင်ကျန်းရီက သူ့လက်တွေကို အောက်ဘက်ကိုရွေ့လျားသွားပြီးနောက်မှာ စုကျစ်ယန်ရဲ့ ဗိုက်လုံးလုံးလေးကို နူးညံ့ညင်သာစွာ ပွတ်သပ်လေသည်။
"ကိုယ့်ကိုပြော ဒါကိုယ့်ကလေးဟုတ်တယ်မလား ဟမ်" လင်ကျန်းရီ အတင်းအဓမ္မမေးပြန်သည်။
"လင်ကျန်းရီ! မင်း.... မင်း.... အယုတ်တမာကောင်... ငါ့ကိုမြန်မြန်လွှတ်စမ်း"
စုကျစ်ယန်ရဲ့ နောက်ကျောပြင်နှင့် ဗိုက်လုံးလုံးလေးက သည်လိုအနေအထားဖြင့် အချိန်အနည်းငယ်မျှ လဲလျောင်းနေရင်းက တဆစ်ဆစ်နာကျင်ကိုက်ခဲလာသည်။
"သူမသက်မသာခံစားနေရပြီး အကြာကြီးသည်းခံနိုင်တော့မှာမဟုတ်ဘူး ယုန်တောင်မှကိုက်တတ်သေးတာပဲ အဲဒီ့တော့ဘာဖြစ်နိုင်ဦးမှာလဲ တစ်စုံတစ်ယောက်မှာလဲ အမွှေးအမျှင်တွေရှိနေတာပဲမလား" (သူ-ဗိုက်ထဲက ကလေးကိုဆိုလိုတာဖြစ်နိုင်။)
သူအော်လိုက်သည်။ "ဒီလူ့ဗိုက်ထဲကကလေးက မင်းနဲ့ဘာမှလုပ်စရာမရှိဘူး လွှတ်ပေးစမ်းပါ ချီးပဲ!! ငါ့ခါးကျိုးတော့မယ်"
လင်ကျန်းရီ မျက်နှာကြီးမည်းသွားကာ ပဟေဠိဖြစ်သွားလေသည်။
"တစ်စုံတစ်ယောက်က တာ၀န်ယူပေးပါမယ်ဆိုတာတောင်မှ မင်းကဆန္ဒမရှိဘူးလား မဟုတ်ရင် ကလေးနဲ့မင်းကိုထောက်ပံ့ဖို့ ကိုယ်စီစဉ်ရမှာလား မင်းပိုက်ဆံမလောက်မငဖြစ်နေလား မင်း၅မီလီယံလောက်ဆိုရင်တော့ မလိုချင်ဘူးလား"
"ကျွန်တော်ခင်ဗျားကို တာ၀န်မယူစေချင်ဘူးလို့! ဒီကလေးက ခင်ဗျားဟာမဟုတ်ဘူး ခင်ဗျားခေါင်းထဲမှာ ဒီလူကတာ၀န်ယူစေချင်တယ်ထင်နေတာလား လင်ကျန်းရီ... ကျွန်တော့်ကိုလွှတ်စမ်းပါ အိုက်ရား ဗိုက်ကနာလိုက်တာနော်...."
စုကျစ်ယန် ကျယ်လောင်စွာပင် အော်ငိုလေည်။ ၅မီလီယံရဲ့ သွေးဆောင်ဖျားယောင်းခြင်းက အလွန်ကြီးမားသော်လည်းပဲ အစားအသောက်၊ အ၀တ်အထည်နှင့် သူ့ကလေးကြီးထွားဖို့ လိုအပ်တဲ့အရာတွေအတွက် သူမစိုးရိမ်ပါ။
လေးလလုံးလုံး သူ့အတွက် တောင့်ခံဖု့ိဟာ မလွယ်ကူခဲ့ပါချေ။ လုံခြုံစွာ ရှိနေနိုင်ဖို့ပေါ့။ 'အယုတ်တမာကောင်လင်'လို့ခေါ်တဲ့ ဒီအဆိပ်ကြောင့်နဲ့ သူ့ကိုယ်သူဘယ်လိုလုပ် အမည်းစက်အဖြစ်ခံနိုင်မှာလဲ။
ဒီအဆိပ်ကိုသူမိခဲ့ရင် သူသေသွားမှာပေါ့။ ဒီသွေးဆောင်ဖျားယောင်းမှုကို သူခံလို့ကိုမဖြစ်ဘူး။ သေချာပေါက်ကိုမဖြစ်ဘူးပဲ။ ငါ့ကိုများ ငွေနဲ့၀ယ်နိုင်မှာတဲ့လား ဟမ့်! မင်းရဲ့plan က မှားနေပြီကွ 'အယုတ်တမာကောင်လင်'ရေ။
လင်ကျန်းရီဟာ ဒီအသေးလေးကို ပိုပြီး၊ နည်းနည်းလေးပိုပြီး သင်ခန်းစာပေးလိုက်နိုင်ပြီဟုထင်နေခဲ့သည်။ သို့သော်လည်း သူ(စုကျစ်ယန်)ကခေါင်းမာနေဆဲ။
သူ(လင်ကျန်းရီ) သူ့(စုကျစ်ယန်)ကို ဒီလိုအပြစ်ပေးမယ်ဆိုရင် သူ(စုကျစ်ယန်)တစ်ကယ်ကို သည်းခံနိုင်မှာမဟုတ်ဘူး။ ဒီတော့ စုကျစ်ယန် နာကျင်တာကြောင့် အော်ဟစ်လိုက်ချိန်မှာ လင်ကျန်းရီကြောက်ရွံ့သွားကာ လျှင်မြန်စွာလွှတ်ပေးခဲ့သည်။
သူဂရုတစိုက်ဖြင့် တစ်ဖက်လူကိုထူပေးကာ သေသေချာချာထိုင်စေရင်း မေးလိုက်သည်။
"ဘယ်နားကနာနေတာလဲ မင်းအဆင်ပြေရဲ့လား အရမ်းကြီးနာနေတာလားဟင်"
စုကျစ်ယန် နောက်မှီပေါ်မှီလိုက်ရင်း တစ်ခဏမျှ သက်ပြင်းရှိုက်လိုက်သည်။ အဲဒီ့နောက် သူ့ဘာသာတည်ငြိမ်စေရန်ကြိုးစားကာ သူ့လက်တွေကို ၀မ်းဗိုက်ပေါ်တင်ရင်း နံဘေးမှလင်ကျန်းရီကိုကြည့်လိုက်သည်။
"ဘယ်လိုနေသေးလဲ နည်းနည်းပိုအဆင်ပြေလာပြီလို့ခံစားရလား"
နောက်ဆုံးမှာ လိုလိုလားလားနဲ့ လွှတ်ပေးပြီးကြည့်နေသောလင်ကျန်းရီတစ်ယောက် အလောတကြီးမေးလေသည်။ လင်ကျန်းရီ တကျွတ်ကျွတ်စုတ်သပ်ကာ ညည်းညူနေသော်လည်း တစ်ကယ်တမ်း သူစိတ်ထဲမှကျိတ်ကာ အားရကျေနပ်နေလေသည်။
ဟမ့်! အယုတ်တမာလင်... ခင်ဗျားမှာလဲ ဒီလိုစိတ်ဖိစီးရတဲ့နေ့ရက်မျိုးရှိတာပါပဲလား။ ခင်ဗျားနဲ့တန်တယ်။
"နာနေတုန်းပဲလား ကိုယ်မင်းကိုအခုပဲ ဆေးရုံခေါ်သွားပေးမယ်"
လင်ကျန်းရီဟာ စုကျစ်ယန် ညည်းညူနေသေးတာကို မြင်နေရတာကြောင့် ကြာကြာအချိန်မဆွဲရဲပါချေ။ သူ့ရဲ့ခြိမ်းခြောက်ဟန်နဲ့ စနောက်မှုဟာ အသေးလေးကို ကိုယ်၀န်ပျက်ကျစေတာမျိုး ဖြစ်သွားမှာကြောက်မိသည်။
သည်တော့ သူချက်ချင်းပဲ မောင်းသူခုံမှ ေနေရာယူလိုက်ပြီး ဆေးရုံဆီမောင်းသွားတော့သည်။ မကြာခင်မှာပဲ စုကျစ်ယန်တစ်ယောက် ဆေးရုံကိုသွားနေတာဖြစ်ကြောင်း ကြားလိုက်ရပြီး ညည်းညူနေတာရပ်သွားတော့သည်။
"မဟုတ်ဘူး!! ဟုတ်တယ်!! မနာတော့ဘူး ကျွန်တော်ဆေးရုံမသွားဘူးနော်"
ဟာသပဲ။ အယုတ်တမာလင်က သူ့ကိုဆေးရုံခေါ်သွားချင်တဲ့ ဒီမြင်ကွင်းက အရမ်းရင်းနှီးနေသည်။ သူ့ဗိုက်ထဲက ကလေးကိုစစ်ဆေး၊ အတည်ပြုပြီးနောက် သူ့ကလေးဆိုတာသိသွားပြီး ဖျက်ချမယ်ဆိုဘယ်လိုလုပ်မလဲ"
အရင်ဘ၀က ကိုယ်၀န်သုံးလမှာ ကလေးဖျက်ခြင်းက သူ့အသက်ကိုပါနှုတ်ယူသွားခဲ့သည်။ လေးလမှာဆိုရင်ရော...။ သူမသေသွားလောက်ပါဘူးနော်။ မဖြစ်ဘူး။ မဖြစ်ဘူး။ သူဆေးရုံကိုသွားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် လင်ကျန်းရီမှာတော့ စိုးရိမ်သည့်မျက်နှာနှင့် ရှိနေသည်။
"မင်း မနာကျင်တော့ဘူးဆိုရင်တောင် စစ်ဆေးဖို့ ဆေးရုံကိုသွားသင့်တယ်လေ"
"ကျွန်တော်တစ်ကယ်အဆင်ပြေနေပါပြီဆို ကျွန်တော့်ကို(ကားပေါ်က)ချပေး။ ကျွန်တော်ခင်ဗျားဆီက ပိုက်ဆံမတောင်းဘူး။ တစ်ကယ် အဲ့ဒီ့လိုလုပ်ရအောင်။ ဒီနေရာမှာပဲ ကျွန်တော်တို့လမ်းခွဲ(တစ်လမ်းစီသွား) ကြရအောင် အိုခေ?"
စုကျစ်ယန် စိတ်လှုပ်ရှားစွာဖြင့် လင်ကျန်းရီနှင့်ဆွေးနွေးသည်။ သို့သော်ငြားလည်း ပိုပြီးပြောရရင် သူ(လင်ကျန်းရီ)မသွားချင်(လမ်းမခွဲချင်)ပါ။ ပိုပြီးတော့လဲ မချင့်မရဲဖြစ်သည်။
လင်ကျန်းရီဟာ စုကျစ်ယန်ရဲ့ဗိုက်ထဲကကလေးက သူ့ဟာဆိုတာ ပိုပြီးတော့တောင် ယုံကြည်နေမိသည်။ အမှန်ပေါ့။ ကလေးက လင်ကျန်းရီရဲ့ဟာပဲလေ။ သူအထင်မှားနေတာမဟုတ်ပေါင်။
"တစ်လမ်းစီသွားကြမယ်ပေါ့ မရဘူး"
လင်ကျန်းရီ ခေါင်းခါလိုက်သည်။
"မင်းဗိုက်ထဲကကလေးက ကိုယ့်ဟာလေ ကိုယ်တာ၀န်ယူရမှာပေါ့ မင်းမငြင်းဘူးမလား မင်းကိုဆေးရုံခေါ်သွားပြီး လေးလတောင်ရှိနေတဲ့ ကလေးလေးကိုစစ်ဆေးရမယ် ပြီးတော့ အဲဒီ့ည(လွန်ခဲ့တဲ့လေးလ)က မင်းကိုယ်နဲ့အတူ အိပ်ခဲ့တာလေ အဖြေရှာရမယ် ဘယ်သူ့ကလေးလဲဆိုတာ သိရဖို့ပေါ့"
စုကျစ်ယန်ရဲ့နှလုံးသားထဲမှာ ဒါကမကောင်းဘူးဆိုတာ ရိပ်မိသည်။ ဒီလမ်းကြောင်းအတိုင်း ဖြစ်လာတာပဲ။ သူဘာလုပ်သင့်လဲ။ နောက်ကျရင် သူဆေးရုံသွားပြီး သူ့ကလေးဆိုတာ အတည်ပြုပြီးချိန်ကျ အယုတ်တမာလင်ရဲ့မျက်နှာက ပြောင်းလဲသွားလိမ့်မည်။ သူတာ၀န်မဲ့လာပြီး ကိုယ်၀န်ကိုဖျက်ချခိုင်းပြီး သူသေလိမ့်မည်။
လင်ကျန်းရီ နောက်ကြည့်မှန်မှတစ်ဆင့် ဂနာမငြိမ်ဖြစ်နေသော စုကျစ်ယန်ကိုကြည့်ရင်း စိတ်ထဲရယ်ချင်လာခဲ့သည်။ သူအကြာကြီး မပုန်းကွယ်နိုင်ဘူးဆိုတာ ဒီအသေးလေးသိသည်။ ပြီးတော့ စိုးရိမ်နေပုံပင်။
အာ...။ အစကတည်းက အမှား၀န်ခံတဲ့နည်းကို သုံးနိုင်ခဲ့ရင် ပိုကောင်းမှာကို။ အခုတော့ စိုးရိမ်နေရပြီ။
__________
Translated by Lay Pyay Yhine.
____________
(Zawgyi)
အခန္း ၂၄။ ဒီေဖေဖက ခင္ဗ်ားကိုတာ၀န္မယူေစခ်င္ပါဘူး
သူ႔လက္ထဲကသားေကာင္ေလးဖို႔ ဘယ္ေနရာေတြက sensitive ျဖစ္ေစသလဲဆိုတာ ဥကၠဌလင္တစ္ေယာက္ သိေနခဲ့သည္။
စုက်စ္ယန္ရဲ႕ အိမ္ေနရင္းမ်က္နွာေလးက ရွက္စိတ္ေၾကာင့္ နီရဲလာခဲ့ၿပီးေနာက္မွာ တဖ်တ္ဖ်တ္လင္းလက္ေနသည့္ သူ႔မ်က္လံုးေတြကို အေ၀းတစ္ေနရာဆီ ပို႔္လိုက္ကာ မပီမသညည္းတြားေလသည္။
"မဟုတ္ဘူး... ဒါကတစ္ကယ္ကို ခင္ဗ်ားကေလးမဟုတ္ဘူး ခင္ဗ်ားမွားေနၿပီ ကြၽန္ေတာ့္ကိုလႊတ္ေပးစမ္းပါ ကြၽန္ေတာ္ခင္ဗ်ားကိုတာ၀န္ယူခိုင္းဖို႔မလိုအပ္ပါဘူး တစ္ကယ္ေျပာတာ ကြၽန္ေတာ္ခင္ဗ်ားကိုတာ၀န္ယူခိုင္းဖို႔မလိုဘူး"
လင္က်န္းရီ၏အမူအရာက ေျပာင္းလဲသြားကာ တစ္စံုတစ္ရာအေပၚ မေက်မနပ္ျဖစ္သလို ခံစားလိုက္ရသည္။
သို႔ေသာ္လည္း ဒီအေသးေလးရဲ႕ လႈပ္ရွားမႈအေပၚ သည္းမခံနိုင္ေပ။ သူ႔လက္ကုိကိုင္ထားရင္း စုက်စ္ယန္၏ပုခံုးထက္ဆီမွ ျဖည္းညင္းစြာေလွ်ာခ်ကာ သူ႔လက္ေခ်ာင္းေတြကို အၾကင္နာကင္းမဲ့စြာပင္ စုက်စ္ယန္ရဲ႕ရင္ဘတ္ေပၚတြင္ သက္၀င္လႈပ္ရွားေစလိုက္သည္။
စုက်စ္ယန္ ေလေအးေတြကိုရႈိက္လိုက္မိၿပီး သူ႔တစ္ကိုယ္လံုးဟာလည္း ပို၍ေတာင့္တင္းသြားေလၿပီ။ သူကိုယ္၀န္စရွိခဲ့ကတည္းက သူ႔ရင္ဘတ္က အမွတ္ငယ္ေလးနွစ္ခုဟာ မၾကာခဏယားယံလာခဲ့သည္။ ၿပီးေတာ့ ဒီေနရာကအလြန္အမင္းကို ဆတ္ဆတ္ထိမခံျဖစ္လြန္းသည္။
ဒီလိုကြၽမ္းက်င္မႈရွိရွိ ပြတ္သပ္ကုိင္တြယ္ခံရတာကိုမဆိုထားနဲ႔။ ဒီအတိုင္းခပ္ဖြဖြအထိအေတြ႕ေလးဆိုရင္ေတာင္ သူ႔မွာရပ္တည္နိုင္စြမ္းမရွိေပ။
စုက်စ္ယန္၏မ်က္နွာက နီရဲေနကာ ေခါင္းမာမာျဖင့္ လင္က်န္းရီကိုစိုက္ၾကည့္ေနသည့္ သူ႔အမူအရာက လင္က်န္းရီ၏ေဆာ့ကစားလိုစိတ္ကို တလူလူလႊင့္ထူေပးေနသလိုပင္။
ဒီအေသးေလးရဲ႕ရင္ဘတ္ကို ကစားတာက ဒီလိုအက်ိဳးဆက္ကို ရရွိေစလိမ့္မည္လို႔ သူမေမွ်ာ္လင့္ခဲ့ေပ။ သူ(လင္က်န္းရီ)က သူ႔(စုက်စ္ယန္)ကို ဖမ္းမိလိုက္ၿပီဆိုကတည္းက တစ္ခဏေလာက္ေတာ့ ဆက္ၿပီးကစားေပးရမွာေပါ့။
စုက်စ္ယန္ ေမာဟိုက္လာတာေၾကာင့္ အေ၀းကိုထြက္ေျပးခ်င္မိသည္။ သို႔ေသာ္ လင္က်န္းရီက သူ႔လက္ေတြကို ေအာက္ဘက္ကိုေ႐ြ႕လ်ားသြားျပီးေနာက္မွာ စုက်စ္ယန္ရဲ႕ ဗိုက္လံုးလံုးေလးကို ႏူးညံ့ညင္သာစြာ ပြတ္သပ္ေလသည္။
"ကုိယ့္ကိုေျပာ ဒါကိုယ့္ကေလးဟုတ္တယ္မလား ဟမ္" လင္က်န္းရီ အတင္းအဓမၼေမးျပန္သည္။
"လင္က်န္းရီ! မင္း.... မင္း.... အယုတ္တမာေကာင္... ငါ့ကိုျမန္ျမန္လႊတ္စမ္း"
စုက်စ္ယန္ရဲ႕ ေနာက္ေက်ာျပင္နွင့္ ဗိုက္လံုးလံုးေလးက သည္လိုအေနအထားျဖင့္ အခ်ိန္အနည္းငယ္မွ် လဲေလ်ာင္းေနရင္းက တဆစ္ဆစ္နာက်င္ကိုက္ခဲလာသည္။
"သူမသက္မသာခံစားေနရၿပီး အၾကာႀကီးသည္းခံနိုင္ေတာ့မွာမဟုတ္ဘူး ယုန္ေတာင္မွကိုက္တတ္ေသးတာပဲ အဲဒီ့ေတာ့ဘာျဖစ္နိုင္ဦးမွာလဲ တစ္စံုတစ္ေယာက္မွာလဲ အေမႊးအမွ်င္ေတြရွိေနတာပဲမလား" (သူ-ဗိုက္ထဲက ကေလးကိုဆိုလိုတာျဖစ္နိုင္။)
သူေအာ္လိုက္သည္။ "ဒီလူ႔ဗိုက္ထဲကကေလးက မင္းနဲ႔ဘာမွလုပ္စရာမရွိဘူး လႊတ္ေပးစမ္းပါ ခ်ီးပဲ!! ငါ့ခါးက်ိဳးေတာ့မယ္"
လင္က်န္းရီ မ်က္နွာႀကီးမည္းသြားကာ ပေဟဠိျဖစ္သြားေလသည္။
"တစ္စံုတစ္ေယာက္က တာ၀န္ယူေပးပါမယ္ဆိုတာေတာင္မွ မင္းကဆႏၵမရွိဘူးလား မဟုတ္ရင္ ကေလးနဲ႔မင္းကိုေထာက္ပံ့ဖို႔ ကိုယ္စီစဥ္ရမွာလား မင္းပိုက္ဆံမေလာက္မငျဖစ္ေနလား မင္း၅မီလီယံေလာက္ဆိုရင္ေတာ့ မလိုခ်င္ဘူးလား"
"ကြၽန္ေတာ္ခင္ဗ်ားကို တာ၀န္မယူေစခ်င္ဘူးလို႔! ဒီကေလးက ခင္ဗ်ားဟာမဟုတ္ဘူး ခင္ဗ်ားေခါင္းထဲမွာ ဒီလူကတာ၀န္ယူေစခ်င္တယ္ထင္ေနတာလား လင္က်န္းရီ... ကြၽန္ေတာ့္ကိုလႊတ္စမ္းပါ အိုက္ရား ဗိုက္ကနာလိုက္တာေနာ္...."
စုက်စ္ယန္ က်ယ္ေလာင္စြာပင္ ေအာ္ငိုေလည္။ ၅မီလီယံရဲ႕ ေသြးေဆာင္ဖ်ားေယာင္းျခင္းက အလြန္ႀကီးမားေသာ္လည္းပဲ အစားအေသာက္၊ အ၀တ္အထည္နွင့္ သူ႔ကေလးႀကီးထြားဖို႔ လိုအပ္တဲ့အရာေတြအတြက္ သူမစိုးရိမ္ပါ။
ေလးလလံုးလံုး သူ႔အတြက္ ေတာင့္ခံဖု႔ိဟာ မလြယ္ကူခဲ့ပါေခ်။ လံုၿခံဳစြာ ရွိေနနိုင္ဖို႔ေပါ့။ 'အယုတ္တမာေကာင္လင္'လို႔ေခၚတဲ့ ဒီအဆိပ္ေၾကာင့္နဲ႔ သူ႔ကိုယ္သူဘယ္လိုလုပ္ အမည္းစက္အျဖစ္ခံနိုင္မွာလဲ။
ဒီအဆိပ္ကိုသူမိခဲ့ရင္ သူေသသြားမွာေပါ့။ ဒီေသြးေဆာင္ဖ်ားေယာင္းမႈကို သူခံလို႔ကိုမျဖစ္ဘူး။ ေသခ်ာေပါက္ကိုမျဖစ္ဘူးပဲ။ ငါ့ကိုမ်ား ေငြနဲ႔၀ယ္နိုင္မွာတဲ့လား ဟမ့္! မင္းရဲ႕plan က မွားေနၿပီကြ 'အယုတ္တမာေကာင္လင္'ေရ။
လင္က်န္းရီဟာ ဒီအေသးေလးကုိ ပိုၿပီး၊ နည္းနည္းေလးပိုၿပီး သင္ခန္းစာေပးလိုက္နိုင္ၿပီဟုထင္ေနခဲ့သည္။ သို႔ေသာ္လည္း သူ(စုက်စ္ယန္)ကေခါင္းမာေနဆဲ။
သူ(လင္က်န္းရီ) သူ႔(စုက်စ္ယန္)ကို ဒီလိုအျပစ္ေပးမယ္ဆိုရင္ သူ(စုက်စ္ယန္)တစ္ကယ္ကို သည္းခံနိုင္မွာမဟုတ္ဘူး။ ဒီေတာ့ စုက်စ္ယန္ နာက်င္တာေၾကာင့္ ေအာ္ဟစ္လုိက္ခ်ိန္မွာ လင္က်န္းရီေၾကာက္႐ြံ႕သြားကာ လွ်င္ျမန္စြာလႊတ္ေပးခဲ့သည္။
သူဂရုတစုိက္ျဖင့္ တစ္ဖက္လူကိုထူေပးကာ ေသေသခ်ာခ်ာထိုင္ေစရင္း ေမးလိုက္သည္။
"ဘယ္နားကနာေနတာလဲ မင္းအဆင္ေျပရဲ႕လား အရမ္းႀကီးနာေနတာလားဟင္"
စုက်စ္ယန္ ေနာက္မွီေပၚမွီလိုက္ရင္း တစ္ခဏမွ် သက္ျပင္းရႈိက္လိုက္သည္။ အဲဒီ့ေနာက္ သူ႔ဘာသာတည္ၿငိမ္ေစရန္ႀကိဳးစားကာ သူ႔လက္ေတြကုိ ၀မ္းဗိုက္ေပၚတင္ရင္း နံေဘးမွလင္က်န္းရီကိုၾကည့္လိုက္သည္။
"ဘယ္လိုေနေသးလဲ နည္းနည္းပိုအဆင္ေျပလာၿပီလို႔ခံစားရလား"
ေနာက္ဆံုးမွာ လိုလိုလားလားနဲ႔ လႊတ္ေပးၿပီးၾကည့္ေနေသာလင္က်န္းရီတစ္ေယာက္ အေလာတႀကီးေမးေလသည္။ လင္က်န္းရီ တကြၽတ္ကြၽတ္စုတ္သပ္ကာ ညည္းညဴေနေသာ္လည္း တစ္ကယ္တမ္း သူစိတ္ထဲမွက်ိတ္ကာ အားရေက်နပ္ေနေလသည္။
ဟမ့္! အယုတ္တမာလင္... ခင္ဗ်ားမွာလဲ ဒီလိုစိတ္ဖိစီးရတဲ့ေန႔ရက္မ်ိဳးရွိတာပါပဲလား။ ခင္ဗ်ားနဲ႔တန္တယ္။
"နာေနတုန္းပဲလား ကိုယ္မင္းကုိအခုပဲ ေဆးရံုေခၚသြားေပးမယ္"
လင္က်န္းရီဟာ စုက်စ္ယန္ ညည္းညဴေနေသးတာကို ျမင္ေနရတာေၾကာင့္ ၾကာၾကာအခ်ိန္မဆြဲရဲပါေခ်။ သူ႔ရဲ႕ၿခိမ္းေျခာက္ဟန္နဲ႔ စေနာက္မႈဟာ အေသးေလးကို ကိုယ္၀န္ပ်က္က်ေစတာမ်ိဳး ျဖစ္သြားမွာေၾကာက္မိသည္။
သည္ေတာ့ သူခ်က္ခ်င္းပဲ ေမာင္းသူခံုမွ ေေနရာယူလုိက္ၿပီး ေဆးရံုဆီေမာင္းသြားေတာ့သည္။ မၾကာခင္မွာပဲ စုက်စ္ယန္တစ္ေယာက္ ေဆးရံုကိုသြားေနတာျဖစ္ေၾကာင္း ၾကားလိုက္ရၿပီး ညည္းညဴေနတာရပ္သြားေတာ့သည္။
"မဟုတ္ဘူး!! ဟုတ္တယ္!! မနာေတာ့ဘူး ကြၽန္ေတာ္ေဆးရံုမသြားဘူးေနာ္"
ဟာသပဲ။ အယုတ္တမာလင္က သူ႔ကိုေဆးရံုေခၚသြားခ်င္တဲ့ ဒီျမင္ကြင္းက အရမ္းရင္းနွီးေနသည္။ သူ႔ဗိုက္ထဲက ကေလးကိုစစ္ေဆး၊ အတည္ျပဳျပီးေနာက္ သူ႔ကေလးဆိုတာသိသြားၿပီး ဖ်က္ခ်မယ္ဆိုဘယ္လုိလုပ္မလဲ"
အရင္ဘ၀က ကိုယ္၀န္သံုးလမွာ ကေလးဖ်က္ျခင္းက သူ႔အသက္ကိုပါႏႈတ္ယူသြားခဲ့သည္။ ေလးလမွာဆိုရင္ေရာ...။ သူမေသသြားေလာက္ပါဘူးေနာ္။ မျဖစ္ဘူး။ မျဖစ္ဘူး။ သူေဆးရံုကိုသြားဖို႔ ဘယ္လိုမွမျဖစ္နိုင္ဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ လင္က်န္းရီမွာေတာ့ စိုးရိမ္သည့္မ်က္နွာနွင့္ ရွိေနသည္။
"မင္း မနာက်င္ေတာ့ဘူးဆိုရင္ေတာင္ စစ္ေဆးဖို႔ ေဆးရံုကိုသြားသင့္တယ္ေလ"
"ကြၽန္ေတာ္တစ္ကယ္အဆင္ေျပေနပါၿပီဆို ကြၽန္ေတာ့္ကို(ကားေပၚက)ခ်ေပး။ ကြၽန္ေတာ္ခင္ဗ်ားဆီက ပိုက္ဆံမေတာင္းဘူး။ တစ္ကယ္ အဲ့ဒီ့လိုလုပ္ရေအာင္။ ဒီေနရာမွာပဲ ကြၽန္ေတာ္တို႔လမ္းခြဲ(တစ္လမ္းစီသြား) ၾကရေအာင္ အိုေခ?"
စုက်စ္ယန္ စိတ္လႈပ္ရွားစြာျဖင့္ လင္က်န္းရီနွင့္ေဆြးေႏြးသည္။ သို႔ေသာ္ျငားလည္း ပိုၿပီးေျပာရရင္ သူ(လင္က်န္းရီ)မသြားခ်င္(လမ္းမခြဲခ်င္)ပါ။ ပိုၿပီးေတာ့လဲ မခ်င့္မရဲျဖစ္သည္။
လင္က်န္းရီဟာ စုက်စ္ယန္ရဲ႕ဗိုက္ထဲကကေလးက သူ႔ဟာဆိုတာ ပုိၿပီးေတာ့ေတာင္ ယံုၾကည္ေနမိသည္။ အမွန္ေပါ့။ ကေလးက လင္က်န္းရီရဲ႕ဟာပဲေလ။ သူအထင္မွားေနတာမဟုတ္ေပါင္။
"တစ္လမ္းစီသြားၾကမယ္ေပါ့ မရဘူး"
လင္က်န္းရီ ေခါင္းခါလိုက္သည္။
"မင္းဗိုက္ထဲကကေလးက ကိုယ့္ဟာေလ ကိုယ္တာ၀န္ယူရမွာေပါ့ မင္းမျငင္းဘူးမလား မင္းကိုေဆးရံုေခၚသြားၿပီး ေလးလေတာင္ရွိေနတဲ့ ကေလးေလးကိုစစ္ေဆးရမယ္ ၿပီးေတာ့ အဲဒီ့ည(လြန္ခဲ့တဲ့ေလးလ)က မင္းကိုယ္နဲ႔အတူ အိပ္ခဲ့တာေလ အေျဖရွာရမယ္ ဘယ္သူ႔ကေလးလဲဆိုတာ သိရဖို႔ေပါ့"
စုက်စ္ယန္ရဲ႕နွလံုးသားထဲမွာ ဒါကမေကာင္းဘူးဆိုတာ ရိပ္မိသည္။ ဒီလမ္းေၾကာင္းအတိုင္း ျဖစ္လာတာပဲ။ သူဘာလုပ္သင့္လဲ။ ေနာက္က်ရင္ သူေဆးရံုသြားၿပီး သူ႔ကေလးဆိုတာ အတည္ျပဳၿပီးခ်ိန္က် အယုတ္တမာလင္ရဲ႕မ်က္နွာက ေျပာင္းလဲသြားလိမ့္မည္။ သူတာ၀န္မဲ့လာၿပီး ကိုယ္၀န္ကိုဖ်က္ခ်ခိုင္းၿပီး သူေသလိမ့္မည္။
လင္က်န္းရီ ေနာက္ၾကည့္မွန္မွတစ္ဆင့္ ဂနာမၿငိမ္ျဖစ္ေနေသာ စုက်စ္ယန္ကိုၾကည့္ရင္း စိတ္ထဲရယ္ခ်င္လာခဲ့သည္။ သူအၾကာႀကီး မပုန္းကြယ္နိုင္ဘူးဆိုတာ ဒီအေသးေလးသိသည္။ ၿပီးေတာ့ စိုးရိမ္ေနပံုပင္။
အာ...။ အစကတည္းက အမွား၀န္ခံတဲ့နည္းကုိ သံုးနိုင္ခဲ့ရင္ ပိုေကာင္းမွာကို။ အခုေတာ့ စုိးရိမ္ေနရၿပီ။
__________
Translated by Lay Pyay Yhine.
You are reading the story above: TeenFic.Net