Part (30) Final..

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Final..

" ဟုတ်ကဲ့.. သားယောကျာ်းလေး အမြွှာပူး မွေးပါတယ် "

" ဗျာ.. "

ရှင်လေးတို့ ကြားလိုက်ရတာက သားအမြွှာပူးပါတဲ့.. ။

" ရှင်လေး.. အမြွာပူး သားယောကျာ်းလေးတဲ့ "

" ဟုတ်တယ် ပါး.. ဟားဟား "

ရှင်လေး သဘောတွေကျပြီး ခုန်မြူ းကာ ပါးနဲ့မားကို ပြောမိလိုက်သည်.. ။

" ဆရာမ.. "

" အော် လာပြီ .. ဒီမှာ ကလေးတွေ "

" သားတွေ "

ရှင်လေး သဘောတွေကျနေမိသည်.. ။

" ဒါက သားကြီး.. "

ဆရာမက ရှင်လေးလက်ထဲကို ကလေးတစ်ယောက် လက်လွှဲပေးတော့ ရှင်လေးသတိထားထိန်းပြီး ပွေ့ချီလိုက်သည်..

" ဒါက သုံးမိနစ်ပဲခြားတဲ့ သားငယ်.. "

နောက်ထပ်ကလေးတစ်ယောက်ကိုတော့ မားက ပွေ့ချီပေးသည်.. ။

အနှီးထဲမှာ မြင်နေရတဲ့သားနှစ်ယောက်ကို ကြည့်ပြီး ကြည်နူးမဆုံးဖြစ်မိရသည်..

မျက်လုံးလေး မှိန်းနေတဲ့သားနှစ်ယောက်ကြည့်ရင်း အူတယားယား အသည်းတယားယားဖြစ်ရပြန်သည်.. ။

ဒါ ရှင်လေးရဲ့သွေးသားတွေပါတဲ့.. ယဉ်အေးက သားတွေမွေးပေးထားတာ သိပ်ကို ကျေးဇူးတင်ဖို့ကောင်းနေပြီ ။

" ဟို.. ဇနီး ကို ဝင်တွေ့လို့ရပြီလားဗျ "

မိခင်ဖြစ်တဲ့ ယဉ်အေးကို ရှင်လေးတို့ တွေ့နိုင်ပြီလား သိချင်မိသည်.. ။

" ဟုတ်ကဲ့.. အခန်းထဲရွှေ့ထားပြီးပါပြီ သွားကြည့်လို့ရပါပြီရှင့် "

" ဟုတ်ကဲ့ ကျေးဇူးပါဗျ "

ရှင်လေးတို့ ယဉ်အေးဆီ ချီတက်ခဲ့ကြသည်..။

ညအိပ်ဝတ်စုံ အိမ်တွင်းစီးဖိနပ်နဲ့ ကလေးကို ချီထားတဲ့ ရှင်လေးရဲ့ဖက်ရှင်ဒီဇိုင်းက တော်တော်လေး မော်ဒန်ကျနေလောက်သည်..

တခြားသူတွေ ဘယ်လိုထင်မြင်နေပါစေ.. အခုချိန်မှာ ရှင်လေးကတော့ ကိုယ့်ဖက်ရှင်ကိုယ် အရမ်းယုံကြည်မှု ရှိလွန်းနေတာ ။

အရင်က အခုလိုဒီဇိုင်းနဲ့အပြင်ထွက်ဖို့နေနေသာသာ အိမ်ထဲအိမ်ပြင်တောင် ထွက်တာမဟုတ်ဘူး.. အခုတော့ သားတွေကြောင့် ဒီကအဖေ ရှင်လေးတို့ မရှက်တော့ပါ ။

.

သားတွေကို ဘေးကပုခက်ထဲမှာ သိပ်ပေးထားသည်.. မိခင်ဖြစ်တဲ့ ယဉ်အေးကလည်း မှိန်းနေလို့ အခုထိတောင် မနိုးလာသေးဘူး ။

ရှင်လေးကတော့ သားတွေကို ပြေးကြည့်လိုက် ယဉ်အေးမျက်နှာကို ကြည့်လိုက်နဲ့ အိပ်ချင်စိတ်တောင် အလိုလိုပြေနေပြီ..

မားနဲ့ပါးတို့ကို အိမ်ပြန်လွှတ်လိုက်သည်.  မနက်ကျမှပဲ ပြန်လာဖို့ ပြောရသည် ။

ကလေးမွေးပြီးတာနဲ့ တန်းရောက်လာတဲ့ဝေလင်းနဲ့ယုယုကလည်း အိမ်ကနေ လိုအပ်တာတွေ အကုန်ယူလာပေးသည်.. သူတို့ကလည်း ဒီလိုနေရာဆို အားသိပ်ကိုးရတာတော့ အမှန် ။

သူတို့ကိုလည်း ပြန်နားခိုင်းရသည်.. ရီရွှေ ကိုလည်း တစ်ခါထဲ ပြန်ထည့်ပေးလိုက်တယ် မနက်မှ အတူတူလာကြဖို့ မှာလိုက်တယ် ။

အခုတော့ ရှင်လေးတစ်ယောက်ထဲ ညအိပ်စောင့်ပေးနေတာ.. အိပ်တော့လည်း အိပ်မပျော် သားတွေအသံကို နားစွင့်ရသေးတယ်

မအိပ်ရလို့ စိတ်မညစ်သလို မညီးညူ မိပါ.. အလိုလိုနေရင်း အားတွေ ပြည့်ဖြိုးနေတာမို့ ။

" ချစ်တယ် ယဉ်အေး.. မင်း ပင်ပန်းသွားပြီ good night "

ရှင်လေး မအိပ်ပျော်ခင် ယဉ်အေးရဲ့နဖူးလေးကို ဖွဖွ အနမ်းလေး အနမ်းပေးပြီး ကျေးဇူးတင်မိသည်.. ။

ပြီး ယဉ်အေးရဲ့လက်လေးကို ရှင်လေးပါးမှာအပ်ကိုင်ထားခိုင်းကာ ကုတင်ဘေးမှာအိပ်လိုက်သည်..

.

" ဟင်.. "

ယဉ်အေးနိုးတော့ ကိုရှင်လေးကို တန်းတွေ့ရသည်.. နေရောင်လေးကျနေတဲ့ ကိုရှင်လေးရဲ့မျက်နှာပြင်က အရမ်းတောက်ပကာ ကြည့်ကောင်းနေလိုက်တာ ။

ယဉ်အေး ကိုရှင်လေး ရဲ့ပါးလေးကို အုပ်ကိုင်ကာ လက်လေးနဲ့မျက်နှာကို ပွတ်သပ်နေမိတာ.. ။

" ဟင်.. မင်းနိုးလာပြီလား ယဉ်အေး "

ယဉ်အေးက မဖြေဘဲ မျက်လုံးလေးအသာမှိတ်ပြီး ပြုံးပြကာ ခေါင်းလေးဖြေးဖြေးငြိမ့်ပြနေသည်.. ။

" ဘယ်လိုနေလဲ.. သက်သာရဲ့လား နာတာကိုက်တာ ရှိလား "

" ဟင့်အင်း.. မရှိပါဘူး "

ယဉ်အေးက တိုးတိုးလေး ပြောသည်.. ။

" ကျေးဇူးပါကွာ ကိုယ့်ကို အမွှာပူးသားလေးတွေ မွေးပေးလို့.. "

" ဟွန်.. သားတွေရော "

" အိပ်နေကြတယ် ယဉ်အေးရဲ့.. "

" အီး အဲ့ အဲ့.. "

" အယ် နေဦး "

ကလေးသံကြားတာနဲ့ တန်းပြေးသွားကြည့်တဲ့ ကိုရှင်လေး.. ။

" ဟာ ရှင်လေးသားနှစ်ယောက်လုံး နိုးနေပါ့လား.."

ပြောပြီး သားနှစ်ယောက်လုံးကို တစ်ဖက်စီပွေ့ဖက်ချီလိုက်တဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ ကုတင်မှာ လှဲနေရင်း ပီတိပြုံးတွေ ဖြာရသည်..။

အခုချိန်မှာ ယဉ်အေးအပြုံးက အားမပါလှပေမယ့်  အတောက်ပဆုံးအပြုံးတစ်ခုဖြစ်နေမယ်လို့တော့ ယဉ်အေး ယုံကြည်ပါသည်.. ။

" နို့ဆာနေတာဖြစ်မယ်.. ယဉ်အေးကိုပေး "

" အင် "

ကိုရှင်လေးက ယဉ်အေးလက်ထဲ သားတစ်ယောက်ကို ထည့်ပေးသည်.. ။

" ကျစ်.. နှစ်ယောက်ဆိုတော့ မင်းနို့အနိုင်နိုင်တိုက်ရမှာ မင်းနို့က ထွက်ပါ့မလားမသိဘူး "

" အို.. ကိုရှင်လေးကတော့ ပြောရော့မယ် "

" ဘာလဲ ငါပြောတာ မဟုတ်လို့လား "

" မဟုတ်ဘူးလို့မပြောပါဘူး.. ဒါပေမယ့် ဝမ်းတွင်းမှာပဲ ထားပေါ့ "

" အီး.. အဲ့ အဲ့ "

" ဟော ငါ့သားငိုနေပြီ.. တိုက်တော့ တိုက်တော့ နောက်တစ်ယောက် ကျန်သေးတယ် တိုက်ဖို့ "

" ကိုရှင်လေး ထွက်ပေးပါဦးလား.. "

" ဟ.. ငါက ဘာလို့လဲ "

" ကလေး နို့တိုက်မလို့ပေါ့ "

" အေ တိုက်လေ.. ဘယ်သူက မတိုက်ပါနဲ့လို့ ပြောနေလို့လဲ "

" ဒါပေမယ့် "

" ရှက်မနေနဲ့.. ငါ့သားတွေ ဗိုက်ဆာလွန်ပြီး အစာအိမ်ဖြစ်လိမ့်မယ် "

" အို ကိုရှင်လေး.. မပြောကောင်းမဆိုကောင်း ဘယ်က ဖြစ်ရမှာလဲ ဖီး ဖတ် ဖတ် လွှဲပါစေ ဖယ်ပါစေ "

" မင်းမတိုက်ဘဲနေရင်တော့ ဖြစ်မှာပဲ..ဖတ်တာတွေ လွဲတာတွေ ဖယ်တာတွေလုပ်မနေနဲ့.. တိုက်တော့ အမြန် "

ကြည့်.. ဖုတ်ပူမီးတိုက် လုပ်နေလိုက်တာ ။

စကားကိုလည်း ကပ်သပ်ပြောနေလိုက်သေးတယ်.. ဘယ်လိုကိုရှင်လေးမှန်းကို မသိဘူး ။

" အီး အဲ့.. "

" အေးပါ သားရယ်.. အမေတိုက်ပါ့မယ် "

ယဉ်အေးမှာ ထထိုင်ပြီး ကိုရှင်လေးကို ကျောပေးလှည့်ထိုင်ကာ သားကို ရင်ခွင်မှာပိုက်ပြီး နို့တိုက်ရသည်.. ။

ပြီးစိတ်မလုံတာမို့ ဘေးကစောင်ကိုဆွဲပြီး ကိုယ်ပေါ်လွှားတင်ထားရသည်.. ။

အဟက်.. ။

အရှက်တွေကြီးနေတဲ့ မာတာမိခင် ယဉ်အေးကို ကြည့်ပြီး ရှင်လေးသဘောတွေကျကာ ရယ်နေမိသည်..

အတော်ကြာ သားတစ်ယောက်ကို တိုက်ပြီး နောက်သားတစ်ယောက်ကို နို့ချိုတိုက်ကျွေးရသည်.. ။

" ဒါနဲ့ ကိုရှင်လေး.. "

" ဟင် "

" ဘယ်သူက သားကြီး ဘယ်သူက သားငယ်လဲ.. "

" သားကြီးက ဘယ်နားရွက်ထိပ်မှာ မှဲ့ပါတယ်..သားငယ်က မပါဘူး "

အဟင်း.. ။

တန်းတောင် ခွဲထွက်အောင် ကြည့်ထားတဲ့ ကိုရှင်လေးကိုတော့ ယဉ်အေး ကြိတ်ချီးကျူ းရသည်..

အခုကိုရှင်လေးပုံစံက ညအိပ်ဝမ်းဆက် ဖဲသားနက်ပြာရောင်နဲ့ ဆံပင်ကလည်း ဖြီးသင်ခြင်းမရှိဘဲ ပွယောင်းယောင်းလေး ဖြစ်နေတယ်.. ဖိနပ်ကိုလည်း အိမ်တွင်းစီးဖိနပ် နဲ့ ။

ဒီလောက် မသေမသပ်ဖြစ်နေလည်း ချောမောနေတာကြောင့် အလှမပျက် အချောမပျက်တဲ့ ကိုရှင်လေး.. ကလေးအဖေရုပ် မထွက်တဲ့ကိုရှင်လေးကို ယဉ်အေး စိတ်မချတော့ ။

.

ဆေးရုံမှာ ယဉ်အေး အတော်ကြာ နေရပါသည်.. ယဉ်အေးသက်သာပါတယ် အဆင်ပြေပါတယ် ပြောလည်း ကိုရှင်လေး က နေပါဦး ဆိုပြီး ဇွတ်နေခိုင်းလို့ စိတ်ပျက်ပျက်နဲ့ နေရသေးတယ်.. ။

ဒီနေ့တော့ ဆေးရုံဆင်းခွင့်ရလို့ အပျော်ကြီးပျော်နေရတဲ့ ယဉ်အေးပါလေ.. အယ် မပျော်ရတာက အိမ်ရောက်တော့ အကြောင်းက စပြီ ။

" သမီး.. ယဉ်အေး "

အိမ်ကိုရောက်နေတဲ့ အဘနဲ့အမေ.. ။

" အမေတို့ ဘယ်တုန်းက ရောက်နေတာလဲ.. "

" မနေ့ညကရောက်တာ.. လာကြည့်မယ်ဆိုတော့ လူလေးက လိုက်မပို့ဘူးလေ "

အဘက ကိုရှင်လေးကို မကျေမချမ်းလေး ပြောနေတာ.. ။

ကိုရှင်လေးကတော့ ခပ်တည်တည်ပဲ.. ယဉ်အေးဘေးမှာ ထိုင်နေတာ ။

" ဟော သမီး ဆင်းလာပြီလား.. "

" ဟုတ် မား.. "

" ကလေးတွေရော ရှင်လေး.. "

" အိပ်နေလို့ သိပ်ထားတယ် မား "

" အော် အေး.. ဦးလေးနဲ့ညီမရော နေရတာ အဆင်ပြေရဲ့လား "

" ဟုတ်ကဲ့ ပြေပါတယ် "

စကားပြောရင်းကနေ ကြားဖြတ်ဝင်ပြောလိုက်တဲ့ အဘ..။

" ကလေးတွေ နာမည်ပေးဖို့ အဘ စဉ်းစားလာတယ်.. "

" ဟာ.. ကျွန်တော်လည်း စဉ်းစားထားပြီးသား "

အဘက ပြောလာတော့ ကိုရှင်လေးကလည်း ထပြောလာပြန်သည်.. ။

" အဘက သေချာနေ့နံနဲ့တိုက်ပြီး ရွေးမှတ်လာတာ.. "

" ရှင်လေးက သားတွေကို ရှင်လေးအကြိုက်ပဲမှဲ့ပေးမှာ.. "

" နာမည်ဆိုတာ အကြိုက်ချည်း မှဲ့ပေးလို့ရတဲ့ အရာမဟုတ်ဘူး.. နေ့နံနဲ့ ကိုက်မယ့်နာမည် မှဲ့ပေးရတယ် "

" ရှင်လေးကလည်း ပြီးပြီးရော ဆိုပြီး မှဲ့ပေးမှာ မဟုတ်ပါဘူး.. ရှင်လေးသားတွေကို ပြီးပြီးရော ဘာတစ်ခုမှမလုပ်ဘူး "

" အဘ နာမည်ပေးတာ ပိုကောင်းမယ်.."

" ရှင်လေးကလည်း ရှင်လေးအကြိုက် မှဲ့ပေးမှာ.."

အပြိုင်ဆိုင်ဖြစ်နေတဲ့ ကိုရှင်လေးနဲ့အဘကို ဘေးလူတွေက ဘယ်ဘက်က ပါလို့ပါရမှန်းတောင် မသိဘဲ လမ်းပျောက်နေရသည်.. ။

" နာမည် က သေရာပါမှာ.. ပေါ့ပေါ့တန်တန်လုပ်လို့မရဘူး လူလေး "

" ဒီလောက်ကတော့ ရှင်လေးလည်း သိပါတယ် အဘ.. "

အခေါ်ဝေါ်တွေသာ အဘနဲ့လူလေး ဖြစ်နေပေမယ့် မသိမသာလေး အားပြိုင်နေကြတာတော့ ဘေးလူတွေ ခံစားရပါသည်.. ။

" ငါ့မြစ်ကို ငါနာမည်ပေးမယ်.. "

" အဲ့လို မောင်ပိုင်တပ်ကြေးဆိုရင် သားတွေက ရှင်လေးရဲ့သား.. ရှင်လေးသားမလို့ အဖေဖြစ်တဲ့ရှင်လေးကပဲ ပိုပေးသင့်တယ် မဟုတ်ဘူးလား "

" ဟို အဘနဲ့ကိုရှင်လေး သားတွေက အခုမှရက်သားလေးတွေ ရှိပါသေးတယ်.. နောက်မှ အေးဆေးပေးလည်း ရပါတယ် "

" ဟ.. နာမည်ကို အခုကတည်းက ပေးမှာ "

" အယ် "

ကြားထဲက ယဉ်အေးဝင်ဖြန်ဖြေပေးတာကို နှစ်ယောက်သား အော်ချလိုက်တာက တစ်ပြိုင်နက်တည်းတစ်သံထဲ ထွက်လာသည်.. ။

" ဦးလေးနဲ့ရှင်လေး နောက်မှအေးဆေးလုပ်ရအောင်နော်.. "

မားက ဝင်ပြီးပြောလို့ စကားတွေတော့တိတ်ကျသွားပေမယ့် မျက်ဝန်းတွေထဲမှာတော့ အပြိုင်ဖြစ်နေကြတာလေ.. ။

ဟူး.. အဘနဲ့ကိုရှင်လေးကတော့လေ ။

.

" ယဉ်အေး.. "

" ရှင် အဘ "

" လာဦး.. "

အဘက ယဉ်အေးလက်ကိုဆွဲပြီး ခြံထဲခေါ်သွားသည်.. အခုလို အလောတကြီးဖြစ်နေတာ ဘာအကြောင်းရာများကြောင့်ပါလိမ့် ။

" ဒီမှာကြည့်စမ်း.. "

ယဉ်အေးလက်ထဲ ရောက်လာတဲ့ သတင်းစာ..။

" ဘာကြည့်ရမှာလဲ အဘ "

" တယ် ညည်းနဲ့တော့လေ..ဒီမှာ ကြည့် "

လက်ညိုးထိုးပြတဲ့ နေရာကြည့်မိတော့ ယဉ်အေးမှာအံ့ဩသွားရသည်.. ။

အဆိုတော် သရုပ်ဆောင် မော်ဒယ် တစ်ဦးဖြစ်တဲ့ ဘုန်းထက်ပြည့်ရှင်ရဲ့ အမြွှာပူးသားယောကျာ်း ဘုန်းသျှမ်းကို ၊ ဘုန်းသျှမ်းညီ တို့နဲ့တွေ့ဆုံမှုတဲ့.. ။

ကိုရှင်လေးနဲ့ယဉ်အေးက သားတွေကိုတစ်ယောက်စီ ပွေ့ဖက်ထားတဲ့ပုံလေးနဲ့တကွလေ..။

" သူက သူ့သားဆိုပြီး နာမည် ပေးချင်တိုင်းပေးသွားလိုက်ပြီ.. တောက် ကွာ "

အဟွန်း.. ။

အဘက တရှူ းရှူ းတရှားရှား ဖြစ်နေတာကြည့်ပြီး ယဉ်အေးမှာကြိတ်ရယ်မိရသေးတယ်.. ။

ကိုရှင်လေးတော့ သူ့ပါဝါအာဏာကြီးနဲ့အသုံးချသွားတာကိုး.. ယဉ်အေးမသိပါဘူး ဒီပုံတွေကို အတင်းရိုက်ခိုင်းတာက ဒါကြောင့်ကိုး သပ်သပ် လူလည်ကျသွားတာပေါ့လေ..

ကိုရှင်လေးနဲ့အဘကြောင့် ယဉ်အေးမှာအူတက်နေရတယ်..တကယ် ။

ဒီကိစ္စဖြစ်ပြီး ရက်တောင်မဆိုင်းဘဲ အဘနဲ့အမေကရွာပြန်သွားသည်.. အဘကတော့ စိတ်ဆိုးမာန်ဆိုးနဲ့လေ ဒါကို ကိုရှင်လေးက အောင်နိုင်သူကြီးတစ်ယောက်လို အောင်ပွဲတွေခံလို့..။

" အဟား..အဟက် အဟွန်း "

ရယ်သံမျိုးစုံနဲ့ ဧည့်ခန်းမှာအိနြေ္ဒမထိန်းနိုင်ဘဲ ရယ်မြူ းပျော်ရွှင်နေတဲ့ ကိုရှင်လေး.. ။

" ဖျတ်.. "

ယဉ်အေးအနားသွားပြီး လက်မောင်းကို တစ်ချက်ရိုက်လိုက်ရသည်..

" ဟ.. ဘာလဲ "

" တော်တော်လေး အူမြူ းနေတဲ့ပုံပဲ.."

" အဟင်းဟင်း.. "

ကြည့်..ပြောရင်းနဲ့ကို ရယ်နေပြန်ပြီ ။

" ဟေး..ဖေ့သားလေးရေ "

ရီရွှေချီထားတဲ့ သားကို သွားမြူ နေပြန်သည်.. ပြုံးရွှင်မြူ းတူးလေးဖြစ်နေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ ရယ်မိသည်..

ယဉ်အေးတို့မိသားစုလေးက သာယာပါတယ်လေ..။

.

အယ်.. သာယာမှုက ပျောက်ပြန်ပြီ ။

ကလေးတွေအတွက် ဝယ်ထားတဲ့အရာတွေက မိန်းကလေးပစ္စည်းတွေလည်း ပါသေးတယ်..ဒါကို သားတွေအတွက် ဘယ်လိုသုံးရမလဲ

ဒီကိုရှင်လေး တစ်ယောက်နဲ့တော့လေ.. ။

" ကိုရှင်လေးကိုအဲ့ဒါကြောင့်ပြောတယ်.. ကလေးမွေးပြီးမှ ပစ္စည်းဝယ်ပါပြောတာကို အခုတော့ အပိုဖြစ်ပြီမဟုတ်လား.. ဝယ်ထားတာ နည်းနည်းနောနော မဟုတ်ဘူး သူများပေးပစ်ရအောင်လည်း ပိုက်ဆံနဲ့ဝယ်ထားတာ နှမြောစရာကြီး.. ကိုရှင်လေးဟာလေ ကျန်တဲ့ဟာတွေ ကောင်းသလောက် ဒီပိုက်ဆံကတော့ အရမ်းဖြုန်းတာ မွေးလာတာက သားအမြွှာပူးနှစ်ယောက်..ဒီမိန်းကလေးအတွက် ဝယ်ထားတာတွေက ဘယ်နားသွားသုံးရမလဲ "

ယဉ်အေးမှာ ပစ္စည်းတွေနဲ့တန်ဖိုးကိုကြည့်ပြီး သွေးတက်ကာ ပြောဆိုနေသလောက် ကိုရှင်လေးက သားတွေနားချော့မြူ ထိုင်နေရင်း သားတွေနားကိုပိတ်ထားတယ်တဲ့.. ကဲ ဒီကိုရှင်လေးဟာလေ ။

" ကိုရှင်လေး.. "

" ကျစ်.. ဘာလဲကွာ အဲ့လောက်ပွတ်တွတ်မရွတ်စမ်းပါနဲ့ သားတွေ နားညီးနေပြီတဲ့ "

" သားတွေ စကားမပြောတတ်သေးဘူးနော်.."

ကိုရှင်လေးနားညီးတိုင်း ကလေးတွေပုံချနေတာ မသိရင် ခက်မယ်.. ။

" မင်းတို့လေးတွေ မင်းတို့အမေနဲ့မတူစေနဲ့ ကြားလား.. တအားပွမ်လွန်းတယ် "

အံမယ်.. ငပြူ းကပဲပြဲပြတယ်ဆိုတာ ဒါမျိုး ။

" ယဉ်အေးကလည်းသားတွေ ကိုရှင်လေးနဲ့မတူစေဖို့ပဲ ဆုတောင်းတယ်.. သားနှစ်ယောက်သာ ကိုရှင်လေးလို သုံးဖြုန်းနေလို့ကတော့ သွားပြီ "

" အောင်မာ.. ငါ့သားကငါနဲ့မတူလို့ ဘယ်သူနဲ့တူရမှာလဲ သုံးတာများကွာ သုံးပါစေပေါ့ ချို့တဲ့နေတာမှမဟုတ်ဘဲ ငါရှာထားတာငါ့သားတွေ သုံးပါစေပေါ့.. ငါအခုထက်နှစ်ဆတောင် ရှာဦးမှာ ပြီးငါ့ပါးတို့ကငါ့ကိုအမွေပေးဦးမှာ တသက်တောင် စားမကုန်ဘူး.. ဒီမဖြစ်စလောက်လေးကို ခေါင်းထဲထည့်မနေနဲ့ "

မြင်ယောင်သေးတယ်.. ဒီအဖေကြောင့် ဒီသားတွေကတော့ ဟင်းဟင်း ။

" မိန်းကလေးပစ္စည်းတွေ အများကြီးလေ..အိပ်ယာတွေဂါဝန်တွေ ဖိနပ်တွေ ဟိုးတိုလီမုတ်စကအစ ဝယ်ထားတာ နည်းသလား ကိုရှင်လေးရဲ့.. "

" မင်းအဲ့လောက်နှမြောမနေနဲ့ အလကား မဖြစ်ပါဘူးကွာ.. သားတွေကို ဝတ်ပေးဆင်ပေးလို့ရတာပဲ "

" အို.. ကိုရှင်လေး မွေးထားတာက သားတွေ သမီးမိန်းကလေး မဟုတ်ဘူး "

ငယ်ငယ်ကတည်းက သားတွေကိုမိန်းမစိတ်သွင်းပေးချင်နေတဲ့ ကိုရှင်လေး.. ဒါအဖေတဲ့ ။

" မင်းနှမြောနေလို့ ငါကလည်းအကြံပေးရသေးတယ်.. "

အမလေး.. အဲ့အကြံကိုတော့ ရွှေချထားဖို့ ကောင်းနေပြီ ။

" ကိုရှင်လေး "

" ဟေ့ ရီရွှေ.. နို့ဗူးမရသေးဘူးလား "

" ကိုရှင်လေး ယဉ်အေးစကားပြောနေတယ်လေ.."

ကြည့်.. ပြောရင်း ဟိုလိုလိုဒီလိုလိုနဲ့ လစ်ထွက်သွားတဲ့ ကိုရှင်လေး ။

ဟူး မောတယ် မောတယ်.. ဒီကိုရှင်လေးနဲ့တော့ ။

.

" သားတွေရော.. "

အိမ်ကိုရောက်ရောက်ချင်း တန်းမေးချလာတဲ့ ကိုရှင်လေး.. ။

" သားတွေအိပ်နေတယ် "

" အခုထိလား.. ကြာပြီလား နေမကောင်း "

" အို ထိုင်ပါ ကိုရှင်လေးရယ်.. "

ကြည့်.. အခုတင် ထပြေးသွားကြည့်အုံးမယ့် ကိုရှင်လေးကို ယဉ်အေးဆွဲတားထားရပြန်သည်။

" ကြာကြာအိပ်တာ မကောင်းဘူး.. အခုတင် ညနေရောက်နေပြီ "

" ကဲ စောနလေးကမှ အိပ်သွားတာပါ..အိပ်ရေးမဝလို့ ခေါင်းကိုက်နေပါဦးမယ် "

" တော်တန်ရုံ ညနေကြီးမအိပ်ခိုင်းစမ်းပါနဲ့..ငါ့သားတွေ နေမကောင်းဖြစ်နေမယ် "

ငါ့သား ငါ့သားနဲ့ ပါးစပ်ကကိုမချဘူး.. ။

" ကိုလေး ဒီမှာ.."

ခုံပေါ်တင်လာတဲ့ နို့ဗူးကြီးခြောက်ဗူးခုနစ်ဗူးကြောင့် ဒီကယဉ်အေး မျက်လုံး ပြူ းရတယ်..

" ဒါတွေက ဘာလုပ်မလို့လဲ.. "

" နို့ဗူးတွေ မင်းမမြင်ဘူးလား.. ငါ့သားတွေအတွက်ပေါ့ဟ "

" ဒီလောက်အများကြီး ဘာလို့ဝယ်လာတာလဲ..ဟိုတစ်ရက်ကတင် ဝယ်ထားတာတွေရှိသေးတယ်လေ "

" ငါ့သားတွေ မင်းနို့နဲ့ဝဝလင်လင် ဘယ်သောက်ရမလဲ.. ဝဝလင်လင်သောက်ရအောင် များများစားစား ဝယ်ထားတာ "

" အို.. ပြောရော့နော် "

ယဉ်အေးမှာ တန်းမျက်နှာရဲတက်ရသည်..။

" ကိုလေးတို့ကတော့ ကံကောင်းချက်..သားတောင် အမွှာပူးဗျ ရုပ်ကလည်းချော တော်တော်စော်ကြည်ကြမယ့်သူတွေဗျ "

" ငါ့သားပဲ ချောရမှာပေါ့.. ငါကံကောင်းတာလား ဒါမှမဟုတ် ငါကပဲစွမ်းဆောင်နိုင်တာလား မပြောတတ်ဘူး တန်းခနဲ "

" ကိုရှင်လေး.. "

ကိုရှင်လေးစကားကြောင့် ယဉ်အေးမှာ ရင်ဖိုကာလှမ်းအော်ရသည်.. ။

" ဘာလဲ.. ငါကုသိုလ်ကံကောင်းတယ်လို့ ပြောချင်တာပါ "

အဲ့လို ရွှီးရှောင်သွားသေးတယ်.. ယဉ်အေး မသိရင် ခက်မယ် ။

ကိုရှင်လေးဟာလေ ဗြောင်လိမ်ဗြောင်စား နဲ့..တကယ် ။

.

" ဟာ.. ယဉ်အေးရေ လုပ်ပါဦးဟ "

" အီး..အဲ့ အဲ့ အဲ "

အသံကျယ်ကြီးကြောင့် ယဉ်အေးမှာ မီးဖိုထဲကနေ အပြေးလေးပြေးသွားကြည့်ရသေးတယ်.. ။

သားအဖတွေ အိမ်ရှေ့မှာ ဆူညံပွက်လောကို ရိုက်နေတာလေ..

" ယဉ်အေးရေ.. မြန်မြန်လာပါဟ "

သားကို အပေါ်မြှောက်ပွေ့ချီပြီး ကိုရှင်လေးကိုယ်နဲ့ခွာထားကာ မျက်လုံးတွေမှိတ်ပြီး လှမ်းအော်နေတဲ့ ကိုရှင်လေး.. ။

" လာပြီ.. လာပါပြီ ဘာဖြစ်လို့လဲ "

" ဘာဖြစ်ရမှာလဲ မင်းသားတွေပေါ့.. ငါ့ကိုယ်ပေါ်ချီးရော  သေးရော အကုန်ပါချတယ် လုပ်စမ်းပါအုံး မြန်မြန် ရှုတင်ကပြေးရဦးမှာ "

ကြည့် မကောင်း ယဉ်အေးဆီပို့တယ်.. ။

" ဒါဆိုလည်း သွားခါနီးလာခါနီး ဘာလို့သားနှစ်ယောက်ကို ပွေ့ချီနေသေးလဲ.. "

ယဉ်အေးပြောရင်း ကိုရှင်လေးပွေ့ချီထားတဲ့ သားကို လက်ပြောင်းယူရသည်.. ။

သားလေးကို ပြောင်နေအောင်ရှင်းပေးရသေးတယ်.. ပြီးအနားမှာ ထားထားတဲ့ ဒိုက်ပါထုတ်ကို ဆွဲယူကာ တစ်ခုထုတ်လိုက်ရသည်..။

အိမ်မှာလည်း ကလေးပစ္စည်းတွေက နေရာတကာမှာ ရှိနေတာလေ.. အရင်လို ရှင်းလင်းနေတာမဟုတ်ဘူး ။

" ငါ့သားငါပွေ့ချီတာပဲ ဘာဖြစ်လဲ "

" အခုတော့ စျေးဦးပေါက်သွားတာပဲ မဟုတ်လား.. "

" ဘာဖြစ်လဲကွာ.. "

" ကဲ ဘာမှမဖြစ်ပါဘူး.. ရေချိုးဦးမှာမလား သွားချိုး ပြီးယဉ်အေး  အဝတ်တွေ လာထုတ်ထားပေးမယ် "

" အေ.. ရေချိုးမှရမယ် အာဂူး နံလိုက်တာကွာ ငါ့ရေမွှေးနံ့တောင် ပျောက်တယ် "

သူ့ကိုယ်သူပြောပြီး အခန်းထဲပြေးဝင်သွားတဲ့ ကိုရှင်လေးကို ကြည့်ရင်း ခေါင်းခါရမ်းမိသေးသည်.. ။

သိတယ်.. ရေတစ်ခေါက်ပြန်ချိုးအုံးမယ် ဆိုတာ ဘယ်လောက် အသန့်ပြန့်ကြိုက်တဲ့ သူမလို့လဲ ။

ယဉ်အေးမှာ ကိုရှင်လေးလည်း ထိန်းရ သားနှစ်ယောက်ကိုလည်း ထိန်းရနဲ့ အားတယ်လို့ကိုမရှိဘူး..

သားတွေကလည်း အနုအရွ အသန့်ပြန့်ကြိုက်သလား မမေးနဲ့.. အီးပေနေတဲ့ အဝတ်နဲ့တစ်စက္ကန့်လောက်တောင် ကြာကြာမနေဘူး အကြီးတွေကို လဲပေးတော့ဖို့ အသံပေးသေးတယ်.. ။

နည်းနည်းသာကြာကြည့် အော်ဟစ် ငိုပြီ.. ။

အဖေ့သွေး အပြည့်ပါတဲ့သားနှစ်ယောက်.. ရုပ်ကလည်း တဖြေးဖြေး ရုပ်လုံးကြွလာတော့ သူ့အဖေကိုယ်ပွားတွေအတိုင်း ဖြစ်လာတာလေ.. ။

အဖေနဲ့တူတာ ကိစ္စ မရှိပေမယ့် အဖေ့လိုမျိုးလက်ဖွာရင်တော့ ခက်ရချည်သေးရဲ့.. ငယ်ကတည်းက တော်တော် အုပ်ထားနိုင်မှ တော်ရာကျမည် ။

ဒါလည်း ကြားထဲသူတို့အဖေ ဝင်ဖျက်ရင်လည်း ပွဲပျက်ဦးမယ်..

ဟိုတစ်ခါ ဝယ်ထားသမျှမိန်းကလေးအသုံးဆောင် ပစ္စည်းတွေ ကို သားနှစ်ယောက်နာမည်နဲ့ လိုအပ်တဲ့နေရာတွေ လှူ ပစ်လိုက်ရသည်.. ။

ပီတိလည်းဖြစ်ရသလို ပိုက်ဆံတွေနှမြောသလိုလည်း ဖြစ်ရသည်..

ဝယ်ထားတာက လှူ ဒါန်းဖို့ဆိုပြီးရည်ရွယ်ဝယ်ထားတာ မဟုတ်ဘူးလေ.. ပြီးတော့ သိတယ်မလား ကိုရှင်လေးတို့က တော်တန်ရုံလောက်ကို ဝယ်မသုံးတတ်တာ ။

ယဉ်အေးတို့မှာ ကုသိုလ်ထက် ငရဲကပိုများလိမ့်မယ်..နှမြောတွန့်တိုနေရတာနဲ့ ။

တရားခံကြီးကတော့ တခြားသူမဟုတ်..ကိုရှင်လေးကြောင့် ။

.

ဒီနေ့တော့ ကလေးတွေကို ပါးနဲ့မား လာကြည့်ပေးတယ်.. ပြီး ယဉ်အေးနဲ့ကိုရှင်လေး စိတ်ပေါ့ပေါ့ပါးပါးနဲ့ သွားလည်ပါတဲ့ ။

သားတွေထားပြီး စိတ်ချလက်ချကြီးတော့ ယဉ်အေးတို့နှစ်ယောက်လုံး မပျော်ပါးနိုင်ကြပါဘူး.. ဒါပေမယ့် ပါးနဲ့မားက ခဏနားသလို အကြောလျှော့ပါဦးလို့ ဆိုလာတာနဲ့ ယဉ်အေးနဲ့ကိုရှင်လေး အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့ အပြင်ထွက်ခဲ့လိုက်သည်.. ။

အယ်.. လိုအပ်တာတွေ ဝယ်မယ်ဆိုမှ မဝယ်သေးဘဲ ကလေးအဝတ်တွေရောင်းတဲ့ဆိုင်ထဲ တန်းတန်းမတ်မတ်ကို ဝင်သွားသေးသည်..

ယဉ်အေးမှာထိတ်ပြီး လက်ကိုလှမ်းဆွဲထားဖို့လည်း မမှီလိုက်.. ။

" အို.. ဒီကိုရှင်လေးနဲ့ကတော့လေ "

" ကိုရှင်လေး "

ယဉ်အေး အနောက်ကလိုက်ပြီး တိုးတိုးခေါ်ရသေးတယ်.. ။

" ယဉ်အေး.. ကြည့် သားတွေနဲ့လိုက်မှာနော် "

အဝတ်စားတွေမြှောက်ပြီး မေးနေတဲ့ ကိုရှင်လေး.. ။

" သားတွေ ဝတ်မရသေးဘူးလေ.. ချထားလိုက်"

ယဉ်အေး ကိုရှင်လေးလက်ထဲက လုပြီးချိတ်မှာပြန်ချိတ်ပေးထားရသည်.. ။

" နောက်လည်း ဝတ်လို့ရတာကို..မင်းကလည်း "

" နောက်တော့ ပုံစံသစ်ကမထွက်တော့ဘူးလားတဲ့.. အဲ့တော့ ငါ့သားတွေနဲ့လိုက်မှာဆိုပြီး ထပ်ဝယ်အုံးမယ် "

" ဒါပေါ့ မေးနေသေးတယ်.. "

" အမတို့ ကလေးအဝတ်ယူမလို့လား.. ဒီဒီဇိုင်းက ထိုင်းဘက်ကလာတာ အသားကောင်းတယ်ရှင့် "

" ဟုတ်ကဲ့ နေပါစေ.. ရတယ် မဝယ်ဘူးနော် "

" ဟ ယဉ်အေး "

" အမတို့ကို ခွင့်ပြုပါဦးနော်.. "

ယဉ်အေး ကိုရှင်လေးကျောကို အတင်းတိုးပြီး ဆိုင်ထဲကနေထွက်ရသည်.. ။

" မင်းကလည်းကွာ.. "

" မင်းကလည်းကွာ လုပ်မနေနဲ့.. သားတွေက လပိုင်းပဲ ရှိသေးတယ် ကြီးကြီးမားမားမဆင်သေးလည်း ရပါတယ် "

" ဒီကန်သင်းကို ကျိုးအောင် ရေအားနဲ့တစ်ချက် ကစ်ထည့်လိုက်ဦးမယ်.. "

" ဟမ်.. ဘာပြောတာလဲ "

" ဘာမှမဟုတ်ဘူး "

ကြည့် ဘာတွေပြောသွားမှန်းကို မသိဘူး.. တစ်ယောက်ထဲ ရှေ့ကနေ ငေါက်ဆတ်ဆတ်နဲ့ သွားနေပြီ ။

" လာလေ မင်းက.. တစ်ယောက်ထဲ ဘာလုပ်နေတာလဲ ကောင်တွေကို ကြာပစ်ချင်နေတာလား မင်းငါ့သားတွေရဲ့အမေ ဖြစ်နေပြီနော် ယဉ်အေး.. "

နောက်ပြန်လှည့်ပြီး ယဉ်အေးကိုပြန်ခေါ်တဲ့ ပုံစံကတော့ တော်တော် ပြေးသွားချင်စရာကောင်းသည်.. ။

အဘစကားတွေ ကြားပြီး ယဉ်အေးကိုပြန်နှပ်နေသေးတာ.. အစကအဘမှာ စိတ်ဆိုးပေမယ့်လည်း မြစ်တွေနဲ့မခွဲချင်တော့ အဘကပဲချော့ပြီး ပြန်စကားပြောသည်.. ။

အခုတော့ အဘနဲ့မြေးသမက်နဲ့ အကြောကိုတည့်လို့..

" လာလေ.. မင်းကတော့ "

လာလို့သာ ပြောတာ.. ရှင်လေးကသာ အနားသွားပြီး ပြန်လှည့်ခေါ်ရသည် ။

ယဉ်အေးက တစ်သားမွေး တစ်သွေးလှ..အယ် မဟုတ်ပါဘူး နှစ်သားမွေး နှစ်သွေးလှနေတာလေ အဲ့တော့ ဒီကောင်က စိတ်ချရတော့မလားတဲ့.. ။

ယဉ်တကာ့ ယဉ်နေတော့ ပစ်ကြွေကြမှာလည်းစိုးရသည်.. အခုခေတ်က မတ်မတ်ခေတ်ဆိုပြီး စခန်းထနေတဲ့ချိန် ယဉ်အေးကိုတွေ့ပြီး မတ်မတ်လုပ်နေမှ ဒီကကောင် သားနှစ်ယောက်နဲ့ ဟက်ကော့ကြီး ကျန်ခဲ့မှာ.. ။

အဲ့လိုအဖြစ်မျိုး သေတောင်အဖြစ်မခံနိုင်ပါဘူး..

ယဉ်အေးက ရှင်လေးရဲ့ဇနီး.. တစ်ခါဇနီးဖြစ်ဖူးရင် တသက်လုံး ဇနီးပဲ ။

" အဟွန်း.. "

ယဉ်အေး သဘောကျကာ ရယ်မိသည်..

ကိုရှင်လေးကပဲ ယဉ်အေးကို သဝန်တိုရတယ်ရှိသေးတယ်.. တကယ်တမ်း သဝန်တိုရမှာက ယဉ်အေးပါ ။

ဒေါင်ကောင်းကောင်း ရုပ်ချော အသားရည်လည်းလှတာမို့ မြင်သူတိုင်းကြွေကြမှာပဲလေ..

အခု ကိုရှင်လေးက ဦးထုတ်ခပ်ငိုက်ငိုက်လေးဆောင်းထားတာတောင် ဟိုလူကြည့်ဒီလူကြည့်လုပ်သေးတာ.. ဦးထုတ်သာချွတ်လို့ကတော့ အနားဝိုင်းအုံလာမယ့် အမျိုး ။

ဒါပေမယ့် အခုချိန်မှာ ကိုရှင်လေးရဲ့လက်ကိုတွဲပြီး အနားယှဉ်လျှောက်ခွင့်ရတဲ့ အမျိုးသမီး က ယဉ်အေးတစ်ယောက်ထဲ ရှိသည်..

ခေတ်ဆန်ပြီး ပေါ့ပါးတက်ကြွတဲ့ဒီဇိုင်းနဲ့ အပြတ်သတ်ကြည့်ကောင်းနေတဲ့ ကိုရှင်လေးနဲ့ ဝမ်းဆက်လေးသာဝတ်ပြီး ယဉ်ယဉ်လေး နေတဲ့ ယဉ်အေးတို့နှစ်ယောက် ကို ဘေးလူတွေမြင်ရင် မနဲ့မောင်အတွဲထင်လိမ့်မည်.. ။

တကယ်တမ်းကျ ယဉ်အေးက ကိုရှင်လေး ထက် ငယ်တယ်ဆိုတာ မိသားစုကလွဲ ဘေးလူမသိနိုင်..

နှစ်ယောက်သား လက်ချင်းတွဲကာ ယှဉ်လျှောက်နေတာကို တစ်ဖက်တစ်ချက် တစ်ထောင့်တစ်နေရာကနေ မြင်လိုက်တဲ့သူက ခင်သစ္စာနဲ့ နေခြည်လင်း ။

လူမသိသူမသိ ကြိတ်အသည်းကွဲခဲ့ရတဲ့ သူတို့နှစ်ယောက် ပါးပြင်မှာ မျက်ရည်တွေ ကျရလို့..

.

" ယဉ်အေး ဒီအင်္ကျီတွေ ပေးပစ်တော့.. ဝတ်လို့မရတော့ဘူး "

" ဘာလို့ဝတ်မရတာလဲ.. "

" ကြယ်သီးတွေမရှိတော့ဘူး ပြုတ်နေတယ် "

" ယဉ်အေး ကြယ်သီးတွေ ကောက်တွေ့ထားတယ်.. ပေး တပ်ပေးမယ် "

ကြည့်.. အကြံဖန်လုပ်လည်း မရဘူး ။

အခုရက်ပိုင်းတွင်း ရှင်လေးတို့ကတ် ပိတ်ခံရသလိုဖြစ်နေတာလေ.. မဝယ်ရမသုံးရ ပါမစ်ကြီးကြောင့် ငြိမ်နေရတယ် ။

တွေ့မယ်.. ရှင်လေးတို့ ကတ်သုံးရမယ့်ရက်ရောက်တဲ့နေ့ အကုန်ကို သုံးပစ်ဦးမယ်

ယဉ်အေးက တစ်လမှာ ရှင်လေးငွေမသုံးရတဲ့ရက်ဆိုပြီး သူကိုယ်တိုင်သတ်မှတ်ထားတာလေ..ဒီကကောင် မလိုက်နာလို့လည်းမရဘူး သားတွေနဲ့ခြောက်ထားတာကို ။

တွေ့ပါမယ်..ယဉ်အေးရာ ငဲ ငဲ

You are reading the story above: TeenFic.Net