Chapter 12 (Z+U)

Background color
Font
Font size
Line height

(Unicode)

အခန်း ၁၂။ ကိစ္စမရှိပါဘူး။ မင်းပုန်းရှောင်နေရုံနဲ့ ကိုယ်မရှာနိုင်တော့ဘူးလို့များထင်နေလားကွာ။

လင်ကျန်းရီ လူနာဆောင်ကို ပြန်ရောက်လာသည့်အချိန် လူနာဝတ်စုံတွေကပြန့်ကျဲရှုပ်ပွနေပြီး အေးအေးဆေးဆေးအနားယူနေသင့်သူက နောက်တစ်ကြိမ်ပျောက်သွားပြန်၏။

လင်ကျန်းရီ အပြာဖျော့ဖျော့အဆင်းရှိတဲ့ ပြန့်ကြဲကာရှုပ်ပွနေသည့် ဆေးရုံဝတ်စုံတွေကို တစ်ချက်ကြည့်လိုက်သည်။ သူတစ်ချိန်တည်းမှာပင် ဒေါသထွက်တာရော ရယ်ချင်စိတ်ကိုပါ ခံစားလိုက်ရသည်။

ဘာလို့ သူ့ကိုယ်သူ ပုလိပ်ရောဂါသည်တစ်ဦးလို ခံစားမိနေပါလိမ့်။ ဘာလို့များ ထိုအကောင်ပေါက်လေးက သူ့ဆီကထွက်ပြေးတိမ်းရှောင်လိုသလဲမသိချေ။ သူလူတွေကိုများ စားခဲ့ဖူးလို့လား။

ဒါမှမဟုတ် သူ့ကိုကြောက်အောင်များ ခြောက်ခဲ့ဖူး၍လား။ သူ့မျက်လုံးရှေ့က နှစ်ကြိမ်တောင် လေလိုပျောက်သွားခဲ့တာမို့ သူနှင့်ဝေးနိုင်သမျှဝေးဝေးနေတာက အကောင်းဆုံးဟု တကယ်များ တွေးနေသည်လား။

လင်ကျန်းရီတစ်ယောက် မေးကိုလက်ဖြင့်ထောက်ကာ ထိုညကအကြောင်းတွေကို သေချာပြန်စဉ်းစားနေသည်။ သူကအမြဲလိုလို လူကြီးလူကောင်းဆန်ပြီး ယဉ်ကျေးပျူငှါခဲ့တာပါ။

ပြီးတော့အိပ်ယာပေါ်မှာဆိုရင်လည်း သူဘယ်လောက်တောင် တက်ကြွပြီးစိတ်ပြင်းပြနေပါစေ သားရဲတစ်ကောင်လိုတော့ ကြမ်းတမ်းစွာမဆက်ဆံခဲ့ဖူးပါချေ။

ဖြစ်နိုင်တာက ထိုညက သူတို့လုပ်လို့အပြီးမှာ ထိုကောင်လေးရဲ့အထဲမှာတင် သူပြီးလိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မကျေနပ်၍များ သူ့ဆီကနေ အကြိမ်ကြိမ်ထွက်ပြေးနေသည်လား။

အတော်ကြာအောင် စဉ်းစားပြီးနောက်မှာတော့ ထိုအကြောင်းအရာတစ်ခုသာ လင်ကျန်းရီတွေးမိတဲ့ အကြောင်းပြချက်ဖြစ်လေတော့သည်။

အဲလိုဆိုရင်တောင် သူထိုအချိန်ကပင် ပြောခဲ့သည်။ အကယ်၍ သူ့ကြောင့်သာ စုကျစ်ယန်ကိုယ်ဝန်ရသွားခဲ့လျှင် တာဝန်ယူမည့်အကြောင်းကို သေချာပေါက်ကို ပြောခဲ့ပါသည်။ ပြီးတော့ တကယ်လည်း စိတ်ရင်းဖြင့် စုကျစ်ယန်သူ့ကလေးလေးကို မွေးဖွားပေးဖို့ မျှော်လင့်ခဲ့ခြင်းပါပေ။

ဒီလိုသာတကယ်ဖြစ်သွားခဲ့ရင် သူ့အနေဖြင့်လည်း သူ့မိဘနှစ်ဦး၏ တိုက်တွန်းမှုကို အသာလေးပိတ်ပင်ပစ်လိုက်နိုင်လိမ့်မည်။
မင်းတို့သိရဲ့လား ငါ့မိဘတွေက လွန်ခဲ့တဲ့နှစ်နှစ်လုံး လက်ထပ်ဖို့အမြဲပြောပြီး အဲ့ကိစ္စကိုပဲ ဖိအားပေးနေခဲ့တာ။

သူကမိန်းကလေးတွေကို မကြိုက်ပါဘူးဆိုတာကို သေချာပြောခဲ့တာကိုတောင်မှပဲ လင်မိသားစုအတွက် မျိုးဆက်ချန်ဖို့ အရေးကြီးကြောင်းပြောကာ လက်ထပ်ဖို့ပြောနေသေးသည်။

ပြီးတော့မှ ကွာရှင်းပြီး နောက်ယောက်ျားယူဖို့လည်း ပြောလိုက်သေး၏။ သူတို့က ဘယ်တော့မှ လက်လျှော့မသွားခဲ့ပါချေ။ အဓိကကတော့ သူတို့မြေးချီရဖို့ပင်။

ရုတ်တရက် လင်ကျန်းရီ၏ ခေါင်းထဲတွင် ဒေါက်တာပြောလိုက်သောစကားများဖြင့် ပြည့်နှက်သွား၏။

"စုကျစ်ယန်က တကယ်ပဲထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသူပါ သူ့ရဲ့လက္ခဏာတွေက အမျိုးသမီးတွေလောက် မမြင့်မားပေမယ့် တကယ်ပဲကလေးရနိုင်တဲ့ယောက်ျားလေးတစ်ဦးပါ တကယ့်ကို ထူးခြားဖြစ်စဉ်ပါပဲ"

အားလုံးကို စဉ်းစားပြီးနောက်မှာတော့ ဥက္ကလင်၏ ခေါင်းတစ်ခုလုံး အချက်ပေးသံများဖြင့် ပြည့်နှက်သွားတော့သည်။ ဒီလိုလူမျိုးကို သူ့တစ်သက် ထပ်တွေ့ရဖို့ မလွယ်ကူပါချေ။

ပြီးတော့စုကျစ်ယန်က သူသတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေဖြင့်လည်း ကိုက်ညီနေသေး၏။ သူစုကျစ်ယန်ကိုရအောင်လိုက်မည်ဖြစ်ပြီး ဘာတွေပဲကြုံလာပါစေ အရှုံးပေးမည် မဟုတ်။

ပြဿနာမရှိပါဘူး၊ မင်းငါ့ဆီကရှောင်ပုန်းလို့ရပါတယ် အဲတာနဲ့ပဲငါကမင်းကို ရှာမတွေ့တော့ဘူးတဲ့လားကွာ။

အဲဒီ့နေ့ရောက်လာတာနဲ့ မင်းကိုဖမ်းပြီး ငါ့အိတ်ထဲထည့်ခေါ်သွားပြီး ငါ့မိဘတွေနဲ့တွေ့ပေးလိုက်မယ်၊ ပြီးတာနဲ့ မင်းရဲ့အထဲမှာ 'လင်မျိုးစေ့'တွေနဲ့ ပြည့်ပြီး ပြန့်ကျဲသွားအောင် ကြိုးစားပစ်မယ်!

ဆေးရုံမှာ ကုန်ကျစရိတ်တွေကို ရှင်းပြီးနောက်မှာတော့ ကျေနပ်နေတဲ့ လင်ကျန်းရီဟာ ထုံးစံအတိုင်းဝင့်ဝင့်ကြွားကြွားဖြင့် ဆေးရုံအပြင်ကိုထွက်သွား၏။ ပြီးနောက် သီချင်းလေးညည်းကာ ကားမောင်းပြီးထွက်သွားခဲ့သည်။

ထိုအချိန်ကစုကျစ်ယန်သည်လည်း ဆေးရုံရဲ့အဆောင်တွေကနေထွက်လာပြီး ဓာတ်လှေကားသုံးကာ မြေညီထပ်အထိ ဆင်းသွား၏။ ထို့နောက် ဆေးရုံဝန်းအပြင်အထိထွက်သွားပြီး လက်ကိုယမ်းကာ ဈေးကြီးသည့် တက္ကစီတားပြီး သူ့အိမ်ကို ပြန်သွားလေသည်။

သူပိုင်တဲ့တိုက်ခန်းဧရိယာလေးကိုရောက်သည်နှင့် ကျသင့်ငွေကို ပေးချေကာ ကားပေါ်ကဆင်းလိုက်၏။ သူ့အိမ်ရှိရာ အဆောက်အဦးထဲကို ကျေနပ်ပျော်ရွှင်နေသော မျက်နှာပေးဖြင့် ဝင်သွားလေသည်။ အကြောင်းပြချက်မရှိပဲ ယွမ်ငါးသောင်းရလိုက်သည်မှာ ပျော်စရာမကောင်းပေဘူးလား။

ထို့ကြောင့် ငွေမက်ပြီး အစားအသောက်လည်းမက်တဲ့ကောင်လေးမှာ အနီးအနားက စတိုးဆိုင်ကို ဦးတည်လိုက်တော့သည်။ သူက snackမုန့်တွေအများကြီးကို လောဘတကြီးရွေးယူနေတော့သည်။

ပြီးနောက် အတန်ကြာအောင် ငြိမ်သက်ကာစဉ်းစားပြီး အရေးပေါ်လိုအပ်လာချိန်မှာ ထုတ်သုံးစရာကျန်စေရန်အတွက် ကိုယ်ဝန်ဆောင်တွေအတွက် အဆင်ပြေသည့် အဆာပြေမုန့်အချို့ကိုသာ ရွေးဝယ်လိုက်တော့သည်။

အမြင်ကတ်စရာကောင်းလွန်းသည်မှာ ဒုတိယအကြိမ်ပြန်လည်မွေးဖွားလာသည့်တိုင် သူ့ရဲ့ကြမ္မာလမ်းကြောင်းက ပြောင်းလဲမသွားပဲ လိ့လိ့လားလားဖြစ်နေဆဲပင်။

ထို့ကြောင့် အကယ်၍များ သူကိုယ်ဝန်ရှိနေခဲ့လျှင်ဟူသော အတွေးဖြင့် ဘာကိုမှအမှားအယွင်းမခံရဲပါချေ။ ဖြစ်လာမှပြင်ဆင်ခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ကောင်းသည်မလား။
(ဖြစ်လာမှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်သည်ဆိုတဲ့ စကားပုံလိုမျိုးပါ)

လင်ကျန်းရီ စုကျစ်ယန်ရဲ့နေရာကို ရောက်တဲ့အခါမှာ အဆာပြေမုန့်တွေတသီကြီးဖြင့် စုကျစ်ယန်တစ်ယောက် သူ့အိမ်အနီးကစတိုးဆိုင်က ထွက်လာတာကို တွေ့လိုက်ရသည်။ သူ့ရဲ့လှပတဲ့မျက်နှာလေးက ထိုအချိန်မှာတော့ အပြုံးများဖြင့် ပြည့်နှက်လို့နေ၏။ ထိုsnackမုန့်တွေအများကြီးက သူ့ကိုစိတ်ကျေနပ်စေတာ အတိအကျပင်။

လင်ကျန်းရီ ကားရဲ့အရှိန်ကို တဖြည်းဖြည်းလျှော့လိုက်ရင်း စုကျစ်ယန်ရဲ့နောက်ကနေ တဖြည့်ဖြည်းချင်းဘီးကိုလှိမ့်ကာ လိုက်နေလိုက်သည်။ တိတ်တဆိတ်ကြည့်နေရင်း ပတ်ဝန်းကျင်ကိုသတိမမူဘဲသွားနေတဲ့ ကောင်လေးကသူ့ရဲ့မုန့်တွေကို အသည်းအသက်ပမာထိတွေ့ကိုင်တွယ်နေသေးသည်။

သူ့ရဲ့မျက်ခွံတွေက အနည်းငယ်စင်းကျကာ ထိုမုန့်တွေအပေါ်မှာသာ အာရုံစူးစိုက်နေပြီး မျက်နှာကလည်း ပြုံးယောင်သမ်းနေသေးသည်။ လင်ကျန်းရီကြည့်နေရင်းဖြင့် သူ့နှုတ်ခမ်းစွန်းတွေဟာ ကော့တက်သွားပြီး မရယ်ပြုံးပဲမနေနိုင်တော့ချေ။

ထိုအချက်ကပင် ထိုအကောင်ပေါက်လေးဟာ အစားမက် ... အမ်း.. အစားနဲ့ပိုက်ဆံကိုမက်မောသူဆိုတာ သေချာစေတာမို့ ဥက္ကလင်သည်လည်း ထိုအရာဖြင့်ပတ်သက်ပြီး ယုံကြည်မှုတွေပြည့်လို့နေသည်။

ထိုအချိန်မှာပင် စုကျစ်ယန်က သူ့ရဲ့ဘယ်ဘက်လက်ကိုဝေ့ယမ်းလာသည်။ သူ့လက်ထဲက အရာတစ်ခုကို မြင်လိုက်ရတဲ့အခါ လင်ကျန်းရီ၏ အပြုံးတွေတောင့်ခဲသွားပြီး ထိုအရာကိုစိုက်ကြည့်နေလိုက်၏။ သေချာပါသည် စုကျစ်ယန်ဟာ ကိုယ်ဝန်ရှိမရှိစစ်ဆေးသည့်ကိရိယာချောင်းလေးဖြင့် ဆော့ကစားနေခြင်းပေ။

လင်ကျန်းရီ ကားဘရိတ်ကိုဖိနင်းလိုက်ရင်း လမ်းဘေးမှာထိုးရပ်လိုက်သည်။ သူ့လက်တွေက ကားစတီယာရင်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အံကြိတ်ထားရင်းဖြင့် ထိုလူသားလေး တဖြည်းဖြည်းဝေးကွာသွားတာကို ကြည့်နေခဲ့သည်။

သူပုစ္ဆာတစ်ခုတွက်နေရသလို ခံစားလိုက်ရပြီး စိတ်ရှုပ်ထွေးမှုတွေကိုပါ ခံစားလာရသည်။ ဒါဆိုအိပ်ယာပေါ်မှာ အတွေ့အကြုံမရှိတဲ့ထိုကောင်လေးက ပြီးတာနဲ့ ကိုယ်ဝန်ရှိမရှိဘယ်လိုစစ်ဆေးရမလဲဆိုတာကို သိနေသည်ပေါ့လေ။ ဒါမှမဟုတ် ဒီလိုဖြစ်နိုင်ရဲ့လား..... ဒီရိုးသားပုံရတဲ့ကောင်လေးက သူမဟုတ်ဘဲ အခြားတစ်ယောက်နဲ့အရင်ဖြစ်ဖူးပြီးပြီလား။

Translated by ChuChu

________

(Zawgyi)

အခန္​း ၁၂။ ကိစၥမရွိပါဘူး။ မင္​းပုန္​း​ေ​ရွာင္​​ေနရံုနဲ႔ ကိုယ္​မရွာနိုင္​​ေတာ့ဘူးလို႔မ်ားထင္​​ေနလားကြာ။

လင္က်န္းရီ လူနာေဆာင္ကို ျပန္ေရာက္လာသည့္အခ်ိန္ လူနာဝတ္စုံေတြကျပန္​႔က်ဲရႈပ္ပြေနၿပီး ေအးေအးေဆးေဆးအနားယူေနသင့္သူက ေနာက္တစ္ႀကိမ္ေပ်ာက္သြားျပန္၏။

လင္က်န္းရီ အျပာေဖ်ာ့ေဖ်ာ့အဆင္းရွိတဲ့ ျပန႔္ႀကဲကာရႈပ္ပြေနသည့္ ေဆး႐ုံဝတ္စုံေတြကို တစ္ခ်က္ၾကည့္လိုက္သည္။ သူတစ္ခ်ိန္တည္းမွာပင္ ေဒါသထြက္တာေရာ ရယ္ခ်င္စိတ္ကိုပါ ခံစားလိုက္ရသည္။

ဘာလို႔ သူ႕ကိုယ္သူ ပုလိပ္ေရာဂါသည္တစ္ဦးလို ခံစားမိေနပါလိမ့္။ ဘာလို႔မ်ား ထိုအေကာင္ေပါက္ေလးက သူ႕ဆီကထြက္ေျပးတိမ္းေရွာင္လိုသလဲမသိေခ်။ သူလူေတြကိုမ်ား စားခဲ့ဖူးလို႔လား။

ဒါမွမဟုတ္ သူ႕ကိုေၾကာက္ေအာင္မ်ား ေျခာက္ခဲ့ဖူး၍လား။ သူ႕မ်က္လုံးေရွ႕က ႏွစ္ႀကိမ္ေတာင္ ေလလိုေပ်ာက္သြားခဲ့တာမို႔ သူႏွင့္ေဝးနိုင္သမွ်ေဝးေဝးေနတာက အေကာင္းဆုံးဟု တကယ္မ်ား ေတြးေနသည္လား။

လင္က်န္းရီတစ္ေယာက္ ေမးကိုလက္ျဖင့္ေထာက္ကာ ထိုညကအေၾကာင္းေတြကို ေသခ်ာျပန္စဥ္းစားေနသည္။ သူကအၿမဲလိုလို လူႀကီးလူေကာင္းဆန္ၿပီး ယဥ္ေက်းပ်ဴငွါခဲ့တာပါ။

ျပီးေတာ့အိပ္ယာေပၚမွာဆိုရင္လည္း သူဘယ္ေလာက္ေတာင္ တက္ႂကြၿပီးစိတ္ျပင္းျပေနပါေစ သားရဲတစ္ေကာင္လိုေတာ့ ၾကမ္းတမ္းစြာမဆက္ဆံခဲ့ဖူးပါေခ်။

ျဖစ္နိုင္တာက ထိုညက သူတို႔လုပ္လို႔အၿပီးမွာ ထိုေကာင္ေလးရဲ႕အထဲမွာတင္ သူၿပီးလိုက္သည္။ ထိုကိစၥႏွင့္ပတ္သက္ၿပီး မေက်နပ္၍မ်ား သူ႕ဆီကေန အႀကိမ္ႀကိမ္ထြက္ေျပးေနသည္လား။

အေတာ္ၾကာေအာင္ စဥ္းစားၿပီးေနာက္မွာေတာ့ ထိုအေၾကာင္းအရာတစ္ခုသာ လင္က်န္းရီေတြးမိတဲ့ အေၾကာင္းျပခ်က္ျဖစ္ေလေတာ့သည္။

အဲလိုဆိုရင္ေတာင္ သူထိုအခ်ိန္ကပင္ ေျပာခဲ့သည္။ အကယ္၍ သူ႕ေၾကာင့္သာ စုက်စ္​ယန္​ကိုယ္ဝန္ရသြားခဲ့လွ်င္ တာဝန္ယူမည့္အေၾကာင္းကို ေသခ်ာေပါက္ကို ေျပာခဲ့ပါသည္။ ၿပီးေတာ့ တကယ္လည္း စိတ္ရင္းျဖင့္ စုက်စ္​ယန္သူ႕ကေလးေလးကို ေမြးဖြားေပးဖို႔ ေမွ်ာ္လင့္ခဲ့ျခင္းပါေပ။

ဒီလိုသာတကယ္ျဖစ္သြားခဲ့ရင္ သူ႕အေနျဖင့္လည္း သူ႕မိဘႏွစ္ဦး၏ တိုက္တြန္းမႈကို အသာေလးပိတ္ပင္ပစ္လိုက္နိုင္လိမ့္မည္။
မင္းတို႔သိရဲ႕လား ငါ့မိဘေတြက လြန္ခဲ့တဲ့ႏွစ္ႏွစ္လုံး လက္ထပ္ဖို႔အၿမဲေျပာၿပီး အဲ့ကိစၥကိုပဲ ဖိအားေပးေနခဲ့တာ။

သူကမိန္းကေလးေတြကို မႀကိဳက္ပါဘူးဆိုတာကို ေသခ်ာေျပာခဲ့တာကိုေတာင္မွပဲ လင္မိသားစုအတြက္ မ်ိဳးဆက္ခ်န္ဖို႔ အေရးႀကီးေၾကာင္းေျပာကာ လက္ထပ္ဖို႔ေျပာေနေသးသည္။

ၿပီးေတာ့မွ ကြာရွင္းၿပီး ေနာက္ေယာက္်ားယူဖို႔လည္း ေျပာလိုက္ေသး၏။ သူတို႔က ဘယ္ေတာ့မွ လက္ေလွ်ာ့မသြားခဲ့ပါေခ်။ အဓိကကေတာ့ သူတို႔ေျမးခ်ီရဖို႔ပင္။

႐ုတ္တရက္ လင္က်န္းရီ၏ ေခါင္းထဲတြင္ ေဒါက္တာေျပာလိုက္ေသာစကားမ်ားျဖင့္ ျပည့္ႏွက္သြား၏။

"စုက်စ္​ယန္က တကယ္ပဲထူးျခားတဲ့ ခႏၶာကိုယ္ဖြဲ႕စည္းတည္ေဆာက္ပုံရွိသူပါ သူ႕ရဲ႕လကၡဏာေတြက အမ်ိဳးသမီးေတြေလာက္ မျမင့္မားေပမယ့္ တကယ္ပဲကေလးရနိုင္တဲ့ေယာက္်ားေလးတစ္ဦးပါ တကယ့္ကို ထူးျခားျဖစ္စဥ္ပါပဲ"

အားလုံးကို စဥ္းစားၿပီးေနာက္မွာေတာ့ ဥကၠလင္၏ ေခါင္းတစ္ခုလုံး အခ်က္ေပးသံမ်ားျဖင့္ ျပည့္ႏွက္သြားေတာ့သည္။ ဒီလိုလူမ်ိဳးကို သူ႕တစ္သက္ ထပ္ေတြ႕ရဖို႔ မလြယ္ကူပါေခ်။

ျပီးေတာ့စုက်စ္​ယန္က သူသတ္မွတ္ထားတဲ့ အလွအပစံႏႈန္းေတြျဖင့္လည္း ကိုက္ညီေနေသး၏။ သူစုက်စ္​ယန္ကိုရေအာင္လိုက္မည္ျဖစ္ၿပီး ဘာေတြပဲႀကဳံလာပါေစ အရႈံးေပးမည္ မဟုတ္။

ျပႆနာမရွိပါဘူး၊ မင္းငါ့ဆီကေရွာင္ပုန္းလို႔ရပါတယ္ အဲတာနဲ႕ပဲငါကမင္းကို ရွာမေတြ႕ေတာ့ဘူးတဲ့လားကြာ။

အဲဒီ့ေန႕ေရာက္လာတာနဲ႕ မင္းကိုဖမ္းၿပီး ငါ့အိတ္ထဲထည့္ေခၚသြားၿပီး ငါ့မိဘေတြနဲ႔ေတြ႕ေပးလိုက္မယ္၊ ၿပီးတာနဲ႕ မင္းရဲ႕အထဲမွာ 'လင္မ်ိဳးေစ့'​ေတြနဲ႕ ျပည့္ၿပီး ျပန႔္က်ဲသြားေအာင္ ႀကိဳးစားပစ္မယ္!

ေဆး႐ုံမွာ ကုန္က်စရိတ္ေတြကို ရွင္းၿပီးေနာက္မွာေတာ့ ေက်နပ္ေနတဲ့ လင္က်န္းရီဟာ ထုံးစံအတိုင္းဝင့္ဝင့္ႂကြားႂကြားျဖင့္ ေဆး႐ုံအျပင္ကိုထြက္သြား၏။ ၿပီးေနာက္ သီခ်င္းေလးညည္းကာ ကားေမာင္းၿပီးထြက္သြားခဲ့သည္။

ထိုအခ်ိန္ကစုက်စ္​ယန္​သည္လည္း ေဆး႐ုံရဲ႕အေဆာင္ေတြကေနထြက္လာၿပီး ဓာတ္ေလွကားသုံးကာ ေျမညီထပ္အထိ ဆင္းသြား၏။ ထို႔ေနာက္ ေဆး႐ုံဝန္းအျပင္အထိထြက္သြားၿပီး လက္ကိုယမ္းကာ ေဈးႀကီးသည့္ တကၠစီတားၿပီး သူ႕အိမ္ကို ျပန္သြားေလသည္။

သူပိုင္တဲ့တိုက္ခန္းဧရိယာေလးကိုေရာက္သည္ႏွင့္ က်သင့္ေငြကို ေပးေခ်ကာ ကားေပၚကဆင္းလိုက္၏။ သူ႕အိမ္ရွိရာ အေဆာက္အဦးထဲကို ေက်နပ္ေပ်ာ္႐ႊင္ေနေသာ မ်က္ႏွာေပးျဖင့္ ဝင္သြားေလသည္။ အေၾကာင္းျပခ်က္မရွိပဲ ယြမ္ငါးေသာင္းရလိုက္သည္မွာ ေပ်ာ္စရာမေကာင္းေပဘူးလား။

ထို႔ေၾကာင့္ ေငြမက္ၿပီး အစားအေသာက္လည္းမက္တဲ့ေကာင္ေလးမွာ အနီးအနားက စတိုးဆိုင္ကို ဦးတည္လိုက္ေတာ့သည္။ သူက snackမုန႔္ေတြအမ်ားႀကီးကို ေလာဘတႀကီးေ႐ြးယူေနေတာ့သည္။

ၿပီးေနာက္ အတန္ၾကာေအာင္ ၿငိမ္သက္ကာစဥ္းစားၿပီး အေရးေပၚလိုအပ္လာခ်ိန္မွာ ထုတ္သုံးစရာက်န္ေစရန္အတြက္ ကိုယ္ဝန္ေဆာင္ေတြအတြက္ အဆင္ေျပသည့္ အဆာေျပမုန႔္အခ်ိဳ႕ကိုသာ ေ႐ြးဝယ္လိုက္ေတာ့သည္။

အျမင္ကတ္စရာေကာင္းလြန္းသည္မွာ ဒုတိယအႀကိမ္ျပန္လည္ေမြးဖြားလာသည့္တိုင္ သူ႕ရဲ႕ၾကမၼာလမ္းေၾကာင္းက ေျပာင္းလဲမသြားပဲ လိ့လိ့လားလားျဖစ္ေနဆဲပင္။

ထို႔ေၾကာင့္ အကယ္၍မ်ား သူကိုယ္ဝန္ရွိေနခဲ့လွ်င္ဟူေသာ အေတြးျဖင့္ ဘာကိုမွအမွားအယြင္းမခံရဲပါေခ်။ ျဖစ္လာမွျပင္ဆင္ျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက ပို၍ေကာင္းသည္မလား။
(ျဖစ္လာမွကုသျခင္းထက္ ႀကိဳတင္ကာကြယ္ျခင္းက ပိုထိေရာက္သည္ဆိုတဲ့ စကားပုံလိုမ်ိဳးပါ)

လင္က်န္းရီ စုက်စ္​ယန္​ရဲ႕ေနရာကို ေရာက္တဲ့အခါမွာ အဆာေျပမုန႔္ေတြတသီႀကီးျဖင့္ စုက်စ္​ယန္​တစ္ေယာက္ သူ႕အိမ္အနီးကစတိုးဆိုင္က ထြက္လာတာကို ေတြ႕လိုက္ရသည္။ သူ႕ရဲ႕လွပတဲ့မ်က္ႏွာေလးက ထိုအခ်ိန္မွာေတာ့ အၿပဳံးမ်ားျဖင့္ ျပည့္ႏွက္လို႔ေန၏။ ထိုsnackမုန႔္ေတြအမ်ားႀကီးက သူ႕ကိုစိတ္ေက်နပ္ေစတာ အတိအက်ပင္။

လင္က်န္းရီ ကားရဲ႕အရွိန္ကို တျဖည္းျဖည္းေလွ်ာ့လိုက္ရင္း စုက်စ္​ယန္​ရဲ႕ေနာက္ကေန တျဖည့္ျဖည္းခ်င္းဘီးကိုလွိမ့္ကာ လိုက္ေနလိုက္သည္။ တိတ္တဆိတ္ၾကည့္ေနရင္း ပတ္ဝန္းက်င္ကိုသတိမမူဘဲသြားေနတဲ့ ေကာင္ေလးကသူ႕ရဲ႕မုန႔္ေတြကို အသည္းအသက္ပမာထိေတြ႕ကိုင္တြယ္ေနေသးသည္။

သူ႕ရဲ႕မ်က္ခြံေတြက အနည္းငယ္စင္းက်ကာ ထိုမုန႔္ေတြအေပၚမွာသာ အာ႐ုံစူးစိုက္ေနၿပီး မ်က္ႏွာကလည္း ၿပဳံးေယာင္သမ္းေနေသးသည္။ လင္က်န္းရီၾကည့္ေနရင္းျဖင့္ သူ႕ႏႈတ္ခမ္းစြန္းေတြဟာ ေကာ့တက္သြားၿပီး မရယ္​ၿပဳံးပဲမေနနိုင္ေတာ့ေခ်။

ထိုအခ်က္ကပင္ ထိုအေကာင္ေပါက္ေလးဟာ အစားမက္ ... အမ္း.. အစားနဲ႕ပိုက္ဆံကိုမက္ေမာသူဆိုတာ ေသခ်ာေစတာမို႔ ဥကၠလင္သည္လည္း ထိုအရာျဖင့္ပတ္သက္ၿပီး ယုံၾကည္မႈေတြျပည့္လို႔ေနသည္။

ထိုအခ်ိန္မွာပင္ စုက်စ္​ယန္​က သူ႕ရဲ႕ဘယ္ဘက္လက္ကိုေဝ့ယမ္းလာသည္။ သူ႕လက္ထဲက အရာတစ္ခုကို ျမင္လိုက္ရတဲ့အခါ လင္က်န္းရီ၏ အၿပဳံးေတြေတာင့္ခဲသြားၿပီး ထိုအရာကိုစိုက္ၾကည့္ေနလိုက္၏။ ေသခ်ာပါသည္ စုက်စ္​ယန္​ဟာ ကိုယ္ဝန္ရွိမရွိစစ္ေဆးသည့္ကိရိယာေခ်ာင္းေလးျဖင့္ ေဆာ့ကစားေနျခင္းေပ။

လင္က်န္းရီ ကားဘရိတ္ကိုဖိနင္းလိုက္ရင္း လမ္းေဘးမွာထိုးရပ္လိုက္သည္။ သူ႕လက္ေတြက ကားစတီယာရင္ကို တင္းၾကပ္စြာဆုပ္ကိုင္ထားၿပီး အံႀကိတ္ထားရင္းျဖင့္ ထိုလူသားေလး တျဖည္းျဖည္းေဝးကြာသြားတာကို ၾကည့္ေနခဲ့သည္။

သူပုစာၦတစ္ခုတြက္ေနရသလို ခံစားလိုက္ရၿပီး စိတ္ရႈပ္ေထြးမႈေတြကိုပါ ခံစားလာရသည္။ ဒါဆိုအိပ္ယာေပၚမွာ အေတြ႕အႀကဳံမရွိတဲ့ထိုေကာင္ေလးက ၿပီးတာနဲ႕ ကိုယ္ဝန္ရွိမရွိဘယ္လိုစစ္ေဆးရမလဲဆိုတာကို သိေနသည္ေပါ့ေလ။ ဒါမွမဟုတ္ ဒီလိုျဖစ္နိုင္ရဲ႕လား..... ဒီရိုးသားပုံရတဲ့ေကာင္ေလးက သူမဟုတ္ဘဲ အျခားတစ္ေယာက္နဲ႕အရင္ျဖစ္ဖူးၿပီးၿပီလား။

Translated by ChuChu

You are reading the story above: TeenFic.Net