Chapter 19 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း ၁၉။ သူကိုယ်၀န်ရှိတာ ဖြစ်နိုင်မလား။

'ကျစ်ယန်'ဟူသောခေါ်သံကိုကြားလိုက်ရပြီသည့်အခါမှာတော့ လင်ကျန်းရီ၏မျက်နှာအမူအယာက ချက်ချင်းပြောင်းလဲသွားပြီး ထိုအသံလာရာဘက်ကို လှည့်ကြည့်လိုက်၏။ ရလာဒ်ကတော့ သူစုကျစ်ချီရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရသည်။

"ရီ.. အဲလိုမလုပ်ပါနဲ့ ဒီကလေးကတကယ် နင့်ကလေးပါ အိုခေလေ ငါနင်နဲ့အတူသွားပြီးစစ်ဆေးမယ် အတည်ပြုပြီးရင် နင်ငါ့ကိုလက်ထပ်မယ်မလား"

လင်ကျန်းရီ စိတ်မရှည်စွာဖြင့်နောက်ပြန် လှည့်ကြည့်လိုက်သည်။

"အတည်ပြုပြီးရင်တောင် ငါမင်းကိုလက်မထပ်ဘူး ထပ်ပြီးဘာလဲ အဲ့ကလေးကငါ့ကလေးလုံး၀မဖြစ်နိုင်ဘူး လွှတ်စမ်းပါ"

ပြောခဲ့သည့်အတိုင်း အခြေအနေအရအလိုက်သင့်လေး သရုပ်ဆောင်ခဲ့သလို သူ့အမြင်မှာ ထိုသခင်မလေးစု၏ အပြုအမူတွေက ပို၍ရွံရှာဖွယ်ကောင်းလာတော့သည်။

သူမရဲ့လှည့်ကွက်တွေကို မငြင်းပယ်ဘဲနေခဲ့သည်က စုမိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်ချင်နေသေး၍သာဖြစ်သည်။ သူ့အနေဖြင့်လည်း သူမကို ထိုမျှအထိပွင့်ပွင့်လင်းလင်းထုတ်ဖော်စော်ကားဖို့အတွက် မကြံစည်ထားခဲ့ပါချေ။

သို့ပေမယ့် အခုတွင်တော့ စုသခင်မလေးက ရိုးရိုးတန်းတန်းညစ်ပတ်ခြင်းမဟုတ်ဘဲ(သာမာန်ယုတ်ပဲ့ရုံမျှမဟုတ်) 'ကိုယ်၀န်တုဖန်တီးခြင်း' ၊ 'သူ့မိခင်ကိုသိမ်းသွင်းထားခြင်း' စသည်တို့အပြင် ရှေ့တွင်မျက်နှာတစ်မျိုးဖြင့်နေပြီး နောက်ကွယ်တွင်တော့အတွင်းကြိတ်အတွင်းကြံကြံနေပြန်သည်။

ထို့အပြင် ထိုအချင်းအရာများကို အသုံးချကာ သူ့ကို သူမအားလက်ထပ်ရန် ဖိအားပေးနေပြန်သည်။ လင်ကျန်းရီအနေဖြင့် သူမကိုအတော်လေး စိတ်ကုန်နေပြီဖြစ်၏။ အရင်ကသူဟာ လူကြီးလူကောင်းတစ်ယောက်ဖြစ်ခဲ့ပါလျှင် ယခုအချိန်အတွင်တော့ သူမ၏မျက်နှာကို တစ်ခဏလေးမျှပင် မမြင်လိုပေ။

"ရီ... ငါအခုနင့်စကားကိုနားထောင်လိုက်ပြီ အဲဒါကကောင်းတာပဲမလား သွားမယ် အတူသွားပြီးစစ်ဆေးကြစို့ ငါအခုပဲနင်နဲ့အတူစစ်ကြည့်မယ်"

စုကျစ်ချီပါးစပ်ဟသည်နှင့် ထိုစကားလုံးတွေကိုပြောလိုက်ပြီး လင်ကျန်းရီကို သူတို့ဘက်ရှိကော်ရစ်ဒါအဆုံးဆီသို့ ဆွဲခေါ်တော့၏။

လင်ကျန်းရီ သူကြားလိုက်ရသည့် ရင်းနှီးကျွမ်း၀င်နေသော နာမည်လေးကိုလွမ်းနေခဲ့သည်။ သူစုကျစ်ယန်နှင့်မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သလို သူ(လင်ကျန်းရီ)က သူ့(စုကျစ်ယန်)ကို အရမ်းကိုလွမ်းဆွတ်နေခဲ့ရပေသည်။

ထိုနေ့ကသူပြန်သွားပြီနောက် သူ့လူများကို စုကျစ်ယန်နှင့်ပတ်သက်ပြီး စုံစမ်းဖို့ အမိန့်ပေးခဲ့၏။ ပစ္စည်းအစုအပုံကြီးကိုကျော်၍ ကြည့်ပြီးနောက်တွင် လင်ကျန်းရီ သူ၏နှလုံးသားထဲမှ တစ်စုံတစ်ခုကို ရှင်းလင်းပြတ်သားစွာခံစားလိုက်ရသည်။

သူ့အတွေးတွေက စုကျစ်ယန်နှင့်အတူ နှစ်ကိုယ်တူ ယစ်မူးသာယာခဲ့ကြတဲ့ ပထမဆုံးညကို ရောက်သွားခဲ့ပြန်သည်။

လင်ကျန်းရီ သူ၏မာနထောင်လွှားပြီးစိတ်ကြီး၀င်မှုတွေကြောင့် လှည့်စားခံလိုက်ရသလိုပင်။ ရှင်းလင်းနေသည့်အရာမှာကား သူသည် တစ်ခါမှအသားမစားခဲ့ဖူးသည့်လူတစ်ဦးဆိုတာပင်(စုကျစ်ယန်က virginityဆိုတဲ့အဓိပ္ပါယ်ပါ)။

'ငါမှမလုပ်နိုင်ရင် ဘယ်သူကလုပ်နိုင်မှာလဲ' ဟူသော ပုံစံဖြင့် သူက အရမ်းကိုရဲရင့်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ဦးလိုပြုမူခဲ့သည်။ သူ၏ရှိန်ချင်စရာကောင်းသည့် အရှိန်အဝါအောက်၌ပင် စုကျစ်ယန်က ခံနိုင်ရည်အတိုင်းအတာအနည်းငယ်လေးမျှဖြင့်ပင် ယုံကြည်မှုတို့ ရှိနေခဲ့၏။

မည်သို့ဆိုစေ စုကျစ်ယန်၏ 'ကျေးဇူပြုပြီးလုပ်ပေးပါ'ဟူသော မျက်နှာပေးလေးဖြင့် တွေ့ဆုံလိုက်ရလျှင် မည်သူမဆို သူကအတွေ့အကြုံရှိသည့်ဘေဘီလေးဟု ထင်သွားမည်မဟုတ်ပါလား။

ဒါတင်မကသေး နောက်တစ်နေ့မှာ သူကကုန်စုံဆိုင်ကိုသွားပြီး ကိုယ်၀န်စစ်တဲ့ ကိရိယာကို အေးအေးလူလူပုံစံနဲ့ ၀ယ်လိုက်သေးသည်။ သူကအရမ်း..အရမ်းကို စိတ်အေးလက်အေးဖြစ်နေတာပါဆို။

အမှန်တရားကိုသိပြီးတဲ့နောက်မှာတော့ လင်ကျန်းရီ ချက်ချင်းကို ပြန်သွားပြီး 'ဇနီးလေးကိုဖမ်းစား'သည့် အစီအစဉ်ကိုဆက်လုပ်ချင်ခဲ့သည်။ သို့ပေမယ့် သူ၏မိခင်က သူ့ဖခင်နှလုံးဖောက်သွားသည်ဟုပြောပြီး အိမ်ကိုပြန်လာရန် ခေါ်ခဲ့၏။

သူ့မိဘတွေက မြို့၏ဆင်ခြေဖုံးရပ်ကွက်တွင် နေခြင်းဖြစ်သည်။ ထိုနေရာကို နှစ်နာရီခန့် အဆောတလျင် ကားမောင်းသွားပြီးနောက် နောက်ပိုင်းမှ အားလုံးက သူ့မိခင်၏ အကြံအဖန်ကလိမ်ဆင်သက်သပ်မျှသာဖြစ်ကြောင်း သိလိုက်ရသည်။

စုမိသားစုက ချမ်းသာပြီး အရှိန်အဝါကြီးသည့်မိသားစုဖြစ်ကာ လင်မိသားစုနှင့်လည်း အဆက်အသွယ်ရှိသည်။ စုကျစ်ချီက စုမိသားစု၏မျက်လုံးထဲမှ ပန်းသီးလေးပင်(တစ်ဦးတည်းသော ချစ်မွှေးလေး အချစ်ဆုံးဘာညာဘာညာ :".. apple of ...'s eyeဆိုတဲ့ဗန်းစကားပါ သိကြတယ်မလား ဗန်းစကားရဲ့အဓိပ္ပါယ်မဟုတ်ဘဲ ဒီအတိုင်းဘာသာပြန်လိုက်ပါတယ်)။

တစ်ခါတစ်လေ သူမက အိမ်ကိုမသွားမီ လင်မိသားစုအိမ်ကို လာတတ်၏။ သူမက ချိုသာတဲ့စကားတွေကိုပြောကာ နားလည်ပေးတတ်သည့်ဇနီးသည်လေးအဖြစ်၎င်း၊ ချစ်တတ်တဲ့မိခင်တစ်ဦးပမာ၎င်း သရုပ်ဆောင်ပြတတ်ပြီး တစ်ခါတစ်ရံ မိသားစုတွေရှေ့၌ ပျို့တက်ပြကာ ကိုယ်၀န်ရှိနေသယောင် ထုတ်ပြကာပြုမူတတ်သည်။

စုမိသားစု၏ သြဇာအညောင်းဆုံးလူနှစ်ဦးကလည်း ထိုနေရာမှာရှိနေခဲ့သည်။ သို့ဖြင့် သူမမိဘနှစ်ပါးနှင့်'ကလေး'၏ အကူအညီကိုယူကာ သူမက သူ့မခင်၏လက်ခံမှုကို မြန်မြန်ပင်အရယူလိုက်သည်။ သူ့ဖခင်ပင် ထိုနည်းဖြင့် အသိမ်းသွင်းခံလိုက်ရပါ၏။

မည်သို့ဆိုစေ သူ့မိခင်က 'ရန်သူရှေ့လက်နက်အသင့်ချ'ထားပြီးပြီဖြစ်ရကား သူ့ဖခင်သည်လည်း သူ့ဇနီးဘော့စ်၏ စကားကိုမလွန်ဆန်နိုင်သည့်အတွက် ဘာကိုမှ အများကြီးထပ်ပြောမနေတော့ချေ။

လင်ကျန်းရီ ထိုအခြေအနေကြား၌ သူ၏နေရာကိုထိန်းသိမ်းဖို့ရာ အလွန်ခက်ခဲခဲ့သည်။ သူအိမ်ကလွတ်မြောက်သည်နှင့် မြို့ကိုချက်ချင်းပြန်လာခဲ့သည်။

အဆုံးမှာ ဘာတွေများဖြစ်သွားခဲ့သလဲ?

စုကျစ်ချီက မဂ္ဂဇင်းတိုက်ကိုဆက်သွယ်ပြီး သူတို့ရဲ့လက်ထပ်ပွဲနေ့ကို ကြေငြာလိုက်တာပါပဲ! သူဘာမှကတိမပေးခဲ့မိပါဘူးနော် အိုခေ!!!

လင်ကျန်းရီသူ့ရဲ့ ဗိုက်ထဲအထိဒေါသတွေ ပြည့်လျှံလာပြီး စုကျစ်ချီကိုခေါ်ကာ ဆေးရုံကိုလာခဲ့သည်။ သူမဗိုက်ထဲကကလေးက ဘယ်ကလာသလဲသိချင်၏။ ဘာပဲဖြစ်ဖြစ် အဲတာက လင်မိသားစုရဲ့ မျိုးစေ့တော့မဟုတ်ဘူး ဟုတ်ပြီလား? သူ့ကိုတာ၀န်ယူခိုင်းဖို့တော့ တွေးတောင်မတွေးလေနဲ့!

အခုတော့ တစ်စုံတစ်ယောက်က 'ကျစ်ယန်'လို့ ခေါ်လိုက်တဲ့အသံကို သူကြားလိုက်ရပြီး အရိပ်သေးသေးလေးက သူ့စိတ်ထင် ရုတ်တရက်ကြီးထခုန်ထွက်ပြေးသွားသလိုပင်။ ချက်ချင်းပင် သူသွားကာ ထိုလူက သူဂရုစိုက်တဲ့တစ်စုံတစ်ယောက်ဖြစ်သလားဟု စစ်ဆေးချင်ခဲ့ပေမယ့် စုကျစ်ချီကသူ့ကိုထပ်တလဲလဲ စိတ်အနှောင့်အယှက် ပေးနေသည်။

ထိုအချိန်က သူစိတ်အနှောင့်အယှက်ဖြစ်သလို ဦးနှောက်ခြောက်သွားကာ စုကျစ်ချီကို ဖယ်ထုတ်ပြီး တစ်ဖက်ကကော်ရစ်ဒါကို ပြေးသွားသည့်တိုင် ထိုနေရာ၌ မည်သူမျှ ရှိမနေတော့ချေ။

ထိုစာသားတွေကို ပြန်စဉ်းစားကြည့်မည်ဆိုပါက--
ကျစ်ယန်သွားမယ် အခုကမင်းအလှည့်ပဲ သွားပြီးစစ်ဆေးကြစို့--

သူသိချင်တာက ဘာကိုသွားပြီးစစ်ဆေးမှာလဲ? ကျစ်ယန်ဘာများဖြစ်လို့လဲ? ဘာလို့ဆေးစစ်ဖို့ ဆေးရုံကိုလာရတာလဲ?

စုကျစ်ယန် ကိုယ်၀န်စစ်ကိရိယာကိုကိုင်ထားတာကို အမှတ်ရသွားသည်အခါ သူ၏မျက်ခုံးများကို ပင့်တင်လိုက်မိတော့သည်။ သူက ကိုယ်၀န်ဆောင်နိူင်တာလား။

Translated by ChuChu

___________

(Zawgyi)

အခန္​း ၁၉။ သူကိုယ္​၀န္​ရွိတာ ျဖစ္​နိုင္​မလား။

'က်စ္​ယန္​'ဟူ​ေသာေခၚသံကိုၾကားလိုက္​ရၿပီသည့္​အခါမွာ​ေတာ့ လင္​က်န္​းရီ၏မ်က္​ႏွာအမူအယာက ခ်က္​ခ်င္​း​ေျပာင္​းလဲသြားၿပီး ထိုအသံလာရာဘက္​ကို လွည္​့ၾကည္​့လိုက္​၏။ ရလာဒ္​က​ေတာ့ သူစုက်စ္​ခ်ီရဲ႕ဆြဲ​ေခၚျခင္​းကိုခံလိုက္​ရသည္​။

"ရီ.. အဲလိုမလုပ္​ပါနဲ႔ ဒီက​ေလးကတကယ္​ နင္​့က​ေလးပါ အို​ေခ​ေလ ငါနင္​နဲ႔အတူသြားၿပီးစစ္​​ေဆးမယ္​ အတည္​ျပဳၿပီးရင္​ နင္​ငါ့ကိုလက္​ထပ္​မယ္​မလား"

လင္​က်န္​းရီ စိတ္​မ႐ွည္​စြာျဖင္​့​ေနာက္​ျပန္​ လွည္​့ၾကည္​့လိုက္​သည္​။

"အတည္​ျပဳၿပီးရင္​​ေတာင္​ ငါမင္​းကိုလက္​မထပ္​ဘူး ထပ္​ၿပီးဘာလဲ အဲ့က​ေလးကငါ့က​ေလးလံုး၀မျဖစ္​ႏိုင္​ဘူး လႊတ္​စမ္​းပါ"

​ေျပာခဲ့သည္​့အတိုင္​း အ​ေျခအ​ေနအရအလိုက္​သင္​့​ေလး သ႐ုပ္​​ေဆာင္​ခဲ့သလို သူ႔အျမင္​မွာ ထိုသခင္​မ​ေလးစု၏ အျပဳအမူ​ေတြက ပို၍ရြံ႐ွာဖြယ္​​ေကာင္​းလာ​ေတာ့သည္​။

သူမရဲ႕လွည္​့ကြက္​​ေတြကို မျငင္​းပယ္​ဘဲ​ေနခဲ့သည္​က စုမိသားစုႏွင့္​ ပူး​ေပါင္​း​ေဆာင္​ရြက္​မႈ​ေတြကို ဆက္​လုပ္​ခ်င္​​ေန​ေသး၍သာျဖစ္​သည္​။ သူ႔အ​ေနျဖင္​့လည္​း သူမကို ထိုမ်ွအထိပြင္​့ပြင္​့လင္​းလင္​းထုတ္​​ေဖာ္​​ေစာ္​ကားဖို႔အတြက္​ မၾကံစည္​ထားခဲ့​​ပါ​ေခ်။

သို႔​ေပမယ္​့ အခုတြင္​​ေတာ့ စုသခင္​မ​ေလးက ႐ိုး႐ိုးတန္​းတန္​းညစ္​ပတ္​ျခင္​းမဟုတ္​​ဘဲ(သာမာန္​ယုတ္​ပဲ့ရံုမ်ွမဟုတ္​) 'ကိုယ္​၀န္​တုဖန္​တီးျခင္​း' ၊ 'သူ႔မိခင္​ကိုသိမ္​းသြင္​းထားျခင္​း' စသည္​တို႔အျပင္​ ​ေ႐ွ႕တြင္​မ်က္​ႏွာတစ္​မ်ိဳးျဖင္​့​ေနၿပီး ​ေနာက္​ကြယ္တြင္​ေတာ့အတြင္​းႀကိတ္​အတြင္​းၾကံၾကံ​ေနျပန္​သည္​။

ထို႔အျပင္​ ထိုအခ်င္​းအရာမ်ားကို အသံုးခ်ကာ သူ႔ကို သူမအားလက္​ထပ္​ရန္​ ဖိအား​ေပး​ေနျပန္​သည္​။ လင္​က်န္​းရီအ​ေနျဖင္​့ သူမကိုအ​ေတာ္​​ေလး စိတ္​ကုန္​​ေနၿပီျဖစ္​၏။ အရင္​ကသူဟာ လူႀကီးလူ​ေကာင္​းတစ္​​ေယာက္​ျဖစ္​ခဲ့ပါလ်ွင္​ ယခုအခ်ိန္​အတြင္​​ေတာ့ သူမ၏မ်က္​ႏွာကို တစ္​ခဏ​ေလးမ်ွပင္​ မျမင္​လို​ေပ။

"ရီ... ငါအခုနင္​့စကားကိုနား​ေထာင္​လိုက္​ၿပီ အဲဒါက​ေကာင္​းတာပဲမလား သြားမယ္​ အတူသြားၿပီးစစ္​​ေဆးၾကစို႔ ငါအခုပဲနင္​နဲ႔အတူစစ္​ၾကည္​့မယ္​"

စုက်စ္​ခ်ီပါးစပ္​ဟသည္​ႏွင္​့ ထိုစကားလံုး​ေတြကို​ေျပာလိုက္​ၿပီး လင္​က်န္​းရီကို သူတို႔ဘက္​႐ွိ​ေကာ္​ရစ္​ဒါအဆံုးဆီသို႔ ​ဆြဲ​ေခၚ​ေတာ့၏။

လင္​က်န္းရီ သူၾကားလိုက္​ရသည္​့ ရင္​းႏွီးကြၽမ္​း၀င္​​ေန​ေသာ နာမည္​​ေလးကိုလြမ္​း​ေနခဲ့သည္​။ သူစုက်စ္​ယန္ႏွင္​့မ​ေတြ႔ရသည္​မွာ အ​ေတာ္​ၾကာ​ေနၿပီျဖစ္​သလို သူ(လင္က်န္းရီ)​​က သူ႔(စုက်စ္​ယန္)​ကို​ အရမ္​းကိုလြမ္​း​ဆြတ္​ေနခဲ့ရ​ေပသည္​။

ထို​ေန႔ကသူျပန္​သြားၿပီ​ေနာက္​ သူ႔လူမ်ားကို စုက်စ္​ယန္ႏွင္​့ပတ္​သက္​ၿပီး စံုစမ္​းဖို႔ အမိန္​႔​ေပးခဲ့၏။ ပစၥည္​းအစုအပံုႀကီးကို​ေက်ာ္​၍ ၾကည္​့ၿပီး​ေနာက္​တြင္​ လင္​က်န္​းရီ သူ၏ႏွလံုးသားထဲမွ တစ္​စံုတစ္​ခုကို ႐ွင္​းလင္​းျပတ္​သားစြာခံစားလိုက္​ရသည္​။

သူ႔အ​ေတြး​ေတြက စုက်စ္​ယန္ႏွင္​့အတူ ႏွစ္​ကိုယ္​တူ ယစ္​မူးသာယာခဲ့ၾကတဲ့ ပထမဆံုးညကို ​ေရာက္​သြားခဲ့ျပန္​သည္​။

လင္​က်န္းရီ သူ၏မာန​ေထာင္​လႊားၿပီးစိတ္​ႀကီး၀င္​မႈ​ေတြ​ေၾကာင္​့ လွည္​့စားခံလိုက္​ရသလိုပင္​။ ႐ွင္​းလင္​း​ေနသည္​့အရာမွာကား သူသည္​ တစ္​ခါမွအသားမစားခဲ့ဖူးသည့္​လူတစ္​ဦးဆို​တာပင္​(စုက်စ္​ယန္က virginityဆိုတဲ့အဓိပၸါယ္ပါ)​​။

'ငါမွမလုပ္​ႏိုင္​ရင္​ ဘယ္​သူကလုပ္နိုင္မွာလဲ' ဟူ​ေသာ ပံုစံျဖင္​့ သူက အရမ္​းကိုရဲရင္​့ၿပီး ကိုယ္​့ကိုယ္​ကို ယံုၾကည္​မႈ႐ွိသူတစ္​ဦးလိုျပဳမူခဲ့သည္​။ သူ၏​ရွိန္ခ်င္စရာ​​​ေကာင္​းသည္​့ အ႐ွိန္​အ၀ါ​ေအာက္​၌ပင္​ စုက်စ္​ယန္က ခံႏိုင္​ရည္​အတိုင္​းအတာအနည္​းငယ္​​ေလးမ်ွျဖင္​့ပင္​ ယံုၾကည္​မႈတို႔ ႐ွိ​ေနခဲ့၏။

မည္​သို႔​ဆို​ေစ စုက်စ္​ယန္၏ ​'​ေက်းဇူျပဳၿပီးလုပ္​​ေပးပါ'ဟူ​ေသာ မ်က္​ႏွာ​ေပး​ေလးျဖင္​့ ​ေတြ႔ဆံုလိုက္​ရလ်ွင္​ မည္​သူမဆို သူကအ​ေတြ႔အၾကံဳ႐ွိသည့္ေ​ဘဘီ​ေလးဟု ထင္​သြားမည္​မဟုတ္​​​ပါလား။

ဒါတင္​မက​ေသး ​ေနာက္​တစ္​​ေန႔မွာ သူကကုန္​စံုဆိုင္​ကိုသြားၿပီး ကိုယ္​၀န္​​စစ္​တဲ့ ကိရိယာကို ​ေအး​ေအးလူလူပံုစံနဲ႔ ၀ယ္​လိုက္​​ေသးသည္​။ သူကအရမ္​း..အရမ္း​ကို ​စိတ္​​ေအးလက္​​ေအးျဖစ္​ေနတာပါဆို။

အမွန္​တရားကိုသိၿပီးတဲ့​ေနာက္​မွာ​ေတာ့ လင္​က်န္​းရီ ခ်က္​ခ်င္​းကို ျပန္​သြားၿပီး 'ဇနီး​ေလးကိုဖမ္​းစား'သည္​့ အစီအစဥ္​ကိုဆက္​လုပ္​ခ်င္​ခဲ့သည္​။ သို႔​ေပမယ္​့ သူ၏မိခင္​က သူ႔ဖခင္​ႏွလံုး​ေဖာက္​သြားသည္​ဟု​ေျပာၿပီး အိမ္​ကိုျပန္​လာရန္​ ​ေခၚခဲ့၏။

သူ႔မိဘ​ေတြက ၿမိဳ႕၏ဆင္​​ေျခဖံုးရပ္​ကြက္​တြင္​ ​ေနျခင္​းျဖစ္​သည္​။ ထို​ေနရာကို ႏွစ္​နာရီခန္​႔ အ​ေဆာတလ်င္​ ကား​ေမာင္​းသြားၿပီး​ေနာက္​ ​ေနာက္​ပိုင္​းမွ အားလံုးက သူ႔မိခင္​၏ အၾကံအဖန္​ကလိမ္​ဆင္​သက္​သပ္​မ်ွသာျဖစ္​​ေၾကာင္​း သိလိုက္​ရသည္​။

စုမိသားစုက ခ်မ္​းသာၿပီး အ႐ွိန္​အ၀ါႀကီးသည္​့မိသားစုျဖစ္​ကာ လင္​မိသားစုႏွင္​့လည္​း အဆက္​အသြယ္​႐ွိသည္​။ စုက်စ္​ခ်ီက စုမိသားစု၏မ်က္​လံုးထဲမွ ပန္​းသီး​ေလးပင္​(တစ္​ဦးတည္​း​ေသာ ခ်စ္​​ေမႊး​ေလး အခ်စ္​ဆံုး​ဘာညာဘာညာ :".. apple of ...'s eyeဆိုတဲ့​ဗန္​းစကားပါ သိၾကတယ္​မလား ​ဗန္​းစကားရဲ႕အဓိပၸါယ္​မဟုတ္​ဘဲ ဒီအတိုင္​းဘာသာျပန္​လိုက္​ပါတယ္​)။

တစ္​ခါတစ္​​ေလ သူမက အိမ္​ကိုမသြားမီ လင္​မိသားစုအိမ္​ကို လာတတ္​၏။ သူမက ခ်ိဳသာတဲ့စကား​ေတြကို​ေျပာကာ နားလည္​​ေပးတတ္​သည္​့ဇနီးသည္​​ေလးအျဖစ္​၎၊ ခ်စ္​တတ္​တဲ့မိခင္​တစ္​ဦးပမာ၎ သ႐ုပ္​​ေဆာင္​ျပတတ္​ၿပီး တစ္​ခါတစ္​ရံ မိသားစု​ေတြ​ေ႐ွ႕၌ ပ်ိဳ႕တက္​ျပကာ ကိုယ္​၀န္​႐ွိ​ေနသ​ေယာင္​ ထုတ္​ျပကာျပဳမူတတ္​သည္​။

စုမိသားစု၏ ျသဇာအ​ေညာင္​းဆံုးလူႏွစ္​ဦးကလည္​း ထို​ေနရာမွာ႐ွိ​ေနခဲ့သည္​။ သို႔ျဖင္​့ သူမမိဘႏွစ္​ပါးႏွင္​့'က​ေလး'၏ အကူအညီကိုယူကာ သူမက သူ႔မခင္​၏လက္​ခံမႈကို ျမန္​ျမန္​ပင္​အရယူလိုက္​သည္​။ သူ႔ဖခင္​ပင္​ ထိုနည္​းျဖင္​့ အသိမ္​းသြင္​းခံလိုက္​ရပါ၏။

မည္​သို႔ဆို​ေစ သူ႔မိခင္​က 'ရန္​သူ​ေ႐ွ႕လက္​နက္​အသင္​့ခ်'ထားၿပီးၿပီျဖစ္​ရကား သူ႔ဖခင္​သည္​လည္​း သူ႔ဇနီး​ေဘာ့စ္​၏ စကားကိုမလြန္​ဆန္​ႏိုင္​သည္​့အတြက္​ ဘာကိုမွ အမ်ားႀကီးထပ္​​ေျပာမ​ေန​ေတာ့​ေခ်။

လင္​က်န္​းရီ ထိုအ​ေျခအ​ေနၾကား၌ သူ၏​ေနရာကိုထိန္​းသိမ္​းဖို႔ရာ အလြန္​ခက္​ခဲခဲ့သည္​။ သူအိမ္​ကလြတ္​​ေျမာက္​သည္​ႏွင္​့ ၿမိဳ႕ကိုခ်က္​ခ်င္​းျပန္​လာခဲ့သည္​။

အဆံုးမွာ ဘာ​ေတြမ်ားျဖစ္​သြားခဲ့သလဲ?

စုက်စ္​ခ်ီက မဂၢဇင္​းတိုက္​ကိုဆက္​သြယ္​ၿပီး သူတို႔ရဲ႕လက္​ထပ္​ပြဲ​ေန႔ကို ​ေၾကျငာလိုက္​တာပါပဲ! သူဘာမွကတိမ​ေပးခဲ့မိပါဘူး​ေနာ္​ အို​ေခ!!!

လင္​က်န္​းရီသူ႔ရဲ႕ ​ဗိုက္​ထဲအထိ​ေဒါသ​ေတြ ျပည္​့လ်ွံလာၿပီး စုက်စ္​ခ်ီကို​ေခၚကာ ​ေဆးရံုကိုလာခဲ့သည္​။ သူမ​ဗိုက္​ထဲကက​ေလးက ဘယ္​ကလာသလဲသိခ်င္​၏။ ဘာပဲျဖစ္​ျဖစ္​ အဲတာက လင္​မိသားစုရဲ႕ မ်ိဳး​ေစ့​ေတာ့မဟုတ္​ဘူး ဟုတ္​ၿပီလား? သူ႔ကိုတာ၀န္​ယူခိုင္​းဖို႔​ေတာ့ ​ေတြး​ေတာင္​မ​ေတြး​ေလနဲ႔!

အခု​ေတာ့ တစ္​စံုတစ​္​​ေယာက္​က 'က်စ္​​ယန္​'လို႔ ​ေခၚလိုက္​တဲ့အသံကို သူၾကားလိုက္​ရၿပီး အရိပ္​​ေသး​ေသး​ေလးက သူ႔စိတ္​ထင္​ ႐ုတ္​တရက္​ႀကီးထခုန္​ထြက္​​ေျပးသြားသလိုပင္​။ ခ်က္​ခ်င္​းပင္​ သူသြားကာ ထိုလူက သူဂ႐ုစိုက္​တဲ့တစ္​​စံုတစ္​​ေယာက္​ျဖစ္​သလားဟု စစ္​​ေဆး​ခ်င္​ခဲ့​ေပမယ္​့ စုက်စ္​ခ်ီကသူ႔ကိုထပ္​တလဲလဲ စိတ္​အ​ေႏွာင္​့အယွက္​ ​ေပး​ေနသည္​။

ထိုအခ်ိန္​က သူစိတ္​အ​ေႏွာင္​့အယွက္​ျဖစ္​သလို ဦး​ေႏွာက္​​ေျခာက္​သြားကာ စုက်စ္​ခ်ီကို ဖယ္​ထုတ္​ၿပီး ​တစ္ဖက္က​​ေကာ္​ရစ္​ဒါကို ​ေျပးသြား​သည္​့တိုင္​ ထို​ေနရာ၌ မည္​သူမ်ွ ႐ွိမ​ေန​ေတာ့​ေခ်။

ထိုစာသား​ေတြကို ျပန္​စဥ္​းစားၾကည္​့မည္​ဆိုပါက--
က်စ္​ယန္သြားမယ္ ​အခုကမင္​းအလွည္​့ပဲ သြားၿပီးစစ္​​ေဆးၾကစို႔--

သူသိခ်င္​တာက ဘာကိုသြားၿပီးစစ္​​ေဆးမွာလဲ? က်စ္​ယန္ဘာမ်ားျဖစ္​လို႔လဲ? ဘာလို႔​ေဆးစစ္​ဖို႔ ​ေဆးရံုကိုလာရတာလဲ?

စုက်စ္​ယန္ ကိုယ္​၀န္​စစ္​ကိရိယာကိုကိုင္​ထားတာကို အမွတ္​ရသြားသည္​အခါ သူ၏မ်က္​ခံုးမ်ားကို ပင္​့တင္​လိုက္​မိ​ေတာ့သည္​။ သူက ကိုယ္​၀န္​​ေဆာင္​နိုင္​တာလား။

Translated by ChuChu

You are reading the story above: TeenFic.Net