Part (29)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (29)

" ကလေးက မိန်းကလေးလား ယောကျာ်းလေးလား မသိသေးဘူးလေ.. "

" အေးလေ.. အဲ့ဒါကြောင့် မိန်းကလေးပစ္စည်းရော ယောကျာ်းလေးပစ္စည်းကော ငါဝယ်လာတာပဲ မဟုတ်ဘူးလား "

" ကိုရှင်လေး "

ကျန်း.. ပြောလိုက်တာက လွယ်လိုက်တာ ။

အကုန်လုံး ဝယ်ချလာတာကိုပဲ ယဉ်အေးက တော်လိုက်တာ ဆိုပြီး ဆုချပေးရမယ့်ပုံ ပေါက်နေပြီ..

ဒါက သုံးတာလို့မခေါ်ဘူး.. ဖြုန်းတာလို့ခေါ်တယ် ကလေးကမိန်းကလေးလား ယောကျာ်းလေးလားသိရအောင် အက်ထရာဆောင်း သွားရိုက်ကြပါလားလို့ မားနဲ့ပါးပြောတော့ ကိုရှင်လေး ဘာပြောခဲ့လဲ ။

မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် ရှင်လေးတို့ကလေးက ကလေးပဲ.. သိနေဖို့မလိုပါဘူး မွေးလာတဲ့ကလေးက ရှင်လေးတို့ကလေးပဲ ရှုပ်ရှုပ်ယှက်ယှက် သွားရိုက်မနေဘူးလို့ ပြောခဲ့တာ မှတ်မိပါသေးတယ်..

အခုလည်း လုပ်ချလာပြန်ပြီ ။

ယောကျာ်းလေးသုံး မိန်းကလေးသုံး အကုန်ဝယ်ချလာတယ်.. ဒီလိုဝယ်ဖို့ဆိုတာက ကလေးမွေးပြီးမှ သွားဝယ်လို့ရော မဖြစ်ဘူးလားတဲ့ ။

ဒါသပ်သပ် ပိုက်ဆံ သွားဖြုန်းတာ..

" ဖြေးဖြေးအော်ပါ ယဉ်အေးရယ်.. မင်းကြောင့် အထဲက ကလေး နားအူသွားပါဦးမယ် "

" ပစ္စည်းတွေ သွားပြန်ပို့ပြီး ပိုက်ဆံတွေ ထုတ်ခဲ့လိုက်ပါ ကိုရှင်လေး.. "

ယဉ်အေး လေသံလေးနဲ့ ချော့ပြောကြည့်မိသည်..။

" ဘာလို့သွားပို့ရမှာလဲ မပို့နိုင်ပါဘူး.. ဒါတွေ အသုံးမလိုဘူးလို့ မင်းကို ဘယ်သူပြောလဲ ပြီးဝယ်ထားပြီးသား ပစ္စည်းကို သွားပြန်လဲရတာ ဘယ်လောက် အောက်တယ်မှတ်လဲ.. သွားပြန်မလဲနိုင်ပါဘူး ဒါတွေ ဝယ်လာလို့ ငါ့မှာ မန်ဘာကတ် ဗွီအိုင်ပီ ဂိုးလ် ကတ်ရထားတာ နည်းလား "

တကယ်လည်း ရှင်လေး ရထားတာပါ.. ။

သူတို့ဆိုင်မှာ ဝယ်ယူမှုများတဲ့ ကတ်စတမ်မာ ရှင်လေးကို မန်ဘာကတ်လေးပေးလိုက်တာ.. မန်ဘာကတ်တောင် ရိုးရိုးကတ်မဟုတ်ဘူး ဗွီအိုင်ပီ ဂိုးလ်ကတ်ဗျ.. ဒါရိုးရိုး ကတ်စတမ်မာအဆင့်လား ။

ဒီလောက် ဝယ်ထားပြီးမှ သွားပြန်လဲရအောင် ဒီကောင်က ငနဲသားလား.. သေတောင် ပြန်သွားမလဲဘူး ။

" ပြန်သွားလဲရမှာ အောက်ရင်လည်း အစကတည်းက အများကြီး မဝယ်ခဲ့နဲ့ပေါ့လို့.. "

ဟုတ်တယ်.. ဝယ်လာတော့လည်း နောက်မဝယ်ရတော့မယ့်လူကျနေတာ အကုန်သိမ်းကျုံး စုဝယ်လာခဲ့ပြီးတော့ ။

သွားပြန်လဲဖို့ကျ အောက်တယ်တဲ့.. တော်တော် ရွှေချထားဖို့ ကောင်းနေပြီ ။

" လိုတာ ဝယ်ခဲ့တာလေ..မလိုတာ ဝယ်ခဲ့တာမှ မဟုတ်တာ "

" ကလေးအတွက် ဝယ်ခဲ့တာဆိုရင်လည်း လိုအပ်သင့်သလောက် ဝယ်လေ..စက်ဘီးက ဘာလုပ်ဖို့ဝယ်လာတာလဲ မွေးပြီးစကလေးစီးဖို့လား "

ဟုတ်တယ်.. ကလေးတသက်စာ ဖူလုံတဲ့ထိ ဝယ်လာတဲ့ ပစ္စည်းတွေက နည်းနည်းနောနော မဟုတ်ဘူး ဒါတောင် ယဉ်အေးမမှတ်မိလို့သာ အစဆုံး မရွတ်ပြတယ်.. ။

" မွေးခင်းစ ကလေးတော့ စီးမလားကွ.. "

" ဒါဆို လည်း ဘာလို့ဝယ်လာသေးလဲ "

" အရွယ်ကမကြီးလာတော့ဘူးလား အသက်ကဒီအတိုင်းရပ်နေမှာလား.. "

" အဲ့အရွယ်ရောက်မှ ဝယ်ပေးလို့ရော မရဘူးလား.. "

" ဘာထူးလဲကွာ.. နောက်လည်းဝယ်ရမယ့်အတူတူ အခုဝယ်လိုက်တော့ မပြီးသွားသေးဘူး "

" ဒါဆို တစ်စီးပဲဝယ်လေ.. "

" အစက တစ်စီးပဲ ဝယ်မလို့ပဲ.. ဒါပေမယ့် မိန်းကလေးလား ယောကျာ်းလေးလား ငါမှမသိသေးတာ အဲ့တော့ မိန်းကလေးစီး ယောကျာ်းလေးစီး ဝယ်လာတာ.. "

တော်တော် ပြောရတာ လက်ပေါက်ကပ်တဲ့ ကိုရှင်လေး ပါလေ.. ။

" အဝတ်စားတွေ ဝယ်လာတာကရော.. ဆိုဒ်တွေ စုံနေပြီ "

" အရောင်လည်း စုံပါတယ် ယဉ်အေးရယ် "

" ဘယ်လောက်သုံးခဲ့လဲ.. "

သိချင်တဲ့အရာပဲ ယဉ်အေး ဖြတ်မေးလိုက်သည်..

" ငါဘယ်သိမလဲ.. ကပ်ထားတဲ့စျေးနှုန်းတွေ လိုက်ကြည့်နေတာမှ မဟုတ်တာ "

" ကိုရှင်လေး.. "

ယဉ်အေး အော်မိတော့သည်.. ။

ဒီကိုရှင်လေးကို ပိုက်ဆံနဲ့ပတ်သက်ပြီး ဘယ်လိုထိန်းပြီး ဘယ်လိုသိမ်းရမယ်ဆိုတာ  ဥပမာ တွေနဲ့ ပြောပြလည်း မမှတ်ထားဘူး..

ဘယ်လိုလေး နည်းပေးရတော့မှန်းကို မသိတော့ဘူး ။

" ဟ.. ဘာလို့အော်နေတာလဲ မွေးလာမယ့်ကလေးတော့ မျက်လုံးတွေပြူ းကျယ်ပြီး နားလေးဖြစ်တော့မှာ ငါတော့ မြင်ယောင်သေးတယ် "

" အဲ့ဒီ့ပါးစပ်ပုတ်ကြီးနဲ့ လျှောက်လျှောက်မပြောစမ်းပါနဲ့.. ယဉ်အေးကလေးကို "

" ဟ ယဉ်အေးအဲ့လိုတော့ တစ်ဖက်သတ်ကြီး အနိုင်ပိုင်းမပြောနဲ့ကွ..ကလေးကို ငါလည်းရှယ်ယာထည့်ထားတယ် "

" ကိုရှင်လေးနော်.. "

ကြည့်.. ကိုရှင်လေးမျက်နှာက ရယ်ချင်နေရဲ့နဲ့ ထိန်းသိမ်းထားတော့ ရုပ်ကပြီတီတီရုပ် ထွက်နေပြီ.. ဒါလည်း ရုပ်မဆိုးသွားဘဲ ကြည့်ကောင်းနေသေးတယ် ။

" နေပါဦး.. အရင်ရက်က ငါ့ကို ပတ်ရှောင်နေပြီး ဒီနေ့ကျမှ ဘာလို့ခရားရေလွှတ်သလို လာပြောနေရတာလဲ "

အခုလို လာပြောအောင်လည်း ရှင်လေး ကြံဖန်မိပေမယ့် လာပြောလို့ ငေါက်လိုက်သေးတယ်.. မသိဘူး ဟန်ကိုယ့်ဖို့ပဲ ။

" ကိုရှင်လေး ပိုက်ဆံတွေ ခရားရေလွှတ်သုံးသလို သုံးနေလို့ လာပြောတာ.. "

သိတယ်လေ.. ရှင်လေးတို့ ပိုက်ဆံ သုံးလာပြီဆို ပါးစပ်က ပေါက်ပေါက်ဖောက်တော့မယ်ဆိုတာ ယဉ်အေး မင်းအကြောင်းနောကျေ နေပြီ သဘောပေါက် ။

" ငါ အများကြီး မသုံးခဲ့ပါဘူး.. သိန်းထောင်ချီ သုံးတတ်တဲ့ကောင် မဟုတ်ဘူး "

" ရာတော့ချီခဲ့တယ် မဟုတ်လား.. "

မငြင်းတော့ပါဘူး.. ဟုတ်နေတာမို့ ။

" ကိုရှင်လေးကလေ အမြဲပဲ ပိုက်ဆံကို ချင့်ချိန်သုံးပါ ပိုက်ဆံကို ကိုရှင်လေးကပဲ ရှာရတယ် ပင်ပန်းတာလည်း ကိုရှင်လေးပဲ ပြောလည်း မရဘူး.. ကိုယ်ရှာတဲ့ပိုက်ဆံကိုယ် မနှမြောတတ်ဘူးလား ကိုရှင်လေးရယ်.. သူများတွေဆို သူများပိုက်ဆံ သာ မနှမြောတယ် ကိုယ့်ပိုက်ဆံ ကိုယ့်ငွေကျ သိပ်သိ တတ်တာ အခုတော့ဖြင့် ကိုရှင်လေးတို့များ တစ်ခြားစီ.. ကိုယ်ရှာထားသမျှကိုလည်း မနှမြော မတွန့်တိုတတ်ဘူး ဟောခနဲ ပက်ခနဲနဲ့သုံးလိုက်တာချည်း.. ကိုရှင်လေး ပိုက်ဆံ သုံးဖြုန်းနိုင်တာ သိပါတယ် ဒါပေမယ့် နည်းနည်းပါးပါးတော့ ချင့်ချိန်သုံးဦးမှပေါ့ အခုလည်းကြည့် ဝယ်ထားသမျှ ပစ္စည်းတွေက အောက်ထပ်မှာ စုပြုံနေပြီ.. ကလေးက ဘာလေးမှန်းလဲ မသိသေးဘူး မွေးဖို့လည်း သုံးလေးလလောက် လိုသေးတယ် အခုလိုမှမလိုသေးတာ..ယဉ်အေး ဘယ်လောက်ပြောပြော ကိုရှင်လေးက "

" မင်း ငါ့ကို စိတ်ဆိုးသွားတာလား.. "

ရှင်လေးကို မရပ်မနား စကားတွေပြောနေတဲ့ ယဉ်အေးကို ထိုင်ကြည့်ရင်း အသည်းတွေ ယားကာ သိချင်တာပဲ ကြားဖြတ်ဝင်မေးလိုက်သည်..။

" ဟင်.. "

ကိုရှင်လေးက သူ့ပေါင်သူပေါ် လက်ထောက်မေးတင်ထားပြီး ယဉ်အေးကို စိုက်ကြည့်ကာ မေးနေတာ.. ယဉ်အေးဖြင့် အဲ့အကြည့်တွေကြား ရူးတော့မှာပဲ ။

" မေးတာ ဖြေလေ.. ငါ့ကို အဲ့ညက စိတ်ဆိုးသွားတာလားလို့ "

" ..... "

ယဉ်အေး မျက်နှာလေးလွှဲလိုက်မိသည်.. ။

" ယဉ်အေး မင်းစ်ိတ်ဆိုးသွားအောင် တမင်ပြောလိုက်တာ မဟုတ်ပါဘူး..မင်းကို စိတ်အနှောင့်ယှက်ဖြစ်သွားစေရင် ငါတောင်းပန်ပါတယ် "

" ယဉ်အေး စိတ်မဆိုးပါဘူး.. "

တီးတိုးလေး ထွက်လာတဲ့ ယဉ်အေးရဲ့အသံ..။

" တကယ်.. တကယ်လား ယဉ်အေး "

ယဉ်အေးက မဖြေတော့ဘဲ ခေါင်းလေးငြိမ့်ပြသည်.. ။

" စိတ်မဆိုးပါဘူးလည်း ပြောသေးတယ်.. ငါ့ကိုလည်း စကားတောင်မပြောနိုင်အောင် ပတ်ရှောင်နေတာ ကရော "

" အဲ့ဒါ အဲ့ဒါက ယဉ်အေး ရှက်လို့ပါ.. "

" ဘယ်လို "

အို.. ။

မျက်နှာကြီးတိုးလာပြီး တအံ့တဩကြီး မေးနေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ အနေရခက်စေပြန်သည်..

" အဟက်ဟက် ဟားဟား.. "

မျက်နှာကြီးနီဖြန်းလာပြီး မျက်လုံးအိမ်တွေတောင် အငြိမ်မနေတော့တဲ့ ယဉ်အေးကိုကြည့်ပြီး ရှင်လေးမှာ မထိန်းနိုင်တော့ဘဲ ရယ်ချမိတော့သည်..

ဇွတ်ကို ရယ်နေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေး စိတ်ဆိုးချင်လာသည်..။

" ဆောရီး.. ငါက မင်းရှက်နေတယ်လို့ မထင်လို့ ဟွန်းဟွန်း "

ကြည့်.. အခုထိ မျက်နှာပိုးရော အရယ်ပိုးရော သေကိုမသေနိုင်သေးဘူး ။

" ယဉ်အေး အောက်ထပ်မှာ သွားကူလုပ်လိုက်အုံးမယ်.. "

စကားတောင်မဆုံးသေးဘူး တန်းထသွားတဲ့ ယဉ်အေးကြောင့် ရှင်လေးလှမ်းဆွဲမတားလိုက်နိုင်..။

သို့သော်..

" ငါအရက်မူးလာပြီး မင်းအပေါ်လွန်ကျူ းခဲ့တုန်းက ငါ့အပေါ်အေးဆေးပဲ ဆက်ဆံနိုင်ခဲ့သေးတာပဲ မဟုတ်ဘူး လား.. "

အို.. ဒီကိုရှင်လေးတော့ ပါးစပ်ဟပြီး ပြောတိုင်း စကားမှတ်နေလား မသိဘူး ။

ယဉ်အေးမှာ ကျောပေးထားတယ် ဆိုပေမယ့် ပေးထားမိတဲ့ကျောတောင် ပူထူလာရသည်.. ကိုရှင်လေးဆီက ရယ်မြူ းမြူ းလေး ကြားရလေ ယဉ်အေး အရှက်ပိုရလေ..

" ယဉ်အေး မရှက်ဘဲ နေမလား.. ဘာတွေပြောနေမှန်းကို မသိဘူး "

" ဟေ့.. ဖြေးဖြေးဆင်း လိမ့်ကျမယ် ငါမလိုက်လာပါဘူး "

ပြောပြီးပြီးချင်း ခပ်သုတ်သုတ်လေး ဆင်းသွားနေတဲ့ ယဉ်အေးကို ရှင်လေးလှမ်းအော်သတိပေးရသေးသည်.. ။

ပြီးမှ တစ်ယောက်ထဲ သဘောတွေကျကာ တဟားဟား ရယ်မိသည်.. ။

ဒီ ယဉ်အေးနဲ့ကတော့လေ..

.

အခုဆို ယဉ်အေးဗိုက်က ခုနစ်လ ရှစ်လထဲဝင်နေပြီမို့ အပေါ်ထပ်မှာ နေလို့မဖြစ်တော့.. အတက်ဆင်း စိတ်မချနိုင် ဖြစ်ရသည်လေ ။

ဒီတော့ အောက်ထပ်က ယဉ်အေးအရင်ကနေခဲ့တဲ့အခန်းထဲကိုပဲ ရှင်လေးတို့ ပြောင်းနေဖို့ စီစဉ်ရသည်..

" ဟင်.. "

အခန်းထဲဝင်မှ ယဉ်အေးခေါင်းရင်းက ထောင်ထားတဲ့  ရှင်လေးပုံကို တွေ့လိုက်ရသည်..

ရှင်လေးလက်ကအလိုလို ပုံကိုယူကြည့်မိသည်..။

တီ တီ..တင်

ဘေးက ညမီးအိမ်တင်တဲ့ စားပွဲပေါ်မှာ တင်ထားတဲ့ ယဉ်အေးဖုန်းပွင့်တော့ မြင်လိုက်ရတဲ့ wallpapar က ရှင်လေးရဲ့ပုံ ။

မန္တလေး ရှိုးပွဲ တုန်းကပုံပဲ..

" ကိုရှင်လေး ဟင်.. "

ယဉ်အေးဖုန်းကိုကြည့်ပြီး ပြုံးနေတဲ့ ကိုရှင်လေး..။

" ပိုင်ရှင်ကို ခွင့်ပြုချက်မတောင်းဘဲ ဒီလိုသုံးပိုင်ခွင့် ရှိရဲ့လား ယဉ်အေး.. "

ဖုန်းကိုယဉ်အေးဘက် လှည့်ပြပြီး ပြောနေတဲ့ကိုရှင်လေး.. ။

" ယဉ်အေးကိုပေး.. "

ဖုန်းပြန်လုပေမယ့် မရလိုက်.. ။

" ဖုန်းကို အကျိုးရှိရှိ အသုံးချတတ်တာပဲ.. ငါက မင်းမသုံးတတ်လောက်ဘူး မှတ်နေတာ "

" ယဉ်အေး ကို ပြန်ပေးပါ.. "

" ဒီပုံကရော ဘယ်ကရ.. "

ခုံပေါ်တင်ထားတဲ့ ပုံကို လက်ညိုးထိုးပြောနေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ မျက်နှာပူနေရသည်.. ။

" လာ ထိုင်.. အေးဆေးပြောမယ် "

ဘေးကုတင်မှာ ယဉ်အေးကိုပါ ထိုင်ချခိုင်းနေတဲ့ ကိုရှင်လေး.. ။

" ပြောလေ.. "

" အဲ့ပုံက အဘဆီက ရတာပါ.. "

" ဟမ် "

" မြေးနဲ့လက်ထပ်ပေးမယ့် သတို့သားတဲ့.. ကိုရှင်လေးတို့မလာခင်ညက ပေးတာ "

" အဲ့ကတည်းက သိမ်းထားတာပေါ့.. "

ယဉ်အေး ခေါင်းငုံ့ထိုင်နေရင်းကနေ ခေါင်းငြိမ့်ပြမိသည်.. ။

" ဒါဆို အဲ့ကတည်းက ငါ့ကို သဘောကျနေတာပေါ့လေ.. "

" ...... "

မငြင်းနိုင်ပြန်.. သဘောကျခဲ့တာတော့ အမှန်ပါလေ ပြီးမှ ချစ်မိခဲ့တာ ဘယ်ချိန်ကတည်းကမှန်းတောင် မသိပါဘူး ။

" အဟွန်း.. မင်းက ငါ့ကို အရင်သဘောကျခဲ့တာပဲ "

" ယဉ်အေး မငြင်းပါဘူး.. ကိုရှင်လေး တခြားမိန်းကလေးကို စိတ်ယိုင်တယ်ကြားတော့ ယဉ်အေးမှာ ထိတ်လန့်သွားရတာ "

အဲ့တုန်းက ချစ်ရသူကို လက်လွှတ်ရဖို့ကို ယဉ်အေး မလုပ်နိုင်ခဲ့လို့ မျက်ရည်ကျခဲ့ရသေးတယ်..တော်တော်ကြာမှ ချစ်နေလည်း လက်လွှတ်ဖို့စေလာရင်လည်း လွှတ်လိုက်ဖို့ စိတ်ကို အတင်းဆွဲထားခဲ့မိတာ.. ။

" ငါ တောင်းပန်ပါတယ် ယဉ်အေး.. "

" ရပါပြီ.. ယဉ်အေးကို မတောင်းပန်ပါနဲ့ ပြီးခဲ့တာတွေ ပြန်ပြီးသူ့အပြစ်ငါ့အပြစ်နဲ့ ရိုးမယ်ဖွဲ့လို့မပြီးနိုင်ရင် ယဉ်အေးတို့အိမ်ထောင်ရေး ယိုင်လဲလာလိမ့်မယ်.. ယဉ်အေးအဲ့လိုမဖြစ်ချင်ဘူး "

" ကျေးဇူးပါ ယဉ်အေး.. ငါလည်း ဒီအိမ်ထောင်ရေးကို မပြိုလဲစေချင်ပါဘူး "

ကိုရှင်လေးက ယဉ်အေးကိုဖက်ပြီး ရင်ခွင်ထဲမှာ ထည့်ထားတော့လည်း ယဉ်အေးအလိုက်သင့်လေး နေလိုက်မိသည်.. ။

" ဒါနဲ့ ကိုရှင်လေးရော.. ယဉ်အေးကို ဘယ်အချိန်က စ သဘောကျပြီး ချစ်ခဲ့တာလဲ "

ရင်ခွင်ထဲမှာ နေပြီး ပြန်မေးနေမိသည်..။

" သဘောကျတယ်ဆိုတာထက် မင်းစိတ်ကိုအရင် သဘောကျခဲ့တယ်ထင်တယ်.. မင်းရဲ့အေးဆေးပြီး လုပ်သွားတဲ့အရာတွေကို ငါလေးစားအားကျတယ် အဲ့ကစသဘောကျလာပြီး ချစ်လာတာ နေမယ်.. ဘယ်အချိန်ချစ်လဲမေးရင် အတိကျ ငါမပြောတတ်ဘူး "

" အဟွန်း.. "

" မင်းအေးဆေးလွန်းတာက အသက် ရွယ်နဲ့မလိုက်.. ဟင် ဒါနဲ့ မင်းအသက်က ဘယ်လောက် "

" နှစ်ဆယ့်ခွန်.."

" ဟင် ဘယ်လို.. မင်း ငါ့ထက်ကြီးတာ မဟုတ်ဘူးလား ငါတောင် နှစ်ဆယ့်ကိုး သုံးဆယ်ပြည့်တော့မယ် "

" ယဉ်အေးက နှစ်ဆယ့်ခွန် ပဲရှိသေးတယ်.."

" ဒါဖြင့် မင်းကငါ့ထက်ငယ်တာပေါ့.. မထင်ရဘူးနော် ငါ့ထက်တောင် တည်ငြိမ်ပြီး ရင့်ကျက်တယ် "

" အဟင်း.. "

ယဉ်အေး ကိုရှင်လေးရဲ့ ရင်ခွင်ထဲမှာ နေပြီး ပြုံးရယ်မိသည်.. ။

သူများတွေက လင်မယားချင်း အရာရာရင်းနှီးသိကျွမ်းပြီးမှ ကလေးယူကြတယ်..

ယဉ်အေးတို့က ကလေးယူပြီးမှ ရင်းနှီးမှုယူနေကြတာ.. အခုမှ အရာရာ အသစ်ကပြန်စနေရတယ် ။

ပြောင်းပြန်ကြီး ဖြစ်နေပေမယ့်လည်း ယဉ်အေးတို့ အဆင်ပြေပြီးပျော်ရွှင်နေရပါတယ်လေ..။

.

" လာ.. အထဲဝင် "

ယဉ်အေး ဧည့်ခန်းမှာထိုင်ရင်း အသံကြားလို့ လှမ်းကြည့်မိတော့ ကိုရှင်လေးနဲ့ ကောင်မလေး တစ်ယောက်.. ။

" ယဉ်အေး မင်းကဒီရောက်နေတာလား.. "

" အင်.. "

" လာ ထိုင်.. "

ကိုရှင်လေးက နောက်ကကောင်မလေးတစ်ယောက်ကို နေရာပေးပြီး ယဉ်အေးဘေးနားဝင်ထိုင်သည်.. ။

" ယဉ်အေး သူက ပြုံးပြုံးတို့ရွာကပဲ နာမည်က ရီရွှေတဲ့.. "

ယဉ်အေး ရီရွှေဆိုတဲ့ ကောင်မလေးကို ငဲ့စောင်းကြည့်တော့ ကောင်မလေးက ခေါင်းလေးအသာငြိမ်ပြပြီး ပြုံးပြသည်.. ။

" ငါတို့အိမ်မှာ အလုပ်ကူခိုင်းရအောင် မားခေါ်ပေးထားတာ.. ငါလည်း ငြင်းမနေဘူး မင်းက အရင်လိုမဟုတ်ဘူး ငါ့အတွက် ဝေယျာဝေစ္စ ကို မင်းချည်းဒိုင်ခံလုပ်မနေနဲ့ ဗိုက်ကလည်းမွေးခါနီးဖွားခါနီးပြီ.. ငါလည်း အလုပ်သာသွားနေရတယ် မင်းများတစ်ခုခု ဖြစ်နေမလားဆိုပြီး တွေးတွေးပူရတာ အမော..အလုပ်ကို စိတ်နှစ်ပြီးမလုပ်ရဘူး အခုတော့ မင်းအနားအစောင့် ထားပေးရတော့ သိပ်မပူပန်ရတော့ဘူးပေါ့ "

ရှင်လေး ယဉ်အေးကို အကျယ်တဝင့်ပြောနေလိုက်သည်.. ။

တော်ကြာ မားနဲ့ရှင်လေးကတော့ ပိုက်ဆံ တွေ ဖြုန်းပြန်ပြီ ဘာညာနဲ့ပွစိပွစိရွတ်နေအုံးမှာ စိုးလို့ ကြိုတင် စရံသတ်ကာ ရှေ့ကနေပြောနေလိုက်သည်.. မဟုတ်ရင် တော်တော်ကြာ ပြောဆိုနေဦးမယ် ။

" မားက ဘယ်ချိန်ကတည်းက ခေါ်လိုက်တာလဲ.. ယဉ်အေးတို့ကိုတောင် တီးမခေါက်ဘူး "

" မင်းအတွက် လုပ်ပေးတာပဲကို.. "

" ယဉ်အေး သိပါတယ်.. ဘာမှမပြောပါဘူး ဒီအတိုင်း ပြောပြတာ မဟုတ်ဘူးလို့ ပြောတာပါ ဒီကရီရွှေ ဟုတ်လား "

" ဟုတ် မမလေး.. "

" ဒီမှာ အတတ်နိုင်ဆုံး ဖင်တော့ပေါ့ပေးပါနော်.. သိတဲ့တိုင်း ယဉ်အေးက တော်တန်ရုံ လွယ်လွယ်နဲ့ လှုပ်ရှားနိုင်တာ မဟုတ်ဘူး လေ "

" ဟုတ် မမလေး.. မေကြီးကလည်း ရီရွှေကို ပြောထားပါတယ် "

" အင်.. သူ့ကို ဘယ်မှာထားဖို့ စီစဉ်ထားလဲ "

" မီးဖိုဘက်က ထောင့်အခန်းတစ်ခန်းရှိပါသေးတယ်.. အဲ့ဘက်မှာ ထားလိုက်မယ်လေ "

" အင် ကိုရှင်လေး သဘောပါ.. "

ယဉ်အေးလည်း ပိုက်ဆံကုန်တယ် ဘာညာနဲ့မပြောနေချင်တော့ပါ.. ယဉ်အေးကလည်း ဗိုက်နဲ့ဆိုတော့ အရင်ကလောက် မလှုပ်ရှားနိုင် သွက်လည်းမသွက်လက်တော့ ။

ပြီး ကိုရှင်လေးကလည်း ယဉ်အေးဆို ဘာမှ မလုပ်ခိုင်း.. သူချည်းပဲ လုပ်ပေးနေတာ

ကိုရှင်လေးက အလုပ်လည်းပင်ပန်းတယ် အိမ်မှာလည်း မနားရဘူးဆိုတော့ ကိုရှင်လေးတော်တော် ပင်ပန်းနေလောက်ပြီလေ.. ဒါကြောင့် ယဉ်အေး လက်ခံလိုက်တာပါ ။

" အော် ရီရွှေ.. အခန်းက မင်းဘာသာ ရှင်းမှဖြစ်မယ် ထင်တယ် ငါတို့လည်း မရှင်းပေးထားရသေးဘူး.. "

" ဟုတ်ကဲ့.. ရီရွှေ လုပ်လိုက်ပါ့မယ် "

" အင်.. မင်းအခန်းက ဒီလျှောက်လမ်း ထိပ်ဆုံးအခန်းပဲ "

" ဟုတ်ကဲ့ "

" မင်းပစ္စည်းတွေ နေရာသွားချထားလိုက်..မင်းကျောတစ်ခင်းအတွက် ရှင်းလင်းရေးလည်းလုပ်လိုက်အုံး.. "

" ဟုတ်ကဲ့ရှင့်.. "

" အေ အေ.. သွား သွား "

ကောင်မလေးကို ရှင်လေး သွားခိုင်းလိုက်သည်..။

" ယဉ်အေး ဒီနေ့ဘယ်လိုနေလဲ.. နေသာရဲ့လား "

" အင်.. ယဉ်အေး နေသာပါတယ် "

" အထဲက တစ်ယောက်ရော ဘယ်လိုနေလဲ.. အမေ့ကို အချက်ပြသေးလား "

ကိုရှင်လေးက ယဉ်အေးဗိုက်ကိုကိုင်ကာ မျက်နှာကြီးဗိုက်နား ကပ်ပြီး ပြောတော့ လှုပ်လာတဲ့ အထဲက ကလေး.. ။

" ဟယ်... ဟားဟား ဟက်ဟက် "

ဗိုက်လှုပ်လာတော့ နှစ်ယောက်လုံး သဘောတွေကျကာ ရယ်မိသည်..

" အဖေ့အသံကို မင်းကြားလို့ ပြန်နှုတ်ဆက်တာလားကွ.. "

" ဟုတ်မယ်.. ကလေးက ကိုရှင်လေး အိမ်ပြန်ရောက် လို့ကြိုဆိုတာနေမယ် "

" ဟုတ်လား.. ဟားဟား "

ဧည့်ခန်းမှာ ယဉ်အေးဗိုက်ကို ကိုင်ကာ စကားတွေပြောကာ မမြင်ရသေးတဲ့ကလေးကို ချော့မြူ ပြီး သဘောတွေကျကာ ယဉ်အေးတို့လင်မယား ရယ်မိသည်.. ။

ကလေးကလည်း ဆက်တိုက်ကို သူရှိနေကြောင်း အသိပေးပေးနေတာ.. ။

သိပါ့ရှင် သိပါ့.. သားလေး အမေ့ဗိုက်ထဲမှာ ရှိနေမှန်း ။

ဟက်ဟက်..

ဟွန်းဟွန်း..

ခ်ခ်.. ။

ရယ်သံတွေ ပျံ့လွင့်နေပါပြီ..

.

နောက်နှစ်လကြာတော့...

" အား.. ကျွတ် ကျွတ် ကိုရှင်လေးရေ အား ကိုရှင်လေး "

" ဟင် ဟွန် "

ရှင်လေး အိပ်ပျော်နေရာကနေ ယဉ်အေးအသံကြောင့် အိပ်ယာကနေ ကုန်းရုန်းထရသည်..။

" အား.. နာတယ် "

" ဟင် မွေးချင်နေလို့လား.. ဘာဖြစ်လို့လဲ "

" နာတယ် နာတယ်.. "

" ယဉ်အေး "

" ယဉ်အေး မွေးချင်နေပြီနဲ့တူတယ်.. ဆေးရုံသွားရအောင် မြန်မြန် "

" အော် အေအေး.. ခဏ ခဏ "

ရှင်လေး ကုတင်ပေါ်ကနေ ပြေးဆင်းပြီး ကားထုတ်ဖို့ ပြေးရသည်..

" ဟာ နေစမ်းပါဦး.. "

ရှင်လေး မီးတွေပြေးဖွင့်ပြီး ရီရွှေအခန်းတံခါး သွားခေါက်ရသည်..

" ဒေါက် ဒေါက် ရီရွှေ.. ဒေါက် ဒေါက် "

" ရှင်..ကိုကိုလေး "

" နောက်မှ ကိုကိုလေးနေ.. နင့်မမလေး မွေးချင်ပြီနဲ့တူတယ် လိုအပ်တာတွေ အကုန်ထည့်ထားအုံး "

" ဟုတ် ဟုတ် ကိုလေး.. "

ရှင်လေး ရီရွှေကိုပြောပြီး ကားပြေးထုတ်ရသည်..ပြီး ယဉ်အေးကို ပြေးခေါ်ရသည်

" ရီရွှေ ကားထဲပစ္စည်းတွေ သွားထည့်လိုက်.. "

" ဟုတ် ကိုကိုလေး.. "

" အား.. ကျွတ် "

ရီရွှေကလည်း လုပ်တာ မြန်ဆန်လွန်းလို့ တော်သေးတယ်.. မဟုတ်ရင် အချိန်တွေက ပိုကြန့်ကြာနေဦးမည် ။

" ယဉ်အေး.. လာ "

ယဉ်အေးကို ရှင်လေးကပဲ ပွေ့ချီခေါ်ရသည်..။

" ရီရွှေ ကားတံခါး.. "

ရီရွှေက ကားတံခါးလေး ဖွင့်ပေးတော့ နောက်ခန်းမှာ သေချာထည့်ပြီး ခါးပတ်သိုင်းပေးထားရသည်.. ။

" ရီရွှေ နင့်အမကို သေချာထိန်းထားနော်.. "

" ဟုတ် ကိုကိုလေး.. "

ရီရွှေကို ယဉ်အေးနဲ့အတူ ထိုင်စေပြီး ရှင်လေးကားကို အမြန်မောင်းနေရသည်.. ။

" ဟာကွာ.. တောက် တီတီ "

ကားလမ်းတွေကလည်း ရှုပ်ဆိုပဲ.. ဒီကအလျင်လိုနေပြီ သူတို့က ရှေ့ကနေ ကာဆီးကာဆီး နဲ့.. ။

" အား အမလေး လုပ်ပါဦး.. ကျွတ် နာလိုက်တာ "

" ယဉ်အေး ခဏ ခဏပဲ.. ခဏပဲ သည်းခံဦး "

ကားမှန်ကနေ ယဉ်အေးကို လှမ်းကြည့်တော့ နှုတ်ခမ်းကို ဖိကိုက်ကာ မျက်လုံးတွေ စုံမှိတ်ထားလျက်.. နဖူးမှာလည်း ချွေးတဒီးဒီးကျနေလို့ ။

ယဉ်အေးပုံစံကြည့်ပြီး ဒီကကောင်ပါ နေရခက်လာရသည်.. ကားပဲဆက်မောင်းရမလိုလို ယဉ်အေးဘေးနားမှာပဲ ထိုင်ရမလိုလို ရှေ့သွားရမလို နောက်ဆုတ်ရမလိုနဲ့ တစ်ယောက်ထဲ ဗျာများနေရပြန်သည်..

ကားမောင်းနေတဲ့ကောင်တွေကလည်း တစ်နာရီ လိပ်မိုင်နှုန်းနဲ့ မောင်းနေလား မသိဘူး.. ။

" မသိဘူးကွာ.. ရီရွှေ နင့်အမကို ထိန်းထား "

ရှင်လေး ပြောပြီးတာနဲ့ ကားကိုမိုင်ကုန်တင်မောင်းလိုက်သည်.. ။

တစ်ကားရှောင် တစ်ကားကျော်တက်ပဲ.. အရှိန်လည်းမြင့်ထားသလို ဘရိတ်ကိုလည်းဖိနင်းထားရသေးတယ်

အရင်က ရှင်လေးတို့ ကားကိုမြန်မြန်မောင်းတတ်တော့ သိပ်ကိစ္စမရှိ.. ကားမြန်မြန်မောင်းလို့ပဲ မားနဲ့ပါးက ကားမမောင်းရဘူးဆိုတဲ့ အမိန့်က. ကျလာတာလေ.. ။

အခုတော့ အလျင်လိုနေလို့ပါ မားနဲ့ပါး..

ကြၽီ.. ။

နောက်ဆုံးတော့ ရောက်ခဲ့ပြီ.. ဆေးရုံကို

" လာ.. ယဉ်အေး "

ကားလည်းရပ်ပြီးတာနဲ့ ယဉ်အေးကိုယ်ကို ပွေ့ပြီး အပ်ထားတဲ့ အိုဂျီဆရာမနား ပြေးရသည်.. ။

" ဆရာမ ဆရာမ.. "

" ဟဲ့ ဘယ်လို "

" ကျွန်တော့်မိန်းမ မွေးချင်နေပြီထင်တယ်.. "

" ဟယ် လာ လာ.. "

ယဉ်အေးကို လှည်းပေါ်တင်ပြီး မွေးခန်းဆီသွားရသည်.. ။

" ဒီနားကစ မလိုက်ရတော့ပါဘူးရှင့်.. ဒီမှာတင် နေခဲ့ပါရှင့် "

ဒီတော့မှ အပေါ်ကိုမော့ကြည့်တော့ အော်ပရေးရးရှင်း ခန်းတဲ့.. ။

မကြည့်မိပါဘူး.. သတိမထားမိပါဘူး

တွန်းလှည်းကုတင်မှာ ညီးတွားနေတဲ့ ယဉ်အေးရဲ့မျက်နှာလေးကိုပဲ ငေးမောကြည့်နေမိတာနဲ့ ကျန်တာ ဘာမှမတွေးမိတော့တာ.. ။

ယဉ်အေးကို စိုးရိမ်နေတာပဲ သိသည်.. ဒါကြောင့် အခန်းထဲထိ ယောင်ပြီးလိုက်ဝင်မိတော့မလို့ပါ

အရင်က ဇာတ်ကားတွေကြည့်ရင် မင်းသမီးဖြစ်ဖြစ် မင်းသားဖြစ်ဖြစ် နှစ်ယောက်ထဲက တစ်ယောက်က တစ်ခုခုဖြစ်လို့ ဆေးရုံပို့တဲ့အခါ ခွဲခန်းနယ်မြေထိ လိုက်သွားမိလို့ nurse ဆရာမလေးက တားမှ ရပ်လိုက်ကြတဲ့ အဖြစ် ကို ရှင်လေးအပိုတွေပါလို့ ထင်မိသည်..

မဝင်ရဘူးဆိုတာ သိရဲ့သားနဲ့ သပ်သပ်မဲ့ လိုက်ဝင်သွားတယ်.. အိုဗာတွေပါလို့ ရှင်လေးသတ်မှတ်ခဲ့မိသည် ။

အခုတော့ ရှင်လေးကိုယ်တိုင်ပဲ အဲ့လိုဖြစ်နေခဲ့ပြီ.. ယဉ်အေးကိုပဲ ငေးကြည့်နေတာမို့ ဘာမှသတိမထားမိလိုက်တာပါ ။

" ကိုကိုလေး.. မေကြီးတို့ကို အကြောင်းမကြားတော့ဘူးလား "

" အော် အေး "

အခန်းရှေ့မှာ ယောင်လည်လည်နဲ့ပတ်ချာရိုက်နေတုန်း ရီရွှေ လာပြောမှ သတိဝင်ရတော့တဲ့ ရှင်လေးအဖြစ် ။

" တောက် ကောင်းကွာ.. "

ဖြစ်ချင်တော့ ရှင်လေးဖုန်းမယူလာဖြစ်.. ။

" ရီရွှေ နင်ဖုန်းပါလား.. "

" ရီရွှေ မယူလာမိဘူး ကိုကိုလေး.. "

" အေး ကောင်းကွာ "

ဆေးရုံကဖုန်းနဲ့ပဲ လှမ်းဆက်မယ်ဆိုပြန်တော့လည်း ရုတ်တရက်ကြီး ပါးနဲ့မားဖုန်းနံပါတ်ကို အစပင်ဖော်မရတော့.. ။

ဝေလင်းကို လှမ်းပြောခိုင်းမယ်ပေါ့.. ဝေလင်းဖုန်းနံပါတ် ကို အစဖော်ရပြီး နောက်ကဂဏန်းကျ ဝေးတေးတေး ဝါးတားတားလေးသာ မှတ်ရတော့သည်..

ကျစ်.. စိတ်ကဗျာများပြီး ဘာမှကောင်းကောင်းမှတ်မရတော့ဘူး ။

" ရီရွှေ.. "

ခွဲခန်းရှေ့မှာ ထားခဲ့တဲ့ ရီရွှေဆီ ပြန်လှည့်သွားရသေးသည်..

" ရှင် ကိုကိုလေး "

" ပြုံးပြုံးဖုန်းနံပါတ် သိလား "

" ဟုတ်ကဲ့.. "

" အေ အာ့ဆို ဆေးရုံကဖုန်းနဲ့ပဲ သူ့ဆီဖုန်းဆက်ပြီး ပါးနဲ့မားကို အကြောင်းကြားလိုက်..သွား ငါဒီမှာစောင့်နေမယ် "

" ဟုတ် ကိုကိုလေး.. "

ရီရွှေကတော့ ပြေးသွားပြီ.. ရှင်လေးကတော့ ခွဲခန်းရှေ့ မှာ စောင့်နေလိုက်သည် ။

.

ထိုင်ပါသည်.. ။

ထပါသည်.. ။

ပြန်ထိုင်ပြန်၏.. ။

မရပါ.. ထပြီး လမ်းလျှောက်ရပြန်သည် ။

ဘယ်လိုမှ ရှင်လေးတို့စိတ်တည်ငြိမ်လို့ မရပါ..

" ရှင်လေး.. "

" ပါး မား "

အလောသုံးဆယ် ရောက်ချလာတဲ့ ရှင်လေးရဲ့ပါးနဲ့မား ။

" သမီးရော ဘယ်လိုနေလဲ.. "

" မသိသေးဘူး အခုထိ ခွဲခန်းထဲမှာပဲ ရှိသေးတယ်.. ယဉ်အေး အဆင်ပြေမှာပါနော် "

" ပြေမှာပါကွယ်.. "

ရှင်လေး ပြေဖို့သာ ရင်ထဲကနေ တသသ ဆုတောင်းနေမိသည်.. ။

" ရှင်လေး မင်းဒီအတိုင်းကြီး ပြေးချလာတာလား.. "

" ဟင် ဘာဖြစ်လို့လဲ ပါး "

" မင်းကိုယ်မင်းလည်း ပြန်ငုံံ့ကြည့်ဦးလေ.."

ပါးပြောမှ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်မိတော့ ညအိပ်ဝမ်းဆက် ကြီး ဝတ်ချလာမိပါရော ။

ပြီး ဖိနပ်ကလည်း အိမ်တွင်းစီးဖိနပ်.. ။

ကောင်းကွာ.. ။

" ဟားဟား.. ဟင်းဟင်း "

ပါးတို့မားတို့ကလည်း ရှင်လေးကိုကြည့်ပြီး ရယ်နေကြသည် ။

" ပါးတို့ကလည်းဗျာ.. "

" ဟုတ်ပါပြီ.. အင်္ဂုလိမာလသုတ် ရွတ်နေ မင်းမိန်းမ မွေးရလွယ်အောင် "

" ပါး.. ရှင်လေး မရဘူး "

" ဟာ ကောင်းကွာ.. "

" ပါးပဲ ရွတ်ပေးပါ.. "

" အေ အေးပါကွာ.. "

ရှင်လေးကတော့ ဗျာ များပြန်ရတုန်း.. ။

နောက်တစ်နာရီလောက် ကြာတော့.. ခွဲစိတ်ဝတ်စုံတွေနဲ့ ထွက်လာကြသည်

" မယဉ်အေးချမ်းရဲ့ လူနာရှင်.. "

" ဆရာမ ကျွန်တော်ပါဗျ "

ရှင်လေးတို့ တန်းပြီး ပြေးသွားကပ်ရသည်..။

" ကလေးမွေးပြီးပါပြီရှင့်.. ကလေးတွေရော မိခင်ပါ ကျန်းမာပါတယ် "

" ခင်ဗျာ.. ကလေးတွေ "

" ဟုတ်ကဲ့..  အမြွာပူး သားယောကျာ်းလေးပါ "

" ဗျာ.. "

🌸pann

............................................................

pann စာပြန်မစစ်မိလို့ အမှားပါရင် နားလည်မှုနဲ့ ပြင်ဖတ်ပေးကြပါနော် ။

အရေးသားမကောင်းတာကို မျက်စိနောက်အောင် တင်မိတဲ့အတွက် အားနာရပါတယ်..

အားနာရပေမယ့် pann ရဲ့ဉာဉ်ဆိုးကြောင့် အခုထိ မျက်စိဆက်နောက်အောင်

You are reading the story above: TeenFic.Net