Part (21)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (21)

ပွဲပြီးသည်ထိ ယဉ်အေးတို့နေပေးရသည်.. ကိုရှင်လေးက ဆုရတဲ့သူထဲပါနေတာမို့ အစောကြီး ပြန်လို့မဖြစ်သေးပါဘူးတဲ့လေ ပွဲပြီးတဲ့ထိနေပေးရတယ် အမှတ်တရ ဓာတ်ပုံလည်း ရိုက်ပေးရတယ်တဲ့.. ။

ယဉ်အေးကတော့ စိတ်တွေထွေနေတာမို့ ပြန်ချင်တာတော့အမှန်.. ဒါပေမယ့် မဖြစ်မနေ နေပေးရဦးမယ်ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ နေရတော့မှာပေါ့

ကိုရှင်လေးကတော့ ဘေးမှာခြေချိတ်ထိုင်ပြီး စင်ပေါ်က ကပြဖျော်ဖြေနေတာကို အေးဆေးထိုင်ကြည့်နေတယ်.. ယဉ်အေးကိုတော့ ကိုရှင်လေးရလာတဲ့ ဒိုင်းဆုလေးကို စင်ပေါ်ကဆင်းလာပြီးကတည်းက ' မင်းကိုင်ထား ' ဆိုကာ ကိုင်ခိုင်းထားတာ အခုထိ..

သူ့မှာ ယဉ်အေးကို အခုထိကြွားရအားမဝနိုင်သေးဘူး ထင်ပါရဲ့.. ။

ဆုတက်ယူတော့လည်း သူကြွားပြချင်တဲ့သူနှစ်ယောက်လုံးက ယဉ်အေးတစ်ယောက်ထဲ ဖြစ်နေတာလေ..

ယဉ်အေး သိပါပြီ.. ကိုရှင်လေး ဘယ်လောက်တော်လဲ တတ်လဲဆိုတာ ။

ယဉ်အေး စိတ်ထဲရေရွတ်ပြောရင်း ဘေးမှာထိုင်နေတဲ့ ကိုရှင်လေး ကို မကျေမချမ်းလေး ကြည့်လိုက်မိသေးတယ်..

အို.. ဒီလိုအမူရာတစ်ခါမှ မလုပ်ဖူးပါဘဲနဲ့ အခုတော့ အလိုလိုတတ်မြောက်နေပါရော့လား ။

ယဉ်အေးကတော့ ယဉ်အေးမဟုတ်တော့ပါ..

" ငါ ခဏ သွားလိုက်ဦးမယ်.. ပေး "

ယဉ်အေး နားနားကပ်ကာ ကိုရှင်လေး ပြောနေတာလေ.. ပွဲအခမ်းနားပြီးတော့မယ်ဆိုလို့ ကိုရှင်လေး စင်ပေါ်ပြန်တက်ရတော့မှာလေ ။

ဒီတော့ ယဉ်အေးကိုကိုင်ခိုင်းထားတဲ့ ကိုရှင်လေးဒိုင်းဆုကြီး ပြန်တောင်းနေပါရော့လား.. ယဉ်အေး ရွဲ့ပြီး ကိုရှင်လေးလက်ထဲ ဆောင့်အောင့်မထည့်မိဖို့ တော်တော်လေး ယဉ်အေးစိတ်ကိုယ်ယဉ်အေး ပြန်သတိပေးထားရတယ် ။

" မင်း ဒီမှာပဲ ထိုင်စောင့်နေနော်.. "

" အင် "

ယဉ်အေး ဘယ်သွားစရာ ရှိရဦးမှာလဲတဲ့.. ။

သူစင်ပေါ်ပြန်တက်သွားတော့ ဆုရတဲ့မိန်းကလေး ယောကျာ်းလေးတွေနဲ့ ပြုံးပြုံးရွှင်ရွှင် နဲ့စကားတွေပြောလို့..

အုပ်စုလိုက်ဓာတ်ပုံတွေ တစ်ယောက်ချင်းအလိုက် ဓာတ်ပုံ ရိုက်နေကြတာမို့ ယဉ်အေး စိတ်ရှည်သည်းခံပြီး စောင့်နေလိုက်သည်.. ။

" ပြီးပြီ.. လာ ပြန်မယ် "

" ဟုတ် "

ယဉ်အေးကို ခေါ်နေတာမို့ ယဉ်အေး ပြန်ဖို့စီစဉ်ကာ မတ်တပ်ရပ်လိုက်တော့ ကိုရှင်လေးက ယဉ်အေးကို လက်ကမ်းပေးသည်.. ။

" အင့်.. "

" ...... "

ယဉ်အေး မထင်မှတ်ထားတာမို့ ကြောင်မိနေတာတော့ အမှန်.. ။

ကိုရှင်လေးက ယဉ်အေးလက်မတွဲဘဲ ရပ်နေတာမို့ လက်ရှက်သွားတယ်ထင်၏.. လက်လေးရုတ်သွားတာမို့ ကိုရှင်လေးကိုယ်မှာ လက်လေးမကပ်သွားခင်ချိန်လေးမှာ ယဉ်အေး လှမ်းပြီးကိုရှင်လေး လက်ကို ဆွဲကိုင်ဖမ်းလိုက်သည်..

ပြီး ယဉ်အေးမှာ ကိုရှင်လေးကိုတောင် မကြည့်ရဲ..ရှက်လို့ ခေါင်းလေးငုံ့ထားမိတာ ယဉ်အေးပါလေ ။

ကိုရှင်လေးကလည်း ဘာဘာညာညာ ဘာမှမပြောဘဲ ယဉ်အေးလက်ကိုဆွဲခေါ်ကာ ခန်းမကြီးထဲကနေ နှစ်ယောက်အတူ ထွက်မိသည်..

အပြင်လည်းရောက်ရော နည်းနည်း အေးစိမ့်စိမ့်လေး ဖြစ်သွားရသည်.. ယဉ်အေး ဖြစ်သွားတာကို ကိုရှင်လေးက ရိပ်မိသွားပုံရသည်

" ခဏ နေဦး.. "

ရပ်ခိုင်းနေတာမို့ ယဉ်အေးရပ်နေပေးလိုက်သည်.. ရပ်ခိုင်းထားပြီး ကိုရှင်လေးက သူ့ကုတ်ချွတ်နေတဲ့ထိ ယဉ်အေး အဓိပ္ပာယ် မပေါက်သေးပါ ။

ကိုရှင်လေး လုပ်နေတာကိုပဲ ယဉ်အေး ရပ်ကြည့်နေမိတာ.. ပြီးမှ ကိုရှင်လေးကုတ်က ယဉ်အေးပခုံးပေါ် လွှားတင်ခံရမှ ကိုရှင်လေးလုပ်ရပ်ကို သိမိရသည်..

" ရော့ ခြုံထား.. "

" ဟို ယဉ်အေး ရပါတယ်.. ကိုရှင်လေးပဲ ဝတ်ထ ား "

" ဝတ်ထားပါ ယဉ်အေး မင်းအေးနေတာ မဟုတ်ဘူးလား.. "

ပြန်ချွတ်ပေးနေတဲ့ ယဉ်အေးလက်ကို ဖယ်ကာ ကိုရှင်လေးက သူကိုယ်တိုင်ပဲ ပြန်ပြီးအင်္ကျီကို နေရာချပေးနေသည်.. ။

အခုချိန်အေးတာ မအေးတာက အဓိကမကျဘူး ကိုရှင်လေးရဲ့.. နီးကပ်ပြီးတယုတယ လုပ်ပေးနေတာမို့ ယဉ်အေးရင်တွေ တဒိန်းဒိန်းနဲ့ ပေါက်ကွဲထွက်တော့မည်တောင် ထင်ရတယ်..

နီးကပ်နေတာမို့ ကိုရှင်လေးတောင် ကြားသွားမည်စိုးလို့ အသက်အောင့်ထားရတာလည်း ယဉ်အေးပဲ.. ဒါပေမယ့်လည်း မထူးပါဘူးလေ အသက်အောင့်တာက အောင့်ထားတာပဲ ရင်ခုန်သံ က ခုန်တာကခုန်တာပဲ.. ။

ဘယ်လိုမှ ထိန်းမရတဲ့ရင်ခုန်သံတွေကြားမှာ ယဉ်အေးတော့ ရူးချင်စိတ်ကိုပေါက်လို့..

" လာ.. "

အို.. ။

လက်တွေကို မိမိရရဖမ်းဆုပ်ကိုင်ကာ ဆွဲခေါ်သွားတော့ လူလည်းဟန်ချက်ပျက်သလို ယဉ်အေးနှလုံးသားကလည်း ဟန်ချက်တွေမညီညာတော့ပေ..

ယဉ်အေးမှာ ပိုက်ဆံအိတ်နဲ့ဖုန်းတွဲကိုင်ထားတဲ့ လက်နဲ့ပဲ ဂါဝန်စကို မပြီးလမ်းလျှောက်နေရသည်.. ကိုယ်ပေါ်လွှားတင်ထားတဲ့ ကုတ်အင်္ကျီကိုလည်း ပြုတ်ကျမည်စိုးလို့ ကိုယ်ကို ထိန်းချုပ်ထားရသေးတယ် ။

ကိုရှင်လေးကလည်း ယဉ်အေးလက်ကိုဆွဲခေါ်နေတာမို့ မလွှတ်သာ မရုန်းသာနဲ့..

တကယ်ကို ကျင်းထဲကြပ်ထဲပါလား ယဉ်အေးရယ်.. ။

ဒီကြားထဲ ကားပေါ်မတက်ခင်ထိ တဖျတ်ဖျတ်နဲ့ ရိုက်နေကြတဲ့ ကင်မရာမန်းတွေကြောင့် ယဉ်အေးမှာ ခေါင်းဖော်မလျှောက်ရဲ..

မြန်မြန် အိမ်ပြန်ရောက်ချင်နေပါပြီနော်.. ။

.

ဟူး.. တော်သေးတယ် အိမ်ပြန်ရောက်လာသေးပေလို့ ။

" ကိုလေး နဲ့ မလေး ကျွန်တော်တို့ ပြန်တော့မယ်နော်.. "

" အေး ဖြေးဖြေး မောင်းပြန်ကြဦး.. "

" ဟုတ်ကဲ့ ကိုလေး.. ပြန်ပြီနော် "

" ကိုလေး မလေး ယုယု ပြန်ပြီနော်.. "

" ဟုတ် "

ယုယုက ကားပေါ်မှာထိုင်နေရာကနေ လက်ရမ်းနှုတ်ဆက်ပြတော့ ယဉ်အေးလည်း အလိုက်သင့်လေး လက်ရမ်းနှုတ်ဆက်ရသည်.. ။

" လာ အိမ်ထဲဝင်မယ်.. "

ကိုရှင်လေးက ရှေ့က ဦးဆောင်ပြီး အိမ်ထဲဝင်တော့ ယဉ်အေးလည်း နောက်ကလိုက်ရပါသည်..။

ဂါဝန်စကို လက်နှစ်ဖက်နဲ့မပြီး အိမ်ဘက်လျှောက်သွားမိတယ်.. အိမ်ထဲဝင်ဖို့ ရှိသေး အိမ်ရှေ့မှာ ကားဟွန်းတတီတီ တပွမ်ပွမ်ကြောင့် ယဉ်အေးတို့နှစ်ယောက်လုံး ခြံပေါက်ဝလှည့်ကြည့်မိသည်..

" ဝေလင်းတို့က ကားဟွန်းမတီးတတ်ပါဘူး.. ဘယ်သူတွေများပါလိမ့် ငါသွားကြည့်လိုက်မယ် ယဉ်အေး "

" ဟုတ် ဟုတ်ကဲ့.. "

ညကြီးအချိန်မတော်တာလည်းဖြစ်.. မလာစဖူး ရောက်ချလာတဲ့ ကားဟွန်းသံတွေကြောင့် ယဉ်အေးစိတ်ထဲ လန့်တော့လန့်နေမိသည်..။

ကိုရှင်လေးက ခြံတခါးဆီကို တန်းတန်းမတ်မတ်သွားကာ အနီးရောက်သွားလေ ယဉ်အေးမှာရင်တထိတ်ထိတ်ဖြစ်လေ..

ဒီနေ့တော့ ပုံမှန်မဟုတ်တဲ့စိတ်နဲ့နှလုံးခုန်သံကြောင့် နှလုံးရောဂါ ရသွားမလားတောင် ထင်ရတယ်.. ။

ဟော.. တံခါးဖွင့်လိုက်တာနဲ့ တဝေါဝေါရောက်ချလာတဲ့ ကားတွေ

ဘယ်သူတွေ ဘယ်ဝါတွေများပါလိမ့်.. ။

ယဉ်အေး ခြံထဲထိမောင်းဝင်လာတဲ့ ကားတွေ နဲ့ အပြင်မှာရပ်ကျန်နေသေးတဲ့ ကားတွေကြောင့် အထူးဆန်းဖြစ်မိသည်..

ကိုရှင်လေးကတော့ ပြုံးလို့ ။

ကားပေါ်က ဆင်းလာကြတဲ့သူတွေကလည်း အရွယ်စုံ သလိုရယ်.. ရုပ်လည်းရှိကြတယ် ချောတော့ ချောကြပေမယ့် ကိုရှင်လေးကိုတော့ မှီမယ်မထင်ပါဘူး..

" မင်းတို့က ဘယ်ကဘယ်လို ပေါက်ချလာတာလဲ.. "

" မင်းဆုရတာကို အေးဆေးအသာပြီးသွားမလို့လား.. "

ကိုရှင်လေးတို့က စကားပြောရင်း ယဉ်အေးရပ်နေတဲ့နေရာကို လျှောက်လာကြသည်..

" ဟော ဒီမဒီ ကိစ္စ ရော မင်း အသာလေး ပြီးသွားတာပါ မကျေနပ်ဘူး.. "

ဟင်.. ။

ယဉ်အေးကို တွေ့တော့ ကောင်လေးတစ်ယောက် က လက်ညိုးထိုးပြီး ပြောတော့ ယဉ်အေး မှာ အနေကျုံ့မိရပြန်သည်..

" ဟုတ်ပါ့.. ဒီနေ့ကျမှ ဘယ်သူဘယ်ဝါ သိရတယ်လို့ မင်းမမိုက်ဘူး "

" အေးကွာ.. ဒီလောက်လှတဲ့ မိန်းမကို အိမ်မှာဝှက်ထားတာ ဘာသဘောလဲ ဘုန်းထက်ပြည့်ရှင် "

" အဟက်.. "

အဟင်း.. ။

ကိုရှင်လေးတော့ သဘောတွေကျပြီး အသံထွက် ရယ်နိုင်ပေမယ့် ယဉ်အေးမှာတော့ ရယ်ရခက် ပြုံးရခက်နဲ့ အင်တင်တင်ကြီး..

" အခု သိပြီပဲ မဟုတ်ဘူးလားကွ.. "

အို.. ။

ကိုရှင်လေးက ယဉ်အေးပခုံးကို သူ့ရင်ဘတ်နားထိရောက်အောင် ဆွဲကပ်ဖက်လိုက်တော့ ရင်တွေ ဗရမ်းဗတာတွေ ဖြစ်ပါပြီနော်..

" ဟ အခုမှသိရတော့ ဘာလုပ်ရမှာလဲ.. "

" အခုမှသိသိ အရင်ကသိသိ နောက်မှသိသိ သိရတာချင်း အတူတူပဲကိုကွာ.. "

" မင်း မင်းလုပ်ထား.. "

ကိုရှင်လေးက ကောင်လေးတစ်ယောက်က လက်ညိုးထိုးပြီး ပြောနေပေမယ့် ကိုရှင်လေးတို့ကတော့ အေးဆေးသာ.. ။

" မိတ်ဆက်ပေးလေကွာ.. "

" ဒါ ငါ့ဇနီး "

" ဟ အဲ့အင်ထရိုက သိပြီးသားကြီး "

" ဟုတ်ပါ့ ခဏခဏ တံဆိပ်ကပ်ပြမနေစမ်းပါနဲ့.."

" ကြားရတာ ခါးသက်လာပြီနော်.. "

" ဟားဟား.. ဟက်ဟက် "

အားလုံးက တစ်ယောက်တစ်ခွန်းနဲ့ ဟက်ဟက်ပက်ပက် ရယ်ကြသလို ကိုရှင်လေးကလည်း လိုက်ရယ်ကာပြုံးနေသည်.. ။

" ကဲ.. နာမည်က ယဉ်အေးချမ်းတဲ့ "

" လူနဲ့နာမည်နဲ့လိုက်သားပဲ.. ဘုန်းထက် မင်းရှာယူတတ်တယ် "

ရှင်လေးက အသာ ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်သည်.. ။

" ယဉ်အေး သူတို့အားလုံးက အဆိုတော်အသိုင်းဝိုင်းထဲကချည်းပဲ.. "

ယဉ်အေး နားနား တိုးတိုးကပ်ပြောလိုက်တဲ့ ကိုရှင်လေး.. ။

ကိုရှင်လေး ပြောလို့သာ အဆိုတော် တွေမှန်းသိရတာ.. ယဉ်အေးကတော့ သူတို့ကို တစ်ယောက်မှ မသိ

သူတို့ကတော့.ယဉ်အေး သိနေသည်လို့များ ထင်နေကြလေမလား..အာ့ကြောင့်များ တစ်ယောက်ချင်း မမိတ်ဆက်ပေးနေတာ နေမှာ ။

တကယ်လို့ မိတ်ဆက်ပေးသည်ထားအုံး.. ဒီလောက် အများကြီးကို ယဉ်အေး ဘယ်လိုမှတ်မိနိုင်ပါ့မလဲ.. ။

" ဟို အိမ်ထဲဝင်ကြဦးလေ.. "

အပြင်မှာ မိုးတိုးမတ်တပ်ရပ်နေကြတာမို့ ယဉ်အေး အိမ်ထဲဖိတ်ခေါ်မိသည်..

" ရတယ် ဝင်မနေတော့ဘူး..မင်းတို့ကို လာခေါ်တာ "

" ဘာလုပ်မလို့လဲ.. "

" မင်း ဆုရတာ ဂုဏ်ပြုပွဲအနေနဲ့ပေါ့.. "

" ဟုတ်တယ် မင်းမလိုက်လို့မရဘူးနော် ဘုန်းထက်.. "

" မင်းဇနီးပါ ခေါ်လာခဲ့ရမှာ.. "

" ဟင်.. ယဉ်အေး မလိုက်လို့မရဘူးလားဟင် "

ယဉ်အေး တန်းငြင်းမိသည်.. ။

ရိုင်းသွားသလို ဖြစ်သွားရင် မတတ်နိုင်ပါ.. ယဉ်အေးမှ မလိုက်ချင်တော့တာ

" သူပင်ပန်းနေပြီ.. "

" ဟေ့ ဟေ့.. မင်းတော့ လိုက်ခဲ့ရမှာနော် မင်းကဒီနေ့အဓိက မိန်းကြီး "

" အေးပါကွာ လိုက်ခဲ့မယ်.. "

အခုချိန်မှတော့ မလိုက်တော့ဘူးကွာလို့ ငြင်းမကောင်းတော့ဘူးလေ..ရှင်လေး လိုက်မှဖြစ်တော့မည် ။

" ဒါပေမယ့် ငါ့ကိုပြန်လိုက်ပို့မှ ရမှာနော်.. "

" အေးပါ ငါတို့သိပါတယ်.. "

" ဒါဆို သွားရအောင်.. "

ရှင်လေး လိုက်မယ်ဆိုမှ ပွဲဆူနေတာ တိတ်တော့သည်.. ။

" ယဉ်အေး ငါသွားလိုက်ဦးမယ်နော်.. "

" အင် "

" ခဏပဲသွားမှာ သိပ်မကြာဘူး.. မင်းတံခါးသေချာပိတ်အိပ်ဦး "

" အင်.. "

" ဒါဆို သွားပြီ.. "

ကိုရှင်လေးက ပြေးထွက်သွားပြီ.. ကားပေါ်တက်ခါနီးမှ

" ကိုရှင်လေး.. "

" ...... "

ယဉ်အေး အော်ပြီး သိပ်မများတဲ့ လှေကားထစ်တွေကနေ ပြေးဆင်းသွားကာ ကိုရှင်လေးဆီပြေးသွားလိုက်သည်.. ။

အဲ့ချိန်က ကိုရှင်လေးကလွဲ ကျန်တဲ့သူတွေ ပြုံးတုံ့တုံ့ဖြစ်သွားကြတာကို ယဉ်အေး သတိမထားမိလိုက်..

" ဟို ကုတ်လေး ထပ်သွားဖို့.. "

ယဉ်အေးကိုယ်မှာ လွှားတင်ထားတဲ့ ကိုရှင်လေးရဲ့ကုတ်အင်္ကျီလေးကို ယဉ်အေးကိုယ်ပေါ်ကနေ ယူပြီး ကိုရှင်လေးကို ကမ်းပေးမိသည်..

" ဟို အေးနေမှာစိုးလို့ "

ကိုရှင်လေးက မယူပေးဘဲ နေနေတာမို့ ယဉ်အေး အကြောင်းပြချက်လေး ဘယ်သူကမှ မတောင်းပေမယ့် ယဉ်အေး ပေးမိသည်.. ။

" အင် ကျေးဇူး "

ကိုရှင်လေး က အင်္ကျီယူလိုက်တော့မှ ယဉ်အေး စိတ်သက်သာရာ ရတော့သည်..

" ဒါဆို သွားတော့မယ် "

" ဟုတ်ကဲ့ "

ကိုရှင်လေး ကားတစ်ကားပေါ် တက်သွားပြီးမကြာ ခြံဝန်းထဲကနေ မောင်းထွက်သွားတဲ့ထိ ယဉ်အေး ငေးမောကြည့်နေမိတာ ခြံတံခါးပြန်ပိတ်သွားတဲ့ထိပဲ.. ။

.

ရှင်လေး back မှန်ကနေ မြင်တွေ့နေရတဲ့ ယဉ်အေးကို ကြည့်နေမိတာ.. မြင်ကွင်း ထဲကပျောက်သွားသည်ထိ ။

လက်မှာချိတ်ကိုင်ထားတဲ့ ကုတ်ကိုလည်း လက်ချောင်းလေးတွေနဲ့ ပွတ်သပ်နေမိတာက ရှင်လေးပါလေ..

ရှင်လေး အေးမှာစိုးသည်လို့ပါတဲ့..။

အဟက်..

ရှင်လေး သဘောတွေကျကာ ရယ်မိပြန်ပါသည်..

ရှင်လေး သဘောတွေကျကာ ရယ်နေတာကို ဘေးက ကောင်တွေက တစ်ယောက်နဲ့တစ်ယောက် အချက်တွေပြနေကြတာကိုလည်း ရှင်လေး သတိမထားနိုင်ပြန်.. ။

တစ်ယောက်ထဲ သဘောတွေကျ ပီတိတွေစားမပြီးနိုင် ဖြစ်နေတာလေ..

သိပ်မကြာဘူး.. ဆိုင်ကို ရောက်ပြီ ။

ဆိုင်လေးက သက်သောင့်သက်သာလေး ရှိနေတာမို့ ကျေနပ်မိသည်..

အသားတွေ ဝိုင်တွေ အရက်တွေက အဆင်သင့် လုပ်ထားပြီးသားကြပြီပဲ.. ရှင်လေးတို့ အဆင်သင့်ဝင်ထိုင်ရုံပဲ ။

ဂုဏ်ပြုစားသောက်ရင်း တစ်ယောက်က စ ဖောက်လာပြီ..

" ဘုန်းထက် မင်းမိန်းမက မင်းကို ဘယ်လိုခေါ်တာ.. "

" ဟာ ငါကြားလိုက်ပါတယ်.. ဘာတဲ့ ကိုရှင်လေး တဲ့ "

" ဟုတ်တယ် ငါလည်းကြားတယ်.. "

" ငြင်းမယ်မကြံနဲ့နော်.. ဒီကလူ အကုန်ကြားလိုက်ကြတယ် "

အကုန်လုံး ရုပ်က ပြီတီတီရုပ်နဲ့.. ။

" သိနေကြားနေလည်း ဘာလို့မေးသေးလဲကွာ.."

" ဟားဟား.. မင်းမှာဒီလောက် လှတဲ့နာမည် ရှိတာ မကြားဖူးပါဘူး "

ဟင်း.. ။

ရှင်လေး ဆိုတာ မိန်းမဆန်လို့ ဒီနာမည်ကို ပါးနဲမား ရှေ့ကျမှသုံးခဲ့တာ.. အိမ်နာမည်ရှိလား လို့အင်တာဗျူ းမေးလာခဲ့တိုင်း မရှိပါဘူးဗျာ လို့ ဗြောင်လိမ်ချခဲ့တာ

သူငယ်ချင်း တွေလည်းမသိ.. ဘယ်အနုပညာရှင်ကမှလည်း မသိကြဘူး ။

အခုမှ မကြားစဖူး ကြားလိုက်ကြတော့ ရယ်ချေမပေါ့..

" ဘုန်းထက်.. မင်းမိန်းမ အဲ့လိုခေါ်တာ အူမယားဘူးလားကွာ ကြားရတဲ့နားထဲ ရော တစ်မျိုးမနေဘူးလား  "

" မနေဘဲ နေမလားကွ.. ကိုရှင်လေး ဆိုတော့ ငါလည်း နည်းနည်း ကြောင်မိသေးတယ် တော်သေးတယ် ဟက်ထိုးပါလို့ ဟက်ထိုးသာမပါရင် ကိုရင်လေး ကိုရင်လေး ဖြစ်တော့မှာ "

" ဟားဟား.. "

ရှင်လေး အားလုံးနဲ့အတူ ရောယောင်ပြီး ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်.. ။

" မင်းက ရှင်လေးဆိုတော့ ရှင်ကြီးက ဘယ်သူလဲမသိဘူးနော်.. "

" ဒေါ်သျှင်မင်းဆိုတဲ့ ငါ့မားနေမှာပေါ့.. "

" ဟားဟား.. "

ရယ်ပြန်ချေပြီ.. ။

" တော်သေးတယ်.. မင်းမိန်းမ ခေါ်တာ ပီသနေလို့ မပီမသလျှာခင်နဲ့ ကိုရှင်လေး ကိုရှင်လေး ဆိုလို့ကတော့ ရယ်ရမှာငါ့ကောင်ရေ "

" ဟားဟား.. "

အသံနိမ့်နဲ့ ပဲတစ်ပျစ်တစ်နှစ်နဲ့ ပြောလိုက်တဲ့ အသံကြောင့် ရှင်လေးတို့ဝိုင်း ပွဲကျပြန်သည်..။

ပြီး သောက်လိုက်စားလိုက် ရယ်လိုက်နဲ့..အချိန်တွေတောင် လင့်သွားရသည်

.

ဟင်း.. ။

ယဉ်အေး စောင့်နေတာ ကြာပြီ.. ကိုရှင်လေး ဘယ်ချိန်ပြန်ရောက်လာမလဲလို့ ယဉ်အေး စောင့်နေတာ..

အချိန်က ည နှစ်နာရီတောင်ထိုးနေပြီ.. အခုထိကို ကိုရှင်လေးပြန်ရောက်မလာသေး ။

ယဉ်အေးဖြင့် တဖြေးဖြေး မျက်လုံးတွေစပ်ကာ အိပ်ပါငိုက်နေပြီ.. သန့်ရှင်းရေး လုပ်ပြီး အင်္ကျီလဲ ဘုရားရှိခိုးပြီးကတည်းက ထိုင်စောင့်နေတာ

ပြီးဒီနေ့နည်းနည်းပင်ပန်းထားတော့ ယဉ်အေး မျက်လုံးတွေ လည်း စကားပြောနေပြီ.. ။

ယဉ်အေး.. ငါအိပ်ချင်ပြီတဲ့လေ

" ကျွီ.. ဒုန်း "

ဟော အိမ်ရှေ့က အသံကြားတယ်.. ပြန်ရောက်လာပြီ ထင်တယ် ။

ယဉ်အေး အိမ်ထဲကနေ ထွက်ကြည့်တော့ ကိုရှင်လေးက ခြံပေါက်ဝမှာ ဒယိမ်းဒယိုင်နဲ့ မူမမှန်တာမို့ ယဉ်အေးပြေးသွားကြည့်ရသေးသည်..

" ပြန်ပြီ ဟျောင့်.. ဘိုင့် "

" အေး တာ့တာ "

အံမယ်.. ယဉ်အေးဘက်ကို လက်ခါပြနေတာ ။

ကိုရှင်လေးကို ပြန်ပြီနှုတ်ဆက်သွားတာက တံခါးဝမှာ.. အိမ်ထဲကနေ ပြေးဆင်းထွက်လာတဲ့ ယဉ်အေး ကို တာ့တာဆိုပြီး လက်ယမ်းပြနေသေးတာ ။

ဟင်း .. တကယ့် ကိုရှင်လေး

" ကိုရှင်လေး ကိုရှင်လေး.. "

" ဟွင်.. "

အံမယ်.. အသံလေးလေးပင်ပင်နဲ့ ထူးနေလိုက်တာ မျက်လုံးတောင်မပွင့်တော့ဘူး ။

" လာ.. အိမ်ထဲဝင်မယ် "

" အင် "

လက်မောင်းကနေ အသာဆွဲပြီး လမ်းမှန်တည့်ပေးရသည်.. မဟုတ်ရင် ကိုရှင်လေး လားရာက ကားဂိုဒေါင်ဘက်ကို ဦးတည်နေတာလေ ။

" အမလေး.. ကိုရှင်လေး "

အိမ်ထဲအဝင်ကျမှ လှဲကျထိုင်သွားတဲ့ ကိုရှင်လေးကို ယဉ်အေး ဘယ်လိုမှဆွဲမထိန်းထားလိုက်နိုင်.. ။

" ယဉ်အေးရေ ယဉ်အေး.. "

" ဟင် "

ဘေးမှာရှိနေတဲ့ ယဉ်အေးကို ကိုရှင်လေးက ဘာအတွက်ကြောင့်များ လှမ်းခေါ်နေရတာပါလိမ့်.. ။

" ယဉ်အေးရေ ယဉ်အေး.. ငါရောက်ပြီ "

ဟင်.. ခ် ။

ယဉ်အေး သဘောကျကာ ရယ်မိသည်.. ။

ယဉ်အေး ကိုရှင်လေး ပြန်လာတာသိလို့ ခြံထဲကနေတောင် သွားခေါ်ခဲ့တာကို အခုအိမ်ပေါက်ဝမှာ မူးပြီးထိုင်ချလိုက်တာနဲ့ စောနကကိစ္စ မေ့သွားလေသလား..

" ယဉ်အေးရေ ယဉ်အေး.. "

မျက်လုံးမှိတ်ပြီးခေါင်းငိုက်စိုက်ထားရင်း ထိုင်ချကာ အော်နေတဲ့ ကိုရှင်လေး.. တကယ်ကို မနိုင်စိန်ပဲ ။

ယဉ်အေး မသိချင်ယောင်ဆောင်ကာ ကိုရှင်လေး ဘေးမှာ ငုတ်တုတ်လေးထိုင်ချပြီး..

" ဟယ် အရက်သောက်လာတာလား "

" ငါ့ကိုထူဦး.. ငါမထနိုင်ဘူး "

" .... "

ယဉ်အေး ရယ်မိသည်.. တကယ်ကို အမျိုးမျိုး တတ်လည်းတတ်နိုင်ပါပေရဲ့ ။

ယဉ်အေး အားယူပြီးထူပေးကာ အပေါ်ထပ်ကို ရွှေ့ခေါ်ပေးရသည်.. ဒါပေမယ့် ကိုရှင်လေး ကိုယ်ကို မထိန်းနိုင်တဲ့ယဉ်အေးအဖို့ ဘယ်လိုမှ အပေါ်ထပ်ကို ခေါ်မသွားနိုင်..။

နှစ်ယောက်သား အပေါ်တက်နေရင်း အပေါ်ထိတောင်မရောက်ဘဲ နောက်ပြန်လှန်ကျပြီး ခေါင်းကွဲမှာမြင်ယောင်သေးတယ်..

အပေါ်ထပ် မပို့နေတော့ဘဲ ယဉ်အေးအခန်းထဲပဲ ခေါ်ထည့်သိပ်ရမည်.. ယဉ်အေးကတော့ အပြင်ဆိုဖာခုံမှာ ထွက်အိပ်လိုက်ပါမယ်လေ ။

" အများကြီး သောက်လာတာလား.. "

" ဟုတ်တယ် နည်းနည်း အာစွတ်လာတာ.. အောင်ပွဲခံလာတာလေ ဟွင်းဟွင်း "

ယဉ်အေး ညီးတွားတွားလေးပြောတာကို ကိုရှင်လေးက သူ့ပြောတယ်မှတ်ပြီး ပြန်ဖြေနေတာ..။

" ရောက်ပြီ.. "

ယဉ်အေး ကိုရှင်လေး ကို ကုတင်မှာအရင်ထိုင်လျက်ထားကာ ပြောပြီး..လှဲချပေးတာကို ယဉ်အေးကိုပါ ဆွဲဖက်ခေါ်တော့ ယဉ်အေးလည်း ကိုရှင်လေး ဘက်လှဲပါသွားရသည်..

" အမလေး ကိုရှင်လေး.. "

မထင်မှတ်ထားတာမို့ အထိတ်တလန့်လေးအော်လိုက်မသေးတယ်.. ။

" ဟင်း.. "

ကိုရှင်လေးက ယဉ်အေးကိုယ်ကိုဖက်ကာ ဘေးဘက်လှိမ့်ချလိုက်တော့ အသဲတောင် လှပ်ခနဲလေးဖြစ်သွားရသည်.. ။

" ဟင် လွှတ်ပါဦး.. ကိုရှင်လေးရဲ့ "

ယဉ်အေး အသိစိတ်လေး လွင့်လွင့်နေတာကို ပြန်သတိနဲ့ထိန်းနေရသည်.. ။

" ..... "

လွှတ်ခိုင်းတာကို မလွှတ်တဲ့အပြင် ယဉ်အေးကိုဖက်ကာ ယဉ်အေးလည်ပင်းမှာ ကိုရှင်လေးမျက်နှာအပ်လာတာကြောင့် ယဉ်အေးကိုယ်ကြီးတောင့်ခနဲ ဖြစ်သွားရသည်.. ။

" မွှေးတယ်.. "

" ဟင် "

ယဉ်အေးလည်ပင်းကို ထိကပ်နမ်းနေတာကြောင့် မျက်အိမ်တောင်ကျယ်ကာ လက်သီးလည်းအလိုလျောက် ဆုပ်ထားမိသည်..

ကိုရှင်လေး တစ်ချက်ထိနမ်းတိုင်း အသက်အောင့် အောင့်ထားရတာလည်း ယဉ်အေးပဲ..။

" ကိုရှင်လေး.. ဟို "

" .... "

စကားပင် ပြန်မပြောဘဲ ကိုရှင်လေးခြေထောက်က ယဉ်အေးကိုယ်ပေါ်လွှားတင်ခွလိုက်တော့ ယဉ်အေးတစ်ကိုယ်လုံး အပိခံရပြီ.. ပြေးပေါက်မရှိတော့ ။

ဒီကြားထဲ လည်ပင်းကို ကျီစယ်နေတာကြောင့် ယဉ်အေးမှာ မလှုပ်သာ မရွံ့သာ.. ။

" မွှေးနေတာပဲ.. "

မွှေးနေတာပဲ ဆိုပြီး ယဉ်အေးလည်ပင်းမှာ စိတ်ကြိုက်မင်းမူနေတဲ့ ကိုရှင်လေး.. ။

ယဉ်အေးကလည်း ဒီနေ့မှရေမွှေးဆွတ်ထားရတာ မဟုတ်လား..

ပွဲတက်သွားတုန်းက ယုယုကယဉ်အေးကို ရေမွှေးဆွတ်ပေးထားတာလေ.. လည်ပင်းကို လည်း အနံ့လေးသင်းနေအောင် လုပ်ထားသည်လေ

အကောင်းစားရေမွှေးမို့ တော်တန်ရုံနဲ့လည်း အနံ့ကမပြယ်သွားသေးတာလေ.. ။

" ကိုရှင်လေး ဖယ်ပါဦး.. "

ကိုရှင်လေး မျက်နှာကို ယဉ်အေး လက်ဖနောင့်လေးနဲ့ တွန်းလိုက်တော့ လည်ပင်းကနေ မျက်နှာတစ်ဝိုက် ကိုရှင်လေးရဲ့အနမ်းတွေက ပြေးနေတာလေ.. ။

" ကိုရှင်လေး ဟင့်အင်း.. "

ယဉ်အေး ရုန်းနေပေမယ့် အချည်းနှီးသာ.. ကိုရှင်လေးက အရက်မူးလာရုံမက ယဉ်အေးပေါ်အချစ်ပါမူးရူးလာတာလေ ။

ယဉ်အေးမှာ ကိုရှင်လေးရဲ့အမူးတွေကြား ငြင်းသံလေးက ပျောက်ရှလျက်..

ကိုရှင်လေးတော့ ဘယ်တော့များမှ အမူးပြေနိုင်တော့မည်လဲ.. ။

.

" ဟင်.. "

ယဉ်အေး နိုးလာတော့ ယဉ်အေးက ကိုရှင်လေး ရင်ခွင်မှာ စုန်းစုန်းမြုပ်လို့.. ။

ကိုယ့်အခြေနေကိုယ် စမ်းစစ်မိတိုင်း ညကမထင်မှတ်ဘဲ ရောက်ခဲ့ရတဲ့အခြေနေကြီးကြောင့် မျက်နှာတောင် ပူလို့..

ကိုရှင်လေးနဲ့ရင်မဆိုင်ရဲတာကြောင့် ယဉ်အေး ကိုရှင်လေး ရင်ခွင်ထဲက ထွက်ကာ ထလိုက်သည်.. ။

ပြီး ရေချိုးလိုက်ကာ သနပ်ခါးလိမ်း အဝတ်လဲလိုက်သည်.. ကိုရှင်လေးဘက် လှည့်ကြည့်မိတော့ အပေါ်ပိုင်းဗလာကြီးကြောင့် မျက်နှာတောင် ရဲခနဲ ဖြစ်သွားရသည်..

" မဖြစ်သေးပါဘူး.. "

အပေါ်ထပ်တက်ကာ ကိုရှင်လေးရဲ့အဝတ်ဗီဒိုထဲက နီးရာ ရှပ်အဖြူ လက်ရှည်ကိုယူပြီး ကိုရှင်လေးကို ဝတ်ပေးထားလိုက်သည်..

ပြီး ယဉ်အေးလုပ်စရာရှိတာ လုပ်နေလိုက်သည်..။

.

" အား.. အင်း "

ရှင်လေး ခေါင်းတွေအုံခဲနေတာမို့ ညီးတွားရင်း နိုးထလာရသည်.. ။

" ကျွတ် ကျွတ်.. "

ရှင်လေး ကုတင်မှာ လူးလိမ့်တုန်း တစ်မျိုးကြီး ခံစားရတာကြောင့် မျက်လုံး ဖွင့်ကြည့်တော့ စိမ်းနေတဲ့ အခန်းတစ်ခန်း..

" ဟင် "

ရှင်လေး ရုတ်တရက်ကြီး ထထိုင်လိုက်တာမို့ ခေါင်းတောင် မူးသွားရသည်..

မူးနေတဲ့ခေါင်းကို အသာထိန်းကိုင်ပြီး အခန်းပတ်လည်ကို ကြည့်တော့ မစိမ်းတဲ့အသုံးဆောင်ပစ္စည်းတွေ.. ။

ဒါ ယဉ်အေးအခန်းပါ.. ဘယ်လိုလုပ် ရောက်နေရပါလိမ့်

ရှင်လေး မှတ်ဉာဏ်ကို မရမက ဖျစ်ထုတ်ကြည့်တော့ အာရုံမှာဝေးတေးဝါးတား ပေါ်လာတဲ့ မြင်ကွင်း တစ်ခု.. ။

" အမလေး "

ရှင်လေး လန့်ပြီး စောင်ကို ကိုယ်မှာကပ်တဲ့ထိ ဆွဲခြုံမိသေးသည်.. ။

" အမလေး မဟုတ်ပါဘူး "

ရှင်လေး စောင်ပုံကို လွှတ်ချလိုက်သည်.. ။

တစ်ခါမှ ယောင်လို့တောင် မဝင်ခဲ့ဖူးသော ရှင်လေးရဲ့ဇနီးအခန်း.. ရှင်းလင်းပြီး သန့်နေတာ

ရှင်လေးတော့မူးရူးပြီး ယဉ်အေးအခန်းထဲရောက်ရတယ်လို့.. ။

ရှင်လေး ကိုယ့်ခေါင်းကိုယ် ထုရိုက်နေမိသည်..

" မဖြစ်သေးဘူး "

ရှင်လေး အခန်းပြင်ထွက်ဖို့ တံခါးအသာဟကာ ခေါင်းလေးနည်းနည်းထုတ်ပြီး ယဉ်အေးကိုချောင်းနေလိုက်သည်.. ။

ဧည့်ခန်းမှာမရှိတာကြောင့် တံခါးကို အသာယာလေးပိတ်ပြီး ကြောင်လျှောက်လျှောက်ကာ အပေါ်တက်ပြေးမယ်ရှိသေး မီးဖိုချောင်ကထွက်လာတဲ့ ယဉ်အေးကြောင့် ရှင်လေးလှေကားအောက်မှာကိုယ်ကပ်ပြီး ထိုင်ချပုန်းလိုက်သည်..

စားပွဲခုံမှာ ပန်းကန်တွေ တင်ပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားချိန် ရှင်လေး ခြေဖော့သိုင်းထုတ်ကာ  အပေါ်ကို ခပ်မြန်မြန်လေးပြေးတက်ရသေးသည်.. ။

" ဟူး.. "

ရှင်လေး ကိုယ့်အခန်းကိုယ်ရောက်မှ သက်မလေးချနိုင်သည်.. ။

" ဟင် မဟုတ်သေးပါဘူး.. ယောကျာ်းလေး ဖြစ်တဲ့ ရှင်လေးက ပုန်းနေရတယ်လို့ အဟက် အဟား "

ကိုယ့်ကိုယ်ကို လှောင်ပြောင်ပြုံးရယ်နေပေမယ့် မသက်မသာဖြစ်တာကိုတော့ ရှင်လေးခံစားမိပါသည်..

" ဟူး.. "

ဒုတိယံပိ သက်ပြင်းချမိပြန်ပါသည်.. ။

ရှင်လေး ယဉ်အေးကိုဘယ်လိုမျက်နှာပြရမလဲ..

လူလည်း ချဉ်စုပ်စုပ်အနံ့စူးစူး ရနေတာကြောင့် ရေချိုးဖို့ လုပ်ရသည်..။

ရေချိုးနေလည်း ယဉ်အေးနဲ့ဘယ်လို မျက်နှာချင်းဆိုင်ရပါ့မလဲ တွေးနေရတာ အလုပ်တစ်လုပ်..ရေချိုးပြီးလည်း အဖြေထုတ်မရသေး ။

" ကျစ်.. ငါတော့ သေသာသေလိုက်ချင်တယ် "

ဂြီ.. ဂလံု ဂြီ

" ကျစ်.. "

ဗိုက်က အသံပေးနေပြီ.. မနက်စာလေး မစားရသေးဘူး အခုက နေ့လည် စာ စားဖို့ အချိန်တောင် ရောက်နေပြီ ဆိုမှတော့ ဒီဗိုက်က အော်တော့ပေမပေါ့.. ။

ရှင်လေး ဗိုက်ကအရမ်းဆာနေတာမို့ အခန်းထဲမှာဆက်မပုန်းအောင်းနိုင်တော့..

တံခါးလေး အသာဖွင့်ပြီး အပေါ်ထပ်မှာ ယဉ်အေးအရိပ်ကဲလေး ချောင်းမြောင်းကြည့်ရသေးတယ်.. ။

" ဟူး တော်ပါသေးရဲ့.. "

ရှင်လေး အောင်အောင်မြင်မြင်နဲ့တော့ အခန်းထဲကနေ ထွက်လာနိုင်ပါသည်.. ။

လှေကားထိပ်ထောင့်နားလေးကနေ ယဉ်အေး အပေါ်တက်လာနိုင်ခြေ ရှိမလားဆိုပြီး စစ်ဆေးကြည့်ရသေးတယ်..

တက်လာသေးမယ့် အရိပ်ရောင်မတွေ့ရမှ ကိုယ်လေးဘေးတိုက်အနေထားနဲ့ ခြေဖွဖွလေး နင်းချကာ လှေကားတစ်ထစ်ချင်း ခြေတစ်ဖက်ဆီချကာ ဆင်းလာခဲ့သည်.. ။

လှေကားအောက်ခြေနား ရောက်လာလည်း စိတ်ချလက်ချ မဆင်းချနိုင်.. ယဉ်အေး ကိုချောင်းနေရသေးသည်

ရှင်လေးအဖြစ်က ကိုယ့်အိမ်ကိုယ့်ယာမှာတောင်  စိတ်အေးလက်အေး မလုပ်နိုင်.. သူခိုးလိုလို ဓားမြလိုလိုနဲ့ ။

ဒါမှမဟုတ် လျှို့ဝှက်မစ်ရှင်ရနေတဲ့ စစ်သားတစ်ယောက်လိုပဲ.. ခိုးကြောင်ခိုးဝှက်လုပ်နေရတာကိုက မမိုက်

ယဉ်အေးကို အောက်ထပ်မှာလည်းမတွေ့တာမို့ အေးဆေး ထမင်းစားဖို့ လာကာမှ တည့်တည့်ကြီးကိုတိုးရော.. ။

" အယ်.. "

ရှင်လေး ယဉ်အေးကို တွေ့တာနဲ့ ခြေလှမ်းတွေတန့်သွားရသည်.. ခြေနှစ်ဖက်ကို ခြေစုံရပ်ထားမိရာကနေ နောက်ရင်းပြန်လှည့်ကာ လှည့်ပြေးဖို့ လုပ်ရသည် ။

" ကိုရှင်လေး "

နောက်ရင်းက

You are reading the story above: TeenFic.Net