Part (25)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (25)

" မင်း ဘယ်သွားနေတာလဲ.. "

" spa သွားနေတာပါ "

" ဘာ "

" အမလေး.. "

ကိုရှင်လေးက အော်လိုက်တာမို့ ယဉ်အေးမှာ လန့်တောင်လန့်သွားရသည်..

" လာစမ်းပါဦး.. မင်း လာဦး "

ယဉ်အေးနားထိ လျှောက်လာပြီး ယဉ်အေးလက်ကို ဆုပ်ကိုင်ကာ ဆွဲခေါ်နေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ ဘာမှမပြောနိုင်သေးဘဲ လိုက်သွားရသည်..

ဘာတွေများ ဖြစ်နေလို့ပါလိမ့်.. ။

" မင်း ဒီမှာ ထိုင်ပါဦး.. "

ခုံမှာဝင်ထိုင်ခိုင်းတော့လည်း ယဉ်အေးမှာ အကြောင်းရင်းမသိသေးဘဲ ဝင်ထိုင်ရသည်.. ယဉ်အေးဝင်ထိုင်တော့ ဘေးမှာ ကိုရှင်လေးကလည်း ဝင်ထိုင်ပြီး ယဉ်အေးဘက်လှည့်ထိုင်ထားသည်..

" မင်း ဘယ်သွားတာ.. ငါ့ကိုပြန်ပြောစမ်းပါဦး "

" spa ကိုလေ.. ဘာဖြစ်လို့လဲ "

အောင်မာ ကြည့်စမ်း.. ဘာဖြစ်လို့လဲတဲ့ ရှင်လေးကို ပြန်မေးနေသေးတယ် ။

မဗိုက်က အရင်ကပါးကြားကွက် ပြူ းတိပြူ းကြားကြီး လိမ်းပြီးတော့ အခုကလေးလွယ်ထားရတော့မှ spa သွားတာပါတဲ့.. ဇောက်ထိုးမိုးပြန် လုပ်နေတာ မဟုတ်ဘူး လား

မသိသလို ပြန်မေးနေတဲ့ပုံကို ရှင်လေးမှာ တစ်ခုခုလုပ်လိုက်ပစ်ချင်တဲ့ စိတ်က တယားယားဖြစ်နေရပြီ.. ။

" မင်းကိုယ်မင်း မေ့နေသလား ယဉ်အေး..ဟမ် "

" ယဉ်အေးက ဘာမေ့ရမှာလဲ.. "

" ယဉ်အေး "

ရှင်လေး အော်လိုက်ရသည်.. ။

မသိသလို ခြောက်ပြစ်ကင်း သဲလည်းစင် လုပ်ပြီး ပြန်မေးနေတဲ့ ယဉ်အေးကြောင့် ဒီကကောင် ရှင်လေးမှာ မယိုးမယွဖြစ်နေရတာ..

ကိုရှင်လေး က ဘာဖြစ်နေမှန်းမသိဘူး.. အငြိမ်ကို မနေနိုင်ဘဲ ဖင်တကြွကြွနဲ့ ယဉ်အေးကို စကားတွေပြောနေတာက တစ်ခုခုနဲ့တူနေသလိုလို.. ။

" ဘာမေ့နေတာလဲ ဟုတ်လား.. ဟောဒီ့ဗိုက် ဒီဗိုက် ဒီဗိုက်ကြီးကို မင်းမေ့နေရလား "

ကဲ အခုတော့ ရှင်လေး လက်ညိုးတတောက်တောက် ထိုးပြပြီး ပြောလိုက်သည်..

" ဗိုက်ကို ယဉ်အေးက ဘာလို့မေ့ရမှာလဲ.. "

" မင်းမမေ့ရင် ဘာလို့ spa သွားတာလဲ.. ဘာသွားလုပ်တာလဲ "

" spa သွားပါတယ်ဆိုမှ ယဉ်အေးက တရားသွားထိုင်မှတ်နေရမှာလား ကိုရှင်လေးရဲ့.."

" အေးလေ.. spa ကို တရားသွားမမှတ်တာတော့ ငါလည်းသိပါတယ် ငါသိချင်တာက မင်းဘာစိတ်ကူးနဲ့ အဲ့ကိုရောက်သွားတာလဲ "

" ယဉ်အေးကိုယ်ယဉ်အေးဆို အဲ့ကိုသွားဖို့ စိတ်ကူးတောင် ရမှာမဟုတ်ဘူး.. ပြီး ယဉ်အေးသွားတော့လည်း ဘာဖြစ်လို့လဲ ယဉ်အေးသွားမရဘူးလား "

" မင်းကို သွားဖို့မသွားဖို့ တားတာထက် အခုချိန်မှ သွားတာက ဘာလုပ်ဖို့လဲ သိချင်တာ.. "

" အခုချိန်က ဘာဖြစ်နေလို့လဲ.. "

" ယဉ်အေး မင်းနော်.. "

တကယ်ကို ရှင်လေးမှာ လိုရာထိ စကားမရောက်ရတော့ စိတ်တွေက မငြိမ်မသက်ဖြစ်ရပြီ..

" အရင်က ဗိုက်မရှိတုန်းက သနပ်ခါးကွက်တိကွက်ကြား ပြူ းတိပြူ းကြောင်ကြီး လိမ်းခဲ့တာလေ..အခု ဒီဗိုက်ထွက်မှ ဘာ spa ဟုတ်လား ဗိုက်ကြီးနဲ့ လှချင်ပချင်တာ မင်းတစ်ယောက်ထဲဖြစ်လိမ့်မယ် တခြားကိုယ်ဝန်ဆောင်သည် တွေများ အဲ့လိုမဟုတ်ပါဘူး.. သူတို့မှာ အခုချိန်ဆို အလှကို ဂရုမစိုက်တော့ဘူး သိရဲ့လား ဒါတွေ "

" ယဉ်အေးလည်း မလှချင်ပါဘူး.. "

" မလှချင်ဘဲ spa ကို ဘာသွားလုပ်တာလဲ.."

" မားလေ.. မားခေါ်လို့ သွားတာ "

" ဘာ မား.. "

" အင်းလေ "

" မားက ဘာကိစ္စနဲ့ ခေါ်တာလဲ.. "

" မြေးလေး လွယ်ပေးထားလို့ ကျေးဇူးတင်တဲ့အနေနဲ့ လိုက်ပို့တာ.. "

" ဘာ.. ကျေးဇူးတင်တဲ့အနေနဲ့ ဟုတ်လား "

" ဟုတ်တယ်.. "

" ဟာ မားက ကျေးဇူးတင်တယ်ဆိုရင်လည်း စိန်တဆင်စာ ပေးလို့မရဘူးလားတဲ့.. "

" စိန်တဆင်စာ မလိုချင်လို့ ယဉ်အေး ငြင်းလိုက်တာ.. "

" ဘာလို့ ငြင်းလိုက်တာလဲ မင်းက.."

" စျေးကြီးတယ်.. ပြီး အဲ့လောက် တန်ဖိုးကြီးတာ  ယဉ်အေး မလိုချင်ပါဘူး ဝန်ပိတယ် "

" အာ့နဲ့ spa ကို သွားလိုက်တယ် ဆိုပါတော့.. "

" အဲ့လိုဖြစ်သွားတယ်.. မားက တစ်ခုခု ပြန်လုပ်ပေးချင်တယ်တဲ့ လက်ခံပါလို့ပြောတာနဲ့ ယဉ်အေး လက်ခံလိုက်တာ မားကလည်း spa သွားစရာရှိတယ် ယဉ်အေးပါ တစ်ခါထဲလုပ်လိုက်ဆိုလို့ပါ.. "

" ကျစ်.. "

အိမ်က ဗိုက်ဗိုက်ကို စခန်းသွင်းလေ့ကျင့်ပေးတဲ့ တရားခံက မားပါတဲ့လေ.. ။

မားဘာသာမားပဲ အလှပြင်နေလည်း ရရဲ့သားနဲ့.. အခုတော့ ဗိုက်ကိုပါ ဆွဲခေါ်ထည့်လိုက်သေးတယ်

ဒီကဗိုက် မလှမှာ တော်တော်စိုးရိမ်နေတဲ့ပုံပဲ..။

ဗိုက်ကဖြင့် အရင်ကထက်ပိုလှပိုကြည့်ကောင်းလာတာ မားမမြင်လေသလား..

ပိန်ကပ်တဲ့ခန္ဓာက အခုတော့ ပြည့်လာတာလေ.. အသားရည်ကလည်း အရင်လိုမွဲခြောက်မနေဘဲ စိုစိုပြေပြေလေး ဖြစ်လာတာ အလှတွေ တိုးသထက်တိုးလာတာ မားမတွေ့လေသလား.. ။

ကိုယ်ဝန်ဆောင်မှ တဖြေးဖြေး ပိုပိုကြည့်ကောင်းလာနေတဲ့ အိမ်ကဇနီး ယဉ်အေး..

" မင်းဗိုက်က နည်းနည်းတောင် ပြည့်လာကျမှ ခေါ်သွားရတယ်လို့.. အခုက စောနေသေးတယ်လို့ ဗိုက်ကြီးပူစီဖောင်းလို အကြီးကြီးဖြစ်လာမှ ခေါ်သွားတာ မဟုတ်ဘူး "

ဟုတ်တယ်.. ပိန်ကပ်နေတုန်းကကျ ဘာမှမလုပ်ပေးဖြစ်ဘဲနဲ့ အခုချိန်မှ ဘာစိတ်ကူးပေါက်ပြီး ကျေးဇူးတင်ရတာပါလိမ့်.. ။

အခုက ခေါ်သွားတာ ရှင်လေးကိုမွေးထုတ်ထားပေးတဲ့ မာတာမိခင်ကြီးမို့.. ယောက္ခမကြီး သာ ခေါ်သွားကြည့် နည်းနည်း ပြောဆိုမိဦးမည်.. မားနော် မား

" မင်း အနားယူတော့.. "

ရှင်လေး ပြောပြီး ထ ထွက်ခဲ့ရသည်.. ပြီး နောက်ရင်းပြန်လှည့်ကာ

" နောက်သွားမနေနဲ့.. ဘာလုပ်ဖို့ အလှတွေ ပြင်နေဦးမှာလဲ ရှုပ်ရှုပ်ယှက်ယှက် မသွားနဲ့နော် ယဉ်အေး.. ကြားလား "

" အင် "

ယဉ်အေး ခေါင်းမငြိမ့်မချင်း ကိုရှင်လေးက ထပ်ပြီး ပူညံပူညံ လုပ်နေမှာစိုးလို့ ခေါင်းညိမ့်လိုက်မိသည်..

ခက်တာပဲ.. ကိုရှင်လေးနဲ့ မားကြောင့် ယဉ်အေး ဘယ်လိုနေရတော့မည်လဲ.. ။

မားက နောက်ကျရင် အတူပြန်သွားဖို့ ယဉ်အေးနဲ့ချိန်းထားတာလေ.. အခုကိုရှင်လေးက နောက်မသွားနဲ့တဲ့

ဟင်း.. ယဉ်အေးတော့ ရူးတော့မှာပဲ ။

ယဉ်အေး ခေါင်းငြိမ့်ပြမှ စိတ်ချလက်ချ အပေါ်ထပ် တက်ခဲ့လိုက်သည်..

.

" ယဉ်အေး လမ်းလျှောက်ပြီးပြီလား..ဟင် အဲ့တာ ဘာလုပ်နေတာလဲ "

ရှင်လေး ယဉ်အေးနားလာတော့ ရဲရဲတောက်နေတဲ့ ငရုတ်သီးနှစ်တွေနဲ့ နယ်ထားတဲ့ အသုပ်ကိုစားနေတာနဲ့ တည့်တည့်ကိုတိုးပြီ..။

ယဉ်အေးမှာ ကိုရှင်လေးအသံကြောင့် လန့်ပြီး ပန်းကန် ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ကိုယ်နောက်ကို ပစ်ထားရသည်..

ခိုးစားကာမှ မိရတယ်လို့..တကယ်ပါပဲ

" ယဉ်အေး ငါမေးနေတယ်လေ.. မင်း ဘာလုပ်နေတာလဲလို့ "

" ဟွန့်အင်း.. ဘာလုပ်ဘူး "

ပါးစပ်ထဲ ပါးလုတ်ပါးလောင်းနဲ့ ပြန်ပြောနေတာ က ဘာမှမလုပ်ပါဘူးတဲ့.. ။

" မင်းနောက်က ကိုင်ထားတဲ့ ပန်းကန်ကို ရှေ့ချနော်.. ငါမြင်တယ် "

" ယဉ်အေး ဘာမှမကိုင်ထားပါဘူး.. "

" မင်းကိုယ်တိုင် ခုံပေါ်တင်မလား.. ငါကိုယ်တိုင် ယူပြီးချရမလား "

" ကိုရှင်လေးကလည်း.. "

" ကိုရှင်လေးကလည်း လုပ်မနေနဲ့.. မှန်းစမ်း ပါးစပ်ထဲမှာတောင် နီရဲနေပြီ မင်း "

ရှင်လေး ယဉ်အေးပါးသောင်ကို အားနဲ့ဖိကိုင်ပြီး ပါးစပ်ကို ဟစေကာ ကြည့်လိုက်တော့ ပါးစပ်တစ်ခုလုံး နီကြံရဲလို့.. ဘယ်လောက်တောင် အစပ်တွေ စားထားလိုက်လဲမသိ ။.

" မင်း ဘယ်လောက်တောင် အစပ်တွေ စားထားတာလဲ.. "

" နည်းနည်းမဆိုသလောက်ပါ ကိုရှင်လေးရဲ့.."

" မင်းရဲ့ မဆိုသလောက်လေးက ပါးစပ်တစ်ခုလုံး နီရဲနေတာ သိရဲ့လား.. ပေးစမ်း အဲ့ပန်းကန် "

ရှင်လေး ယဉ်အေးလက်ထဲက ပန်းကန်ကို လုယူလိုက်သည်.. ။

" ကျန်း ကျန်း.. ဒါလား မဆိုသလောက်လေး "

" ဟုတ်ပါတယ်ဆို "

" ဒါ မင်းကို ဘယ်သူဝယ်ကျွေးတာလဲ.. ငါတော့မဟုတ်တာ သေချာတယ် ဟိုကောင် ဝေလင်း လား "

" အယ် မဟုတ်ပါဘူး "

" ဝေလင်း မဟုတ်တော့ ယုယုလား.. "

" ယုယုလည်း မဟုတ်ပါဘူး ကိုရှင်လေးကလည်း.. "

" ဒါဆို ဒီအိမ်မှာ မင်းကိုဝယ်ကျွေးမယ့်သူ မရှိတော့ဘူး ဒါကို ဘယ်အိမ်ကလာပို့သွားတာလဲ.. "

" ...... "

ယဉ်အေးက ခေါင်းလေးငုံ့သွားပြီး လက်သည်းထိပ်တွေကို ကုတ်ခြစ်နေပြီ..

" ဘယ်သူလဲ.. မဟုတ်မှ မားလား "

ခေါင်းထဲ ဝင်လာတဲ့ အတွေးတစ်ခုကြောင့် ထုတ်မေးလိုက်ရသည်..

" ..... "

မဖြေဘူး.. ဒီလိုငြင်းချက်သံ မထုတ်ဘဲ ငြိမ်နေပြီဆိုကတည်းက သေချာနေပါပြီ တရားခံက မားပဲဆိုတာ.. ။

မားနဲ့တော့နော်..

" ဟုတ်တယ်မလား.. မား ကျွေးတာ မဟုတ်လား "

" မားက ယဉ်အေးစားချင်တယ် ဆိုလို့ လာပို့ပေးတာ.. "

" ကိုယ်ဝန်သည်က ငရုတ်သီး အစပ်ရှောင်ရတယ် ဆိုတာ မင်းမသိဘူးလား.. "

" ယဉ်အေး သိပါတယ်.. မားက နည်းနည်းလေးပဲ စားလို့ရပါတယ် ပြောလို့ "

" အဲ့ဒါနဲ့ စားလိုက်တယ် ဆိုပါတော့.. "

" ..... "

" အစပ်ရှောင်ရမယ် ယဉ်အေး.. မားကစားရတယ်ဆိုလည်း မင်းမစားရဘူး ကြားလား "

" ..... "

" ယဉ်အေး "

ပြန်မဖြေဘဲ ရေလှုံနှုတ်ပိတ်နေနေတဲ့ ယဉ်အေးကို ခပ်ဆတ်ဆတ်လေး အော်လိုက်ရသည်..

" ယဉ်အေး ကြားပါတယ်.. "

" အထဲက ကလေးကို မင်းပူလောင်နေစေချင်လား ယဉ်အေး.. "

" မပူလောင်စေချင်ပါဘူး.. အခုက နည်းနည်း လေး စားချင်လို့ပါ နှစ်လုတ်သုံးလုတ် လေးပဲ စားရသေးတာ "

" ငါမရောက်လာရင် တစ်ပန်းကန်လုံး ကုန်အောင် စားမှာမလား.. "

" ..... "

ဟုတ်နေတော့လည်း ယဉ်အေး ပါးစပ်ပိတ် ခေါင်းငုံ့ငြိမ်ခံနေရတာပေါ့.. ပြန်ဖြေရမယ့် စကားမှမရှိဘဲ ။

" အယ်.. "

ကျန်နေတဲ့ အသုပ်တွေကို သွားလွှတ်ပစ်လိုက်တဲ့ ကိုရှင်လေးကို ယဉ်အေးမတားလိုက်နိုင်..နှမြောလိုက်တာ ဆိုတာကလေ ။

" ဘာလဲ နှမြောနေတာလား ..ရုပ်က "

" မဟုတ်ပါဘူး "

ဟုတ်နေတယ် ဆိုပေမယ့်လည်း ယဉ်အေး ဘူးခံငြင်းလိုက်မိသည်..

မဟုတ်ပါဘူး ဆိုတဲ့ရုပ်ကလည်း စူပုတ်နေတာပဲ.. မသိရင် ခက်မယ် ယဉ်အေး ။

" ထ.. လမ်းသွားလျှောက်မယ် "

" ယဉ်အေး တနေကုန် လမ်းလျှောက်ထားပါတယ်.. "

" အဲ့ဒါ မင်း ထသွားထလာပဲ ရှိတာလေ.. သေသေချာချာ လေးလျှောက်ပေးမှ မင်းမွေးရဖွားရတဲ့အခါ လွယ်မှာပေါ့ ထစမ်းပါ "

ကိုရှင်လေးက ယဉ်အေး လက်မောင်းကနေ ဆွဲထူနေတာမို့ ယဉ်အေး မတတ်သာသည့်အဆုံး ထလိုက်ရသည်..

ခြံထဲဆင်းကာ ရှေ့နောက်လျှောက်နေရသည်..။

" ဖြေးဖြေးလေး လျှောက်.. "

" ယဉ်အေး လျှောက်နေပါတယ် "

ယဉ်အေး ဖြေးဖြေးလျှောက်နေတဲ့နောက် ဘာဘာညာညာ မညီးမညူ ဘဲ အတူလိုက်လျှောက်ပေးနေတဲ့ ကိုရှင်လေး.. ။

ယဉ်အေးရဲ့လက်မောင်းကို အသာဖေးကိုင်ထားပေးထားသေး သည်..

တော်တော်ကြာ လျှောက်ထားတော့ ညောင်းတောင်ညောင်းလာပြီ.. ။

" ကိုရှင်လေး ယဉ်အေး ညောင်းလာပြီ.. "

" ဟင်.. ဒါဆို နားကြမယ် "

ယဉ်အေးလက်ကို အသာကိုင်ပြီး အိမ်ထဲကို ကူတွဲထားပေးတာလည်း ကိုရှင်လေးရယ်သာ..

.

" ယဉ်အေးရေ.. နွားနို့သောက်မယ် "

" ယဉ်အေး ဒီနေ့မသောက်လို့ မရဘူးလား "

" ဘာလို့လဲ.. "

" ယဉ်အေး အီလာပြီ.. "

" အီလည်းသောက်ရမယ်.. ဒါသောက်မှ အားရှိမှာပေါ့ "

" ယဉ်အေး အားရှိပါတယ်.. "

" မရှိပါဘူး.. သောက်စမ်းပါ ရော့ "

အတင်းကို ဇွတ်တိုက်နေတာမို့ ယဉ်အေးမှာ မသောက်ချင်လည်း အောင့်အီးပြီး မော့သောက်ချရသည်..

" အခုလို သောက်လိုက်တော့ ပြီးပြီကို.. ပေး ငါသွားဆေးလိုက်ဦးမယ် "

ကိုရှင်လေးက ခွက်ကိုသိမ်းပြီး အခန်းထဲက ထွက်သွားသည်..

ကုတင်မှာလှဲအိပ်မယ်ကြံတော့ ဖုန်းဝင်လာတာမို့ ယူကြည့်တော့ အမေဖုန်းဆက်လာတာ.. ။

အခုတော့ အမေတို့ အချိန်ခါမရွေး ယဉ်အေးဆီ ဖုန်းဆက်လှမ်းနိုင်တာ ကြာနေပြီလေ..

အဘက အေးကြည်တို့ဖုန်းနဲ့ ပြောရတာ အဆင်မပြေလို့ မြို့တက်ပြီး ဖုန်းတစ်လုံး သွားဝယ်လိုက်တာလေ.. ။

" ဟယ်လို အမေ.. "

" သမီး နေကောင်းရဲ့လား.. "

" ဟုတ် ယဉ်အေး နေကောင်းပါတယ် အမေရဲ့.. အမေတို့ရော နေကောင်းလား "

" ကောင်းပါ့.. သမီးသာ ဂရုစိုက်နော် သမီးက အခုဆို တစ်ယောက်ထဲ မဟုတ်တော့ဘူးလေ အစစအရာရာ ဂရုစိုက်.. သွားတာလာတာ စားတာသောက်တာ အကုန်သတိထားရမယ့်အချိန်နော် "

" ဟုတ်ကဲ့.. ယဉ်အေးလည်း ဂရုစိုက်ပါတယ် ကိုရှင်လေးကလည်း ယဉ်အေးကို အနီးကပ် စောင့်ရှောက်ပြီး ဂရုစိုက်ပေးတယ် ကိုရှင်လေးမအားတဲ့အချိန်ဆို မားတို့က ဂရုစိုက် ပေးတယ်.. "

" အေးအေး.. ဂရုစိုက်ကြတယ် ဆိုတော့ အမေလည်း ဝမ်းသာပါတယ် အမေကသမီးကို အိပ်မက်မက်လို့ နေကောင်းရဲ့လား ဆိုပြီး လှမ်းဆက်ကြည့်တာ.. "

" ယဉ်အေး နေကောင်းပါတယ် အမေရဲ့.. စိတ်ချနော် "

" အေအေး.. သမီးအဘကလည်း ယဉ်အေး နေမှကောင်းရဲ့လား မေးနေတာ "

" ယဉ်အေးကို စိတ်ချပါလို့ ပြောပေးပါဦးနော် "

" အေအေး.. သမီးအဘက သမီးကို လွမ်းနေတာ "

" ယဉ်အေးလည်း အဘနဲ့အမေကို လွမ်းတယ်.."

" အေးပါကွယ်.. ဒါပဲနော် သမီး အိပ်ရေးဝဝအိပ် အစားပုံမှန်စား အားရှိအောင်နေ "

" ဟုတ် အမေ.. "

" အေ အေး.. ဒါပဲ ဒါပဲ "

အမေက ဖုန်းချသွားပေမယ့် ယဉ်အေးမှာ ဖုန်းလေးကိုင်ပြီး မျက်ရည်လေးဝဲနေမိသည်.. မျက်ရည်မကျအောင် တင်းခံထားပေမယ့်လည်း မရပါ
က်ျမဲ က်ဆဲ.. ။

" မင်းအမေနဲ့ ဖုန်းပြောနေတာလား.. "

ဟင်.. ။

နောက်ကျောဘက်က ကိုရှင်လေးအသံကြောင့်  ယဉ်အေး ကျနေမိတဲ့မျက်ရည်ကြောင်းကို လက်ချောင်းလေးတွေနဲ့ ဗျာကာလေး သုတ်ဖယ်လိုက်ရသည်..

" အင် အင်း ဟုတ်တယ်.. "

ဘေးနား လာဝင်ထိုင်နေတဲ့ ကိုရှင်လေးကြောင့် ယဉ်အေး ဘေးဘက်တိုးထိုင်ပေးရင်း ဖြေလိုက်သည်..

" ဘာလို့ မျက်ရည်ကျနေရတာလဲ.. "

ယဉ်အေးပါးနှစ်ဖက်လုံးကို ဖေးမကိုင်ပြီး လက်မတွေနဲ့ မျက်ရည်သုတ်ပေးနေမိသည်..

" စိတ်မချမ်းသာစရာတွေ မတွေးထားရဘူးလေ ယဉ်အေး.. "

" ယဉ်အေး ယဉ်အေး.. အမေနဲ့အဘ ကို သတိရလို့ပါ "

ယဉ်အေး မငိုဖို့ ထိန်းပေမယ့် မရတော့ ကိုရှင်လေးရင်ခွင်ထဲ ခေါင်းမှေးမှီကာ ငိုပြီး ပြောလိုက်ရသည်.. 

ရှင်လေးရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လာကာ မျက်ရည်ကျနေတဲ့ ယဉ်အေး.. ရှင်လေး ယဉ်အေးကိုယ်လုံးလေးကို ဖက်ပြီးလက်မောင်းလေးကို အသာပုတ်ပေးနေမိသည်.. ။

" မင်းအိမ်ပြန်ချင်လား.. "

" ...... "

ဖြေတောင်မဖြေနိုင်.. ရင်ခွင်ထဲမှာ ရှိုက်ငိုရင်း ခေါင်းတဆတ်ဆတ်လေး ငြိမ့်နေတဲ့ ယဉ်အေး ။

" ငါလိုက်ပို့ပေးမယ်.. "

" ဟင်.. "

ယဉ်အေး ကိုရှင်လေး ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပြီးကြည့်လိုက်မိသည်..

" ကိုရှင်လေး လိုက်ပို့လို့ရလို့လား.. "

" လေးငါးရက်လောက် အနားယူလိုက်လို့ ရပါတယ်.. မင်းနဲ့ငါ ခဏပြန်ကြတာပေါ့ မင်းအိမ်ကို "

" ဟင် တကယ်လား.. "

" ငါ လိမ်တဲ့ပုံပေါက်နေလို့လား.. "

" တကယ် တကယ်ပေါ့.. ကျေးဇူးပါ ကိုရှင်လေး တကယ် ကျေးဇူးပါ "

" အဟက် အဟွန်း.. "

ရှင်လေးရင်ခွင်ထဲကို ခေါင်းလေးပြန်လျှိုဝင်ကာ ရှင်လေးခါးကို ဖက်ကာ ကျေးဇူးတွေ တင်နေတဲ့ယဉ်အေးကြောင့် ရှင်လေးကျေနပ်သွားရကာ ရယ်နေမိသည်..

ပြီး ယဉ်အေး ကိုယ်လေးကို ပြန်လည်သိုင်းဖက်ရင်း ယဉ်အေးခေါင်းလေးပေါ် ရှင်လေးရဲ့မေးတင်ကာ လက်လေးနဲ့ အသာပုတ်ပေးနေမိသည်.. ။

ယဉ်အေး ပျော်နေရင် ရှင်လေး ကျေနပ်နေပါပြီ.. ရှင်လေးအတွက် ကျန်တာ မလိုပြီ

.

ပါးနဲ့မားက ယဉ်အေးရဲ့ရွာကို လိုက်လာချင်ကြပေမယ့် အလုပ်တွေ ထားခဲ့မရတာကြောင့် မလိုက်ဖြစ်ကြ.. ။

နှစ်ယောက်ထဲ ဆင်းသွားကြဖို့ကိုလည်း ပါးနဲ့မားက စိတ်မချကြပြန်.. ယဉ်အေးကလည်း ကိုယ်ဝန်နဲ့မို့ နှစ်ယောက်ထဲ မသွားစေချင်ကြတာမို့ ဝေလင်းကိုပါ  ခေါ်ရသည်.. ဝေလင်းကို ခေါ်တော့ ယုယုကပါ လိုက်ချင်တယ် ပြောတော့ ယုယုကိုပါ ခေါ်ရသည်.. မထင်မှတ်ဘဲ ခရီးက လူစည်ရသည်

" ယဉ်အေး ဘာထည့်နေပြန်တာလဲ.. "

အဝတ်အိတ်ကို ပြင်ဆင်နေတာ အခုထိ မပြီးနိုင်မစီးနိုင် သေးတဲ့ ယဉ်အေးကြောင့် မေးရပြီ..

" ဒီလိုပဲ လိုတာလေး ထည့်လိုက် .. မလိုတာ ထုတ်လိုက်နဲ့ လုပ်နေတာ "

" မင်းလည်း ရွာမသွားတဲ့ထိ ဒီအိတ်ကို ဖွင့်လိုက်ပိတ်လိုက် ဘယ်နှခါလောက်များ လုပ်နေမလဲမသိဘူး.. ထားလိုက်တော့ အကုန်စုံနေပြီ "

" အင်းပါ.. "

ကိုရှင်လေး ပြောလည်းပြောချင်စရာ.. ယဉ်အေး အဖွင့်အပိတ် လုပ်နေတာ ဘယ်နှခါတောင် ရှိနေပြီမှန်းလည်း ယဉ်အေးကိုယ်ယဉ်အေး မသိ

" လာတော့ လာတော့.. အိပ်မယ် မနက်ဖြန် မနက်ကျ သွားရမှာ မင်းအိပ်ရေးဝဝ အိပ်မှရမယ်  လာအိပ်တော့ "

" အင်းပါ .. ကိုရှင်လေးအိတ်ရော ပြင်ဆင်ထည့်ပြီးပြီလား "

" ပြီးပြီ.. မပြီးသေးရင် မင်းက ဘာသွားလုပ်ဦးမှာ မလို့လဲ "

" မေ့ကျန်ခဲ့တာရှိရင် ရွာရောက်မှ ကိုရှင်လေး အသုံးလိုနေရင် ဘယ့်နှယ့်လုပ်မလဲ.. "

" လိုလည်း ဝယ်လို့ရပါတယ်ကွာ.. မင်းကလည်း "

" ဟောကြည့်.. အဲ့တော့ ပိုက်ဆံ အပိုကုန်နေမှာပေါ့ ပြီး ကိုရှင်လေးက အကောင်းကြိုက် တော်တန်ရုံဆို မျက်လုံးထဲကို မဝင်ဘူး "

ဗိုက်လေးတကားကားနဲ့ ရှင်လေးကို ပွစိပွစိ ရွတ်နေတဲ့ ယဉ်အေးကို ကြည့်ပြီး ရှင်လေးမှာဘာကို ကျေနပ်နေမှန်းမသိ ကျေနပ်နေမိကာ ပြုံးနေမိတာလေ.. ။

" ရှင်လေးတို့က ငယ်ကတည်းက ကောင်းပေ့ဆိုတာမှ ကောက်ကိုင်ယူတာ.. "

" ဟုတ်ပါတယ်.. ဒါပေမယ့် နည်းနည်းပါးပါး လေးတော့ ချင့်ချိန်သုံးမှပေါ့ အကောင်းဆုံးဆိုတဲ့အရာတောင် လက်ဝယ်ကိုင်ထားတဲ့ လူပေါ်မူတည်သေးတယ်.. လက်ဝယ်ကိုင်ထားတဲ့ လူက ရိုသေမှုမရှိရင် စည်းကမ်းမရှိရင် အကောင်းဆုံးဆိုတဲ့ အရာကလည်း ပျက်စီးသွားတတ်တာပဲ..အကောင်းဆုံး မဟုတ်ဘဲ တော်တန်ရုံလောက်လေး ရှိတဲ့အရာကို ကောင်းကောင်းကိုင်ပြီးသုံးရင် အကောင်းဆုံး ဖြစ်တာပဲ.. ဘယ်အရာမဆို ကိုယ့်အပေါ်ပဲ မူတည်တာပါ ကိုယ့်လက်ထဲရောက်နေတဲ့ အရာတွေကို ကောင်းကောင်းတတ်ကျွမ်းစွာ ကိုင်တတ်သုံးစွဲတတ်ရင် အကောင်းဆုံးဆိုတဲ့အရာ ဖြစ်သွားပါတယ် ကိုရှင်လေးရဲ့.. "

" ဟုတ်ပါပြီ.. လာ အိပ်တော့ "

" စကားလမ်းကြောင်း မလွှဲလိုက်ပါနဲ့.. "

" မလွှဲပါဘူးကွာ.. မင်းပြောတာ ငါသဘောပေါက်တယ် ဒီတော့ မင်းလေကုန်အာညောင်း ခံမနေဘဲ အိပ်လိုက်တာ မင်းအတွက် ပိုအကျိုးရှိပါတယ်ကွာ လာ လာ.. အိပ်တော့ "

" ...... "

ဇွတ်ကို အိပ်ယာဝင်ခိုင်းတဲ့ ကိုရှင်လေးကြောင့် ယဉ်အေးမှာ မတတ်သာစွာ အိပ်ယာဝင်လိုက်ရတယ်.. ။

ဟင်း.. ဒီကိုရှင်လေးနဲ့တော့ ယဉ်အေး ဘယ်လိုလုပ်လိုက်ရမှန်းကို မသိတော့ဘူး

" လျှောက်တွေးမနေဘဲ အိပ်တော့.. "

ယဉ်အေးနောက်ကျောဘက်ကနေ ခါးကို လှမ်းဖက်ရင်း ပူနေတဲ့ဗိုက်ကို အသာကိုင်ကာ တီးတိုးပြောလိုက်တဲ့ ကိုရှင်လေး..

" အင်း "

ယဉ်အေး အသာလေးပြန်ပြောရင်း မျက်လုံးမှိတ်အိပ်လိုက်ရသည်.. ။

မနက်ဖြန် အမေတို့နဲ့တွေ့ရမှာမို့ ဝမ်းသာပြီး တန်းအိပ်မပျော်နိုင်.. ဗိုက်က ကလေးကြောင့် အိပ်ရေးဝဝ အိပ်ဖို့ လိုတာမို့ ကိုယ့်ဘာသာကိုယ် တော်တော် သိပ်ယူရသည်..။

အိပ်ပါတော့ ယဉ်အေးရယ်..

.

" ဖြေးဖြေးတက်.. "

ယဉ်အေးလက်ကို တွဲပြီး ကားထဲဝင်ခိုင်းနေတဲ့ ကိုရှင်လေး..

ယဉ်အေး နောက်ခန်းက ခုံမှာ သေချာလေး ကျကျနန ထိုင်လိုက်သည်.. ။

" အိတ်တွေ မေ့နေမယ်နော်.. "

ယဉ်အေး ကားထဲမှာ ထိုင်ရင်း ကိုရှင်လေးကို လှမ်းအော်သတိပေးရသည်..

" မေမ့ပါဘူးကြာ.. "

" အိတ်ကို သေချာစစ်ဦးနော်..သုံးအိတ်ရှိတယ် ခြင်းတောင်းလည်း ပါသေးတယ်နော် "

" ကဲ ယဉ်အေး.. ငါသိပါတယ်ကွာ မင်းသာကားထဲမှာ ငြိမ်ငြိမ်လေးထိုင်နေ "

ကားထဲမှာ အသာမထိုင်ဘဲ ပေါက်ပေါက်လှော်နေတဲ့ ယဉ်အေးကို ရှင်လေးလှမ်းပြောလိုက်ရသေးသည်.. ။

ဒီကလူက အကုန်သေချာစစ်ပြီး တင်နေတယ်..ဒါကို ကားထဲကနေ ဆရာလှမ်းလုပ်နေသေးတယ်

ယဉ်အေးကလေ ကိုယ်ဝန်ရလာမှပဲ ပါးစပ်က အငြိမ်ကိုမနေဘူး.. နေရာတကာ လိုက်လိုက်ပြောနေတာ ။

ရှင်လေး စိတ်ထဲကနေ ပြောနေမိသည်..

ကိုလေးနဲ့မလေး ကိုကြည့်ပြီး ယုယုတို့နှစ်ယောက် ခေါင်းချင်းဆိုင်ကာ တီးတိုး ရယ်နေမိသည်..

" ကဲ ပြီးပြီ.. သွားမယ် "

" ဟုတ်ကဲ့ ကိုလေး "

ဝေလင်းက ကားမောင်းတာဝန် ယူပေးသည်..

အားလုံးတင်ပြီး အိမ်ကနေ ထွက်ခဲ့လိုက်သည်..ဒါတောင် လမ်းရောက်တဲ့ထိ ယဉ်အေးမှာ ပါးစပ် အငြိမ်လေးမနေနိုင်

" မီးတွေ ပိတ်ခဲ့ပါတယ်နော် "

" အင် "

" မိန်းတွေ သေချာချခဲ့ပါတယ်နော်.. "

" အင် "

" အခန်းတွေကိုလည်း လော့ခ် သေချာချခဲ့လောက်ပါတယ်နော်.."

" အင် "

" တံခါးတွေ သေချာပိတ်ပြီးပြီလား မသိဘူးနော်.. " 

" မပိတ်မိတော့ ဘာဖြစ်လို့လဲ "

ရှင်လေး စိတ်ပေါက်ပေါက်နဲ့ မေးချလိုက်သည်..တကယ်ကို မေးမဆုံးနိုင်ဘူး သူ့မှာ ။

" သူခိုးတွေ ဝင်ရင် ဘယ့်နှယ့်လုပ်မလဲ.. "

" အလှူ လုပ်လိုက်တယ်ပေါ့ကွာ..ဘာဖြစ်လဲ ကုသိုလ်တောင် ရသေးတယ် "

" အို.. ဒါက ဘယ်လိုကုသိုလ် ရနိုင်မလဲ ကိုယ့်ပစ္စည်းတွေ ပါသွားရမယ့်ကိစ္စ.. ကိုရှင်လေးကလေ သိပ်ကို အလွယ်ပြောတာပဲ ပစ္စည်းတွေအားလုံးက ပိုက်ဆံနဲ့ပေးဝယ်ထားရတာ အလကားရထားတာတွေ တစ်ခုမှမပါဘူး "

" ကဲ ယဉ်အေး.. ခရီးထွက်လာမှတော့ စိတ်ဖြောင့်လက်ဖြောင့်နဲ့ ထွက်ရအောင် စိတ်ချအားလုံးငါလုပ်ခဲ့တယ်.. ပါသွားလည်း ဘာဖြစ်လဲကွာ ငါပြန်ဝယ်မှပေါ့ ဘာခက် "

ကြည့်.. ပြောတော့ စိတ်ဖြောင့်လက်ဖြောင့် နဲ့ ခရီးထွက်ရအောင် ပြောပြီးတော့ ပါသွားလည်း ဘာဖြစ်လဲတဲ့ ပြန်ဝယ်မှာပေါ့နဲ့တောင် လာတိုးနေသေးတယ် ။

အဲ့တော့ ဒီကယဉ်အေးက စိတ်ဖြောင့်ရမလို စိတ်မဖြောင့်ရတော့မလိုနဲ့ ဖြစ်ကျန်နေရတာ မဟုတ်လား..

ကိုရှင်လေး ကလေ.. တကယ်ကို ကျွဲပါးစောင်းတီးပဲ ။

အို.. ကန်တော့ပါ ကျွဲနဲ့နှိုင်းချင်လို့ နှိုင်းမိလိုက်တာ မဟုတ်ပါဘူး

ယဉ်အေးနဲ့ စိတ်နဲ့ပစ်မှားမိပြီး စိတ်နဲ့ပဲ ပြန်ကန်တော့ပြီး တောင်းပန်လိုက်ရသည်.. ။

ယဉ်အေးတော့ ငရဲကိုသွားဖို့ ကိုယ်တိုင် ဝယ်ယူလက်မှတ်ဖြတ်နေမိပါလားနော်..

ကန်တော့ ကန်တော့ပါ.. ကိုရှင်လေးရေ ။

.

" မင်း ခေါင်းမူးနေလား.. "

" အင် "

" ငါ့ပခုံးမှာ မှီနေ.. "

" ..... "

မမှီဘဲနေဖို့ ယဉ်အေးမှာ ငြင်းချက်လည်းမထုတ်နိုင်.. ငြင်းခွင့်လည်း မသာနိုင်တော့ ။

ကိုရှင်လေးက ယဉ်အေးခေါင်းကို အသာဆွဲယူပေးပြီး ကိုရှင်လေးရဲ့ပခုံးမှာ ဖေးမှီခိုင်းထားစေသည်..

ကားမှန်ကိုလည်း ချထားစေပြီး လေဝင်လေထွက်ရှိအောင် ကိုရှင်လေး လုပ်ပေးထားပြန်တာလေ.. ။

ဒါတောင် ခေါင်းမထူနိုင်ဘဲ ဖြစ်နေတဲ့ ယဉ်အေး ..

အရင်တစ်ခေါက် ရန်ကုန်ကို တက်လာတော့လည်း ခေါင်းမူးတယ်.. အခုရန်ကုန်က ဆင်းပြန်တော့လည်း ခေါင်းမူးပြန်တယ်

ဒါပေမယ့် အခြေနေလေးက သိပ်မတူတော့ပါ.. အရင်က ကိုရှင်လေးရဲ့ ပခုံးမှာ မှီထားဖို့ နေနေသာသာ ကျောပြင်ကြီးကိုပဲ ကြည့်နေခဲ့ရတာ

အဲ့တုန်းက ကိုရှင်လေးက ရှေ့ခေါင်းခန်းထဲမှာပဲ ထိုင်နေတာ.. ယဉ်အေးခေါင်းမူးနေတာတောင် လှည့်မေးမြန်းခဲ့တာ မဟုတ်.. ။

ယဉ်အေး ခေါင်းမူးတော့ မားပခုံးကိုမှေးမှီခဲ့ရတာ.. အခုတော့ ယဉ်အေး ကိုရှင်လေး ရဲ့ ပခုံးကို မှေးမှီခွင့်ရတယ် ကိုရှင်လေးရဲ့ရင်ခွင်ထဲမှာ ခိုလှုံခွင့် ရတယ်.. ။

ကိုရှင်လေးကလည်း ယဉ်အေးဘေးမှာ ရှိနေသလို ကလေးလေးကလည်း ယဉ်အေးအသွေးအသားထဲမှာ အသက်ရှူ နေနေတယ်.. တကယ်တမ်း စဉ်းစားကြည့်ရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ အသက်ရှင်နေတဲ့ သက်ရှိလေး ရှိနေတယ် ဆိုတာက အံ့ဩ စရာ ဖြစ်ရပ်လေး တစ်ခုလိုပဲ..။

ယဉ်အေး ဗိုက်လေးကိုလည်း အသာကိုင်ထားရင်း ကိုရှင်လေးရဲ့ရင်ခွင်ထဲမှာ မှီအိပ်နေရင်းကနေ ပြုံးနေမိသည်.. သက်ရှိနှစ်ယောက်ကြောင့် ယဉ်အေး မူးမော်နေတာတောင် ဘယ်ပျောက်လို့ ပျောက်သွားမှန်းမသိ.. မေ့တောင် မေ့နေမိရတဲ့ အဖြစ်ပါ ။

ယဉ်အေးကြောင့် ကားကို တိုက်ရိုက်မောင်းချမသွားဘဲ တစ်ထောက်နား တစ်ထောက်ရပ်ပေးသည်..

" ရလား ဝေလင်း.. ငါ တစ်လှည့်မောင်းပေးမယ်"

" ကျွန်တော်က အေးဆေးပါ ကိုလေးရဲ့.. မလေးကိုသာ ဂရုစိုက် နေပါ "

" အေး.. မင်းကို ခေါ်လာလို့ပဲ တော်သေးတာပေါ့ "

" ကိုလေး ယုယုရော.. "

" ယဉ်အေးအတွက် ကူဖော်လောင်ဖက် ရတော့ ခေါ်လာမိလို့ တော်သေးတယ် ရပြီလား.. "

" အင်.. "

ရှင်လေး ဖွဖွ ပြုံးလိုက်ရသည်.. ။

မားနဲ့ပါးကိုလည်း ကျေးဇူးတင်ရသေးသည်..မားတို့ ကြောင့် သာ ခေါ်ဖို့ အကြံရတာ မဟုတ်ရင် နှစ်ယောက်ထဲ ဆင်းလာဖြစ်ကြမှာ..

ယဉ်အေးက ရန်ကုန်ကစထွက်ကတည်းက ကို တိုက်ပွဲကျနေပြီ..

ရှင်လေး ရင်ခွင်ထဲ ထည့်ပြီး ပခုံးကိုမှီစေကာ ခေါ်လာရတာကလည်း တစ်လမ်းလုံးပဲ..။

သို့ပေမယ့် စိတ်မညစ်စေပါ.. ဒီဗိုက်ဗိုက် လေးကို ပွေ့ဖက်ခေါ်ထားရတာကို ပီတိတွေဖြာ ကျေနပ်နေမိတာ ရှင်လေးအသိဆုံးပါ..

အိပ်ပျော်နေတဲ့ ယဉ်အေးမျက်နှာက ဆံပင်စတွေကို ရှင်လေးဖယ်ပေးပြီး ယဉ်အေးခေါင်းပေါ်မှာ မေးလေးတင်ကာ ဆံနွယ်လေးတွေကို အသာနမ်းရှိုက်မိသည်.. ။

" ကိုလေး မလေးက မနိုးသေးဘူးလား.. "

" အေး "

" တော်တော်ကြာတယ်နော်.. နှိုးတော့မလား ကိုလေး ညောင်းနေလိမ့်မယ် "

" နေပါစေ .. ရွာထဲရောက်မှပဲ ငါနှိုးလိုက်တော့မယ် ရောက်တော့မှာပဲကို "

" ဟုတ်.. "

အိမ်လွမ်းနေတဲ့ ဗိုက်ဗိုက်က

You are reading the story above: TeenFic.Net