Chapter 18 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း ၁၈။ ကိုယ်၀န်ကြောင့် အိမ်ထောင်ပြုခြင်း။

စုကျစ်ယန်ဟာ ငိုက်မျဉ်းကာ အိပ်မောမကျခင်အထိ အိပ်ယာထဲမှာ လှဲရင်းအတွေးလွန်နေ၏။ ရုတ်တရက် မွှေးပျံ့သော အနံ့နှင့်အတူ နိုးလာပြီး သူ့မျက်လုံးတွေကို ရှုပ်ထွေးစွာ ဖွင့်ကြည့်လိုက်သည်။

ထိုအမွှေးနံ့နောက်ကိုလိုက်ရင်း အခန်းတံခါးကို ဖွင့်လိုက်၏။ မီးဖိုခန်းတံခါး၀ကို မရောက်မချင်း ပါပီလေးတစ်ကောင်လို တရှုံ့ရှုံ့ အနံ့ခံရင်း လျှောက်လာသည်။

"ဒါကဘာလဲ အရသာရှိမယ့် အနံ့လေး "

စုကျစ်ယန်သည် အိပ်တစ်၀က်နိုးတစ်၀က်ဖြင့်ပင် ရုတ်တရက်ကြီး သူဗိုက်ဆာနေတာကို ခံစားလိုက်ရသည် ။

"ရေခဲသေတ္တာထဲမှာ စားစရာတွေရှိနေတာတွေ့လို့ ညစာချက်လိုက်တယ် အခုပြီးခါနီးပြီ ဧည့်ခန်းထဲမှာ ခဏလောက်ထိုင်စောင့်နေနော် ရော့ ဒီဟင်းခွက်ကို အရင်ယူသွားလိုက် "

လော့ယန်ဟာ အေပရွန်ကို၀တ်ထားလျက်ရှိကာ သူ့ပုံစံက chefတစ်ယောက်နှင့်ပင် တူနေသေးသည်။ စုကျစ်ယန်ပန်ကန်လုံးကိုယူလိုက်ရင်း ရယ်လိုက်သည် ။

"ခင်ဗျား တကယ်ဟင်းချက်တတ်မယ် မထင်ထားဘူး "

"ဒါက ကိုယ့်အားကိုယ်ကိုးတယ်ခေါ်တယ် ဟုတ်ပြီလား ကဲ သွားတော့ မင်းရဲ့ဗိုက်ထဲက ကလေးကို ညှော်နံ့တွေ မီးခိုးငွေ့တွေ မရှူစေနဲ့"

လော့ယန်က စုကျစ်ယန်ကို အခန်းပြင်ကိုတွန်းပို့ရင်း မီးဖိုခန်းတံခါးကို ပိတ်လိုက်သည်။ စုကျစ်ယန် သူ့ပါးကို ခပ်ဖွဖွကုတ်လိုက်သည် ။ အနည်းငယ် ရှက်သလို ခံစားရ၏။ ဘာလို့များ သူရှာမိတာ အိမ်ငှါးမဟုတ်ပဲ ကလေးထိန်းငှါးမိသလို ခံစားနေရပါလိမ့်။

အတော်ကြာအောင် ထိုင်စောင့်ပြီးနောက်မှာတော့ လော့ယန်တစ်ယောက် သုံးခုထက်မနည်းတဲ့ ပန်းကန်ခွက်ယောက်များကို ငယ်ကာထွက်လာသည်။ စုကျစ်ယန်၏ရှေ့တွင် ထမင်းပန်းကန်လုံးကို ချပေးရင်းဖြင့်-

"စားလေ မင်းဗိုက်ဆာနေရောပေါ့ "

"ကျေးဇူး ခင်ဗျားလည်စားပါ "

စုကျစ်ယန် ဟင်းတွေကို မြည်းစမ်းဖို့ရာ မစောင့်နိုင်တော့ချေ။ ကြည့်ရသည်မှာ အလွန်အရသာရှိပုံပေါ်၏။ ဒီရက်တွေမှာ ဆက်တိုက်အန်နေရသည်မို့ သူ့တွင် စားချင်စိတ်ဟူသည်မှာ များများစားစား မရှိပါချေ ။ ထိုအချိန်မှာတော့ သူနှစ်နှစ်ခြိုက်ခြိုက်ပင် စားသောက်ခဲ့သည် ။

"နောက်ဆို ဟင်းတွေကို ကိုယ်ချက်မယ် ဒီလိုဆို မင်းရဲ့ခန္ဓာကိုယ်လည်း အာဟာရဓာတ် ပြည့်တာပေါ့ "

လော့ယန် ရေတစ်ခွက်ကို လောင်းချရင်း ရိုးရိုးသားသားပင်ပြောလာသည် ။

"နေ့ခင်းက ကိုယ်ပြောခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် ကိုယ်မင်းကို ကလေးဖျက်ချဖို့အကြုံမပြုခဲ့သင့်ဘူး ကိုယ်ပြောခဲ့တာတွေကို စိတ်ထဲမထားပါနဲ့ "

စုကျစ်ယန် သူ၏လက်ကို ခါယမ်းလိုက်ရင်း-

"ဘယ်ကသာ! ခင်ဗျား ကျွန်တော်ကောင်းဖို့ပြောမှန်း သိပါတယ် ကျွန်တော်ကသာ.. ဟီးဟီး ကျွန်တော်အပြစ်မမြင်ပါဘူး ပြီးတော့ ခင်များက ဟင်းချက်ကောင်းတော့ ခင်များဆီက အလုပ်ကို မခိုးတော့ဘူး(tn-ဟင်းချက်မကူဘူး ဘာညာ) ဒါပေမယ့် နောက်ဆိုရင်တော့ ဟင်းချက်ပစ္စည်းတွေကိုတော့ ကျွန်တော် ၀ယ်ပါ့မယ်"

"မလိုပါဘူး အတန်းပြီးတာနဲ့ ကိုယ်၀ယ်လာခဲ့မယ် မင်းတတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားမလုပ်ဘဲ အနားယူရမယ်"

လော့ယန် ငြင်းပယ်လိုက်တဲ့အခါ စုကျစ်ယန်ဆီမှာ ရှက်ရွံ့ရိပ်အချို့ ဖြတ်ပြေးသွားတာကို မြင်လိုက်ရသဖြင့် သူကပင်ထပ်ပြီးပြောလာသည် ။

"မရှက်ပါနဲ့ ကိုယ်ဒီနားတစ်ဝိုက် ငှါးရမ်းခတွေအကုန် လိုက်ကြည့်ထားတာ အားလုံးကမင်းထက် နှစ်ထောင့်ငါးရာလောက် ပိုများနေတယ် အဲတာကြောင့် ကိုယ့်အတွက်အများကြီး သက်သာသွားတာ ပြီးတော့ ကိုယ်တို့နှစ်ယောက်လုံးကလည်း အများကြီးမစားနိုင်ကြဘူးလေ အစားအစာနဲ့ အခြားလိုအပ်တာတွေ ကိုယ်ပဲ၀ယ်ပါ့မယ် "

"တကယ်ရှက်စရာကောင်းတာပဲ "

စုကျစ်ယန်ရယ်လိုက်သည်။ သူ၏စိတ်ထဲတွင်တွေးနေသည်ကား - ကောင်းကင်ဘုံက နောက်ဆုံးတော့ သူ့ကိုမြင်သွားခဲ့ပြီပဲ နူးညံ့ညင်သာပြီး ကြင်နာတတ်တဲ့ လူကြီးလူကောင်းဆန်တဲ့ သူ့ကိုဂရုစိုက်ပေးတဲ့ လတိုင်း ပိုက်ဆံတွေပေးမယ့် ကိုလူချောတစ်ဦးကို ပို့လိုက်တယ်ဟူ၍..

"မင်းရဲ့ကလေး မွေးလာရင် ကိုယ့်ကို မွေးစားအဖေဖြစ်ခွင့်ပေး ဘာပဲဖြစ်ဖြစ် ကိုယ်က အကွေးကောင်ဆိုတော့ ကိုယ့်ကိုဂရုစိုက်ပေးဖိုးနဲ့ နောက်ဆို အမွှေးတိုင်ထွန်းပေးမယ့် မွေးစားသားတစ်ယောက်ရှိတာ ကောင်းတာပေါ့ "

လော့ယန်က သိပ်မရီရတဲ့ ဟာသတစ်ခုကို ပြောလာသည်။ စုကျစ်ယန်အနေဖြင့်လည်း ကြာကြာမငြင်းပယ်နိုင်ပါချေ။ သူကလျင်လျင်မြန်မြန်ပင် ပြောလာသည်။

"ကောင်းပြီလေ ခင်ဗျားကအဲလိုပြောလာမှတော့ ကျွန်တော် ခင်ဗျားစေတနာတွေကို မငြင်းတော့ပါဘူး အခုတော့ ကျွန်တော် အယ်လ်ကိုဟောပါတာ သောက်လို့မရဘူး ဆိုတော့ အရက်အစား ရေနွေးကြမ်းနဲ့ ကမ်းပေ့ လုပ်ကြတာပေါ့ ခင်ဗျားနဲ့သိရတာ တကယ်ကောင်းပါတယ် နောက်ဆို ခင်များက ကျွန်တော့်ကလေးရဲ့ မွေးစားဖေဖေ ဖြစ်လာလိမ့်မယ် "

"သစ္စာဆိုတယ်!"

လော့ယန်နှင့် စုကျစ်ယန် ပြိုင်တူ ပြောဆိုရင်း ခွက်ချင်းတိုက်ကာ တွေးလိုက်မိကြသည်။ တစ်စုံတစ်ယောက်ရဲ့ ဗိုက်ထဲက အရာသေးသေးကတော့ အနာဂတ်မှာ လူတွေအများကြီးဆီက သည်းသည်းလှုပ်တာ ခံရတော့မှာပဲ။

ဒီအစားအစာတွေ .. စုကျစ်ယန် တကယ်ကြီးကို အများကြီး စားပစ်လိုက်တာပဲ။ သူအရင်ဘ၀ ဘယ်လိုကိုယ်၀န်ဆောင်ပြီး ဘယ်လိုပြန်မွေးဖွားလာရလဲဆိုတာကို ပြန်တွေးနေမိသည် ။ သူ့တွင် စားချင်စိတ်ဟူ၍ မရှိခဲ့ချေ။ သို့သော်ငြား တစ်စုံတစ်ခုကို စားပြီးနောက်မှာတော့ သူ့ရဲ့အန်ချင်စိတ်တွေဟာ လျော့ပါးသွားခဲ့သည်ပင်။

လော့ယန်၏ အကြံပေးမှုနောက်တွင် စုကျစ်ယန်သည် ခွင့်စာတစ်ခုကို ရေးလိုက်ပြီး အိပ်စက်အနားယူဖို့ရာ သူ၏အခန်းကို ပြန်လာခဲ့သည်။ နောက်တစ်နေ့တွင် ဆေးရုံကိုသွားကာ ဆေးခွင့်စာ ယူဖို့အတွက် ပြင်ဆင်ရင်းဖြင့်။

ဘာလုပ်ရမလဲဆိုတာနဲ့ ပတ်သက်၍တော့ လော့ယောင်တစ်ယောက်လုံး၏ အကူအညီရှိတာမို့ ထိုအရာနှင့် ပတ်သက်ပြီး စိုးရိမ်စရာတော့ မရှိပါချေ ။

နောက်တစ်နေ့တွင်..

စုကျစ်ယန်၏ မနက်ခင်းပိုင်းအန်ခြင်းသည် ပို၍ သက်သာလာခဲ့သည်။ သို့တိုင် အလုံးစုံရပ်တန့်သွားခြင်းမဟုတ်ဘဲ ဆက်ပြီး အန်နေဆဲပင် ။

ယနေ့တွင် လော့ယန်၌ အတန်းချိန်မရှိပါချေ ။ သို့တိုင် သူသည် အစောကြီးပင် ထလာ၏ ။ ကြက်ဥစိမ်းနှစ်လုံးကို anti-collision box ထဲသို့ထည့်ကာ ပြင်ဆင်ထားလိုက်သည်။ စုကျစ်ယန် အဆင်သင့်ဖြစ်သည့်အခါတွင် သူတို့အတူတကွ လှေကားထစ်တွေအတိုင်း ဆင်းလာခဲ့ကြသည်။

လော့ယောင်က တက္ကစီတစ်စီးကိုတားကာ စုကျစ်ယန်ကို ကားနောက်ခန်းတွင် ထိုင်ခိုင်း စေလိုက်သည်။ သူက လိမ္မော်သီးတစ်လုံးကိုလည်း ဂရုတစိုက် ပြင်ဆင်လာသေး၏။ စုကျစ်ယန်ကို ပေးလိုက်ရင်း -

"လိမ္မော်သီးကို ဖျစ်ပြီးအနံ့ရှူလိုက် ဒါဆိုရင် မင်းမသက်မသာ ခံစားရတော့မှာမဟုတ်ဘူး "

စုကျစ်ယန် ကျေနပ်စွာပြုံးလိုက်ပြီးနောက် လိမ္မော်ခွံကိုသူ၏လက်သည်းများဖြင့် ကုတ်ခြစ်ကာ သူ့နှာခေါင်းအနားမှာယူပြီး နမ်းလိုက်သည်။ ပြင်းထန်သည့် ချဉ်စူးစူးအန့ံက သူ၏မူးေ၀ပြီးမသက်မသာဖြစ်နေသည့် အခြေအနေမှ လွတ်မြောက်အောင် ကူညီပေးလိုက်သည်။

စုကျစ်ယန်ကို စကားပြောနေရင်းနှင့်ပင် လော့ယောင်က ဒရိုင်ဘာကို ပုဂ္ဂလိကဆေးရုံကိုသွားဖို့ပြောလိုက်၏။

"ဖျင်အန်းဆေးရုံကိုပဲသွားပါလား ဘာလို့ ပုဂ္ဂလိကဆေးရုံလဲ "

စုကျစ်ယန်အနေဖြင့် ပုဂ္ဂလိကဆေးရုံကိုသွားမည်ဟူသောစကားကိုကြားလိုက်ရသည့်အခါ  အရင်ဘ၀တွင်ထိုနေရာ၌ သူဘယ်လိုသေဆုံးခဲ့ရသည်ကို အမှတ်ရလိုက်ပြီး ထိုဆေးရုံသို့ သွားလိုစိတ်မရှိတော့ချေ။

"အဲဒီက ကိရိယာတွေကပိုကောင်းပြီး လိုအပ်တာအားလုံးရှိတယ် နောက်ဆယ်မိနစ်လောက်ဆိုရောက်ပြီ ဘာကိုမှဂရုစိုက်မနေပါနဲ့ မင်းရဲ့ကျန်းမာရေးက ပိုအရေးကြီးတယ် "

လော့ယန်၏စိတ်ထဲတွင် စုကျစ်ယန်တစ်ယောက် ငွေကြေးအကုန်အကျများမည်ကို တွေးပူနေသည်ဟုထင်မိပြီး သေချာရှင်းပြလိုက်၏ ။

"ဒါပေမယ့်.."

စုကျစ်ယန် တစ်ခုခုပြောဖို့ကြိုးစားလိုက်ပေမယ့် လော့ယန်က သူ့စကားကိုဖြတ်ပြီး ပြောလာပြန်သည် ။

"အဲ့ဆေးရုံမှာ ကိုယ့်အသိတွေရှိတယ် နောက်ပိုင်းတစ်ခုခုလွဲချော်သွားရင်တောင် သူတို့ရှိတော့ စိုးရိမ်စရာရှိမှာမဟုတ်ဘူး.."

စုကျစ်ယန် ထိုအတွက်စဉ်းစားပြီးနောက် လက်ခံလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကဖျက်ချတာမျိုးလုပ်မှာမှ မဟုတ်တော့တာ ဘာကြောက်စရာများလိုလို့လဲ။

ဧည့်ကြိုဌာန၌ တန်းစီခြင်း၊ ငွေပေးခြင်း အစရှိသည်အားလုံးကို လော့ယန်ကလုပ်ပေးသွားပြီး စုဇစ်ယောင်အတွက်ကမူ ခုံ၌ငြိမ်ငြိမ်လေး ထိုင်စောင့်နေရုံလေးပင်။

စုကျစ်ယန်တစ်ယောက် စောင့်နေရင်းကပျင်းလာသည့်အခါ သူ့ဘေးရှိ ဖျော်ဖြေရေးမဂ္ဂဇင်းကိုဖတ်နေလိုက်၏။ အတော်ကြာအောင် ဖတ်နေရင်းက ထိုအထဲတွင် ရင်းနှီးနေသောမျက်နှာတစ်ခုကို တွေ့လိုက်ရသည့်အခါ စုကျစ်ယန်၏ မျက်လုံးတွေက အံ့အားသင့်မှုကြောင့် ကျယ်လာရသည်။ လင်ကျန်းရီလား...

ဥက္ကဌလင်ကျန်းရီနှင့် ငယ်ရွယ်ပြီးချမ်းသာသည့်မိန်းမပျိုလေး စုကျစ်ချီတို့ ခြေလွန်လက်လွန်ဖြစ်ကာ လက်ထပ်တော့မည် ! !

ခေါင်းစဉ်ကအလွန့်အလွန် ဒရာမာဆန်လွန်း၏။ 'ခြေလွန်လက်လွန်နှင့် လက်ထပ်ခြင်း' ဟူသော စာလုံးနှစ်လုံးကို အတော်ကြာအောင် စိုက်ကြည့်ပြီးနောက်တွင် စုကျစ်ယန်အနေဖြင့် ငိုချလိုက်ရမည်လား ရယ်မောပစ်ရမည်လား မသေချာတော့ချေ။

ဒါပေါ့ လုံလောက်နေပြီပင်။ မိန်းမတစ်ယောက်ဖြင့် လက်ထပ်ခြင်းက အကွေးတစ်ကောင်၏ နောက်ဆုံးဦးတည်ချက်ပါတဲ့။

စုကျစ်ယန် သူ၏၀မ်းဗိုက်လေးကို ငြင်သာစွာပင်ပွတ်သပ်လိုက်သည်။ ထိုလူဆိုးကောင်၏ အသွေးအသားတွေ သူ၏၀မ်းဗိုက်ထဲတွင် ဖြစ်တည်လာစေသည်ကား ကံတရားကြီးက သူ့ကိုထေ့ငေါ့နေခြင်းပေလောဟု တွေးမိစေ၏။

အတိတ်ဘ၀တွင် ထိုလူဆိုးကောင်ကိုသွားရှာပြီး တာ၀န်ယူခိုင်းခြင်းကလွဲ၍ သူ့အတွက်အခြားရွေးစရာ နည်းလမ်းမရှိခဲ့ချေ။ ထိုအချိန်က လက်ထပ်ခြင်းသို့မဟုတ် အခြားခေါင်းစဉ်တစ်ခုခုကို ရချင်စိတ်သူ့တွင် လုံးလုံးလျားလျားမရှိခဲ့ပေ။

သူအလိုရှိခဲ့သည်မှာ ထိုလင်မျိုးရိုးလူဆိုးကောင်က ကလေးကိုအန္တရာယ်ကင်းကင်းမွေးဖွားပြီးသည့်အချိန်အထိ သူ့ကို အစားအသောက်နှင့်အ၀တ်အစား ထောက်ပ့ံပေးစေချင်ရုံမျှသာ။

ပြီးလျှင် ကလေးကိုမည်သူကပင် စောင့်ရှောက်ပါစေကိစ္စမရှိခဲ့သည့်တိုင် ထိုလူကတော့ သူ့ကိုပင်ဆေးရုံအထိခေါ်ကာ ကလေးဖျက်ချခိုင်းပြီး သေအောင်လုပ်လိုက်သေး၏။ သူ့ဗိုက်ထဲက ဖြစ်တည်နေဆဲကလေးငယ်ပင် ဖျက်ဆီးခံလိုက်ရသည်။ မှန်သည် စုစုပေါင်းအသက်နှစ်ခုကို ပျက်သုဉ်းစေခဲ့ခြင်းပင်။

ယခုတော့ လင်ကျန်းရီတစ်ယောက် မိန်းကလေးတစ်ဦးဖြင့်လက်ထပ်ရန် ပြင်ဆင်နေသည်ကို သူမြင်နေရပေပြီ။ သူဟားတိုက်ပြီးရယ်လိုက်ချင်ပေမယ့် မလုပ်နိုင်ခဲ့ချေ။ သူ့နှလုံးသားဟာ ညှိုးငယ်နွမ်းလျသွားသလိုပင်။

ညလုံးပေါက်အတူရှိနေခဲ့ခြင်းက သူ့အတွက်နက်ရှိုင်းသည့်ခံစားချက်ကို ဖြစ်မလာစေခဲ့ပေမယ့် လျစ်လျူရှုခံရခြင်းနှင့် ပစ်ပယ်ခံလိုက်ရသလိုခံစားချက်များကြောင့် စုကျစ်ယန်စိတ်ထဲ နေမကောင်းတော့သလို မအီမသာ၊ မသက်မသာ ခံစားလိုက်ရ၏ ။

မေ့လိုက်တော့ .. သူကဒီအတိုင်း လူဆိုးကောင်တစ်ယောက်သက်သက်ပဲဟာ.. သူ၀မ်းနည်းရလောက်အောင် မထိုက်တန်ပါဘူး  ပြီးတော့သူက အဲဒီ့လင်မျိုးရိုးကောင်နဲ့ သူ့ဘ၀ကိုအတူကုန်ဆုံးဖို့လည်း တွေးမထားဘူးလေ .. အရေးအကြီးဆုံးက သူကိုယ်၀န်ဆောင်နေတဲ့အချိန်ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်ဖို့နဲ့ ကလေးကိုဘေးကင်းကင်းမွေးဖွားပြီး ပြုစုပျိုးထောင်ဖို့ပါပဲ ..

အတွေးနှင့်ထပ်တူ စုကျစ်ယန်လည်း Entertainmentမဂ္ဂဇင်းကို ပိတ်လိုက်ပြီး သူ့နောက်ကျောဘက်မှာ ပြန်ထားလိုက်စဉ် ရင်းနှီးနေသည့် နာမည်တစ်ခုကို ကြားလိုက်ရသည်။ ရုတ်တရက်ထိတ်လန့်သွားရပြီ မဂ္ဂဇင်းကိုကောက်ယူကာ ဖြန့်လိုက်ပြီး သူ့မျက်နှာကို ကာလိုက်၏။

"လင်ကျန်းရီ နင်ငါ့ကို ဒီကို ခေါ်လာတာက ဘာသဘောလဲ "

လှပပြီးနားထောင်ကောင်းသည့်အသံလေးသည် ဒေါသများဖြင့်လည်း ပြည့်နှက်နေ၏ ။

စုကျစ်ယန် ထိုင်နေသည့်ထိုင်ခုံနေရာသည် ကော်ရစ်ဒါ၏ထောင့်ချိုးတစ်ခုအနားတွင်ဖြစ်ကာ အသံက ထိုထောင့်ချိုးအပြင်ဘက်ကလာသည်မို့ ထိုနာမည်မှာ လင်ကျန်းရီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။ သိချင်စိတ်တွေများလာသည့်အခါ စုကျစ်ယန် ထိုဘက်ခြမ်းကိုအသာရွေ့သွားလိုက်ပြီး ခိုးနားထောင်လိုက်သည် ။

သိပ်မကြာခင်မှာပင်ကြားလိုက်ရသည့် လင်ကျန်းရီ၏ အာဏာရှင်ဆန်ဆန်အသံကြောင့် သူ၏သံသယတွေရှင်းလင်းသွားရသည် ။

"ဘာအဓိပ္ပါယ်လဲ ငါမင်းကိုစစ်ဆေးဖို့ခေါ်လာတာပေါ့! ! မင်းဗိုက်ထဲကငါ့ကလေး ဘယ်နှလရှိပြီလဲသိချင်လို့လေ"

"..ရီ အဲလိုမလုပ်စမ်းပါနဲ့ ဘာလို့ငါ့ကိုပြဿနာရှာချင်နေရတာလဲ အသုံးမ၀င်တာသိရက်နဲ့"

ချိုသာတဲ့အသံလေးက ဒေါသတွေကွယ်ပျောက်သွားပြီး ပျော့ပျောင်းလာ၏ ။

"ဒီကလေးက တကယ်နင့်ကလေး ဒါကိုအန်တီကလည်းအတည်ပြုပြီးပြီ ပြီးတော့သူကတိပေးထားတယ် ငါသာဒီကလေးကိုမွေးပေးမယ်ဆိုရင် ပြီးတာနဲ့ငါတို့ကွာရှင်းလည်း ကိစ္စမရှိဘူးတဲ့ ငါ့ကိုဒီကလေးမွေးခွင့်ပေးမယ်မလား"

"စုကျစ်ချီ ငါ့ရှေ့မှာလာပြီးမလှည့်စားစမ်းနဲ့! ! နင်နဲ့ငါမတွေ့ရတာပဲ လေးလလောက်ရှိနေပြီ အခုမင်းကမင်းဗိုက်ထဲက ကလေးကငါ့ဟာပါလို့ပြောနေပြန်ပြီ ဒါဆိုလည်း ငါနဲ့အတူ မီးယပ်သားဖွားဌာနမှာ အဲ့ကိုယ်၀န်က တကယ်ပဲလေးလရှိပြီလားဆိုတာ စစ်ဆေးစမ်းပါ !"

လင်ကျန်းရီ၏အသံတွင် ဒေါသထွက်နေသည့်အရိပ်အယောင် ပါမနေသည့်တိုင် သူ့အရှိန်အဝါနှင့်သူတော့ ရှိနေဆဲပင်။

"ပြီးတော့ အဲ့အချိန်ကမင်းငါ့ကိုဆေးခပ်ခဲ့တယ် ပြီးတော့အဲဒီ့ရေခွက်ကိုငါမသောက်ခဲ့ဘူး မင်းရဲ့အကြံအဖန်တွေအတိုင်း အလိုက်သင့်လေးနေပေးခဲ့ပေမယ့် ငါကမင်းကိုထိတောင်မထိခဲ့တဲ့ဟာကို သခင်မလေးစုက ကိုယ်၀န်ရနိုင်သေးတယ်ပေါ့"

"နင်.."

သူမကိုအံကိုတင်းတင်းကြိတ်လိုက်ပြီး ပြောလာသည်။

"နင်လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ ဒါက နင်တို့လင်မိသားစုရဲ့ အပြစ်ကြောင့်ဖြစ်ရတာပဲ "

"မင်းဘာတွေကြံနေလဲငါသိတယ် ငါ့အမေကမင်းကိုလက်ခံတာနဲ့ပဲ မင်းကကောင်းကောင်းနေပြီးပျော်ရွှင်ရမယ်လို့ထင်နေတာလား ပြီးတော့ ငါ့ခွင့်ပြုချက်မရဘဲမဂ္ဂဇင်းတိုက်နဲ့ပေါင်းပြီး ထုတ်ေ၀လိုက်သေးတယ်နော် မင်းငါ့ကိုကစားဖို့ရည်ရွယ်နေတာလား မင်းကိုပြောလိုက်မယ်မင်းရဲ့ရည်ရွယ်ချက်ကျရှုံးရုံတင်မဟုတ်ဘူး မင်းကမင်းရဲ့ဖြူစင်မှုတွေကိုပါ ကိုယ်တိုင်အရောင်ဆိုးလိုက်တာပဲ သခင်မလေးစုက အရမ်းမိုက်တဲ့ဟာ ငါနဲ့လွန်လွန်ကျူးကျူးဖြစ်သွားရတဲ့အထိ ရူးမိုက်မှာမဟုတ်ပါဘူး ဟုတ်တယ်မလား"

လင်ကျန်းရီကသူ့ရဲ့နက်ခ်တိုင်ကို သေချာပြုပြင်ရင်းပြောလိုက်သည်။

"ငါမင်းကိုလက်ထပ်မှာမဟုတ်ဘူး"

ဘာကြောင့်မှန်းမသိ ထိုစကားလုံးတွေပါသည့်ဝါကျခြောက်ကြောင်းကို ကြားလိုက်ရပြီးနောက် စုကျစ်ယန်၏ နှုတ်ခမ်းထောင့်စွန်းတွေဟာ အပေါ်ကိုအနည်းငယ်ကွေးတက်သွားရင်း ခပ်ဖျော့ဖျော့အပြုံးလေးက မျက်နှာပေါ်မှာ ပေါ်လာ၏။

ဒါပေါ့ အဲ့စကားကို သူဘယ်လိုလုပ်မေ့မှာတဲ့လဲ။ နှလုံးသားထဲကအထိမှတ်မိနေခဲ့တာ။ နောက်ဆုံးတော့လည်း လင်လူဆိုးကောင်ဟာ လူဆိုးကောင်ဖြစ်နေတာပါပဲ။ အရင်ကတော့ စုကျစ်ယန် သူ့ကိုလေးစားခဲ့သေးသည်။

ထင်မထားဘဲ ထိုလူကကျားမ-မရွေးစားတဲ့ စားဘဲကြီးဖြစ်နေတဲ့အပြင် စားပြီးနားမလည်လုပ်ကာ တာ၀န်မယူပါဘူးတဲ့ယ  ယောက်ျားတစ်ယောက်အတွက်တော့ သူ့မှာကိုယ်၀န်ရှိနေပြီလို့ပြောပြီး တာ၀န်ယူခိုင်းဖို့အတွက်က ရယ်ချင်ဖွယ်ရာကောင်းလွန်းလှသည်။

ထို့ကြောင့် ထိုကိစ္စကိုလက်မခံလျှင်ပင် ပြဿနာမရှိပါချေ နားလည်ပေးနိုင်၏။ ဒါပေမယ့် ယခုကမူ မိန်းကလေးတစ်ယောက်ဖြစ်၏။ မတူတော့ချေ။ ထို့အပြင် သူ့မိသားစုတွေကလည်း ထိုအခြေအနေကိုလက်ခံပြီး ကလေးမွေးဖွားပြီးသည်နှင့် ကွာရှင်းခွင့်ပေးမည်ဟု ပြောထားသည့်တိုင် ထိုလင်မျိုးရိုးလူဆိုးကောင်ကတော့ တာ၀န်ယူဖို့ကို ငြင်းပယ်နေဆဲဖြစ်၏။

ဟေး ဒီကမ္ဘာမှာ လင်မျိုးရိုးလောက် အကျင့်ပုတ်ပြီးဆိုးရွားတဲ့လူ ရှိပါအုံးပြောကြည့် ရှိပါအုံးမလား?..

ဒေါက်တာနှင့်တွေ့ဖို့ လုပ်ရိုးလုပ်စဉ်တွေ တစ်သီတစ်သန်းကြီးကို ကျော်ဖြတ်ပြီးနောက်တွင် လော့ယန် စုကျစ်ယန်ဆီကို ပြန်လှည့်လာခဲ့သည်။ သို့ပေမယ့် ကြည့်ရသည်မှာ ကောင်လေးကသူဖတ်နေသည့် မဂ္ဂဇင်းကိုအင်မတန်စိတ်၀င်စားနေပုံရပြီး မျက်နှာဟာ ထိုထဲသို့ဖောက်၀င်လုပ်မတတ်ဖြစ်နေ၏။

ထို့ကြောင့် သူစုကျစ်ယန်ကို အနည်းငယ်တွန်းထိုးကာခေါ်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"ကျစ်ယန် သွားစို့ မင်းအလှည့်ရောက်ပြီ သွားပြီးဆေးစစ်ရအောင်"

ထိုစကားလုံးတွေကိုကြားပြီးသည့်အခါ စုကျစ်ယန်တစ်ယောက် ရင်ထိတ်သွားရပြီး မဂ္ဂဇင်းကိုအေ၀းကို လွှင့်ထုတ်ကာ ခုံပေါ်ကခုန်ဆင်းလိုက်ပြီးနောက် လော့ယန်၏လက်ကိုဆွဲ၍ လင်ကျန်းရီတို့ရှိသည့်ထောင့်နှင့် ဆန့်ကျင်ဘက်အရပ်ကို အမြန်ဆုံးထွက်ပြေးလာခဲ့သည်။

"ဟေ့.. ကျစ်ယန်! မင်းဘာတွေအလျင်လိုနေတာလဲ အရမ်းမပြေးနဲ့ မင်းရဲ့ဗိုက်ကိုဂရုစိုက်ရ~ အု.."

လော့ယန်၏စကားလုံးတွေဟာ စုကျစ်ယန်၏လက်ဝါးဖြင့် ပိတ်ဆို့တားဆီးခံလိုက်ရသည်။ ထိုအချိန်မှာပင် သူတို့နှစ်ဦးစလုံးသည် ထောင့်ချိုး၏အဆုံးကိုရောက်နေချေပြီ။ ဓာတ်လှေကားစောင့်ရတာကိုပင် စိတ်မရှည်ဖြစ်လာသည့် စုကျစ်ယန်က နောက်တစ်ကြိမ်လော့ယောင်ကို အရေးပေါ်လှေကားတွေဆီ အတင်းအကြပ်ဆွဲခေါ်သွားခဲ့ပြန်သည်။

Translated by ChuChu.

___________

(Zawgyi)

အခန္​း ၁၈။ ကိုယ္​၀န္​​ေၾကာင္​့ အိမ္​​ေထာင္​ျပဳျခင္​း။

စုက်စ္ယန္​ဟာ ငိုက္မ်ဥ္းကာ အိပ္ေမာမက်ခင္အထိ အိပ္ယာထဲမွာ လွဲရင္းအေတြးလြန္ေန၏။ ႐ုတ္တရက္ ေမႊးပ်ံ့ေသာ အနံ႕ႏွင့္အတူ နိုးလာၿပီး သူ႕မ်က္လုံးေတြကို ရႈပ္ေထြးစြာ ဖြင့္ၾကည့္လိုက္သည္။

ထိုအေမႊးနံ႕ေနာက္ကိုလိုက္ရင္း အခန္းတံခါးကို ဖြင့္လိုက္၏။ မီးဖိုခန္းတံခါး၀ကို မေရာက္မခ်င္း ပါပီေလးတစ္ေကာင္လို တရႈံ႕ရႈံ႕ အနံ႕ခံရင္း ေလွ်ာက္လာသည္​။

"ဒါကဘာလဲ အရသာရွိမယ့္ အနံ႕ေလး "

စုက်စ္ယန္သည္ အိပ္တစ္၀က္နိုးတစ္၀က္ျဖင့္ပင္ ႐ုတ္တရက္ႀကီး သူဗိုက္ဆာေနတာကို ခံစားလိုက္ရသည္ ။

"ေရခဲေသတၱာထဲမွာ စားစရာေတြရွိေနတာေတြ႕လို႔ ညစာခ်က္လိုက္တယ္ အခုၿပီးခါနီးၿပီ ဧည့္ခန္းထဲမွာ ခဏေလာက္ထိုင္ေစာင့္ေနေနာ္ ေရာ့ ဒီဟင္းခြက္ကို အရင္ယူသြားလိုက္ "

ေလာ့ယန္​ဟာ ​ေအပ႐ြန္ကို၀တ္ထားလ်က္ရွိကာ သူ႕ပုံစံက chefတစ္ေယာက္ႏွင့္ပင္ တူေနေသးသည္​။ စုက်စ္ယန္ပန္ကန္လုံးကိုယူလိုက္ရင္း ရယ္လိုက္သည္ ။

"ခင္ဗ်ား တကယ္ဟင္းခ်က္တတ္မယ္ မထင္ထားဘူး "

"ဒါက ကိုယ့္အားကိုယ္ကိုးတယ္ေခၚတယ္ ဟုတ္ၿပီလား ကဲ သြားေတာ့ မင္းရဲ႕ဗိုက္ထဲက ကေလးကို ေညွာ္နံ႕ေတြ မီးခိုးေငြ႕ေတြ မရႉေစနဲ႕"

ေလာ့ယန္​က စုက်စ္ယန္ကို အခန္းျပင္ကိုတြန္းပို႔ရင္း မီးဖိုခန္းတံခါးကို ပိတ္လိုက္သည္။ စုက်စ္ယန္ သူ႔ပါးကို ခပ္ဖြဖြကုတ္လိုက္သည္ ။ အနည္းငယ္ ရွက္သလို ခံစားရ၏။ ဘာလို႔မ်ား သူရွာမိတာ အိမ္ငွါးမဟုတ္ပဲ ကေလးထိန္းငွါးမိသလို ခံစားေနရပါလိမ့္။

အေတာ္ၾကာေအာင္ ထိုင္ေစာင့္ၿပီးေနာက္မွာေတာ့ ေလာ့ယန္​တစ္ေယာက္ သုံးခုထက္မနည္းတဲ့ ပန္းကန္ခြက္ေယာက္မ်ားကို ငယ္ကာထြက္လာသည္။ စုက်စ္ယန္၏ေရွ႕တြင္ ထမင္းပန္းကန္လုံးကို ခ်ေပးရင္းျဖင့္-

"စားေလ မင္းဗိုက္ဆာေနေရာေပါ့ "

"ေက်းဇူး ခင္ဗ်ားလည္စားပါ "

စုက်စ္ယန္ ဟင္းေတြကို ျမည္းစမ္းဖို႔ရာ မေစာင့္နိုင္ေတာ့ေခ်။ ၾကည့္ရသည္မွာ အလြန္အရသာရွိပုံေပၚ၏။ ဒီရက္ေတြမွာ ဆက္တိုက္အန္ေနရသည္မို႔ သူ႕တြင္ စားခ်င္စိတ္ဟူသည္မွာ မ်ားမ်ားစားစား မရွိပါေခ် ။ ထိုအခ်ိန္မွာေတာ့ သူႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ စားေသာက္ခဲ့သည္ ။

"ေနာက္ဆို ဟင္းေတြကို ကိုယ္ခ်က္မယ္ ဒီလိုဆို မင္းရဲ႕ခႏၶာကိုယ္လည္း အာဟာရဓာတ္ ျပည့္တာေပါ့ "

ေလာ့ယန္​ ေရတစ္ခြက္ကို ေလာင္းခ်ရင္း ရိုးရိုးသားသားပင္ေျပာလာသည္ ။

"ေန႕ခင္းက ကိုယ္ေျပာခဲ့မိတာေတြအတြက္ ေတာင္းပန္ပါတယ္ ကိုယ္မင္းကို ကေလးဖ်က္ခ်ဖိဳ႕အႀကဳံမျပဳခဲ့သင့္ဘူး ကိုယ္ေျပာခဲ့တာေတြကို စိတ္ထဲမထားပါနဲ႕ "

စုက်စ္ယန္ သူ၏လက္ကို ခါယမ္းလိုက္ရင္း-

"ဘယ္ကသာ! ခင္ဗ်ား ကြၽန္ေတာ္ေကာင္းဖို႔ေျပာမွန္း သိပါတယ္ ကြၽန္ေတာ္ကသာ.. ဟီးဟီး ကြၽန္ေတာ္အျပစ္မျမင္ပါဘူး ၿပီးေတာ့ ခင္မ်ားက ဟင္းခ်က္ေကာင္းေတာ့ ခင္မ်ားဆီက အလုပ္ကို မခိုးေတာ့ဘူး(tn-ဟင္းခ်က္မကူဘူး ဘာညာ) ဒါေပမယ့္ ေနာက္ဆိုရင္ေတာ့ ဟင္းခ်က္ပစၥည္းေတြကိုေတာ့ ကြၽန္ေတာ္ ၀ယ္ပါ့မယ္"

"မလိုပါဘူး အတန္းၿပီးတာနဲ႕ ကိုယ္၀ယ္လာခဲ့မယ္ မင္းတတ္နိုင္သမွ် လႈပ္လႈပ္ရွားရွားမလုပ္ဘဲ အနားယူရမယ္"

ေလာ့ယန္​ ျငင္းပယ္လိုက္တဲ့အခါ စုက်စ္ယန္ဆီမွာ ရွက္႐ြံ႕ရိပ္အခ်ိဳ႕ ျဖတ္ေျပးသြားတာကို ျမင္လိုက္ရသျဖင့္ သူကပင္ထပ္ၿပီးေျပာလာသည္ ။

"မရွက္ပါနဲ႕ ကိုယ္ဒီနားတစ္ဝိုက္ ငွါးရမ္းခေတြအကုန္ လိုက္ၾကည့္ထားတာ အားလုံးကမင္းထက္ ႏွစ္ေထာင့္ငါးရာေလာက္ ပိုမ်ားေနတယ္ အဲတာေၾကာင့္ ကိုယ့္အတြက္အမ်ားႀကီး သက္သာသြားတာ ၿပီးေတာ့ ကိုယ္တို႔ႏွစ္ေယာက္လုံးကလည္း အမ်ားႀကီးမစားနိုင္ၾကဘူးေလ အစားအစာနဲ႕ အျခားလိုအပ္တာေတြ ကိုယ္ပဲ၀ယ္ပါ့မယ္ "

"တကယ္ရွက္စရာေကာင္းတာပဲ "

စုက်စ္ယန္ရယ္လိုက္သည္။ သူ၏စိတ္ထဲတြင္ေတြးေနသည္ကား - ေကာင္းကင္ဘုံက ေနာက္ဆုံးေတာ့ သူ႕ကိုျမင္သြားခဲ့ၿပီပဲ ႏူးညံ့ညင္သာၿပီး ၾကင္နာတတ္တဲ့ လူႀကီးလူေကာင္းဆန္တဲ့ သူ႕ကိုဂ႐ုစိုက္ေပးတဲ့ လတိုင္း ပိုက္ဆံေတြေပးမယ့္ ကိုလူေခ်ာတစ္ဦးကို ပို႔လိုက္တယ္ဟူ၍..

"မင္းရဲ႕ကေလး ေမြးလာရင္ ကိုယ့္ကို ေမြးစားအေဖျဖစ္ခြင့္ေပး ဘာပဲျဖစ္ျဖစ္ ကိုယ္က အေကြးေကာင္ဆိုေတာ့ ကိုယ့္ကိုဂ႐ုစိုက္ေပးဖိုးနဲ႕ ေနာက္ဆို အေမႊးတိုင္ထြန္းေပးမယ့္ ေမြးစားသားတစ္ေယာက္ရွိတာ ေကာင္းတာေပါ့ "

ေလာ့ယန္​က သိပ္မရီရတဲ့ ဟာသတစ္ခုကို ေျပာလာသည္။ စုက်စ္ယန္အေနျဖင့္လည္း ၾကာၾကာမျငင္းပယ္နိုင္ပါေခ်။ သူကလ်င္လ်င္ျမန္ျမန္ပင္ ေျပာလာသည္။

"ေကာင္းၿပီေလ ခင္ဗ်ားကအဲလိုေျပာလာမွေတာ့ ကြၽန္ေတာ္ ခင္ဗ်ားေစတနာေတြကို မျငင္းေတာ့ပါဘူး အခုေတာ့ ကြၽန္ေတာ္ အယ္လ္ကိုေဟာပါတာ ေသာက္လို႔မရဘူး ဆိုေတာ့ အရက္အစား ေရေႏြးၾကမ္းနဲ႕ ကမ္းေပ့ လုပ္ၾကတာေပါ့ ခင္ဗ်ားနဲ႕သိရတာ တကယ္ေကာင္းပါတယ္ ေနာက္ဆို ခင္မ်ားက ကြၽန္ေတာ့္ကေလးရဲ႕ ေမြးစားေဖေဖ ျဖစ္လာလိမ့္မယ္ "

"သစၥာဆိုတယ္!"

ေလာ့ယန္​ႏွင့္ စုက်စ္ယန္ ၿပိဳင္တူ ေျပာဆိုရင္း ခြက္ခ်င္းတိုက္ကာ ေတြးလိုက္မိၾကသည္။ တစ္စုံတစ္ေယာက္ရဲ႕ ဗိုက္ထဲက အရာေသးေသးကေတာ့ အနာဂတ္မွာ လူေတြအမ်ားႀကီးဆီက သည္းသည္းလႈပ္တာ ခံရေတာ့မွာပဲ။

ဒီအစားအစာေတြ .. စုက်စ္ယန္ တကယ္ႀကီးကို အမ်ားႀကီး စားပစ္လိုက္တာပဲ။ သူအရင္ဘ၀ ဘယ္လိုကိုယ္၀န္ေဆာင္ၿပီး ဘယ္လိုျပန္ေမြးဖြားလာရလဲဆိုတာကို ျပန္ေတြးေနမိသည္ ။ သူ႕တြင္ စားခ်င္စိတ္ဟူ၍ မရွိခဲ့ေခ်။ သို႔ေသာ္​ျငား တစ္စုံတစ္ခုကို စားၿပီးေနာက္မွာေတာ့ သူ႕ရဲ႕အန္ခ်င္စိတ္ေတြဟာ ေလ်ာ့ပါးသြားခဲ့သည္ပင္။

ေလာ့ယန္​၏ အႀကံေပးမႈေနာက္တြင္ စုက်စ္ယန္သည္ ခြင့္စာတစ္ခုကို ေရးလိုက္ၿပီး အိပ္စက္အနားယူဖို႔ရာ သူ၏အခန္းကို ျပန္လာခဲ့သည္။ ေနာက္တစ္ေန႕တြင္ ေဆး႐ုံကိုသြားကာ ေဆးခြင့္စာ ယူဖို႔အတြက္ ျပင္ဆင္ရင္းျဖင့္။

ဘာလုပ္​ရမလဲဆိုတာနဲ႔ ပတ္​သက္​၍​ေတာ့ ​ေလာ့​ေယာင္​တစ္​​ေယာက္​လံုး၏ အကူအညီ႐ွိတာမို႔ ထိုအရာႏွင္​့ ပတ္​သက္​ၿပီး စိုးရိမ္​စရာ​ေတာ့ မ႐ွိပါ​ေခ် ။

​ေနာက္​တစ္​​ေန႔တြင္​..

စုက်စ္ယန္၏ မနက္​ခင္​းပိုင္​းအန္​ျခင္​းသည္​ ပို၍ သက္​သာလာခဲ့သည္​။ သို႔တိုင္​ အလံုးစံုရပ္​တန္​႔သြားျခင္​းမဟုတ္​ဘဲ ဆက္​ၿပီး အန္​​ေနဆဲပင္​ ။

ယ​ေန႔တြင္​ ​ေလာ့​ယန္​၌ အတန္​းခ်ိန္​မ႐ွိပါ​​ေခ် ။ သို႔တိုင္​ သူသည္​ အ​ေစာႀကီးပင္​ ထလာ၏ ။ ၾကက္​ဥစိမ္​းႏွစ္​လံုးကို anti-collision box ထဲသို႔ထည္​့ကာ ျပင္​ဆင္​ထားလိုက္​သည္​။ စုက်စ္ယန္ အဆင္​သင္​့ျဖစ္​သည္​့အခါတြင္​ သူတို႔အတူတကြ ​ေလွကားထစ္​​ေတြအတိုင္​း ဆင္​းလာခဲ့ၾကသည္​။

​ေလာ့​ေယာင္​က တကၠစီတစ္​စီးကိုတားကာ စုက်စ္ယန္ကို ကား​ေနာက္​ခန္​းတြင္​ ထိုင္​ခိုင္​း ​ေစလိုက္​သည္​။ သူက လိ​ေမၼာ္​သီးတစ္​လံုးကိုလည္​း ဂ႐ုတစိုက္​ ျပင္​ဆင္​လာ​ေသး၏။ စုက်စ္ယန္ကို ​ေပးလိုက္​ရင္​း -

"လိ​ေမၼာ္​သီးကို ဖ်စ္​ၿပီးအနံ႔႐ွဴလိုက္​ ဒါဆိုရင္​ မင္​းမသက္​မသာ ခံစားရ​ေတာ့မွာမဟုတ္​ဘူး "

စုက်စ္ယန္ ​ေက်နပ္​စြာျပံဳးလိုက္​ၿပီး​ေနာက္​ လိ​ေမၼာ္​ခြံကိုသူ၏လက္​သည္​းမ်ားျဖင္​့ ကုတ္​ျခစ္​ကာ သူ႔ႏွာ​ေခါင္​းအနားမွာယူၿပီး နမ္​းလိုက္​သည္​။ ျပင္​းထန္​သည္​့ ခ်ဥ္​စူးစူးအန႔ံက သူ၏မူး​ေ၀ၿပီးမသက္​မသာျဖစ္​​ေနသည္​့ အ​ေျခအ​ေနမွ လြတ္​​ေျမာက္​​ေအာင္​ ကူညီ​ေပးလိုက္​သည္​။

စုက်စ္ယန္ကို စကား​ေျပာ​ေနရင္​းႏွင္​့ပင္​ ​ေလာ့​ေယာင္​က ဒ႐ိုင္​ဘာကို ပုဂၢလိက​ေဆးရံုကိုသြားဖို႔​ေျပာလိုက္​၏။

"ဖ်င္​အန္​း​ေဆးရံုကိုပဲသြားပါလား ဘာလို႔ ပုဂၢလိက​ေဆးရံုလဲ "

စုက်စ္ယန္အ​ေနျဖင္​့ ပုဂၢလိက​ေဆးရံုကိုသြားမည္​ဟူ​ေသာစကားကိုၾကားလိုက္​ရသည္​့အခါ  အရင္​ဘ၀တြင္ထို​ေ​နရာ၌ သူဘယ္​လို​ေသဆံုးခဲ့ရသည္​ကို အမွတ္​ရလိုက္​ၿပီး ထို​ေဆးရံုသို႔ သြားလိုစိတ္​မ႐ွိ​ေတာ့​ေခ်။

"အဲဒီက ကိရိယာ​ေတြကပို​ေကာင္​းၿပီး လိုအပ္တာအ​ားလံုး႐ွိတယ္​ ​ေနာက္​ဆယ္​မိနစ္​​ေလာက္​ဆို​ေရာက္​ၿပီ ဘာကိုမွဂ႐ုစိုက္​မ​ေနပါနဲ႔ မင္​းရဲ႕က်န္​းမာ​ေရးက ပိုအ​ေရးႀကီးတယ္​ "

​ေလာ့​ယန္​၏စိတ္​ထဲတြင္​ စုက်စ္ယန္တစ္​​ေယာက္​ ​​ေငြ​ေၾကးအကုန္​အက်မ်ားမည္​ကို ​ေတြးပူ​ေနသည္​ဟုထင္​မိၿပီး ​ေသခ်ာ႐ွင္​းျပလိုက္​၏ ။

"ဒါ​ေပမယ္​့.."

စုက်စ္ယန္ တစ္​ခုခုေျပာဖို႔ႀကိဳးစားလိုက္​​ေပမယ္​့ ​ေလာ့​ယန္​က သူ႔စကားကိုျဖတ္​ၿပီး ​ေျပာလာျပန္​သည္​ ။

"အဲ့​ေဆးရံုမွာ ကိုယ္​့အသိ​ေတြ႐ွိတယ္​ ​ေနာက္ပိုင္း​​တစ္​ခုခုလြဲ​ေခ်ာ္​သြားရင္​​ေတာင္​ သူတို႔ရွိ​ေတာ့ စိုးရိမ္​စရာ႐ွိမွာမဟုတ္​ဘူး.."

စုက်စ္ယန္

You are reading the story above: TeenFic.Net