Chapter 13 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း ၁၃။ ရှုပ်ထွေးမှု

လင်ကျန်းရီ တုန့်ဆိုင်းနေစဉ်မှာပင် စုကျစ်ယန်ဟာ အဆာပြေမုန့်တသီကြီးနှင့် ကိုယ်ဝန်ရှိမရှိစစ်ဆေးသည့် ကိရိယာလေးကိုယူကာ သူနေတဲ့အဆောက်အဦးအထဲသို့ ဝင်သွားခဲ့ပြီဖြစ်သည်။

လှေကားထစ်တွေကိုကျော်ခဲ့ပြီးနောက် ဓာတ်လှေကားရှေ့မှာရပ်လိုက်ကာ ခလုပ်ကိုနှိပ်လိုက်သည်။ ဓာတ်လှေကားကို စောင့်နေရင်းဖြင့် သူဝယ်လာတဲ့ မုန့်တွေအများကြီးထဲက ချောကလက်ပြားတစ်ခုကိုထုတ်ပြီး ဖြည်းဖြည်းချင်းကိုက်ဝါးနေ၏။

သိပ်မကြာမီမှာပင် ဓာတ်လှေကားရောက်လာသဖြင့် စုကျစ်ယန်သည်လည်း ဓာတ်လှေကားအတွင်းသို့ဝင်လိုက်ကာ သူ့ပါးစပ်မှာ ချောကလက်ကို ဆက်ကိုက်ထားရင်းဖြင့် ခုနှစ်လွှာကိုရွေးချယ်လိုက်သည်။

သူသွားရမည့်အထပ်ကို မရောက်မချင်း အထပ်ရေကို ရေတွက်နေသည့် screen ပေါ်က သူ့အကြည့်တွေကိုမခွာဘဲ မော့ကြည့်နေခဲ့လေသည်။

လင်ကျန်းရီ ကားပေါ်မှာ အတော်ကြာအောင် မလှုပ်မယှက်ရှိနေ၏။ သူ့လက်များက ကားစတီယာရင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး စုကျစ်ယန်၏နောက်သို့ လိုက်သွားရန်မတွေးခဲ့ချေ။

သူကားစက်ကို စနှိုးလိုက်၏။ အရှေ့ကိုအနည်းငယ်ဆက်သွားပြီးနောက် ကားကိုလှည့်ကာ နောက်ပြန်ဆုတ်လိုက်ပြန်သည်။ စုကျစ်ယန်နေသည့်အဆောက်အဦးကို ကျော်လွန်သွားသည့်အခါ မရည်ရွယ်ပါဘဲ ထိုအဆောက်အဦးကို ကြည့်မိပြန်သည်။

သို့သော်ငြားလည်း သူတွေဝေမနေသလို ရပ်တန့်ခြင်းမရှိပါပဲ ထိုနေရာကနေ ကားကိုမောင်းထွက်သွားခဲ့၏။

သူ စုကျစ်ယန်နှင့်ပတ်သက်ပြီး ဘာမှမလုပ်ရသေးမှီအတောအတွင်း သူနှင့်ပတ်သက်သမျှအကြောင်းအရာအားလုံးကို သိအောင်အရင်စုံစမ်းဖို့လိုအပ်သည်။

အကယ်၍များ စုကျစ်ယန်ဟာ သူဟာကိုယ်ဝန်ဆောင်နိုင်သူတစ်ဦးဆိုတာ သိလျက်နှင့် လူတကာဖြင့်ပတ်ပြီးဆက်ဆံနေသူသာဆိုရင်ဖြင့် သစ်ပင်မှာဖြစ်ဖြစ် တိုင်မှာပဲဖြစ်ဖြစ် ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သည်က ပို၍ကောင်းလိမ့်မည်။

မှန်သည် ဥက္ကဌလင်၌ သန့်ရှင်းဖြူစင်မှုနှင့်ပတ်သက်ပြီး အစွဲအလန်းကြီးသည့် ရောဂါရှိလေသည်။ အထူးသဖြင့် အသွင်အပြင်၌။ သူ့ကို တစ်စုံတစ်ယောက်ကို ပုံပန်းသွင်ပြင်ဖြင့်အကဲဖြတ်ပြီး သဘောမကျလျှင် စွန့်ပစ်တတ်သူတစ်ဦးဟူ၍ သင်တို့ပြောလို့ရနိုင်၏။

သူ့ကိုယ်ပိုင်ဘဝက ထင်သလောက်မရိုးရှင်းသလို သူ့ရဲ့အခြားတစ်ဖက်ခြမ်းကလည်း ခက်ထန်ကြမ်းတမ်းပေသည်။ လင်ကျန်းရီမှာ ထိုအကြောင်းအရာနှင့်ပတ်သက်၍ လေးစားမှုမရှိသူအဖြစ်လည်း နာမည်ကြီး၏။

ထို့ကြောင့် ဂျာနယ်လစ်များနှင့် မီဒီယာအချို့က ထိုအကြောင်းနှင့်ပတ်သက်ပြီး ကောလဟာလများကို အကျယ်တဝင့်လုပ်ကာ ရေးသားတတ်ကြသည်။

လင်ကျန်းရီမှာ စုကျစ်ယန်ပါပေါင်းမှ အတူနေဖူးသည့်အကြိမ်ရေ ငါးကြိမ်မျှသာရှိသည်။ ပထမနှစ်ကြိမ်ကို လူတစ်ဦးတည်းနှင့်သာအတူနေခဲ့ပြီး သူ၏ပါတနာမှာ သန့်ရှင်းနေသေးသောသူဖြစ်ခဲ့သည်။ (LPY/N - ဒီဖေ* ငါ့ကလေးလေးအတွက်တော့ သူတစ်ယောက်တည်းရှိဖူးတာကို)

သူတို့အားလုံးက ထိုအရာနှင့်ပတ်သက်ပြီး ကျေနပ်ခဲ့ကြသည်ပင်။ သူတို့လမ်းခွဲချင်လာသည့်အခါ အေးအေးဆေးဆေးပင် ပြတ်စဲလိုက်ပြီး ဘယ်လိုပြဿနာအရှုပ်အရှင်းမျိုးမှ မဖြစ်ခဲ့ဖူးပါချေ။

ထိုအချိန်တုန်းက ပထမဆုံးနမ်းကြည့်ရုံဖြင့် စုကျစ်ယန်ဟာအတွေ့အကြုံမရှိသူတစ်ဦးဆိုတာ သူသိခဲ့ပြီးနောက် အိပ်ယာထဲမှာအတူနေဖို့ရာ ခေါ်သွားခဲ့ခြင်းပေ။ အရင်နှင့်မတူတာက စုကျစ်ယန်ဟာ သူ့ကိုအခြားလူတွေနှင့်မတူဘဲ ပထမဆုံးစိတ်ဝင်စားစေသူတစ်ဦးပင်။

စုကျစ်ယန်ဆိုသည်မှာ သူ့ကိုစိတ်အနှောင့်အယှက်ပေးဖိုအတွက်များလားဟု ထင်ရသည်အထိ။ အခုသူဂရုစိုက်တာကတော့ စုကျစ်ယန်က တကယ်ပဲ ဖြူဖြူစင်စင်သန့်သန့်ရှင်းရှင်းကောင်လေးတစ်ယောက် ဟုတ်ရဲ့လားဆိုတာပင်။

အခုဆို ကိုယ်ဝန်စစ်သည့်ကိရိယာကို ဘယ်လိုဝယ်ရမလဲဆိုတာကိုပင် သိနေသည့်အထိ အတွေ့အကြုံတွေလုံလောက်နေခဲ့တာကို မြင်ခဲ့ပြီးပြီဖြစ်၏။

လင်ကျန်းရီ၏နှလုံးသားက ဗလာကျင်းနေပြီး ထိုအရာက တစစ်စစ်နာကျင်နေသည်ကို ခံစားရသည်။ သူ့ဒေါသတွေက ကိုယ်တွင်းမှာ လှည့်လည်သွားလာနေပြီး ပေါက်ကွဲမိတော့မလိုပင်။

သူ ဒီမတိုင်ခင်ကရော အခြားတစ်ယောက်ဖြင့်အိပ်ပြီးသည်နှင့် ကိုယ်ဝန်ရှိမရှိစစ်ဆေးရန်အတွက် ထိုကိုယ်ဝန်စစ်သည့်ကိရိယာကို ဝယ်ခဲ့ဖူးသည်လား။

မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် သူစုကျစ်ယန်ကို တကယ်ကြိုက်တာမို့ တစ်ခုခုလုပ်ဖို့ မဆုံးဖြတ်ရသေးခင် သေချာစုံစမ်းမည်။ ထို့ကြောင့် အမှန်တရားကဘာဆိုတာ သေချာမသိရသေးမှီမှာ ဘယ်လိုပြဿနာမျိုးကိုမှ အဖြစ်ခံမည်မဟုတ်ပါချေ။ အဲလိုမဟုတ်ပဲ သူလက်လွှတ်လိုက်ချင်လျှင်တောင် အတော်လေးကြိုးစားအားထုတ်ရပေအုံးမည်။

လင်ကျန်းရီ၏က အစီအစဉ်က တကယ်ကောင်းမွန်ပြည့်စုံခဲ့ပါသည်။ သို့ပေမယ့် ထိုအစီအစဉ်ကပင် သူ့ကိုစုကျစ်ယန်နှင့်အဝေးမှာ လေးလခန့်ခွဲနေစေလိမ့်မည်ဟု မထင်ခဲ့ပါချေ။

ကောင်းပြီ ဘာပဲဖြစ်ဖြစ်ဒါတွေက နောက်မှဖြစ်လာမယ့်အရာတွေပဲ။ အခု စုကျစ်ယန်အကြောင်းကို ပြောရအောင်။

စုကျစ်ယန် snackမုန့်တွေတစ်လှေကြီးကို ဝယ်ပြီးနောက် သူ့အိမ်ကိုပြန်ရောက်လာခဲ့သည်။ သူပထမဆုံးလုပ်တဲ့အရာက အိပ်ယာပေါ်ကို တစ်ကိုယ်လုံးပစ်လှဲလိုက်တာပင်။

အားလုံးပြီးသွားတော့ သူလည်း ဒဏ်ရာရထားတဲ့လူဖြစ်သွားသည်ပင်။ သူ့ရဲ့စိတ်အခြေအနေက သိပ်မကောင်းပါချေ။ ယွမ်ငါးသောင်းကတောင် သူ့ကိုတစ်ခဏမျှသာ နှစ်သိမ့်ပေးနိုင်ခဲ့သည်။

သူလုံးဝကို ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ ဂွမ်းကပ်စောင်ကို ဆွဲယူလိုက်ပြီး သူ့မျက်လုံးအထိရောက်အောင်လွှမ်းခြုံလိုက်ကာ ထိုပုံစံအတိုင်းအတော်ကြာအောင် အိပ်ပျော်သွားခဲ့သည်။

နောက်တစ်နေ့တွင် သူနိုးလာ၏။

စုကျစ်ယန်တစ်ယောက် သူ့ရဲ့နာရီကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအရာက ခုနှစ်နာရီဆယ့်ငါးမိနစ်ဟုညွှန်ပြနေပြီး သူပုံမှန်နိုးနေကျ အချိန်ပင်။

သူ့လက်ချောင်းတွေကိုချိုးကာ ရေတွက်နေရင်းဖြင့် လွန်ခဲ့တဲ့ပိတ်ရက်ကလပ်ကိုသွားခဲ့တဲ့နေ့ကစပြီး သူရုံးမသွားရတာ လေးရက်ရှိနေတာကို သိလိုက်ရသည်။ ဒီနေ့က သောကြာနေ့ပင်။

သူအလုပ်ကို တစ်ချိန်လုံး ပျက်နေခဲ့တာတော့မဟုတ်ပါဘူး ဟုတ်တယ်မလား။ ဘာလို့လဲဆိုတော့ ပိတ်ရက်ပြီးနောက်တစ်ရက်သာ ရုံးဖွင့်ရက်ဖြစ်ပြီး နောက်ထပ်တစ်ရက်ဟာ နောက်ထပ်ပိတ်ရက် ဖြစ်ခဲ့တာပင်။ ဒီတော့ အဲ့တစ်ရက်ကိုဖယ်လိုက်ပါတော့ သူအလုပ်ပျက်တာမဟုတ်ဘူး။

ထို့ကြောင့်စုကျစ်ယန် အိပ်ယာပေါ်ကထလိုက်လိုက်ပြီး ရေချိုးခန်းထဲသွားကာ မျက်နှာသစ်ခြင်း အပေါ့သွားခြင်းကိုပြုလုပ်လေသည်။ ထို့နောက် ကိုယ်ဝန်စစ်သည့်ကိရိယာကို သုံးလိုက်တော့၏။

ကိရိယာလေးရဲ့အမှတ်အသားလေးအရ သူ့မှာထူးခြားချက်မရှိချေ။ ထို့ကြောင့် ဆိုလိုသည်မှာကား သူ့မှာအခု ဘာအပိုဆုလေးမှရှိမနေဘူးဟူ၍ပင် ထို့ကြောင့်စုကျစ်ယန်တစ်ယောက် အတော်ကြာအောင်တောင့်တောင့်ကြီး ရပ်နေ၏။

ထိုပုံစံအတိုင်းအတော်ကြာအောင် နေပြီးနောက်မှာတော့ သောက်မြင်ကတ်စရာကောင်းတဲ့ ကံတရားကြီးကိုကျေးဇူးတင်မိတော့သည်။ ဒီတော့ သူအခုမိန်းကလေးတွေလို ဗိုက်ကြီးတကားကားနှင့်ဆယ်လတောင် နေစရာမလိုတော့ဘူးပေါ့။

ပြီးတော့ ဗိုက်ထဲကကလေးလေးအတွက် တစ်ယောက်တည်း အလုပ်တွေကြိုးစားလုပ် ဦးနှောက်တွေပြုတ်ထွက်မတတ် ပိုက်ဆံတွေကိုခက်ခက်ခဲခဲစုစရာမလိုတော့ဘူးပေါ့လေ။

စုကျစ်ယန်တစ်ယောက် စိတ်ကျေနပ်မှုတွေဖြင့် ပြည့်နှက်ကုန်၏။ ထို့နောက် ခေါင်းမှာပတ်တီးအဖွေးသားဖြင့်ပင် တံခါးကိုသော့ခတ်လိုက်ပြီး လှေကားထစ်တွေအတိုင်းဆင်းသွားလိုက်တော့သည်။ အလုပ်သွားတဲ့ လမ်းတစ်လျှောက်လုံး သူ့ကိုယ်သူကျေနပ်အားရပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နေတော့သည်။

Translated by ChuChu

______________

(Zawgyi)

အခန္​း ၁၃။ ရႈပ္​​ေထြးမႈ

လင္က်န္းရီ တုန႔္ဆိုင္းေနစဥ္မွာပင္ စုက်စ္​ယန္​ဟာ အဆာေျပမုန႔္တသီႀကီးႏွင့္ ကိုယ္ဝန္ရွိမရွိစစ္ေဆးသည့္ ကိရိယာေလးကိုယူကာ သူေနတဲ့အေဆာက္အဦးအထဲသို႔ ဝင္သြားခဲ့ၿပီျဖစ္သည္။

​ေလွကားထစ္ေတြကိုေက်ာ္ခဲ့ၿပီးေနာက္ ဓာတ္ေလွကားေရွ႕မွာရပ္လိုက္ကာ ခလုပ္ကိုႏွိပ္လိုက္သည္။ ဓာတ္ေလွကားကို ေစာင့္ေနရင္းျဖင့္ သူဝယ္လာတဲ့ မုန႔္ေတြအမ်ားႀကီးထဲက ေခ်ာကလက္ျပားတစ္ခုကိုထုတ္ၿပီး ျဖည္းျဖည္းခ်င္းကိုက္ဝါးေန၏။

သိပ္မၾကာမီမွာပင္ ဓာတ္ေလွကားေရာက္လာသျဖင့္ စုက်စ္​ယန္​သည္လည္း ဓာတ္ေလွကားအတြင္းသို႔ဝင္လိုက္ကာ သူ႕ပါးစပ္မွာ ေခ်ာကလက္ကို ဆက္ကိုက္ထားရင္းျဖင့္ ခုႏွစ္လႊာကိုေ႐ြးခ်ယ္လိုက္သည္။

သူသြားရမည့္အထပ္ကို မေရာက္မခ်င္း အထပ္ေရကို ေရတြက္ေနသည့္ screen ​ေပၚက သူ႕အၾကည့္ေတြကိုမခြာဘဲ ေမာ့ၾကည့္ေနခဲ့ေလသည္။

လင္က်န္းရီ ကားေပၚမွာ အေတာ္ၾကာေအာင္ မလႈပ္မယွက္ရွိေန၏။ သူ႕လက္မ်ားက ကားစတီယာရင္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားဆဲျဖစ္ၿပီး စုက်စ္​ယန္၏ေနာက္သို႔ လိုက္သြားရန္မေတြးခဲ့ေခ်။

သူကားစက္ကို စႏွိုးလိုက္၏။ အေရွ႕ကိုအနည္းငယ္ဆက္သြားၿပီးေနာက္ ကားကိုလွည့္ကာ ေနာက္ျပန္ဆုတ္လိုက္ျပန္သည္။ စုက်စ္​ယန္​ေနသည့္အေဆာက္အဦးကို ေက်ာ္လြန္သြားသည့္အခါ မရည္႐ြယ္ပါဘဲ ထိုအေဆာက္အဦးကို ၾကည့္မိျပန္သည္။

သို႔ေသာ္ျငားလည္း သူေတြေဝမေနသလို ရပ္တန႔္ျခင္းမရွိပါပဲ ထိုေနရာကေန ကားကိုေမာင္းထြက္သြားခဲ့၏။

သူ စုက်စ္​ယန္ႏွင့္ပတ္သက္ၿပီး ဘာမွမလုပ္ရေသးမွီအေတာအတြင္း သူႏွင့္ပတ္သက္သမွ်အေၾကာင္းအရာအားလုံးကို သိေအာင္အရင္စုံစမ္းဖို႔လိုအပ္သည္။

အကယ္၍မ်ား စုက်စ္​ယန္ဟာ သူဟာကိုယ္ဝန္ေဆာင္နိုင္သူတစ္ဦးဆိုတာ သိလ်က္ႏွင့္ လူတကာျဖင့္ပတ္ၿပီးဆက္ဆံေနသူသာဆိုရင္ျဖင့္ သစ္ပင္မွာျဖစ္ျဖစ္ တိုင္မွာပဲျဖစ္ျဖစ္ ႀကိဳးဆြဲခ်ၿပီး ကိုယ့္ကိုယ္ကိုယ္ သတ္ေသလိုက္သည္က ပို၍ေကာင္းလိမ့္မည္။

မွန္သည္ ဥကၠဌလင္၌ သန႔္ရွင္းျဖဴစင္မႈႏွင့္ပတ္သက္ၿပီး အစြဲအလန္းႀကီးသည့္ ေရာဂါရွိေလသည္။ အထူးသျဖင့္ အသြင္အျပင္၌။ သူ႕ကို တစ္စုံတစ္ေယာက္ကို ပုံပန္းသြင္ျပင္ျဖင့္အကဲျဖတ္ၿပီး သေဘာမက်လွ်င္ စြန႔္ပစ္တတ္သူတစ္ဦးဟူ၍ သင္တို႔ေျပာလို႔ရနိုင္၏။

သူ႔ကိုယ္ပိုင္ဘဝက ထင္သေလာက္မရိုးရွင္းသလို သူ႕ရဲ႕အျခားတစ္ဖက္ျခမ္းကလည္း ခက္ထန္ၾကမ္းတမ္းေပသည္။ လင္က်န္းရီမွာ ထိုအေၾကာင္းအရာႏွင့္ပတ္သက္၍ ေလးစားမႈမရွိသူအျဖစ္လည္း နာမည္ႀကီး၏။

ထို႔ေၾကာင့္ ဂ်ာနယ္လစ္မ်ားႏွင့္ မီဒီယာအခ်ိဳ႕က ထိုအေၾကာင္းႏွင့္ပတ္သက္ၿပီး ေကာလဟာလမ်ားကို အက်ယ္တဝင့္လုပ္ကာ ေရးသားတတ္ၾကသည္။

လင္က်န္းရီမွာ စုက်စ္​ယန္ပါေပါင္းမွ အတူေနဖူးသည့္အႀကိမ္ေရ ငါးႀကိမ္မွ်သာရွိသည္။ ပထမႏွစ္ႀကိမ္ကို လူတစ္ဦးတည္းႏွင့္သာအတူေနခဲ့ၿပီး သူ၏ပါတနာမွာ သန႔္ရွင္းေနေသးေသာသူျဖစ္ခဲ့သည္။ (LPY/N - ဒီ​ေဖ* ငါ့က​ေလး​ေလးအတြက္​​ေတာ့ သူတစ္​​ေယာက္​တည္​းရွိဖူးတာကို​)

သူတို႔အားလုံးက ထိုအရာႏွင့္ပတ္သက္ၿပီး ေက်နပ္ခဲ့ၾကသည္ပင္။ သူတို႔လမ္းခြဲခ်င္လာသည့္အခါ ေအးေအးေဆးေဆးပင္ ျပတ္စဲလိုက္ၿပီး ဘယ္လိုျပႆနာအရႈပ္အရွင္းမ်ိဳးမွ မျဖစ္ခဲ့ဖူးပါေခ်။

ထိုအခ်ိန္တုန္းက ပထမဆုံးနမ္းၾကည့္႐ုံျဖင့္ စုက်စ္​ယန္ဟာအေတြ႕အႀကဳံမရွိသူတစ္ဦးဆိုတာ သူသိခဲ့ၿပီးေနာက္ အိပ္ယာထဲမွာအတူေနဖို႔ရာ ေခၚသြားခဲ့ျခင္းေပ။ အရင္ႏွင့္မတူတာက စုက်စ္​ယန္ဟာ သူ႕ကိုအျခားလူေတြႏွင့္မတူဘဲ ပထမဆုံးစိတ္ဝင္စားေစသူတစ္ဦးပင္။

စုက်စ္​ယန္ဆိုသည္မွာ သူ႕ကိုစိတ္အေႏွာင့္အယွက္ေပးဖိုအတြက္မ်ားလားဟု ထင္ရသည္အထိ။ အခုသူဂ႐ုစိုက္တာကေတာ့ စုက်စ္​ယန္က တကယ္ပဲ ျဖဴျဖဴစင္စင္သန႔္သန႔္ရွင္းရွင္းေကာင္ေလးတစ္ေယာက္ ဟုတ္ရဲ႕လားဆိုတာပင္။

အခုဆို ကိုယ္ဝန္စစ္သည့္ကိရိယာကို ဘယ္လိုဝယ္ရမလဲဆိုတာကိုပင္ သိေနသည့္အထိ အေတြ႕အႀကဳံေတြလုံေလာက္ေနခဲ့တာကို ျမင္ခဲ့ၿပီးၿပီျဖစ္၏။

လင္က်န္းရီ၏ႏွလုံးသားက ဗလာက်င္းေနၿပီး ထိုအရာက တစစ္စစ္နာက်င္ေနသည္ကို ခံစားရသည္။ သူ႕ေဒါသ​ေတြက ကိုယ္တြင္းမွာ လွည့္လည္သြားလာေနၿပီး ေပါက္ကြဲမိေတာ့မလိုပင္။

သူ ဒီမတိုင္ခင္ကေရာ အျခားတစ္ေယာက္ျဖင့္အိပ္ၿပီးသည္ႏွင့္ ကိုယ္ဝန္ရွိမရွိစစ္ေဆးရန္အတြက္ ထိုကိုယ္ဝန္စစ္သည့္ကိရိယာကို ဝယ္ခဲ့ဖူးသည္လား။

ေမ့လိုက္ေတာ့။ ဘာပဲျဖစ္ျဖစ္ သူစုက်စ္​ယန္ကို တကယ္ႀကိဳက္တာမို႔ တစ္ခုခုလုပ္ဖို႔ မဆုံးျဖတ္ရေသးခင္ ေသခ်ာစုံစမ္းမည္။ ထို႔ေၾကာင့္ အမွန္တရားကဘာဆိုတာ ေသခ်ာမသိရေသးမွီမွာ ဘယ္လိုျပႆနာမ်ိဳးကိုမွ အျဖစ္ခံမည္မဟုတ္ပါေခ်။ အဲလိုမဟုတ္ပဲ သူလက္လႊတ္လိုက္ခ်င္လွ်င္ေတာင္ အေတာ္ေလးႀကိဳးစားအားထုတ္ရေပအုံးမည္။

လင္က်န္းရီ၏က အစီအစဥ္က တကယ္ေကာင္းမြန္ျပည့္စုံခဲ့ပါသည္။ သို႔ေပမယ့္ ထိုအစီအစဥ္ကပင္ သူ႕ကိုစုက်စ္​ယန္ႏွင့္အေဝးမွာ ေလးလခန႔္ခြဲေနေစလိမ့္မည္ဟု မထင္ခဲ့ပါေခ်။

ေကာင္းၿပီ ဘာပဲျဖစ္ျဖစ္ဒါေတြက ေနာက္မွျဖစ္လာမယ့္အရာေတြပဲ။ အခု စုက်စ္​ယန္အေၾကာင္းကို ေျပာရေအာင္။

စုက်စ္​ယန္ snackမုန႔္ေတြတစ္ေလွႀကီးကို ဝယ္ၿပီးေနာက္ သူ႕အိမ္ကိုျပန္ေရာက္လာခဲ့သည္။ သူပထမဆုံးလုပ္တဲ့အရာက အိပ္ယာေပၚကို တစ္ကိုယ္လုံးပစ္လွဲလိုက္တာပင္။

အားလုံးၿပီးသြားေတာ့ သူလည္း ဒဏ္ရာရထားတဲ့လူျဖစ္သြားသည္ပင္။ သူ႕ရဲ႕စိတ္အေျခအေနက သိပ္မေကာင္းပါေခ်။ ယြမ္ငါးေသာင္းကေတာင္ သူ႕ကိုတစ္ခဏမွ်သာ ႏွစ္သိမ့္ေပးနိုင္ခဲ့သည္။

သူလုံးဝကို ေျခကုန္လက္ပန္းက်ေနၿပီျဖစ္သည္။ ဂြမ္းကပ္ေစာင္ကို ဆြဲယူလိုက္ၿပီး သူ႕မ်က္လုံးအထိေရာက္ေအာင္လႊမ္းၿခဳံလိုက္ကာ ထိုပုံစံအတိုင္းအေတာ္ၾကာေအာင္ အိပ္ေပ်ာ္သြားခဲ့သည္။

ေနာက္တစ္ေန႕တြင္ သူနိုးလာ၏။

စုက်စ္​ယန္တစ္ေယာက္ သူ႕ရဲ႕နာရီကိုတစ္ခ်က္ၾကည့္လိုက္သည္။ ထိုအရာက ခုႏွစ္နာရီဆယ့္ငါးမိနစ္ဟုၫႊန္ျပေနၿပီး သူပုံမွန္နိုးေနက် အခ်ိန္ပင္။

သူ႕လက္ေခ်ာင္းေတြကိုခ်ိဳးကာ ေရတြက္ေနရင္းျဖင့္ လြန္ခဲ့တဲ့ပိတ္ရက္ကလပ္ကိုသြားခဲ့တဲ့ေန႕ကစၿပီး သူ႐ုံးမသြားရတာ ေလးရက္ရွိေနတာကို သိလိုက္ရသည္။ ဒီေန႕က ေသာၾကာေန႕ပင္။

သူအလုပ္ကို တစ္ခ်ိန္လုံး ပ်က္ေနခဲ့တာေတာ့မဟုတ္ပါဘူး ဟုတ္တယ္မလား။ ဘာလို႔လဲဆိုေတာ့ ပိတ္ရက္ၿပီးေနာက္တစ္ရက္သာ ႐ုံးဖြင့္ရက္ျဖစ္ၿပီး ေနာက္ထပ္တစ္ရက္ဟာ ေနာက္ထပ္ပိတ္ရက္ ျဖစ္ခဲ့တာပင္။ ဒီေတာ့ အဲ့တစ္ရက္ကိုဖယ္လိုက္ပါေတာ့ သူအလုပ္ပ်က္တာမဟုတ္ဘူး။

ထို႔ေၾကာင့္စုက်စ္​ယန္ အိပ္ယာေပၚကထလိုက္လိုက္ၿပီး ေရခ်ိဳးခန္းထဲသြားကာ မ်က္ႏွာသစ္ျခင္း အေပါ့သြားျခင္းကိုျပဳလုပ္ေလသည္။ ထို႔ေနာက္ ကိုယ္ဝန္စစ္သည့္ကိရိယာကို သုံးလိုက္ေတာ့၏။

ကိရိယာေလးရဲ႕အမွတ္အသားေလးအရ သူ႕မွာထူးျခားခ်က္မရွိေခ်။ ထို႔ေၾကာင့္ ဆိုလိုသည္မွာကား သူ႕မွာအခု ဘာအပိုဆုေလးမွရွိမေနဘူးဟူ၍ပင္ ထို႔ေၾကာင့္စုက်စ္​ယန္တစ္ေယာက္ အေတာ္ၾကာေအာင္ေတာင့္ေတာင့္ႀကီး ရပ္ေန၏။

ထိုပုံစံအတိုင္းအေတာ္ၾကာေအာင္ ေနၿပီးေနာက္မွာေတာ့ ေသာက္ျမင္ကတ္စရာေကာင္းတဲ့ ကံတရားႀကီးကိုေက်းဇူးတင္မိေတာ့သည္။ ဒီေတာ့ သူအခုမိန္းကေလးေတြလို ဗိုက္ႀကီးတကားကားႏွင့္ဆယ္လေတာင္ ေနစရာမလိုေတာ့ဘူးေပါ့။

ၿပီးေတာ့ ဗိုက္ထဲကကေလးေလးအတြက္ တစ္ေယာက္တည္း အလုပ္ေတြႀကိဳးစားလုပ္ ဦးေႏွာက္ေတြျပဳတ္ထြက္မတတ္ ပိုက္ဆံေတြကိုခက္ခက္ခဲခဲစုစရာမလိုေတာ့ဘူးေပါ့ေလ။

စုက်စ္​ယန္တစ္ေယာက္ စိတ္ေက်နပ္မႈေတြျဖင့္ ျပည့္ႏွက္ကုန္၏။ ထို႔ေနာက္ ေခါင္းမွာပတ္တီးအေဖြးသားျဖင့္ပင္ တံခါးကိုေသာ့ခတ္လိုက္ၿပီး ေလွကားထစ္ေတြအတိုင္းဆင္းသြားလိုက္ေတာ့သည္။ အလုပ္သြားတဲ့ လမ္းတစ္ေလွ်ာက္လုံး သူ႕ကိုယ္သူေက်နပ္အားရၿပီး ေပ်ာ္႐ႊင္မႈမ်ားျဖင့္ ျပည့္ေနေတာ့သည္။

Translated by ChuChu

You are reading the story above: TeenFic.Net