Part (23)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (23)

ယဉ်အေးမှာ ကိုယ်ဝန်ရှိတော့ မားဖြင့် ပျော်လွန်းနေတာ.. ရွာကအဘတို့ကိုလည်း မားကပဲ အကြောင်းကြားပြီး ဖုန်းဆက်သေးတာ.. ။

ပါးကိုလည်း ဖုန်းဆက်လှမ်းကြွားလို့.. ဒါတောင် ကိုရှင်လေးကို ဖုန်းဆက်မယ်ဆိုလို့ ယဉ်အေးမှာ မနည်းတားထားရတယ်.. ယဉ်အေးကိုယ်တိုင်ကိုယ်ကျပဲ ပြောပါမယ်လို့

မားကလည်း လက်ခံပေးသည်.. ။

အဲ့ထိက ကိစ္စ မဟုတ်.. ယဉ်အေး ကိုရှင်လေးကို ဘယ်လိုပြောပြရမလဲ ဆိုတာက ခက်နေတာ

နှစ်ယောက်သား က အခုမှ ရင်းနှီးသယောင်ယောင်ရှိသေးတာ.. မမျှော်လင့်ဘဲ ရောက်လာတဲ့ ရင်သွေးလေးက ယဉ်အေးတို့နှစ်ယောက်ကြား ဝင်ရောက်လာခဲ့တာလေ ။

ယဉ်အေးမှာ တနေကုန် တနေခမ်းတဲ့ထိ ကိုရှင်လေးကို ဘယ်လိုပြောပြရမလဲ ဆိုတာကို စဉ်းစားလို့မရ..

ကိုရှင်လေး စောစောပြန်လာခေါ်လို့ ဒီနေ့တော့ နှစ်ယောက်သား အစော အိမ်ပြန်ရောက်နှင့်နေပြီ.. ။

ထမင်းစားတုန်း ပြောရမလား လို့ တွေးနေရတဲ့အလုပ်တစ်လုပ်ကြောင့် အစားတောင် ကောင်းကောင်း မစားခဲ့ရဘူး.. ကောင်းကောင်းလည်း မြိုမကျနိုင်

အခုထိလည်း ဘာဆိုဘာတစ်ခုမှ မဟရသေးတာတော့ မဟုတ်သေးပါဘူး.. ပြောဦးမှပါလေ ။

" ယဉ်အေး ယဉ်အေး.. "

" ဟင် "

" မင်းဘာတွေ အတွေးလွန်နေတာလဲ.. ငါမေးနေတာ တောင်မကြားဘူး "

" ဟွန်.. ကိုရှင်လေးက ဘာမေးနေတာလဲ "

" မား တို့ ဘာဖြစ်နေတာလဲလို့ မေးတာ.. ညနေ မင်းကို လာခေါ်တော့ မျက်နှာက ပြုံးပျော်နေတာ ပြီး ငါ့ကို တိုးတိုးကြိတ်ကြိတ် လာပြောသွားသေးတယ်.. မင်းကို ဂရုစိုက် လိုက်ဦးတဲ့ မင်းနေမကောင်းလို့လား "

" ဟင် အဲ.. မဟုတ်ပါဘူး "

" မဟုတ်ပါဘူး.. မင်း ပုံမှန်ကို မဟုတ်ဘူး မှန်း "

ပြောရင်းဆိုရင်းနဲ့ကို ယဉ်အေးနဖူးကို ကိုရှင်လေးက လက်ဖမိုးနဲ့လာစမ်းသပ်နေပြီ.. အဲ့လိုနေမကောင်းတာ မဟုတ်ရပါဘူး ကိုရှင်လေးရယ် ။

" ပုံမှန်ပါပဲ.. ငါ့ကိုယ်တောင် မင်းထပ်ပိုနွေးချင်နွေးလိမ့်ဦးမယ် "

" ယဉ်အေး နေကောင်းပါတယ်.. "

" မင်း နေကောင်းတာကြီးကလည်း အရင်နေ့ကနဲ့မတူလိုက်တာ.. မင်းတစ်ခုခုဖြစ်နေလည်း ငါ့ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ် တော်ကြာအပ်နဲ့ထိုးရမှာကို ပုဆိန်နဲ့ပေါက်နေရမယ် "

" ...... "

ယဉ်အေးလည်းပြောပြချင်ပါတယ်.. ဒါပေမယ့် အသံက လည်ချောင်းဝကနေ မတက်လာတာ ခက်တယ် ကိုရှင်လေး ရဲ့.. ။

" ကို.  ကိုရှင်လေး "

" အင် ပြောလေ.. "

ယဉ်အေးရေ လမ်းခင်းပေးနေပြီပဲ.. ပြောလိုက်ပါတော့ မထူးပါဘူး နောင်လည်းသိရမှာပဲကို

" ဟို.. ယဉ်အေးမှာ ဟို "

တဟိုဟိုနဲ့ လေးတိလေးကန်လေး ဖြစ်နေတဲ့ ယဉ်အေးကိုကြည့်ပြီး ရှင်လေးအားမရတော့.. ။

" ယဉ်အေး ငါ့ကို ကြောက်မနေဘဲ ရဲရဲတင်းတင်း သာ ပြောစမ်းပါ.. "

" ယဉ်အေးမှာ ကလေးရှိနေပြီတဲ့.. "

" ဟမ်.. ဘယ်လို ဘာဖြစ်တယ် "

" ကိုယ်ဝန်ရှိနေပြီ ကိုရှင်လေး.. ငါးပတ်ကျော်နေပြီတဲ့ "

" မင်းကို ဘယ်သူက ပြောတာလဲ "

" ဆရာ..ဆရာဝန်က "

ရှင်လေး စိတ်တွေအရမ်းလှုပ်ရှားလာတာတော့ မငြင်းပါ.. ဒါပေမယ့် ပျော်သည် ဝမ်းသာသည် ဝမ်းနည်းသည် ဆိုတာတွေ ဘာတွေ ဘာမှမသိတာ တော့ အမှန် ။

" ကလေး ရှိနေတာ အသေချာပေါ့.. "

" ...... "

ပျော်နေတာ မဟုတ်ဘဲ အထိတ်တလန့်ကြီးနဲ့ ဖြစ်နေတဲ့ ကိုရှင်လေးကိုကြည့်ပြီး ယဉ်အေး တုန်လှုပ်မိသည်.. ။

" မင်း မတားထားဘူးလား ယဉ်အေး.. "

" ဘယ်လို ကိုရှင်လေး.. "

ယဉ်အေး နားမရှင်းလို့ မဟုတ်ပါ.. ကြားသည် ရှင်းရှင်းလင်းလင်း နဲ့ကို ကြားလိုက်တာပါ ။

" ငါအဆင်သင့်မဖြစ်သေးဘူး.. ငါဘာမှ မပြင်ဆင်ထားရသေးဘူး ဒီအရွယ် ဒီအရွယ်နဲ့ ငါကလေးအဖြစ်ကို မတွေးထားသေးဘူး ယဉ်အေး "

အို.. ။

ဒါ ဒါ ဘာသဘောလဲ.. ကိုရှင်လေး ။

ဘာအဓိပ္ပာယ် သက်ရောက်သွားတာလဲ..

" ကိုရှင်လေး ဒီလိုဖြစ်မယ်လို့လည်း ယဉ်အေးမထင်ထားတာတော့ အမှန်ပဲ.. ဖြစ်လာမယ်လို့လည်း ယုံကြည်နေတာမှမဟုတ်တာ ပြီး လက်ထပ်ထားပြီးနေပြီပဲ ဘာလို့ယဉ်အေးက တားဆီးပိတ်ပင်နေရဦးမှာလဲ .. တကယ်တမ်းပြောရရင် ကိုရှင်လေးနဲ့ယဉ်အေးက လက်ထပ်လိုက်ကတည်းက ဒီနေ့ဒီချိန်ထိ ခွဲတမ်းနဲ့နေလာကြတဲ့သူတွေပါ.. ခွဲတမ်းနဲ့နေနေကြမှတော့ ယဉ်အေး က ဘာတွေကို တားဖို့ပြင်ဆင်ထားရဦးမှာလဲ "

" ဒါပေမယ့် မင်းနဲ့ငါတောင် ရင်းနှီးမှု မရှိသေးဘူး.. ကလေးရောက်လာတာက အရမ်းကိုစောနေတယ်လေ "

" ဒါတော့ ဘယ်တတ်နိုင်မလဲ ကိုရှင်လေး.. ကလေးက လေဥ ဥပြီးရောက်လာတာ မဟုတ်မှန်းတော့ ကိုရှင်လေးရော ယဉ်အေးရောသိနေတာပဲ "

" ...... "

ယဉ်အေး ဘာကိုဆိုလိုချင်မှန်း ရှင်လေး နားလည်ပါသည်.. ။

ဒါပေမယ့် ရှင်လေး စိတ်ကို မပြင်ဆင်ထားရသေးဘူး ခုချိန်ထိ..

" ငါ ကလေးအဖေ ဖြစ်လာလိမ့်မယ်လို့ အခုချိန်ထိ ငါ့စိတ်ထဲ ဘာတစ်ခုမှ မတွေးထားသလို မပြင်ဆင်ရသေးဘူး ယဉ်အေး.. "

" အဲ့တော့ ဒီကလေးကို တာဝန်မယူနိုင်ဘူးလို့ ပြောချင်နေတာလား ကိုရှင်လေး.. ရတယ် ယဉ်အေးတစ်ယောက်ထဲ တာဝန်ယူနိုင်အောင် ကြိုးစားမယ် ကလေးအဖေအဖြစ် ကိုရှင်လေးပြင်ဆင်နေဖို့ မလိုပါဘူး.. မွေးစာရင်းမှာ ကိုရှင်လေးရဲ့နာမည်ပဲ ထည့်မယ် ကျန်တာ အားလုံး ယဉ်အေးပဲ တာဝန်ယူမယ် "

ယဉ်အေး ပြောပြီးတာနဲ့ ကိုရှင်လေးရှေ့ကနေ ထထွက်ခဲ့လိုက်သည်.. ။

" မဟုတ်ဘူး ယဉ်အေး..ငါ "

" ယဉ်အေးလည်း စိတ်ကိုမပြင်ဆင်ထားရသေးပေမယ့် လက်ခံနိုင်တဲ့အားတော့ ရှိပါတယ် ကိုရှင်လေး.. "

ဟင်.. ။

ယဉ်အေးက ရှင်လေးကို ကျောခိုင်းပြီးတော့ အေးဆေးလေးပဲ ပြောသွားတဲ့စကားတစ်ခွန်းက ရင်ထဲကို အသာလေးနဲ့ လှုပ်ရမ်းခတ်သွားသည်..

ရှင်လေး  လက်မခံနိုင်တာတို့ တာဝန်မယူချင်တာတို့တော့ လုံးဝမဟုတ်ပါ.. ။

ရှင်လေး စိတ်ကို ရှင်လေး မပြင်ဆင်ရသေးတာ တစ်ခုလေးကြောင့်သာ..

" ဟူး.. "

ရှင်လေး သက်ပြင်းလုံးကြီး တစ်ခုကို မှုတ်ထုတ်ချကာ ခုံမှာခေါင်းနောက်ပြန်မှီလဲရင်း မျက်လုံးတွေမှိတ်ချလိုက်သည်.. ။

.

ယဉ်အေး မျက်ရည်မကျမိအောင် ထိန်းနေပါသည်.. ဒါပေမယ့် မရပါ ။

တွေးတွေးမိတိုင်း မျက်ရည်တွေ ကျလာဆဲပါ..

စိတ်ကိုမပြင်ဆင်ရသေးဘူးတဲ့.. အဟက် ပြောလိုက်တာက လွယ်လွန်းလိုက်တာ ။

ကိုရှင်လေးပဲလား ကိုရှင်လေးပဲ စိတ်ကို မပြင်ဆင်ရသေးတာလား.. ယဉ်အေးကရော စိတ်ကို ပြင်ဆင်ထားလို့လား အခုချိန်ထိ လင်မယား ဆိုတာ ဘာဘာညာညာ သေချာ ခွဲတတ်သူမဟုတ်ပါဘူး.. ရင်းနှီးမှုထက် နားလည်မှုနံရံပါးလေးနဲ့ပဲ ဒီအိမ်ထောင်ရေးမပြိုကျ သွားအောင် ယဉ်အေးတို့ တည်ဆောက်ထားရတာပါ..။

ရင်းနှီးမှု မရှိတဲ့ ဒီအိမ်ထောင်ရေးကြားထဲ ဒီခိုင်မာလောက်မယ့် ကြိုး မိုးနတ်မင်းက ပေးသနားလိုက်တာလား.. ဒါမှမဟုတ် ဖြိုခွဲလိုက်ဖို့ ပေးခဲ့တာလား

ယဉ်အေး ယဉ်အေးလည်း စစချင်းကြားတော့ ယုံတောင်မယုံနိုင်ဘူး.. ဟောဒီ့ဗိုက်သေးသေးလေးထဲ ကလေးရောက်လာတာကို ယုံဖို့ဆိုတာ အတော်ကို လိုအပ်နေခဲ့တာပါ.. ။

ဗိုက်ထဲ ကလေးရှိတယ်ကြားတော့ သွေးကြောတွေတောင် နွေးထွေးပြီး သိမ့်ခနဲလေးဖြစ်သွားရတာ.. အမှန်တိုင်း ပြောရရင် အခုထိ ခန္ဓာကိုယ် ကြီး ဘာမှပြောင်းလဲမှု မရှိသေးလို့ ကလေးရောက်နေတာက ယုံရခပ်ခက်ခက်ရယ်..

ဒါပေမယ့် ယဉ်အေးလက်ဝါးလေး ဗိုက်မှာကပ်လိုက်တာနဲ့ လက်ဝါးလေးမှာခံစားနေရတယ်..ဗိုက်ထဲက ကလေးလေးနဲ့ ထိကပ်နေသလို ခံစားရတယ်

ယဉ်အေးက မပြင်ဆင်ထားပေမယ့် တားဆီးပိတ်ပင်ရ မလုပ်ခဲ့ရဘူးလားလို့ မတွေးထားမိတာပါ ကိုရှင်လေး.. ကိုရှင်လေးကတော့ ပြောထွက်ခဲ့တယ်နော် ။

" ကလေးရေ.. အမေက မင်းကို မပယ်ချရက်ပါဘူးကွယ် မင်းအမေ့ဗိုက်ထဲ ရောက်လာပေးလို့ ကျေးဇူးပါကွယ် "

ယဉ်အေးရဲ့ဗိုက်ကို အသာပွတ်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်.. ။

" သားလေး.. မင်းအဖေပြောတာကြားပြီး စိတ်မကောင်း မဖြစ်နေနဲ့နော် "

ကလေး နားလည်သည်လား နားမလည်သည်လား ယဉ်အေးမသိပေမယ့် ယဉ်အေးစကားတွေပြောနေမိပါသည်.. ။

ဒီနေ့ကစပြီး ယဉ်အေးက တစ်ယောက်ထဲမဟုတ်တော့ပါဘူး.. ကလေးလေးပါ ရှိနေပါပြီ

.

" ကိုလေး တမှိုင်မှိုင် တထွေထွေနဲ့ ဘာဖြစ်နေတာလဲ.. "

ရိုက်ကွင်းမှာ မနေဘဲ တစ်ယောက်ထဲ သီးသန့် လာထိုင်နေတဲ့ ကိုလေးနားကို ဝေလင်းနဲ့ယုယု သွားပြီးမေးလိုက်သည်.. ။

" ငါ့အသက် ဘယ်လောက်လဲ.. "

" ဟောဗျာ ကလေးကတော့ နောက်တော့မယ်.."

" အေးလေ ကိုလေးကလည်း.. "

" ငါ့အရွယ်နဲ့ ကလေးအဖေ ဖြစ်သင့်နေပြီလား.."

" ကိုလေး အထူးဆန်းတွေမေးလို့ပါလား.. "

" ငါမေးတာသာ ဖြေစမ်းပါ.. "

" နှစ်ဆယ့်ကိုး က ကလေးအဖေအရွယ် ဖြစ်သင့်နေပါပြီ ကိုလေး ရဲ့.. တစ်ချို့တွေဆို ဆယ်ကျော်သက်လောက်လေးနဲ့ ကလေးအဖေဖြစ်နေကြပြီ သိတယ်မလား ခေတ်ကာလက အတော်လေးကိုမြန်နေပြီ ဟင်းဟင်း.. "

ဝေလင်းနဲ့ယုယုပြောပြီး ရယ်နေကြသည်.. ။

ရှင်လေးတော့ အတွေးနယ်ချဲ့ထွင်နေတုန်း..

" ကိုလေးက ဘာလို့မေးတာလဲ.. "

" မလေးမှာ ကိုယ်ဝန်ရှိနေလို့လား "

" ယုယု နင်ကလေ မဖြစ်နိုင်တာ သိပ်ပြောတာ.. "

ကိုလေးနဲ့မလေးက အခုချိန်ထိ ကင်းကင်းကွာကွာ နေတုန်းကို မသိတဲ့လူကျနေတာပဲ.. ။

" အေ.. နင်တို့မလေး ကလေးရှိနေပြီတဲ့ ငါးပတ်ကျော်နေပြီ "

" ဘုရား.. ဘယ်လို ဘယ်လို "

အခုမှ နှစ်ယောက်သား ရုတ်ရုတ်သဲသဲ ဖြစ်လာကြတာကလေ.. ။

" မလေးမှာ တကယ်ရှိနေတာလား.. "

" ဟုတ်ပါတယ် ဆို.. "

ယုယုက မယုံသလို ထပ်မေးလာတာမို့ ရှင်လေး ဆောင့်အောင့်ဖြေလိုက်သည်..။

" ဘယ်တုန်းက ရှိသွားတာလဲ.. "

" ဟ ငါဘယ်သိမလဲ "

ဂကျိုးဂကြောင်မေးလာတဲ့ ဝေလင်းအမေးကို ရှင်လေးစိတ်ပေါက်ရပြီ.. ။

" ကလေးက ကိုလေးကလေးလား.. "

" ဟ.. ငါ့မိန်းမဗိုက်ထဲက ငါ့ကလေး မဟုတ်လို့ ဘယ်သူ့ကလေး ဖြစ်ရမှာလဲ "

" မဟုတ်ဘူးလေ ဘယ်တုန်းက ကိုလေးလှုပ်ရှားလိုက်တာလဲ မေးတာ.. "

" အင်း.. ဂွက် "

ရှင်လေး ရှက်ကာ ဝေလင်းခေါင်းကို ထုရိုက်မိသည်.. ။

ဘေးမှာ အပျိုလေး ယုယုကရှိနေတာလေ.. မေးကောင်းလား မမေးကောင်းလား နည်းနည်းပါးပါး မစဉ်းစားဘူး ။

" ကိုလေးကလည်း မသိလို့မေးတာကို.. "

" ဟ မင်းကို ငါကအသိပေးနေရဦးမှာလား "

ကြည့်.. ဒီကောင်နဲ့စကားပြောရတာ ဘယ်လိုမှအဆင်မပြေဘူး ။

သူ့ကိုပဲ အသိပေးပြီး လှုပ်ရှားရမလိုလိုနဲ့.. ပြောပုံကိုက

" ဟဲဟဲ.. ကိုလေးကလည်း "

ဝေလင်းက ပြုံးဖြီးဖြီးဖြစ်နေသလို ယုယုကလည်း မျက်နှာကြီးနီနေပေမယ့် ရယ်နေတာ..။

" ကိုလေးတို့ အိပ်ယာခွဲအိပ်တာ ကျွန်တော်သိတယ်လေ.. ကိုလေးက ဘယ်ကဘယ်လို "

" ဟေ့ကောင် ဝေလင်း.. ငါ ပိတ်ကန်မိတော့မယ်နော် "

ဟုတ်တယ်.. လက်ညိုးနှစ်ချောင်းထိပြီး ပြောနေတဲ့ ဝေလင်းကို တကယ်စိတ်တိုရသည်.. ။

" ဟဲဟဲ.. ကိုလေး ဘာလို့ မျက်နှာမကောင်းတာလဲ သိချင်လို့မေးတာပါ "

" ဘာကိုလဲ "

" ကလေးက ကိုလေး ကလေးမဟုတ်ဘူးလို့ တွေးနေတာလားလို့.. "

" ယဉ်အေးက အဲ့လိုထင်ရလောက်မယ့် မိန်းကလေးမဟုတ်ဘူး.. "

အံမယ် ကိုလေးက.. ။

ဝေလင်းနဲ့ယုယု မျက်နှာတွေက ရယ်ချချင်နေတာကို ထိန်းထားကြတဲ့ရုပ်တွေနဲ့..

" ငါ့ကလေး မဟုတ်ဘူးလို့ ငါမတွေးထားဘူး.."

" ဒါဆို ကိုလေး ကလေးပေါ့.. သိချင်လိုက်တာ ဘယ်တုန်းက လှုပ်ရှားလိုက်လဲလို့ "

" သိချင်တယ် အဲ့လောက်သိချင်နေတာလား..ဟမ် "

" ....... "

ရှင်လေးက မျက်နှာတည်နေတယ်ဆိုပေမယ့် တင်းမာမှုမရှိတဲ့ မျက်နှာနဲ့ မေးလိုက်တော့ ဝေလင်းက ပြုံးဖြီးဖြီးနဲ့ခေါင်းတွေငြိမ့်ပြနေတာက..။

" FM ပွဲနေ့က.. "

" ဝိုး... "

" ထယ်ဗာ့.. "

ယုယုနဲ့ဝေလင်း တစ်ယောက်ကိုတစ်မျိုးလေး အာမေဋိတ်သံပေးသည်.. ယုယုဆိုတဲ့မြန်မာမက ကိုးရီးယား လိုအံ့သြလိုက်သေးတယ် ။

နှစ်ယောက်သားက မျက်နှာတွေလည်း စပ်ဖြီးဖြီး နဲ့ ဖြစ်နေတော့ ရှင်လေး ရှက်ရကာ ခေါင်းငုံ့ပြီး ရှက်ရယ်ရယ်ကာ ဂုတ်ကို ပွတ်သပ်မိသည်.. ။

သူတို့လုပ်တော့မှ ရှင်လေး စိတ်ရှုပ်နေတာတောင် မေ့သွားရတယ်..

" ဒါဆို ကိုလေးက ဘာလို့ငိုင်နေရတာလဲ.."

" ငါ အဆင်သင့် မဖြစ်သေးဘူး "

" ဟမ် "

" ငါ ကလေးအကြောင်းကို တစ်ခါမှ မစဉ်းစားထားဖူးဘူး.. ကလေးတွေ နဲ့အလှမ်းဝေးတယ် ပြောရမလားမသိဘူး ငါကလေးချစ်တတ်ရဲ့လား ကိုယ့်ကိုယ်ကိုယ် မသိဘူး.. ကလေးအဖေ တာဝန်ကို ငါထမ်းဆောင်နိုင်ပါ့မလား ငါမသိတော့ဘူး ကလေးနဲ့ပတ်သက်ပြီး ဟိုဟိုဒီဒီအတွေးတွေ များနေတယ် .. ပြီးတော့ ယဉ်အေးနဲ့လည်း ငါရင်းနှီးမှု အဲ့လောက် မရသေးဘူး ငါတို့လက်ထပ်ကတည်းက အေးစက်ပြီး လှုပ်ယမ်းခါနေတဲ့ ဆက်ဆံရေး.. အခုမှ တည်ငြိမ်ခါစပဲရှိသေးတာ အမှန်တိုင်း ပြောရရင် ငါယုံကြည်ချက်မရှိသေးဘူး "

ကိုလေးက အတွေးတွေ နက်နက်နဲနဲ တွေးနေပြီးပြောနေတာ.. ။

" ကိုလေးက အရမ်းတွေတွေးထားတာပဲ.."

ဝေလင်းကပြောတော့ ယုယုကလည်း ခေါင်းငြိမ့်သည်.. ။

" ကလေးအကြောင်း မတွေးထားထားတာရှိရင် အခုကစပြီး တွေးထားကြည့်ပေါ့ ကိုလေးကလည်း.. ကလေးကိုချစ်တတ်ပါ့မလား ဘာတွေလည်းတွေးမနေနဲ့ ကိုလေးရဲ့သွေးသားပဲဟာ မချစ်ဘဲမနေနိုင်အောင်ကို ချစ်မှာ .. ငါ့ကလေး ငါ့သွေးသားလို့ တွေးကြည့်ပါလား "

အဲ့လို တွေးမိတော့ နှလုံးအိမ်မှာနွေးသလို ချမ်းစိမ့်စိမ့်လေး နေသလို.. ဒါပေမယ့် စိတ်ထဲကျေနပ်ပြီး ပီတိတော့ဖြစ်မိသည်.. ။

ရှင်လေး တွေးရင်း ပီတိတွေဖြာပြီး ပြုံးရယ်မိသည်..

" ကိုလေး ကလေးအဖေ အဖြစ် အကောင်းဆုံး လုပ်နိုင်မှာပါ.. ဒီနေ့ထိ ကိုလေးအားလုံးလုပ်နိုင်နေတာပဲလေ "

အဲ့လိုဆိုတော့လည်း ရှင်လေး စိတ်သက်သာရာ ရမိသည်.. ။

" ကျေးဇူး.. ငါ စိတ်လေးနေတာတွေတောင် သက်သာသွားတယ် "

" မလေးရော ဘာပြောလဲ.. ယုယုကြားဖူးတယ် မိန်းကလေးတွေ ကိုယ်ဝန်ဆောင်တဲ့ချိန်ဆို အနည်းနဲ့အများ တွေးတွေးပြီး ကြောက်လန့်နေတတ်ကြတယ်တဲ့ "

" ဟင်.. "

ညက ယဉ်အေးရဲ့မျက်နှာက တော်တော် စိတ်ဆိုးနေသလိုပဲ.. ။

" ငါ ညက ယဉ်အေးကို ပြောမိတယ်.. ကလေးမရအောင် မတားထားဘူးလားလို့ "

" ဟင်.. ဘာလို့ပြောလိုက်တာလဲ ကိုလေးက "

" ငါလည်း စစချင်းကြားတော့ ဆောက်တည်ရာမရဘူး.. ပြောမိပြောရာ ပြောလိုက်မိတာ "

" မလေးတော့ စိတ်မကောင်းဖြစ်တော့မှာပဲ ကိုလေးနဲ့တော့.. မလေး လည်းအခုချိန်ဆို တွေးပြီးလန့်နေလောက်မှာ မိန်းကလေးတွေ ကိုယ်ဝန်ဆောင်တဲ့ချိန်ဆို ပုံမှန်ထက် နည်းနည်း စိတ်ခံစားချက် က နုတယ်.. နည်းနည်း ဆို အလိုလိုနေရင်း မျက်ရည်ကျတတ်တယ် "

" ယုယု ဒါတွေနင်က ဘယ်လိုသိတာလဲ.. အပျိုလေးဖြစ်ပြီး "

ဝေလင်းက ယုယုကို ခပ်တည်တည် နဲ့မေးချလိုက်တာ.. ။

" အောင်မယ်.. ဟဲ့ အပျိုဆိုပေမယ့် စာတွေဖတ်ရင် သိနိုင်ပါတယ်နော် "

" ထားပါတော့.. "

" ထားဖို့ကိုမလိုဘူး ဟုတ်ကိုဟုတ်နေတာ.."

" အေးပါ အေးပါ.. ထားပါတော့ "

" ထားဖို့မဟုတ်ဘူးလို့ အမှန်တရား အမှန်တရားတွေပါဆို.. "

ယုယုနဲ့ဝေလင်း စကားနိုင်လုနေကြတာကို ဘေးကနေ ရှင်လေး ယဉ်အေးကိုမှတ်ရသွားသည်.. ။

ဟုတ်ပေသားပဲ.. ယဉ်အေး စိတ်ဆိုးသွားနိုင်တာပဲ ရှင်လေး ပြန်တောင်းပန်မှရမည်

" ငါတို့ ပြန်ရအောင်.. "

" ဟင် အခုလား.. "

" အေ "

ကိုလေးက သူ့ပစ္စည်းတွေကို သိမ်းနေတော့ ကျွန်တော်တို့နှစ်ယောက်လည်း လိုက်သိမ်းဆည်းပြီး ပြန်ဖို့လုပ်ရသည်.. ။

.

" ယဉ်အေးရေ ယဉ်အေး.. "

" ..... "

" ယဉ်အေးရေ "

ခြံထဲမှာကားရပ်ပြီးပြီးချင်း ပြေးဆင်းကာ ယဉ်အေးနာမည်ခေါ်နေတဲ့ ရှင်လေး.. ။

ဒီချိန်ခေါင်းထဲကျန်တာ ဘာမှမရှိ.. ယဉ်အေးကိုပဲမှတ်ရသည် ယဉ်အေးအကြောင်းကိုပဲ တွေးထားသည်

" ဟင်.. "

အရင်က ပိတ်ထားနေကျ မရှိတဲ့ အိမ်တံခါးက အခုတော့ ပိတ်ထားလို့.. ။

" ဝေလင်း ဝေလင်း.. အိမ်တံခါးသော့ သော့ ပေး "

ရှင်လေး ဝေလင်းဆီကနေ သော့အမြန်တောင်းမိသည်.. ။

ဘာကြောင့်မှန်းရယ်မသိဘူး..ရင်ထဲ ပူပန်နေမိသည်

ယဉ်အေးနဲ့ရှင်လေး တွေ့မှရမည်.. ။

ဝေလင်းက သော့ဖွင့်ပေးပြီးတာနဲ့ ရှင်လေးတံခါးပွင့်တာကို စောင့်မနေဘဲ ရှင်လေးကိုယ်တိုင်ပဲ တံခါးတွန်းဖွင့်ကာ အိမ်ထဲပြေးဝင်မိသည်..

" ယဉ်အေး.. ယဉ်အေး "

အိမ်မှာလူရှင်းနေတာသိလည်း ရှင်လေး အော်ခေါ်နေမိသည်.. ထူးမယ့်သူ မရှိနေတာကို သိပေမယ့် လက်မခံနိုင်ဘူး ဖြစ်ရသည်

တစ်အိမ်လုံးလည်း ပြေးတက်ဝင်ရှာပြီးပြီ.. ခြံထဲမှာလည်း လိုက်ရှာပြီးပြီ အခန်းတိုင်းကို တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ ရှာထားပြီးပြီ ။

ယဉ်အေးအရိပ်ရောင်တောင် မတွေ့ရ.. ဖုန်းဆက်ကြည့်တော့လည်း ဆက်သွယ်မှုဧရိယာ ပြင်ပတဲ့..

လူက ဟာခနဲဖြစ်ကာ လှေကားခြေရင်းမှာ အားအင်လျော့ကျကာ ပစ်ထိုင်ချမိသည်.. ။

ယဉ်အေး ရှင်လေးကို စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားပြီလား.. သူဘယ်ကိုဆင်းသွားလောက်လဲ မနက်ကလည်း ယဉ်အေးမျက်နှာကို ကောင်းကောင်း အကဲခတ်ကြည့်မိခဲ့တာလည်း မဟုတ်..

ယဉ်အေး ရှင်လေးကို စိတ်နာသွားပြီလား.. ။

ယဉ်အေးက အရမ်းကောင်းတဲ့ မိန်းကလေး ပါ..ဇနီးတစ်ယောက် တာဝန်အပြည့် ကျေပွန်တယ် ရှင်လေး ဘယ်လောက် လမ်းမှားရောက်နေပါစေ ဆိုးနေပါစေ အသံမာမာနဲ့တောင် အော်ဟစ်ကြိမ်းမောင်း ပြောခဲ့တာ တောင်မဟုတ်ဘူး.. အေးအေးဆေးဆေး နဲ့ပဲ ပြောဆိုခဲ့တာ ။

ရှင်လေး အိပ်ယာခင်းအနံ့ထွက်နေတယ် လို့ ဝေလင်းကို ပြောမိဖူးတာ.. ဒါကို ယဉ်အေးက ဘယ်လိုကြားလိုက်လဲမသိဘူး

နောက်ရက်ကျ ရှင်လေးအိပ်ယာက နှစ်ရက်ဆိုတာနဲ့ အိပ်ယာခင်းတွေ ခေါင်းအုံးတွေ ဖက်လုံး တွေကို လျှော်ဖွတ်ပြီး လှဲပေးထားပြီးသား..။

ရှင်လေး ဘာဘာညာညာ တောင် ပြောစရာမလိုဘူး.. ယဉ်အေးက အားလုံး ဖြည့်ဆည်းလုပ်ကိုင်ထားပြီးသား ။

အဝတ်တွေ ဝတ်ပြီးလျှော်ဖို့အဝတ်တောင်းထဲ ထည့်ထား.. ရက်မကူးဘူး လျှော်ဖွတ်ပေးပြီး မီးပူတိုက် ချိတ် ချိပ်ပြီး အဝတ်စင်မှာ သေသေချာချာ ထည့်ထားပြီးသား..။

ရှင်လေး ယဉ်အေးကို တော်တော် ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာပဲ.. ရှင်လေး အခုထိအိမ်ထောင်ဦးစီး တာဝန်မပြောနဲ့ ယဉ်အေးရဲ့ခင်ပွန်းယောကျာ်း တစ်ယောက်အဖြစ်တောင် တာဝန်မကျေသေးဘူး..

ရှင်လေးခေါင်းငိုက်စိုက်ကာ မျက်ရည်တွေ ခိုးကျမိသည်.. ဘာလို့မှန်း ရှင်လေးမသိ ။

ကိုလေးကိုကြည့်ပြီး ယုယုနဲ့ဝေလင်း သက်ပြင်းဖွဖွချမိသည်..

" ဟင် မလေး.. "

ယုယုအသံကြောင့် ရှင်လေး ခေါင်းမော့ကြည့်တော့ တကယ်ကို ယဉ်အေးပါ.. ။

" အဟက်.. "

ရှင်လေး မျက်ရည်တွေကြား ရယ်ကာ ထိုင်ချနေရာမှ ထပြီး ယဉ်အေးဆီပြေးသွားကာ ဖက်လိုက်မိသည်..

" အင့် "

ယဉ်အေး ဖိနပ်လေး အပေါက်ဝမှာ ချွတ်ပြီး အိမ်ထဲခြေချရုံပဲ ရှိသေး.. ကိုရှင်လေးက ပြေးလာကာ ဖက်လိုက်တော့ အတောင့်လိုက်လေးနဲ့ကြောင်ကာ ရပ်မိသည်.. ။

" မင်း ပြန်လာတယ်နော်.. "

" ယဉ်အေးက ဘယ်သွားလို့လဲ "

ပြောရင်း ယဉ်အေးတို့နှစ်ယောက်ကို ကြည့်ကာ ပြုံးဖြီးနေကြတဲ့ ဝေလင်းနဲ့ယုယု..

အို.. ကိုရှင်လေးနဲ့ကတော့နော် ။

" ကိုရှင်လေး လွှတ်ပါဦး.. "

" ဟင့်အင်း.. "

အို.. ပြောလိုက်မှပဲ ပိုတောင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာတဲ့ ကိုရှင်လေး ။

ယုယုနဲ့ဝေလင်း က ပိုပြီး ပြုံးဖြီးနေလေ ယဉ်အေးမှာ နေရတာ ကြပ်လာလေ..

" ကိုရှင်လေး လွှတ်ပါဦးဆို.. "

" ခဏ ခဏလေးပဲ.. ခဏလေးပဲ ဒီလိုလေး နေပေးပါ "

ရှင်လေး ဒီချိန်ဘာမှ မတွေးနေဘဲ ယဉ်အေးကို ပဲ တွေးနေတော့မည်.. ။

" ကျွန်တော်တို့ ပြန်ပြီနော်.. "

" အဟင်း.. ယုယုရော "

ယုယုနဲ့ဝေလင်း က ပြုံးပြီး နှုတ်ဆက်ကာ ကိုယ်လေးရို့ပြီး ထွက်သွားလိုက်တာ.. ဒီ ကိုရှင်လေးနဲ့တော့လေ ။

" ကိုရှင်လေး လွှတ်ပါဦး.. အိမ်ပေါက်ဝကြီးမှာ "

" ငါ့အိမ်ငါ ဘယ်နေရာနေနေပေါ့ "

" ဖယ်ပါဦး.. "

ယဉ်အေးကို ပွေ့ဖက်ထားတဲ့ ကိုရှင်လေးရဲ့လက်တွေကို အသာဖယ်လိုက်ရသည်.. ။

" မင်း လာဦး.. "

" အို.. "

ယဉ်အေးလက်ကို ဆွဲပြီး ခေါ်သွားပြန်ပြီ.. ဘာများဖြစ်နေတာလဲ မသိဘူး ။

" လာ ဒီမှာထိုင်.. "

ယဉ်အေးမှာ ခုံမှာထိုင်ခိုင်းတော့ ထိုင်လည်းထိုင်ရော  ကိုရှင်လေးက ယဉ်အေးရှေ့ကပ်ထိုင်ကာ ဒူးနှစ်ဖက်ထောက်ချလိုက်တာမို့ ယဉ်အေးမှာ အလန့်တကြားလေးဖြစ်သွားရသည်.. ။

" အို.. ကိုရှင်လေး ဘာလုပ်တာလဲ ယဉ်အေးငရဲတွေကြီးတော့မှာပဲ ထပါ "

" ယဉ်အေး "

ယဉ်အေး ကိုရှင်လေးရဲ့လက်မောင်းကိုကိုင်ကာ ဆွဲထူနေတဲ့ ယဉ်အေးလက်တွေကို ကိုရှင်လေးက ဖမ်း ဆုပ်ကိုင်ပြီး ယဉ်အေးတို့နှစ်ယောက် လက်တွေဆုပ်ကိုင်ရင်း ယဉ်အေးပေါင်ပေါ်မှာတင်ထားသည်.. ။

" ယဉ်အေး ကိုယ် တောင်းပန်ပါတယ်.. "

" ဟင် "

တစ်ခါမှ ကိုရှင်လေးက သူ့ကိုယ်သူ ကိုယ် ဆိုတဲ့အသုံးနှုန်း မသုံးဖူးပါ.. မင်းနဲ့ငါပဲ သုံးနေကျမို့ ကိုယ်လို့ ကိုရှင်လေးကိုယ်ကိုရှင်လေး ပြောတော့ ယဉ်အေး နှလုံးသားက ဆေးမိသွားသလိုပါ..။

" မင်းကို ကိုယ်ပြောမိတာက စိတ်နာကျင်ပါစေဆိုတဲ့သဘောမပါပါဘူးကွာ.. ကိုယ် ကြားကြားချင်း ဆောက်တည်ရာမရလို့ပါ မင်းကို မပြောသင့်တာပြောမိကုန်တယ်.. ကိုယ်တောင်းပန်ပါတယ် "

" ရပါတယ် ယဉ်အေး နားလည်ပါတယ်.. ယဉ်အေးတောင်မှ ကြားကြားချင်း မယုံကြည်နိုင်သေးတာပဲ "

" မဟုတ်ပါဘူး.. ကိုယ် ပြောမိတာ ပိုဆိုးတယ် မင်း ဒီကလေးကို မတားလို့ပြောမိတာ "

" စိတ်ထဲမပါမှန်း ယဉ်အေး သိပါတယ်.. ယဉ်အေး ကို မတောင်းပန်ပါနဲ့ ထပါ "

" ဟင့်အင်း.. ကိုယ့်အပြစ်တွေများနေပြီ ယဉ်အေး "

" အဟင်း "

ယဉ်အေး အသာလေး ပြုံးမိပါသည်.. ။

" ကိုယ့်ကို ခွင့်လွှတ်ဖို့မပြောပါဘူး.. "

" ဘယ်လိုလုပ်မလဲ.. ယဉ်အေးက ခွင့်လွှတ်ပြီးနေပြီ "

" ဟင် "

" ဖျက်ချဖို့ ကိုရှင်လေး မပြောဘူးလေ.. ဘယ်လောက်ပဲ ဆောက်တည်ရာမဲ့နေပါစေ ဖျက်ချဖို့မခိုင်းခဲ့ဘူးလေ "

" အယ်.. ဟုတ်သားနော် "

ရှင်လေး ဖျက်ချဖို့ စကား မပြောမိခဲ့ဘူး.. ။

" မင်း ကိုယ့်ကို စိတ်ဆိုးသွားလား "

" စစကြားချင်းတော့ စိတ်ဆိုးတယ်.. နောက် စိတ်အေးတဲ့ချိန် ပြန်စဉ်းစားမိတော့ နားလည်ပါတယ် အဲ့လိုတုံ့ပြန်ချက် "

" ယဉ်အေး မင်းသိလား.. အကြိမ်တိုင်း မင်းက အရမ်းထူးဆန်းတယ် "

" အဟွန်း..ကိုရှင်လေးကို နားလည်နေတာမို့ပါ "

" စောနက မင်းကို မတွေ့တော့ ကိုယ့်မှာပြာသွားတာပဲ.. "

" အော် မားတို့အိမ် ခဏသွားတာ.. မားက ခဏလာပါဦးဆိုလို့ ယဉ်အေးသွားတာ "

" မားက မင်းကို ဘာလို့တွေ့တာလဲ.. မင်းကရော ဘာနဲ့သွားတာလဲ "

" ချွေးမကို ထုတ်ကြွားတာပါ.. မား က ကားလွှတ်ပေးတယ်လေ "

" မားကလည်း မင်းကိုခေါ်မယ်လို့လည်း ငါ့ကို မပြောဘူး.. ငါ့မှာ မင်းကို ဖုန်းဆက်မရလို့ စိတ်တွေပူပြီး မျက်ရည် "

ရှင်လေး ပြောနေရင်း တန်းရပ်လိုက်မိသည်..။

" မျက်ရည်.. ဘာမျက်ရည်လဲ "

" ဟင် ဘာမှမဟုတ်ဘူး.. မင်းဖုန်းက ဆက်လို့မရဘူး ပြောတာ "

" ဟုတ်လား.. ယဉ်အေးလည်း ဖုန်းသံမကြားမိဘူး "

ဟူး... တော်သေးတယ် မျက်ရည်ကျနေတာလို့ ပြောမိတော့မလို့ ။

" ငါက မင်း အိမ်က ထွက်သွားတယ်တောင် ထင်နေတာ.. တစ်အိမ်လုံး ပတ်ရှာတာ မတွေ့တော့ "

" ယဉ်အေး အဝတ်စားတွေတောင် မယူသွားဘဲ  ဆင်းမလား.. "

" ဟုတ်သား.. ငါမစဉ်းစားမိဘူး ကြည့်လည်းမကြည့်မိဘူး "

" အဟွန်း.. ယဉ်အေး က ဘာလို့ ဆင်းသွားရမှာလဲ "

" ညက ငါစကားလွန်သွားတာကိုး.. "

" ဒီလောက်လေးနဲ့ ယဉ်အေး လက်လျှော့ရမှာလား.. ဒီထက် ပင်ပန်းတဲ့အရာတောင် ယဉ်အေး သည်းခံနိုင်သေးတာပဲ "

" ဒါပေမယ့် ဒါက ငါတို့ရင်သွေးလေ.. "

" အမြန်ဆုံး လက်ခံလာပေးလို့ ကျေးဇူးပါနော်.. ယဉ်အေးက ကြာမယ်ထင်ထားတာ "

" ဆောရီး ငါတကယ်တောင်းပန်ပါတယ်.. "

" ဘယ်နှခါတောင် တောင်းပန်နေဦးမှာလဲ.."

" အဟွန်း.. ငါက အမှားများတာကိုး "

" အမှားမှန်းသိလို့ အမှန်ပြင်နေတာက ကောင်းတဲ့အကျင့်စရိုက်တစ်ခုပါ.. "

" မင်း ဘယ်တော့မှ ငါ့ကို အဆိုးမပြောဘူးနော်.. အမြဲ ဘေးကနေတည့်မတ်ပေးနေတာ "

" အဟင်း.. ယဉ်အေးတောင်မသိဘူး "

" ဒါနဲ့ ငါတို့ရင်သွေးလို့ပြောလိုက်ရတော့ ကြည်နူးမိသား.."

" အဟင်း ဟုတ်တယ်နော်.. "

"  ငါ ထိကြည့်လို့ ရမလား "

" ဟင် အင်.. ရပါတယ် "

ကိုရှင်လေးက ယဉ်အေးရှေ့ကပ်ပြီး ဒူးထောက်ထိုင်ရင်းနဲ့ ယဉ်အေးဗိုက်ကို ထိကိုင်ကြည့်နေတာ.. ။

" အဟွန်း..  ငါ ကလေးအဖေကောင်း ဖြစ်နိုင်ပါ့မလားနဲ့ တွေးနေမိတာ မင်းအပေါ်တောင် နွေးနွေးထွေးထွေးလေး မဆက်ဆံဖူးတော့ "

ယဉ်အေး ကြည်နူးပြုံး ပြုံးမိသည်.. ။

" ဖြစ်မှာပေါ့.. မိဘကောင်းတွေ ဖြစ်အောင် ယဉ်အေးတို့ အတူ ကြိုးစားကြမယ်လေ "

" အင် အားလုံး ပြန်ပြင်ဆင်မှရမယ်.. ငါ ခင်ပွန်းကောင်း ဖခင်ကောင်း ဖြစ်အောင် ကြိုးစားမယ် "

" ယဉ်အေးလည်း ဇနီးကောင်း မိခင်ကောင်း ဖြစ်အောင် ကြိုးစားမယ်.. "

" မင်းက ဇနီးကောင်း ပီသနေပြီးသားပါ ယဉ်အေး.. "

ယဉ်အေး အသာလေးပြုံးမိသည်.. ။

ယဉ်အေးတို့ရဲ့ အိမ်ထောင်ရေး က သာယာလာသလိုရယ်ပါ..

အခုတော့ အိမ်ထောင်ရေးထက် မိသားစု ဖြစ်လာပြီပဲ.. ။

ကလေးရယ် ကိုရှင်လေးရယ်

You are reading the story above: TeenFic.Net