Part (8)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (8)

ယဉ်အေး ထုံးစံအတိုင်း အစောကြီး နိုးပြီ.. ။

ချက်ပြုတ်ပြင်ဆင်ရအောင်လည်း ဘာမှမရှိ.. ဘာမှမရှိတာကို ဘယ်လိုပြင်ဆင်ပေးရမှန်း မသိတော့ဘူး

ဘုရားစင်မှာလည်း ပန်းကညိုးခြောက်နေပြီ.. ဖုန်လည်း တက်နေသလိုရယ် ။

အခန်းတွေကလည်း လေမသလပ်တော့ အနံ့တွေအောင်းနေတယ်.. ယဉ်အေး အလင်းရောင် ရဖို့ တံခါးပေါက်တွေလိုက်ဖွင့်ရသည်

ကိုရှင်လေးက မနိုးလာသေးဘူးထင်တယ်.. သူစားဖို့ ဘာမှမပြင်ဆင်ရသေးဘူး နိုးလာရင်တော့ ပြောဆိုနေမလားပဲ.. အို ပြင်ဆင်ဆိုလို့ ဘာမှမှမရှိဘဲ

ပြီး ယဉ်အေးအခုထိ သနပ်ခါးတောင်မလိမ်းရသေးဘူး.. သနပ်ခါးတုံးနဲ့ ကျောက်ပျဉ်ကို ဝယ်မှမဝယ်ထားရသေးတာ မျက်နှာပြောင်ကြီးနဲ့နေရတာ ခက်ပါတယ် ။

ဆန်တွေ့တာနဲ့ ထမင်းပေါင်းအိုးနဲ့ချက်ပြုတ်ထားလိုက်တယ်.. ယဉ်အေး မားတို့အိမ်မှာ ပြုံးပြုံးကိုကြိုတင်မေးထားမိလို့ တော်ပါသေးတယ်

ပြီး ယဉ်အေး ကြမ်းတိုက်ဖို့ရှာတော့ ကြမ်းတိုက်တုတ်လေး တွေ့တာနဲ့ သန့်ရှင်းရေးလုပ်နေလိုက်တယ်.. ဒီအတိုင်း သူနိုးတဲ့ထိမထိုင်ချင်နေတာနဲ့ ။

နောက်ဖေး တံခါးပေါက်ဖွင့်ပြီး အပြင်ထွက်ကြည့်တော့ ရေကူးကန် တောင် ရှိနေတာပဲ.. မနေ့က ယဉ်အေးအနောက်ဘက်ခြမ်း မရောက်ဖြစ်တော့ မသိလိုက်ဘူး

ယဉ်အေး ရေကူးကန် နားသွားကာ ဘောင်နားလေးမှာ ဒူးထောက်ထိုင်ပြီး ရေကန်ထဲလက်ထည့်ဆော့ကစားမိတယ်.. ။

အိမ်ရှေ့ထွက်ကြည့်တော့လည်း ခြံဝန်းကြီးက ကျယ်တော့ကျယ်သား..

" ချွီ.. ဂျိန်း "

ခြံဝန်း တံခါးက သူ့အလိုလို ပွင့်သွားတော့ ယဉ်အေး လန့်ရသည်.. ဘယ်ကဘယ်လို ပွင့်သွားတာပါလိမ့် ။

ယဉ်အေး ရပ်နေရာကနေခြံတံခါးကို ခေါင်းလေးငဲ့စောင်းပြီး ကြည့်နေမိသည်..

" ဟောတော့်.. "

အိမ်ထဲကို ကားအဖြူ ရောင်လေးတစ်စီး မောင်းဝင်လာသည်..

ဘုရား.. ဘယ်သူတွေများပါလိမ့် ။

အိမ်ထဲကို ဘယ်သူတွေဝင်လာကြတာပါလိမ့်..သူ့မိဘတွေလား မဟုတ်လောက်ပါဘူး သူတို့မလာဖြစ်သေးဘူး လာဖြစ်ရင် အကြောင်းကြားမယ် ပြောထားသားပဲ.. ကိုရှင်လေးဆီကနေလည်း သူ့မိဘတွေ လာမယ်လို့လည်း ပြောသံမကြားဖူးပါဘူး..

ဒါဖြင့် ဘယ်သူတွေလဲ.. လူဆိုးသူခိုးဂျပိုးတွေလား ယဉ်အေးအော်လိုက်ရမှာလား ရပ်နေရမှာလား ။

ကျစ်.. ဒုက္ခပဲ ကိုရှင်လေးက နိုးလည်းမနိုးလာသေးဘူး ယဉ်အေး ဘာပြေးလုပ်လိုက်ရမှာလဲ

ယဉ်အေး အတွေးတွေနဲ့ဗျာများပြီး နေရာမှာတင် ကျောက်ချရပ်နေမိတာ.. ဘုရား တရား ကြည့်ရှုစောင့်ရှောက်တော်မူပါ ။

ဟော.. ဟော ရပ်ပါပြီ

ကားမှန်က အမဲမို့ အထဲကကျားလား ခြင်္သေ့ လား ယဉ်အေးမသိရ.. အခုချိန်မှာတော့ ယဉ်အေးတော်တော် ထိတ်လန့်နေပါပြီ

ဒီနားမှာလည်း ပြေးကောက်ကိုင်စရာ တုတ်တို့သစ်သားတို့ကလည်း မရှိ.. ဟုတ်စွအဆုံး ကျောက်စရစ်ခဲတောင် မရှိ ။

မသင်္ကာစရာတွေ့လို့ မျက်နှာကို သဲနဲ့ကောက်ပက်ရအောင်လည်း ဒီမှာကရွာကမြေလိုမှ မဟုတ်တာ..  ပန်းအိုးနဲ့ ပစ်ခွဲရအောင်လည်း အိုးဆိုလို့ ဘာအိုးမှမရှိ.. ။

တစ်ခုခုဆို ယဉ်အေးအော်သံနဲ့ အပေါ်ထပ်က သူကြားရပါ့မလား..

စိတ်ကြီးရယ် ညစ်လိုက်တာ.. ။

ဟော.. တံခါးဖွင့်ဆင်းလာပြီ

" ဂလု.. "

ယဉ်အေး တံတွေးအသာမြိုချပြီး ခံတွင်းရှင်းထားရသည်.. တစ်ခုခုဆို တန်းအော်နိုင်ဖို့ ။

အယ်.. ဆင်းလာတော့ ကောင်လေးနဲ့ကောင်မလေး တစ်ယောက်

ရုပ်တွေကလည်း လူဆိုးသူခိုးပုံမပေါက်ပါဘူး..

ယဉ်အေး အတွေးနယ်လွှတ်နေတုန်း သူတို့နှစ်ယောက် ယဉ်အေးဆီ လျှောက်လာသည်.. ။

" ဟို အမယဉ်အေးချမ်းမလား.. "

ကောင်လေးက မေးချလိုက်တော့ ယဉ်အေး အံ့သြ ရသည်.. ယဉ်အေးနာမည်သိတယ် သူကယဉ်အေးကို သိလို့လား ယဉ်အေးကတော့ သူနဲ့တစ်ခါမှမတွေ့ဖူးသလို ရင်းလည်းမရင်းနှီး သူဘယ်သူမှန်းတောင် ယဉ်အေးမသိတာ.. ။

" ဟို ယဉ်အေးကို သိလား.. "

" သိတယ်.. မေကြီး ပြောပြထားတယ်လေ "

" ဟင် မေကြီး.. "

" အော်.. ကိုလေး အမေပါ "

" ကိုလေး ဆိုတာကရော ဘယ်သူလဲ.. "

" အော် ဟောဟော.. ဟွန်းဟွန်း "

ရော်.. ခက်ချေပြီ ။

ယဉ်အေး ပြောတဲ့ထဲ တစ်ခုမှရယ်စရာ ပြုံးစရာမပါပါဘဲ နှစ်ယောက်လုံးက သဘောတွေခွေ့ပြီး ရယ်နေကြလေရဲ့..

" ကိုလေးဆိုတာ အမယဉ်အေးချမ်း ယောကျာ်း ကိုဘုန်းထက်ပြည့်ရှင် ကို ပြောတာပါ.. "

" အော် သူ့သူငယ်ချင်းတွေလား.. "

" မဟုတ်ဘူး.. ကျွန်တော်က ကိုလေးရဲ့ မန်နေဂျာ ဝေလင်း "

" ညီမက ကိုလေးရဲ့ စတိုင်လစ် ယုယုမွန်.. "

" အော်.. "

ယဉ်အေး အခုမှပဲ သက်မလေးချနိုင်ကာ အကြောင်းရင်းမရှိ လက်သည်းတွေကိုပဲ ကုတ်ခြစ်နေမိသည်.. ။

" ကိုလေးရော နိုးပြီလား.. "

" ဟင် ကိုရှင်လေးလား.. "

" ခင်ဗျာ ဟုတ်ကဲ့ "

ဝေလင်း နားထဲ ကိုရှင်လေး ပြောတာ မပီမသ ကြားလိုက်တာမို့ ပြန်မေးပြီး ခေါင်းပြန်ငြိမ့်ရတယ်.. ။

" ကိုရှင်လေးက မနိုးသေးဘူး.. "

" အော် ဟုတ်ကဲ့ "

နားထဲ ကြားရတာ သိပ်မရင်းနှီးသေးတော့ အို့တို့အမ်းတမ်း ဖြစ်နေရသည်.. ဝေလင်းလိုပဲ ယုယုလည်း နောက်ကွယ်မှာဆို ရယ်မိမလားပဲ..။

မေကြီးတို့က ကိုလေးကို ရှင်လေး လို့ခေါ်တာ ကြားတုန်းကဆို နှစ်ယောက်သားမျက်နှာက ပြုံးမြမြလေး ဖြစ်ခဲ့လို့ ကိုလေး လက်သီးတစ်ချက်စီ စားလိုက်ရသေးတယ်..

ကိုလေးက ရှင်လေးဆိုတာကို သူ့မိသားစု နဲ့သာသုံးတာ.. အပြင်ကလူတွေ သိသွားရင် အခြောက်လိုလို ဘာလိုလိုနဲ့ စ နောက်ကြတာ မခံချင်ဘူး တဲ့ ။

သတင်းမီဒီယာတွေကလည်း ကိုလေးရဲ့ အိမ်နာမည်ပဲဖြစ်ဖြစ် ငယ်နာမည်ပဲဖြစ်ဖြစ် ခေါ်တာ မရှိဘူးလားမေးလာရင်လည်း ဟင့်အင်း မရှိဘူးချည်းပဲ.. ခေါင်းခါငြင်းတတ်တာ

အခုတော့ ကိုရှင်လေးလို့ ဘယ်သူကမှ ခေါ်သံမကြားဖူးတော့ နားထဲစိမ်းသက်သက် နေတာတော့အမှန်.. ။

ကိုရှင်လေး တဲ့.. နောက်ကြုံရင် ကိုလေးကို မေးကြည့်ရဦးမယ် အဲ့လို ခေါ်ခံရတော့ ဘယ်လိုနေမလဲ လို့

" ဟို မေးရဦးမယ်.. ကိုရှင်လေး နိုးလာရင် ဘာစားတတ်လဲဟင် ယဉ်အေး သူ့အတွက် ပြင်ဆင်ဖို့ လုပ်နေတာ ဘာမှမရှိနေတော့ မပြင်ဆင်ထားရသေးဘူး "

" ဒီနေ့မှ သွားဝယ်ဖြစ်မှာ မယဉ်အေးချမ်းရဲ့.. ကိုလေးက အခုမှပြန်လာတာဆိုတော့ ကျွန်တော်ဘာမှ ဝယ်မထည့်ရပေးသေးတာ ညက ကိုလေးဖုန်းဆက်ခေါ်တယ်.. လိုတာ လာဝယ်ပေးဦးတဲ့ "

" အော်.. ဟုတ်ကဲ့ "

" ဝေလင်း ယုယု.. "

" ဗျာ ကိုလေး.. "

" ရှင် ကိုလေး.. "

ကိုရှင်လေးက အိမ်ပေါက်ကနေ လှမ်းအော်ခေါ်နေတာမို့ နှစ်ယောက်သား အိမ်ထဲပြေးဝင်သွားသည်.. ။

ယဉ်အေးကိုလည်း မခေါ်ပေမယ့်လို့ ယဉ်အေးလည်း နောက်ကနေလိုက်ဝင်သွားလိုက်တယ်..

သူတို့သုံးယောက်ကတော့ ထိုင်နေပေမယ့် ယဉ်အေး လိုက်ဝင်မထိုင်ဖြစ်ဘဲ ခပ်လှမ်းလှမ်းကနေသာ ကိုရှင်လေးကို စကားပြောလိုက်သည် ။

" ကိုရှင်လေး မနက်စာအတွက် ပြင်ပေးဖို့ ဘာမှမရှိလို့ ယဉ်အေးမပြင်ထားရသေးဘူး.. "

" ရတယ်.. မှာလိုက်မယ် မင်းဆာနေပြီလား "

" ယဉ်အေးက ရပါတယ် ကိုရှင်လေး.. "

" အာ့ဆို ခဏနေမှစားတာပေါ့.. "

" ဟုတ်ကဲ့ "

ယဉ်အေး ပြောပြီး လှည့်ထွက်လိုက်တယ်.. သူတို့ကြားထဲ ယဉ်အေးဝင်မပါသင့်ဘူးလေ ။

" အော် ယဉ်အေး.. "

" ရှင် "

" လိုအပ်တဲ့ပစ္စည်းစာရင်းတွေ မှတ်ထားလိုက်.. ဝေလင်း သွားဝယ်ပေးလိမ့်မယ် "

" အင်.. "

ယဉ်အေး ခေါင်းညိမ့်ပြီး အသာလှည့်ထွက်ခဲ့လိုက်သည်.. ။

လိုအပ်တဲ့စာရင်းတွေ မှတ်လာခဲ့တဲ့.. လိုအပ်တာတွေကတော့ ထိပ်ကနေအောက်ခြေအထိ အကုန်လိုတာပဲ

အယ်.. ဝေလင်းကို သွားဝယ်ခိုင်းမှာတဲ့ ။

ခက်တာပဲ ယဉ်အေးအတွက် လစဉ်သုံးပစ္စည်းကို ဘယ်လိုလုပ်မှာလို့ရမှာတဲ့လဲ.. တကယ်ပါပဲ မိန်းကလေး ဆိုတော်သေးတယ် ကိုရှင်လေးရယ်

ယဉ်အေး မျက်နှာရှုံ့မဲ့မိသည်.. ။

ဒီစရောက်ကတည်းက ယဉ်အေးဖြင့်ပြေလည်တယ် ဆိုတာကိုမရှိဘူး.. အရာရာနဲ့အကြောင်းကြောင်းချည်း

တစ်ခုတလေလောက်လေးတော့ အဆင်ပြေကောင်းသင့်ပါရဲ့.. အခုတော့ ဘာဆိုဘာမှ အဆင်မချောသေးဘူး ။

အယ်.. ပေါ်လာပြန်ပြီ လိုအပ်ချက် တစ်ခုက

ယဉ်အေး ဘာနဲ့မှတ်ပေးထားရမှာလဲ.. ပြန်သွားမေးရမလား သူတို့အလုပ်ကိစ္စပြောနေတာ ထင်တယ် ဝင်သွားလို့ကောင်းပါ့မလား ။

ထားတော့.. စိတ်နဲ့ပဲ မှတ်ထားလိုက်တော့မယ်

လိုအပ်တာတွေ အကုန် ယဉ်အေး မနိုင်မနင်း အပြည့်မှတ်ထားရသည်.. ။

.

" ယုယု.. "

" ရှင် ကိုလေး "

" ယဉ်အေးအတွက် အလှပြင်ပစ္စည်းတွေ ဝယ်ပေး.. အကောင်းဆုံးတွေချည်း set လိုက်ဝယ်ခဲ့ ပိုက်ဆံ ကြည့်မနေနဲ့ "

" ဟုတ်ကဲ့.. "

" ပြီး သူဝတ်ဖို့ အဝတ်တွေလည်း သူနဲ့လိုက်မယ့်ဟာ ကြည့်ဝယ်ခဲ့လိုက်.. "

" ဟုတ်ကဲ့.. "

" နောက် ဘာလိုသေးပါလိမ့်.. ထားတော့ နောက်မှပဲ ဝယ်လည်းရတယ် "

တစ်ယောက်ထဲ မေး တစ်ယောက်ထဲ ဖြေနေတဲ့ ကိုလေး ကိုကြည့်ပြီး ယုယုတို့နှစ်ယောက် ကြောင်မိတယ်.. ။

" ဝေလင်း.. "

" ဗျာ ကိုလေး.. "

" သူဘာလိုအပ်လဲ မင်းမေးပြီး သွားဝယ်ပေးလိုက်ဦး.. ဖြစ်တယ်မလား "

" ဟုတ်ကဲ့.. ဖြစ်ပါတယ် ကိုလေးရဲ့ "

" မနက်စာ အတွက် တစ်ခုခု မှာလိုက်ဦး.. မင်းတို့စားပြီးပြီလား "

" ကော်ဖီတော့ သောက်ခဲ့တယ်.. "

" ကော်ဖီနဲ့ဗိုက်ပြည့်မှာမဟုတ်ဘူး.. ခဏနေ မင်းတို့ ပြေးလွှားရဦးမှာ မင်းတို့ စားဖို့ပါတစ်ခါထဲမှာလိုက် ငါ အပေါ်တက်လိုက်ဦးမယ် "

" ဟုတ်ကဲ့.. "

ကိုလေး အပေါ်တက်သွားတော့ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တီးတိုးပြောမိသည်..။

" ကိုလေးက သူ့မိန်းမ ကို မချစ်ဘူးလိုလိုနဲ့ အခုကျ အပြည့်စုံကို ဝယ်ထည့်ပေးနေလိုက်တာ.. "

" အေး ဟုတ်ပါ့.. ပုံစံကလည်း ခပ်တည်တည်နဲ့ အကုန်လုံးကို သူပဲလုပ်ပေးသွားတာ "

" အဲ့ဒါ အသာထားဦး.. မနက်စာအတွက် မှာရဦးမယ် "

" အေး နင်ဘာစားမလဲ.. "

" ကြည့်ကြပ်မှာလိုက်.. စားလို့ရတာ အကုန်မြိုပေးတယ် "

" သိတယ် သိတယ်.. "

.

ဟယ်.. ။

ယဉ်အေး မျက်လုံးပြူ းနေရသည်..

ယုယုဆိုတဲ့ ကောင်မလေး က အမ ဘာစားမလဲ..ယုယုတဲ့ လှမ်းမှာမလို့ အမဘာကြိုက်တတ်လဲတဲ့

ထမင်းရှိတယ် ဟင်းပဲမှာလိုက်ပါလားပြောတော့ ဟုတ်ကဲ့တဲ့.. ။

ဟင်းဆိုလို့ ယဉ်အေးထင်လိုက်တာက တစ်ပွဲ နှစ်ပွဲလောက်ပေါ့.. မဟုတ်ဘူး ရောက်ချလာတဲ့ဟင်းပွဲတွေက လေးငါးမျိုးတောင်မကဘူး

ပြီး အကုန်လုံး အသားတွေချည်း.. အသားဆိုလို့ ကြက်ဝက် ထင်ထားတာ အခုတော့ မဟုတ်

ရေဘဝဲလက်တဲ့.. ခုတ်ထစ်ထားပေမယ့် တွန့်လိမ်လိမ်နဲ့ လန့်တောင်လန့်ချင်စရာ သွားများဆယ်ယူလိုက်ရင် တွန့်သွားသလိုတောင် ထင်ရတယ်.. ။

ပြီး ကဏန်းနဲ့မန်ကျည်းသီး ချက်ထားတဲ့ဟင်း ပုဇွန်တုပ်ကြီးကို ဘာနဲ့ချက်ထားလဲ မသိပေမယ့် ရဲရဲနီနေတာပဲ.. နောက်ငါးဟင်းလို့ ထင်ရတဲ့ဟင်းကလည်း အရွက်တွေ အသီးတွေ နဲ့ရှုပ်ယှက်ခတ်နေအောင် ချက်ထားတဲ့ဟင်း.. ။

ကြည့်လိုက်ရတဲ့ဟင်းတွေက ရေထဲကနေကိုမထွက်ဘူး..

ရေထဲက မထွက်သလို ပိုက်ဆံက လည်း ရေလိုပဲ.. ဒလဟောရှင်းလိုက်ရတာပါလေ ။

ရွာက အမဲသားထက်တောင် စျေးပိုကြီးနေသေး.. ကဏန်းဆိုရင်လည်း လယ်ထဲက ဖမ်းစားလိုက်ရင် ရနေပြီ

တော်တော် ငွေကုန်ကြေးကျများပါလား.. ဘာမဆို ဝယ်ယူလို့ရတာတော့ ဟုတ်ပါတယ် ရွာမှာဆိုရင်တော့ တစ်ခုခုလိုအပ်ရင် ဝယ်ရတာမလွယ်ပါဘူးလေ.. ။

သူတို့ကတော့ မြိန်ရေယှက်ရေ သုံးဆောင်လို့..ယဉ်အေးမှာသာ တို့ခနဲဆိတ်ခနဲ ဟင်းတွေက အရသာမရှိလို့မဟုတ်ပါဘူး အရသာရှိပါတယ် ဒါပေမယ့် အဘတို့နဲ့သာစားရရင်တော့ ယဉ်အေး အားရရစားသုံးမိမယ် ထင်တယ်

အဘတို့ ဘယ်လိုများစားသောက်နေကြပါလိမ့်..။

ယဉ်အေး တွေးရင်း မျက်ရည်ဝဲမိပြန်သည်..

လွမ်းလိုက်တာ အမေနဲ့အဘရယ်.. ။

ယဉ်အေး အိမ်ကို ပြန်ချင်လိုက်တာ..

" ယဉ်အေး ယဉ်အေး.. "

" ဟွန် ဟင် "

" ဘာတွေအတွေးလွန်နေတာလဲ.. ငါခေါ်နေတာ ကြာလှပြီ "

" ယဉ်အေး တောင်းပန်ပါတယ် မကြားလိုက်ဘူး.. ဘာပြောလိုက်တာလဲဟင် "

" မင်း လိုအပ်မယ့်စာရင်း ထုတ်ပြီးပြီလား မေးနေတာ.. "

" စိတ်နဲ့တော့ မှတ်ထားတယ်.. "

" စာရွက်နဲ့ ရေးမမှတ်ထားဘူးလား "

" ဘယ်နားမှာရှိမှန်း ယဉ်အေးမသိလို့.. "

အဲ့ဒါလည်း ဟုတ်နေတာမို့ ရှင်လေး ဘာမှမပြောဖြစ်တော့ပါ.. ။

" နေဦး.. "

ရှင်လေး ရေတစ်ခွက်သောက်ပြီး အပေါ်ထပ်တက်ကာ စာရွက်နဲ့ဘော့ပင် သွားယူပေးလိုက်တယ်..

" ဒီမှာရော့.. မင်းစားပြီးရင် ရေးပေးလိုက် "

ယဉ်အေး ကိုရှင်လေးပေးတဲ့ စာရွက်နဲ့ဘော့ပင်ယူပြီး တန်းရေးချလိုက်တယ်.. ။

" ယဉ်အေး မင်းကို စားပြီးမှ လို့ပြောတယ်လေ.. နောက်မှလုပ် "

" ယဉ်အေး စားပြီးပါပြီ.. "

စားပြီးပြီတဲ့.. ကောင်းကောင်းစားလိုက်တာကို မတွေ့ဘူး သူ့ရှေ့ကပန်းကန်ကတော့ ရှင်းနေပါပြီ ။

ရှင်လေး ဆက်လုပ်တော့ဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတော့ ခေါင်းငုံ့ပြီးရေးနေပြီ..

ရှင်လေးနဲ့ ယဉ်အေးကို ဘေးကနှစ်ယောက် အသာကြည့်နေတာကို သူတို့သတိမထားမိကြ..။

ဝေလင်းနဲ့ယုယု တစ်ယောက်နဲ့တစ်ယောက် တံတောင်ဆစ်တွေ တိုးတိုက်နေသည်.. မျက်ဝန်းတွေကလည်း မေးခွန်းပေါင်းများစွာ အထင်ပေါင်းများစွာနဲ့..

အယ်.. ခက်ပြီ ။

ယဉ်အေး လစဉ်သုံးအမျိုးသမီး ပစ္စည်းကို ထည့်ရေးရမလား.. ထည့်မရေးရဘူးလား တော်တော်တွေးယူနေရသည်

မှာမယ့်ပစ္စည်းတွေကို ယောကျာ်းလေးက ယူကြည့်ဖတ်မှာဆိုတော့လည်း ယဉ်အေး ရှက်ရပြန်တယ်.. ဒီနားလေးမှာ စျေးဆိုင် ရှိလား မေးပြီး ကိုယ့်ဘာသာကိုယ်သာ သွားဝယ်လိုက်ပါမယ်လေ ။

သူများကို ဝယ်ခိုင်းလို့လည်း မကောင်းပါဘူး..

လိုအပ်တာတွေ အကုန်ရေးပြီး ကိုရှင်လေးကို ပေးလိုက်သည်.. ။

" ကိုရှင်လေး.. ဒီမှာ "

" အွန် "

ရှင်လေး ယူကြည့်လိုက်သည်.. ။

အံမယ်.. လက်ရေးကတော့ လှသား ရှင်းလင်းနေတာပဲ

ဘုရားခန်းက လိုအပ်တာတွေ အရင်ပါလာတယ်.. ပြီး လှည်းကျင်းဖို့ တံမြက်စည်း နဲ့တောင် လာသေးတယ်

" တံမြက်စည်းက ရှိတယ်မဟုတ်ဘူးလား.. "

" မကောင်းတော့ဘူး "

ထားပါတော့ ။

ဆက်ဖတ်ကြည့်လိုက်တော့ ဆပ်ပြာ ဆိုပဲ..

" ဆပ်ပြာ.. ဘာဆပ်ပြာလဲ "

" ဟင် "

ယဉ်အေး အခက်တွေ့ပြန်ပြီ.. ဆပ်ပြာပါဆို ဘာဆပ်ပြာလဲတဲ့ ယဉ်အေးဘယ်လိုဖြေပေးရမှာတဲ့လဲ ဒီကိုရှင်လေးနဲ့တော့ ။

" ဆပ်ပြာက ဆပ်ပြာပဲလေ ကိုရှင်လေး.. "

ကဲ ဖြေပုံသာကြည့်တော့.. ဘေးကနှစ်ယောက်တောင် ပြုံးစိစိဖြစ်နေပြီ ရှင်လေးသာဒီနေရာမှာ မရှိရင် ဟားတိုက်ရယ်တော့မှာ ။

ဒီယဉ်အေးနဲ့ကတော့..

" ဆပ်ပြာက ဆပ်ပြာမှန်း ငါလည်းသိတာပေါ့.. ဘယ်နေရာမှာ သုံးမယ့်ဆပ်ပြာလဲ ဘယ်လိုဆပ်ပြာလိုချင်တာလဲ အရည်လား အခဲလား မေးတာ"

ဆပ်ပြာတောင် အမျိုးစားခွဲပြနေရသေးတယ်..ငါ့နှယ့် ။

" ဖူဂျီဖြစ်ဖြစ် အိုကီဖြစ်ဖြစ် ဆပ်ပြာမှုန့်ဖြစ်ဖြစ် တစ်ခုခုပေါ့.. သုံးရမယ့်နေရာဆိုတော့ ဆေးကြောရမယ့်နေရာပဲလေ "

ကဲ.. ကျင်းတူးပြီးသာ လဲအိပ်လိုက်ချင်တယ် ။

ရှင်လေး ပြောတဲ့ သုံးရမယ့်နေရာက ပန်းကန်ဆေးမှာလား.. လက်ဆေးမှာလား အဝတ်လျှော်မှာလား ဒါကိုမေးတာ ။

ဆပ်ပြာက ဆေးကြောရမယ့်နေရာမှာ သုံးရမှန်း ရှင်လေးလည်း သိတာပေါ့..

ယဉ်အေးကို မေးတာကလည်း ပေါက်ပေါက်ရှာရှာ.. ဆပ်ပြာကို ဘယ်နေရာမှာ သုံးမှာလဲတဲ့ ဒီမေးခွန်းကို ယဉ်အေးဘယ်လိုဖြေရမလဲ

" ငါပြောတာက ပန်းကန်ဆေးဖို့လား အဝတ်လျှော်ဖို့လား လက်ဆေးဖို့လား တစ်ကိုယ်ရည်သန့်စင်ဖို့လား.. "

" ဟင်.. "

ဆပ်ပြာကတော့ နေရာလိုက်အကုန်သုံးရမှာပဲလေ.. ဘာခွဲတမ်း လုပ်နေရတာပါလိမ့် ။

" နေရာစုံ အကုန်သုံးမှာ.. "

ကျစ်.. မကိုက်တော့ဘူး ယဉ်အေးနဲ့ရှင်လေး ။

အံလည်းမကိုက်ဘူး ကီးလည်းမကိုက်ဘူး..

" ဝေလင်း ပန်းကန်ဆေးဖို့ ဆပ်ပြာရည် သပ်သပ်ဝယ်ခဲ့.. လက်ဆေးရည် က ငါသုံးနေကျပဲ ဝယ်လာခဲ့ပေးလိုက် အဝတ်လျှော်ဖို့ ဆပ်ပြာမှုန့်ကြီးနဲ့ မှိုနံ့ကင်းတဲ့ ဖူဂျီဆပ်ပြာဘူးကြီး ဝယ်လာလိုက်..မျက်နှာသစ်ဖို့ ဂါးနီးယားဖြစ်ဖြစ် ပွန်းပဲဖြစ်ဖြစ် တစ်ခုခုဝယ်လာခဲ့  သွားတိုက်ဆေး သွားတိုက်တံ ခေါင်းလျှော်ရည်..ကိုယ်တိုက် ရေချိုးဆပ်ပြာရည် အကုန်တွေ့သမျှ အကုန်ဝယ်ခဲ့ အော်.. ဆံပင်ပေါင်းဆေးရည်ပါ တစ်ခါထဲဝယ်လာခဲ့ပေးလိုက် "

ဟူး.. မောသွားတာပဲ rap စာသား ရွတ်ရရင်တောင် ဒီလောက် မောမည်မထင် ။

ယဉ်အေး မျက်လုံးပြူ းရသည်.. ဆပ်ပြာဆိုတဲ့ တစ်မျိုးလေးပဲ ယဉ်အေးဝယ်ခိုင်းလိုက်တာပါ အခုတော့ဖြင့် ဆပ်ပြာစက်ရုံတောင် ထောင်လိုက်ရမလိုလို ဖြစ်နေပြီ.. ။

" ကျောက်ပျဉ်နဲ့သနပ်ခါးတုံးက ဘာလုပ်မလို့လဲ.. "

လာပြန်ပြီ.. ယဉ်အေးဖြေရခက်တဲ့ မေးခွန်းတွေ

" ဝေလင်း အဲ့နှစ်ခုတော့ မဝယ်နေနဲ့.. မားကိုငါပြောလိုက်မယ် အိမ်မှာ ရှိလောက်တယ် "

" ဟုတ်ကဲ့ "

နောက်ထပ်က ဟင်းချက်ပစ္စည်းတွေ.. ဒါတော့ ရှင်လေး ဝင်ပါစရာမလိုပါဘူး ဒါမှဝင်ပါရရင်လည်း ဒီယဉ်အေးကို ရွာပြန်ပို့မိလိမ့်မယ် ။

အကုန်လုံး အတွက် ပိုက်ဆံ ထုတ်ပေးပြီး အခန်းထဲ အောင်းလိုက်သည်..

" ယုယု "

" ရှင်.. မလေး "

" ခဏ ခဏ.. "

ယဉ်အေး သူတက်သွားတာနဲ့ ယုယုနားကပ်သွားလိုက်သည်.. ဝေလင်းဆိုတဲ့ ကောင်လေးလည်း အနားမှာ မရှိတုန်း ။

" ဟိုလေ ပြောရမှာ အားတော့နာပါတယ်.. "

" ပြောပါ.. ဘာဖြစ်လို့လဲ မလေး "

" ဟိုလေ ယဉ်လေးအတွက် လစဉ်သုံးလေးဝယ်ခဲ့ပေးပါလားဟင်.. ယုယုလည်း ဝေလင်းနဲ့အတူ လိုက်သွားမှာမဟုတ်လား ဒါမှမဟုတ် မဝယ်နေပါနဲ့.. ယဉ်အေးကို ဒီနားကစျေးဆိုင်ရှိလားပဲ ပြောလိုက် ယဉ်အေးသွားဝယ်လိုက်မယ် ရက်ကနီးနေတော့ အရေးကြုံမှာစိုးလို့ပါ.. ဟိုကနေလည်း ဝယ်ထည့်ယူလာမို့ကို အေးကြည်တို့က ဟိုမှာဝယ်လည်းရတာပဲ ဆိုပြီးပြောတာနဲ့ ယဉ်အေးမဝယ်ခဲ့လိုက်ရတာ.. "

" ခ်ခ်.. "

ယုယု မလေး ကိုကြည့်ကာ ရယ်မိသည်.. ဒါလေးပြောဖို့ကို သူ့မှာအခက်ခဲကြီး ကြုံလိုက်ရသလိုပဲ မျက်နှာကြီးတွန့်ကျနေလိုက်တာ ။

သူကအခုချိန် ကိုယ့်အလုပ်ရှင်ရဲ့ဇနီး ဖြစ်နေပေမယ့် ဂုဏ်မောက်ဝင့်ထည်နေတာမျိုး မလုပ်..သူက တကယ်တမ်းဆို ယုယုထက်တောင် အသက်နည်းနည်းကြီးလိမ့်ဦးမည် ဒါတောင် ပါဝါမပြ ။

" ယုယု ဝယ်ခဲ့ပါ့မယ်.. "

" အဆင်ပြေရဲ့လားဟင် "

" ပြေပါတယ်.. ပြီးတော့ ဒီနားတစ်ဝိုက် တော့စျေးဆိုင်သေးမရှိဘူး ရှိတဲ့နေရာသွားဖို့ကျတော့လည်း နည်းနည်း လှမ်းတယ် ယုယုပဲဝယ်ခဲ့လိုက်မယ် "

" ကျေးဇူးပါ ယုယုရယ်.. ယဉ်အေးမှာ အဲ့ကိစ္စ တွေးနေတာနဲ့ပဲ ဆံပင်ဖြူ တောင် ပေါက်လောက်တယ် "

" ခ်ခ်.. ယုယု သွားတော့မယ်နော် "

" အင်း.. ဖြေးဖြေးသွားကြ "

" ဟုတ်ကဲ့ "

ဟူး.. ။

အခုမှပဲ ယဉ်အေး လေတစ်ချက်မှုတ်ထုတ်နိုင်တော့တယ်..

သူတို့ထွက်သွားတာနဲ့ ယဉ်အေးအိမ်ကိုသန့်ရှင်းရေး လုပ်နေလိုက်တယ် ။

အကုန်လုံး ဝယ်ခြမ်းပြီး ပြန်လာပို့ပြီး သုံးယောက်သား ဘယ်ပြန်ထွက်သွားပြန်လဲမသိ..

အိမ်မှာ ယဉ်အေးတစ်ယောက်ထဲ ကျန်ခဲ့သည်.. ပစ္စည်းတွေ နေကျတကျထားရင်း ကိုရှင်လေး ပြန်လာရင် စားဖို့ ပြင်ဆင်ထားလိုက်တယ် ။

.

ကိုရှင်လေး ပြန်မလာသေးပါ.. မိုးတောင်ချုပ်နေပြီ ဘာလို့များ ပြန်မလာသေးပါလိမ့်

ယဉ်အေးမှာ ခြံထဲဆင်းမျှော်လိုက် အိမ်ထဲဝင်ထိုင်ပြီး စောင့်နေလိုက်နှင့်..။

သူမရှိတုန်း သူ့အခန်းထဲ သန့်ရှင်းရေး ဝင်လုပ်ပေးသင့် မလုပ်ပေးသင့်လည်း စဉ်းစားခန်းဝင်ရသေးတယ်.. ယဉ်အေး သူပြန်မလာသေးတာနဲ့ အပေါ်ထပ်တက်ပြီး သူ့အခန်းကို ဝင်လိုက်သည်

ဝင်လိုက်တော့ ရှုပ်ပွနေတာကထက် နေရာအစီစဉ်တကျ မှာမရှိ.. ရွဲပြဲနေတာမို့ ယဉ်အေး နေရာတကျ ပြန်စီစဉ်ပေးဖို့ လုပ်ရသည် ။

သူ့နေရာနဲ့သူ သူ့အထပ်နဲ့သူ ထားပေးပြီး ရှာရလွယ်အောင်လည်း လုပ်ပေးလိုက်သည်..

ပြီး သူ့အခန်းနဲ့မျက်နှာချင်းဆိုင်အခန်း တံခါးကပွင့်နေတာမို့ ယဉ်အေးသွားကြည့်ရသေးတယ်..။

အခန်းထဲမှောင်မဲနေတာမို့ ယဉ်အေး နံရံစမ်းကာ မီးဖွင့်လိုက်တော့ လင်းထွက်နေတဲ့ အလင်းရောင်ကြောင့် မျက်လုံးကိုတောင် လက်နဲ့ကာမိတဲ့ထိ..

အမလေး.. များလိုက်တဲ့ အဝတ်စားတွေ ။

ဖိနပ်တွေရော နာရီတွေရော ယောကျာ်းသုံး ပစ္စည်းတွေ.. များလိုက်တာ ယဉ်အေးမှာဖြင့် ဆယ်စုံလေး ရှိတာတောင် ကိုယ့်ကိုယ်ကို များလှပြီ မှတ်နေတာ

အခု ကိုရှင်လေးအဝတ်ကြည့်မှပဲ ယဉ်အေးမှာရှိတာက နည်းတယ်ဆိုတာထက်ကို နည်းနေခဲ့တာပါ.. ။

အပေါ်ယံဘောင်မှာ ရှိတဲ့ ပစ္စည်းတွေ သူ့ဘောင်သူ့အကန့်နဲ့သူ သေချာထည့်ပေးလိုက်တယ်.. နေရာမကျဘဲ ရွဲ့နေတဲ့ ဖိနပ်ကိုလည်း ယဉ်အေးလိုက်တဲ့ပေးလိုက်တယ်.. ချိတ်မှာမချိတ်မိဘဲ တန်းလန်းဖြစ်နေတဲ့ အဝတ်တွေကိုလည်း သေချာချိတ်နဲ့ ပြန်ချိတ်ပေးလိုက်တယ်.. ။

" ေဩာ်.. မင်းကိုး "

" ဟင် "

အသံကြားလို့ လှည့်ကြည့်တော့ ကိုရှင်လေး..

" ကိုရှင်လေး .. ပြန်ရောက်နေပြီလား "

ရှင်လေးကို တွေ့ပါရဲ့နဲ့ ပြန်ရောက်နေပြီလား ဆိုတော့ .. ဟူး မောတယ် ။

" ပြန်ရောက်လို့ ငါ့ကိုတွေ့တာမဟုတ်ဘူးလား.."

" ယဉ်အေး ကားသံမကြားလိုက်ဘူး.. "

" မင်းက ဒီမှာဘာလုပ်နေတာလဲ "

" ဟို နေရာတကျဖြစ်အောင် လုပ်ပေးနေတာ.. ကိုရှင်လေး မကြိုက်လို့လား နောက်ယဉ်အေး မဝင်ပါဘူး "

" ငါမကြိုက်ဘူးပြောလို့လား.. မင်းဝင်လို့ရတယ် တစ်အိမ်လုံးက အခန်းတိုင်း မင်းဝင်လို့ရတယ် ငါ့ခွင့်ပြုချက်မလိုဘဲ "

" ဟုတ်ကဲ့..ဟို ထမင်းစားတော့မလား ယဉ်အေးပြင်ပေးမယ်လေ "

" မလိုဘူး.. အပြင်မှာ အကိုတစ်ယောက် ကျွေးလိုက်တယ် ဒါပဲမလား ဘာပြောစရာရှိသေးလဲ ငါနားတော့မလို့ "

" ဟင်.. ပြောစရာမရှိတော့ပါဘူး ကိုရှင်လေးနားချင်နားတော့ပါ "

" ပြီးရော.. "

ကိုရှင်လေးကတော့ သူ့အခန်းသူဝင်ပြီး တံခါးပိတ်သွားပြီ.. ။

ယဉ်အေးလည်း အဝတ်ခန်းထဲကထွက်ပြီး သေချာတံခါးပြန်စိခဲ့ကာ အောက်ဆင်းခဲ့လိုက်သည်..

ကိုရှင်လေးက စားပြီးပြီတဲ့.. ။

ယဉ်အေးကတော့ မစားရသေးဘူး ကိုရှင်လေးပြန်အလာကို စောင့်နေတာမို့.. ကိုရှင်လေးက စားလာတယ် ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ..

ယဉ်အေးတစ်ယောက်ထဲပဲ ထမင်းစားရတော့မှာပေါ့.. ။

အေးစက်နေတဲ့ ဟင်းခွက်တွေကိုလည်း ပြန်နွှေးမနေတော့ဘဲ ဒီအတိုင်း ထည့်စားလိုက်သည်..ရွာမှာ အဘနဲ့အမေတို့နဲ့အတူ ထမင်းလက်ဆုံ စားခဲ့ရလို့ပဲလား မသ်ိဘူး အခုလို တစ်ယောက်ထဲ ထိုင်စားရတော့ ပျင်းခြောက်ကပ်ပြီး အရသာမတွေ့ စားမကောင်းသလိုပင်..

ထမင်းစားရတာ ခံတွင်းမတွေ့တာနဲ့ နည်းနည်း ပဲစားကာ ပန်းကန်တွေဆေးကြောပြီး ရေစင်မှာရေစစ်အောင် တင်ထားလိုက်သည်.. ။

ပြီး အမေ့တဘက်လေး ပခုံးပေါ်တင်ကာ ဘုရားသွားရှိခိုးလိုက်သည်.. ကိုရှင်လေး အခန်းက သီချင်းသံ လည်းကြားရပါသေးတယ်

နဂိုကမှ ယောင်တတ်သူပီပီ ဘုရားရှိခိုးရင်း ကိုရှင်လေး ဖွင့်ထားတဲ့ သီချင်းစာသားကို လိုက်ပြီးရွတ်ကာ ဘုရားတက်မိသေးတယ်.. ဘုရားခန်းနဲ့ သူ့အခန်းက သိပ်အဝေးကြီးမှ မဟုတ်ဘဲ ။

ဟူး.. ကျွတ်

ဘုရားရှိခိုးနေတာ ဘယ်လိုမှမဟန်တော့တာမို့ ကိုရှင်လေး အခန်းတံခါးသွားခေါက်ရသည်..

" ဒေါက်.. ဒေါက် ကိုရှင်လေး ကိုရှင်လေး "

" ..... "

" ဒေါက် ဒေါက်.. ကိုရှင်လေး "

" ..... "

" ဒေါက်.. ဒေါက် ကိုရှင်လေး "

ဒီလောက် ခေါ်နေတာ မကြားဘူးလားမသိ..။

" ဒေါက် ဒေါက် ဒေါက်.. ကိုရှင်လေး ကိုရှင်လေး "

" ဒေါက် ဒေါက် ဒေါက်.. "

တံခါးခေါက်ရတဲ့ ယဉ်အေးလက်ဆစ်တောင် နာလာပြီ.. ။

" ကိုရှင်လေး ကိုရှင်လေး.. ကိုရှင်လေး "

ဂျလောက်..

" ဘာလဲ .. ငါရေချိုးနေတာတောင် ဖြောင့်ဖြောင့်မချိုးရဘူး "

ဟုတ်လောက်ပါတယ်.. ဆံပင်လည်း ရေစိုလို့ အပေါ်ပိုင်း ဗလာကျင်းက ရေစက်တောင် တွဲခိုလို့ အောက်ပိုင်းကတော့ တဘက်ဖြူ ကြီးတစ်ထည် ပတ်ထားတယ် ။

" သီချင်းဖွင့်ထားတာလား.. "

" အမ် "

ကြားနေရဲ့သားနဲ့ ဖွင့်ထားတာလားတဲ့.. အံ့ဘ ။

" ဟို ပိတ်ပေးလို့မရဘူးလား.. မပိတ်ရင်လည်း နည်းနည်း လောက်တိုးပေးပါလား ယဉ်အေးဘုရားရှိခိုးတာ ဘုရားစာမဆိုမိဘဲ အဲ့သီချင်းထဲကအတိုင်း လိုက်ရွတ်နေမိလို့ အဆင်မပြေဘူး "

ပုံစံကြည့်တော့ ညာဘက်ပခုံးမှာ တဘက်ကြမ်း အစိမ်းတစ်ထည်.. မျက်နှာက အောက်ငုံ့နေပေမယ့် မျက်ခုံးတွန့်နေတာတော့ တွေ့နေရသည်

" အမ် တိုးလိုက်မယ်.. "

" ကျေးဇူးပါနော် ကိုရှင်လေး "

ယဉ်အေး ပြောပြီး ဘုရားခန်းထဲပြန်ဝင်လိုက်သည်.. ။

ရှင်လေးတော့ ဘလူးတူ့ ဘောက်စ်ကို အသံတိုးလိုက်ရတယ်.. မတိုးရင်လည်း ဘုရားက တုတ်နဲ့ရိုက်ဦးမယ် ငရဲကလည်းလက်ယက်ခေါ်ဦးမယ်

ဘုရားဒါယကာမကြောင့် ကျွန်တော်မျိုး အသံတိုးလိုက်ပါပြီ ဘုရား.. ။

ယဉ်အေး ဘုရားရှိခိုးပြီးတော့ အဘနဲ့အမေ ကိုစိတ်နဲ့မှန်းပြီး လှမ်းကန်တော့လိုက်သည်..

ကိုရှင်လေးကိုလည်း ကန်တော့ပါတယ်.. ။

ကိုရှင်လေး မသိပေမယ့် ယဉ်အေးကတော့ ကန့်တော့လိုက်ပါတယ်..

အိမ်ထောင်ဦးစီး လည်း ဖြစ်တယ်.. ထမင်းတစ်လုတ် ရေတစ်မှုတ် ပေးကမ်းကျွေးမွေးနေသူလည်း ဖြစ်တာမို့.. ။

🌸pann

.........................................................

pann စာပြန်မစစ်မိလို့ အမှားပါရင် နားလည်မှုနဲ့ ပြင်ဖတ်ပေးကြပါနော် ။

အရေးသား ချွတ်ခြုံနေလည်း မျက်စိနောက်အောင်

You are reading the story above: TeenFic.Net