Part (3)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (3)

" ဟာ မား.. မမိုက်ဘူးဗျာ "

" မမိုက်တာ မင်းလေ.. မင်းပဲ သမီးယဉ်အေးနဲ့ လက်ထပ်တော့မယ် လို့ ပြောခဲ့တာ မဟုတ်ဘူးလား "

" ရှင်လေး နာမည် ထည့်မပြောခဲ့ပါဘူး.. "

" ဒါပေမယ့် မင်းပြောတဲ့စကားက သူ့ကိုပဲ ရည်ညွှန်းနေတာ မဟုတ်ဘူး လား.. "

ပြန်ချေပစရာ စကားမရှိ.. ။

တကယ်လည်း သူ့ကိုရည်ညွှန်းပြီး ပြောခဲ့မိတာလေ.. ဒါကလည်း နေခြည်လင်းဆိုတဲ့ ဒိဋ္ဌိမကြောင့်သာ

သူနဲ့မချိန်းခင် အဖွဲ့သားခေါင်းဆောင်ကို ဖုန်းဆက်လှမ်းမေးကြည့်တော့ သူတို့ချိန်းထားတဲ့ဆိုင်က တစ်ဆိုင် နေခြည်လင်းကိုယ့်ကို လာပြောတော့ ဆိုင်တစ်ဆိုင်ဖြစ်နေတာလေ.. ။

ဒါသူ့စနက်တွေ မကင်း.. လူချင်းတွေ့ပြီး ဒဲ့မေးလိုက်ဖို့ ကြံပေမယ့် နောက်ထပ်ကို သတင်းထောက်တွေကို ဆွဲထည့်လာတော့ သူကြိုးဆွဲရာ မကဖို့ နည်းလမ်းအမြန်ရှာလိုက်ရတာ..

အဲ့ချိန်ပြေးပေါက်က ဘာလို့အဲ့တောသူမကိုပဲ သွားသတိရမိလဲမသိ.. ပြောလိုက်တာက ရှောင်ထွက်ဖို့ အခုတော့ မားက မနက်ဖြန် သွားတောင်းရမ်းမည်တဲ့လေ ။

ဖြစ်သင့်လား.. မနက်ကမှ အမှုတစ်မှုရှင်းပြီး အခုညနေ နောက်တစ်မှုက တက်လာပြန်ပြီ

မနက်ကရှောင်လို့ လွှတ်ခဲ့ပေမယ့် အခုကတော့ ပြေးဖို့လမ်းပေါက် မမြင်.. 

" ဟုတ်တော့ဟုတ်ပေမယ့် မနက်ဖြန်ဆိုတာ မမြန်လွန်းဘူးလား မား.. "

" နောက်တောင်ကျနေပြီ "

" အိမ်ထောင် တစ်ခုထောင်ဖို့က နောက်ကျလေ ကောင်းလေပါ.. "

" အဖေ့ထက်သားတစ်လ ကြီးပြန်ပြီ.. "

" ..... "

ပါးစပ်ပိတ်နေရသည်.. မင်း ဘယ်လိုလှည့်ထွက်မလဲ ရှင်လေး ။

" ဟိုဘက်ကိုလည်း အားလုံးပြောထားဆိုထားပြီးပြီ ရှင်လေး.. မင်းငြင်းဖို့ ကြိုးစားနေလည်း အချည်းနှီး ဖြစ်ရုံပဲရှိမယ် "

" ဟာ ကွိုင်ပိုတက်ပြီ.. ဘာလို့ပြောလိုက်တာလဲ မားရယ် ကြမ်းကျွံတာ နုတ်ရလွယ်တယ် နှုတ်ကျွံတာက နုတ်ရခက်တာ မားလည်းသိသားနဲ့ "

" နုတ်ရခက်လည်း မနုတ်နေနဲ့ပေါ့.. ကျွံကျတဲ့ချိန် ရောထိုင်နေလိုက်ပေါ့ အညောင်းတောင်ပြေသေး "

" ချော်လဲလို့ရောထိုင်တာ ကြည့်ကောင်းသေးတယ်.. ကျွံကျလို့ရောထိုင်တာက ကြည့်ရဆိုးတယ် မား "

" ရှင်လေး.. တော်တော့ မင်း မား က မင်းကောင်းဖို့အတွက် လုပ်နေတာ ပါးလည်း မင်းကို သမီးယဉ်အေးနဲ့ပဲ လက်ထပ်စေချင်တယ် ဟိုကအလိမ်မာအိမ်ပါ "

" အိမ်ပါလာတော့ ထမင်းတင်ကျွေးနေရမှာပေါ့..ပါး ရဲ့ "

" ဟ.. မင်းမယားပဲ မင်းတင်မကျွေးလို့ ဘယ်သူကလာကျွေးမှာလဲ စကားကြီးစကားကျယ် အလွန်ပြော တော်တော်အမျိုးသွားတူ "

" ကိုထက်အောင် စကားကို လွတ်လွတ်ကျွတ်ကျွတ်ပြော.. ကျွန်မကိုမထိခိုက်နဲ့ "

" ငါဘယ်မှာ မလွတ်မကျွတ်ပြောလို့လဲ.. မင်းနာမည် တောင်မပါဘူး အိုးမလုံအုံထပွင့်တယ် ဆိုတာ ဒါမျိုး "

" ထပွင့်တာမဟုတ်ဘူး.. ရှင့်ပါးစပ် ဟ လိုက်တာနဲ့ အူဘယ်နှခွေရှိလဲဆိုတာ အကုန်သိတယ် "

" ဒါဆိုလည်း ငါ အာ မညောင်းတော့ဘူးပေါ့ကွာ.. "

" ကိုထက်အောင် "

" ဟာ.. တိုးတိုးပြောစမ်းပါ ဘေးအိမ်ကလူတွေကြား မကောင်းဘူး နင်မရှက်ပေမယ့် ငါရှက်တတ်တယ် "

ရှင်လေး ခေါင်းအသာရမ်းနေမိသည်.. ။

" ဘာပဲဖြစ်ဖြစ်ကွာ.. မနက်ဖြန် မနက် သမီးယဉ်အေးတို့ဆီ ငါတို့ဆင်းမယ် "

" ဟုတ်တယ် ရှင်လေး.. မင်းလိုက်ကိုလိုက်ခဲ့ရမယ် "

ပြောချင်တာ ဇွတ်ပြောပြီး လင်မယား နှစ်ယောက် သား ကြွကြွလေး ထွက်သွားလိုက်ကြတာ.. ။

ဒီကရှင်လေးမှာတော့ သေချင်စိတ်တောင် ပေါက်တယ်..

.

မနက်ရောက်တော့ ပါးနဲ့မားကြောင့် မတတ်သာသည့်အဆုံး ရှင်လေးတို့လိုက်ရပြီ.. ။

အခုသာ လူပျို.. အပြန်ရောက်ရင်တော့ လူပြို ဖြစ်တော့မည်

မသွားခင် အခုတောင် လူက ပြိုကျချင်နေပြီ.

" ပါး ကားနဲ့သွားမှာလား.. "

" အေး.. "

" အာ့ဆို ခဏ.. ဝေလင်းကို လှမ်းခေါ်လိုက်ဦးမယ် "

" ဘာလုပ်ဖို့ခေါ်မှာလဲ.. မိသားစုသုံးယောက်ပဲ သွားမှာ ဝေလင်းကဒီမှာပဲနေခဲ့မှာ ငါတို့ပြောပြီးပြီ "

" ဒါဆို ရှင်လေးက တစ်ယောက်ထဲ သွားရမှာလား.. "

" တစ်ယောက်ထဲ ဆိုတော့ ငါတို့က ဘာတွေတုန်း ရှင်လေးရဲ့.. "

မိဘနှစ်ပါးလုံးကို ဘယ်ချောင်ထဲ ထိုးသိပ်လိုက်ပါလိမ့်..။

" မဟုတ်ဘူး လေ ပါးရဲ့.. ရှင်လေး ကိစ္စတစ်ခုခုဆို ဝေလင်းက လုပ်တတ်တ. ာေ "

" တခြားသူကို အားကိုးတာ ပါး မကြိုက်ဘူး ရှင်လေး.. ထက်အောင်ရဲ့သားက ကိုယ်တိုင်ဦးစီးဦးဆောင် လုပ်နိုင်ရမယ် ဝေလင်းလုပ်နိုင်တဲ့ကိစ္စလည်း မင်းလုပ်နိုင်ရမယ် ရှင်လေး "

" ဟုတ်ကဲ့.. "

ခေါင်းငုံ့ ငြိမ်ခံလိုက်ရတာပါပဲ.. ။

အားကိုးတာထက် ဝေလင်းကိုလိုက်စေချင်တာပါ ပါး.. ရှင်လေးဆိုတာ သာမန်သတို့သားတစ်ယောက် မဟုတ်တာ ပါး မေ့များနေသလား

ရှင်လေးက နိုင်ငံကျော်အဆိုတော် တစ်ယောက်ပါ..ရှင်လေးကို သိတဲ့သူပေါကပေါနဲ့ ဒီခရီးလမ်း မန်နေဂျာ မပါဘဲ လျှောက်ဖို့က စဉ်းစားစရာပါ ။

" သွားမယ်.. "

ရှင်လေးတို့ စ ထွက်ခဲ့ပါပြီ.. ။

သတို့သမီးကို တွေ့ဖို့ ရင်ခုန်ရမှာထက် ရင်တုန်နေရပါသည်.. တကယ်ပဲ ရှင်လေး လက်ထပ်ရတော့မည်လား

ဟူး..

.

" ယဉ် အေး.. ယဉ် အေး "

နောက်ဖေးမီးဖိုထဲ ဝင်တုန်း လေသံနဲ့ခေါ်နေတဲ့အသံ ယဉ်အေးကြားတော့ ပြုံးမိတယ်.. ။

ဟိုနှစ်ယောက်တော့ အိမ်ရှေ့က မလာဘဲ နောက်ဖေးဘက်က ဝင်လာတာ နေမယ်..

ယဉ်အေး အသာခေါင်းထုတ်ကာ..

" လာလေ.. အိမ်ထဲ "

" နင့်အဘ ရှိလား "

တိုးတိုးလေး လှမ်းမေးနေတုန်း.. ။

" အဟွန်း.. မရှိပါဘူး မနက်ကတည်းက တစ်ယောက်ထဲ ဘာတွေအလုပ်ရှုပ်နေလဲ မသိဘူး အခုလည်း အပြင်သွားတယ် "

" အေ့အေ့.. ထင်တော့ထင်သား "

အခုမှ အသံကျယ်လာတဲ့ နှစ်ယောက်.. ။

" လာလေ.. အိမ်ပေါ်တက် "

" အေး.. "

နှစ်ယောက်သား ရှေ့ကနေ ပတ်ပြီး အိမ်ပေါ်တက်လာသည်..

" ဘာစားမလဲ.. လက်ဖက်သုပ် ပေးရမလား "

" အေး မဆိုးဘူး.. ရေနွေးလေးပါ ယူခဲ့ "

ယဉ်အေး သူတို့နှစ်ယောက်အတွက် လက်ဖက်အမြန်သုပ်လိုက်ရသည်.. ။

" ဒီမှာ.. စား "

" စားမှာ စားမှာ.. "

" အစားကို ငြင်းရင် ငရဲကြီးတတ်တယ်တဲ့.. "

" အေးပါ "

နှစ်ယောက်သား ဇွန်းအပြည့်ခပ်စားလိုက် ငရုတ်သီးစိမ်း ကိုက်စားလိုက် ရေနွေးလေးသောက်လိုက်နဲ့..

" ဒါနဲ့ မေးရဦးမယ်.. နင့်အဘ မနေ့က ဘာထူးခြားဖြစ်စဉ်ရှိလဲ "

" အေး ဟုတ်တယ်.. အဲ့ဒါသိချင်လို့ လာမေးတာ အစားနဲ့တွေ့တော့ မေ့သွားလိုက်တာ ဟဲဟဲ "

" ဘာမှမရှိပါဘူး.. "

" မရှိတာ မဖြစ်နိုင်ဘူး.. ရှိကိုရှိတယ် မနေ့က ဘာထူးဆန်းတာ တွေ လုပ်လဲ "

ယဉ်အေး ပြုံးပြီး စဉ်းစားကြည့်တော့ ဘာမှထူးခြားတာ မရှိ..

" ဘာမှမလုပ်ပါဘူးဟယ်.. "

" ဖြစ်နိုင်ပါ့မလား "

" အေးလေ.. "

နှစ်ယောက်သားက ညိုးငယ်ငယ်နဲ့ ပြောတော့ ယဉ်အေး ခပ်ဖွဖွ ရယ်မိသေးတယ်..

" အထူးဆန်းတော့ ပြောတယ်.. "

" ဟေ ဟုတ်လား.. ထင်ပါတယ် ဘာပြောလဲဟင် "

" ဟုတ်တယ် ဟုတ်တယ်.. ဘာပြောတာလဲ "

နှစ်ယောက်သား ပြူ းတိပြူ းပြဲနဲ့ ကြည့်နေလိုက်ကြတာ.. တကယ်တမ်း သိလိုက်ရရင် နှစ်ယောက်သားရယ်ကြမှာ မြေကြီးနဲ့လက် ပုတ်ခတ်မလွဲ

" အဘက ငါ့ကို ယောကျာ်းပေးစားမို့တဲ့.. "

" တကယ်ကြီး "

" အဟုတ်ကြီး "

ယဉ်အေး အသာခေါင်းညိမ့်ပြတော့ မျက်လုံးအိမ်က ပြူ းသထက်ပိုပြူ းလာသည်.. ။

" ဘယ်သူနဲ့လဲ.. ဘယ်ရွာကလဲ ဘယ်ပိုင်းသားလဲ "

" ..... "

အေးကြည် က မေးခွန်းတရစပ် မေးတော့ ဝိုင်းကြည်ကလည်း ထောက်ခံတဲ့သဘောနဲ့ ခေါင်းလေးတဆတ်ဆတ်နဲ့ ညိမ့်ပြနေတာ.. ကြည့်ပြီး အသာပြုံးမိရသေးပြန်တယ်

" နောက်မှပြုံးစမ်းပါ.. သိချင်နေပြီ မြန်မြန်ဖြေစမ်းပါ "

" ဟုတ်ပါ့.. ဒါလေးပဲဖြေရမှာကို ညည်းက သိပ်ကိုစျေးကိုင်တာပဲ "

" သူဋ္ဌေးသားနဲ့ဆိုပဲ..လူတော့ မသိဘူး ဘယ်ကမှန်း "

" အရေးထဲ အချင်းချင်း လာလျှို နေသေးတယ် "

" ဟုတ်ပါ့.. ညည်းက ကျူ ပ်တို့ကို မခင်ဘူးပေါ့လေ "

" မဟုတ်ပါဘူး.. အဘက ငါ့ကို ဘာမှမှ မပြောတာ ပုံလေးပဲ ပြတယ် "

" ဟင် အဲ့ပုံရှိလား.. "

" အင် "

" ပြကြည့် "

" ဟုတ်တယ် ငါတို့လည်းကြည့်ချင်တယ်.. "

" ခဏ ငါသွားယူလိုက်ဦးမယ် "

ယဉ်အေး အခန်းထဲဝင်ပြီး ခေါင်းရင်းထရံပေါက်ကြား ထိုးထားတဲ့ ဓာတ်ပုံယူရင်း ပြုံးမိသေးတယ်..ဟိုနှစ်ယောက် ဖြစ်သွားမယ့် ရုပ်ကိုတွေးမိလိုက်တာကို ။

" ဒီမှာ.. "

" ပေး ပေး.. ငါ ကြည့်မယ် "

" ငါလည်းကြည့်မယ် "

နှစ်ယောက်သား ဓာတ်ပုံလေးတစ်ပုံကို လုကြည့်နေသေးတယ်.. ။

" ဟင်.. ယဉ်အေး ငါတို့ကို စ နေတာလား "

" အေးလေ.. အဆိုတော် ဘုန်းထက်ပြည့်ရှင် ပုံလာပြနေသေးတယ် တခြားတကယ့်အစစ်ပုံ သွားယူစမ်းပါ "

" သူက အဆိုတော်  လား.. "

" အေးလေ "

ယဉ်အေး တကယ်မသိရိုးအမှန်ပါ..။

တီဗွီ မကြည့် သီချင်းနားမထောင် ဖုန်းမကိုင်သူ ယဉ်အေးအဖို့ ဘာဆိုဘာမှသိသည် မရှိ..

ဘာပဲဖြစ်ဖြစ်ပါ အဘက အရင်က မစတတ်ပေမယ့် အခုတော့ယဉ်အေးကို စတတ်နေပါပြီ

ညကတော့ ပုံပြင်မှတ်ထားတာ အခုတော့ ပုံပြင်တောင် ကလေးပုံပြင်ဖြစ်နေပြီ.. ။

" ခ်.. အာ့ကြောင့် ထင်သား အဘက ငါ့ကို စ တာပါဆို "

" ဟော.. အဘလေပေါတို့ကလေ သူ့လေနဲ့သူပိပြီး တဖြေးဖြေး ပိန်ကျလာတာနေမယ် "

" လေကသူ့ကို စားသွားတာလေ.. "

" အေးဟယ်.. အဆိုတော်နဲ့ ယဉ်အေးတဲ့ "

" ယဉ်အေးနဲ့အဆိုတော်တဲ့.. "

" ဟားဟား.. ခ္ခ္.. ခြီခြီ "

သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး သဘောကျကာရယ်မိသည်..

မဆိုးပါဘူး အဘပုံပြင်က.. ယဉ်အေးတို့အတွက် ဟာရရွှင်ဆေး တိုက်ခံရသလိုပါပဲ ။

" ယဉ်အေး ညနေ နေစောင်းတုန်း ရွာထဲလျှောက်သွားရအောင်.. "

" အေး ကောင်းသား..ငါလည်း ပျင်းပျင်းရှိတာနဲ့ အတော်ပဲ "

" သွားမယ် သွားမယ်.. "

ယဉ်အေးတို့ သုံးယောက် အမေ့ကိုပြောပြီး ရွာထဲထွက်ခဲ့လိုက်သည်.. ။

.

" ကျွီ.. "

ခြံထဲ ကားရပ်တော့ ဒေါ်ထားတင် နေရာမှာတင် ကြောင်ရပ်နေမိသည်.. ။

ကြောင်ရပ်မှာပေါ့.. အိမ်ကိုလာရပ်တဲ့ကားက ရင်းနှီးနေကျ ကားလိုမှ မဟုတ်တာ အခုကားက ဇိမ်ခံကားမှ ဇိမ်ခံကားစစ်စစ်ကြီးကို..

" ဟဲ့ ထားတင်.. ညည်းက ဘာလုပ်နေသတုံး ဒီမှာ ဧည့်သည် တွေကို အိမ်ထဲကြွဖို့ ခေါ်ဦးလေ "

အဖေက လှမ်းအော်လိုက်မှ အသိဝင်တော့တယ်..

" ဟုတ်ကဲ့.. အိမ်ပေါ်ကြွပါဦးရှင့် "

" ဟုတ်ကဲ့ "

မားနဲ့ပါးကတော့ ပြုံးပြီး လိုက်တက်သွားလေရဲ့..။

ရှင်လေးမှာသာ ကားနားရပ်ပြီး မျက်လုံး ဝေ့ဝဲကြည့်တော့ အလျှိုလျှို ခေါင်းတွေတန်းစီပြီး ကြည့်နေလိုက်ကြတာ..

" အဆိုတော် ဘုန်းထက်ပြည့်ရှင် မလား.. "

ရှင်လေး အသိမှတ်ပြု သလို ခေါင်းလေး အသာညိမ့်ပြတော့..

" ဟုတ်တယ်ဟေ့ ဟုတ်တယ်.. "

လူတွေ အကုန်ပြေးလာတော့ ရှင်လေး ဘယ်ပြေးလို့ပြေးရမယ် မသိ.. ။

လူတွေပြေးတက်လာတာက ကန်တော့ပါရဲ့..နွားအုပ်ကြီးပြေးတက်လာတဲ့ အတိုင်းပဲ

" ကိုရှင်လေး မင်္ဂလာပါ.. လက်ဆွဲနှုတ်ဆက်ရအောင် "

လူကို ပိတ်ကာ ဝိုင်းရပ်ပြီး တို့ထိနေလိုက်ကြတာ.. ရှောင်မရ တိမ်းမရ ။

အာ့ကြောင့် ပြောပါတယ်.. ဝေလင်း ကို ခေါ်ခဲ့ရအောင် ဆိုတာကိုမခေါ်ခဲ့တော့ ထင်သလို ဖြစ်လာရပြီ

အခုသူတို့ကျ အိမ်ပေါ်မှာ ငြိမ့်လို့..

" ဟယ် လက်ဝါးလေးတွေကလည်း နုလို့တော်ရေ.. "

" ခါးလေးဆို သေးသေးလေး.. "

" ဟာ.. ဟာ "

ခန္ဓာကိုယ် ကို လက်တွေအများကြီး လာထိတော့ ဘယ်လက်ကိုဖယ်ရှားရမှန်း မသိ..

မားရေ.. ကယ်ပါဦး ။

" ဘုန်း.. ဘုန်း ဟေး "

အသံကျယ်ကြီးကြောင့် အားလုံးငြိမ်သက်သွားသည်..

" အဘအောင်မောင်း ဘာလုပ်တာတုံးတော့်.. "

" အေးလေ.. ဟုတ်တယ် ဟုတ်တယ် "

" အောင်မာ.. အောင်မောင်းဝိုင်းလည်း ဝင်သေးတယ် အောင်မောင်းကိုလည်း ဟောင်ဖွာဟောက်ဖွာလုပ်သေးတယ် အကုန်သိမ်းကျုံး ရိုက်ပစ်လိုက်ရ ခွေးပြေးဝက်ပြေး ပြေးနေရမယ် "

" ဝင်ချင်လို့ဝင်တာ မဟုတ်ပါဘူးတော့်.. အခု ဒီကမင်းသားကို တွေ့ချင်လို့ပါနော် "

" ဘာပဲဖြစ်ဖြစ် အခု ညည်းနင်းနေတာ ငါ့မြေနော်.. "

" အဘအောင်မောင်းတို့က တအားမောင်ပိုင်စီးတာပဲ.. "

" မောင်ပိုင်ကို စီးရုံမက မယ်ပိုင်စီးလည်း ငါ့သဘောနဲ့ငါ.. အခုငါ့မြေးသမက်ကို လွှတ်လိုက်စမ်း "

ဟိုက်.. ကျောင်းကဖြင့် ဘယ်နားဘယ်ချိန်ဆောက်ဖြစ်မယ် မသိသေးဘူး တစ်ခါထဲကို ကျောင်းဒါယကာ အဖြစ်သွင်းနေပါ့လား.. ။

ကယ်မယ့်သူရှိလို့ ဝမ်းသာရမလား အောက်မေ့တယ်.. အခုတော့ ဝမ်းသာစရာ ကိုမရှိတော့ဘူး

ရှင်လေးအဖြစ်က ကျားကြောက်လို့ရှင်ကြီးခိုး..ရှင်ကြီး ကျားထက်ဆိုးနဲ့တောင် သွားတူနေတယ်

" ဘယ်က မြေးသမက်တုံး.. "

" လျှာရှည်တာ.. နောက်တော့ သိမပေါ့ အဲ့လူလေးကို အိမ်ပေါ်မှာ နားနားနေနေ နေပါစေဦး လွှတ်ပေးလိုက် "

" အဘအောင်မောင်းကလည်း.. "

" ငါပြောနေတယ်နော် "

" ဟွန့်.. "

အဲ့ချိန်ကျမှ ရှင်လေး လွတ်ရာကျွတ်ရာ ရောက်တော့တယ်.. ကိုယ့်ကိုယ်ကိုလည်း ဘယ်ဘုံရောက်နေပြီမှန်းတောင် မသိတော့ဘူး

ရှင်လေး အိမ်ပေါ်အသာတက်သွားလိုက်သည်..။

အပြင်ကလူတွေတော့ မပြန်သေးဘူး..ခြံထဲမှာနေပြီး လှမ်းကြည့်တုန်း

" လူလေးက တယ်ချောတာကိုး.. "

" အဟွန်း.. "

အဘအောင်မောင်း ဆိုသူက ပြောတော့ ခေါင်းအသာညိမ့်ပြရင်း ခဲရာခဲဆစ် ပြုံးပြလိုက်ရတယ်..

" အေးအေ.. တွေ့ရတာ ဝင်းသာတယ်ကွဲ့ "

တောသူတောင်သား တွေက ဝမ်းကနေ ဝင်းဖြစ်အောင် ပြောတတ်တာတော့ ရှင်လေးအတွက် နားမစိမ်းပါ.. နယ်ပွဲတွေသွားနေရတာမို့ နားယဉ်ပါသည်

" ဟုတ်ကဲ့ "

" ဟဲ့ ထားတင်.. ညည်းသမီး ယဉ်အေးရော "

" ရွာထဲခဏသွားတယ် အဖေ.. "

" ဟိုအနောက်နှစ်ကောင်နဲ့ပဲမလား.. "

" ဟုတ်ကဲ့.. "

" တယ်.. ဧည့်သည်လာမယ်လို့ မပြောထားဘူးလား "

" ဟုတ်ကဲ့.. "

" ညည်းနဲ့တော့အေ.. "

" ရပါတယ် ဦးလေးရယ်.. သျှင်မင်း တို့က ဧည့်သည်တွေမှ မဟုတ်ဘဲ သူပြန်လာရင်လည်း တွေ့မှာပဲကို "

" မမလေး တို့လာမယ် ပြောထားရဲ့နဲ့.. "

ဘုရား.. မမလေး ဆိုပါလား ။

ဒါဖြင့် အဖေ ထားတင် ငယ်ငယ်တုန်းက ခြံစောင့်သွား လုပ်ဖူးတဲ့ အိမ်ကများလား..

ဒါနဲ့ အဖေ ထားတင်တို့ကို ဗျည်းကြောင်းကွဲအောင် မပြောထားပါဘူး.. အမှတ်တွေများ ဝင်ယူနေလိုက်တာ

" မမလေး လို့မခေါ်နေပါနဲ့ ဦးလေးရယ်.. သျှင်မင်းကလည်း မထားတင်နဲ့အသက်တူတူလောက်ပါပဲ ဒီတိုင်း သျှင်မင်းလို့သာ ခေါ်ပါ "

" နှုတ်ကျိုးနေတာ အခက်.. ယဉ်အေး ဒီတစ်ယောက်နဲ့တော့ ဘယ်ဂျိုချောင်ကြား သွားနေလည်း မသိဘူး "

" လာမှာပါ အဖေရယ်.. "

" လာမှာတော့ ငါသိတာပေါ့ ထားတင်ရဲ့.. ဒီမှာ သူ့ခင်ပွန်းလောင်းက သူနဲ့တွေ့ဖို့ ရန်ကုန်ကတောင် ဆင်းလာရတာ သူကအိမ်မှာစောင့်နေသင့်တာ မဟုတ်လား "

အပြင်က အသံတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသလို ရှင်လေးလည်း နေရတာ ကျဉ်းကျုံ့လာရသလိုပါ..

ခင်ပွန်းလောင်းတဲ့.. လုပ်ကြဦးဗျို့ ။

ကျင်းထဲသာ ဝင်အောင်းလိုက်ချင်တယ်.. အဲ့စကားတွေ မပါဘဲ ပြောပါလား အဘရယ်

ကြားလိုက်ရတဲ့ ဒေါ်ထားတင် လည်း မယုံနိုင်

" အဖေ သူက.. "

" အေး.. ညည်းသမက် ဘုန်းထက်ပြည့်ရှင်တဲ့ "

ကဲ.. အရောက်ကို ပို့နေပါ့လား နည်းနည်းပါးပါး ဖုံးဖိပြောဦးပေါ့ အခုတော့ တရားဝင်လူရှေ့ မင်္ဂလာပွဲ ကျင်းပစရာတောင်မလို.. စကားနဲ့တင် လင်မယားအရာက ရောက်နေပြီ

" ညည်းလန့်သွားတယ်မလား.. ညည်းလိုပဲ ယဉ်အေးလန့်မှာပဲ နင်တို့ ငါ့စကားမှမယုံကြဘဲ ယဉ်အေးကလေ အရမ်းအေးတာ ညက ပြောပြတာတောင် စတာဆိုပြီး ရယ်နေလေရဲ့.. ဘာပဲဖြစ်ဖြစ် လူလေး ယဉ်အေးတွေ့ရင် သဘောကျမှာ အသေချာပဲ "

" ....... "

ပြန်တော့မပြောလိုက်ပေမယ့် ပြုံးပြလိုက်ပါသည်..

ရှေ့နေကတော့ အညွှန်းကောင်းနေလိုက်တာ ။

.

" ဟဲ့ ယဉ်အေး.. နင်တို့အိမ် ဘာလို့လူတွေအုံနေတာလဲ "

" ငါလည်း မသိဘူး.. "

" ဝင်ကြည့်မယ် "

ယဉ်အေးတို့ သုံးယောက် အိမ်ဝိုင်းထဲ တိုးဝင်ရသည်.. ။

" ယဉ်အေးကလည်း မလာသေးဘူး.. "

" ယဉ်အေး ဒီမှာ ရောက်နေပြီ.. "

အနောက်က လူတွေ အော်လိုက်တာမို့ ယဉ်အေးလန့်သွားရသည်..

အဘက ဘာများဆူဦးမလို့ပါလိမ့်.. ။

" ယဉ်အေး.. "

" ရှင် အဘ.. လာပြီ "

" ဟဲ့ ဘာဖြစ်တာလဲ "

" သိဘူး.. "

" လာ တက်သွားရအောင်.. "

သုံးယောက်သား တွန့်ဆုတ်ဆုတ်လေး တက်သွားလိုက်သည်..

ရှင်လေး အိမ်ဝဘက်အကြည့်ပို့လိုက်သည်..။

ယဉ်အေးဆိုတဲ့ မိန်းကလေး ကဘယ်သူလဲဆိုတာ သိရအောင်လို့..

ဟင်.. ။

မြင်လိုက်ရတာ သုံးယောက်တောင်.. ဘယ်သူက ယဉ်အေးလဲ

အဘအောင်မောင်းပြောသလို မြင်လိုက်တာနဲ့ သဘောကျလောက်မယ်တဲ့.. ။

ရှင်လေး မြင်လိုက်ရလည်း ဘယ်သူ့ကိုမှ သဘောမကျ..

" ဟယ်.. အဆိုတော် "

" အယ် ဟုတ်ပါ့ "

နောက်နားနှစ်ယောက်က အသံထွက်လာပေမယ့် ရှေ့ကတစ်ယောက်တော့ မျက်လုံးအပြူ းစားနဲ့ အကြောင်သား.. ရပ်လို့

" ယဉ်အေး.. လာလေ ဘာရပ်လုပ်နေတာလဲ "

" ရှင် ဟင် ဟုတ်ကဲ့ အဘ.. "

ဓာတ်ပုံထဲက လူက ငုတ်တုတ် ကြီးအိမ်မှာ တွေ့ရတော့ ယဉ်အေးကြောင်ရပ်နေမိတာ..အဘလှမ်းအော်မှ သတိဝင်သည်

အော် ယဉ်အေးဆိုတာ သူပေါ့.. ။

ခန္ဓာကိုယ် က ခပ်ပါးပါး.. အရပ်က ပုတုတု အသားရောင်က မတောက် မျက်နှာကလည်း ဘယ်နားကအလှကို ရှာရမယ်မသိ

မျက်လုံး အလှ ၊ မျက်ခုံး အလှ ၊ နှုတ်ခမ်း အလှ ဆိုတာရယ် မရှိ ။

ဝတ်ထားတာက ရင်ဖုံးအင်္ကျီနဲ့ထဘီ..

ရှင်လေးတော့ ပုံပန်းသဏ္ဍာန် ကြည့်ပြီး ထပြေးချင်စိတ်တောင် ပေါက်လာရသည်

" သမီးက ယဉ်အေးချမ်း နာမည် နဲ့လိုက်ပါ့.. "

အလို.. မား မျက်လုံးများ ဝါးနေသလား ။

" ဟုတ်ပါ့.. ကြည့်မိလိုက်တာနဲ့ အေးချမ်းသွားတာပဲ "

ဟာ.. ပါး ကပါ ။

ပါး က ဘယ်လိုမျက်လုံးနဲ့ ကြည့်လိုက်ပါလိမ့်.. ရှင်လေးကတော့ ရင်မအေးချမ်းတဲ့အပြင် ပူပါပူလောင်လာရပြီ

ဒီလက်ထပ်ပွဲ မဖြစ်မြောက်ပါစေနဲ့.. လို့သာ ရှင်လေး စိတ်ထဲကနေ ဆုတောင်းမိသည်

" ကိုထက်ရေ.. သျှင်မင်းကတော့ သမီးလေးကို လာတောင်းရမ်းမိတာ အရမ်းကိုမှန်တယ် "

" ဟုတ်တယ် ကိုယ်လည်းအဲ့လိုတွေးမိတယ်.."

" လာတောင်းရမ်းတာ.. "

" ဟုတ်တယ်လေ.. သမီးနဲ့ ဟောဒီ့က အန်တီ့သားနဲ့ လာစေ့စပ်တာ "

ဘုရား.. ။

ယဉ်အေး အလန့်တကြား သူ့မျက်နှာကို လှမ်းကြည့်မိသည်.. သူကတော့ မကျေမချမ်းတဲ့ မျက်နှာကြီး ပေါက်လို့

အော်.. သူရယ် ။

အနောက်က အေးကြည်တို့ နှစ်ယောက်လည်း ပါးစပ်တောင် မစိနိုင်..

ယဉ်အေးတစ်လှည့်ကြည့်လိုက် အဆိုတော် မင်းသားကိုကြည့်လိုက် အဘအောင်မောင်းကို တစ်ချက်ကြည့်လိုက်နှင့်.. ။

လူကြီးတွေ စကားပြောဆိုနေကြတာကို လူငယ်တွေဘာမှဝင်မပြောနိုင်သေး.. ကိုယ်စီကိုယ်စီ ရှော့ခ်ရနေတာမို့

ဘာပြောနေကြမှန်းလည်း ဘာဆိုဘာမှ မသိလိုက်..

.

ယဉ်အေးတို့သားအမိ မီးဖိုချောင်ထဲ ဝင်ကာ ဗျာကာ ချက်ပြုတ်ရသည်.. ။

ဧည့်သည် တွေမို့ ကိုယ်တွေစားသလို ဖြစ်ကတတ်ဆန်း ချက်ကျွေးလို့မှ မဖြစ်တာ..

" မထားတင်ရေ မထားတင်.. "

" ဗျို့.. "

" ဒီမှာ မင်းသားတို့အတွက် ဟင်းတစ်ခွက်လာပို့တာ.. "

" အော် အေးအေး.. "

" ယဉ်အေးရေ.. ယဉ်အေး "

" ရေ့.. "

" ဒီမှာ မင်းသားတို့အတွက် ငါချက်လာပေးတာ.."

" မထားတင်.. "

" ယဉ်အေး "

ဒီလိုနဲ့ ယဉ်အေးတို့ နောက်ဖေးမီးဖိုချောင် ကျဉ်းကျဉ်းလေးမှာ တစ်ယောက်ပြီးတစ်ယောက် ဟင်းခွက်လာပို့ပေးတာမို့ အခန်းထဲ ဟင်းခွက်တွေဘယ်နားချလို့ ချရမှန်းတောင်မသိ.. ။

" ထားတင်.. မပြီးသေးဘူးလားဟဲ့ "

" ပြီးပါပြီ.. စားလို့ရပြီလို့ ထားတင် လာခေါ်တာပါ "

" အေး.. လာ မမလေးနဲ့ကိုလေး လူလေးလည်း လာ ထမင်းသွားစားရအောင် "

" ဟုတ်ကဲ့ "

အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာပဲ ထမင်းဝိုင်းပြင်ဆင်ရသည်.. ။

" ဟဲ့ ပလုတ်တုတ်.. ထားတင် နင့်ဟာ ထမင်းဝိုင်းလား ဟင်းဝိုင်းလား "

အဘ ပြောလည်းပြောချင်စရာပါ.. ။

ဟင်းပွဲက ဘုရင့်ထမင်းဝိုင်းလား အောက်မေ့ရတယ်လေ..

" ဟုတ်သားပဲ ညီမရယ်.. အမတို့အတွက် အဲ့လောက် မလိုပါဘူး "

" ညီမတို့ချက်တာ မပြောစလောက်ပါ.. မင်းသားစားဖို့အတွက်ဆိုပြီး လာပို့ပေးသွားကြတာပါ "

" အော် ဟင်းဟင်း.. "

အခုမှပဲ လူကြီးတွေ ပြုံးကြတော့တယ်.. ။

ရှင်လေးလည်း သဘောကျမိတာတော့ အမှန်..ကိုယ်စားစေချင်လို့ လာပို့ပေးထားတဲ့ ဟင်းဝိုင်းက အများသားကို

" စားကြမယ်လေ.. "

" ဟုတ်ကဲ့ "

ယဉ်အေးကပဲ အားလုံးအတွက် ထမင်းခူးခပ်ပေးလိုက်သည်.. ။

" ဟင် သမီးက မစားဘူးလား.. "

" ယဉ်အေး နောက်မှ သပ်သပ်စားပါ့မယ်..အန်တီ "

" အတူတူ စားလည်း ရရဲ့သားနဲ့.. "

" ရပါတယ်ရှင့်.. ယဉ်အေး နောက်မှ စားပါ့မယ်"

ပြောမရတဲ့အဆုံး ယဉ်အေး သဘောတိုင်း ပဲ လွှတ်ပေးလိုက်တယ်.. ။

ရှင်လေးက ဘာရယ်လို့တော့ ဘာမှဝင်မပြောဖြစ်ပေမယ့် ယဉ်အေးဆိုတဲ့တစ်ယောက်ကို အသာအကဲခတ်နေလိုက်သည်..

" သား ထည့်စားနော်.. "

" ဟုတ်ကဲ့ဗျ "

ယဉ်အေးရဲ့မိခင်က ပြောတော့ ရှင်လေး ခေါင်းညိမ့် လိုက်ရသည်..

ဟင်.. ဟင်းခွက်တွေ အများကြီး ထဲမှာမှ ရှင်လေးကြိုက်တဲ့အရသာ ဆိုရယ်လို့ မရှိ

ပေါ့တဲ့ဟင်းက ပေါ့.. လေးတဲ့ဟင်းက လေးနဲ့ စားရတာ သိပ်အဆင်မပြေ ။

နောက်ကြက်သားဟင်း တစ်ခွက်ကို မြည်းစမ်းစားကြည့်တော့ အကောင်းသားလား.. ကြက်သားကလည်း မပျော့မမာ ဟင်းအနှစ်ကလည်း အစပ်ဟပ်တည့်ကတည့်နဲ့..

ဘေးက ငါးပိထောင်းလေးကလည်း  သံပုရာသီး နည်းနည်း စမ်းထားတော့ အငံဓာတ်လည်း မများ အချဉ်ဓာတ်လေးပါ ပါတော့ အရသာတွေ့လှသည်.. ။

နောက်အရွက်သုပ်လေး စားတော့ မြေပဲဆံထောင်းပြီး ထည့်သုပ်ထားတာမို့ ရှင်လေး အကြိုက်တွေ့ရသည်..

ရှင်လေးက အိမ်ထမင်းဟင်းနဲ့ပဲ ဝေးနေလို့ မှတ်ရနေတာပဲမို့လား.. ဒီဟင်းအရသာကိုက ကောင်းလွန်းနေတာလား မပြောတတ်ပေမယ့် ဒီနေ့စားရတာ ရှင်လေးအတွက် တော်တော် ခံတွင်းမြိန်သည်.. ။

ယဉ်အေး မင်းသားကိုကြည့်နေမိသည်.. သူစားရတာ အဆင်ပြေပါ့မလား လို့ပါ

ဘာလို့ဆို သူခပ်ထည့်စားနေတဲ့ ဟင်းတွေက ယဉ်အေး ချက်ထားတဲ့ဟင်းမို့ သူစားရတာအဆင်မပြေမှာ စိုးရသည်..

ဒါပေမယ့် ယဉ်အေးချက်တဲ့ဟင်းတွေမှာပဲ သူ့ဇွန်းရာ ထပ်နေတော့ သက်မလေးချနိုင်တာပေါ့..။

တော်ပါသေးရဲ့.. သူစားပေလို့

ယဉ်အေး အခုထိအိပ်မက်မက်နေသလိုပါ.. အိပ်မက်ဆိုတောင် ယဉ်အေးတစ်ခါမှ မမက်ဖူးတဲ့အိပ်မက်ပါ

အခုလိုရုပ်ချောဥစ္စာပေါ နိုင်ငံကျော် အဆိုတော် တစ်ယောက်နဲ့ ရေစက်ပါရသည်ဆိုတာ ယဉ်အေးဖြင့် ယုံတောင်မယုံရဲ ။

အခုက ဝတ္ထုလည်းမဟုတ်.. ဇာတ်ကားရိုက်နေတာခည်း မဟုတ်ပါ တကယ်အဟုတ်ကို ဖြစ်ပျက်နေတဲ့အရာပါ..

လူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ကံကောင်းတတ်ကြသည်တဲ့.. ။

ဒါဖြင့် ဒါက ယဉ်အေးအတွက် တစ်ကြိမ်တစ်ခါ ကံကောင်းခြင်း တစ်ခုလား..

သူက ယဉ်အေးအတွက် ကံကောင်းခြင်း ဆုလာဘ်တစ်ခုလား.. ။

လူကြီးတွေ ခရီးပန်းလာလို့ အစောအနားယူသွားကြသည်..

ယဉ်အေးလည်း ရှင်းလင်းရေးလုပ်ပြီး အိပ်ယာထဲ ဝင်လှဲနေလိုက်သည်.. ။

သို့သော် ယဉ်အေး အိပ်မရပါ..

ဘာအကြောင်းရင်းလို့ ခိုင်ခိုင်မာမာ မပြောတတ်ပေမယ့် သူနဲ့တော့ ဆိုင်မည်..

အိပ်မရတဲ့အဆုံး အိမ်ရှေ့ထွက်တော့ ကွပ်ပျစ်မှာ ထိုင်နေတဲ့ မင်းသား.. ။

ယဉ်အေး သူ့နားသွားရမလို မသွားရမလို လုပ်နေပြီးမှ  သွားဖို့သာ ရွေးချယ်လိုက်တယ်.. ဘာကြောင့်မှန်းတော့မသိ

" ဟို အိပ်ရတာ အဆင်မပြေလို့လားရှင့်.. "

အမှောင်ကနေ လှမ်း ပြောနေပေမယ့် ဘယ်သူဆိုတာ ရှင်လေး သိပါတယ်.. ။

" အိပ်မပျော်လို့ "

" ဟုတ်.. ဟုတ်ကဲ့ "

ယဉ်အေး ဘာပြန်ပြောရမယ်မသိ.. လာပြီး စကားပြောဖြစ်မှတော့ ယဉ်အေးပြန်ပဲလှည့်ပြန်ရမလား စကားပဲဆက်ပြောနေရမလား ဝေခွဲမရ ဖြစ်ရပြန်ပြီ ။

" မင်း ငါနဲ့စကားပြောစရာ မရှိဘူးလား.. "

" ဟို.. "

" ငါတော့ ရှိတယ် "

" ဟုတ်ကဲ့.. "

" ကျစ်.. မင်း ဘယ်နားမှာ နေနေတာလဲ ဒီနားလာထိုင် "

သူက ဘယ်ချောင်ကနေ ပြောနေမှန်းမသိ.. ကိုယ့်မှာဘယ်အရပ်ကို မျက်နှာမူပြီး ပြောဆိုရမှာလဲ ဒီတော့ ခေါ်ရပြီ ။

ပြောလိုက်တော့ ငြင်းချက်မရှိ အနားမှာ လာထိုင်သည်..

ဒါပေမယ့် အနီးကပ်တော့မဟုတ်.. နှစ်ပေအကွာလောက်မှာသာ ။

" မင်း ငါတို့ကိစ္စကို သိလား.. "

" ယဉ်အေး ဘယ်လိုဖြေရမလဲ "

" ဟ သိတယ် ဆို သိတယ်.. မသိဘူးဆို မသိဘူးပေါ့ မင်းက ဘယ်လိုဖြေချင်လို့လဲ "

" အဲ့လိုမဟုတ်ပါဘူး.. ယဉ်အေး ဘယ်လိုဖြေရမလဲ မသိလို့ပါ သိတယ်လည်း မဟုတ်ဘူး မသိဘူးဆိုလည်း မဟုတ်လို့ပါ "

" မင်းဟာကလည်း ရှုပ်ယှက်ခတ်နေတာပဲ.."

" အဘက ယဉ်အေးကို သူဋ္ဌေးသားနဲ့ပေးစားဖို့ ရှိကြောင်းပဲ ပြောတာပါ.. ဘယ်သူဘယ်ဝါ လို့လည်း ယဉ်အေးကို မပြောဖူးဘူး မပြောတာထက်

You are reading the story above: TeenFic.Net