Part (20)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (20)

" ကျစ်.. "

မရပါ မရပါ.. ဒီအောက်ခံလေးလိမ်းတာကို အရာကိုမပေးတတ်ဘူး ဖြစ်နေတယ် ။

မီးဖိုဝင်တဲ့ချိန်ကျရင် အပူအအေးတွေ အိုးကြီးအိုးသေးတွေကို ကိုင်တာ လက်မတုန်ပေမယ့် အခုဒီဘာမဟုတ်တဲ့ မိတ်ကပ်ရည်တံလေးကို ကိုင်ပြီးနေရာချနေတာက လက်တွေတုန်တက်ပြီးမငြိမ်..

အခုကျ အရက်မသောက်ရသေးတဲ့ အရက်သမားလိုပဲ လက်က တုန်ချိတုန်ချိနဲ့.. မပြောလိုက်ချင်ဘူး ။

တစ်ဖက်နေရာ များသွားလို့ နည်းတဲ့နေရာမှာ မိတ်ကပ်ရည်လေး ထပ်ဖြည့်လိုက်.. ပိုသွားလိုက်

ပိုသွားလို့တစ်ဖက်ကိုပြန်ညှိလိုက်နဲ့ လုပ်နေတာ.. မျက်နှာက ကွန်ကရစ်လမ်းတောင် ဖြစ်နေပြီ ကတ္တရာလမ်းတောင်မဟုတ်ဘဲ ။

သွားပြေးပြီး ရေဆေးချရအောင်လည်း ဒီမိတ်ကပ်တွေက တော်ရုံစျေးလည်းမဟုတ်.. ဟာချီဖြင့်တစ်ထောင်ဖိုး ဝယ်ရင် လေးငါးလလောက်ကတော့ အသာလေး အေးဆေးသုံးနေလို့ရတယ် အခုတော့များဖြင့် သိန်းချီသောင်းချီတယ် ဆိုတော့ကာ..

ယဉ်အေး ဒီအတိုင်လေးပဲ ဆက်ကျင့်နေရတာ ဘာတတ်နိုင်မည်လဲ.. ။

မျက်နှာတစ်ခုရဲ့ ဒုတိယအရေးကြီးဆုံးပိုင်းဖြစ်တဲ့ မျက်ခုံး မျက်လုံး တွေကို ပြင်ကြည့်ရမည်.. အဲ့ကစ ရှုပ်တာပဲ

မျက်ခုံးကို ယုယုလုပ်ပေးသလို ထောင့်နားလေးချိုးပြီး ဆွဲကြည့်တာပါ.. အဆုံးနေရာက ရှည်သွားလို့ မိတ်ကပ်သားနဲ့ ဖုံးအုပ်လိုက် ထပ်ဆွဲကြည့်လိုက် တိုသွားလိုက်နဲ့ မိတ်ကပ်ပြန်ထည့် လုပ်တာနဲ့ မျက်ခုံးတစ်ဝိုက်တောင် တောင်ပို့ဖြစ်သွားပြီလားတောင် မသိဘူး..  ကျစ် ဒီလောက် အရစ်ရှည်တဲ့အလုပ်ကို မလုပ်ချင်တော့ဘဲ လက်သာလျှော့ပစ်လိုက်ချင်တော့တယ် ။

တော်တော်ကို ကြိုးစားအရာပေးပြီး မျက်ခုံးမွှေးဆွဲတံလေးနဲ့ အရောင်ထည့်ခြယ်ရသည်.. အလယ်ကနေ စပြီးဆွဲခြယ်လိုက်တာ မဲနက်သွားလိုက်တာ ပိတုံးရောင်အတိုင်း ။

အလယ်က မဲတော့ ဘေးထောင့်စွန်းတွေလည်း မဲရပြီလေ..

" အမလေး.. "

ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ရင်း လန့်တောင်လန့်မိတယ်.. မျက်ခုံးကြီးက ကြီးပြီးမဲပြောင်နေလိုက်တာ မသိရင် ခူပျံကြီးကပ်ထားသလိုလို ပိုးတီကောင်လုံး တက်နေသလိုလို.. ။

မဲပြောင်နေတာမို့ ပြန်ဖျက်မယ်ဆိုတော့လည်း ဘုတ်ဘုတ်နဲ့ပုတ်လိုက်ရပြန်သည်..

" အင်.. ဒီမိတ်ကပ်တွေသာ ခွာခြစ် ချလိုက်ရင်တော့ လှည်းတစ်စီးစာ အမောက်ရမှာ အသေချာပဲ "

ယဉ်အေး ပြင်ရင်း ကိုယ့်ကိုယ်ကို ပြောမိသေးတယ်.. တကယ် အဟုတ် ကို ရမှာလေ ။

" ဒီလောက်ဆို ရပြီထင်တယ်.. စောနကလောက် အရောင်မထွက်တော့ဘူး "

မှန်ကိုကြည့်ပြီး ခေါင်းကိုနည်းနည်းလောက် လှည့်ကြည့်ရင်း မျက်ခုံးကအမဲတွေကို လက်နဲ့ခြစ်နေမိသည်.. ။

ရေစိုခံမို့ လက်နဲ့ဖျက်လည်း မပျက်တော့ အေးရောပဲ..

ညာဘက်မျက်ခုံးကို ဒီလောက်နဲ့ပဲ ထားပြီး ဘယ်ဘက်ကို ဖြည့်ရသည်.. အရမ်းမဲတက်မသွားအောင် ဖွဖွလေးဆွဲခြစ်နေတော့ အရာတောင်မထင်.. ငါနော် ။

ဖိဆွဲတော့ မဲပြောင်တယ်.. ဖွဖွဆွဲတော့ အရာမထင်ဘူး

" အယ်..ခ်ခ် "

ယဉ်အေး ကိုယ့်ကိုယ်ကိုကြည့်ပြီး ရယ်လည်းရယ်ချင်တယ်.. စိတ်လည်းညစ်တယ် ။

မျက်ခုံးဆိုဒ်က တစ်ဖက်နဲ့တစ်ဖက်မတူဘူး.. တစ်ဖက်က တိုတိတိုနှံ့နဲ့ တစ်ဖက်က ရှည်လမျှောကြီးဖြစ်နေတာ.. ဟူး ခက်လိုက်တာ

ယုယုလို သဘာဝနဲ့နီးကပ်တဲ့ပုံလေးဆို ဝေးရောပဲ.. ယဉ်အေးသာ မိတ်ကပ်ပြင်စားရင်တော့ ခါးဝတ်ထဘီတောင် မြဲမယ်မထင် ။

လာပြန်ပြီ နောက်တစ်မျိုး.. အိုင်း လိုင်နာတဲ့

မျက်လုံးမှိတ်ချဆိုးပြန်တော့ ဆွဲမရ ။

ဖွင့်ဆိုးရပြန်အောင်လည်း မျက်လုံးအိမ်ထဲ ထိုးမိပြန်မှာ ကြောက်ရပြန်သည်.. ဖွင့်ဆိုးရမဟုတ် ပိတ်ဆိုးရ မရ ဟင်းနော် ။

ယဉ်အေး မျက်ခွံကို လက်ညိုးနဲ့ထောက်ဆွဲပြီး ဆိုးတော့ လက်ကမညိမ်တာမို့ လှိုင်းတွန့်တွေ လှိုင်းကောက်တွေ လှိုင်းတံပိုးတွေတောင် ဖြစ်ကုန်ပြီ.. ဒီလက်က ငြိမ်ကိုမငြိမ်နိုင်သေးတာ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး..

" ဟူး.. "

ယဉ်အေးတော့ လေပူခဏခဏ မှုတ်ထုတ်နေမိရပြီ.. ။

ပြီး မက်စ်ကာရာလေးနဲ့မျက်တောင်တွေ ဆေးတင်တော့ မျက်လုံးအိမ်ထဲ လေသလပ်တာကြောင့် ယဉ်အေးမနေနိုင်စွာ မျက်တောင် ခတ်မိတော့ ဂွမ်းပြီပဲ..

" ဟာ.. "

မျက်ခမ်းအောက်မှာ အမဲစက်တွေ ထင်သွားလို့ လက်ညိုးနဲ့ခြစ်ဖယ်တော့ ဘဝပါဆိုးရော.. မျက်ခမ်းအောက်မှာ အမဲရောင် မှင်ရည်က အတန်းလိုက်ကြီး..။

လူစင်စစ်ကနေ နာနာဘာဝ ဘဝ ရောက်သွားရပြီ..

ဆက်ပြင်ချင်စိတ်တောင် ကြက်ပျောက် ငှက်ပျောက် ပျောက်ရပြီ.. ။

" ကျစ်.. မသိတော့ဘူးဟာ "

နှမြောနေလို့လည်း မရတော့ဘူး.. မျက်နှာ သွားသစ်ချပစ်လိုက်မှပဲ ရတော့မယ် ။

ယဉ်အေး သွားသစ်တော့ မျက်နှာကို တော်တော်သစ်ယူချလိုက်ရတယ်.. မျက်နှာသစ်ဆပ်ပြာ နှမြောတတ်တဲ့ ယဉ်အေး အခုတော့ နှမြောနေလည်း မရတော့တာမို့ သုံးလိုက်ရပြီ

မျက်နှာကိုလည်း ကုတ်ခြစ်ဆေးလိုက်ရတာ မျက်နှာကြီးလည်း လက်ချောင်းရာတွေနဲ့ နီကျစ်သွားတာ.. လက်ကြောင့် ပူထူနေတဲ့ မျက်နှာကို သနပ်ခါးလေး အမြန်ပြေးလိမ်းလိုက်ရတယ်

သနပ်ခါးလိမ်းတာတောင် ဘာမှမခက်ဘူး.. ဒီမိတ်ကပ် လိမ်းမှပဲ ယဉ်အေးမှာ မူကြိုအဆင့်တောင်မရှိဘူး.. ။

ဟူး..

.

" မလေး အဆင်ပြေလား.. "

နောက်ရက်ကျ ယုယုက ယဉ်အေးနား ကပ်လာပြီး မေးပြီ.. ။

" ဟင့်အင်း မပြေပါဘူး ယုယုရယ်.. "

ယဉ်အေး ငြင်းချက်ထုတ်တာတောင် အားမရှိ..။

" ဘယ်နားလိမ်းရတာ အဆင်မပြေတာလဲ မလေး.. "

" မျက်နှာတစ်ခုလုံးပဲ ယုယုရယ်.. "

" ရှင်.. "

မလေးက မျက်နှာလေးငြိုးငယ်စွာ ပြောနေပြီး ခေါင်းလေးငဲ့စောင်းပြောနေပုံလေးက အသည်းယားစရာ.. ။

" ခ်ခ်.. မလေးရယ် အခုမှ စ သင်နေတာကို ဘယ်အဆင်ပြေသေးဦးမလဲ မလေးရဲ့ "

" မဟုတ်ပါဘူး.. ယဉ်အေးကိုက ဉာဏ်တုံးတာပါ "

" ခ်ခ်.. မလေးရယ် ကိုယ့်ကိုယ်ကိုယ် အဲ့လောက် မနှိမ့်ချထားပါနဲ့ အဆင်မပြေသေးတာများ ယုယုက အဆင်ပြေသွားအောင် ကူညီမှာပေါ့.. ဘာအဆင်မပြေတာလဲ ပြောလေ "

" အဆင်မပြေတာဆိုရင် လက်မငြိမ်ဘဲ တုန်ရီနေတာ.. လက်စလည်း မသိဘူး များတာများ နည်းတာနည်းနဲ့ နည်းလို့များတာနဲ့ညှိတော့ များလွန်ပြီး ကွန်ကရစ်လမ်းလိုပဲ ထူပိန်းသွားတာ..တစ္ဆေ ရုပ်ကြီးထွက်သွားတာပဲ "

" အဲ့လိုက ဖြစ်တတ်ပါတယ် မလေးရဲ့.. အစလိမ်းကတည်းက ဖွဖွလေး လိမ်းပေးကြည့်ကြည်လေ နည်းနည်းချင်း ပြင်သွားကြည့်ကြည့်ပေါ့ "

" အင်.. မျက်ခုံးဆွဲတာလည်း အဆင်မပြေဘူး ယုယုရယ် ကြီးသွားပြီး မဲနက်နေတာက မှင်ရည်ကြီး လောင်းခံထားရသလိုပဲ.. မသိရင် ပိုးတီကောင်လုံး တက်နေသလိုပဲ "

" အဟင်း.. အဲ့လိုပဲ ဖြစ်တတ်ပါတယ် များသွားလို့ပါ ဖွဖွလေးအသာဆွဲရင် ရပါတယ် "

" ဖွဖွလေး ဆွဲတော့ အရာကိုမထင်ပြန်ဘူး.. "

" နည်းနည်းတော့ ထိဆွဲကြည့်ပါ.. မလေးရဲ့စိတ်ကိုလည်း အရမ်းကြီးတင်းမထား ထားပါနဲ့..စိတ်တင်းထားရင်လည်း မဖြစ်ဘူး "

" အင်.. ယဉ်အေး စိတ်တင်းထားမိတာတော့ အမှန်ပဲ အာ့ကြောင့် အမှားများနေတာလား မသိဘ ူ"

" ယဉ်အေး.. "

" အမလေး မြတ်စွာဘုရား.. "

စကားပြောမဆုံးသေးဘူး ကိုရှင်လေး ခေါ်သံကြောင့် ယဉ်အေး လန့်သွားကာ ရင်ဘတ်လေးအသာဖိမိတဲ့ထိ.. ။

တိုးကြိတ်ကြိတ် လုပ်နေပါတယ် ဆိုမှ.. စိတ်ကမလုံတော့ အော်မိတာလေ ။

" ယဉ်အေး.. "

" လာပြီ လာပြီ ကိုရှင်လေးရေ.. "

အနောက်မှာ နေရင်းကနေ ကိုရှင်လေးရှိတဲ့နေရာ ခပ်သွက်သွက်လေး လျှောက်လှမ်းသွားမိသည်.. ။

" လာ ထိုင်လေ.. မိုးတိုးမတ်တပ် နဲ့ "

" ဟင် အင်း "

ယဉ်အေး တစ်ဖက်ကခုံမှာ ဝင်ထိုင်လိုက်ရသည်..။

" နောက်လအစောပိုင်းလောက် ငါ့ကို FM ဆယ်နှစ်ပြည့်အထိမ်းမှတ်နေနဲ့ တက်ရောက်ဖို့ ဖိတ်ထားတယ်.. "

" ..... "

ယဉ်အေး မျက်လွှာလေးချရင်း ခေါင်းညိမ့်ပြလိုက်သည်.. ။

" မင်းပါ လိုက်ရမယ်.. "

" ဟင် ယဉ်အေးရောလား "

" အေးလေ.. မင်းရောပေါ့ "

" ယဉ်အေး ပွဲနဲ့မလိုက်ပါဘူး.. နေလည်းမနေတတ်ဘူး "

" ဒီအတိုင်း ငါ့ဘေးမှာပဲ မင်းထိုင်နေရမှာ ဘာလို့မနေတတ်ဖြစ်ရမှာလဲ.. "

" ဒါပေမယ့် ယဉ်အေးက "

" တော်ပြီ ယဉ်အေး.. မင်းငါ့ဇနီးဖြစ်လို့ ငါတက်ရမယ့် တက်သင့်တဲ့ပွဲတွေကိုလည်း မင်းပါလိုက်တက်ရမယ် ယဉ်အေး.. နောက်လည်း တက်ဖြစ်နေရဦးမှာမို့ မင်းမရှောင်နေနဲ့တော့ "

" ယဉ်အေး သိပါပြီ..ယဉ်အေးအတွက် နည်းနည်း ဝန်ပိနေလို့ပါ "

" ဘာမှမဖြစ်ဘူး စိတ်ထဲထားမနေနဲ့.. အခုသွားမှာလည်း မဟုတ်ဘူး အခုက မင်းသိအောင် အရင်ပြောပြပေးထားတာပဲ ရှိတယ် "

" ဟုတ် ကိုရှင်လေး.. "

ယဉ်အေး ကြိုးစားပြင်ဖို့လိုပြီ.. ။

နောက်တစ်လအတွင်း အလှတိုးလာဖို့ လိုတယ်လေ.. ဖိုက်တင်း ယဉ်အေး

.

မျက်နှာကို အရင်ကလောက် မဟုတ်ပေမယ့် အတော်သင့်တော့ ယဉ်အေးဘာသာပဲ ပြင်တတ်လာပါသည်.. ။

မျက်နှာကလည်း ညရောက်တိုင်း ကပ်ပေးနေကျ ကိုရှင်လေးရဲ့ mask တွေကြောင့် အသားရည် က ဝင်းပြီး ကြည်လာသလိုပါ.. အပြင်မသွား နေမထိလေမထိ အဲကွန်းအောက်မှာပဲ တစ်ချိန်လုံး နေခဲ့တာကြောင့် နေလောင်ခံထားရတဲ့ အရင်လိုအသားရည်တွေ မညီမညာဖြစ်နေတဲ့ အသားရည်တွေက အခုတော့ ဝင်းပြီးဖြူ လာတာလည်း ငြင်းမရတော့ပြန်.. ။

ရေလည်းဝဝလင်လင် သောက်ရတယ်.. သစ်သီးဝလံတွေလည်း နေ့ရက်တိုင်း စားပေးဖြစ်တယ် ဗီတာမင်အပြည့်ပါတဲ့ အစိမ်းရောင် အရွက်တွေလည်း စားဖြစ်တာကြောင့် အမှန်တိုင်း ပြောရရင် ယဉ်အေး အသားရည် လှလာပါတယ်လေ..

ပြင်မရတာတော့ ယဉ်အေးရဲ့အရပ်လေးနဲ့ ပိန်တဲ့ခန္ဓာကိုယ်ပါ.. ။

ဘယ်လောက်စားစား မဝလာတာကြောင့် ကောင်းသည်လို့ပဲ ပြောရမလား ဆိုးသည်လို့ပဲပြောရမလား.. ဝတာထက် နည်းနည်းလေးလောက်တော့ ပြည့်တာလေး လိုချင်ပါသေးတယ်

ယဉ်အေးတော့ တဖြေးဖြေး အလှမက်လာသလိုပဲ.. ။

မိန်းကလေး တစ်ယောက် ပုံမှန်နေရင်းကနေ ချောလာချင်တာ လှလာချင်တာက အချစ်နဲ့တွေ့ကြလို့ပါတဲ့.. ဒါဆို ယဉ်အေး လှသထက်လှလာချင်တာက ချောသထက်ချောလာချင်တာက အချစ်နဲ့ တွေ့နေလို့များလား ။

ဒါဆို ယဉ်အေးရဲ့အချစ်က ဘယ်သူ့ကြောင့် ပေါ်လာတာပါလိမ့်..

" မလေး.. "

" ...... "

" မလေး မလေး.. "

" ဟင် ဟွင် "

" မလေး ဘာတွေအတွေးလွန်နေတာလဲ.. ယုယုခေါ်နေတာကို မကြားနိုင်ရအောင် "

" ဟင် အဲ.. အဘ အဘနဲ့အမေကို သတိရလို့ပါ "

အလို..အော်တိုမစ်တစ် စနစ်အရနဲ့ ယဉ်အေး အလိမ်ညာတွေ ပြောထွက်လိုက်မိလို့ပါလား ။

ဒီရောက်ကတည်းက ယဉ်အေးကယဉ်အေး မဟုတ်တော့ဘဲ ပြောင်းလဲ တတ်နေခဲ့သလိုပါ..

" အဲ ဆောရီးနော် မလေး.. ယုယုက ဒီတိုင်း စ လိုက်တာ "

" အဟင်း ရပါတယ် "

လိမ်မိလိုက်တာမို့ မသက်မသာလေး ပြုံးပြီးပြောလိုက်ရသည်.. ။

" မလေး ဘယ်လိုလဲ အခြေနေတိုးတက်လာပြီလား.. "

" ဟင် ဘာကို "

" မိတ်ကပ်ပြင်တာလေ.. အဲ့အခြေနေ "

" အင် တိုးတက်သလိုတော့ ရှိပါတယ် "

" ဒါဆို တခြားဟာ လေ့ကျင့်ပါလား မလေး.."

" ဟင် ဘာကိုကျင့်ရမှာလဲ.. "

" တန့် ဒန့်.. ဒီမှာ "

" ဟင် "

ဒေါက်ဖိနပ် ကို ပြလာတဲ့ ယုယု.. ။

" ဒါက "

" စီးကျင့်ရမယ်လေ မလေးရဲ့.. ပွဲတက်တွေဆို ဒေါက်နဲ့မှ မိုက်တာ "

" ဒီတိုင်း ရိုးရိုးအနိမ့်စီးလို့မရဘူးလားဟင်.."

" အနိမ့်ကိုစီးဖို့ မတွေးနေပါနဲ့ မလေးရယ်.. ကိုလေး နဲ့အတူလက်ချင်းချိတ်ပြီး တက်ရမှာ အရပ်ကအရမ်းကွာနေရင် ကြည့်မလှဘူး "

" ....... "

ယဉ်အေး ငြင်းစရာမရှိတော့ပြန်.. ယုယုပြောတာလည်း တရားနည်းလမ်းကျနေတာလေ ။

ဒါပေမယ့် ဒေါက်စီးဖို့ကျပြန်တော့လည်း နည်းနည်း..

" လာပါ မလေးရဲ့.. စီးကြည့်ရအောင်ပါ "

" ဒါပေမယ့် ယဉ်အေး "

" ထ.. ထပါ မလေးရဲ့ ထ "

" ...... "

ယုယုက အတင်းထူနေတာမို့ ယဉ်အေး ထရပ်လိုက်ရသည်.. ။

" စီးကြည့် စီးကြည့်.. "

ယဉ်အေး ခြေထောက်ကို ယူပြီးဖိနပ်အတင်း ဝတ်ပေးနေတာမို့ ဝတ်လိုက်ရသည်..

အမလေး.. ကြည့်တော့တာ ဘာမှမဟုတ်တာ စီးလည်းစီးကြည့်တော့ မြင့်လိုက်တာ လူတောင် အပေါ်မြင့်ရောက်သွားသလိုလို ။

" လျှောက်ကြည့်လေ မလေးရဲ့.. ရပ်မနေဘဲ "

" မြင့်တယ် ယုယုရဲ့.. ယဉ်အေး မစီးတတ်ဘူး "

" လျှောက်ပါ ယုယုလက်ကိုင်ထားပေးမယ်.."

" ဟင်.."

ယုယုက ယဉ်အေးရဲ့လက်နှစ်ဖက်ကို ထိန်းကိုင်ပေးပြီး ရှေ့ကနေထိန်းပေးတော့ ယဉ်အေး အလိုက်သင့် တစ်လှမ်းချင်းစီ ဖြေးဖြေး လှမ်းမိရပြန်သည်.. ။

အခုမှ ယဉ်အေးက လမ်းလျှောက်တတ်စ ကလေးတစ်ယောက်လို ဖြစ်နေရပြီ..

" ယုယုရယ်.. ယဉ်အေး ဒါကြီးမစီးတတ်ပါဘူး "

" မစီးတတ်ဘူး ဆိုတာ မရှိပါဘူး.. ကြိုးစားရင် ဘာမဆိုဖြစ်ပါတယ် မလေးရဲ့ ခဏလေးပဲခက်တာပါ နောက်ဆို အဆင်ပြေသွားမှာ ဒီလောက်လေးက "

" ယဉ်အေးအတွက် ဒီလောက်လေး မဟုတ်ဘူး .. ဒီလောက်ကြီး ဖြစ်နေတာ "

" ခ်ခ်.. လုပ်ပါ မလေးရဲ့ "

အားပေးတဲ့သူက အားပေးနေတာမို့ ယဉ်အေးလည်း ကြိုးစားလုပ်နေရသည်.. ။

.

" အမလေး ခြေသလုံးတွေတောင် တောင့်ခဲနေတာပဲ.. ခါးတွေလည်း ကိုက်လိုက်တာ ခြေဖဝါးတွေလည်း အရည်ကြည်ဖုလေးတွေတောင် ထွက်တယ် "

ယဉ်အေး ကုတင်မှာ ထိုင်ရင်း ခြေထောက်ကို ဖိနှိပ်ကိုင်ရင်း ရေရွတ်နေမိသည်.. ။

မိန်းကလေး တစ်ယောက် လှပကြော့ရှင်းနေဖို့ဆိုတာ တော်တော် ဒုက္ခ ခံစားရတာပဲ.. လှတောင်မလှချင်တော့ဘူး

အရေးထဲ ကိုရှင်လေး ရှေ့ဆို အရည်ကြည်ဖုတွေ ပေါက်နေတဲ့ ယဉ်အေးခြေထောက်တွေကို ဖွက်ထားရသေးတယ်.. ။

တော်ကြာ မင်းခြေထောက် က ဘာဖြစ်တာလဲ လို့ မေးလာရင် ယဉ်အေးမှာ ဖြေရခပ်ခက်ခက်..လှချင်လို့ပါလို့ ဖြေလည်းမဖြေရဲ

ခြေထောက်က ဘယ်လောက်နာနာ ကိုရှင်လေးရှေ့မှာဆို ဘာမှမဖြစ်သလို ဖိနင်းလျှောက်ရသည်.. ကိုရှင်လေးနောက်ကွယ်မှာဆိုရင်တော့ ဖွဖွလျှောက်နေရတာ

လူလည်း ဒေါက်ဖိနပ်စီးပြီး ထော့ကျိုးဘဝ တစ်ပိုင်းရောက်နေရတယ်.. ။

ခါးတွေလည်း တစ်ကြောလုံး ကိုက်ခဲနေတာ..မလှုပ်ချင် မကိုင်ချင်တောင်ဖြစ်ရသည်..

ပင်ပန်းလိုက်တာနော်..။

ဒါပေမယ့်လည်း ယဉ်အေးဒေါက်ဖိနပ်ကို ပိုင်ပိုင်နိုင်နိုင် စီးနိုင်တဲ့ထိ ကျင့်တယ်.. ဘယ်လောက် နာနေပါစေ ' ယဉ်အေးဟာ ကိုရှင်လေး ဇနီးမို့..ကိုရှင်လေး ဇနီးရာထူးနဲ့ အညီနေနိုင်ရမယ် ' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရသည်..

တဖြေးဖြေး နဲ့ ယဉ်အေး ဒေါက်လည်း စီးနိုင်နေပါပြီ.. ။

.

တစ်လကြာပြီးနောက်..

ဒီလိုနဲ့ ရောက်ခဲ့ပါပြီ.. ကိုရှင်လေးနဲ့အတူ ပွဲတက်မယ့် ရက်ကို ။

ပွဲက ညနေမှာမို့ နေ့လည်ကတည်းက ယဉ်အေးပြင်ဆင်နေရတယ်.. ရေချိုးခေါင်းလျှော်ရတယ် တစ်ကိုယ်ရည် အရင်သန့်ရှင်းရေး လုပ်ရသည်

ယဉ်အေးရဲ့ ဆံပင်ကိုလည်း ဒရိုင်ယာနဲ့မှုတ်ပေးနေတာ.. ။

" ယုယု ပြင်ဖို့က အစောကြီးဖြစ်မနေဘူးလား.."

" မဖြစ်ပါဘူး မလေးရဲ့.. ဒီချိန်လောက်ကတည်းက ပြင်မှ တော်ရာကျတာ "

" ဟင်း.. "

ကိုရှင်လေးဆို အခုထိ ဧည့်ခန်းမှာ ခြေဆင်းလက်ဆန့် နဲ့.. ။

" အင်း.. မခြောက်တခြောက်လေး ထားထားဦးမယ် လက်သည်းခြေသည်း ဆိုးပေးမယ် "

" ဟင် လိုလား.. "

" လိုတာပေါ့ လာ လက်ပေး.. "

ယဉ်အေး လက်တွေပေးလိုက်ရသည်.. ။

ယုယုကပဲ ယဉ်အေးကို စိတ်ရှည်လက်ရှည် နဲ့ လက်သည်းခြေသည်း အရောင်တင်ပေးသည်..

" မလေး လက်တွေမှုတ်ထားလိုက်ဦးနော်.."

" ဟင် အင်.. "

ဆိုးပြီးသွားတဲ့ လက်ချောင်းတွေကို ယဉ်အေး လေအေးအေးလေးနဲ့ အသာမှုတ်နေရသည်..။

လက်တွေခြေတွေလည်း ဆိုးပြီး ခဏအခြောက်ခံထားရသေးတယ်..မခြောက်မချင်း ပျက်မှာစိုးလို့ ဘာမှမလုပ်ရဲ မကိုင်ရဲသေး

ခြောက်ပြီဆိုမှ ယဉ်အေးကိုယုယုက မိတ်ကပ်ပြင်ပေးသည်.. ယုယုပြင်ပေးတာ ခဏလောက်လေးပဲ ကြာတယ် တော်တော်များများ ပြီးပြတ်နေပြီ ။

ဒီနေရာမှာ ယဉ်အေးဘာသာလိမ်းရင်တော့ တော်တော် အချိန်လေးတော့ ယူရဦးမည်..

နောက်ဆုံး အားလုံးပြင်ပေးပြီးတော့ နှုတ်ခမ်းအရောင်တင်ကာ အဆုံးသတ်လိုက်သည်..

" မလေး ကြည့်ကြည့်.. "

ယဉ်အေးရှေ့မှာရပ်ပြီး နှုတ်ခမ်းနီ ဆိုးပေးပြီးတာနဲ့ ယုယုကသူ့ကိုယ်ကြီးကို ဖယ်ပေးကာ မှန်ကြည့်ခိုင်းနေသည်..

" ........ "

မြင်လိုက်ရတဲ့ မှန်ထဲက သူကို ယဉ်အေး ငေးငေးလေး ကြည့်နေမိတာ.. ။

ဒါ ယဉ်အေးတဲ့လား.. ကိုယ့်ကိုယ်ကိုယ်တောင် မယုံချင်

တစ်ချိန်က ယဉ်အေးဆိုတာ အခုမြင်တွေ့နေရတဲ့ ယဉ်အေးနဲ့လားလားမှမဆိုင်.. ။

" မလေး.. ရေချိုးခန်းထဲမှာ မလေး ဝတ်ရမယ့်အဝတ်ကို ထည့်ထားပေးတယ် သွားလှဲလိုက်ဦးနော် "

" အင် "

ယဉ်အေး ရေချိုးခန်းထဲ ရောက်တော့ မြင်လိုက်ရတဲ့ အင်္ကျီလေးတစ်ထည်..

ယဉ်အေး ယူဝတ်လိုက်သည် ။

အဖြူ ရောင် ဖြူ လွှလွှလေးမို့ ယဉ်အေး သဘောကျပြန်သည်.. အရင်ကဆို ယဉ်အေး အဖြူ ရောင် ရှောင်သည် ယဉ်အေးနဲ့မလိုက်လို့

အခုတော့ ယဉ်အေး အဖြူ ရောင် လေးဝတ်နိုင်သည်.. လည်ပင်းက ဟိုက်ပေမယ့် ခြေမျက်စိဖုံးတဲ့ထိရှည်တာမို့ တော်ပါသေးရဲ့ ပေါင်ပေါ်တယ်ဆိုရင် ဝတ်ရဲမှာမဟုတ် ။

" မလေး ဝတ်လို့ ရရဲ့လား .."

" အင်.. ရတယ် "

ယဉ်အေး ရှည်နေတဲ့ဂါဝန်စလေးကို မကာ ထွက်သွားလိုက်သည်.. ကိုယ်လုံးနဲ့အရမ်းကပ်နေတာလည်း မဟုတ် အရမ်းကြီးကားထွက်နေတဲ့ ဂါဝန်လည်းမဟုတ်.. ပြေပြေလေးပြေးပြီး ကားနေတဲ့ဂါဝန်လေး ။

" ဟယ်.. လှလိုက်တာ မလေးရယ် အယ် ဒါက ပခုံးပေါ်တင်ထားရမှာမဟုတ်ဘူး ဒီနားလောက်လျှောချထားရမှာ "

" အယ်.. "

ယဉ်အေး  ဂုတ်ပေါ်ကဂါဂန်ကိုင်းကို လက်မောင်းထိ ယုယုကဆွဲချလိုက်တော့ ယဉ်အေး ရင်ဘတ်ကို လက်နဲ့ကာထားလိုက်ရတယ်.. ။

" ပေါ်ကုန်တော့မှာပဲ .."

" မပေါ်ပါဘူး မလေးရယ်.. ဒီဂါဝန်က ဒီလိုပဲဝတ်ရတာ "

" ဟင်.. "

" လက်လွှတ်လိုက်လို့ ရပါတယ် မလေးရဲ့.. လွှတ်လိုက် လွှတ်လိုက် "

ဒုက္ခပဲ.. ယဉ်အေးလက်ကို အတင်းခွာချနေတယ် လက်လည်းခွာလိုက်ရော ရင်ဘတ်ကိုလေလည်း ဖြတ်လူးသွားတော့ အသည်းတောင်အေးခနဲဖြစ်သွားရသည်.. ။

" လာ.. ဆံပင်လုပ်မယ် "

ယဉ်အေး ခုံမှာထိုင်ပေးလိုက်ရသည်.. ။

" မလေး ယုယုလုပ်တာ နာရင်ပြောနော်.."

" အင်.. "

ဆံပင်ကို အပေါ်ထိမြှောက်စည်းနေတာမို့ ဦးရေပြားတွေတောင် တင်းခနဲဖြစ်ကာ အော်မိတော့မယ့်ထိ.. ။

တစ်ခါမှအခုလိုမစည်းထားဖူးတော့ နာလိုက်တဲ့ဖြစ်အင်.. ဆံပင်တွေတောင် အမြစ်ကနေ ကျွတ်ထွက်ကုန်ပြီလားတောင် အောက်မေ့ရတယ်

" ယုယု.. နည်းနည်း လျှော့ချည်ပေးလို့ ရမလား"

" အော် ဟုတ်ကဲ့.. နာသွားလို့လား မလေး "

" အင် နည်းနည်း "

ယုယုက တောင်းပန်ကာ အားနည်းနည်းလျှော့ပေးသည်.. တင်းနေတုန်းဆိုပေမယ့် စောနကလောက်တော့ မနာပါ

စောနကဆို တစ်ယောက်ယောက်က ယဉ်အေးဆံပင်တွေ ဆွဲဆောင့်ထားသလိုပင်..။

" အင် ပြီးပြီ.. "

ဆံပင်ကို အမြင့်လေးစည်းထားပေးကာ ဆံစတစ်ချို့နဲ့ပြန်ပက်ပေးထားတာကြောင့် မသိရင် ယဉ်အေးဆံပင်ကို ဆံစတွေနဲ့ချည်နှောင်ထားသလိုလိုနဲ့.. ။

ပြီး လည်ပင်းမှာ ဆွဲကြိုးမျှင်မျှင်လေး ဆွဲပေးသည်.. ပြီးနားက ရွှေနားကပ်သေးသေးလေး ဖြုတ်ကာ နားကပ်တွဲလောင်းရှည်လေး ဝတ်ပေးသည်.. လက်မှာလည်း လက်ကောက်ဝတ်မျှင်မျှင်လေးတစ်ကွင်း

တစ်ကွင်းဆိုပေမယ့် သုံးလေးကွင်းလောက်နဲ့ဆက်ထားတဲ့ပုံလေးမို့ ရိုးရိုးလေးနဲ့ ဆန်းနေတာ..။

" ဒေါက် ဒေါက်..အထဲက မပြီးသေးဘူးလား သွားရတော့မယ် "

" ပြီးပြီ .. ပြီးပြီ ကိုလေးရေ "

ကိုရှင်လေးက လာအော်ခေါ်တာမို့ နာရီကြည့်တော့ ဟုတ်သား.. အချိန်ကပ်နေပြီ ။

ယဉ်အေး ပြင်တာ အဲ့လောက် အချိန်ကြာလား..

" မလေး ဒီဖိနပ်စီးနော်.. "

" ဟင် အင်း.."

ချပေးလာတဲ့ မိတ်ကပ်ရောင်ဒေါက်လေးကို ယဉ်အေးစီးလိုက်သည်.. ။

" သွားမယ်.. "

" အင်း.. "

ဟူး..

ယဉ်အေး တံခါးဝမှာ ရပ်ပြီး သက်ပြင်းလေးချကာ အပြင်ထွက်လိုက်သည်.. ။

အပြင်မှာ နာရီကြည့်နေရင်း မျက်ထောင့်မှာမြင်နေရတဲ့ အဖြူ ရောင် လှုပ်လှုပ်လေးကြောင့် လှည့်ကြည့်တော့..

ရှင်လေးရဲ့ဇနီး ယဉ်အေးချမ်း.. ။

" မလေး ဒီမှာ ဖုန်းနဲ့အိတ် ကျန်ခဲ့လို့.. "

" အော် ကျေးဇူး "

နောက်လေးလှည့်ပြီး ယုယုပေးတာ ယူနေတဲ့ယဉ်အေး .. ရှင်လေးက ဘေးနေရာမှာ ရပ်နေသလိုဖြစ်နေတာမို့ ခေါင်းလှည့်လိုက်တော့ ထင်းသွားတဲ့လည်တံရိုး..ဆံပင်ကိုလည်း မြင့်မြင့်လေးစည်းထားတာမို့ အထင်းသားတွေ့နေရတာပါလေ ။

ယုယုကိုပြုံးပြီးစကားပြောနေတာက တင်ထားတဲ့နှုတ်ခမ်းအရောင်ကြောင့် နှုတ်ခမ်းသား မျက်နှာမှာပြေးနေတာ သိသာလှတယ်..

စကားလေး တပြောပြောနဲ့ခေါင်းမငြိမ်တာမို့ နားမှာပန်ထားတဲ့ နားဆွဲလေးက လေသင့်အလိုက် လိုက်ယိမ်းနွဲ့နေတာ.. ။

ခေါင်းငုံ့ပြီး ဂါဝန်စမကာ ရှင်လေးဆီ လျှောက်လှမ်းလာတဲ့ ယဉ်အေးက ဒီနေ့ အရမ်းကျော့ရှင်းနေတာ.. ။

အနားတဖြေးဖြေးရောက်လာတော့ ပေါ်လွင်နေတဲ့ မှီးညှပ်ရိုးမှာ ဆွဲကြိုးမျှင်လေးက တင်နေတာ..

အသားလေးကလည်း ဖွေးလာတာ အသိသာ..ဒါကို သတိထားမိတာလည်း ကြာပါပြီ ။

" ဘယ်လိုလဲ ကိုလေး.. မလေး တခြားတစ်ယောက် ဖြစ်သွားသလိုပဲမလား "

" အင် မဆိုးပါဘူး.. တက် သွားမယ် "

ယုယုက မေးလာတာကို မဖြေဘဲနေလိုက်သည်..။

အရင်ကျောပေးလှည့်လိုက်တာမျု့ နှုတ်ခမ်းစွန်းမှာအပြုံးခိုတွဲ လိုက်လာတာ ကို ဘယ်သူမှမတွေ့လိုက်ရ..

" မလေး တက်လေ.. "

" ဟင် အင် "

ယဉ်အေး ကားထဲဝင်ထိုင်လိုက်သည်.. ။

ကားထဲဝင်ထိုင်လိုက်တာနဲ့ နေရခက်စွာ ဘာလို့ရင်တွေအရမ်းခုန်ပြီး လှုပ်ရှားလာပါလိမ့်..

ကိုရှင်လေးက ယဉ်အေးကိုတောင် လှည့်မကြည့်လာဘဲ ဘာလို့ရင်တုန်ပန်းတုန် ဖြစ်နေရမှန်း ယဉ်အေးကိုယ်ယဉ်အေး နားမလည် ။

အဲ့ချိန် ယဉ်အေးမသိတာက ရှင်လေးကားမှန်ကနေတဆင့် ယဉ်အေးကို ကြည့်နေခဲ့တာကို..

.

" ရောက်ပြီ.. "

ဘုရား ရောက်ပြီတဲ့.. ။

ယဉ်အေး စိတ်တွေလှုပ်ရှားလာကာ လက်တွေ ခြေတွေ တောင် အေးစက်တုန်ရီလို့..

" နေ ယုယု.. "

ယဉ်အေး ဘက်ကားတံခါးကို ဖွင့်ပေးဖို့လုပ်နေတဲ့ ယုယုကို ရှင်လေးတားပြီး ရှင်လေးကိုယ်တိုင်ပဲ ယဉ်အေးအတွက် တံခါးဖွင့်ပေးလိုက်သည်..

ဟင်.. ။

ယဉ်အေးမှောင်ကျနေရာကနေ လင်းသွားတော့မျက်နှာလေးပင့်ကြည့်မိတော့ ကိုရှင်လေး ကိုမြင်နေရပြီ..

" လာ.. "

လက်ကမ်းလှမ်းလာပေးတဲ့ ကိုရှင်လေး.. ။

ယဉ်အေး ယောင်နနလေးနဲ့ ကိုရှင်လေး ကမ်းလှမ်းလာတဲ့လက်ထဲ ယဉ်အေးလက် အပ်နှံမိသည်

ပြီးကိုရှင်လေးက အသာခြေလှမ်းဆုတ်နေတာမို့ ယဉ်အေးအလိုက်သင့်လေး ခုံမှထကာ ကားပေါ်မှ ဆင်းလိုက်မိသည်.. ။

" ဘုန်းထက်ပြည့်ရှင်.. ဘုန်းထက်ပြည့်ရှင် လာပြီ.. "

အသံတွေညံသွားသလို တဖျတ်ဖျတ် ရိုက်နေကြတဲ့ ကင်မရာ အလင်းရောင် တွေ.. ။

ယဉ်အေး နောက်လေးဆုတ်မိတာကို ကိုရှင်လေးသတိထားမိတဲ့ပုံပါပဲ.. ယဉ်အေးလက်ကိုယူပြီး ကိုရှင်လေးလက်မှာချိတ်ထားပေးကာ ယဉ်အေးလက်ကို ဖုံးအုပ်ကိုင်ထားပေးသေးသည်

တစ်ခဏတွင်း လက်လေးနွေးသွားသလိုနဲ့ နှလုံးအိမ်လည်း သိမ့်ခနဲဖြစ်သွားရသည်..။

" လာ.. "

ကိုရှင်လေး ခေါ်သွားတော့ တွန့်ဆုတ်ဆုတ်လေးနဲ့ လိုက်ရသည်..

ဂါဝန်စလေးကိုလည်း ယဉ်အေး လက်သည်းထိပ်လေးတွေနဲ့ ဆုပ်ကိုင်ထားရတယ်..ကြောက်လွန်းလို့ ။

တော်သေးတယ်.. ယုယု ဒေါက်စီးခိုင်းထားလို့ မဟုတ်ရင် ကိုရှင်လေးခြေလှမ်းနဲ့ အမှီလိုက်ဖို့ ယဉ်အေး ဒေါက်ဖိနပ်ကြီးနဲ့ ဘယ်လိုမှမဖြစ်

စိတ်ထဲ ကြိတ်ကျေးဇူးတင်မိသည်.. ။

နောက် ကိုရှင်လေးနဲ့အတူ တွဲပြီး ဓာတ်ပုံ ရိုက်ခံနေရသည်.. မနေတတ်ပါဘူးဆိုမှ

" ဘာမှမဖြစ်ဘူး သက်သောင့်သက်သာနေ.."

" အင် အင်း.. "

ယဉ်အေး ဘယ်လောက်ပဲ စိတ်လျှော့လျှော့ စိတ်သက်သာရာကို မရပါ.. ။

ပြီး ခန်းမတွင်းထဲရောက်တော့ ကိုရှင်လေးစကားကြောင့် လူကရှက်ပြုံးလေးပြုံးမိတယ်..ဒီနေ့ မင်းလှတယ်တဲ့လေ

တော်ပါသေးရဲ့.. မလှမှာ စိုးရိမ်နေမိတာ အထူးသဖြင့် ကိုရှင်လေး မျက်လုံးထဲမှာပေါ့ ။

ကိုရှင်လေးလည်း ဒီနေ့ကြည့်ကောင်းနေတာပါလေ.. အနက်ရောင် လည်ပိတ်ဆွယ်တာပေါ် ကုတ်အနက်လေးထပ် စတိုင်ဘောင်းဘီနက်နဲ့ ဝေါ့ကင်ရှူ းအနက်ရောင် ။

တစ်ကိုယ်လုံး အနက်ပြေးနေပေမယ့် ကြည့်ကောင်းတာတော့ အလွန်ပါ..ဆံပင်ကို ဒီနေ့ သေချာလေးပုံသွင်းထားတာ ၊ မျက်မှန်အနက်လေးကလည်း စတိုင်ကျကျ တပ်ထားသေးတယ် ၊ နားကစိန်ရောင်ကလည်း တောက်လို့

ပွဲကလူ တော်တော်လေးစည်ပါသည်.. အစီစဉ် တွေလည်း စနေပါပြီ ။

အခုတော့ ဆုပေးပွဲ အစီစဉ်တဲ့လေ..

" ဟုတ်ကဲ့ ကျွန်တော်တို့ FM မှာ သီချင်းအများဆုံး တောင်းခံရတဲ့အဆိုတော်က ဘုန်းထက်ပြည့်ရှင် ဖြစ်ပါတယ် ခင်ဗျား.. "

ယဉ်အေးကတော့ ကြားရတာ မယုံနိုင်..ကိုရှင်လေး ကတော့ သာမန်ဖြစ်အင်လို အေးဆေးတည်ငြိမ်ကာ ယဉ်အေးဘက်လှည့်ကြည့်ပြီး ဘယ်လိုလဲ ဆိုတဲ့သဘောနဲ့ မျက်ခုံးလေးပင့်ပြသည်.. ။

ပြီးကိုရှင်လေး စင်ပေါ်မှာ ဆုတက်ယူကာ ပြောလိုက်တဲ့စကားထဲမှာမှ ယဉ်အေးရင်အခုန်ရဆုံး စကားတစ်ခွန်းက..

" ဒီနှစ်တော့ အမှတ်ရဆုံးနှစ်ဖြစ်သွားပြီ .. ကျွန်တော့်ကို မသိတဲ့လူကို ကျွန်တော်သိအောင် လုပ်သွားနိုင်လို့ ပြီးတော့ ကျွန်တော့်ဇနီးကလည်း ဒီပွဲလိုက်တက်ပေးတဲ့နှစ်မှာ အခုလိုရတော့ အမှတ်တရ ဖြစ်သွားတာ " ပါတဲ့လေ.. ။

ကိုရှင်လေး ကတော့ နော်.. ယဉ်အေး ကို တော်တော်

You are reading the story above: TeenFic.Net