Chapter 2 (U)

Background color
Font
Font size
Line height

Translator - Lazy_kallyCHU

အခန်း ၂။ လာလေ ငါမင်းကို စစ်ဆေးဖို့ ခေါ်သွားပေးမယ်။

စုကျစ်ယန် အန်ပြီးသွားတော့ ကားဆီကိုပြန်လာခဲ့သည်။ ဒါပေမယ့် ကားထဲကမီးခိုးတွေကြောင့် သူချောင်းစဆိုးတော့သည်။ ကားမှန်ကိုချလိုက်ရင်း သူလင်ကျန်းရီကိုပြောလိုက်၏။

"ဆေးလိပ်ငွေ့တွေက ကလေးအတွက်မကောင်းဘူးနော်"

လင်ကျန်းရီ နောက်ဆုံးတရှိုက်ကိုရှူထုတ်လိုက်ပြီး ဆေးလိပ်ကို အောက်ခံပြာခွက်ထဲ ထိုးချေလိုက်သည်။ ထိုအချိန်မှာပင် စုကျစ်ယန်ရဲ့အမေးကို ကြားလိုက်ရ၏။

"ခင်ဗျား.. ဒါဘာအဓိပ္ပါယ်လဲ စကားလေးတစ်ခွန်းလောက် ပြန်ပြောဖို့အတွက်ကို တော်တော်ခက်ခဲနေလား...."

"ဘာအဓိပ္ပာယ်မှမဟုတ်ပါဘူး ငါမင်းကိုဆေးရုံကိုခေါ်သွားမယ်"

လင်ကျန်းရီ စုကျစ်ယန်ကိုပြန်ဖြေပြီး ကားစက်နောက်တကြိမ်နှိုးလိုက်သည်။ ပြီးနောက်သူ့လမ်းကြောင်းကို ပုဂ္ဂလိကဆေးရုံဆီ ဦးတည်လိုက်၏။

"....."

စုကျစ်ယန်ရဲ့ လှပတဲ့မျက်လုံးတွေက ရုတ်တရက်ပြောင်းလဲသွားသည်။ သူလင်ကျန်းရီကိုကြည့်ပြီးမေးလိုက်သည်။

"ဒီတော့ ခင်ဗျား ကျွန်တော့်ကို မယုံဘူးပေါ့.."

"ငါမင်းကိုယုံကြည်သင့်လို့လား"

လင်ကျန်းရီကလည်း အားကျမခံပင် ချက်ချင်းပြန်ပြော၏။ စုကျစ်ယန် ခေတ္တခဏ ငြိမ်သက်သွားပြီး နောက်မှီပေါ် စိတ်ပျက်လက်ပျက် မှီချလိုက်သည်။ သူကခေါင်းကိုတငြိမ့်ငြိမ့်လုပ်ရင်း ပြောလာသည်။

"အင်းလေ ဖြစ်သင့်ပါတယ် ခင်ဗျားမှမဟုတ်ဘူး ကျွန်တော်လည်း စကြားကြားချင်း လုံး၀မယုံကြည်နိုင်ခဲ့ဘူး..."

လင်ကျန်းရီ စုကျစ်ယန်ကို လှောင်ပြုံးနှင့် ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်၏။ စုကျစ်ယန်အတော်ကြာကြာငြိမ်သက်နေရင်း တည်တည်ငြိမ်ငြိမ်ပင် စကားစပြောသည်။

"ဒေါက်တာကပြောတယ် ကျွန်တော့်ခန္ဓာကိုယ်တည်ဆောက်ပုံက ထူးခြားတယ်တဲ့ ဒီလိုဖြစ်စဉ်မျိုးက ကိုယ်၀န်ဆောင်အမျိုးသမီးတွေလိုမျိုးတဲ့ တစ်ထောင်မှာ တစ်ယောက်တွေ့ရခဲတယ်တဲ့ သူတို့လည်းအံ့သြနေကြတယ် သူတို့ကပြောသေးတယ် သူတို့တွေ အနာဂတ်မှာ ကျွန်တော့်အတွက် သုတေသနအဖွဲ့တစ်ခုတည်ထောင်သင့်တယ်တဲ့... တကယ်ဆို ဂရင်းနစ်စံချိန်တောင်တင်သင့်တာ ဟားဟား ဘယ်လိုထူးဆန်းမှုကြီးလဲ ယောက်ျားလေးတစ်ယောက်က ကိုယ်၀န်ဆောင်နိုင်ပြီး ကလေးမွေးနိုင်တယ်တဲ့..."

စုကျစ်ယန် ပွစိပွစိနဲ့ပေါက်ပေါက်ဖောက်နေတုန်းမှာပဲ ကားကဆေးရုံ၀င်ပေါက်ကိုရောက်လာသည်။ လင်ကျန်းရီ ကားပေါ်ကအရင်ဆင်းလိုက်ပြီး စုကျစ်ယန်ကို တစ်ချက်ကြည့်လိုက်သည်။

"လာလေ ငါမင်းကို စစ်ဆေးဖို့ ခေါ်သွားပေးမယ်"

စုကျစ်ယန် သက်ပြင်းချလိုက်ရင်း လင်ကျန်းရီရဲ့အလိုအတိုင်း ကားပြင်ကိုထွက်လိုက်သည်။ သူကတကယ်ပဲ စစ်ဆေးမှုလုပ်ချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။

အဆုံးမှာတော့ အခြေအနေအားလုံးက သူ့အတွက်ရက်စက်လွန်းသည်။ သူ့အတွက် ကျစရာစိတ်ဓာတ်ပင်မရှိတော့ချေ။ ဒါဆိုလည်း စစ်ဆေးမှုလုပ်ပြီး သက်သေခိုင်ခိုင်မာမာပြလိုက်တာပေါ့။

ဒီကိုယ်၀န်ဆောင်နေတဲ့သုံးလုံးလုံး သူနေ့တိုင်းလိုလိုဆက်တိုက်အန်နေရတာကို ဘုရားသခင်ပဲသိသည်။ သူအလုပ်လည်းမသွားနိုင်သလို ၀င်ငွေရလမ်းလည်းမရှိခဲ့။

သူ့ကဒ်ထဲမှာငွေပမာဏတောင်တိုးမလာခဲ့။ သူကိုယ်တိုင် ဖြစ်သလိုချက်ပြုတ်စားသောက်ပြီး အသက်ဆက်ခဲ့ရသည်။ တကယ်လို့လင်ကျန်းရီသာ တာ၀န်မယူပေးရင် သူ့မှာအခြားနည်းလမ်းလည်းမရှိတော့ချေ။

ဘယ်လို! ခင်များတို့ ဘာလို့ သူကိုယ်တိုင်ဆုံးဖြတ်ပြီး ကိုယ်၀န်ဖျက်မချတာလဲလို့ မေးလိုက်တာလား !

အဆုံးမှာတော့ သူ့ရဲ့စိတ်ကြောင့်ပဲပေါ့။ စုကျစ်ယန်ရဲ့နှလုံးသားက နူးညံ့ပြီးကြင်နာတတ်လွန်းသည်။ သူ့အတွက်ကတော့ ရှင်နေတဲ့ အသက်သေးသေးလေးကို သတ်ပစ်ဖို့ဆိုတာ ဘယ်တော့မှ လုပ်နိုင်မှာမဟုတ်တဲ့အရာပင်။

စုကျစ်ယန်က ခြေလှမ်းတွေကို သတိကြီးကြီးထားပြီး လှမ်းနေရတဲ့အချိန်မှာ လင်ကျန်းရီကတော့ ခြေလှမ်းကြဲကြီးတွေနှင့်ဦးဆောင်သွားနေ၏။ သူတို့တွေမကြာခင်မှာပင် မီးယပ်သားဖွားဌာနကိုရောက်လာကြသည်။

တကယ်တော့ စုကျစ်ယန် သူ့အိမ်နှင့်နီးတဲ့ ဖျင်အန်းဆေးရုံမှာ စစ်ဆေးခဲ့ပြီးပြီ။ ဒါကြောင့် ဒီဆေးရုံမှာရှိတဲ့လူတွေကတော့ သူ့ကိုသိမှာမဟုတ်ဘူး။ အဲလိုသာမဟုတ်ရင် သူ့ရဲ့ထူးခြားတဲ့ဖြစ်ရပ်ကြီးကို လူတွေကသတိပြုမိကုန်ကြတော့မှာ။

"မင်းတို့နှစ်ယောက် ဌာနမှားလာကြတာလား.."

အသက်လေးဆယ်၀န်းကျင်လောက်ရှိတဲ့ အန်တီကြီးက သူတို့ကိုသတိပေးသလိုနှင့်မေးလာသည်။ သူမက မျက်မှန်ကိုင်းကို သေချာပင့်တင်ပြီး တံခါးကိုဖြတ်လာတဲ့ လူငယ်လေးနှစ်ယောက်ကို ထက်အောက် သေချာကြည့်ပြီး စူးစမ်းလေ့လာနေ၏။

တစ်ယောက်က အရပ်ရှည်ပြီးစမတ်ကျသလို တယောက်ကလည်း လူတွေသတိပြုမိရလောက်အောင်ကို အလွန် ချောမောလှပသည်။ သူတို့နှစ်ယောက်လုံးက မိန်းကလေးတွေ လုံး၀မဟုတ်ကြပါဘူး။

"မမှားဘူး.."

လင်ကျန်းရီက တိုတိုတုတ်တုတ်ပင်ပြန်ဖြေ၏။ ထို့နောက် စုကျစ်ယန်ဘက်ကိုလှည့်ကာ လက်ညှိုးညွှန်ရင်းပြောသည်။

"သူ့မှာကိုယ်၀န်ရှိနေလားဆိုတာ စစ်ဆေးပေးပါ"

".."

အန်တီကြီးကြောင်အပြီး မိနစ်ပိုင်းမျှတိတ်ဆိတ်သွားသည်။ သူမစိတ်ထဲမှာ ထိုလူချောလေးနှစ်ယောက်ကို စိတ်ရောဂါကုဌာနကို ပို့ပေးပြီး သူတို့ဦးနှောက်တွေမှာတစ်ခုခုမှားနေသလားဆိုတာ စစ်ဆေးကြည့်ဖို့ စဉ်းစားနေ၏။

ဒါပေမယ့် စက္ကန့်ပိုင်းလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ သူတို့က စစ်ဆေးချင်ရုံလေးပဲလေဟုသာ ဖြေတွေးတွေးလိုက်သည်။ ဒါလေးစမ်းသပ်ရုံလေးပါပဲ ဘာမှဖြစ်မသွားပါဘူး။

"ဒါကိုသန့်စင်ခန်းကိုယူသွားပြီး ဆီးအနည်းငယ်ကို ဒါနဲ့ ပြန်ယူလာခဲ့ပေးပါ.."

သူမက စက္ကူခွက်သေးသေးလေးကို စုကျစ်ယန်ဆီကို လှမ်းပေးလိုက်သည်။ သူမကမျက်မှန်တွေကိုပင့်တင်လိုက်ရင်း ခပ်တိုးတိုးလေးချောင်းဟန့်လိုက်ပြီး အရင်လိုပင် ပြန်လည်ရယ်ပြုံးလာသည်။

"..."

စုကျစ်ယန် အသက်၀၀ရှူလိုက်သည်။ ပြီးနောက်စက္ကူခွက်ကိုယူပြီး သန့်စင်ခန်းဘက်ကိုထွက်လာခဲ့သည်။

လင်ကျန်းရီ ခြေလှမ်းတွေကိုခပ်မြန်မြန်ပင်လှုပ်ရှားပြီး သူ့ရှေ့က ပိတ်ရပ်လိုက်သည်။ ထို့နောက် စူးရှတဲ့အကြည့်တွေနှင့်အတူ ပြောလိုက်၏။

"ပြဿနာမရှာချင်နဲ့ ဒီမှာပဲ အပေါ့သွားလိုက်"
--------

You are reading the story above: TeenFic.Net