Part (26)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (26)

" ယဉ်အေး ယဉ်အေး.. "

" ဟွန် "

" ထတော့ ထတော့.. ရွာထဲဝင်ပြီ "

" ဟင် ရောက်ပြီလား "

အခုမှ လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့ ယဉ်အေး..။

" အင်.. ရောက်ပြီ "

ယဉ်အေး ကားပြတင်းကနေ မြင်နေရတဲ့ မြင်ကွင်းတစ်ခုကြောင့် ရွာကိုရောက်ပြီဆိုတာ သိရသည်..

ရွာရဲ့ဆိုင်းပုတ်လေး တွေ့တော့ နှလုံးသား ထဲနွေးသွားပြီး သိမ့်ခနဲလေးခံစားရသည်.. ။

" ကိုလေး ဘယ်နားမှာ ရပ်မလဲ.. "

" ရှေ့က မြင်နေရတဲ့ ဆိုင်သေးလေးတွေ့လား..အိမ်ရှေ့ထုတ်ထားတဲ့ အိမ် အဲ့ရှေ့မှာရပ်လိုက် "

" ဟုတ်ကဲ့ "

ရွာထဲကို ကားဝင်လာကတည်းက ဟိုလူထွက်ကြည့် ဒီလူထွက်ကြည့် ဟိုလူငေးကြည့်ဒီလူငေးကြည့်နဲ့..။

ကားကိုလည်း အရှိန်လေးလျှော့ကာ ဖြေးဖြေးမောင်းဝင်လာတာ.. မဟုတ်ရင် ဖုန်ထနေမည်စိုးလို့

" ကျွီ.. "

ဝေလင်းက ပိုင်ပိုင်နိုင်နိုင်နဲ့ကို ယဉ်အေးတို့အမေ အိမ်ရှေ့မှာ အသာလေးထိုးရပ်လိုက်သည်.. ။

ရှင်လေးတို့ကားရပ်သည်နှင့် စျေးဆိုင်မှာထိုင်နေတဲ့ ယောက္ခမကြီးက ပြူ းတူးတူးလေးနဲ့ လှမ်းကြည့်နေတာ.. ဖြစ်မှာပေါ့ ရှင်လေးတို့ကမှ အကြောင်းမကြားထားတာ ဒီကိုလာမယ်မှန်း

" လာ.. "

ရှင်လေး ယဉ်အေးကို လက်ကမ်းပေးတော့ ယဉ်အေး ရှင်လေးလက်ကို ကိုင်ပြီးအားပြုကာ ကားထဲကနေ ဖြေးဖြေးချင်းလေးဆင်းလာသည်..

" ဟယ်.. သမီးတို့ "

အခုမှ ရှင်လေးတို့ကို သေချာတွေ့သွားပုံရကာ အနားကို အပြေးလေးရောက်လာသည်..

" အမေ နေကောင်းရဲ့လား.. "

" ကောင်းပါ့ ကောင်းပါ့.. လာ လာ အိမ်ထဲကို သားလည်းလာ "

" ဟုတ်ကဲ့ "

ရှင်လေးကိုပါ မမေ့ဘဲ ဧည့်ခံတဲ့ယောက္ခမကြီး..။

ရှင်လေး ယဉ်အေးလက်ကို တစ်ဖက်ကထိန်းတွဲပေးသလို ယောက္ခမကြီးကလည်း တစ်ဖက်ကနေ ထိန်းကူပေးသည်လေ..

" သမီး ဖြေးဖြေးထိုင်နော်.. "

" ဟုတ်ကဲ့ပါ "

အပြုံးတွေဝေနေတဲ့ ဒေါ်ဗိုက်ကို ရှင်လေးကပဲ အားပြုထိန်းပေးကာ အဆင်ချောချော ထိုင်ဖို့ လုပ်ပေးရသည်..

ပြီးမှ ယဉ်အေးဘေးမှာ ရှင်လေး ဝင်ထိုင်လိုက်သည်.. ။

ယုယုနဲ့ဝေလင်းကလည်း အနားမှာ ခပ်ကုတ်ကုတ်လေး ဝင်ထိုင်သည်..

" အဖေရေ.. အဖေ့ အဖေ.. "

" ဟေ.. "

လေသံပေးတာလိုလိုနဲ့ လေးတိလေးကန်လေး ဖြေလာတဲ့အဘ.. ။

" ထပါဦး အဖေရဲ့.. ဒီမှာ အဖေ့မြေး ယဉ်အေး ရောက်နေတယ် "

" ရေ အဟုတ်လား "

" ဟုတ်တယ် အဘ..ယဉ်အေး "

ယဉ်အေးက ပြုံးပြီး အဘကို အသံလှမ်းပေးလိုက်သည်.. ။

" ဟေ အေ.. လာပြီ လာပြီ "

ဟော.. အိမ်ပေါ်ကနေ ဆင်းလာပါပြီ ပုဆိုးကိုခပ်တုတ်တုတ်လေး ပြန်ပြင်ဝတ်ရင်းနဲ့ ။

" ဟ တကယ်ပဲကိုး.. "

မျက်နှာကို လည်ပင်းမှာပတ်ထားတဲ့ တဘက်ကြမ်းနဲ့ ခပ်ကြမ်းကြမ်းလေးအမြန်သုတ်ပြီး အနားကိုလာထိုင်သည်..

" ဟုတ်တယ် အဖေရေ့.. ထားတင်ဖြင့် ဘယ်သူများပါလိမ့် ဆိုပြီးကြည့်နေတာ "

" အဘ အခုမှ အိပ်ယာထလာတာလား.. "

" ဟေ အေး.. ဟုတ်တယ် "

ယဉ်အေးက မေးတော့ ခေါင်းညိမ့်ဖြေသည်..

" လူလေးလည်း ပါသကိုး.. "

" ဟုတ် အဘ "

ဇနီးရဲ့အဘဆိုတော့လည်း ရှင်လေးအဘပဲပေါ့..။

" ပင်ပန်းနေပြီလား.. လာမယ်ဆိုလည်း အကြောင်းလေးဘာလေး ကြားတာမဟုတ်ဘူး "

" အဘတို့ ဝမ်းသာရအောင်လို့တဲ့ ယဉ်အေးက.."

" ဟော အေ.. လာတာတော့ ဝမ်းသာပါတယ် ကွယ် ဒီကဘာမှပြင်ဆင်ပေးထားရတာ မဟုတ်ဘူး ဟဲ့ ထားတင် ဒီမှာဧည့်သည်တွေစားဖို့ တစ်ခုခုလုပ်လေ.. "

" ထားတင် သွားလုပ်လိုက်ပါ့မယ်.. "

အဘပြောတာကြောင့် ယဉ်အေးဘေးမှာ ထိုင်နေရင်း အိမ်ထဲအပြေးလေး ပြေးတက်သွားတဲ့..အန်တီမေမေ ဒေါ်ထားတင် ။

" တယ်.. ငါပြောမှ ထ လုပ်သိလား ညည်းနဲ့လည်းအေ တကယ်ပါပဲ "

" ကျွန်တော်တို့ ရပါတယ်ဗျ..လမ်းမှာလည်း စားလာပါတယ် "

" အို.. စားပြီးလည်း တည်ခင်းရမှာပေါ့ "

" ...... "

ပြောမနေတော့ပါ.. ငြိမ်ငြိမ်နေလိုက်တာသာ အကောင်းဆုံး ဖြစ်မှန်း အသိတရားတစ်ခု ရလိုက်သည်လေ.. ။

" ဒါနဲ့ ယဉ်အေး.. ညည်းဗိုက်က တော်တော် ထွက်နေပြီပဲ "

" အဟင်း.. "

အဘက ယဉ်အေးဗိုက်ကို ကြည့်ပြီး ပြောလိုက်တာမို့ ယဉ်အေးမှာ ရှက်ပြုံးလေးပြုံးရင်း အင်္ကျီလေးအသာ သပ်ဆွဲချကာ ဗိုက်ကိုဖုံးမိရသည်..

" အေအေး.. အခုလို တွေ့ရတော့ ဝင်းသာတယ် လူလေးလည်း ပင်ပန်းသွားပြီပေါ့ "

" ခင်ဗျာ.. "

ရှင်လေးမှာ မျက်လုံးကြီးပြူ းကာ ထူးမိရသည်.. ဘာလဲ ရှင်လေးက ဘာပင်ပန်းတာကို ပြောတာလဲ ။

ခိ..ဖ်

ကိုလေးဖြစ်သွားပုံကို ကြည့်ပြီး ယုယုနဲ့ဝေလင်း နောက်နားလေးမှာ အသံမထွက်အောင် ကြိတ်ရယ်နေရသည်..

" ရော် ဘာဖြစ်တာလဲ လူလေးရဲ့ အလန့်တကြား .. မင်းလည်း အလုပ်တစ်ဖက်နဲ့ ကိုယ်ဝန်သည်တစ်ဖက်နဲ့ကို စောင့်ရှောက်နေရတာ ဆိုတော့ ပင်ပန်းသွားပြီ မဟုတ်လား လို့ပြောတာ "

ဟူး တော်ပါသေးရဲ့.. အလုပ်ကယ်လို့ ။

အဘကလည်း ယဉ်အေးဗိုက်ကို ပြောနေရင်းက ရှင်လေးကို ပင်ပန်းသွားပြီပြောတော့ ရှင်လေးမလန့်ဘဲ နေမလားတဲ့..

" အော် ဟုတ်ကဲ့.. ကျွန်တော် ရပါတယ်ဗျ "

အဘနဲ့နော်..

" ဟဲ့.. ဟိုနှစ်ယောက်က ဘယ်သူလဲ လင်မယားတွေလား "

" ဗျာ "

" ရှင် "

ဝေလင်းနဲ့ယုယုကို လက်ညိုးထိုးပြီး မေးချလိုက်တော့ ဟိုနှစ်ယောက် ရှူ းရှူ းရှဲရှဲ ဖြစ်သွားရသည်..

" မဟုတ်ပါဘူး အဘရဲ့.. "

" ဒါဖြင့် ခိုးပြေးလာတာလား "

ယဉ်အေးစကားတောင် မဆုံးသေးဘူး.. ဖြတ်မေးချပြန်ပြီ ။

" ဟာ ဟာ.. မဟုတ်ပါဘူးဗျ "

" ဟုတ်တယ် "

ဝေလင်းက အလန့်တကြားငြင်းတော့ ယုယုကလည်း ခေါင်းညိမ့်ပြကာ ထောက်ခံနေသည်..

" ဘာလဲ တစ်ယောက်က ဟုတ်တယ်.. တစ်ယောက်က မဟုတ်ဘူးနဲ့ "

" မဟုတ်ဘူး.. ယုယုက ဝေလင်းပြောတာ ဟုတ်တယ်လို့ ပြောတာ "

" ဟုတ်ပါတယ် အဘရယ်.. သူကဝေလင်း ကိုရှင်လေးရဲ့မန်နေဂျာ သူကယုယု ကိုရှင်လေးရဲ့ စတိုင်လစ် "

" မန်နေဂျာတော့ နည်းနည်း နားလည်သေးပါတယ်.. ဘာလဲ စတိုင်လစ် က "

ကဲ.. ယဉ်အေးက ပြောတာကို ထပ်အကွန့်တက်လာပြန်ပြီ ။

" ဟို.. ကိုရှင်လေး အတွက် အဝတ်စား ပြင်ဆင်ပေးရတာ "

" ဟဲ့ ယဉ်အေး..  ညည်းက ကိုယ့်ယောကျာ်းအဝတ် ပြင်ဆင်ပေးဖို့ လူငှားထားရတယ်လို့ ညည်းမဝတ်ပေးတတ်ဘူးလား "

အဘပြောချလိုက်မှပဲ ရှင်လေးနဲ့ယုယုမျက်နှာက ငယ်ကျသွားရသည်..

" အို အဘကလည်း ပြောရော့မယ်.. ယဉ်အေးက ကိုရှင်လေး ပွဲတက်ရတာတို့ ဓာတ်ပုံရိုက်ရတဲ့အခါတို့ သရုပ်ဆောင်ရတဲ့အခါတို့ကျရင် ကိုရှင်လေးကို စတိုင်မိမိ စတိုင်ကျကျဝတ်ဖို့ ဘာလေးဝတ်သင့်တယ် ဘယ်ဒီဇိုင်းကပိုလှတယ် ဆိုတာတို့ကို မပြောတတ်ဘူးလေ.. ဟော ယုယုကျ လိုက်ဖက်အောင် အဝတ်စားတွဲပေးတတ်တယ် ပြီးမိတ်ကပ်လိမ်းဖို့ လိုအပ်လာရင်လည်း ယုယုကပဲ လုပ်ပေးတာ.. "

" လူလေးက မိတ်ကပ်လည်း လိမ်းရတာပဲလား.. မိန်းကလေးတွေမှ လိမ်းတာမဟုတ်ဘူးလား "

ရှင်လေး အခက်တွေ့ပြီ.. ။

ဒီအဘနဲ့ဆို ရှင်လေးမှာ ကြာကြာတွဲမထိုင်ရဲသလို ကြာကြာလည်းစကားမပြောရဲ.. မဟုတ်ရင် ဂူပြေးအောင်းလိုက်ချင်တဲ့ စိတ်က တဖွားဖွားပေါက်လာတာလေ

" အို အဖေကလည်း.. ပေါက်ပေါက်ရှာရှာ မေးရော့မယ် သားလည်း သူ့အလုပ်အတွက် လိုအပ်တဲ့အခါလည်း ရှိမှာပေါ့လို့ "

ဗန်းလေးကိုင်ကာ အနားလျှောက်လာရင်း အဘကိုပြောလိုက်တဲ့ ဒေါ်ထားတင်..။

" ရော် အေ.. ငါမှနားမလည်ဘဲ "

" အဖေနားလည်တော့ရော ဘာလုပ်မှာလဲ..သားတို့ စားနော် သမီးတို့လည်းစား အကြောင်းမကြားထားတော့ အိမ်မှာ ဘာမှမပြင်ဆင်ထားရဘူး ခဏနေကျမှသွားဝယ်လိုက်မယ် "

" ဟုတ်ကဲ့.. ရပါတယ်ဗျ "

ဗန်းလေးချရင်း လက်ဖက်သုတ်လေး တိုးပေးကာ တည်ခင်းဧည့်ခံနေတာမို့ ရှင်လေး ခေါင်းညိမ့်ပြောရင်း ဝေလင်းတို့ဘက် အသာတိုးပေးလိုက်သည်..

" ဟေ့ ယဉ်အေး ညည်းရောက်နေတာလား.."

" ဟုတ်ကဲ့.. "

ဘေးခြံဝန်းကနေ လှမ်းအော်မေးနေတာမို့ ယဉ်အေး လှမ်းအော်ဖြေရသည်..

ခြံစည်းရိုးလုပ်ထားတာဆိုပေမယ့် ကျိုးတို့ကျဲတဲရယ်..ဒါတောင် လူ့တစ်ရပ်စာကို လုံအောင်ကာဆီးထားတာ မဟုတ် တော့ ဟိုဘက်ဒီဘက်ရှင်းနေအောင် မြင်ရသည်..။

" ညည်းဗိုက်ကြီးနေတာလား.. "

" အော် ဟုတ်ကဲ့.. ကြီးကြီး "

" ညည်းဗိုက်ကြီးတာ မြန်သလားလို့.. "

" ရှင် "

ယဉ်အေးနည်းတူ ရှင်လေးမှာလည်း မျက်နှာကြီးနီကာ တံတွေးတောင်နင်ရတဲ့အဖြစ်..။

" ညည်းလက်ထပ်သွားတာ မနေ့တစ်နေ့ကလိုပဲ.. အချိန်တွေကလည်း မြန်ဆိုအေ "

" အဟင်း.. ဟုတ်ကဲ့ "

ယဉ်အေးမှာ ဖောလျှောလေး ခေါင်းညိမ့်ခေါင်းခါ လုပ်ရသည်..

" အဆိုတော် အဆိုတော်.. ရွာကိုအလည်လာတာလား "

အခုမှ ဘေးကို ကြည့်မိတော့ လူတွေအုံစည်နေတာ.. သတင်းရတာလည်း မြန်လိုက်တာ ။

" အော် ဟုတ်ကဲ့ဗျ "

" အယ် ချောဆိုအေ.. ကျုပ်သားမက်လေးသာ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ "

" ဟဲ့.. မြကြီး ဒါငါ့မြေးသားမက်ဖြစ်နေပြီ အခုဆိုငါ့မြေးယဉ်အေး ဗိုက်ထဲမှာလည်း ကလေးလွယ်ထားရတယ် ဆိုတာလည်း သဘောပေါက်ဦး.. "

" အို သိပါတယ်.. ခဏခဏ မောင်းခတ်မကြေငြာနေပါနဲ့ တကယ်တဲမှပဲ "

" ဒါနဲ့ အဆိုတော်လေးက ဟိုတစ်ခေါက်ထက် ပိုချောလာတယ်.. "

" ဟုတ်ကဲ့ ကျေးဇူးဗျ "

" အဆိုတော်လေးရေ လက်မှတ်လေးထိုးပေးပါဦး.. "

" ဟုတ်ကဲ့.. "

ရှင်လေး ရှေ့ကိုတိုးလာတဲ့ စာအုပ်လေးကို ယူပြီး sign ထိုးပေးလိုက်သည်..

" အဆိုတော်လေး လက်ဆွဲနှုတ်ဆက်ရအောင်.."

" အော် ဟုတ်ကဲ့ဗျ.. "

" ဟိဟိ.. လက်လေးက နူးညံ့နေတာပဲတော့် "

" အဆိုတော်လေး ဓာတ်ပုံရိုက်ချင်လို့.. "

" ဟုတ်ကဲ့ဗျ.. "

ဒီလိုပဲ.. လူတပြုံ လိုက်ကြီးနဲ့ နှုတ်ဆက်စကားပြောရ လက်မှတ်ထိုးပေးရ ဓာတ်ပုံရိုက်ပေးရနဲ့..ခရီးကရောက်ပြီးကတည်းက ရှင်လေးမှာမနားရသေး.. ။

.

" ယဉ်အေးရေ ယဉ်အေး.. "

" ဟော အသံကြားတယ် ယဉ်အေးရေ.. ဟိုနှစ်ကောင် အသံ "

အဘက ယဉ်အေးကို လှမ်းသတိပေးသည်..။

ရှင်လေးနဲ့ဝေလင်းက အိမ်ရှေ့က နှိပ်ရေတွင်းမှာ တစ်ယောက်တစ်လှည့် ရေနှိပ်ပေးရင်း ရေချိုးနေချိန် အေးကြည်တို့နှစ်ယောက် ရောက်ချလာသည်..

" အဆိုတော် ရေချိုးနေတာလား.. "

" အော် အော်.. ဟုတ်ကဲ့ "

ရှင်လေးကသာ ကိုယ်အပေါ်ပိုင်းက ဗလာကျင်းမို့ ကိုယ်ကို ကာနေရင်း ပြန်ဖြေရသည်..

" ယဉ်အေးဆီလာတာလား.. ယဉ်အေး အပေါ်မှာ ရှိတယ် "

" အော် ဟုတ်ကဲ့.. သွားလိုက်ဦးမယ်နော် "

" ဟုတ်ကဲ့ဗျ "

ရှင်လေးမှာ ယဉ်အေးဆီ အမြန်သွားအောင် ပြောလိုက်ရသည်..

မော်ဒယ်ပိုင်းလည်း လုပ်နေသူမို့ ကိုယ်အပေါ်ပိုင်းဗလာကျင်း ဖြစ်နေတာကိုတော့ စိတ်ခံစားချက်ကို သိပ်မထားတတ်ပါ.. သို့သော် ရှင်လေးရေချိုးနေတာကို ဘေးပတ်ပတ်လည်မှာ ပွဲကြည့်နေသလို ပြူ းပြဲကြည့်နေကြတာမို့ နေရခက်လှသည်.. ။

စိတ်လွတ်ကိုယ်လွတ် မချိုးရ..

" ယဉ်အေး.. "

" လာကြ လာ.. "

နှစ်ယောက်လုံး ယဉ်အေးနားက အပြေးလေးသွားကာ ထိုင်ချတော့ အဘအောင်မောင်းတို့ ပြောစရာ တစ်ကွက်တွေ့သွားပြန်သည် ။

" ဟဲ့.. ဖြေးဖြေး သွားစမ်းပါ ငါ့မြေးကို တက်နင်းမိဦးမယ် ပြီး ယဉ်အေးက လွတ်လွတ်လပ်လပ် မဟုတ်ဘူး ငါ့မြေးဗိုက်ကို ထိလို့ကတော့ နှစ်ယောက်လုံး မလွယ်ဘူးမှတ် "

ကွပ်ပျစ်မှာထိုင်ရင်း အပေါ်တက်ပြေးသွားတဲ့ နှစ်ယောက် ကိုလှမ်းအော်ပြောရသည်..

" အို.. အဘတို့ကလည်း ဖြစ်နေလိုက်တာ ဒီလောက်ကတော့ အေးကြည်တို့ ချင့်ချိန်တတ်တာပဲ "

" ဟုတ်ပါ့.. ဝိုင်းကြည်တို့က ကလေးမဟုတ်ပါဘူး "

" ပြောတာပဲ.. ခေါင်းတက်နင်းမိတော့မယ် နင်တို့ဟာက "

" အဘဟာလေ သူ့မြေးကျသိပ်သိတတ်တာ..နေတော့ ယဉ်အေးရယ် ညည်းသိပ်လှလာတယ် သိလား "

" ဟုတ်ပါ့.. အသားကလည်း အရင်ကထက် ဝင်းကြည်လာတာပဲ "

" အဟင်း.. "

" ဗိုက်ကလည်း လုံးနေတာပဲ.. ဘယ်လိုလဲ ညည်းစိတ်ချမ်းသာတယ် မဟုတ်လား "

" အွန်.. အဲ့လိုပဲ ဆိုပါတော့ "

" ညည်းကလေ သိပ်ကံကောင်းတယ် သိလား ယောကျာ်း ခပ်ချောချောလေး ရထားတာ..စောနက ငါတို့ဝင်လာတော့ ညည်းယောကျာ်း အဆိုတော် နဲ့တွေ့တယ် သိလား ရေချိုးနေတာက ကြည့်ကောင်းလိုက်တာ "

" ဟုတ်ပါ့.. အပြင်မှာ ပိုချောတယ် သိလား ဆံပင်ညှပ်ထားတော့ အရင်ကထက် ပိုရင့့်ကျက်တဲ့ပုံထွက်ပေမယ့် ပိုချောပိုနုလာတယ် "

" အဟွန်း.. "

ယဉ်အေး မျက်နှာကတော့ ပြုံးနေပေမယ့် စိတ်ထဲကတော့ သိပ်မပါလှ.. ။

ဒီရောက်ကတည်းက ဒီစကားချည်း ကြားနေရတယ်.. ကိုရှင်လေး ချောတာနုတာ ယဉ်အေးသိသားပဲ ယဉ်အေးက သူ့ဇနီးပဲ အားလုံးထက်ပိုသိပါတယ်နော်..

ကိုရှင်လေးကို အခုလို မိန်းကလေး တွေ သဘောကျနေတာကို ယဉ်အေး သိပ်သဘောမတွေ့လှ.. ။

" ယဉ်အေး.. "

" ရှင် အဘ "

" ဟိုမှာ ညည်းယောကျာ်း ရေချိုးပြီးနေပြီ.. သွားလုပ်စရာရှိတာ သွားလုပ်ကူချေ "

" ဟုတ် အဘ.. "

" ယဉ်အေး ဖြေးဖြေးထ.. "

" အေး.. "

ယဉ်အေးကို အေးကြည်နဲ့ဝိုင်းကြည် ထိန်းပြီး ထူပေးသည်.. ။

ဒီအိမ်မှာက ကြမ်းပြင်မှာ ဖင်ချထိုင်ရတာ.. ရန်ကုန်က အိမ်မှာက ဆိုဖာခုံအိအိမှာ ထိုင်နေရတာမို့ ထိုင်ရထရ အရမ်းမခက်

အခုအိမ်မှာတော့ ထိုင်ရတာ လည်းခက်သလို ထရတာလည်း ခက်လှသည်..

" နင်တို့ ခဏထိုင်ဦးနော်.. ငါသွားလိုက်ဦးမယ် "

" အေအေး.. "

ယဉ်အေး ဗိုက်လေးထိန်းကိုင်ကာ ကိုရှင်လေး ရှိတဲ့ အိမ်အတွင်းခန်းလေးထဲ ဝင်သွားလိုက်သည်.. ။

ဝေလင်းကတော့ အခုထိချိုးမပြီးသေးဘူးလေ..

" ကိုရှင်လေး.. "

" ဟင်.. မင်း ဘာလာလုပ်တာလဲ ငြိမ်ငြိမ်ထိုင်နေတာ မဟုတ်ဘူး "

" အဘက ညည်းယောကျာ်းကို သွားလုပ်ကူပေးတဲ့.. ပြီး ယဉ်အေးလည်းဒီလောက်ကတော့ ရပါတယ် "

ပြောရင်း အဝတ်အိတ်ထဲက တဘက်ဖြူ ကြီးတစ်ထည်ကို ယဉ်အေးထုတ်ပေးလိုက်သည်..

" ငါက မင်းအဆင်မပြေမှာစိုးလို့ပါ.. "

" ယဉ်အေးထက် ကိုရှင်လေး အဆင်မပြေနေဘူးမလား..မျက်နှာက အဲ့လိုရေးပြနေတယ် "

" ဟင် ဟုတ်လား.. "

ရှင်လေး တဘက်နဲ့သုတ်နေရင်းက မျက်နှာကို စမ်းကြည့်မိသည်..

" အင် နည်းနည်း.. ရေချိုးရတာ စိတ်မလုံလို့ အားလုံးက ဝိုင်းကြည့်နေတာကို "

" သူတို့ကလည်းနော်.. ဘာလို့ သူများယောကျာ်းကို ကြည့်နေကြမှန်းကို မသိဘူး "

" ဟမ်.. "

ယဉ်အေးပါးစပ်က ယောကျာ်း ဆိုတာ မကြားဖူးတော့ အခုကြားရတော့ နားဝင်ချိုနေသလိုလို..။

" ဟင်.. ဘာဖြစ်လို့လဲ ကိုရှင်လေး "

သူ့စကားသူတောင် သတိထားမိပုံမရတဲ့ ယဉ်အေး.. ။

" ဟင့်အင်း.. ဘာမှမဟုတ်တော့ဘူး "

ရှင်လေး ပြုံးပြီးငြင်းမိသည်..

" အင့် ဒါလေး ဝတ်လိုက်..ယဉ်အေး အပြင်မှာ စောင့်နေမယ် ထွက်လာခဲ့လိုက်နော် "

" အင်.. ဖြေးဖြေး လျှောက်နော် "

" အင်းပါ.. ယဉ်အေး သိပါတယ် "

ထဘီမကာ ဖြေးဖြေးလေးလျှောက်လှမ်းသွားနေတဲ့ ယဉ်အေး ခြေထောက်လေး ဖြူ ဖြူ လုံးလုံးလေးကို မြင်လိုက်ရတော့ ရှင်လေးရင်ထဲ တစ်မျိုးလေး ဖြစ်ကာ ကြည်နူးရသည်..

အခုဆို ယဉ်အေးဗိုက်လေးက ပူလာတာမို့ ဗိုက်ဖုံးအင်္ကျီ တွေ ဝတ်နေရပြီလေ.. ဗိုက်ကပူလာတာမို့ လမ်းလျှောက်ပုံတောင် ပြောင်းသွားတယ်

ခြေထောက်လေး ကားကား ကားကားလေးနဲ့ လျှောက်နေတာက ရှင်လေးမျက်စိထဲမှာ ပင်ကွင်းငှက်လေး လမ်းလျှောက်နေတဲ့အတိုင်းပဲ.. ။

တကယ်ကို ချစ်ဖို့ကောင်းလှသည်.. ချစ်လွန်းလို့ တစ်ခုခု လုပ်မိပစ်လိုက်ချင်တဲ့ စိတ်ကို မနည်းထိန်းထားနေရသည်

ယဉ်အေးကပဲ ချစ်ဖို့ကောင်းလာတာလား.. ရှင်လေး မျက်စိကြောင့်ပဲ  ချစ်ဖို့ကောင်းလာတာလား မပြောတတ် ။

ယဉ်အေး ထုတ်ပေးတဲ့ အဝတ်တွေ ဝတ်ပြီး ယဉ်အေးတို့နား သွားထိုင်လိုက်သည်..

.

" ယုယုရော.. "

ယဉ်အေးဘေး ဝင်ထိုင်ရင်း မေးလိုက်သည်..

" အခုလေးတင် ရေသွားချိုးတယ်..ကိုရှင်လေး ခိုင်းစရာ ရှိလို့လား "

" မရှိပါဘူး.. မတွေ့လို့ မေးကြည့်တာ "

" အဆိုတော်.. အေးကြည်နဲ့ဝိုင်းကြည် ကို မှတ်မိရဲ့လား "

" ဟုတ်ကဲ့.. ကျွန်တော် မှတ်မိပါတယ်ဗျ နှစ်ယောက်လုံး နေကောင်းတယ် နော် "

" ကောင်းပါ့.. ဒေါင်ဒေါင်မြည်ပဲ "

" ဝိုင်းကြည်တို့က အဆိုတော်ရဲ့ ပရိတ်သတ် တွေ သိလား.. ထွက်သမျှ သီချင်းတိုင်း အကုန်မလွတ်ဘူး နားထောင်တယ် "

" ဟုတ်တယ်.. သီချင်းတွေ အကုန်လုံးလည်း ကောင်းတယ် ကြိုက်လည်းကြိုက်တယ် "

" ဟုတ်ကဲ့.. ကျေးဇူးပါဗျ "

" အခု အဆိုတော် ဇာတ်ကားရိုက်မလို့ဆို.."

" ဟုတ်တယ်.. နောက်နှစ်လလောက်နေရင် စရိုက်မှာ အားပေးပါဦးနော် "

" အမလေး.. အားပေးမှာ အားပေးမှာ "

" အားမပေးဘဲ မနေနိုင်ပါဘူးရှင်.. အေးကြည်တို့ကြိုက်တဲ့ အဆိုတော် ကိုပဲ ဆက်ဆက်ကိုအားပေးမယ် "

" ကျေးဇူးပါဗျ.. "

" သီချင်းအသစ်ထွက်ဖို့ရော ရှိသေးလား.. "

" အခုထိတော့ အစီစဉ်မရှိသေးဘူး.. ဇာတ်ကားရိုက်ဖို့လည်း လက်ခံထားတယ် တခြားပွဲတွေလည်း လက်ခံထားတာမို့ မရေးအားသေးဘူးဗျ "

" သီချင်းစီးရီး အသစ်ထွက်ဖို့ရှိရင် လက်တို့ပါဦးနော်.. "

" ဟုတ်တယ်.. ဝိုင်းကြည်တို့က အရင်ဦးဝယ်ပြီးသားပဲ "

" ဝယ်မနေပါနဲ့ဗျ.. ကျွန်တော် လက်ဆောင်ပေးပါမယ် "

" ဟယ်.. တကယ်လား "

" ဟုတ်ကဲ့ "

" ဟိဟိ.. အဲ့ဒါဆို ပျော်မဆုံးပေါ့ ဒါနဲ့လက်မှတ်လေးပါ ထိုးပေးမှာလား "

" သဘောကျတယ်ဆိုရင် ထိုးပေးပါမယ်ဗျ.."

" ဟယ်.. မိုက်ပြီ တစ်ယောက်တစ်ခွေပေးနော် ညီမတွေပဲဆိုပြီး တစ်ခွေထဲ  မလုပ်ပါနဲ့နော် "

" အဟက်.. ဟုတ်ကဲ့ပါ "

ယဉ်အေး အလိုမကျတော့ပါ.. ။

အခုထိ တစ်ယောက်နဲ့တစ်ယောက် လေပေးလေယူ တည့်နေကြတဲ့သူတို့ကို တဖြေးဖြေး နဲ့မျက်စမွှေး စူးလာပြီ..

ကိုရှင်လေးရဲ့ သီချင်းထွက်တာမထွက်တာ ဇာတ်ကားရိုက်ဖို့ရှိတာ ဒါတွေအားလုံး ဇနီးဖြစ်တဲ့ ယဉ်အေးမှာ တစ်ခုတလေတောင် မသိရ..။

ယဉ်အေးဘေးထားပြီး ဂရုမစိုက်ဘဲ နေနေတဲ့ ကိုရှင်လေး ကိုလည်းစိတ်ဆိုးချင်သည်..

ကိုရှင်လေးနဲ့ပတ်သက်ပြီး ဘာမှမသိတဲ့ ယဉ်အေးကိုယ်ယဉ်အေးလည်း မကျေနပ်ချင်..။

ယဉ်အေးကသာ တစ်ယောက်ထဲ မိုးတွေအုံ့မှိုင်းနေလည်း ကိုရှင်လေးနဲ့အေးကြည်တို့ နှစ်ယောက် က လေပေးလေယူဖြောင့်တုန်း..

ငါနော်.. ။

အရင်က ဒီလိုစိတ်မဟုတ်ဘူး.. အခုတော့ ကိုယ်ဝန်လွယ် ထားရလို့လား မသိဘူး စိတ်တွေက အရင်လို ပုံမှန်မဟုတ်တော့ ။

.

" ဟုတ်ကဲ့ မား.. စိတ်ချပါနော် ဟုတ်ကဲ့ "

ယဉ်အေး ခေါင်းတဆတ်ဆတ်ငြိမ့်မိသည်.. ။

ယဉ်အေးတို့ ခရီးအဆင်ပြေရဲ့လား.. နေရထိုင်ရ အဆင်ပြေလား လှမ်းမေးတာပါ

ကိုရှင်လေးဖုန်းကို လှမ်းဆက်တာ မရလို့တဲ့.. ယဉ်အေးဆီ လှမ်းဆက်တာ ။

ဘယ်ရမလဲ.. သူက ဘယ်ရောက်နေလဲ မသိဘူး ညစာစားပြီးကတည်းက ရွာကကောင်လေးတစ်သိုက် လာခေါ်သွားလို့ ပါသွားတယ် အခုထိ ပြန်တော်မပေါ်လာသေးဘူး..

ကိုရှင်လေးနဲ့ပါသွားတဲ့ ဝေလင်းတောင် ပြန်လာပြီး ပင်ပန်းလို့ အိပ်နေပြီ ။

ယုယုကလည်း အစောကြီးအိပ်ယာဝင်သွားတယ်.. အဘနဲ့အမေကလည်း အိမ်ကို လာလည်တဲ့လူကြီးတွေနဲ့ စကားကျတုန်း

ယဉ်အေးကသာ ဝိုင်းထဲဆင်းပြီးဖုန်းပြောနေတာ..ကိုရှင်လေးကိုလည်း စောင့်နေတာ ပါတာပေါ့ ။

" ယဉ်အေး.. ဒီမှာ ဘာလုပ်နေတာလဲ အိမ်ပေါ်တက်မနေဘူးလား "

ရှင်လေး အိမ်ထဲဝင်ဝင်ချင်း ကွပ်ပျစ်မှာ ထိုင်နေတဲ့ ယဉ်အေးကို မေးလိုက်သည်..

" မား ဖုန်းဆက်နေလို့ စကားပြောနေတာ.. "

ဖြေသံက ဆောင့်ကြီးအောင့်ကြီး မပါပေမယ့် ကျေနပ်နေတဲ့အသံ မဟုတ်နေတာတော့ ကိုရှင်လေး သိပါလေစ.. ။

" ဟုတ်လား.. ဘာတဲ့လဲ "

ယဉ်အေးဘေး ဝင်ထိုင်ရင်း မေးနေတဲ့ ကိုရှင်လေး.. ။

" ဒီကို အဆင်ချောချောမှ ရောက်ကြရဲ့လားမေးတာပါ.. "

" အင်.. "

နှစ်ယောက်ကြား စကားသံခဏတိတ်သွားသည်..

" မင်း လမ်းလျှောက်ပြီးပြီလား.. "

" ဟင့်အင်း.. "

" ထ.. ငါနဲ့အတူ ခဏ လမ်းလျှောက်ရအောင် "

" အင် "

ကိုရှင်လေးက ယဉ်အေးလက်ကို ဖေးကိုင်ပေးပြီး ဝိုင်းထဲမှာပဲ ရှေ့လျှောက်နောက်လျှောက် လုပ်ပေးနေသည်..

ယဉ်အေး အခုမှ ပြုံးမိတာ ကိုရှင်လေး မသိဘူးမလား.. ။

ကိုရှင်လေးကို စောင့်နေတုန်း တစ်ယောက်ထဲ လမ်းလျှောက်ထားပေမယ့် ကိုရှင်လေးနဲ့အတူ ထပ်လျှောက်ချင်တာမို့ လိမ်လိုက်မိတာလည်း ကိုရှင်လေး မသိပြန်ဘူးမလား..

လိမ်ဖို့ ဝန်လေးတတ်တဲ့ ယဉ်အေး က အခုဆို ကိုရှင်လေးနဲ့ပတ်သက်ပြီး အလွယ်လေး လိမ်တတ်သွားတာ ကိုရှင်လေး သိလေမလား..

ယဉ်အေး နား အခုမှ ကပ်ရတဲ့ ခင်ပွန်းရဲ့လက်ကို အားနဲ့ဖိကိုင်ပြီး လမ်းလျှောက်နေမိသည်..။

သူများတွေ အတွက် ကိုရှင်လေး က အနုပညာ ရှင် တစ်ယောက် ဆိုပေမယ့် ယဉ်အေးအတွက် တော့ နှစ်ယောက် မရှိတဲ့ ခင်ပွန်း..

.

" ယဉ်အေး နေဦး..ငါလာမယ် "

ယဉ်အေးက မျက်နှာသစ်ဖို့ အိမ်ပေါ်က ဆင်းလာနေတာ တွေ့တော့ ရှင်လေး သွားတိုက်နေရင်းကနေ လှမ်းအော်ပြီး ပြေးသွားရသည်..

" လာ.. "

ပါးစပ်ထဲ သွားတိုက်ဆေးတွေနဲ့မို့ ဝေဝါးနေတဲ့ ကိုရှင်လေးအသံ..

အဟွန်း.. ။

ယဉ်အေး ပြုံးပြီး ကိုရှင်လေး လက်ကိုတွဲကိုင်ကာ ဖြေးဖြေး ဆင်းမိသည်..

" မင်း ထိုင်မလား.. "

" ဟင့်အင်း ရတယ်.. "

" ရော့.. "

သွားတိုက်တံပေါ် သွားတိုက်ဆေး တင်ပေးပြီး ယဉ်အေးကို ပေးလိုက်သည်..

" ဒီမှာ ရေခွက်.. "

အားလုံးကို ကိုရှင်လေးက လုပ်ပေးတော့ ယဉ်အေးမှာ ကြိတ်ကြည်နူးရပြန်သည်..

ဝေလင်းနဲ့ယုယု က ကိုလေးတို့ကို ကြည့်ပြီး ဖြီးနေကြတာလည်း မသိကြ ။

သွားတိုက်ပြီးလို့ မျက်နှာသစ်ဖို့ကိုလည်း ကိုရှင်လေးလုပ်ပေးပြန်တယ်လေ..

" ဟင့် ကျစ်.."

ဆံပင်ကို မစည်းနှောင်ထားမိတော့ ခေါင်းငုံ့တိုင်း ကျကျနေတဲ့ ဆံစတွေကြောင့် မျက်နှာသစ်ရင်း အလိုမကျဖြစ်နေရတဲ့ ယဉ်အေး.. ။

" ငါကိုင်ပေးမယ် "

ပြောရင်းနဲ့ကို နောက်နားမှာရပ်ပြီး ယဉ်အေးရဲ့ဆံပင်တွေ စုကိုင်ပေးလိုက်တဲ့ ကိုရှင်လေး..

အခုမှပဲ ယဉ်အေးတို့ ကောင်းကောင်း မျက်နှာသစ်ရတော့သည်.. ။

" ရော့ တဘက်.. "

မျက်နှာသစ်ပြီးတော့လည်း အဆင်သင့် တဘက်ကို ကမ်းပေးသည်..

မနက်ခင်းလေးက သာယာလိုက်တာ.. ။

.

" ဟေ့ ဟေ့.. ယဉ်အေး အဲ့ဒါ ဘာလုပ်နေတာလဲ "

အပြင်က ပြန်လာတုန်း နှိပ်ရေတွင်းနားက ကျောက်ပြားမှာ ဇိမ်ပြေနပြေနဲ့ကို ဖင်ချထိုင်ထားပြီး ခြေဆင်းထားတာလေ.. ။

ဒါကအကြောင်းမဟုတ်.. ရှင်လေးအဝတ်တွေ ယူလျှော်နေတာက အကြောင်း ဖြစ်နေတာ

ဒီတော့ အော်ပြီးမေးတော့ ဖြေလိုက်ပုံက အေးအေးဆေးဆေး..

" အဝတ်လျှော်နေတာလေ.. "

" အဲ့ဒါ မင်းပြောမှလား.. ငါလည်း သိတာပေါ့ မင်းက ဘာကိစ္စ အဝတ်လျှော်နေတာလဲ င့ါဟာငါလျှော်မယ် ထ "

ရှင်လေး အနားသွားပြီး ယဉ်အေးကို ခပ်ကြိတ်ကြိတ် အော်ငေါက်ရသည်.. ။

ဘေးမှာက ကြည့်နေတဲ့မျက်လုံးတွေ ရှိနေတာမို့..

" မင်း ဗိုက်ကို မင်းမေ့နေလား ယဉ်အေး.. ဒီလောက် ပူထွက်နေတဲ့ ဗိုက်ကို မင်းမေ့နေပြီလား ဒါတွေ မင်းကိုဘယ်သူခိုင်းလို့ လုပ်နေရတာလဲ "

မထသေးတဲ့ ယဉ်အေးနား ထိုင်ချပြီး အနီးကပ်လေး ပြောရသည်..

" မမေ့ပါဘူး ကိုရှင်လေးရဲ့.. "

" မမေ့ရင် ဒါက ဘာလုပ်နေတာလဲ.. ကိုယ်ဝန်ဆောင်သည်တွေက ဝန်ပိတာမလုပ်ရဘူး ဆိုတာ မင်းကို ငါမပြောထားဘူးလား "

" ဒီလောက်တော့ ရပါတယ်တဲ့.. "

" မင်းကို ဘယ်သူပြောလဲ..ရတယ်လို့ "

" အဘ "

" ဘာ.. အဘအောင်မောင်းလား "

" ဟုတ်တယ်လေ ဘယ်အဘရှိရဦးမှာလဲ.."

" ထစမ်းပါ ယဉ်အေးရယ်.. ငါ့ဟာငါ လျှော်ပါ့မယ် မင်းမလုပ်နဲ့ "

" ယဉ်အေး ရပါတယ်ဆို ကိုရှင်လေးကလည်း.."

" တောက်.. ပေး အဲ့ဒါ "

" အို.. ကိုရှင်လေး "

ယဉ်အေး လက်ထဲက ရှင်လေး အင်္ကျီကို ဆောင့်ယူပြီး ဘာညာပြောမနေတော့ဘူး.. ရှင်လေးဘာသာ ရှင်လေးပဲ လျှော်လိုက်သည် ။

တသက်နဲ့တစ်ကိုယ် ကိုယ့်အဝတ်ကို ကိုယ့်လက်နဲ့ လျှော်ဖြစ်တော့တယ် အရင်က စက်ထဲပစ်ထည့်လိုက်တယ် ပြီးရော..လက်နဲ့လျှော်တာ ဒါ ပထမဆုံး အကြိမ်ပဲ

ယဉ်အေးမှာ ကိုရှင်လေး လုပ်ရပ်ကြောင့် မျက်လုံးပြူ း မျက်ဆံပြူ းရသည်.. ။

တစ်ခါမှ ဒီပုံစံလေး မမြင်ဖူးတာ..

လက်ရှည်ကို ခေါက်တင် ၊ ဘောင်းဘီရှည်ကို ခြေသလုံးနားထိ ခေါက်တင်ပြီး ခြေဖဝါးလေးထောက် ကာ ဆောင့်ကြောင့်လေးကိုမှ ဒူးတွေခွဲထိုင်ရင်း အဝတ်လျှော်နေတဲ့ ကိုရှင်လေးရဲ့ ပုံစံ..

အမြဲသေသေသပ်သပ် ခွဲပြီး ဖြီးသင်ထားတတ်တဲ့ ဆံပင်တွေက အခုတော့ ဘာမှမဖြီးသင်ထားတာမို့ ရှေ့ကို အကုန်စုကျနေတာလေ..ပြီး နဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို ရေစိုလက်နဲ့ သပ်သပ်တင်နေတာမို့ ဆံပင်တွေက ရေစိုကာ အချောင်းလေးတွေ အများကြီး စုနေတာ..

နားထင်နားမှာလည်း ချွေးစက်မဟုတ်တဲ့ ရေစက်လေးက ခိုသီးလို့.. ။

အခုပုံစံလေးက အရမ်းကြည့်ကောင်းနေတာတော့ ယဉ်အေး မငြင်းပေါင်..

ကိုရှင်လေးက အဝတ်အားလုံး လျှော်သွားသည်.. ယဉ်အေး တောင် မလျှော်လိုက်ရ ။

" ကဲ ရပြီမလား.. ထ "

" မပြီးသေးဘူးလေ .. "

" ဘာလုပ်ဖို့လဲ.. "

" ယဉ်အေး ရေချိုးမလို့ "

" ကျစ်.. အဲ့ဒါ အရင်မပြောဘူး အခု ဒီရေစိုနေတဲ့ ကျောက်မှာ ထိုင်နေတာ ကြာနေပြီ အအေးပတ်တော့မှာပဲကွာ "

" ရပါတယ်

You are reading the story above: TeenFic.Net