(Unicode)
အခန်း ၂၃။ ဒီကလေးက ခင်ဗျားကလေးမဟုတ်ပါဘူး
ကားကဖြည်းဖြည်းချင်းစထွက်သလို စုကျစ်ယန်ကလည်း သူ့ဗိုက်ကလေးကိုသေချာကာကွယ်ထားသည့်။
(လူဆိုးကောင်ကအရင်ဘဝမှာအကြမ်းပတမ်းလုပ်ဖူးတာကိုး..)
သူကလျှို့ဝှက်စွာဖြင့် လင်ကျန်းရီကားမောင်းနေတာကို လေ့လာနေ၏။ သူအကြိမ်များစွာစကားပြောဖို့ကြိုးစားခဲ့ပေမယ့် ကြိုးစားတဲ့အကြိမ်တိုင်း ကျရှုံးသွားရသည်။
သူက ထိုလူယုတ်မာလင်ကျန်းရီက စကားတစ်ခွန်းတောင်မပြောပဲ ဘာလုပ်ချင်နေတာလဲဆိုတာနှင့်ပတ်သက်ပြီး တွေးမရဘဲရှုပ်ထွေးနေသည်။ စိတ်လှုပ်ရှားပြီးဂနာမငြိမ်ဖြစ်နေတဲ့စုကျစ်ယန်တစ်ယောက် နောက်ဆုံးမှာတော့ သတ္တိမှန်သမျှကို စုစည်းကာပြောလိုက်သည်။
"ဒီမှာ... ဘာလို့ ကျွန်တော့်ကို ရှာရတာလဲ"
"..."
စုကျစ်ယန်မှာ အဖြေစကားပြန်မရခဲ့ချေ။
စုကျစ်ယန်က သူ့အသံကိုကပျော့ပြီးတိုးလွန်းနေတာဟုတွေးခဲ့ပြီး နောက်တစ်ကြိမ်အသံမြှင့်ကာ ပြောလိုက်ပြန်သည်။
"ဒီမှာ.. ကျွန်တော့်ကို ချထားခဲ့လို့ရမလား ကျွန်တော်မူးလာပြီးအန်ချင်လာလို့ နောက်မှ ခင်များကားကိုညစ်ပတ်စေမိရင် မကောင်းဘူးနော်.."
လင်ကျန်းရီကကနောက်မှန်မှတစ်ဆင့် သူ့ကိုဒေါသတကြီးကြည့်ပြီး အံကြိတ်လိုက်သည်။
"ကိုယ့်နာမည် *ဒီမှာ*မဟုတ်ဘူး! "
"...လင်.. မစ္စတာလင်... ခင်ဗျားကြားရပြီဆိုရင် ကျွန်တော်တို့အလုပ်အကြောင်းကို ခေါင်းထဲထည့်ထားပါအုံး..ခင်ဗျားကျွန်တော့်ကို ကမ္ဘာပေါ်က ဘယ်နေရာကိုများခေါ်သွားချင်သေးတာလဲကျွန်တော်ခေါင်းမူးပြီး.. အော့.."
စုကျစ်ယန်က အော့အန်တဲ့အသံကိုလုပ်ပြီးအရိပ်အယောင်ပြကာ သူ့လက်ဖြင့်ပါးစပ်ကိုပါ ကာထားလိုက်ပြီး လင်ကျန်းရီရဲ့တုန့်ပြန်မှုကို စောင့်ကြည့်နေခဲ့သည်။
သူမှတ်မိတာကတော့ အရင်ဘဝမှာ ဒီခွေးကောင်က ကားရပ်ပြီး သူ့ကို လမ်းတစ်ဖက်ကို ဆွဲချသွားတာပါ။
(ဒီနားမှာပြောစရာရှိပါတယ် အမှန်တော့ ရိုင်းစိုင်းတဲ့အသုံးအနှုန်း 'ခွေးကောင်' ဘာညာဆိုတာမျိုးသုံးတာပါ အမြဲလိုလို ခြူးကဖတ်ကောင်းအောင် 'လူဆိုးကောင်'လို့ပဲ ရေးပေးခဲ့တာပါ ခုတော့သူရေးသလိုပဲရေးပါပြီ)
ရလဒ်မှာကား လင်ကျန်းရီက မျက်ခုံးတစ်ဖက်ကိုပင့်ကာ မျက်စပစ်လိုက်ပြီး ကားကိုမူမရပ်တန့်ခဲ့ချေ။ သို့ပေမယ့် အရှိန်ကိုတော့ ယခင်ကထက်ပိုနှေးသွားအောင် လျှော့လိုက်သည်။
စုကျစ်ယန်မှာအံ့သြသွားရပြီးနော်ပြောလိုက်သည်။
"ခင်ဗျားကားပေါ်အန်ချမိမှာကို မကြောက်ဘူးလား.."
"အဆင်ပြေပါတယ် မင်းအန်ချင်ရင်အန်ချလိုက် ညစ်ပတ်သွားရင် ကိုယ်ပြန်ပြီးသန့်ရှင်းလိုက်လို့ရတာပဲ အပြင်မှာအရမ်းပူတာ အပူရှိန်ပြင်းတဲ့နေရာမှာ မင်းမနေရသရွေ့ အကောင်းဆုံးပဲ"
လင်ကျန်းရီက သူ့ကိုစုကျစ်ယန်ခေါ်လိုက်တဲ့ *မစ္စတာလင်*ဆိုတဲ့ အသုံးအနှုန်းအပေါ်၌သာ ဒေါသထွက်ခဲ့ပြီး နောက်ထပ် ဘာမှမဖြစ်ဘဲသက်တောင့်သက်သာဖြစ်နေပုံရတာမို့ စုကျစ်ယန်ခမျာ မပျော်နိုင်တော့ချေ။
"မစ္စတာလင်.. ကျွန်တော့်မှာဒီနေ့လုပ်စရာလေးရှိနေလို့ နောက်နေ့မှ ပြန်လာခဲ့ပါလားဗျာ"
စုကျစ်ယန်၏မျက်လုံးများက အငြိမ်မနေဘဲ လှည့်ပတ်နေပြီး ဘယ်လိုလစ်ထွက်ရမလဲဆိုတာကိုသာ စဉ်းစားနေသည်။
"ကိုယ့်ကို *ရီ*လို့ခေါ်!"
နောက်ဆုံးမှာသည်းမခံနိုင်တော့တဲ့လင်ကျန်းရီက မည်သို့မည်ပုံခေါ်ရန် ပြင်ဆင်ပေးလာသည်။ သူ့အသံက နားထောင်လို့အရမ်းကောင်းပြီး အရမ်းမကျယ်သလို ဒေါသသံလည်းစွက်မနေခဲ့ပေ။
စုကျစ်ယန်က မျှော်လင့်ချက်မဲ့နေတဲ့အမူအယာဖြင့် သူ့လက်ကိုယမ်းလိုက်ပြီး..
"ကျွန်တော်တို့က အဲလောက်မှမရင်းနှီးတာ..အိုး.."
ကားကခပ်ဖြည်းဖြည်းသာသွားနေတာဖြစ်ပေမယ့်လည်း ရုတ်တရက်ရပ်လိုက်တဲ့အခါ စုကျစ်ယန်ကရှေ့ခုံနှင့် သူ့နဖူးဆောင့်မိသွားဆဲပင်။ ဒါပေါ့ ခိုက်မိသွားတာက သူ့ဗိုက်မဟုတ်ဘဲ သူ့နဖူးပါပဲ။
သူကခေါင်းကိုအုပ်ကိုင်ရင်း ညည်းတွားနေစဉ်မှာပင် လင်ကျန်းရီက ကားရှေ့ခန်းတံခါးကိုပတ်၍ နောက်ခန်းတံခါးဆီရောက်လာကာ ဆွဲဖွင့်ပြီး သူက အထဲကိုဝင်ထိုင်ပြီးနေပြီဖြစ်သည်။
စုကျစ်ယန် တံခါးဖွင့်သံကိုကြားလိုက်ရသဖြင့် နဖူးကိုဖိထားတဲ့လက်ကိုချလိုက်ရာ လင်ကျန်းရီ သူ့အနားရောက်လာတာကို တွေ့လိုက်ရသည်။ သူကအခြားတစ်ဖက်ကို အမြန်ရွှေ့လိုက်ပြီး ငိုတော့မယောင်ဖြင့် အလန့်တကြားမေးလိုက်သည်။
"ဘာလုပ်တာလဲ"
လင်ကျန်းရီကသူ့ကိုပြုံးကာကြည့်လိုက်ပြီး..
"ကိုယ်ဘာလုပ်ချင်တာလို့မင်းထင်လဲ"
"မ..မစ္စတာလင်..."
ထိုနာမ်စား စုကျစ်ယန်ဆီက ထွက်လာသည်နှင့် သူ့ရဲ့ညာဘက်ပုခုံးဟာ လင်ကျန်းရီ၏ဘယ်လက်ဖြင့် ဆွဲချခံလိုက်ရသည်။ သူကတံထွေးကိုမြိုချလိုက်ပြီး အသံကိုထိန်းကာပြောလိုက်သည်။
"ရီ.. ခင် ခင်ဗျားက အဲလိုလူမဟုတ်ပါဘူး.."
"အခုတော့ မင်းမှန်မှန်ကန်ကန်ခေါ်တတ်ပြီပေါ့"
လင်ကျန်းရီက သူ့အနားကိုပိုနီးကပ်အောင် ရွှေ့လာခဲ့သည်။ သူ့ရဲ့ဘယ်ခြေထောက်က ထိုင်ခုံပေါ်ကို ဒူးကွေးကာတင်ထားပြီး ကိုယ်တစ်ဝက်က စုကျစ်ယန်၏အပေါ်ကိုဖိချထားသည်။ သူ့ညာဘက်လက်က စုကျစ်ယန်၏ ဘယ်ဘက်ပုခုံးကိုဖိချထား၏။
"ကိုယ်တို့က မရင်းနှီးပေါ့လေ...ဟမ် ကိုယ်တို့မှာကလေးတောင်ရှိနေပြီကို မင်းဘာလို့မရင်းနှီးဘူးလို့ပြောရတာလဲ.. ဟင်.. ကျစ်ယန် မင်းကကိုယ့်အသည်းကိုခွဲနေတာပဲ အဲတာကိုသိရဲ့လား.."
"အဲတာက.. အာ.. မဟုတ်.. ရီ.. ရီ! အဲ့လောက်စိတ်မလှုပ်ရှားပါနဲ့ ကျွန်တော်ဆိုလိုတာကအဲလိုမဟုတ်ဘူး... ပြီးတော့ ဒီကလေးကခင်ဗျားကလေးမဟုတ်ဘူး အထင်မှားအောင်မပြောစမ်းပါနဲ့.. ဟားဟား.. ဟားဟား.. "
စုကျစ်ယန် ရှိစုမဲ့စုသတ္တိလေးဖြင့် ဖျစ်ညှစ်ကာရယ်လိုက်ပေမယ့်လည်း သူ့ပုခုံးမှာပေါ်မှာလင်ကျန်းရီ၏လက်က ရှိနေသေးသည်။ သူ့ကိုတစ်ခုခုလုပ်လိုက်မှာကို စိုးရိမ်နေရသေးသည်။
ပြီးတော့ ဒီလိုပုံစံကြီးက...
သူ့အတွက်တော့တကယ်ပင် နေရခက်သည်။
-ထိုအချိန်၌ စုကျစ်ယန်က နောက်ခုံတွင် လှဲလျက်အနေအထားဖြင့်ဖြစ်ပြီး သူ၏တင်ပါးတစ်ဝက်ကလွတ်နေကာ လေထဲတွင်ရှိနေ၏။သူ၏ခါး ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ခုံပေါ်မှာဖြစ်ပြီး သူ့ဒူးနှစ်ဖက်ကိုတော့ လင်ကျန်းရီရဲ့ခြေထောက်တွေက ဖိညှစ်ထား၏။
ဒီပုံစံ... ဒီအနေအထားကြီးက အတွေးမှောင်မှောင်တို့ အလွယ်တကူဖြစ်သွားနိုင်တဲ့ပုံစံကြီးဖြစ်သည်။
သို့ပေမယ့် အဓိကသော့ချက်မှာမူ သူ့ဗိုက်ကလည်းစူထွက်ပြည့်တင်းနေပြီး အရင်ဘဝကအတွေ့အကြုံတို့ကြောင့် လင်ကျန်းရီကိုကြောက်လန့်ဆဲဖြစ်ရကား စုကျစ်ယန်မှာ ထိုအချိန်ခဏတွင် ဘယ်လိုညို့ှချက်မျိုးကိုမှ မလုပ်နိုင်ခဲ့ချေ။
သူ့မျက်နှာကပြုံးချင်နေပေမယ့် ထိုအရူးကောင်လင်မျိုးရိုးကတော့ ပြုံးသလိုလိုမပြုံးသလိုလိုမျက်နှာပေးဖြင့် poker faceကို ဆင်မြန်းထားပြီး အရာအားလုံးကို သူထိန်းချုပ်ထားနိုင်သည့်ပုံဖြင့် ယုံကြည်ချက်ပြည့်လို့နေသည်။
"အဲတာက ကိုယ့်ကလေးမဟုတ်ဘူးပေါ့ သေချာလား"
လင်ကျန်းရီက သူ့အောက်ကလူ၏ လက်ချောင်းသွယ်သွယ်သေးသေးလေးတွေကိုကြည့်ပြီး စိတ်ဆိုးမနေသည့်တိုင် လွှတ်ပေးလိုက်ဖို့တော့ စိတ်ကူးမရှိချေ။ ကောင်လေးက ဆက်ခေါင်းမာနေမှာကိုသိသည်။
ဆိုလိုတာက အဲဒါကသူ့ကလေးမဟုတ်ဘူးဆိုတာကို ဆက်ပြောပြီး ငြင်းဆန်နေအုံးမှာပင်။ ဘာလို့ သူ့ကိုတာဝန်ယူပေးဖို့ မပြောရတာလဲ အား!
"အဲတာက ကိုယ်တို့လင်မျိုးရိုးရဲ့မျိုးစေ့ပဲ ကိုယ်ဆိုတဲ့လင်ကျန်းရီက မင်းကိုတာဝန်ယူမှာမို့ ကျစ်ယန် ပြန်စဉ်းစားပါအုံး အဲ့တာကိုယ်ကလေးမလား ဟင်!"
လင်ကျန်းရီက စုကျစ်ယန်အနားကို ပျော့ပျောင်းစွာချဉ်းကပ်ပြီး နားထဲကိုလေကိုဖြည်းညင်းစွာ ခပ်ဖွဖွ မှုတ်ထုတ်လိုက်သည်။
Translated by Chu Chu
__________
(Zawgyi)
အခန္း ၂၃။ ဒီကေလးက ခင္ဗ်ားကေလးမဟုတ္ပါဘူး
ကားကျဖည္းျဖည္းခ်င္းစထြက္သလို စုက်စ္ယန္ကလည္း သူ႕ဗိုက္ကေလးကိုေသခ်ာကာကြယ္ထားသည့္။
(လူဆိုးေကာင္ကအရင္ဘဝမွာအၾကမ္းပတမ္းလုပ္ဖူးတာကိုး..)
သူကလွ်ိဳ႕ဝွက္စြာျဖင့္ လင္က်န္းရီကားေမာင္းေနတာကို ေလ့လာေန၏။ သူအႀကိမ္မ်ားစြာစကားေျပာဖို႔ႀကိဳးစားခဲ့ေပမယ့္ ႀကိဳးစားတဲ့အႀကိမ္တိုင္း က်ရႈံးသြားရသည္။
သူက ထိုလူယုတ္မာလင္က်န္းရီက စကားတစ္ခြန္းေတာင္မေျပာပဲ ဘာလုပ္ခ်င္ေနတာလဲဆိုတာႏွင့္ပတ္သက္ၿပီး ေတြးမရဘဲရႈပ္ေထြးေနသည္။ စိတ္လႈပ္ရွားၿပီးဂနာမၿငိမ္ျဖစ္ေနတဲ့စုက်စ္ယန္တစ္ေယာက္ ေနာက္ဆုံးမွာေတာ့ သတၱိမွန္သမွ်ကို စုစည္းကာေျပာလိုက္သည္။
"ဒီမွာ... ဘာလို႔ ကြၽန္ေတာ့္ကို ရွာရတာလဲ"
"..."
စုက်စ္ယန္မွာ အေျဖစကားျပန္မရခဲ့ေခ်။
စုက်စ္ယန္က သူ႕အသံကိုကေပ်ာ့ၿပီးတိုးလြန္းေနတာဟုေတြးခဲ့ၿပီး ေနာက္တစ္ႀကိမ္အသံျမႇင့္ကာ ေျပာလိုက္ျပန္သည္။
"ဒီမွာ.. ကြၽန္ေတာ့္ကို ခ်ထားခဲ့လို႔ရမလား ကြၽန္ေတာ္မူးလာၿပီးအန္ခ်င္လာလို႔ ေနာက္မွ ခင္မ်ားကားကိုညစ္ပတ္ေစမိရင္ မေကာင္းဘူးေနာ္.."
လင္က်န္းရီကကေနာက္မွန္မွတစ္ဆင့္ သူ႕ကိုေဒါသတႀကီးၾကည့္ၿပီး အံႀကိတ္လိုက္သည္။
"ကိုယ့္နာမည္ *ဒီမွာ*မဟုတ္ဘူး! "
"...လင္.. မစၥတာလင္... ခင္ဗ်ားၾကားရၿပီဆိုရင္ ကြၽန္ေတာ္တို႔အလုပ္အေၾကာင္းကို ေခါင္းထဲထည့္ထားပါအုံး..ခင္ဗ်ားကြၽန္ေတာ့္ကို ကမာၻေပၚက ဘယ္ေနရာကိုမ်ားေခၚသြားခ်င္ေသးတာလဲကြၽန္ေတာ္ေခါင္းမူးၿပီး.. ေအာ့.."
စုက်စ္ယန္က ေအာ့အန္တဲ့အသံကိုလုပ္ၿပီးအရိပ္အေယာင္ျပကာ သူ႕လက္ျဖင့္ပါးစပ္ကိုပါ ကာထားလိုက္ၿပီး လင္က်န္းရီရဲ႕တုန္႔ျပန္မႈကို ေစာင့္ၾကည့္ေနခဲ့သည္။
သူမွတ္မိတာကေတာ့ အရင္ဘဝမွာ ဒီေခြးေကာင္က ကားရပ္ၿပီး သူ႕ကို လမ္းတစ္ဖက္ကို ဆြဲခ်သြားတာပါ။
(ဒီနားမွာေျပာစရာရွိပါတယ္ အမွန္ေတာ့ ရိုင္းစိုင္းတဲ့အသုံးအႏႈန္း 'ေခြးေကာင္' ဘာညာဆိုတာမ်ိဳးသုံးတာပါ အၿမဲလိုလို ျခဴးကဖတ္ေကာင္းေအာင္ 'လူဆိုးေကာင္'လို႔ပဲ ေရးေပးခဲ့တာပါ ခုေတာ့သူေရးသလိုပဲေရးပါၿပီ)
ရလဒ္မွာကား လင္က်န္းရီက မ်က္ခုံးတစ္ဖက္ကိုပင့္ကာ မ်က္စပစ္လိုက္ၿပီး ကားကိုမူမရပ္တန္႔ခဲ့ေခ်။ သို႔ေပမယ့္ အရွိန္ကိုေတာ့ ယခင္ကထက္ပိုေႏွးသြားေအာင္ ေလွ်ာ့လိုက္သည္။
စုက်စ္ယန္မွာအံ့ၾသသြားရၿပီးေနာ္ေျပာလိုက္သည္။
"ခင္ဗ်ားကားေပၚအန္ခ်မိမွာကို မေၾကာက္ဘူးလား.."
"အဆင္ေျပပါတယ္ မင္းအန္ခ်င္ရင္အန္ခ်လိုက္ ညစ္ပတ္သြားရင္ ကိုယ္ျပန္ၿပီးသန္႔ရွင္းလိုက္လို႔ရတာပဲ အျပင္မွာအရမ္းပူတာ အပူရွိန္ျပင္းတဲ့ေနရာမွာ မင္းမေနရသေ႐ြ႕ အေကာင္းဆုံးပဲ"
လင္က်န္းရီက သူ႕ကိုစုက်စ္ယန္ေခၚလိုက္တဲ့ *မစၥတာလင္*ဆိုတဲ့ အသုံးအႏႈန္းအေပၚ၌သာ ေဒါသထြက္ခဲ့ၿပီး ေနာက္ထပ္ ဘာမွမျဖစ္ဘဲသက္ေတာင့္သက္သာျဖစ္ေနပုံရတာမို႔ စုက်စ္ယန္ခမ်ာ မေပ်ာ္နိုင္ေတာ့ေခ်။
"မစၥတာလင္.. ကြၽန္ေတာ့္မွာဒီေန႕လုပ္စရာေလးရွိေနလို႔ ေနာက္ေန႕မွ ျပန္လာခဲ့ပါလားဗ်ာ"
စုက်စ္ယန္၏မ်က္လုံးမ်ားက အၿငိမ္မေနဘဲ လွည့္ပတ္ေနၿပီး ဘယ္လိုလစ္ထြက္ရမလဲဆိုတာကိုသာ စဥ္းစားေနသည္။
"ကိုယ့္ကို *ရီ*လို႔ေခၚ!"
ေနာက္ဆုံးမွာသည္းမခံနိုင္ေတာ့တဲ့လင္က်န္းရီက မည္သို႔မည္ပုံေခၚရန္ ျပင္ဆင္ေပးလာသည္။ သူ႕အသံက နားေထာင္လို႔အရမ္းေကာင္းၿပီး အရမ္းမက်ယ္သလို ေဒါသသံလည္းစြက္မေနခဲ့ေပ။
စုက်စ္ယန္က ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့အမူအယာျဖင့္ သူ႕လက္ကိုယမ္းလိုက္ၿပီး..
"ကြၽန္ေတာ္တို႔က အဲေလာက္မွမရင္းႏွီးတာ..အိုး.."
ကားကခပ္ျဖည္းျဖည္းသာသြားေနတာျဖစ္ေပမယ့္လည္း ႐ုတ္တရက္ရပ္လိုက္တဲ့အခါ စုက်စ္ယန္ကေရွ႕ခုံႏွင့္ သူ႕နဖူးေဆာင့္မိသြားဆဲပင္။ ဒါေပါ့ ခိုက္မိသြားတာက သူ႕ဗိုက္မဟုတ္ဘဲ သူ႕နဖူးပါပဲ။
သူကေခါင္းကိုအုပ္ကိုင္ရင္း ညည္းတြားေနစဥ္မွာပင္ လင္က်န္းရီက ကားေရွ႕ခန္းတံခါးကိုပတ္၍ ေနာက္ခန္းတံခါးဆီေရာက္လာကာ ဆြဲဖြင့္ၿပီး သူက အထဲကိုဝင္ထိုင္ၿပီးေနၿပီျဖစ္သည္။
စုက်စ္ယန္ တံခါးဖြင့္သံကိုၾကားလိုက္ရသျဖင့္ နဖူးကိုဖိထားတဲ့လက္ကိုခ်လိုက္ရာ လင္က်န္းရီ သူ႕အနားေရာက္လာတာကို ေတြ႕လိုက္ရသည္။ သူကအျခားတစ္ဖက္ကို အျမန္ေ႐ႊ႕လိုက္ၿပီး ငိုေတာ့မေယာင္ျဖင့္ အလန္႔တၾကားေမးလိုက္သည္။
"ဘာလုပ္တာလဲ"
လင္က်န္းရီကသူ႕ကိုၿပဳံးကာၾကည့္လိုက္ၿပီး..
"ကိုယ္ဘာလုပ္ခ်င္တာလို႔မင္းထင္လဲ"
"မ..မစၥတာလင္..."
ထိုနာမ္စား စုက်စ္ယန္ဆီက ထြက္လာသည္ႏွင့္ သူ႕ရဲ႕ညာဘက္ပုခုံးဟာ လင္က်န္းရီ၏ဘယ္လက္ျဖင့္ ဆြဲခ်ခံလိုက္ရသည္။ သူကတံေထြးကိုၿမိဳခ်လိဳက္ၿပီး အသံကိုထိန္းကာေျပာလိုက္သည္။
"ရီ.. ခင္ ခင္ဗ်ားက အဲလိုလူမဟုတ္ပါဘူး.."
"အခုေတာ့ မင္းမွန္မွန္ကန္ကန္ေခၚတတ္ၿပီေပါ့"
လင္က်န္းရီက သူ႔အနားကိုပိုနီးကပ္ေအာင္ ေ႐ႊ႕လာခဲ့သည္။ သူ႕ရဲ႕ဘယ္ေျခေထာက္က ထိုင္ခုံေပၚကို ဒူးေကြးကာတင္ထားၿပီး ကိုယ္တစ္ဝက္က စုက်စ္ယန္၏အေပၚကိုဖိခ်ထားသည္။ သူ႕ညာဘက္လက္က စုက်စ္ယန္၏ ဘယ္ဘက္ပုခုံးကိုဖိခ်ထား၏။
"ကိုယ္တို႔က မရင္းႏွီးေပါ့ေလ...ဟမ္ ကိုယ္တို႔မွာကေလးေတာင္ရွိေနၿပီကို မင္းဘာလို႔မရင္းႏွီးဘူးလို႔ေျပာရတာလဲ.. ဟင္.. က်စ္ယန္ မင္းကကိုယ့္အသည္းကိုခြဲေနတာပဲ အဲတာကိုသိရဲ႕လား.."
"အဲတာက.. အာ.. မဟုတ္.. ရီ.. ရီ! အဲ့ေလာက္စိတ္မလႈပ္ရွားပါနဲ႕ ကြၽန္ေတာ္ဆိုလိုတာကအဲလိုမဟုတ္ဘူး... ၿပီးေတာ့ ဒီကေလးကခင္ဗ်ားကေလးမဟုတ္ဘူး အထင္မွားေအာင္မေျပာစမ္းပါနဲ႕.. ဟားဟား.. ဟားဟား.. "
စုက်စ္ယန္ ရွိစုမဲ့စုသတၱိေလးျဖင့္ ဖ်စ္ညွစ္ကာရယ္လိုက္ေပမယ့္လည္း သူ႕ပုခုံးမွာေပၚမွာလင္က်န္းရီ၏လက္က ရွိေနေသးသည္။ သူ႕ကိုတစ္ခုခုလုပ္လိုက္မွာကို စိုးရိမ္ေနရေသးသည္။
ၿပီးေတာ့ ဒီလိုပုံစံႀကီးက...
သူ႕အတြက္ေတာ့တကယ္ပင္ ေနရခက္သည္။
-ထိုအခ်ိန္၌ စုက်စ္ယန္က ေနာက္ခုံတြင္ လွဲလ်က္အေနအထားျဖင့္ျဖစ္ၿပီး သူ၏တင္ပါးတစ္ဝက္ကလြတ္ေနကာ ေလထဲတြင္ရွိေန၏။သူ၏ခါး ဝမ္းဗိုက္ႏွင့္ ခႏၶာကိုယ္အေပၚပိုင္းကေတာ့ ခုံေပၚမွာျဖစ္ၿပီး သူ႕ဒူးႏွစ္ဖက္ကိုေတာ့ လင္က်န္းရီရဲ႕ေျခေထာက္ေတြက ဖိညွစ္ထား၏။
ဒီပုံစံ... ဒီအေနအထားႀကီးက အေတြးေမွာင္ေမွာင္တို႔ အလြယ္တကူျဖစ္သြားနိုင္တဲ့ပုံစံႀကီးျဖစ္သည္။
သို႔ေပမယ့္ အဓိကေသာ့ခ်က္မွာမူ သူ႕ဗိုက္ကလည္းစူထြက္ျပည့္တင္းေနၿပီး အရင္ဘဝကအေတြ႕အႀကဳံတို႔ေၾကာင့္ လင္က်န္းရီကိုေၾကာက္လန္႔ဆဲျဖစ္ရကား စုက်စ္ယန္မွာ ထိုအခ်ိန္ခဏတြင္ ဘယ္လိုညိဳွ႕ခ်က္မ်ိဳးကိုမွ မလုပ္နိုင္ခဲ့ေခ်။
သူ႕မ်က္ႏွာကၿပဳံးခ်င္ေနေပမယ့္ ထိုအ႐ူးေကာင္လင္မ်ိဳးရိုးကေတာ့ ၿပဳံးသလိုလိုမၿပဳံးသလိုလိုမ်က္ႏွာေပးျဖင့္ poker faceကို ဆင္ျမန္းထားၿပီး အရာအားလုံးကို သူထိန္းခ်ဳပ္ထားနိုင္သည့္ပုံျဖင့္ ယုံၾကည္ခ်က္ျပည့္လို႔ေနသည္။
"အဲတာက ကိုယ့္ကေလးမဟုတ္ဘူးေပါ့ ေသခ်ာလား"
လင္က်န္းရီက သူ႕ေအာက္ကလူ၏ လက္ေခ်ာင္းသြယ္သြယ္ေသးေသးေလးေတြကိုၾကည့္ၿပီး စိတ္ဆိုးမေနသည့္တိုင္ လႊတ္ေပးလိုက္ဖို႔ေတာ့ စိတ္ကူးမရွိေခ်။ ေကာင္ေလးက ဆက္ေခါင္းမာေနမွာကိုသိသည္။
ဆိုလိုတာက အဲဒါကသူ႕ကေလးမဟုတ္ဘူးဆိုတာကို ဆက္ေျပာၿပီး ျငင္းဆန္ေနအုံးမွာပင္။ ဘာလို႔ သူ႕ကိုတာဝန္ယူေပးဖို႔ မေျပာရတာလဲ အား!
"အဲတာက ကိုယ္တို႔လင္မ်ိဳးရိုးရဲ႕မ်ိဳးေစ့ပဲ ကိုယ္ဆိုတဲ့လင္က်န္းရီက မင္းကိုတာဝန္ယူမွာမို႔ က်စ္ယန္ ျပန္စဥ္းစားပါအုံး အဲ့တာကိုယ္ကေလးမလား ဟင္!"
လင္က်န္းရီက စုက်စ္ယန္အနားကို ေပ်ာ့ေပ်ာင္းစြာခ်ဥ္းကပ္ၿပီး နားထဲကိုေလကိုျဖည္းညင္းစြာ ခပ္ဖြဖြ မႈတ္ထုတ္လိုက္သည္။
Translated by Chu Chu
You are reading the story above: TeenFic.Net