Chapter 1 (U)

Background color
Font
Font size
Line height

Translator -  Lazy_kallyCHU
----------

အခန်း ၁။ ငါ့မှာကိုယ်၀န်ရှိနေပြီ။

"ငါ့မှာကိုယ်၀န်ရှိနေပြီ.."

စုကျစ်ယန်တစ်ယောက် ပါးပါးလှပ်လှပ်ရှိသည့် အားကစား၀တ်စုံကို၀တ်ဆင်ထားသည်။ လက်တစ်ဖက်ကိုဆန့်တန်းပြီး လင်ကျန်းရီကိုတားထားသလို အခြားတစ်ဖက်က သူ့ခါးကိုသူ ထိန်းကိုင်ထား၏။

ရုံးဆင်းချိန်ရောက်နေသည်မို့ လူအုပ်ကြီးက လင်လုပ်ငန်းစုတွင် ပျားပန်းခတ်လှုပ်ရှား သွားလာနေကြသည်။ လင်ကျန်းရီ ပတ်၀န်းကျင်ကိုလေ့လာလိုက်သည်။

သူ့ရှေ့ကတားဆီးထားတဲ့ အိုင်းရစ်ပန်းတွေလို တလက်လက်တောက်ပနေပြီး ခြိမ်းခြောက်မှုတွေပြည့်နေသည့် ကောင်လေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရသည်။

လွန်ခဲ့တဲ့သုံးလက night clubတစ်ခုကို သူသွားခဲ့သည်။ ထိုအချိန်က စုကျစ်ယန်ဆိုသူ အမျိုးသားတစ်ဦးနှင့်တွေ့ပြီး စိတ်တူကိုယ်တူရှိခဲ့ကြသည်။

အခန်းတစ်ခုထဲမှာ စောင်တွေကြားထဲ အတူတူလူးလှိမ့်ခဲ့ကြတဲ့ အခြေအနေအထိ သွားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်လုံးအတွက် အချိန်ကောင်းလေးရခဲ့သည်။

အားလုံးပြီးတဲ့နောက်မှာတော့ အခြားone night standတွေလိုပဲ သူတို့တွေနှုတ်ဆက်ခွဲခွာခဲ့ကြသည်။

အဲဒီ့နောက်မှာတော့ စုကျစ်ယန်က သူ့ရဲ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားလည်းမသိ။ နေ့တိုင်းဖုန်းတွေခေါ်ပြီး သူ့မှာကိုယ်၀န်ရှိနေပြီဆိုတဲ့အကြောင်းပြောသလို တာ၀န်ယူဖို့ပြောလာသည်။

လင်ကျန်းရီသူ့စကားတွေကိုမယုံခဲ့။ ယောက်ျားလေးတစ်ယောက်က ဘယ်လိုလုပ် ကိုယ်၀န်ရနိုင်မှာလဲ။ စုကျစ်ယန်လိမ်နေတာများလား။ ထိုစကားကို သရဲကိုသွားပြောရင်တောင် ယုံမည်မဟုတ်ချေ။

တကယ်လို့ သူပိုက်ဆံလိုချင်ရင် ဒီထက်ကောင်းတဲ့ အကြောင်းပြချက်ကောင်းကောင်းကိုရှာသင့်သည်။

စုကျစ်ယန် သူ့ဆီဖုန်းမခေါ်တာ ၂ရက်ရှိပြီမို့ ထိုကလေးစုတ်လေး နောက်ဆုံးမှာ လက်လျော့သွားပြီလို့ ထင်နေခဲ့သည်။ ဘယ်သူတွေးမိမှာလဲ။ အခုလိုကုမ္ပဏီကို ရောက်လာပြီး သူ့ကိုခုလို တားထားလိမ့်မယ်လို့။

"သုံးလ.."

စုကျစ်ယန်က ရှက်နေသည့်ပုံနှင့် သူ့ပါးကိုသူခပ်ဖွဖွကုတ်ရင်းပြောသည်။

"တကယ်တော့ ခင်များကိုလာမရှာချင်ခဲ့ပါဘူး ဒါပေမယ့် ဒီကလေးက ခင်ဗျားနဲ့လည်းဆိုင်တယ်လေ ကျွန်တော်ဒီကလေးကို မွေးရမလား ဖျက်ချရမလားဆိုတာ တကယ်မတွေးတတ်တော့ဘူး ခင်ဗျားမလိုချင်ဘူးဆိုရင် ကလေးဖျက်ချဖို့အတွက် ဆေးရုံကိုလိုက်ပို့ပေးပါ တကယ်လို့ခင်ဗျား ဒီကလေးကိုလိုချင်တယ်ဆိုရင်တော့ ကျွန်တော်နဲ့ကလေးရဲ့နေထိုင်စားသောက်စရိတ်အတွက် ခင်ဗျားကိုဒုက္ခပေးရတော့မှာပဲ ကိုယ်၀န်ဆောင်နေတဲ့အချိန်အတွင်း ကျွန်တော်အလုပ်မလုပ်နိုင်ဘူး ဒါပေမယ့် ကလေးမွေးပြီးတာနဲ့ ခင်ဗျားထပ်ပြီးထောက်ပ့ံစရာမလိုတော့ပါဘူး ပြီးတာနဲ့ ကျွန်တော်ထွက်သွားမှာပါ ခင်ဗျားရှေ့ကိုထပ်မပေါ်လာစေရဘူး"

နေထိုင်စားသောက်စားရိတ်ဆိုတဲ့စကားကို ကြားလိုက်ပြီးတဲ့နောက်မှာတော့ လင်ကျန်းရီရဲ့မျက်လုံးမှာ လှောင်ရိပ်သန်းလာသည်။

သူကအစကအဆုံးထိ ကြီးကြီးကျယ်ကျယ်စကားတွေသာပြောနေတာ အဆုံးမှာတော့ အဓိကအကြောင်းအရင်းဟာ 'ပိုက်ဆံ' ပါပဲ။

ဒါပေမယ့် ကုမ္ပဏီအဆောက်အဦးထဲမှာ အဓိပ္ပါယ်မရှိတဲ့ အရည်မရအဖတ်မရ စကားတွေကိုပြောတတ်တာက လင်ကျန်းရီရဲ့ပုံစံမဟုတ်။

၀န်ထမ်းတွေအများကြီးကလည်း သွားလာလှုပ်ရှားနေကြသေးသည်။၀န်ထမ်းတွေသာ သူတို့ရဲ့ဥက္ကဌက ကိုယ်၀န်၊ တာ၀န်ယူခြင်း စတဲ့ပြဿနာတွေကို ကောင်လေးတစ်ယောက်နှင့် ရှုပ်ယှက်ခတ်ဖြစ်ပွားနေမှန်းသာသိသွားကြည့် သူ့မျက်နှာထားစရာနေရာကိုရှိတော့မည် မဟုတ်ချေ။

"ကားပေါ်အရင်တက်ပါ"

လင်ကျန်းရီ သူ့ကားဆီကိုသွားလိုက်ပြီး တံခါးဖွင့်ကာမောင်းသူနေရာမှာ ထိုင်လိုက်သည်။ စုကျစ်ယန်က အသိလွတ်နေတဲ့လူလို အကြာကြီးရပ်ကာတွေေ၀နေပြီးမှ ကားနောက်ခန်းတံခါးကိုဖွင့်ကာ ၀င်ထိုင်လိုက်သည်။

ကားကကြီးမားကျယ်၀န်းပြီး ထိုင်ခုံတွေကလည်း သက်တောင့်သက်သာရှိ၏။ စုကျစ်ယန် သူ့ရဲ့ခါးကိုထိန်းကိုင်ရင်း စိတ်သက်သာသွားသလို သက်ပြင်းချလိုက်သည်။

ပြီးမှ ၀မ်းဗိုက်အောက်နားကို ခပ်ဖွဖွအုပ်ရင်း မရှိတဲ့ကလေးကို ကာကွယ်ဟန်လုပ်လိုက်သေးသည်။

"ခင်များရဲ့ကားအကောင်းစားကြီး ညစ်ပတ်မသွားစေချင်ရင် ဖြည်းဖြည်းမောင်းပေးပါ မဟုတ်ရင် ကျွန်တော် အန်ချမိလိမ့်မယ်"

လင်ကျန်းရီ မသိမသာအံကြိတ်လိုက်ရင်း စုကျစ်ယန်ကို ကားနောက်ကြည့်မှန်ကနေ စိုက်ကြည့်လိုက်သည်။ထို့နောက် ကားစက်ကိုနှိုးကာ လီဗာကိုအဆုံးထိဖိနင်းရင်း အရှိန်နဲ့စထွက်လိုက်၏။

"အ.."

စုကျစ်ယန်လန့်သွားပြီး နောက်ကိုလန်ကျသွားသည်။ လက်တစ်ဖက်က ရှေ့ခုံကိုလှမ်းကိုင်ကာထိန်းရင်း အခြားလက်တစ်ဖက်က သူ့ရဲ့အစာအိမ်ကို ဖိကိုင်ထားသည်။

လင်ကျန်းရီ ထိုကောင်လေးရဲ့ ရှိုက်သံတွေကို မသိယောင်ဆောင်လိုက်သည်။ အရှိန်ကိုထပ်တင်ရင်း သတ်မှတ်မိုင်နှုန်းထက်ပင် ပိုမောင်းလိုက်သေး၏။

"ဟေ့ ခင်များ ဖြည်းဖြည်း.. ဟေ့လူ.."

နောက်ခန်းထဲမှာ စုကျစ်ယန်တစ်ယောက် ကိုယ်ဟန်မထိန်းနိုင်ဘဲ ဟိုဘက်ဒီဘက်ယိုင်ထိုးနေသည်။ သိပ်မကြာခင်မှာပင် သူ့ဆီကပျို့တက်လာသံတွေကိုကြားလိုက်ရသည်။

လက်တစ်ဖက်ဖြင့် ပါးစပ်ကိုပိတ်ထားရင်း အန်ချင်တဲ့အကြောင်းကို ခြေဟန်လက်ဟန်နှင့် ပြောပြလာသည်မို့ လင်ကျန်းရီသည် ကားကိုလှည့်ပြီး အရှိန်လျော့ကာ ပါကင်ထိုးလိုက်သည်။

ကားတံခါဖွင့်ပြီးထွက်လိုက်တဲ့အချိန်မှာ စုကျစ်ယန်တစ်ယောက် ကားနှင့်တိုက်မိကုန်သည်။ အပြစ်တင်စကားတောင်မပြောနိုင်ပဲ စပြီးမရပ်မနားထိုးအန်တော့သည်။

သို့သော်လည်း သူ့အစာအိမ်ထဲကလေနှင့် အစာချေရည်တွေကလွဲပြီး ကျန်တာဘာမှထွက်မလာချေ။ သို့သော်ငြားလည်း သူ့ပုံစံမှာ သက်တောင့်သက်သာရှိပုံမရဘဲ မျက်ရည်တွေထွက်လာ၏။

လင်ကျန်းရီ နောက်မှန်ကတဆင့် အန်နေတဲ့ စုကျစ်ယန်ကိုကြည့်ပြီး သူ့နှုတ်ခမ်းတွေကကော့တက်လာသည်။

သူ့နှုတ်ခမ်းပေါ်မှာတော့ ကျေနပ်ပြုံးတစ်ခုက ချိတ်ဆွဲထားသည်။ ဒါတောင် သူ့စိတ်ထဲမှာ စုကျစ်ယန်က ရွံရှာစရာကောင်းနေဆဲပင်။

သူသရုပ်ဆောင်တော်ချက်က တကယ့်ကိုယ်၀န်ဆောင်အတိုင်းပါပဲလား။

---------

note - တိုတယ်မပြောရဘူးနော်။ မူရင်းမှာကိုက ဒီအထိ တစ်ပိုင်းပဲရယ်။

You are reading the story above: TeenFic.Net