ခွင့်မရှိ
🌸pann
Part (15)
ရှင်လေး အိပ်မပျော်နိုင်သေး.. ဇက်ကြောတွေ ထိုးကိုက်နေတာ ခေါင်းလည်းမကြည် ။
ဒီနေ့ ပါးတို့အိမ်မှာ အိပ်တာမို့ ရှင်လေးတို့နှစ်ယောက် အတူအိပ်ဖြစ်မည်..
ရှင်လေးကသာ အခန်းထဲရောက်နေပြီ.. ယဉ်အေးတော့ အခန်းထဲ ဝင်မလာသေး ဘာများလုပ်နေတယ်လဲတော့ ရှင်လေးလည်း မပြောတတ်ဘူး.. ။
ရှင်လေး အိပ်မပျော်ဖြစ်နေတာကို မျက်လုံးဇွတ်မှိတ်ချပြီး အိပ်ဖို့လုပ်ရသည်..
ယဉ်အေး ပါးနဲ့မားကို နှိပ်ပေးပြီး ဘုရားရှိခိုးနေတာ.. အခုမှ လုပ်စရာတွေ အကုန်ပြီးစီးတော့တယ် ။
ဒီနေ့ ကိုရှင်လေးနဲ့အတူ အိပ်ရမယ် ဆိုတော့ ရင်ထဲတလှပ်လှပ်ရယ်နဲ့.. ဟိုတစ်ခါ အတူတစ်ခန်းထဲ အိပ်ဖူးတယ်ဆိုပေမယ့် ယဉ်အေးဘာမှမမှတ်မိသလို သိလည်း မသိလိုက်..
မသိဆို ကားမူးနေတာနဲ့ ဒီအတိုင်း မျက်လုံးမှိတ်ထားရုံနဲ့ အိပ်ကိုပျော်သွားတာလေ.. ။
အခုနဲ့တော့မတူ.. အခု ယဉ်အေးက သတိကပ်နေတာ မဟုတ်လား
ဝင်လည်းမသွားရဲသလို ဘယ်လိုနေရမယ်မှန်းလည်း မသိတော့.. ဘာပဲဖြစ်ဖြစ် ဒီနေ့က ယဉ်အေးတို့ ပထမဆုံး အတူတစ်ခန်းထဲ သုံးဖြစ်တာမို့ အခုမှ အသစ်စက်စက် အိမ်ထောင်ပြု လိုက်တဲ့ မိန်းကလေး တစ်ယောက်လို ရင်ခုန်စိတ်လှုပ်ရှား နေမိတာတော့ အမှန်.. ။
ယဉ်အေးကသာ စိတ်လှုပ်ရှားနေတာ ကိုရှင်လေးက အသားတောင်ထိမှာမဟုတ်တဲ့ အကြောင်းကို တွေးမိပြန်တော့ ယဉ်အေးကိုယ့်အတွေးကိုယ် လှောင်ပြောင်ရယ်မိသည်..
" နင် ကြောက်စရာ ဘာမှတောင်မရှိနေဘူးလေ.. ယဉ်အေး "
ယဉ်အေး ကိုယ့်ကိုယ်ကို သတိပေးရသေးသည်.. ။
စိတ်လှုပ်ရှားတာတော့ မရှိတော့ပေမယ့် နည်းနည်း မလွတ်လပ်သလို ခံစားနေရသေးသည်.. အရင်လို တစ်ယောက်ထဲနေရတာထက်တော့ စိတ်ထဲ သက်သက်သာသာမရှိ ။
" ဟူး.. "
ယဉ်အေး သက်ပြင်းလေး ဆွဲချပြီး အခန်းထဲ ဝင်သွားလိုက်သည်.. ။
အခန်းထဲရောက်တော့ ကိုရှင်လေး အိပ်ပျော်နေတာမို့ ယဉ်အေး စိတ်သက်သာသွားသလိုပါ.. မဟုတ်ရင် ကြောက်သလိုလို လန့်သလိုလို ရှိန်နေသလိုလိုနဲ့ ခံစားချက် ပေါင်းစုံနေတာက ခံရခက်လွန်းတယ်..
အဝတ်သစ်တွေ ဝတ်ထားသေးတာမို့ ယဉ်အေးဝတ်နေကျ အဟောင်းလေးတွေ ထုတ်ကာ လဲဖို့လုပ်ရသည်.. ။
အဝတ်တွေယူပြီး ရေချိုးခန်းထဲ ဖွနေတဲ့ခြေလှမ်းကို ထပ် ခြေဖွကာ လျှောက်သွားမိသည်.. ဘယ်လိုပဲ ကိုရှင်လေး အိပ်ပျော်နေတယ် ပြောပြော ယဉ်အေးစိတ်ထဲ မလုံဘူးလေ.. ။
အကုန်လဲဝတ်ပြီးမှ ကုတင်ထောင့်စွန်းမှာ အသာနေရာယူ လှဲလိုက်တယ်.. တော်ကြာ ကိုရှင်လေး နိုးသွားမည်စိုးလို့ပါ
ယဉ်အေး ကိုရှင်လေးကို ကျောပေးလှည့်အိပ်ကာ မျက်လုံးအသာမှိတ်လိုက်သည်.. ခေါင်းအုံးပေါ် ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့ ယဉ်အေးအဖို့ အိပ်ပျော်တော့မည် ဆိုကာမှ.. ကြားလိုက်ရတဲ့ ကိုရှင်လေး ညီးသံ သဲ့သဲ့ ။
" အာ ကျွတ် ကျွတ်.. "
" ...... "
" အာ.. "
" ..... "
ယဉ်အေး ကျောပေးမိရာကနေ ခေါင်းစောင်းငဲ့ကြည့်လိုက်ရသည်.. ။
မျက်လုံးမှိတ်ကာ မျက်ကြောတွေကို လက်ညိုးနဲ့လက်မ ဖိနေတာ..
" ကိုရှင်လေး.. "
" အင် း.. "
" ခေါင်းကိုက်နေလို့လား.. "
" အင် "
" ယဉ်အေး နှိပ်ပေးမယ် "
ပြောလည်းပြောရင်း ယဉ်အေး ထ ထိုင်ကာ ကိုရှင်လေး ဖိနေတဲ့ နေရာကို ဖိနှိပ်ပေးနေလိုက်သည်.. ။
ရှင်လေး မနှိပ်ခိုင်းပေးဖို့လည်း မတားနိုင်.. တော်တော် နေရကြပ်နေတာ မဟုတ်လား
ယဉ်အေးက နားထင်ကြောတွေလည်း သေချာနှိပ်ပေးနေပြန်တော့ ရှင်လေးသက်သာသလိုလို..။
" ကိုရှင်လေး သက်သာရဲ့လား.. "
" အင်.. "
မျက်လုံးတောင် မဖွင့်နိုင်သေးဘူး ကိုရှင်လေး ခမျာ.. ။
" ကိုရှင်လေး ထ ထိုင်လိုက်ပါလား.. ယဉ်အေး သေချာနှိပ်ပေးမယ် "
" ..... "
" အခုလိုကျ နှိပ်ပေးရတာ မသက်သာလို့ပါ.. ထ ပေးဦးနော် "
" အင်.. "
ရှင်လေး လက်ထောက်အားပြု ထတော့ ဘေးကနေ ယဉ်အေးကူပေးပါသည်.. ။
" တစ်ချက် မတ်မတ်ထိုင်ပေးဦးနော်.. "
" .... "
ရှင်လေးကို မတ်မတ်ထိုင်ခိုင်းစေပြီး မလဲမယိုင်စေအောင် ယဉ်အေးက သူ့ဒူးခေါင်းနဲ့အသာထောက်ကာ ရှင်လေးကိုယ်ကို ထိန်းထားသည်.. ။
" အ အ့.. "
ယဉ်အေး နှိပ်လိုက်တဲ့အကြောက ရှင်လေး အကြောမိနေတဲ့အကြောမို့ ရှင်လေး အသံထွက်မိသည်.. ။
" အင်.. နာသွားလို့လား ကိုရှင်လေး "
" မဟုတ်ဘူး.. မင်းနှိပ်တဲ့နေရာအကြော မိလိုက်လို့ နာလို့မဟုတ်ဘူး "
" ဟုတ်.. နာရင်ပြောနော် "
" အင်.. "
တကယ်ပါ.. ယဉ်အေးက စိတ်ရှည်လက်ရှည်နဲ့ကို မညီးမညူ ဘဲနှိပ်ပေးနေတာ ။
ရှင်လေးလည်း ရပ်တော့ဖို့ မတားမိပြန်.. အမှန်တိုင်း မလိမ်မညာ မဖွက်မဝှက်တိုင်းပြောရရင် ယဉ်အေးနှိပ်ပေးတော့ သက်သောင့်သက်သာရှိပြီး အရမ်းဇိမ်ကျသည်လေ..
" ကိုရှင်လေး ပခုံးကြောတွေက တောင့်တင်းနေတာပဲ.. ယဉ်အေး နှိပ်ပေးမယ် "
ပခုံးကြောတွေကိုလည်း နှိပ်ပေးတော့ လူက အတော်လေး အနှိပ်ပဲခံချင်နေသည်.. ဒုက္ခပဲ ။
" တော်ပြီ တော်ပြီ ရပြီ.. "
တားမှ.. မတားရင် ဘယ်ထိနှိပ်ပေးမယ် မသိ ။
အားနာဖို့ ကောင်းသည်လေ.. ကြာလာတော့
" ယဉ်အေး ကို အားနာနေလို့လား.. "
" ...... "
ယဉ်အေးက ဒဲ့မေးချလာတော့လည်း မဖြေတတ်တော့.. ။
" ရပါတယ်.. သက်သာတဲ့ထိ နှိပ်ခံလိုက်ပါ "
" ...... "
သက်သာတဲ့ထိဆို ဘယ်ထိသွားမယ်ဆိုတာ မသ်ိဘူး.. လို့ စိတ်ထဲကအသာပြောမိတယ် ။
" ခါးရိုးချိုးတတ်လား.. "
" အင်.. နည်းနည်း "
" ယဉ်အေး ချိုးပေးမယ်.. "
" ဟင်.. "
" လက်နှစ်ဖက်ကို ဒီလိုလုပ်လိုက်.. "
ယဉ်အေးက ရှင်လေး လက်နှစ်ဖက်ကိုယူကာ လည်ဂုတ်မှာ ထားခိုင်းသည်.. ပြီး ယဉ်အေး ဒူးခေါင်းက ရှင်လေးခါးမှာ ထောက်ထားသေးတယ်
" မတ်မတ်လေး ထိုင်နော်.. ယဉ်အေးဆွဲတဲ့နောက် လိုက်မပါနဲ့ "
" ဟင် အင်.. "
ဘယ်လိုဆွဲမလို့လဲတော့ မသိပေမယ့် မျက်ခုံးကတော့ လှုပ်လာပြီ.. ။
" ဂျွတ် ဂျွတ်.. ဂျွတ် "
အမလေး.. ခါးရိုးတစ်လျှောက် တဂျွတ်ဂျွတ်နဲ့ ကျိုးသွားလိုက်တာ ။
အနှိပ်ကြောဆရာမလား မသိ.. ယဉ်အေးလက်စွမ်းက တော်တော်အကြောမိသည်
ရှင်လေးတော့ မမျှော်လင့်ဘဲ အနှိပ်ခံရတယ်.. ဆိုးတော့ မဆိုးပါဘူး ။
" ရပြီ ရပြီ.. "
" ဟင်.. တကယ် ရလို့လား "
" ရပါတယ်.. မင်းအိပ်တော့လေ ငါ့ကိုနှိပ်ပေးလို့ ကျေးဇူးတင်ပါတယ် "
" ယဉ်အေးက ကိုရှင်လေး ဇနီးတစ်ယောက် ဆို.. ကိုရှင်လေးပဲ ပြောတာ "
" အင် "
" ဒါဆို ယဉ်အေးကို ကျေးဇူးမတင်နေပါနဲ့.. ယဉ်အေးက ကိုရှင်လေး ဇနီးတစ်ယောက် ပဲကို "
" ...... "
ရှင်လေး ယဉ်အေးကို လှည့်ကြည့်ပြီး ယဉ်အေးမျက်လုံးတွေကို စိုက်ကြည့်နေလိုက်သည်.. ။
အမှန် ဒီချိန် ရှင်လေး မန္တလေးမှာ ရှိနေရင် ယဉ်အေးချမ်းရဲ့ အခုလို ပြုစုယုယ ပေးတာ ခံရဖို့ ဆိုတာ ရှိလာမလား..
နှစ်ယောက်က အိမ်ထောင်ကျပါပြီဆိုကတည်းက သူငယ်ချင်း မောင်နှမ မိတ်ဆွေ တွေလို တစ်ခါမှ ရင်းရင်းနှီးနှီး မနေခဲ့ကြ.. လင်မယားတွေ လိုဆို ပိုဝေးပြီ ။
ဒီလို ရင်းနှီးမှုမရှိတဲ့ ရှင်လေးတို့နှစ်ယောက်ကြားမှာ တစ်ယောက်စိတ်ထား တစ်ယောက်က သိပါဦးမလား..
အလို.. ရှင်လေးတို့နှစ်ယောက် သူစိမ်းတွေ ပဲ ဖြစ်ခဲ့ကြတာပဲ ။
" သက်သာပြီဆို ယဉ်အေး အိပ်တော့မယ်နော်.. "
" အင်.. အိပ်တော့ အိပ်တော့ "
သတိလွှင့်နေရာကနေ ပြန်စုစည်းပြီး ဖြေလိုက်ရသည်.. ။
ယဉ်အေး ကိုရှင်လေးက ယဉ်အေးကိုစိုက်ကြည့်နေတာမို့ မနေတတ်တော့ဘူးလေ.. ဒါကြောင့် အိပ်ဖို့မြန်မြန် တာဆူလိုက်ရသည် ။
ရှင်လေး ကို ကျောပေးလှည့်အိပ်သွားတဲ့ ယဉ်အေးကျောကိုကြည့်ရင်း နောက်ပြန် အိပ်ယာပေါ် လှဲချလိုက်သည်..
ရှင်လေး နဖူးပေါ် လက်တင်စဉ်းစားခန်း ဝင်ရသည်.. ပန်းတိုင်မရှိ ရည်ရွယ်ချက် မရှိတဲ့ အတွေးတွေက ရောက်တတ်ရာရာ.. ။
ဒီတစ်ညလည်း ရှင်လေး ယဉ်အေးအကြောင်း တွေးရင်း အိပ်မပျော်နိုင် ဖြစ်ရပြန်ပြီ..
.
" အား.. "
မနက်ခင်း မိုးလင်းတော့ ရှင်လေး အကြောဆန့်ပြီး နိုးထလာသည်.. ဒီနေ့တော့ အရင်နေ့တွေထက် ပိုစောပြီးထဖြစ်တယ် ။
ဘေးကို ကြည့်တော့ ယဉ်အေးမရှိတော့..
ရှင်လေး တစ်ကိုယ်လုံး အကြောချဉ်တွေပြေပြီး နေရတာ လွတ်လပ်လှသည်.. စိတ်လည်းလန်းဆန်းနေသလို လူလည်း အရင်ကထက်ကို ပိုတက်ကြွနေသည်..
ရှင်လေး ရေချိုးခန်းထဲ ဝင်ပြီး ခေါင်းလျှော်ပြီး ရေပါတစ်ခါထဲချိုးလိုက်သည်.. ။
ပြီး ဗီဒိုထဲမှာရှိတဲ့ ပေါ့ပေါ့ပါးပါး ဝတ်စုံရွေးထုတ်ပြီး ဝတ်လိုက်တယ်.. အားလုံး ပြင်ဆင်ပြီး အခန်းထဲက ထွက်လာတော့ ဘုရားခန်းကနေ ထွက်လာတဲ့ ယဉ်အေးနဲ့တိုးပြီ
မျက်လွှာလေးချပြီး ခြေတစ်လှမ်းပြီးတစ်လှမ်း လျှောက်လာနေတဲ့ ယဉ်အေး.. ဆံပင်ကို တစ်ချောင်းထဲကျစ်ပြီး ဘေးတစ်ဖက်ထဲကို ချထားတာ ၊ မျက်နှာမှာလည်း သနပ်ခါးတွေနဲ့
မြင်လိုက်ရတဲ့ ရှင်လေးအဖို့ ရင်အေးသွားတာတော့ အမှန်.. ။
မနက်ခင်း အချိန်လေးမှာ အခုလိုလေး မြင်တွေ့ရတဲ့သူတိုင်း ရင်အေးချမ်းသွားကြမှာတော့ မငြင်းသာ..
" ဟင် ကိုရှင်လေး.. "
အခုမှ ရှင်လေးကို မြင်တဲ့ ယဉ်အေး.. ။
" ဘာဖြစ်တာလဲ ပြူ းတူးပြဲတဲနဲ့.. "
" အိပ်ယာထလာပြီလား.. "
" ထလာလို့ မတ်တပ်ရပ်နေတာ မင်းမြင်နေတာ မဟုတ်ဘူးလား.. "
" ယဉ်အေးက ကိုရှင်လေး ဒီချိန်မထတတ်တော့ အံ့ဩမိတာပါ.. "
" အဲ.. "
ကိုယ့်ကိုယ်ကိုတော့ အိပ်ယာထ နောက်ကျတတ်တာ သိပါတယ်.. ဒါပေမယ့် အခုလိုပြောခံရတော့လည်း အောင့်သက်သက်နိုင်သား ။
" ကိုရှင်လေး ခေါင်းကိုက်သက်သာပြီလား.. "
" အင် သက်သာသွားပြီ.. "
ဟုတ်မှာပါ.. ကိုရှင်လေးက ဒီနေ့မျက်နှာကြည်လင်ပြီး တက်ကြွနေတာ ။
ရေလည်းချိုးပြီးတဲ့ပုံပဲ.. ဆံပင်တောင် စိုနေသေးတုန်း
" ကိုရှင်လေး အောက်ဆင်းတော့မှာမလား.. "
" အင်.. "
ရှင်လေးဖြေပြီး အရှေ့ကနေဆင်းတော့ ယဉ်အေးလည်း နောက်နားလေးက ကပ်လိုက်ဆင်းလာသည်.. ။
ယဉ်အေး အလျင်လိုနေမလားလို့ ရှင်လေး လှေကားဘေးဘောင်နား ကပ်ပေးလည်း ကျော်မတက်သွား..
" မင်း အရင်ဆင်းနှင့်လေ.. အလျင်လိုနေတာ မဟုတ်ဘူးလား "
" ကိုရှင်လေးကပဲ ရှေ့ကသွားပါ.. ယဉ်အေး အရမ်းအလျင်မလိုပါဘူး "
" ..... "
ရှင်လေး မျက်မှောင်တစ်ချက် ကျုံ့ကြည့်ပြီး အရင်ရှေ့ကနေဆင်းလိုက်သည်.. ။
လှေကားရင်းရောက်ပြီး ကျော်လာလို့ အနောက်လှည့်ကြည့်တော့ ယဉ်အေးချမ်း သုတ်သုတ်နဲ့ မီးဖိုချောင်ထဲ ဝင်သွားတယ်..
ပြောတော့ အလျင်မလိုပါဘူးဆို.. ။
" ဟ.. ဒီနေ့ အနောက်ရပ်က နေပွင့်လို့လား "
ပါး ပြောနေတာက ဘာကိုရည်ညွှန်းပြောမှန်းလည်း ရှင်လေးသိပါတယ်.. ။
" အဲ့လောက်ထိ ထူးဆန်းသွားလား.. ပါး "
" အေး.. ထူးဆန်းတာပေါ့ တစ်သက်နဲ့တစ်ကိုယ် အခုမှတွေ့ဖူးတာလေ "
ပါးက ပြောရင်း ဧည့်ခန်းမှာ သွားထိုင်တော့ ရှင်လေးလည်း နောက်ကလိုက်လိုက်သည်.. ။
" ပုံကြီးချဲ့ပြန်ပြီ.. "
ပြောရင်း ပါးရဲ့တစ်ဖက်ဘေးမှာ ရှင်လေး ဝင်ထိုင်လိုက်သည်.. ။
" ဘယ်လိုလဲ.. သက်သာသွားပြီလား "
" အင်.. လုံးဝ fresh ပဲ "
" ဟားဟား.. ဒီအသံပဲ ကြားချင်တာ ကိုထွန်းဆေးက ဒီတစ်ခါတော့ ဆေးစွမ်းသား တစ်ညထဲနဲ့ သက်သာတယ် "
" ဦးထွန်းဆေးလည်း ပါပေမယ့် ယဉ်အေးကြောင့်လည်း ပါပါတယ်.. "
" ဟေ ဘယ်လို.. "
" ညက ယဉ်အေးနှိပ်ပေးတယ်.. "
" ဟော သမီးပဲလား.. ပါးလည်း သမီးနှိပ်ပေးတာ ကို သဘောကျတယ် ကိုယ်လက်ချဉ်တွေပြေသွားတာ "
" ပါးကိုလည်း နှိပ်ပေးတယ်လား.. ယဉ်အေးက "
" အွန်.. မားကိုလည်း နှိပ်ပေးတယ် ဘာဖြစ်လို့လဲ "
" ဟင့်အင်း.. ဒီအတိုင်း မေးကြည့်တာပါ "
" သမီးက အရမ်းလိမ်မာတယ်.. ဒီလိုမိန်းကလေး ရတာ မင်းသိပ်ကံကောင်းတယ် ရှင်လေး "
ဒီစကားက ရှင်လေးနဲ့ နားမစိမ်းတော့တဲ့ စကားပါ.. ။
ငြင်းမနေပါ.. ငြင်းရအောင်လည်း လိုမှမလိုဘဲ
" သမီး မီးဖိုထဲမှာမလား.. "
" အင် ဟုတ်တယ်.. စောနလေးက ဝင်သွားတာ တွေ့တယ် အလောကြီးနေတယ် ထင်တယ် သုတ်သုတ်နဲ့ ဝင်သွားတာ.. လှေကားက ဆင်းလာတော့ ရှင်လေးကရှေ့ကနေ လျှောက်နေတာ သူ့လမ်းကိုပိတ်သလိုဖြစ်နေလို့ လမ်းဖယ်ပေးတော့လည်း ရတယ် ပြောပြီး အနောက်ကနေ အသာမှိန်းလိုက်လာသေးတယ် "
" ဟားဟား.. အထူးဆန်း ဖြစ်နေလို့လား သမီးကအဲ့လိုပဲ ပါးနဲ့မားလည်း တစ်ခါကြုံဖူးတယ် သမီးကို မေးတော့ ယဉ်အေးထက် ဝါကြီးသက်ကြီးတွေရှေ့ ကျော်တက်မလျှောက်တတ်လို့တဲ့.."
" ဟင်.. ဘာဆိုင်လို့လဲ "
" ငယ်ငယ်က သင်ခဲ့ရတယ်တဲ့.. သက်ကြီးဝါကြီး ဆရာသမားရှေ့က ကော့တော့ကော့တော့ မလျှောက်ကောင်းဘူး လို့ သူ့အဘက သင်ထားတာကြောင့် တဲ့ "
ပါလာပြန်ပြီ.. အဘအောင်မောင်း ။
ယဉ်အေး ပါးစပ်ဟလိုက်တာနဲ့ အဘအောင်မောင်း က မပါမဖြစ်.. ။
" သမီးက လိမ်မာတယ်.. အိမ်ရောက်တဲ့နေ့ကတည်းက မီးဖိုချောင်လည်း သူ အိမ်သန့်ရှင်းရေး လည်း သူ.. လျှော်ရေးဖွတ်ရေးလည်း မခိုမကပ်ဘူး ပါးနဲ့မားကိုလည်း ယောက္ခမ တွေပဲဆိုပြီး ပေါ့ပေါ့တန်တန် မဆက်ဆံဘူး.. အရာရာ သူ့လက်သူ့ခြေချည်း ဝင်လုပ်သွားတာ "
" ...... "
ယုံပါတယ်.. ပါးနဲ့မားက ဒါကြောင့်လည်း သမီး သမီးနဲ့ ပါးစပ်ဖျားကနေမချဘူး ။
" ဟော သားဖနှစ်ယောက်.. မနက်စာ စားကြမယ် လာတော့ "
" အေ.. အေး "
မနက်စာကို ကော်ဖီနဲ့မုန့် စားတတ်တဲ့အိမ်က အခုတော့ ထမင်းနဲ့ဟင်းနဲ့ ဖြစ်နေပြီ.. ။
မနက်စာ ကို အာဟာရပြည့်ဝတဲ့ ထမင်းစားဖြစ်တော့ လူလည်းတော်တန်ရုံ ဒဏ်ခံလို့ ပါးကတော့ သဘောတွေအရမ်းခွေ့နေလို့..
ပါးနဲ့မားအတွက် ယဉ်အေးက သမီးရင်းတစ်ယောက် ရလိုက်သလိုပဲ.. ။
ပါးနဲ့မား မနက်အစောမှာ အခုလိုစိတ်ရော လူရောကြည်သာနေတာမို့ ယဉ်အေးနဲ့ ရှင်လေး လက်ထပ်ယူလိုက်တာ တကယ်ပဲ ကောင်းသည်လား..
.
ရှင်လေး ဖုန်းဖွင့်ကြည့်တော့ အားကုန်နေတာပဲ.. ။
ရှင်လေး အားသွင်းထားပြီး ဝရံတာ ဘက်ထွက်နေလိုက်သည်..
ဝရံတာဘက် ထွက်လိုက်တာနဲ့ ယဉ်အေး ကိုတွေ့ပြီ.. ပန်းပင်တွေ ရေလောင်းနေတာ ။
ယဉ်အေး ကြည့်ရတာ မော်ကြွားခြင်းမရှိ.. တဖြေးဖြေး အချိန်လာလည်း ဒီအိမ်ရဲ့ချွေးမ တစ်ယောက် ဖြစ်ပေမယ့် ဂုဏ်မောက်လာခြင်း မရှိဘူး
သူ့ကိုကြည့်လိုက်ရင် အေးအေးလူလူပဲ.. ။
ရှင်လေး ယဉ်အေးကို ကြည့်နေလိုက်သည်.. ခွင့်တောင်းဖို့တော့ မလိုဘူးမဟုတ်လား ရှင်လေးရဲ့ဇနီးတစ်ယောက်မို့ ။
အတော်ကြာ ငေးကြည့်နေပြီးမှ အိမ်ထဲဝင်လိုက်သည်..
အခန်းထဲပြီး ဖုန်းကိုကြည့်တော့ မစ်ကောလ်တွေ.. မနေ့ကတည်းက ခေါ်ထားတာပဲ ။
ရှင်လေး မနေ့မနက်ကတည်းက ဖုန်းအားကုန်နေတာ.. ဒီရောက်ဖြစ်တော့လည်း အားမသွင်းဖြစ်တာနဲ့ ။
အဝင်ကောလ်တွေ ကြည့်လိုက်တော့ သစ္စာ ဖုန်းဆက်ထားတာပဲ..
ရှင်လေး ဖုန်းကိုစိုက်ကြည့်နေမိသည်.. ။
ဟူး.. ရှင်လေး သစ္စာကို ဖုန်းပြန်ဆက်လိုက်သည်
" ဟယ်လို..ကိုဘုန်းထက်ပြည့်ရှင် "
ဖုန်းတောင် ကြာကြာမဝင်လိုက်ဘဲ ကိုင်လိုက်တော့ နည်းနည်းတောင် အံ့ဩ မိတယ်.. ။
" ဟုတ်တယ်.. "
" ဖုန်းစက်ပိတ်ထားတော့ တစ်ခုခုများဖြစ်နေတာလားလို့ တွေးနေတာ.. "
" ကျွန်တော် ဖုန်းအားမသွင်းဖြစ်တာ.. "
" အော်.. ကိုဘုန်းထက်ပြည့်ရှင် ဟိုတယ်မှာ check out လုပ်သွားတယ်ဆို "
" ဟုတ်တယ်.. အရေးကြီးအလုပ်ကိစ္စလေး ပေါ်လာတာနဲ့ တန်းပြန်ဖြစ်လိုက်တာ "
" သစ္စာက မသိဘဲ ဟိုတယ်ရောက်သွားတာကိုး.. "
" ကျွန်တော် တောင်းပန်ပါတယ်.. သစ္စာကို မနှုတ်ဆက်ဘဲ ပြန်ခဲ့လိုက်တာကို "
" မဟုတ်တာ.. အလုပ်ကိစ္စကြောင့်ပဲကို သစ္စာ နားလည်ပေးရမှာပေါ့ မဟုတ်ဘူးလား "
" အဟင်း.. ကျွန်တော့်ကို နားလည်ပေးလို့ ကျေးဇူးပါ သစ္စာ "
" ရပါတယ်.. သစ္စာလည်း မနက်ဖြန်ဆို ရန်ကုန်ပြန်တက်ရမယ် ကြော်ငြာအသေးစားလေး ရိုက်ဖို့လာကမ်းလှမ်းထားတာလေ "
" ဟာ ကွန်ဂရက်ကျူ လေးရှင်းပါ..သစ္စာ "
" ခ်ခ်.. ကျေးဇူးပါရှင် ကိုဘုန်းထက်ပြည့်ရှင် လောက် မဟုတ်ပေမယ့်လည်း ဟိဟိ "
" ကျွန်တော်က သစ္စာပြောသလောက် မဟုတ်ပါဘူး.. သာမန်ပါပဲဗျာ "
" အရမ်းနှိမ့်ချတတ်တာပဲ ကိုဘုန်းထက်ပြည့်ရှင် က.. "
" ထင်လို့ပါ.. "
" ဟင်းဟင်း.. "
ဖုန်းပြောဖို့ ခဏလေး တွေးထားပေမယ့် မထင်မှတ်ဘဲ မှန်းထားတာထက် နည်းနည်း ကြာသွားသည်.. ။
ပြီး ဖုန်းပြောပြီးမှ သတိရတာက ယဉ်အေးသူငယ်ချင်းတွေ ဖုန်းဆက်ထားတာ ပြောဖို့ သတိရတယ်..
ရှင်လေး ဖုန်းအားပြန်သွင်းခဲ့ပြီး ယဉ်အေးရှိရာ သွားလိုက်သည်.. ။
ဧည့်ခန်းမှာ ဖုန်သုတ်နေလေရဲ့..
" ယဉ်အေး.. "
" ဟင် "
ယဉ်အေး အတွေးများနေရာကနေ ကိုရှင်လေး အသံကြောင့် လှည့်ကြည့်ရသည်.. ။
ဖုန်းပြောပြီးပြီ ထင်တယ်..
" မင်းသူငယ်ချင်းတွေ ငါ့ဆီ ဖုန်းဆက်လာသေးတယ်.. "
" ဟင်.. ဟုတ်လား "
" အင်.. ငါ မန္တလေးရောက်တဲ့ချိန်က "
" ..... "
" မင်းကိုသူတို့ဖုန်းဆက်တာ ပြောပေးပါဦး တဲ့.. မင်း ပြန်ဆက်လိုက်ဦး "
" ဟင်.. ဟုတ် ဟို ဖုန်းနံပါတ် ယဉ်အေး မသိဘူး "
ယဉ်အေး မားတို့အိမ်က ကြိုးဖုန်းနဲ့ လှမ်းဆက်လို့တော့ ရသည်.. ဒါပေမယ့် ယဉ်အေးဖုန်းနံပါတ်က မသိပြန် ။
ဒါကြောင့် ပြောလိုက်ရတာ..
" ဟမ်.. မင်းဖုန်းက နံပါတ်ပြန်ကြည့်လိုက်လေ "
" အယ်.. "
ယဉ်အေး ဘယ်လိုပြောရတော့မှန်း မသိ.. ။
ဘာလဲ.. အခုဖြစ်သွားတဲ့ ဒီဇိုင်းက ပါးစပ်က ဟလာပြီး မျက်လုံးက ပြူ းလာတာ ။
" မင်းဖုန်းယူခဲ့.. ငါလုပ်ပြမယ် "
" ဟို..ဟို "
ဖုန်းတောင်းလိုက်တာကို တဟိုဟိုနဲ့ ဖြစ်နေတဲ့ယဉ်အေး.. ။
ဘာလို့အဲ့လောက် ခက်နေရတာလဲ.. ဖုန်းဆိုမှ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ယဉ်အေး ဖုန်းကိုင်တာ မတွေ့ဖူးဘူး.. ဖုန်းပြောတာလည်း မမြင်ဖူးဘူး
ယဉ်အေးနဲ့ရွာမှာ စတွေ့ကတည်းက အခုချိန်ထိပဲ.. ။
ရှင်လေး သံသယစိတ်နဲ့ မဟုတ်လောက်ပေမယ့် မေးကြည့်လိုက်သည်..
" မင်းမှာ ဖုန်းမရှိဘူးလား ယဉ်အေး.. "
" ဟုတ်.. ဟုတ်ကဲ့ "
" ဘယ်လို.. "
ရှင်လေး အံ့သြမိသည်.. ။
အခုခေတ်မှာ ဖုန်းမရှိတဲ့သူ ဖုန်းမကိုင်တဲ့သူ ရှိသေးလို့လား.. တော်တော်များများ ဖုန်းကိုင်နေကြတဲ့ခေတ်ကြီးမှာ
" ဒီကို ဖုန်းမယူလာတာလား.. "
မေးပြန်ပြီ.. ယဉ်အေး ဖြေရခက်တဲ့ မေးခွန်းတွေ
" ယဉ်အေး ဖုန်းမသုံးဘူး ကိုရှင်လေး.. "
" ဘယ်ကတည်းကလဲ.. "
" ငယ်ငယ်လေးကတည်းက.. "
" ဘာရယ်.. "
အရင်ကတည်းက မကိုင်တာပေါ့ ဒါဆို.. ။
ဘာလို့လဲ.. ဘာလို့မကိုင်တာလဲ
" ဘာလို့မသုံးတာလဲ.. "
" ဘာလို့မသုံးတာလဲကို ဖြေပေးဖို့ ယဉ်အေးမှာ တိကျတဲ့အဖြေတော့ မရှိဘူး ကိုရှင်လေး.. မသုံးတာက အသုံးမလိုလို့ လို့ပဲပြောရမယ်ထင်တယ် ရွာမှာက ဖုန်းဆက်စကားပြောဖို့လည်း မလိုအပ်ဘူးလေ..ယဉ်အေးမှာ အဘနဲ့အမေ အေးကြည်နဲ့ဝိုင်းကြည် ဒီလေးယောက်ပဲ ရှိတာ သူတို့နဲ့ကလည်း အမြဲအတူရှိနေတော့ ဖုန်းက ယဉ်အေးအတွက် မလိုဘူးလေ.. ဝယ်ထားလည်း သုံးဖြစ်နေမှာမှ မဟုတ်တာ ပြီးဖုန်းဘေလ်လည်း အပိုကုန်နေမှာလေ "
သူ့အပြော သူ့အကြောင်းပြချက်နဲ့တော့ ဟုတ်လည်းဟုတ်နေတာပါပဲ.. ။
ဒါကြောင့်လည်း ဟိုနှစ်ယောက် ရှင်လေးဆီကိုပဲ ဖုန်းဆက်နေတာကိုး.. မသိတော့ ရှင်လေးမှာ အထင်တွေနဲ့ သူတို့နှစ်ယောက် ကိုလျှောက်ထင်ပစ်ခဲ့သေးတာ..
အဲ့ဒါကိုပြန်တွေးရင်း ယဉ်အေးသူငယ်ချင်းနှစ်ယောက်ကို အားတောင်နာရသည်.. ။
နောက်ဆို သေချာမသိတဲ့အရာကို လျှောက်တွေးထင်တဲ့အကျင့်လေးကို သတိထားပြု ပြင်ရမယ်
" အခုတော့ မင်းအတွက် လိုနေပြီလေ.. "
" ...... "
ယဉ်အေး မငြင်းမိပါ.. တကယ်လည်း အခုချိန်မှာ အသုံးလိုနေတယ် မဟုတ်ဘူးလား "
" မင်းဘာလိုအပ်လဲ စာရင်းပေးထားခိုင်းတုန်းက ဘာလို့ဖုန်းကိုထည့်မပြောလိုက်တာလဲ..ယဉ်အေး "
" ယဉ်အေးအတွက် ဆိုပြီး ကိုရှင်လေး ဝယ်ထားတာက ပထမနေ့တင် နှစ်ဆယ့်လေးသိန်းခွဲ ကုန်သွားတယ် လေ.. နောက်ရက်လည်း ယဉ်အေးမသိဘဲ ဝယ်ပေးထားတာက သိန်းချီကုန်ထားတာ ကိုရှင်လေး ယဉ်အေးအတွက် ပိုက်ဆံ အများကြီး ကုန်နေပြီလေ "
" ....... "
ပြန်ပြောစရာ စကားတောင် ပြန်မပြောနိုင်သေးဘဲ ဆွံ့အသွားပြန်.. ။
ပထမနေ့တင် နှစ်ဆယ့်လေးသိန်းခွဲ ကုန်သွားတယ် တဲ့လား.. ရှင်လေးဖြင့် ဘယ်လောက်ကုန်တယ် ဘယ်လောက်ကျသွားတယ်ဆိုတာ မှတ်တောင်မမှတ်ထားတတ် ။
သုံးစရာရှိတဲ့နေရာမှာ သုံးလိုက်တယ်.. သုံးလိုက်လို့ကုန်သွားတယ် ဒါပဲ ဒါကိုပဲ တွေးထားခဲ့တာပါလေ ။
အခုတော့ ယဉ်အေးကိုသာ ရှင်လေးအိမ်ရဲ့ ဘဏ္ဍထိန်းနေရာ ခန့်အပ်ပေးလိုက်ရင် ရှင်လေးကို ကွန်ပျူတာ တစ်လုံးလိုပဲ တန်းစီအောင် ငွေအဝင်ထွက်ပြောလောက်တယ်..
" ငါဝယ်တယ်ဆိုတာက မင်းအတွက် အသုံးလိုတာချည်းပဲလေ.. "
" ယဉ်အေး သိပါတယ်.. ဒါပေမယ့် ကိုရှင်လေး က ရှာရတာ ယဉ်အေးက ဘာမှမလုပ်မကိုင်ဘဲ အခန့်သား ငြိမ်ပြီးဖြုန်းမနေချင်ဘူး အဘကပြောထားတယ်.. ကိုယ့်လုပ်အား ကိုယ့်ခွန်အားမပါတဲ့ သူများပိုက်ဆံ ကို မမက်မောရဘူး မထိရဘူးတဲ့ "
ကဲ.. ပါလာပြန်ပြီ အဘအောင်မောင်း ။
" ပိုက်ဆံ ကို စိုးရိမ်နေရမယ့် လူမဟုတ်ဘူးလေ.. ယဉ်အေး "
" ဒါပေမယ့် ပိုက်ဆံတွေ ပေါတိုင်း ကိုရှင်လေးပိုက်ဆံ တွေ ယဉ်အေးမသုံးချင်ဘူး.. ယဉ်အေး က ဇနီးမယား တစ်ယောက် အနေနဲ့ ချိုးခြံရမယ်တဲ့ အမေကမှာလိုက်တယ် "
" ...... "
ဟုတ်ပါတယ် ဟုတ်ပါတယ်.. အလိမ္မာသမီးတုံးလေးရေ ။
" ဟုတ်ပါပြီ ထားပါတော့.. အခုတော့ မင်း ဖုန်းတစ်လုံး လိုတယ် မလိုလည်း မင်းသုံးရမယ် ယဉ်အေး "
" ...... "
" ထ သွားဝယ်မယ်.. "
" ဟင်.. ဘာကိုလဲ "
" ဖုန်းလေ.. အခုငါနဲ့အတူ ဖုန်းသွားဝယ်မယ် "
" ဟင်.. "
ဘုရား.. ကိုရှင်လေးနဲ့အတူ တဲ့ ။
ယဉ်အေး ကိုရှင်လေး နဲ့အတူ မသွားရဲပါဘူး.. ဟိုတစ်ခေါက် အပြင်ထွက်ပြီးကတည်းက ယဉ်အေး လန့်နေရတာ ။
" ဟို.. နောက်မှ ဝယ်လို့မရဘူးလား "
" နောက်လည်းဝယ်မယ့်အတူတူ အခုသွားဝယ်လိုက်မယ်.. ထလေ "
" ဟို ယဉ်အေးလေ.. ဟို "
" ..... "
အခက်တွေ့နေသလို ဖြစ်နေတဲ့ ယဉ်အေးကို ကြည်ပြီး ရှင်လေး စဉ်းစားရကြပ်နေပြန်သည်..။
" အဲ့ဒါက ဘာဖြစ်နေတာလဲ.. "
" ယဉ်အေး ဖုန်းအကြောင်းနားမလည်ဘူး ကိုရှင်လေးရဲ့.. ယဉ်အေးလိုက်လည်း ကိုရှင်လေးကို အကူညီပေးဖြစ်မှာ မဟုတ်ဘူး ကိုရှင်လေးဘာသာပဲ သွားဝယ်လိုက်ပါလား "
" ယဉ်အေး မင်းအတွက် ဖုန်းသွားဝယ်မှာလေ.. မင်းကြိုက်တာ ယူတော့ ပိုမကောင်းဘူးလား "
" ကိုရှင်လေး ကြိုက်တာကို ယဉ်အေးလည်းကြိုက်ပါတယ်.. ကိုရှင်လေးဘာသာပဲ သွားဝယ်လိုက်ပါနော် ယဉ်အေး အိမ်အလုပ်တွေ လုပ်စရာ ကျန်နေသေးလို့ "
မသိဘူး.. ဒီချိန် ကိုရှင်လေး နဲ့ မလိုက်ရဖို့အရေး ယဉ်အေးအရေးမို့ အကြောက်ကန်ငြင်းမှရမည်..။
" မင်းမလိုက်ဘူးဆိုတာ သေချာလား ယဉ်အေး.. "
" အင် အင်း.. ယဉ်အေး မလိုက်တော့ဘူး "
" ပြီးရောလေ.. ငါဝယ်လာမှ မကြိုက်ရင် မင်းထိုက်နဲ့မင်းကံ "
ရှင်လေး ပြောပြီး အဝတ်လဲကာ ကားသော့ယူပြီး အိမ်မှ မောင်းထွက်ခဲ့လိုက်သည် ။
တော်တော် စေတနာ စော်ကားတဲ့ ယဉ်အေး.. နေပါစေဦး ရှင်လေးနဲ့တွေ့မယ်.. ။
.
" ရော့.. "
" အမလေး "
ကြက်သွန်ဖြူ အခွာနွှင်နေတုန်း စားပွဲခုံမှာ ဘူးတစ်ဘူး ပစ်ချတင်ပေးလိုက်တဲ့ ကိုရှင်လေး ကြောင့် ယဉ်အေးမှာလန့်ရပြီ.. ။
ဘာမပြောညာမပြောနဲ့လည်း ပြန်ထွက်သွားတယ်..
ပြုံးပြုံးက ယဉ်အေးရှေ့က ဘူးကိုယူပြီး ကြည့်နေသည်.. ။
" ဟယ်.. အိုင်ဖုန်းကြီးတော့ "
" ဟင် "
" ကိုလေးက မမလေးကို ပေးတာလား.. "
" အင်.. ယဉ်အေးအတွက် သွားဝယ်ပေးမယ် ပြောတာပဲ "
" ဟာ.. မိုက်လိုက်တာ ဒီဖုန်းတွေက ဆယ်သိန်းအထက်တွေမို့ ပြုံးပြုံးတို့တောင် မကိုင်နိုင်ဘူး "
ချောက်..
ယဉ်အေးလက်ထဲက ဓားတောင်လွှတ်ကျသွားသေးတယ်.. ။
" ဆယ်သိန်းအထက်.. "
" ဟုတ်တယ်.. ဒီဖုန်းလောက်ကတော့ ဆယ်သိန်းကျော် အေးဆေးသွားတယ် "
ယဉ်အေး မျက်လုံးပြူ းပြီ.. ကိုရှင်လေးတော့ ဒီလောက် ပိုက်ဆံတွက်ပြထားရဲ့သားနဲ့ ။
" ပြုံးပြုံး.. ပေးဦး ယဉ်အေးကို "
" ဟုတ် "
ယဉ်အေး အပြင်ရောက်နေတဲ့ ဖုန်းနဲ့ဘူးကို သေချာပွေ့ပိုက်ပြီး ကိုရှင်လေးကို လိုက်ရှာမိသည်..
ဧည့်ခန်းမှာမထိုင်နေဘူးဆိုရင် အခန်းထဲမှာနေမှာပေါ့.. ။
" ဒေါက် ဒေါက်.. ကိုရှင်လေး "
ရှင်လေး ရယ်ချင်နေတာကို မရယ်သေးဘဲ အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်း ဖိကပ်ထားရသည်..။
သိသားပဲ.. ဒီလိုလာမယ်ဆိုတာ
တော်တော် စီးတဲ့နေ ဆယ်ချင်တဲ့ကန်သင်းကို အခုလို ဝယ်ပေးလိုက်တော့ သွေးငယ်ထိပ်ဆောင့်တက်ပြီ နေမှာပေါ့.. ။
အစက ရွဲ့ပြီး ကီးပတ်ဝယ်ပေးမလို့ပဲ.. အဲ့ဒါဆို ဘာမှမပြောဘဲ အသာလေးယူထားမှာ တွေးမိတော့ အိုင်ဖုန်းဝယ်ချလာတာ
" ဝင်ခဲ့လေ "
ရှင်လေး အသံထိန်းပြီး ပြောလိုက်ရသည်..
ဟော.. ဝင်လာပါပြီ ကန်သင်းကြီး ဟားဟား ။
" ကိုရှင်လေး ဒါ ဘယ်လောက်လဲ.. "
စစပြောလာကတည်းက
You are reading the story above: TeenFic.Net