Part (13)

Background color
Font
Font size
Line height

ခွင့်မရှိ

🌸pann

Part (13)

ရှင်လေး အိပ်နေတာကို ဖုန်းသံကြောင့်နိုးပြီ.. သူများရဲ့ဇိမ်ခံမှုလေးကို ဘယ်သူလာဖျက်ပြန်ပြီလဲ မသိဘူး ။

ကျစ်..

" ဟယ်လို.. "

" ကိုဘုန်းထက်ပြည့်ရှင်.. သစ္စာပါ "

" ဟင် "

ရှင်လေး ကြောင်ပြီး နာရီအချိန်ကိုကြည့်လိုက်ရသေးတယ်.. ရှစ်နာရီတောင် မထိုးသေးဘူး စောစောစီးစီး ဆက်လိုက်ရတယ်လို့ ။

" ဟုတ်ကဲ့.. "

" အသံက တစ်မျိုးကြီး.. အိပ်ပျော်နေတာလား "

" အခုနိုးပါပြီ.. "

" ဟင်.. သစ္စာ နှိုးသလိုဖြစ်သွားလား "

" မဟုတ်တာ ရပါတယ်.. "

ဟုတ်ကဲ့ ဖြစ်သွားပါတယ် လို့ပြောလိုက်လို့ မကောင်းတာမို့ လိမ်လိုက်ရသေးတယ်.. ။

" အားနာစရာ ဖြစ်ကုန်ပြီ.. သစ္စာက နိုးလောက်ပြီဆိုပြီး စိတ်မှန်းနဲ့ခေါ်လိုက်တာ "

" ရပါတယ် စိတ်ထဲမထားပါနဲ့.. ဖုန်းဆက်တာက "

" ဟို သစ္စာတို့ ကိုဘုန်းထက်ပြည့်ရှင် ဆီ လာမလို့.. ဘယ်ဟိုတယ်မှာ တည်းနေတာလဲ သစ္စာတို့အဲ့ကို လာလိုက်မလို့ "

ဟူး.. ရှင်လေး အိပ်ယာမှထပြီး ဟိုတယ်လိပ်စာကို ပေးလိုက်သည် ။

" ဟုတ်ကဲ့.. ခဏနေ ထွက်လာခဲ့လိုက်တော့မယ်နော် "

" ဟုတ်ကဲ့ "

ရှင်လေး ဖုန်းချပြီး တစ်ဖက်ကုတင်မှာ အိပ်ပျော်နေတဲ့ ဝေလင်းကို ပုတ်နှိုးလိုက်သည်.. ။

" ဖျတ် ဝေလင်း.. ဝေလင်း "

အသာပုတ်နှိုးတာတောင် မလှုပ်လာတဲ့ဝေလင်းကြောင့် ပခုံးစွန်းကိုရိုက်နိုးလိုက်ရတယ်.. ဒါတောင် မျက်လုံးမပွင့်လာသေး စောင်ကိုဆွဲဖက်ပြီး ပြန်တိုးလျှိုးအိပ်နေတာကိုက ။

အိပ်မက်ထဲမှာ ဘယ်ကောင်မလေးနဲ့ တွေ့နေမှန်းမှမသိတာ..

" ဟျောင့် ဝေလင်း.. "

" ဗျာ.. "

ကဲ မှတ်ပလား.. ဝေလင်း နား နားမှာ အသံကျယ်ကြီးနဲ့ အော်ချလိုက်တယ် ဒီလိုမှ နိုးလာတဲ့ ဝေလင်း ။

" ဟာ ကိုလေး.. "

" အေး ငါ.. "

" အစောကြီးကို ဘာဖြစ်လို့လဲ ကိုလေး.. "

" အပြင်သွားလည်ကြမယ်တဲ့.. "

" ဟင် ဘယ်သူကလဲ.. "

" ရှည်ဆို ရောက်ရင်သိလိမ့်မယ်.. ထ ပြင်ဆင်တော့ ဟိုဘက်ခန်းက ယုယုကိုလည်း လှမ်းနှိုးလိုက်ဦး "

" ဟုတ်ကဲ့.. "

" ငါ အရင်ရေချိုးလိုက်မယ်.. "

ရှင်လေး ပြောပြီး ရေချိုးခန်းထဲ ဝင်ကာ ရေချိုးလိုက်သည်.. ။

.

" အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့.. သာဓု သာဓု သာဓု "

ယဉ်အေး မနက်ဘုရားဆွမ်းတော် ကပ်ရင်း ဘုရားရှိခိုးနေလိုက်သည်.. ။

" ဟော မမလေး ဘုရားဆွမ်းတော် ကပ်ပြီးပြီလား.. "

" အင် ကပ်ပြီးပြီ.. ဘာဖြစ်လို့လဲ "

" စောနက မေကြီးပြောသံကြားတယ်.. ဒီနေ့ လိုအပ်တာသွားဝယ်မလို့တဲ့ "

" အင်.. အဲ့ဒါဘာဖြစ်လို့လဲ ပြုံးပြုံးရဲ့ မားစျေးသွားတာ ဘာအဆင်မပြေလို့လဲ "

" မမလေးကိုပါ ခေါ်သွားမှာ.. "

" ဟင် ယဉ်အေးရောလား.. "

" ဟုတ်တယ်.. အာ့ ပြုံးပြုံးလည်း အတူလိုက်ခဲ့ချင်လို့ မမလေးက မေကြီးကို ပြောပေးပါဦးနော် "

" ဟင်.. မား က အရင်က စျေးမခေါ်သွားဖူးဘူးလား "

" မဟုတ်ဘူး ခေါ်သွားတယ်.. အရင်နေ့တွေက မေကြီးအဖော်မရှိလို့ လိုက်ပေးရတာလေ အခုမမလေးပါနေတော့ ပြုံးပြုံးမလိုက်ရမှာစိုးလို့ ပြုံးပြုံးလည်း အပြင်ထွက်ချင်လို့.. "

အပြင်ထွက်ချင်လို့တဲ့.. ဟုတ်ပါတယ် အိမ်မှာအနေများတော့ ဒီနေ့လိုရက်မျိုးမှာ ပြုံးပြုံးလည်း အပြင်ထွင်ချင် ရှာမှာပေါ့ ။

" အင်းပါ.. ယဉ်အေး ပြောပေးပါ့မယ် "

" တကယ် တကယ်နော် မမလေး.. "

" အဟင်း.. တကယ်ပါ ယဉ်အေး မလိမ်ညာတတ်ပါဘူးနော် "

စိတ်တွေလှုပ်ရှားလာကာ ဝမ်းသာအားရ မေးလာတဲ့ ပြုံးပြုံးကြောင့် ယဉ်အေး သဘောကျမိကာ ပြုံးမိရင်း ပြန်ဖြေမိသည်.. ။

ဘယ်လောက်တောင် ပျော်နေလဲ သဘောကျနေလဲ.. ယဉ်အေးလည်း အပြင်မထွက်ဖြစ်တာ ဘယ်လောက်ရှိနေပြီမှန်းတောင် မသိဘူး အခုအပြင်သွားရမယ်ဆိုတော့ ရင်ခုန်လှုပ်ရှားမိသား

" ခ်ခ်.. ကျေးဇူးပဲ မမလေး ပြုံးပြုံး အလကား မလိုက်လာဘူး မမလေးနဲ့မေကြီးအစား ပြုံးပြုံးကူသယ်ပေးမှာပါ.. ဘာမှလည်းမဝယ်ချင်ဘူး ဒီအတိုင်း လေးပဲ လိုက်ချင်လို့ "

" ဟင်းဟင်း.. ဘယ်လိုလိုက်လိုက်ပါရှင် ရပါတယ် "

" ခ်ခ်.. ဟုတ် "

" အပြင်ထွက်ရမှာ အဲ့လောက်တောင် သဘောကျလား.. "

" ဟာ ကျတာပေါ့ မမလေးရဲ့.. အိမ်ထဲပဲ ပိတ်နေနေရတော့ နည်းနည်း ပျင်းခြောက်ခြောက်နိုင်တယ် တစ်ခါတစ်လေ လေးပဲ အပြင်ထွက်ခွင့်ရတာ အရမ်းပျော်တာပဲ "

" ခ်ခ်.. ဟုတ်ပါပြီ ပါးနဲ့မားအတွက် အဆင်သင့် ပြင်ဆင်ပေးကြရအောင် ခဏနေ ထွက်လာတော့မယ် "

" ဟုတ်ကဲ့ မမလေး.. "

ယဉ်အေးတို့ နှစ်ယောက် တက်ညီလက်ညီနဲ့ စားပွဲဝိုင်း ပြင်ဆင်ပေးနေတုန်း ပါးနဲ့မား ရောက်ချလာသည်.. ။

" ဒီနေ့ မုန့်ဟင်းခါး လား.. "

" ဟုတ်တယ် ပါး.. ပြုံးပြုံး သွားဝယ်ပေးထားတာ "

" အေး မဆိုးဘူး.. အပြောင်းလဲဖြစ်တာပေါ့ ကော်ဖီချည်း သောက်ရတာ ငြီးငွေ့တယ် "

" ဟုတ်.. "

ပါးနဲ့မားက ခုံမှာဝင်ထိုင်တော့ ယဉ်အေးလည်း စားဖို့အဆင်သင့် ပြင်ပေးလိုက်သည်.. ။

ယဉ်အေးအတွက်လည်း ပြင်ဆင်ပြီး ခုံမှာထိုင်ကာ စားနေလိုက်သည်..

" အော် ဒီနေ့ သျှင်မင်း ဝယ်စရာရှိတာ သွားဝယ်လိုက်ဦးမယ်.. ကိုထက်အောင် "

" အင်း သွားလေ.. ပိုက်ဆံရှိသေးလား "

" ရှိသေးတယ်.. "

" အင် အင်း.. "

ပါးက စားရင်း ခေါင်းတွေ ညိမ့်ပြပြီး ထောက်ခံပေးနေသည်..

" သမီးအတွက်လည်း လိုအပ်တာ ဝယ်ပေးလိုက်ဦး.. "

" ယဉ်အေး အတွက် မလိုပါဘူး ပါး.. "

" မလိုဘူးဆိုတာ ဘယ်ရှိမလဲ.. ဝယ်ပေးလိုက် "

" သျှင်မင်း သိပါတယ် ဝယ်ပေးလိုက်မှာပါ..တကတဲ "

" အေးပါ.. ငါစားပြီးပြီ သွားတော့မယ် ပိုက်ဆံလိုရင် လိုသလောက် ယူသွားလိုက် "

" အင်းပါ.. "

ပါးက စားပြီးတာနဲ့ အလုပ်သွားပြီ.. ။

" သမီး မားလည်း စားပြီးပြီ.. ခဏနေ သွားကြရအောင် ပြင်ဆင်ထားလိုက်နော် "

" ဟုတ်ကဲ့.. "

" မမလေး ပြုံးပြုံး.. "

ယဉ်အေးနား တိုးလာကာ အသံတိုးတိုးနဲ့ ပြောနေတဲ့ ပြုံးပြုံး.. သူ့ကိုယ်သူ လက်ညိုးထိုးပြီး ပြောနေတာမို့ ယဉ်အေး နားလည်ကာ ပြုံးမိသေးတယ်

" မား.. ပြုံးပြုံးကိုလည်း ခေါ်ခဲ့ရအောင်လေ "

" ဟင် "

" ပြုံးပြုံးလည်း တစ်ယောက်ထဲ ပျင်းနေလောက်မလားလို့.. "

" သူက လိုက်ချင်ရဲ့လား သမီးရယ်.. "

" လိုက်ချင်တယ် လိုက်ချင်တယ်.. ပြုံးပြုံး လိုက်ချင်တယ် "

မေးတောင်မမေးရသေးဘူး.. ဇွတ်ကို ခေါင်းငြိမ့်ပြီး ထောက်ခံနေတဲ့ ပြုံးပြုံး ။

" ဟဲ့ ဖြေးဖြေးသာသာ ဖြေစမ်းပါ.. ငါတောင် မမေးရသေးဘူး ဇွတ်ကို ဖြေနေတော့တာပဲ "

" ဟဲဟဲ.. ဆန္ဒ စောသွားလို့ပါ မေကြီး "

" တက်ကြွနေလိုက်တာ.. အေးပါ လိုက်ခဲ့ လိုက်ခဲ့ "

" ရေး.. "

ထအော်လိုက်တဲ့ ပြုံးပြုံးကြောင့် မားကမျက်မှောင်ကျုံံ့ ကြည့်နေပြီ.. ။

" ဟင်းဟင်း.. သတိထားဦး "

" ဟိဟိ.. ဟုတ်ကဲ့ မေကြီး "

မားက ပြုံးပြုံးကို သတိပေးပြီး ထွက်သွားပြီ.. ပြုံးပြုံးကလည်း ဇက်ကိုပုပြီး လျှာလေးထုတ်လျက် ။

ယဉ်အေးကတော့ ဘေးကနေ အသာကြည့်ပြီး ပြုံးပဲပြုံးနေမိသည်..

.

ရှင်လေး ရေချိုးပြီး ဟိုတယ်မှာပဲ မနက်စာ စားနေလိုက်သည်.. ။

စားလို့ပြီးတာနဲ့ သစ္စာဆီက ဖုန်းဝင်လာတယ်..ရောက်နေပြီတဲ့

ရှင်လေးလည်း လိုတာယူပြီး ယုယုနဲ့ဝေလင်းကိုခေါ်ကာ ဟိုတယ်ကထွက်လာလိုက်သည်..။

" သစ္စာ ဒီမှာ.. "

အရှေ့ရောက်လို့ ဝေ့ဝဲရှာနေတုန်း အသံနဲ့အတူ လက်ရမ်းပြနေတဲ့ သစ္စာ..

ရှင်လေး ခေါင်းငြိမ့်ပြုံးပြရင်း အနားကိုလျှောက်သွားလိုက်သည်.. ။

ရှင်လေးရဲ့နောက်မှာလည်း ယုယုနဲ့ဝေလင်း ထပ်ကြပ်မကွာ လိုက်လာသည်..

" ဟဲ့ ဝေလင်း.. သူက ဘယ်သူတုန်း "

ယုယုက ဝေလင်းနားကပ်ကာ တိုးတိုးမေးလိုက်သည်.. သွားလည်ကြမယ်ဆိုလို့ ပျော်နေတာ အခုတော့ အပျော်တောင် တဝက်ပျက်ကျသွားတယ် ။

" ငါလည်း ဘယ်သိမလဲ.. တစ်ချိန်လုံး နင်နဲ့အတူတူ ရှိနေတာပဲကို "

" နင်ဟာလေ ကိုလေးမန်နေဂျာဖြစ်ပြီး ဘာမှကိုမသိဘူး.. နင့်ကိုဘယ်နားသွားသုံးစားရမလဲ "

" နင်နော်.. စော်ကားတာ များသွားပြီ ဒီတစ်ခုလေးမသိတာနဲ့ဘဲ သုံးစားမရဘူး ဖြစ်သွားရောလား "

နှစ်ယောက်သား တိုးတိုး တိုးတိုးနဲ့ ကြိတ်စကားများနေရသည်.. ။

" တော်တော့.. အခုသိအောင် လုပ်ရမယ် "

" အေးပါ.. "

ကိုလေးက ဘယ်ကကောင်မလေးနဲ့ တွေ့နေတာလဲပေါ့.. အနားကပ်တော့မှ သေချာကြည့်မိတယ် မနေ့ကသရုပ်ဆောင်သစ် ကောင်မလေး

ဘယ်တုန်းက ရင်းနှီးသွားတာလဲ.. မနေ့ကမှတွေ့တယ် ဒီနေ့အတူလည်ဖို့ချိန်းထားတယ် ။

စိတ်ထဲမှာတော့ သို့လောတော့ သို့လောပဲ..

ဘယ်လိုပြောရမလဲ.. အစာမကျေနေသလို ရင်ခံနေသလိုလို နဲ့ ။

" စောင့်နေတာ ကြာသွားပြီလား.. "

" ဟင့်အင်း.. မကြာပါဘူး "

" အော် မိတ်ဆက်ပေးရဦးမယ်.. ဒါက ကျွန်တော့်မန်နေဂျာ ဝေလင်း သူက ကျွန်တော့်စတိုင်လစ် ယုယုမွန် "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်နော်.. ခင်သစ္စာပါ "

" ဟဲဟဲ.. ဟင်းဟင်း ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် "

ဝေလင်းနဲ့ယုယု ပြန်နှုတ်ဆက်ရတာတောင် အမ်းတမ်းတမ်း.. ဘာလို့ဝမ်းပန်းတသာ မကြိုဆိုမိတာလဲလို့ မေးလာရင် အကြောင်းပြစရာ ခိုင်လုံတဲ့ အကြောင်းပြချက် ယုယုတို့မှာမရှိ.. ။

စိတ်ထဲမှာလည်း ဘာလို့ မလေး ကို အားနာမိတဲ့စိတ် ဝင်နေမှန်းလည်း မသိဘူး..

" သူက စုမွန်တဲ့.. သစ္စာအတွက် သူငယ်ချင်း လည်းဟုတ်တယ် မန်နေဂျာ ဆိုလည်းဟုတ်တယ် "

" မင်္ဂလာပါ နော်.. "

" ဟုတ် "

" ဟုတ်ကဲ့ "

ခင်သစ္စာကိုလည်း ရောရောထွေးထွေး မနှုတ်ဆက်ချင်သလို သူ့အပေါင်းပါကိုလည်း မသိချင် ။

" မိတ်ဆက်ပြီးပြီပဲ.. သွားရအောင် "

" ဟုတ်ကဲ့ "

ဟိုတယ်ကို အကူညီတောင်းထားတာမို့ ကားတစ်စီး ပြင်ဆင်ပေးသည်.. ။

အဲ့ကားနဲ့ပဲ ရှင်လေးတို့ ပတ်လည်လိုက်သည်..

ပထမဦးဆုံး ဘယ်သွားချင်လဲ မေးတော့ ဦးပိန်တံတား သွားချင်ပါတယ်တဲ့လေ.. ။

ရှင်လေးကတော့ အလုပ်ကိစ္စနဲ့ ခဏခဏ ရောက်ဖူးနေတယ်ဆိုပေမယ့် သွားမယ်ဆိုတော့လည်း လိုက်ရမှာပေါ့.. ခရီးကထွက်လာနေပြီပဲ

ဦးပိန်တံတား လျှောက်တော့ ငါးယောက်လုံးအတူ လျှောက်မိသည်.. သို့သော် ရှင်လေးဘေးမှာ ယှဉ်လျှောက်နေသူက ခင်သစ္စာ ။

တစ်ချက်တစ်ချက် လက်လွှဲလျှောက်နေမိတိုင်း လက်ချင်းအသာ ထိရိုက်သွားတဲ့ အခိုက်တန့်.. ရင်ထဲ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေပေမယ့် ဘာလို့ နှစ်ယောက်လုံး ဒီလက်တွေကို မရှောင်ရှားမိရတာလဲ..

ဟိုဘက်ဒီဘက် လမ်းသွားလမ်းလာ ကြုံတိုင်းရှောင်ပေးရတဲ့အခိုက်တန့် တိုင်းမှာ ရှင်လေး သစ္စာရဲ့ပခုံးစွန်းလေးကို ကိုင်ပြီး ကာပေးမိတဲ့အချိန်တိုင်း ရင်ထဲမှာ တလှပ်လှပ်ကြီးနှင့်.. ဒါကိုလည်း ဘာလို့အကြိမ်တိုင်း ရှင်လေးကာပေးနေမိရတာလဲ..

ရှင်လေး မပြောတတ်တော့ပါ.. ဒီချိန် ရှင်လေးစိတ်ကို အစိုးမရ ။

အစိုးရဖို့လည်း မေ့ပျောက်နေခဲ့တာဆိုရင် ပိုမှန်မည်..

အဲ့အချိန်က ရှင်လေးကိုယ်ရှင်လေး လူပျိုလူလွတ်တစ်ယောက်လို ခံစားနေမိတာကလည်း ဘာကြောင့်များပါလိမ့်.. ။

ကိုယ့်အသက် ကိုယ့်ဋ္ဌာနေ ကိုယ့်ရပ် ကိုယ့်ဇာတိ ကိုယ့်ဖြစ်တည်မှု ကိုယ်ဘယ်သူ ဘယ်ဝါဆိုတာတွေ စိတ်ထဲမှာ မရှိနေဘဲ ခေါင်းထဲ မှာ အားလုံး အဆံရှောင်နေခဲ့တာ..

ရှင်လေးကိုယ်ရှင်လေး ဘာလုပ်နေမှန်းလည်း သတိမရတော့ဘူး.. ။

ဦးနှောက် လူတိုင်းရှိတယ်.. ဉာဏ်လူတိုင်းမှာ မရှိဘူးလို့ ဆရာလင်းသိုက်ညွှန့် ပြောခဲ့တဲ့စကားက ရှင်လေး ဖြစ်တော့မလားလည်း မတွေးမိခဲ့..။

ရှင်လေး ဒီအခိုက်တန့်မှာ ပျော်ဝင်နေမိတာ..

.

" သမီး.. ဘာလိုချင်လဲ ပြောလေ စျေးပတ်နေတာ ကြာပြီ သမီးအတွက် ဘာမှမဝယ်ရသေးဘူး "

" ယဉ်အေးအတွက် မလိုပါဘူး မားရဲ့.. "

" အို.. မလိုဘူးဆိုတာ ရှိမလား အကုန်လိုတာချည်း ဘာလိုချင်လဲ ပြော.. မား သမီးကို ဆင်ပေးချင်လွန်းလို့ပါ "

" ယဉ်အေး အခုလည်း ပြည့်စုံနေတာပဲကို.. "

" မေကြီး.. မမလေးကို မေးမနေနဲ့ မေးရင်ဘာစကားမှထွက်လာမှာ မဟုတ်ဘူး.. အဝတ်သာဝယ်ပေးလိုက် မမလေး အဝတ်စားအိတ်ထဲ ပြုံးပြုံးကြည့်တော့ သိပ်များများစားစားမရှိဘူး "

" အို ပြုံးပြုံးကလည်း ပြောရော့မယ်.. "

ပြုံးပြုံးစကားကြောင့် ယဉ်အေး တားဖို့ကြိုးစားရသည်.. ။

" ပြုံးပြုံးပြောတာ ဟုတ်လား သမီး..ရှင်လေးက သမီးကို ဘာမှမဝယ်ထားပေးဘူးလား "

" ဟင် မဟုတ်ပါဘူး ဝယ်ထားပေးပါတယ်.. ဗီဒိုထဲတောင် ပြည့်လျှံနေတာ "

" အဲ့ဒါတွေ မဝတ်ဘူးလား.. ဒါမှမဟုတ် မယူလာဖြစ်တာလား "

" ဟို ယဉ်အေးကလေ ရွာမှာ စက်ချုပ်အမနား အပ်ပြီး ဝတ်နေကြဆိုတော့လေ.. "

ယဉ်အေး ပါးစပ်ထဲတွေ့ရာ ပြောမိသည်.. ကိုရှင်လေး ဝယ်ပေးထားတာ ဘာလို့မဝတ်လဲမေးရင် ယဉ်အေး ဘယ်လိုပြန်ဖြေရမလဲ ဆိုပြီး အခက်တွေ့ဦးမယ် ။

ကိုရှင်လေးကိုလည်း မားက ဆူလိမ့်မယ်..

" ဟင်းဟင်း.. ကိုယ်တိုင်းနဲ့ချုပ်ထားတာပဲ ဝတ်တယ်ပေါ့လေ "

" ဟုတ်.. ဟုတ်ကဲ့ "

မားက ပြုံးစစလေးနဲ့မေးတော့ ယဉ်အေး ခေါင်းလေးငုံ့ လက်သည်းတွေခြစ်ကုတ်ရင်း ခေါင်းညိမ့်မိသည်.. ။

ယဉ်အေး က သိပ်ကြီးကျယ်တာပဲလို့ ထင်သွားလေမလား မပြောတတ်ပါဘူး.. ယဉ်အေးက ဒီအတိုင်း ပါးစပ်ထဲ တွေ့ရာ အမြန်ပြောချလိုက်တာ အခုတော့ မှားပြီလားတောင် မသိဘူး.. ။

" ဒါများ သမီးရယ်.. စောစောပြောပေါ့ အပြန်ကျ မား အသိအိမ်ဝင်ပြီးဝယ်ပေးမယ် "

" ရှင်.. "

မဝယ်ခိုင်းစေချင်လို့ လှည့်ပတ်ပြောကာမှပဲ ဝယ်ပေးဦးမည်တဲ့.. ။

ကိုရှင်လေး ယဉ်အေးကို ဘာပြောဦးမည်လဲ.. သူဝယ်ပေးတာကျ တောပြောတောင်ပြော လျှောက်ပြောပြီး မားဝယ်ပေးတာကျ လက်ခံတယ် ။

ဘယ်လိုတွေများ သွားဖားနေလဲ.. ငါ့ကိုဘယ်လောက်တောင် အတိုင်တောထူထားခဲ့လဲ ဆိုတဲ့ အမေးတွေ လာရင်ဖြင့်.. အမလေး ကြက်သီးထလိုက်တာနော် ။

" ယဉ် ယဉ်အေးအတွက် တကယ်မလိုပါဘူး မား.. "

" ကဲ အငြင်းစကားတွေများလာရင် မား စိတ်ဆိုးမိလိမ့်မယ်နော် သမီး.. "

" ဟုတ်ကဲ့.. "

ယဉ်အေး ပါးစပ်ပိတ်လိုက်ရပါပြီ.. မား စိတ်ဆိုးမှာကို ကြောက်မိတာကိုး ။

အဝတ်စားကို အပြန်ကျမှ ဝယ်ပေးမယ် ဆိုလို့ ပြီးပြီ လို့အောက်မေ့နေတာ.. မပြီးတာက အများကြီး ပါလာသေးတယ် ။

ဖိနပ်တွေ ဇွတ်ဝယ် ဇွတ်စီးခိုင်းနေပြန်ပါပြီ..

" မား.. ယဉ်အေး ဒေါက်မစီးတတ်ဘူး ရိုးရိုးကတီပါပဲ စီးတတ်တယ် "

" ဒါ ဒေါက်သိပ်မမြင့်ပါဘူး သမီးရဲ့.. စီးကြည့် ဘာမှမဖြစ်ဘူး "

" ဟို မား.. "

ကဲ တားလည်းမရ ဟန့်လည်းမရ.. ယဉ်အေးအတွက် ဖိနပ်နှစ်ရံသုံးရံလောက် ဝယ်လိုက်သေးတယ် ။

ပြုံးပြုံးအတွက်လည်း မားက ဖိနပ်တစ်ရံဝယ်ပေးသေးတယ်.. ဒါကိုအားလုံးစုစုပေါင်း တစ်သိန်းကျော် နှစ်သိန်းနီးပါး ကျတယ်တဲ့

ယဉ်အေးဖိနပ်တစ်ရံက သုံးသောင်းခွဲ လေးသောင်းကျော် ရှိတယ်တဲ့.. ငါးသောင်းကျော် ဖိနပ်လည်းပါသေးတယ် ။

ဘုရား.. ဘာမှမဟုတ်ဘဲ သာမန်နဲ့အတူတူလောက်ပဲ ရှိတဲ့ဖိနပ်က သောင်းကျော်သည်တဲ့ တစ်သက်နဲ့တစ်ကိုယ် စီးလာတဲ့ဖိနပ်အားလုံးပေါင်းတောင် တစ်သောင်းပြည့်မည် မထင်..။

အခုတော့ ယဉ်အေးရဲ့ခြေထောက်က သောင်းကျော်တန်တွေစီးရမည်တဲ့.. မစီးဖူးတာစီးရလို့ ဝဲပေါက်မည်တောင် စိုးရတယ် ။

မဝယ်ပါနဲ့ တားလည်း တားမရပြန်.. ခက်တော့ခက်နေပြီ မား ။

နောက် ခေါင်းစည်းကြိုး ပုံစံအမျိုးမျိုး ကလစ်အမျိုးမျိုး ဝယ်ပေးပြန်သည်.. သွားတဲ့ဆိုင်တိုင်းက ယဉ်အေး တစ်ယောက်ထဲ အတွက်သာ..

.

ရှင်လေးတို့ ဗိုက်ဆာတာမို့ ကောင်းတဲ့ဆိုင်တစ်ဆိုင်ရွေးပြီး လူသိပ်မတွေ့တဲ့ ချောင် (ဂျောင်)မှာ နေရာယူထိုင်လိုက်သည်.. ။

စားချင်တာ အကုန်မှာပြီး အတူတူ ရယ်မောစားလိုက်သည်..

ရှေ့က ဟင်းရည်ခွက်ကို ဇွန်းနဲ့ခပ်ယူတိုင်း ထိထိမိတဲ့ ခင်သစ္စာရဲ့ လက်ဖမိုး.. သစ္စာကလည်း ဘာမှမပြောသလို ရှင်လေးကလည်း ဘာမှမပြောဖြစ် တောင်းလည်းမတောင်းပန်ဘဲ နေလိုက်သည်.. ။

စိတ်တွေမယိုးမယွ အတားဆီးမဲ့နေတဲ့အချိန် ဝင်လာတဲ့ ဖုန်းကောလ်လေးတစ်ခု..

" ဟယ်လို.. "

" အဆိုတော် "

ရင်းနှီးသလို ဖြစ်နေတဲ့ ရှင်လေးအတွက် နာမ်စားလေးတစ်ခု..

" ဟုတ်ကဲ့.. "

" ဝိုင်းကြည်တို့ပါ.. "

" အော် ဟုတ်ကဲ့ဗျ.. ဘာဖြစ်လို့လဲ မသိဘူး "

" ယဉ်အေး ရှိလား.. "

" ..... "

ယဉ်အေးဆိုတဲ့ အသိတစ်ခုကြီးက ရှင်လေးရဲ့ နှလုံးသားထဲ..ဦးနှောက်ထဲ အတင်းတိုးထိုးဝင်ရောက်လာသည် ။

" ယဉ်အေးနဲ့ စကားပြောချင်လို့.. "

လာပြန်ပြီ.. ယဉ်အေးနဲ့စကားပြောချင်တာပဲ ယဉ်အေးဆီ ဖုန်းဆက်ပေါ့ ဟိုတစ်ခါကလည်း အဲ့လိုပဲ ယဉ်အေးဆီမဆက်ဘဲ ရှင်လေးဆီ ဆက်ဆက်နေတာ.. ။

ဒီမိန်းကလေးနှစ်ယောက် ဘာစတန့်ထွင်နေမှန်းကို မသိဘူး.. ရှင်လေးက သူတို့သူငယ်ချင်းရဲ့ယောက်ကျာ်းဆိုတာ မေ့များမေ့နေလေသလား ။

ဟင်.. ယောကျာ်း ရှင်လေးက ယဉ်အေးရဲ့ယောကျာ်း

ဟုတ်ပေသားပဲ.. ရှင်လေးက ယဉ်အေးချမ်းရဲ့ခင်ပွန်းပဲ ။

ရုတ်တရက် ဝင်လာတဲ့ အသိတရား တစ်ခု.. ရင်ထဲ ဒိတ်ခနဲဖြစ်ကာ ရှင်လေးကိုယ်ရှင်လေး အံ့ဩ ရသည်..

ရှင်လေး.. မင်းဘယ်လိုဖြစ်နေတာလဲ ။

" ဟယ်လို အဆိုတော်.. ဟယ်လို ကြားလားမသိဘူး ဟယ်လို "

တစ်ဖက်က မေးလာတဲ့အသံကြောင့် အသိတရားလွင့်နေရာက ပြန်စုလိုက်ရသည်..

" ဟုတ်ကဲ့.. ကျွန်တော်က မန္တလေး ခဏရောက်နေလို့ဗျ "

" ဟင်.. ယဉ်အေးလည်း မပါဘူးလား "

" ဟုတ်ကဲ့.. "

" ဒါဆို ယဉ်အေးဆီ ဘယ်တော့ပြန်ရောက်မလဲဟင်.. "

ဘုရား.. ရှင်လေး ကိုင်နေမိတဲ့ ဖုန်းတောင် လျှောကျချင်ချင် ။

ဘယ်လိုသဘောရိုးနဲ့မေးလိုက်လဲ မသိပေမယ့် အခုချိန်မှာတော့ ရှင်လေးအတွက် ထိတ်လန့်ကြောက်ရွံ့မိရတဲ့ အမေးတစ်ခု.. ။

ရှင်လေး ယဉ်အေးဆီဘယ်တော့လောက် ပြန်ရောက်မလဲ.. ဒီမေးခွန်းက ခေါင်းပတ်ပတ်လည်မှာ စက်ဝိုင်းသဖွယ် ပတ်ပြေးနေသည် ထောင့်မရှိတဲ့အတွက် အတွေးက ထောင့်မှာကပ်မနေခဲ့..

သူတို့က ရှင်လေးစိတ်ကို စောင့်ကြည့်နေတာများလား.. ။

သူတို့က သဘောရိုးနဲ့မေးလိုက်တယ် ဆိုပေမယ့် ရှင်လေးကတော့ အိုးမလုံတော့ပါ..

" ဟယ်လို ဟယ်လို.. လိုင်းမကောင်းဘူးလား မသိဘူး "

" နင်နေရာရွှေ့ကြည့် ဝိုင်းကြည်.. "

" အေး.. "

ဖုန်းထဲကနေ ကြားနေရတဲ့ အေးကြည်နဲ့ဝိုင်းကြည် အသံ.. ။

" ကျွန်တော် မနက်ဖြန် ပြန်ဖြစ်မယ်ဗျ.. "

ရှင်လေး သတိထားပြီး အိနြေ္ဒ မပျက်ဘဲ ပြောလိုက်သည်.. ။

" အော်.. ဟုတ်ကဲ့ ယဉ်အေးကို ပြောပေးပါဦးနော် အေးကြည်နဲ့ဝိုင်းကြည် ဖုန်းဆက်တယ်လို့ "

" ဟုတ်ကဲ့.. ပြောပေးပါ့မယ် "

" ဟုတ်ကဲ့ ကျေးဇူးပါရှင့်.. "

" ဟုတ် "

ဖုန်းချသွားပြီ.. ။

ဖုန်းချသွားပေမယ့် ရှင်လေးလက်ထဲက ဖုန်းကိုတော့ မချမိသေးဘဲ ကိုင်ထားမိသည်..

" ကိုလေး ဘယ်သူ့ဖုန်းမို့လို့လဲ.. "

" ...... "

ဝေလင်းမေးတာတောင် ရှင်လေးမကြားနိုင်.. ။

အစားလည်း ဆက်စားချင်စိတ် မရှိတော့..

" ဟို စားပြီးပြီမလား.. ကျွန်တော်တို့ပြန်ကြရအောင် "

" ဟင် အခု.. "

" မနက်ဖြန် ကျွန်တော်မပြန်ခင် လိုက်ပို့ပေးလို့ ရပါတယ်.. အခုတော့ ပြန်ကြရအောင်ပါ "

ရှင်လေး ပြောပြီး ကုန်ကျတဲ့ စရိတ်ရှင်းပေးကာ ကားထဲဝင်ထိုင်လိုက်သည်.. ။

ရှင်လေး ကိုယ့်စိတ်ကိုယ် အံ့သြနေရင်း တိတ်ဆိတ်ငြိမ်ကျခဲ့လျက်..

.

မား က အပြန်အသိတစ်ယောက်ဆီမှာ ယဉ်အေးအတွက် အဝတ်အပ်ပေးမို့တဲ့.. ။

အပ်တာက ချုပ်ခနည်းနည်းပဲရှိတာမို့ အဆင်ပြေပါတယ် လို့တွေးထားသမျှ.. အခုတော့ အားလုံး တလွဲစီ

ရိုးရိုး စက်ချုပ်သည်တစ်ယောက်နား အပ်တယ် မှတ်နေတာ.. တွေးထားသလို ရိုးရိုးမှမဟုတ်တာ ဇွန်းပါတယ်တော့် ။

ဒီဇိုင်နာ.. ဒီဇိုင်နာ တစ်ယောက်တဲ့ တစ်ခါချုပ် သောင်းချီ သိန်းချီပေးရတာတဲ့ ယဉ်အေးခြေတောင် ယိုင်နဲ့လာပြီ ။

ရွာမှာက ချုပ်ခသိပ်မှစျေးမရှိဘဲ..ပြန်လှည့်ပြေးချင်စိတ်က တဖွားဖွား

" ဒီကောင်မလေးက အမသျှင်မင်းနဲ့ဘာတော်တာလဲ.. "

" ဘာတော်သလဲဆို ချွေးမတော်တယ်.. "

" မား.. "

ယဉ်အေး မားလက်မောင်းကို ဆွဲပြီး အကြောက်ကန်တားမိတယ်.. ကိုရှင်လေးတော့ စိတ်ဆိုးတော့မှာပဲ မားရယ် ။

" ဘာဖြစ်လို့တုံး သမီးရဲ့.. မှန်တာ ပြောတာကို "

" ချွေးမကို သမီးလို့ ချိုချိုသာသာပြောတာ အမသျှင်မင်းပဲ ရှိလောက်တယ်.. မသိရင် သမီးရင်းလိုပဲ နော် "

" ချွေးမဆိုပေမယ့် သမီးက သူ့အမေရင်းတစ်ယောက်လို ပြုစုပေးတာလေ.. "

" ဟယ်.. ချွေးမရ ကံကောင်းတာပေါ့ အမသျှင်မင်းတို့ "

" အဲ့လိုပဲပြောရမှာပေါ့.. ရှင်လေးလည်း မိန်းမရ ကံကောင်းတယ် "

" ဟုတ်တယ် ဟုတ်တယ်.. "

မားရယ်.. တော်ကြရအောင် မပြောပါနဲ့တော့

" ကဲ ဘာလုပ်ပေးရမလဲ ဘာကူပေးရမလဲ.."

" သမီးအတွက် ဝမ်းဆက်လေးတွေ ချုပ်ပေးပါဦး.. "

" အတော်ပဲ သူ့ခန္ဓာကိုယ်လောက် ချုပ်ထားတာရှိတယ်.. ကြည့်ကြည့်မလား "

" ကြည့်တာပေါ့.. "

" အနောက်လိုက်ခဲ့နော်.. "

" အွန်.. လာ သမီး "

မားက ယဉ်အေးလက်ကို ဆွဲပြီး ခေါ်သွားသည်.. ပြုံးပြုံးကလည်း ငေးမောကြည့်ရင်း အနောက်ကနေ လိုက်လာသည် ။

" ဒီမှာ ကြည့်ကြည့်.. "

ချပြထားတဲ့ အဝတ်တွေအကုန် မားကပဲ ဦးဆောင်ကာ ကိုင်ကြည့်ပေးသည်.. ။

" ဒါလေးရော.. "

ပြလာတဲ့အဝတ်က အကုန်အဆင်ပြေနေပေမယ့် ဖော်တာတွေပေါ်တာတွေ ပါနေတော့ ယဉ်အေးမဝတ်ရဲပြန်.. ။

" ဟို ယဉ်အေး မဝတ်ရဲဘူး.. မား "

" ဟော ဟော.. "

မားရော ဒီဇိုင်နာရော ရယ်ပြီ.. ။

" ကဲ..ဒါဆိုလည်း သမီးအကြိုက်လေး ရှိလားဟင် "

" ရှိပါ့.. ပြပေးမယ် ခဏ "

နောက်ထပ်ယူချလာတဲ့ အဝတ်တွေ.. ။

အဆင်တွေလည်းလှပြီး ကြည့်ကောင်းတဲ့အဝတ်တွေ မှန်သမျှ ယဉ်အေးကိုဝတ်ခိုင်းသည်..

နည်းနည်းရှောင်နေသမျှကိုလည်း တစ်ခါထဲ သီပေးလိုက်သည်.. တဖြေးဖြေး ယူထားတာ လက်ထဲများနေပြီ

" မား များနေပြီ.. ယဉ်အေး မလိုချင်တော့ဘူး "

" နေပါဦး.. တစ်ထည်ထဲပဲ "

" တော်ပြီ.. တော်ပါပြီ မားရယ် ကိုရှင်လေး ဝယ်ပေးထားတာ လည်း ရှိသေးတယ် အများကြီးဖြစ်နေပြီ နော် ရပြီ ရပြီလို့.. "

" ဟွန်းဟွန်း.. အမသျှင်မင်း ချွေးမကို ဘာလို့ချစ်ရလဲဆိုတာ သိသွားပြီ "

" သိပြီမလား.. "

ကြည့်.. ကြံဖန်ပြောပြီး ကြံဖန်ရယ်နေကြပြန်သေးတယ် ။

ယဉ်အေးအတွက်တော့ တစ်ခုမှမရယ်ရသလို ပျော်လည်းမပျော်ရပါ..

" ကဲ.. အဲ့လောက် မျက်နှာလေး မရှုံ့မဲ့ထားပါနဲ့ မား မယူတော့ဘူး ရပြီလား "

" ဟုတ်ကဲ့.. "

အဲ့တော့မှပဲ ထပ်ယူဖို့မလုပ်တော့ဘဲ လက်ထဲရှိတဲ့အဝတ်တွေ ယူတော့တယ်.. ဒါတောင် ဘယ်လောက်ကျမှန်းမသိ ။

ကိုရှင်လေး လက်ဖွာတတ်တာ မားနဲ့တူလို့ကို..လို့ စိတ်ထဲတွေးမိသေးတယ်

ပိုက်ဆံရှင်းပြီး အိမ်ကို ပြန်လာလိုက်ကြသည်..

.

" ဟဲ့ ကိုလေးက ဘာဖြစ်တာလဲ.. "

" ငါလည်း ဘယ်သိမလဲ "

" ဝေလင်း နင်သိတာ ဘာရှိသေးလဲ.. "

" အတူတူနဲ့အနူနူကို တစ်မူးမသာချင်နဲ့ ယုယု.."

" ဟွန့်.. "

ပြန်ရောက်ကတည်းက ငြိမ်သက်နေတဲ့ ကိုလေးကြောင့် ယုယုနဲ့ဝေလင်းတောင် နေရတာလွတ်လပ်ခြင်း ပျောက်ကွယ်လျက်.. ။

စကားပြောတာတောင် ကျယ်ကျယ်မပြောရဲ.. ကိုလေးအရိပ်ချည် ကြည့်နေရတာနဲ့ ။

" ဝေလင်း.. "

" ဗျာ.. ကိုလေး "

" မနက်ဖြန် မနက်ပြန်မယ်.. လက်မှတ်ဖြတ်လိုက်တော့ "

" မနက်ဖြန် ညနေမှပြန်မှာ မဟုတ်ဘူးလား ကိုလေး.. "

" မနက်ပဲပြန်မယ်..လက်မှတ်ဖြတ်လိုက်တော့ "

" ဟုတ်ကဲ့ "

ကိုလေးအကြိုက် မနက်ပြန်မယ် ဆိုတော့လည်း မနက်ပဲပေါ့.. ဝေလင်း လက်မှတ်လှမ်းဖြတ်ရသည် ။

ရှင်လေး ဒီမှာအချိန်ဖြုန်းနေလို့ မဖြစ်ဘူး.. ရှင်လေး အချိန်ယူစဉ်းစားထားပြီးပြီ

ရှင်လေး ဒီထက်အချိန်ကြာသွားရင် စိတ်တွေအလေလိုက်ပြီး ပျက်စီးသွားလိမ့်မယ် ။

ရှင်လေး ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းမှရမည်.. ရှင်လေးက အိမ်ထောင်သည် လူပျိူ လူလွတ်မဟုတ်

မနက်ဖြန်လည်ဖို့ သစ္စာကို ကတိပေးပြောထားပေမယ့် ရှင်လေး ကတိဖောက်ဖြစ်တော့မည်..။

ရန်ကုန်ရောက်မှ တစ်ခုခု ဆင်ခြေပေးပြီး တောင်းပန်လိုက်တော့မယ်..

ရှင်လေး ထင်ထားသလို အရာရာက လွယ်ကူနေပါ့မလား.. ။

ဟူး.. ယဉ်အေး နဲ့မတွေ့ခင်သာ သစ္စာနဲ့တွေ့မိခဲ့ရင် အခုဖြစ်နေတဲ့အရာတွေ ပြောင်းလဲသွားမလား ဆိုတာမပြောတတ်ပေမယ့် အခုချိန်မှာ ယဉ်အေးက ရှင်လေးဇနီး..

ယဉ်အေးနဲ့အရင်တွေ့ပြီး လက်ထပ်ခဲ့တာ မို့.. ယဉ်အေး က ရှင်လေး ဇနီးတစ်ယောက် သာ ။

🌸pann

...........................................................

pann စာပြန်မစစ်မိလို့ အမှားပါရင် နားလည်မှုနဲ့ ပြင်ဖတ်ပေးကြပါနော် ။

အရေးသားမကောင်းပေမယ့် မျက်စိနောက်အောင် စာတွေတင်မိတဲ့အတွက် အားနာရပါတယ်..

ဒီနေ့မနက်ကတည်းက ဖုန်းကိုင်ပြီး မျက်လုံးနဲ့မခွာရေးနေတာမို့ အမေကမကြည်တော့ဘူး.. pann မှာ မျက်နှာချိုသွေးပြီး ခိုးကြောင်ခိုးဝှက် ရေးနေရတယ်.. 😅

မရေးဘဲနဲ့ မနေနိုင်ဘူး.. pann ကတိပေးထားပြီးပြီပဲ တည်နိုင်အောင် လုပ်ဖို့ ကြိုးစားရမယ်လေ

You are reading the story above: TeenFic.Net