(Unicode)
အခန်း ၁၀။ကိုယ်တို့အလောင်းအစားလုပ်ရအောင်
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နှင့် ယုံကြည်မှုလွန်ကဲနေတဲ့ လင်ကျန်းရီတ်ယောက် စုကျစ်ယန်ဆီမှ 'မလုပ်ဘူး'ဆိုတဲ့ အငြင်းစကားကို ကြားလိုက်ရပြီးသည့်အခါ ရှော့ခ်ရသွားသည်။
သူဟာသူ့ကိုယ်သူအရမ်းခန့်ငြားတယ်လို့ထင်ခဲ့၏။ ဆွဲဆောင်မှုရှိ၊ ငယ်ရွယ်ချောမောပြီး အလားအလာရှိတဲ့ လူချမ်းသာတစ်ဦးဖြစ်သည်။
အရင်ကဆို မြီးကောင်ပေါက်လေးတွေကားလုံး သူ့အတွက်နှင့် သူ့ကိုပိုင်ဆိုင်နိုင်ဖို့ရာ ပြိုင်ဆိုင်ကြ၏။ ဒါပေမယ့် သူအားလုံးကိုငြင်းပယ်ပြီးအရေးမလုပ်ခဲ့ချေ။
ဘယ်သူ့ကိုမှ သူ့ဆီကနေ အကျိုးအမြတ်ရယူဖို့ အခွင့်အရေးမပေးခဲ့။ ဒါပေမယ့်အခုတော့ ပထမဆုံးအနေနှင့် သူ့ကိုစိတ်၀င်စားအောင် ဆွဲဆောင်နိုငိသူတစ်ဦးနှင့် ဒိတ်ဖို့အတွက် သူကိုယ်တိုင်မာနမထားဘဲ တောင်းဆိုခဲ့သည်။
သူထင်ခဲ့တာက ထိုကောင်လေးလက်ခံမည်ဟု။ ရလဒ်ကကောင်းလွန်းပါသည်။ အစုတ်ပလုတ်လေးက တစ်စက်ကလေးမှ စိတ်၀င်စားစရာမကောင်းချေ။
သူ့ကို 'မလုပ်ဘူး'ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ တိုက်ရိုက်ကြီးငြင်းပစ်၏။ ထို့ကြောင့်လည်း ဥကဌလင်တစ်ယောက် သူ့အတွက်မမျှတသလိုခံစားလိုက်ရကာ စိတ်ပျ်လက်ပျက်ပြန်မေးလျုက်သည်။
"ဘာလို့လဲ"
စုကျစ်ယောင် မျက်လုံးတွေကို ရွေ့လျားကာကြည့်လိုက်သည်။ ဘာလို့လဲဟုတ်လား။ သေချာတာပေါ့။ ဘာလို့ဆို ခင်ဗျားက စိတ်ရှုပ်စာကောင်းတယ်။ ရွံဖု့ိကောင်းတယ်။
ငါးအသားချောင်းကိုစားပြီးတာတောင်မှ တာ၀န်မယူချင်ဘူး။ (note-sexကိုဆိုလိုတာဟု ထြင်မင်)
ဒါပေမယ့်လည်း အဲဒါကအရင်ဘ၀က လင်ကျန်းရီဖြစ်သည်။ အခုဘ၀မှာတော့ စုကျစ်ယန်ရဲ့ ပြန်လည်မွေးဖွားလာခြင်းနှင့်အတူ လိပ်ပြာလေးရဲ့သက်ရောက်မှုတွေကလည်း အများကြီးပြောင်းလဲသွား၏။
တစ်ကယ်ပဲလင်ကျန်းရီဟာ ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာ မသိတော့ချေ။ တစ်ကယ်တေည့ အရင်ဘ၀မှာ လင်ကျန်းရီရဲ့ ပုံစံနှစ်မျိုးကို တွေ့ခဲ့ရသည်။
တစ်မျိုးကသူနှင့်အတူ အျပ်ယာပေါ်မှာ ကျေနပ်စွာလူးလှိမ့်ခဲ့ပြီး နောကိတစ်မျိုးကတော့ ကိုယ်၀န်သုံးလမှာ သူ့ဆီကရှောင်ပြေးချင်ခဲ့သည်။
သူလင်ကျန်းရီရဲ့ မျက်နှာနှစ်ဘက်လုံးကိုမင်ပြီးတာတောင် သူ့ရဲ့ပုံစံအစစ်အမှန်ကိုသိဖို့ မလုံလောက်သေးဘူးဖြစ်မည်။
ဒါပေမယ့်အခုတော့ ဥက္ကဌလင်ဟာ အရင်ဘ၀ကလင်ကျန်းရီနဲ့ လုံး၀ကွဲထွက်နေတာပဲဖြစ်သည်။
အဟမ်း ထားလိုက်ပါလေ။ သူကတစ်က်ပဲ အရင်လိုမဟုတ်ဘူးဆိုရင်တောင် စုကျစ်ယန်အတွက်တော့ လင်ကျန်းရီဆိုတဲ့မကောင်းဆိုးရွားရဲ့အတွင်းစိတ်က အတူတူပဲလို့ အသေအချာယုံကြည်နေဆဲပင်။
သူကအခု ကစားပွဲတစ်ခုကို ကစားဖု့ိလုပ်နေတယ်ဆိုရင်တောင် သူကစားရတာပျင်းသွားတဲ့အခါ သူ့ရဲ့တစ်ဖက်ခြမ်းက ဘီလူးမျက်နှာကို ထုတ်ပြလာမှာပင်ဖြစ်သည်။
စုကျစ်ယောင် ထိုအကြောင်းပြချက်တွေကို စိတ်ထဲမှာပဲ သိမ်းထားလိုက်ရင်း ပြောလိုက်သည်။
"ဆောရီးပါ ကျွန်တော်ခင်ဗျားကို ပိစိလေးတောင် စိတ်မ၀င်စားဘူး"
လင်ကျန်းရီ ဘောလုံးကိုနောက်တစ်ကြိမ်ပုတ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူငြင်သာစွာပင်မေးလိုက်ပြန်၏။
"ကိုယ်တို့မနေ့ကအဆင်ပြေခဲ့ကြတာပဲမလား မနေ့က ABC မှာ ကုယ်တို့စိတ်ကျေနပ်ခဲ့ကြတာပဲလေ ပျော်ခဲ့ကြတာပဲမလား"
စုကျစ်ယန်သူ့ခေါင်းကို ညိတ်လိုက်ရင်း ပြန်ပြောလိုက်သည်။
"ဒါပေါ့ဒါပေါ့ ကျွန်တော်တု့ိ အရမ်းပျော်ခဲ့ရပါတယ် ခင်ဗျားရဲ့စကားတွေကလည်း ကြွေချင်စရာကြီးပါ လက်ခံတယ် ဒါပေမယ့်အဲဒီ့တော့ဘာဖြစ်လဲ ကျွန်တော်တို့က one night stand တွေပဲလေ ဘာမှ serious ဖြစ်စရာမလိုပါဘူး ဟုတ်တယ်ဟုတ်"
အဲဒါကမှန်ပါတယ် ဒါပေမယ့်လည်း ဒီလိုစကားတွေကို သူ့ရဲ့ညအိပ်ဖော်ဖြစ်တဲ့ လေးရာတစ်ဆယ့်ကိုးယောက်သော ပါတနာတွေကို လင်ကျန်းရီပြောခဲ့တာဖြစ်သည်။
(Lpy's note- တင်စားတာဆိုပေမယ့်လို့ တွေးချပစ်လိုက်တယ်။ ဂျူနီယာလင်ကျန်းရီလေး မိုးပေါ်ထောင်မှထောင်နိုင်ပါဦးမလားလို့ XD)
အခုတော့သူ့မှာ စုကျစ်ယန်ဆီက ပြန်ပြောတာကို ခံနေရ၏။ အခုတော့သူ့ရဲ့အခြေအနေက ပြောင်းလဲသွားပြီး သူကအခြားလူစိတ်အနှောင့်အယှက်ဖြစ်အောင် တွယ်ကပ်နေရတဲ့လူ ဖြစ်သွားသည်။
အသေအချာပါပဲ။ ဒီခံစားချက်ကြီးက လုံး၀မကောင်းဘူး။
လင်ကျန်းရီ အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပင့်သက်ရှိုက်လိုက်ပြီး သူ့ရဲ့ပြီးပြည့်စုံတဲ့ မျက်နှာအမူအရာကို ထိန်းထားဖို့ကြိုးစားလိုက်သည်။
"ဟုတ်ပါပြီ ကိုယ်တို့လွန်ခဲ့တဲ့ညက အတူအချိန်ကောင်းလေးကို ရခဲ့ကြပြီး ပြီးတာနဲ့မဆိုင်တော့တဲ့လူတွေလို ကိုယ့်လမ်းကိုယ်သွားဖို့ ဆုံးဖြတ်ခဲ့ကြတာအမှန်ပါပဲ ဒါပေမယ့်ကို်ယ့်အတွက် ချွင်းချက်အနေနဲ့ မင်းကလူကောင်းတစ်ယောက်ဖြစ်လု့ိ မင်းနဲ့ထပ်ပြီးဆက်သွယ်ရတာ တန်တယ် မင်းကိုယ့််ကို မကျေနပ်တာများရှိလို့လား အဆင်ပြေပါတယ် ဘာကိုမကျေနပ်လဲဆိုတာသာပြောတာ ကိုယ်ပြင်ပါ့မယ် အဲဒါဆိုအဆင်ပြေလား"
လင်ကျန်းရီကျိန်ရဲသည်။ ဒါကသူ့ဘ၀တစ်လျှောက်လုံးမှာ ပထမဆုံးကိုယ့်ကိုယ်ကို နှိမ့်ချပြီးပြောတာပါပဲ။
သူ့ရှေ့ကအကောင်စုတ်လေး သူ့ကိုမျက်နှာသာမပေးဘဲ ငြင်းပစ်နိုင်မှာမဟုတ်ဘူး။ ဟီးဟီး သူငါ့ကိုလက်လွှတ်မှာ မဟုတ်တာ သေချာတာပေါ့။
စုကျစ်ယန် လင်ကျန်းရီကိုစိုက်ကြည့်လိုက်သည်။ ကောင်းပြီလေ။ သူသရုပ်ဆောင်ကောင်းတာကို လက်ခံလိုက်မည်။
သူ့မျက်လုံးတွေတည်ကြည်လေးနက်နေပြီး သူ့မျက်နှာအမူအရာက အပြစ်ပြောစရာ စိုးစဉ်းမျှမရှိချေ။
အကယ်၍စုကျစ်ယောင်သာ အရင်ဘ၀မှာရှိနေဆဲသာဆိုလျှင်ဖြင့် သူလင်ကျန်းရီကို ရူးရူးမိုက်မိုက်ပင် ပစ်ယုံလိုက်လိမ့်မည်။
ဒါပေမယ့် လင်ကျန်းရီအခုလို ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး အပျော့ဆွဲတာက အခုမှမဟုတ်။ ကားအက်ဆီးဒန့်ဖြစ်တုန်းကရော လုပ်ခဲ့ပြီးပြီ။ သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကို တမင်ဖုံးကွယ်ထားခြင်းသာ။
"စိတ်မကောင်းပါဘူး ကျွန်တော်ဘယ်သူနဲ့မှ ဒိတ်လုပ်ဖို့အတွေးမရှိလို့ တခြားလူကိုပဲ ရှာလိုက်တာ ပိုကောင်းပါတယ်"
စုကျစ်ယန်စကားကို တစ်လုံးချင်းပြောလိုက်သည်။
"ခင်ဗျား ကျွန်တော်န့ဲ ေ၀းေ၀းနေမယ်လို့မျှော်လင့်ပါတယ်"
လင်ကျန်းရီ သူ့လက်တွေကိုကိုင်ကာ ဖျစ်ညှစ်လိုက်သည်။ သစ်အယ်စေ့လို မျက်လုံးကျဉ်းတွေက ယုံကြည်မှုအပြည့်နှင့ စူးရှထက်မြက်နေပြီး ထိုမျက်၀န်းတွေထဲက မီးထတောက်တော့မလို ထင်ရ၏။
သူ့လက်တွေကို အိတ်ကပ်ထဲထိုးထည့်ပြီး မတ်တပ်ထရပ်လိုက်သည်။ စုကျစ်ယန်ကို အပေါ်စီးကငုံ့ကာ အနိုင်ကျင့်သည့်အကြည့်တွေနှင့် အထက်စီးကကြည့်ပြီး အထက်စီးဆန်ဆန်လေသံဖြင့် ပြောလိုက်သည်။
"ကိုယ်တို့အလောင်းအစား လုပ်ကြည့်ရင် ဘယ်လိုလဲ"
စုကျစ်ယန် သူ့မျက်ခုံးတွေကို ပင့လိုက်ရင်း တစ်ခွန်းမှပြန်မပြောချေ။ လင်ကျန်းရီဖြည်းဖြည်းချင်း ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး စုကျစ်ယန်ရဲ့ မျက်နှာနှင့်တည့်တည့်ရင်ဆိုင်လိုက်သည်။
အရမ်းနီးကပ်လွန်းလို့ သူတို့ရဲ့နှာခေါင်းထိပ်လေးတွေ အချင်းချင်းပင် ထိတော့မယောင်။ သူကအပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
"မင်းဒီနေ့လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ရွေးချယ်မှုကြောင့် နောင်တရလိမ့်ယ်ဆိုတာ ကိုယ်လောင်းလဲရတယ် ဘာလို့လဲဆိုတော့ မင်းကိုယ့်ကိုချစ်မိသွားတော့မှာမို့လေ"
စုကျစ်ယန် အရိုးခံမျက်နှာလေးနှင့် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။
"ဘာဗျ ကောင်းပြီလေ ဒါဆိုလည်း ကြိုးစားကြည့်ပေါ့"
"မင်းနားလိုက်ပါ ကိုယ်မနက်ဖြန် မင်းကိုထပ်လာတွေ့မယ်.."
လင်ကျန်းရီလှည့်မကြည့်ပဲ ခန့်ညားစွာဖြင့်တည်တည်ငြိမ်ငြိမ်ပင် ထွက်သွားသည်။ သူတံခါးဝကိုရောက်တဲ့အခါ စုကျစ်ယန်ကိုလှည့်ကြည့်ပြီး ရယ်မောကာပြောလိုက်သည်။
"အာ ကိုယ်ပြောဖို့မေ့တော့မလို့ တကယ်လို့မင်းသာ ဒိတ်ဖို့သဘောတူခဲ့ရင် မင်းကိုထိခိုက်အောင်လုပ်မိလို့ ဒေါ်လာငါးသန်းကိုပေးဖို့လုပ်ထားတာ ဘာလို့လဲဆိုတော့ မင်းကိုယ့်ကြောင့်အက်ဆီးဒန့်ဖြစ်ပြီး ထိခိုက်ရတာလေ တကယ်လို့မင်းခေါင်းကဒဏ်ရာက နောက်တချိန်မှာ ဆိုးရွားလာခဲ့ရင် ကုသဖို့ငွေရှိရင် ပိုအဆင်ပြေတာပေါ့ ဟုတ်ဘူးလား မင်းကမလိုချင်မှတော့ ထားလိုက်ပါတော့လေ အခုမင်းပုံစံကိုကြည့်ရတာ မင်းဦးနှောက်က အကောင်းကြီးပါပဲ ကိုယ့်ငွေတွေကို မကုန်စေခဲ့လို့ကျေးဇူးပါ ကျစ်ယန်"
ပြီးတဲ့နောက် သူ့မျက်လုံးတစ်ဖက်ကိုမှိတ်ပြရင်း စုကျစ်ယန်ကို fly kiss ပေးလိုက်သည်။ ပြီးတဲ့နောက်မှာတော့ ထိုလူကြီးလူကောင်းဟာ ကော်ရစ်ဒါဘက်ကိုလှည့်ကာ အခန်းပြင်ထွက်လိုက်ပြီး တံခါးပိတ်ပေးကာထွက်သွားသည်။
လင်မျိုးရိုးရဲ့စကားတွေကိုကြားပြီးတဲ့နောက် ကုတင်ပေါ်မှာ အေးအေးဆေးဆေး လှဲနေတဲ့ သနားစရာစုကျစ်ယန်လေးက ကမ္ဘာကြီးရပ်တန့်သွားသလို ခံစားလိုက်ရသည်။
လင်ကျန်းရီထွက်သွားတဲ့အခါ စုကျစ်ယန်ရဲ့အဖြစ်က အမြဲလိုလိုကံဆိုးနေတတ်ပြီး လင်မျိုးရိုးနှင့်တွဲဖို့တောင် နောက်ထပ်အခွင့်အရေးမရှိတော့တာမို့ သူ့ဆံပင်သူဆွဲကာ အရူးတစ်ပိုင်းဖြစ်လုလုပင်။
"ရွံစရာကောင်းတဲ့အကျင့်ပုတ် အမှိုက်ကောင် အယုတ်တမာ မင်းဘာလို့ ဒေါ်လာငါးသန်းအကြောင်းကို ငါလောင်ဇစ်ကို အရင်မပြောရတာလဲ ဝါး..ဟန်ဆောင်ကောင်းချက်ပဲ အား..... အား.... နောက်ထပ် ဒေါ်လာငါးသန်းကို ဆုံးရှုံးသွားပြန်ပြီ အား...."
Wardရဲ့တံခါးထောင့်တစ်နေရာမှာ ရပ်နေတဲ့ ရပ်နေတဲ့လင်ကျန်းရီတစ်ယောက် သူ့လက်တွေနဲ့ နံရံကိုထောက်ကာ ဇိမ်ပြေနပြေရပ်နေရင်း စုကျစ်ယန်ရဲ့ငိုသံကိုနားထောင်နေသည်။
သူ့နှုတ်ခမ်းပါးတွေက တဖြည်းဖြည်း ကော့တက်သွားပြီး ကျေနပ်စွာပင် ရယ်မောနေလိုက်တော့၏။
Translated by chuchu
__________
(Zawgyi)
အခန္း ၁၀။ကိုယ္တို႔အေလာင္းအစားလုပ္ရေအာင္
ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္နွင့္ ယံုၾကည္မႈလြန္ကဲေနတဲ့ လင္က်န္းရီတ္ေယာက္ စုက်စ္ယန္ဆီမွ 'မလုပ္ဘူး'ဆိုတဲ့ အျငင္းစကားကို ၾကားလိုက္ရၿပီးသည့္အခါ ေရွာ႔ခ္ရသြားသည္။
သူဟာသူ႔ကိုယ္သူအရမ္းခန္႔ျငားတယ္လို႔ထင္ခဲ့၏။ ဆြဲေဆာင္မႈရွိ၊ ငယ္႐ြယ္ေခ်ာေမာၿပီး အလားအလာရွိတဲ့ လူခ်မ္းသာတစ္ဦးျဖစ္သည္။
အရင္ကဆို ျမီးေကာင္ေပါက္ေလးေတြကားလံုး သူ႔အတြက္နွင့္ သူ႔ကုိပိုင္ဆိုင္နိုင္ဖို႔ရာ ၿပိဳင္ဆိုင္ၾက၏။ ဒါေပမယ့္ သူအားလံုးကိုျငင္းပယ္ၿပီးအေရးမလုပ္ခဲ့ေခ်။
ဘယ္သူ႔ကိုမွ သူ႔ဆီကေန အက်ိဳးအျမတ္ရယူဖို႔ အခြင့္အေရးမေပးခဲ့။ ဒါေပမယ့္အခုေတာ့ ပထမဆံုးအေနနွင့္ သူ႔ကိုစိတ္၀င္စားေအာင္ ဆြဲေဆာင္နိုငိသူတစ္ဦးနွင့္ ဒိတ္ဖို႔အတြက္ သူကိုယ္တိုင္မာနမထားဘဲ ေတာင္းဆိုခဲ့သည္။
သူထင္ခဲ့တာက ထိုေကာင္ေလးလက္ခံမည္ဟု။ ရလဒ္ကေကာင္းလြန္းပါသည္။ အစုတ္ပလုတ္ေလးက တစ္စက္ကေလးမွ စိတ္၀င္စားစရာမေကာင္းေခ်။
သူ႔ကို 'မလုပ္ဘူး'ဆိုတဲ့ စကားတစ္ခြန္းတည္းနဲ႔ တိုက္ရိုက္ႀကီးျငင္းပစ္၏။ ထို႔ေၾကာင့္လည္း ဥကဌလင္တစ္ေယာက္ သူ႔အတြက္မမွ်တသလိုခံစားလိုက္ရကာ စိတ္ပ်္လက္ပ်က္ျပန္ေမးလ်ဳက္သည္။
"ဘာလို႔လဲ"
စုက်စ္ေယာင္ မ်က္လံုးေတြကို ေ႐ြ႕လ်ားကာၾကည့္လိုက္သည္။ ဘာလို႔လဲဟုတ္လား။ ေသခ်ာတာေပါ့။ ဘာလို႔ဆို ခင္ဗ်ားက စိတ္ရႈပ္စာေကာင္းတယ္။ ႐ြံဖု႔ိေကာင္းတယ္။
ငါးအသားေခ်ာင္းကိုစားၿပီးတာေတာင္မွ တာ၀န္မယူခ်င္ဘူး။ (note-sexကိုဆိုလိုတာဟု ထငျ္မင္)
ဒါေပမယ့္လည္း အဲဒါကအရင္ဘ၀က လင္က်န္းရီျဖစ္သည္။ အခုဘ၀မွာေတာ့ စုက်စ္ယန္ရဲ႕ ျပန္လည္ေမြးဖြားလာျခင္းနွင့္အတူ လိပ္ျပာေလးရဲ႕သက္ေရာက္မႈေတြကလည္း အမ်ားႀကီးေျပာင္းလဲသြား၏။
တစ္ကယ္ပဲလင္က်န္းရီဟာ ဘယ္လိုလူမ်ိဳးျဖစ္ခဲ့လဲဆိုတာ မသိေတာ့ေခ်။ တစ္ကယ္ေတည့ အရင္ဘ၀မွာ လင္က်န္းရီရဲ႕ ပံုစံနွစ္မ်ိဳးကို ေတြ႕ခဲ့ရသည္။
တစ္မ်ိဳးကသူနွင့္အတူ အ်ပ္ယာေပၚမွာ ေက်နပ္စြာလူးလွိမ့္ခဲ့ၿပီး ေနာကိတစ္မ်ိဳးကေတာ့ ကိုယ္၀န္သံုးလမွာ သူ႔ဆီကေရွာင္ေျပးခ်င္ခဲ့သည္။
သူလင္က်န္းရီရဲ႕ မ်က္နွာနွစ္ဘက္လံုးကိုမင္ၿပီးတာေတာင္ သူ႔ရဲ႕ပံုစံအစစ္အမွန္ကိုသိဖို႔ မလံုေလာက္ေသးဘူးျဖစ္မည္။
ဒါေပမယ့္အခုေတာ့ ဥကၠဌလင္ဟာ အရင္ဘ၀ကလင္က်န္းရီနဲ႔ လံုး၀ကြဲထြက္ေနတာပဲျဖစ္သည္။
အဟမ္း ထားလိုက္ပါေလ။ သူကတစ္က္ပဲ အရင္လိုမဟုတ္ဘူးဆိုရင္ေတာင္ စုက်စ္ယန္အတြက္ေတာ့ လင္က်န္းရီဆိုတဲ့မေကာင္းဆိုး႐ြားရဲ႕အတြင္းစိတ္က အတူတူပဲလို႔ အေသအခ်ာယံုၾကည္ေနဆဲပင္။
သူကအခု ကစားပြဲတစ္ခုကို ကစားဖု႔ိလုပ္ေနတယ္ဆိုရင္ေတာင္ သူကစားရတာပ်င္းသြားတဲ့အခါ သူ႔ရဲ႕တစ္ဖက္ျခမ္းက ဘီလူးမ်က္နွာကို ထုတ္ျပလာမွာပင္ျဖစ္သည္။
စုက်စ္ေယာင္ ထိုအေၾကာင္းျပခ်က္ေတြကို စိတ္ထဲမွာပဲ သိမ္းထားလိုက္ရင္း ေျပာလုိက္သည္။
"ေဆာရီးပါ ကြၽန္ေတာ္ခင္ဗ်ားကို ပိစိေလးေတာင္ စိတ္မ၀င္စားဘူး"
လင္က်န္းရီ ေဘာလံုးကိုေနာက္တစ္ႀကိမ္ပုတ္ခ်ခံလုိက္ရသလို ခံစားလိုက္ရသည္။ သူျငင္သာစြာပင္ေမးလိုက္ျပန္၏။
"ကုိယ္တို႔မေန႔ကအဆင္ေျပခဲ့ၾကတာပဲမလား မေန႔က ABC မွာ ကုယ္တို႔စိတ္ေက်နပ္ခဲ့ၾကတာပဲေလ ေပ်ာ္ခဲ့ၾကတာပဲမလား"
စုက်စ္ယန္သူ႔ေခါင္းကို ညိတ္လိုက္ရင္း ျပန္ေျပာလိုက္သည္။
"ဒါေပါ့ဒါေပါ့ ကြၽန္ေတာ္တု႔ိ အရမ္းေပ်ာ္ခဲ့ရပါတယ္ ခင္ဗ်ားရဲ႕စကားေတြကလည္း ေႂကြခ်င္စရာႀကီးပါ လက္ခံတယ္ ဒါေပမယ့္အဲဒီ့ေတာ့ဘာျဖစ္လဲ ကြၽန္ေတာ္တို႔က one night stand ေတြပဲေလ ဘာမွ serious ျဖစ္စရာမလိုပါဘူး ဟုတ္တယ္ဟုတ္"
အဲဒါကမွန္ပါတယ္ ဒါေပမယ့္လည္း ဒီလိုစကားေတြကို သူ႔ရဲ႕ညအိပ္ေဖာ္ျဖစ္တဲ့ ေလးရာတစ္ဆယ့္ကိုးေယာက္ေသာ ပါတနာေတြကို လင္က်န္းရီေျပာခဲ့တာျဖစ္သည္။
(Lpy's note- တင္စားတာဆိုေပမယ့္လို႔ ေတြးခ်ပစ္လိုက္တယ္။ ဂ်ဴနီယာလင္က်န္းရီေလး မိုးေပၚေထာင္မွေထာင္နိုင္ပါဦးမလားလို႔ XD)
အခုေတာ့သူ႔မွာ စုက်စ္ယန္ဆီက ျပန္ေျပာတာကို ခံေနရ၏။ အခုေတာ့သူ႔ရဲ႕အေျခအေနက ေျပာင္းလဲသြားၿပီး သူကအျခားလူစိတ္အေနွာင့္အယွက္ျဖစ္ေအာင္ တြယ္ကပ္ေနရတဲ့လူ ျဖစ္သြားသည္။
အေသအခ်ာပါပဲ။ ဒီခံစားခ်က္ႀကီးက လံုး၀မေကာင္းဘူး။
လင္က်န္းရီ အသက္ျပင္းျပင္းတစ္ခ်က္ရွဴကာ ပင့္သက္ရႈိက္လိုက္ၿပီး သူ႔ရဲ႕ၿပီးျပည့္စံုတဲ့ မ်က္နွာအမူအရာကို ထိန္းထားဖို႔ႀကိဳးစားလိုက္သည္။
"ဟုတ္ပါၿပီ ကိုယ္တို႔လြန္ခဲ့တဲ့ညက အတူအခ်ိန္ေကာင္းေလးကုိ ရခဲ့ၾကၿပီး ၿပီးတာနဲ႔မဆိုင္ေတာ့တဲ့လူေတြလို ကိုယ့္လမ္းကိုယ္သြားဖို႔ ဆံုးျဖတ္ခဲ့ၾကတာအမွန္ပါပဲ ဒါေပမယ့္ကို္ယ့္အတြက္ ခြၽင္းခ်က္အေနနဲ႔ မင္းကလူေကာင္းတစ္ေယာက္ျဖစ္လု႔ိ မင္းနဲ႔ထပ္ၿပီးဆက္သြယ္ရတာ တန္တယ္ မင္းကိုယ့္္ကုိ မေက်နပ္တာမ်ားရွိလို႔လား အဆင္ေျပပါတယ္ ဘာကိုမေက်နပ္လဲဆိုတာသာေျပာတာ ကိုယ္ျပင္ပါ့မယ္ အဲဒါဆိုအဆင္ေျပလား"
လင္က်န္းရီက်ိန္ရဲသည္။ ဒါကသူ႔ဘ၀တစ္ေလွ်ာက္လံုးမွာ ပထမဆံုးကိုယ့္ကိုယ္ကို နွိမ့္ခ်ၿပီးေျပာတာပါပဲ။
သူ႔ေရွ႕ကအေကာင္စုတ္ေလး သူ႔ကိုမ်က္နွာသာမေပးဘဲ ျငင္းပစ္နိုင္မွာမဟုတ္ဘူး။ ဟီးဟီး သူငါ့ကိုလက္လႊတ္မွာ မဟုတ္တာ ေသခ်ာတာေပါ့။
စုက်စ္ယန္ လင္က်န္းရီကိုစိုက္ၾကည့္လိုက္သည္။ ေကာင္းၿပီေလ။ သူသရုပ္ေဆာင္ေကာင္းတာကို လက္ခံလိုက္မည္။
သူ႔မ်က္လံုးေတြတည္ၾကည္ေလးနက္ေနၿပီး သူ႔မ်က္နွာအမူအရာက အျပစ္ေျပာစရာ စိုးစဥ္းမွ်မရွိေခ်။
အကယ္၍စုက်စ္ေယာင္သာ အရင္ဘ၀မွာရွိေနဆဲသာဆိုလွ်င္ျဖင့္ သူလင္က်န္းရီကို ရူးရူးမိုက္မိုက္ပင္ ပစ္ယံုလိုက္လိမ့္မည္။
ဒါေပမယ့္ လင္က်န္းရီအခုလို ကိုယ့္ကိုယ္ကုိနွိမ့္ခ်ၿပီး အေပ်ာ့ဆြဲတာက အခုမွမဟုတ္။ ကားအက္ဆီးဒန္႔ျဖစ္တုန္းကေရာ လုပ္ခဲ့ၿပီးၿပီ။ သူ႔ရဲ႕ခံစားခ်က္အစစ္အမွန္ေတြကို တမင္ဖံုးကြယ္ထားျခင္းသာ။
"စိတ္မေကာင္းပါဘူး ကြၽန္ေတာ္ဘယ္သူနဲ႔မွ ဒိတ္လုပ္ဖို႔အေတြးမရွိလို႔ တျခားလူကိုပဲ ရွာလိုက္တာ ပိုေကာင္းပါတယ္"
စုက်စ္ယန္စကားကို တစ္လံုးခ်င္းေျပာလိုက္သည္။
"ခင္ဗ်ား ကြၽန္ေတာ္န႔ဲ ေ၀းေ၀းေနမယ္လို႔ေမွ်ာ္လင့္ပါတယ္"
လင္က်န္းရီ သူ႔လက္ေတြကိုကိုင္ကာ ဖ်စ္ညႇစ္လိုက္သည္။ သစ္အယ္ေစ့လို မ်က္လံုးက်ဥ္းေတြက ယံုၾကည္မႈအျပည့္နွင႔ စူးရွထက္ျမက္ေနၿပီး ထိုမ်က္၀န္းေတြထဲက မီးထေတာက္ေတာ့မလို ထင္ရ၏။
သူ႔လက္ေတြကို အိတ္ကပ္ထဲထိုးထည့္ၿပီး မတ္တပ္ထရပ္လိုက္သည္။ စုက်စ္ယန္ကို အေပၚစီးကငံု႔ကာ အနိုင္က်င့္သည့္အၾကည့္ေတြနွင့္ အထက္စီးကၾကည့္ၿပီး အထက္စီးဆန္ဆန္ေလသံျဖင့္ ေျပာလိုက္သည္။
"ကိုယ္တို႔အေလာင္းအစား လုပ္ၾကည့္ရင္ ဘယ္လုိလဲ"
စုက်စ္ယန္ သူ႔မ်က္ခံုးေတြကို ပင့လိုက္ရင္း တစ္ခြန္းမွျပန္မေျပာေခ်။ လင္က်န္းရီျဖည္းျဖည္းခ်င္း ကိုယ္ကိုငံု႔ကိုင္းလိုက္ၿပီး စုက်စ္ယန္ရဲ႕ မ်က္နွာနွင့္တည့္တည့္ရင္ဆိုင္လိုက္သည္။
အရမ္းနီးကပ္လြန္းလို႔ သူတို႔ရဲ႕နွာေခါင္းထိပ္ေလးေတြ အခ်င္းခ်င္းပင္ ထိေတာ့မေယာင္။ သူကအၿပံဳးတစ္ခုနွင့္အတူ ေျပာလိုက္သည္။
"မင္းဒီေန႔လုပ္လိုက္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ေ႐ြးခ်ယ္မႈေၾကာင့္ ေနာင္တရလိမ့္ယ္ဆိုတာ ကိုယ္ေလာင္းလဲရတယ္ ဘာလို႔လဲဆိုေတာ့ မင္းကိုယ့္ကိုခ်စ္မိသြားေတာ့မွာမို႔ေလ"
စုက်စ္ယန္ အရိုးခံမ်က္နွာေလးနွင့္ မ်က္ေတာင္ကိုပုတ္ခတ္ပုတ္ခတ္လုပ္လိုက္၏။
"ဘာဗ် ေကာင္းၿပီေလ ဒါဆိုလည္း ႀကိဳးစားၾကည့္ေပါ့"
"မင္းနားလိုက္ပါ ကိုယ္မနက္ျဖန္ မင္းကိုထပ္လာေတြ႕မယ္.."
လင္က်န္းရီလွည့္မၾကည့္ပဲ ခန႔္ညားစြာျဖင့္တည္တည္ၿငိမ္ၿငိမ္ပင္ ထြက္သြားသည္။ သူတံခါးဝကိုေရာက္တဲ့အခါ စုက်စ္ယန္ကိုလွည့္ၾကည့္ၿပီး ရယ္ေမာကာေျပာလိုက္သည္။
"အာ ကိုယ္ေျပာဖို႔ေမ့ေတာ့မလို႔ တကယ္လို႔မင္းသာ ဒိတ္ဖို႔သေဘာတူခဲ့ရင္ မင္းကိုထိခိုက္ေအာင္လုပ္မိလို႔ ေဒၚလာငါးသန္းကိုေပးဖို႔လုပ္ထားတာ ဘာလို႔လဲဆိုေတာ့ မင္းကိုယ့္ေၾကာင့္အက္ဆီးဒန႔္ျဖစ္ၿပီး ထိခိုက္ရတာေလ တကယ္လို႔မင္းေခါင္းကဒဏ္ရာက ေနာက္တခ်ိန္မွာ ဆိုး႐ြားလာခဲ့ရင္ ကုသဖို႔ေငြရွိရင္ ပိုအဆင္ေျပတာေပါ့ ဟုတ္ဘူးလား မင္းကမလိုခ်င္မွေတာ့ ထားလိုက္ပါေတာ့ေလ အခုမင္းပုံစံကိုၾကည့္ရတာ မင္းဦးေႏွာက္က အေကာင္းႀကီးပါပဲ ကိုယ့္ေငြေတြကို မကုန္ေစခဲ့လို႔ေက်းဇူးပါ က်စ္ယန္"
ၿပီးတဲ့ေနာက္ သူ႕မ်က္လုံးတစ္ဖက္ကိုမွိတ္ျပရင္း စုက်စ္ယန္ကို fly kiss ေပးလိုက္သည္။ ျပီးတဲ့ေနာက္မွာေတာ့ ထိုလူႀကီးလူေကာင္းဟာ ေကာ္ရစ္ဒါဘက္ကိုလွည့္ကာ အခန္းျပင္ထြက္လိုက္ၿပီး တံခါးပိတ္ေပးကာထြက္သြားသည္။
လင္မ်ိဳးရိုးရဲ႕စကားေတြကိုၾကားၿပီးတဲ့ေနာက္ ကုတင္ေပၚမွာ ေအးေအးေဆးေဆး လွဲေနတဲ့ သနားစရာစုက်စ္ယန္ေလးက ကမာၻႀကီးရပ္တန႔္သြားသလို ခံစားလိုက္ရသည္။
လင္က်န္းရီထြက္သြားတဲ့အခါ စုက်စ္ယန္ရဲ႕အျဖစ္က အၿမဲလိုလိုကံဆိုးေနတတ္ၿပီး လင္မ်ိဳးရိုးႏွင့္တြဲဖို႔ေတာင္ ေနာက္ထပ္အခြင့္အေရးမရွိေတာ့တာမို႔ သူ႕ဆံပင္သူဆြဲကာ အ႐ူးတစ္ပိုင္းျဖစ္လုလုပင္။
"႐ြံစရာေကာင္းတဲ့အက်င့္ပုတ္ အမွိုက္ေကာင္ အယုတ္တမာ မင္းဘာလို႔ ေဒၚလာငါးသန္းအေၾကာင္းကို ငါေလာင္ဇစ္ကို အရင္မေျပာရတာလဲ ဝါး..ဟန္ေဆာင္ေကာင္းခ်က္ပဲ အား..... အား.... ေနာက္ထပ္ ေဒၚလာငါးသန္းကို ဆုံးရႈံးသြားျပန္ၿပီ အား...."
Wardရဲ႕တံခါးေထာင့္တစ္ေနရာမွာ ရပ္ေနတဲ့ ရပ္ေနတဲ့လင္က်န္းရီတစ္ေယာက္ သူ႕လက္ေတြနဲ႕ နံရံကိုေထာက္ကာ ဇိမ္ေျပနေျပရပ္ေနရင္း စုက်စ္ယန္ရဲ႕ငိုသံကိုနားေထာင္ေနသည္။
သူ႕ႏႈတ္ခမ္းပါးေတြက တျဖည္းျဖည္း ေကာ့တက္သြားၿပီး ေက်နပ္စြာပင္ ရယ္ေမာေနလိုက္ေတာ့၏။
Translated by chuchu
You are reading the story above: TeenFic.Net