25

Background color
Font
Font size
Line height


စိတ္ထဲမြန္းၾကပ္ပိတ္ေလွာင္ေနတာကို သက္သာလိုသက္သာျငား SeokJinျပတင္းတံခါးႏွစ္ခ်ပ္ကို ဖြင့္ထားလိုက္သည္။

လမ္းမီးတိုင္မိွန္ေဖ်ာ့ေဖ်ာ့ကို အဓိပၸါယ္မဲ့စိုက္ၾကၫ့္ရင္း ရင္ထဲမွအပူမ်ားကို သက္ျပင္းတစ္ခ်က္ျဖင့္ ေျဖေလ်ွာ့လိုက္သည္။

Namjoonဘယ္လိုမ်ားေနေလမလဲ..?
ဖုန္းဆက္လိုက္ခ်င္ေသာ္လည္း ေတြးမိေသာအေၾကာင္းတရားမ်ားေၾကာင့္ လက္ကိုျပန္ရုတ္ရင္း စားပြဲေပၚသို႔ မ်က္ႏွာေမွာက္ကာ ဆံပင္ေတြကိုလက္ျဖင့္ခပ္နာနာေလးဆုပ္ကိုင္မိ၏။

ျပတင္းကိုျဖတ္၍သယ္ေဆာင္လာေသာ ေလေျပထဲတြင္ ေမေမစိုက္ထားေသာ ႏွင္းဆီတို႔၏ေမႊးရနံ ့ေတြကိုရသည္။
လေရာင္လဲ့လဲ့ေအာက္မွာ ဖူးပြင့္ေနေသာ ေရာင္စံုပန္းလႊာေတြကို ေငးၾကၫ့္ရင္း ေသာ့ခတ္ထားေသာ အံဆြဲေလးကိုဖြင့္ကာ  စာအုပ္ၾကားရိွ ေျခာက္ကပ္ေနေသာ ႏွင္းဆီေလးကို ခပ္ဖြဖြေလးနမ္းမိသည္။

မင္းဆိုတဲ့လူကိုလည္း အျမတ္တႏိုးနဲ႔ တိတ္တိတ္ေလးသိမ္းဆည္းခ်င္ခဲ့တာ..ငါ့ႏွလံုးသားရ ဲ့အကန႔္ေလးတစ္ကန႔္မွာေပါ့...။
.
.
.
.
.

ဒီေန့ႏွင့္ဆို ငါးရက္ေျမာက္..

Namjoonဆီမွ ခနေလာက္မေတြ ့ပဲေနၾကရေအာင္ ဟူေသာ စာတိုတစ္ေစာင္ကို လက္ခံရရိွၿပီး ငါးရက္ေျမာက္ေန့..။

"စာၾကၫ့္တိုက္လား"

Jaewookကပုခံုးကိုပုတ္ကာေမးေတာ့ စာအုပ္ေတြသိမ္းေနရင္းႏွင့္ပင္ သူေခါင္းၿငိမ့္ျပလိုက္ရသည္ ။

"ေန့လည္စာကိုမေစာင့္နဲ႔ေတာ့..
ငါစာၾကၫ့္တိုက္နားက ကေဖးမွာပဲစားမွာ"

"အိုေကေလ..ႀကိဳးစားေနတာ ေသာက္ျမင္ေတာင္ကပ္တယ္"

"အေဖကိုမျပစ္မွားနဲ႔သား..သြားၿပီ"

Jaewookေခါင္းကို ပုတ္ကာ အတန္းထဲမွ ၿပံဳးၿပံဳးႀကီးသူထြက္လာခဲ့သည္။ ထိုအၿပံဳးသည္အတန္းျပင္သို႔ေရာက္သည္အထိ ၾကာရွည္ေအာင္ မဆြဲဆန႔္ထားႏိုင္ခဲ့။

ေျခကုန္လက္ပမ္းက်ေနေသာ ခံစားခ်က္ဆိုတာ ဒီလိုမ်ိဳးျဖစ္ရမည္။
အခ်ိန္စာရင္းၫွိကာမထၫ့္ခဲ့ေသာ စာအုပ္ေတြ၏အေလးခ်ိန္ကမ်ား သူ႔ေျခလွမ္းေတြကိုေလးလံေစတာလားမသိ။

ခပ္လွမ္းလွမ္းမွ ျမင္ေနရေသာNamjoonတို႔ေမဂ်ာအေဆာင္အဦးကို ခနေတာ့သူေငးရပ္ၾကၫ့္လိုက္မိေသးသည္။
မေကာင္းတဲ့လူ..!

စာေလးတစ္ေစာင္ထဲနဲ ့ ငါ့ကိုပ်က္ရယ္ျပဳရက္တဲ့လူ...
အဲ့လူေက်ာင္းလဲမလာ သတင္းလဲမၾကားႏွင့္ အဆင္မွေျပပါေလသလား ေနေရာေကာင္းပါရဲ ့လား..?

"ဘယ္သူေက်နပ္ေအာင္ ငါကခံစားျပေနရမွာလဲ?"

ငယ္ငယ္ကတည္းက အလံထူခဲ့ေသာ မာနအခံေၾကာင့္ သူဟာ ဘာမွမျဖစ္သလို အေကာင္းပံုစံ ဟန္ေဆာင္သြားလာေနႏိုင္သည္။

ရုတ္တရပ္ message notiသံေၾကာင့္ အသက္ရႉရပ္မတတ္ရင္တုန္သြားကာ အိတ္ေထာင္ထဲမွဖုန္းအား အလ်င္စလို ဖြင့္ၾကၫ့္လိုက္သည္။

*သားႀကီး ညေနဆံုေနက်ဂိမ္းဆိုင္##+(#"*

ပါးစပ္ကခပ္တိုးတိုးဆဲလိုက္ကာ ဖုန္းကိုလက္ျဖင့္က်စ္က်စ္ပါေအာင္ ဆုပ္လိုက္သည္။
ဘယ္သူမွသတိမထားမိတဲ့ ရင္ထဲကေတာ့အလဲလဲအကြဲကြဲ..။

.
.
.
.
ေက်ာင္းမွာေဟာေျပာပြဲရိွသၫ့္အတြက္ သူတို႔မနက္ခင္းအတန္းခ်ိန္စာမသင္ရပဲလြတ္ေနသည္။
ေဘာပင္ကိုတစ္ေတာက္ေတာက္ေခါက္ရင္း ‌ျပတင္းအျပင္ကိုသာေငးၾကၫ့္ေနေသာSeokJinအား အတန္းေခါင္းေဆာင္မွ

"ခ်စ္သူငယ္ခ်င္းေရ.."

ရင္ေခါင္းသံႀကီးျဖင့္အားရ၀မ္းသာ‌ေခၚသံေၾကာင့္ SeokJinေတြးလက္စအေတြးေလးေတြပါေပ်ာက္ကာ လန႔္ျဖန႔္သြားသည္။

"ႏြား ဘာခိုင္းအံုးမွာလဲ"

ေဘးကအုပ္စုကသူ႔အေျပာကို တခြီးခြီးႏွင့္ထိုင္ရယ္ေနၾကသည္။ ဤမ်ွကေတာ့ ပန္းႏွင့္ေပါက္သလိုသာျဖစ္ေနေသာ သေကာင့္သားက စပ္ၿဖဲျဖဲျဖင့္

"ေဟာခန္းထဲကို ခံုကူသယ္ေပးအံုး..
ဟိုေကာင္ေတြ မင္းတို႔ေရာပါတယ္ေနာ္"

"ေအာ္..ငါတို႔လဲလူေပါင္းမွားေတာ့
ေက်ာင္းမွာကူလီလာထမ္းေနရတယ္"

Jaewookကေခါင္းကိုတဗ်င္းဗ်င္းကုတ္ရင္း ညည္းတြားေတာ့ SeokJinပင္ရယ္မိသြား၏။

"၀ဋ္ရွိသေရြ ့ခံဟ"

"လာ သြားမယ္ ထ"

"ၿပီးရင္ ေရေတာင္မတိုက္တဲ့ႏြား"

အကုန္လံုးပြစိပြစိေျပာကာ ထရပ္လိုက္ၾကသည္။ ေဟာခန္းကိုထားမၫ့္ခံုေတြက သူတို႔ေမဂ်ာဘက္က ပိုေနေသာခံုတစ္ခ်ိဳ႕ႏွင့္ တစ္ျခားေမဂ်ာကသယ္လာေသာ ခံုမ်ားအကုန္ေရာေပါင္းမွာျဖစ္သည္ ။

အကုန္လံုးက ေပါ့ေသာ ပလက္စတစ္ခံုေတျြဖစ္ေသာ္လည္း အထပ္လိုက္ႀကီးေတြမို႔ ေဟာခန္းထဲေရာက္ေတာ့ ေခြၽးကတၿပိဳက္ၿပိဳက္က်ေနေခ်ၿပီ။

"ေမာေနၿပီလား "

ကမ္းေပးလာေသာ ေရဗူးေလးကို သူခ်က္ခ်င္းဆြဲယူလိုက္ၿပီး တရိွန္ထိုးေသာက္လိုက္သည္။

"ေက်းဇူး..ဟာ စီနီယာInn yuk"

သူ႔လိုပဲခံုသယ္လာဟန္ရိွေသာ စီနီယာမ်က္ႏွာမွာလည္း ေခြၽးစေတြႏွင့္..။ဟိုတစ္ေခါက္ခရီးကတည္းက မေတြ ့ျဖစ္တာရယ္ Namjoon၏ သူ႔ေကာင္ေလးဟု ေၾကျငာခ်က္ေတြေၾကာင့္ရယ္ စီနီယာ့ကိုေတြ ့ရတာ မ်က္ႏွာပူေနသည္။

Jaewookတို႔ကေတာ့ သူႏွင့္စီနီယာစကားေျပာေနတာေၾကာင့္ အေဝးကေနလက္ဟန္ေျခဟန္ျပကာ ေဟာခန္းထဲမျွပန္ထြက္သြားၾကသည္။

"စီနီယာလည္းခံုသယ္ရတာပဲလားဗ်"

တိတ္ဆိတ္ေနေသာအေျခအေနကိုမလိုလားတာေၾကာင့္ သူေပါ့ေပါ့ပါးပါးပင္စကားစလိုက္သည္။စီနီယာကမထင္ထားဟန္ျဖင့္ ၿပံဳးရင္း

"ငါတို႔လဲဇိမ္နဲ႔မေနရပါဘူးကြ"

"အာ ကြၽန္ေတာ္ကစတာပါ"

"Namjoonနဲ႔က ရန္ျဖစ္ထားၾကတာလား"

"ဗ်ာ"

ထိုအေမးကကသိကေအာက္ျဖစ္ေစေပမဲ့ သူတို႔အေၾကာင္းကိုသိေသာစီနီယာျဖစ္၍ မေလးမစားမလုပ္ခ်င္..

"မဟုတ္ပါဘူးဗ်ာ"

"NamjoonကSeokJinတို႔၀င္လာမျွပန္ထြက္သြားလို႔ေလ..ခံုေတာင္ၿပီးေအာင္စီမသြားလို႔"

သူ႔ရင္ထဲတစ္စံုတစ္ရာကအရိွန္ျပင္းစြာ၀င္ေဆာင့္ခံလိုက္ရသလို...မ်က္ဆံအိမ္တို႔ မတည္ၿငိမ္ျဖစ္ခ်င္လာကာ ေဟာခန္းအျပင္သို႔အျမန္ထြက္ခ်င္စိတ္ကိုတားမရ..

"ေအာ္..အလုပ္ရႈပ္ေနတယ္ထင္ပါတယ္..
ခြင့္ ျပ ုပါအံုး စီနီယာ"

ပ်က္ယြင္းခ်င္ေနေသာ ေျခလွမ္းေတြကိုထိန္းရင္း ထြက္ေပါက္သို႔ခပ္သြက္သြက္ေလ်ွာက္လာခဲ့သည္။

သစ္ပင္ရိပ္ေတြမ်ားေသာလမ္းတြင္ ခံုေတြခ်ရင္း တစ္ေထာက္နားေနၾကေသာ ေက်ာင္းသားမ်ားသာရိွၿပီး ရွာေန‌သူ၏အရိပ္အေယာင္ကိုမူ မျမင္ရ..။

သူလာမျွပန္ထြက္သြားသတဲ့လား..?
ေက်ာင္းျပန္တတ္ေနၿပီဆိုတာကို ဘာေၾကာင့္မ်ားသူ႔ကိုအသိမေပးပဲေနရက္ရတယ္။ စိတ္ထဲကလိႈက္တတ္လာေသာ ေမးခြန္းမ်ားကို  ထိန္းခ်ဳပ္ရင္း သစ္ပင္ရိပ္တစ္ခု၏ေအာက္ ေျခပစ္လက္ပစ္ထိုင္ခ်လိုက္သည္။

" ေမာရင္ေရေသာက္မလားဗ်"

ခပ္လွမ္းလွမ္းက ေရဗူးေလးေျမႇာက္ရင္း ေမးလာေသာ လူတစ္စုကို သူေခါင္းယမ္းျပလိုက္သည္။
ကေလးတစ္ေယာက္လို အာေခါင္ျခစ္၍ စူးစူးဝါးဝါးေအာ္ခ်လိုက္ခ်င္သည္။
မင္းဟာအဲ့လိုလူမ်ိဳးလဲမဟုတ္ပါပဲနဲ႔ Namjoonရယ္..။
.
.
.
.
.
.
ညေနေက်ာင္းဆင္းခ်ိန္ကေတာ့ စိတ္ပ်က္စရာေကာင္းေအာင္ပင္ ႏွင္းေတြကမိုးလိုတစ္ဖြဲဖြဲက်ဆင္းေနၾကသည္။

စာၾကၫ့္တိုက္၀င္မည္ဆိုကာ Jaewookကိုမေစာင့္ပဲျပန္ခိုင္းလိုက္တာေၾကာင့္ သူ႔ကားႏွင့္ကပ္လိုက္၍ရေတာ့မည္မဟုတ္။
ေခါင္းေပၚေဖြးေဖြးလႈပ္ေနေသာ ႏွင္းေတြကိုဖယ္ကာ အေနြးထည္ေခါင္းစြပ္ကိုလံုေအာင္ေဆာင္းလိုက္သည္။

Busကားဂိတ္ကိုေရာက္ေအာင္ အျမန္ေျပးရံုပဲရိွေတာ့မည္။

"SeokJin..ျပန္ေတာ့မလို႔လား"

ေရွ ့တြင္ စီနီယာInn yukကထီးအနက္ေရာင္ေလးေဆာင္းကာ ၿပံဳးၿပံဳးေလးစိုက္ၾကၫ့္ရင္းေမးေနသည္ ။

"ဗ်ာ ဟုတ္ကဲ့"

"ႏွင္းေတြတအားက်ေနတာကြ!
မင္းကိုယ့္ကားနဲ႔လိုက္ခဲ့ေလ"

ခိုက္ခိုက္တုန္ေအာင္ခ်မ္းေနသၫ့္အျပင္ စိတ္အေျခအေနကလည္း မေကာင္းသျဖင့္ အိမ္ျမန္ျမန္ျပန္ၿပီးနားခ်င္စိတ္ကပိုေနတာေၾကာင့္ သူေခါင္းညိမ့္ကာလက္ခံလိုက္သည္။

"တကူးတကႀကီးလိုက္ပို႔မေနပါနဲ႔ စီနီယာ
ကားမွတ္တိုင္ဆိုရပါၿပီ"

"ေဟး မင္းကငါ့ရ ဲ့အထက္တန္းထဲကဂ်ဳနီယာေလးပါကြာ..ဂရုစိုက္ေပးရမွာေပါ့"

SeokJinေက်းဇူးတင္သၫ့္သေဘာျဖင့္ၿပံဳးလိုက္ရင္း

" ဂရုစိုက္ေပးတာေတြမ်ားေနပါၿပီဗ်ာ..
ေနာက္မွမုန႔္လိုက္ေကြၽးပါ့မယ္"

"ေဟး..ကတိမဖ်က္ေၾကးေနာ္"

SeokJinရယ္ရင္း တစ္ဖက္သို႔လွၫ့္လိုက္သည္။စကားမဆက္ခ်င္ေတာ့တာလည္းပါသည္။
လက္ထဲကဖုန္းကိုစိုက္ၾကၫ့္ရင္း တစ္စံုတစ္ရာကိုလဲ ေမ်ွာ္ေနမိတာ၀န္ခံရမည္။

ေအးစက္စက္ေကာင္ေလးဟာ ႏွင္းေတြနဲ႔အၿပိဳင္ သူ႔ကိုေအးစက္ေနခဲ့ေလသလားမသိ..။
.
.
.
.
.
.
ညကႏွင္းေတြက်တာေၾကာင့္ ေက်ာင္း၀န္းႀကီးတစ္ခုလံုးေဖြးေဖြးလႈပ္ေနသည္။
သစ္ကိုင္းခက္မ်ားတြင္ တင္က်န္ေနေသာ ႏွင္းမႈန္ေတြကို ခုန္ဆြဲေတာ့ ေနာက္မွJaewookကေအာ္ဆဲ၏။

"ထပ္လက္ကျမင္းေနရင္ ငါ့ကားေပၚတင္မေခၚေတာ့ဘူး"

"မင္းကား ဖြတ္ခ်က္ဖြတ္ခ်က္ကိုလဲစီးခ်င္မေနဘူး"

ေက်ာျပင္တစ္ခုလံုးေအးခန‌ဲျဖစ္သြားတာေၾကာင့္
ေနာက္ကိုလွၫ့္ၾကၫ့္ေတာ့ ႏွင္းေတြအဆုပ္လိုက္ကိုင္ၿပီး ခ်ိန္ပစ္ေနေသာJaewook!

"ေခြးေကာင္..ေသဖို႔ျပင္"

ေလ်ွာက်ေနေသာေက်ာပိုးအိတ္ကိုင္းကို ဆြဲမရင္း ႏွင္းတစ္ဆုပ္ေကာက္ကာJaewookေနာက္ေျပးလိုက္ လိုက္သည္။

ျမက္ခင္းျပင္ေတြေပၚတင္ေနေသာႏွင္းေတြကိုနင္းမိေတာ့ လူကေလ်ွာခနဲပစ္လဲက်သြား၏။
Jaewookကေနာက္လွၫ့္မၾကၫ့္ပဲေမဂ်ာ ေဆာင္ထဲေျပး၀င္သြား၏။

SeokJinေအာ္ဆဲမည္ျပင္ၿပီးမွ ပါးစပ္ကိုပိတ္ကာ ထရပ္ရန္ျပင္လိုက္သည္။
ထိုအခိုက္ သူ႔ေရွ ့သို႔ ေရာက္လာေသာ ‌ေျခေထာက္တစ္စံု..
ေခါင္းေပၚကိုက်ေနေသာ ခပ္ဖြဲဖြဲႏွင္းတို႔၏
ထိေတြ ့မႈရပ္စဲသြားေသာေၾကာင့္ ေမာ့ၾကၫ့္လိုက္မိေတာ့ သူ႔ကိုၿပံဳးကာၾကၫ့္ေနေသာNamjoon...

ေၾကာင္ေငးေနေသာသူ႔ေရွ ့သို႔ ဒူးတစ္ဖက္ေကြးထိုင္ခ်ကာ လက္ထဲသို႔ထီးလက္ကိုင္ကိုထၫ့္ေပးရင္း

"ေတာ္ေတာ္ေပ်ာ္ေနတာပဲ..
ျမင္ရတာစိတ္ေတာင္မေကာင္းဘူး"

အသံတိမ္ရွရွႏွင့္ ထိုစကားကိုဆိုၿပီးေနာက္ ထရပ္ကာ သူ႔ေရွ ့မွ ခ်ာခနဲလွၫ့္ထြက္သြား၏။

SeokJinအျမန္ထရပ္ကာ လိုက္မည္ျပင္ေသာ္လည္း တစ္ျဖည္းျဖည္း မ်ားလာေသာ ေက်ာင္းသားေတြကိုၾကၫ့္ကာ ေျခလွမ္းေတြကိုအရိွန္သပ္လိုက္သည္။

လက္ထဲကထီးနီညိုေရာင္ကိုလည္း ဖြင့္လ်ွက္သားပင္ ျမက္ခင္းျပင္စိမ္းေပၚ ခ်ခဲ့လိုက္သည္။

မင္းမို႔လို႔ငါ့ကို ေက်ာခိုင္းရက္တယ္..။

                             For Unicode

စိတ်ထဲမွန်းကြပ်ပိတ်လှောင်နေတာကို သက်သာလိုသက်သာငြား SeokJinပြတင်းတံခါးနှစ်ချပ်ကို ဖွင့်ထားလိုက်သည်။

လမ်းမီးတိုင်မှိန်ဖျော့ဖျော့ကို အဓိပ္ပါယ်မဲ့စိုက်ကြည့်ရင်း ရင်ထဲမှအပူများကို သက်ပြင်းတစ်ချက်ဖြင့် ဖြေလျှော့လိုက်သည်။

Namjoonဘယ်လိုများနေလေမလဲ..?
ဖုန်းဆက်လိုက်ချင်သော်လည်း တွေးမိသောအကြောင်းတရားများကြောင့် လက်ကိုပြန်ရုတ်ရင်း စားပွဲပေါ်သို့ မျက်နှာမှောက်ကာ ဆံပင်တွေကိုလက်ဖြင့်ခပ်နာနာလေးဆုပ်ကိုင်မိ၏။

ပြတင်းကိုဖြတ်၍သယ်ဆောင်လာသော လေပြေထဲတွင် မေမေစိုက်ထားသော နှင်းဆီတို့၏မွှေးရနံ့တွေကိုရသည်။
လရောင်လဲ့လဲ့အောက်မှာ ဖူးပွင့်နေသော ရောင်စုံပန်းလွှာတွေကို ငေးကြည့်ရင်း သော့ခတ်ထားသော အံဆွဲလေးကိုဖွင့်ကာ  စာအုပ်ကြားရှိ ခြောက်ကပ်နေသော နှင်းဆီလေးကို ခပ်ဖွဖွလေးနမ်းမိသည်။

မင်းဆိုတဲ့လူကိုလည်း အမြတ်တနိုးနဲ့ တိတ်တိတ်လေးသိမ်းဆည်းချင်ခဲ့တာ..ငါ့နှလုံးသားရ ဲ့အကန့်လေးတစ်ကန့်မှာပေါ့...။
.
.
.
.
.

ဒီနေ့နှင့်ဆို ငါးရက်မြောက်..

Namjoonဆီမှ ခနလောက်မတွေ့ပဲနေကြရအောင် ဟူသော စာတိုတစ်စောင်ကို လက်ခံရရှိပြီး ငါးရက်မြောက်နေ့..။

"စာကြည့်တိုက်လား"

Jaewookကပုခုံးကိုပုတ်ကာမေးတော့ စာအုပ်တွေသိမ်းနေရင်းနှင့်ပင် သူခေါင်းငြိမ့်ပြလိုက်ရသည် ။

"နေ့လည်စာကိုမစောင့်နဲ့တော့..
ငါစာကြည့်တိုက်နားက ကဖေးမှာပဲစားမှာ"

"အိုကေလေ..ကြိုးစားနေတာ သောက်မြင်တောင်ကပ်တယ်"

"အဖေကိုမပြစ်မှားနဲ့သား..သွားပြီ"

Jaewookခေါင်းကို ပုတ်ကာ အတန်းထဲမှ ပြုံးပြုံးကြီးသူထွက်လာခဲ့သည်။ ထိုအပြုံးသည်အတန်းပြင်သို့ရောက်သည်အထိ ကြာရှည်အောင် မဆွဲဆန့်ထားနိုင်ခဲ့။

ခြေကုန်လက်ပမ်းကျနေသော ခံစားချက်ဆိုတာ ဒီလိုမျိုးဖြစ်ရမည်။
အချိန်စာရင်းညှိကာမထည့်ခဲ့သော စာအုပ်တွေ၏အလေးချိန်ကများ သူ့ခြေလှမ်းတွေကိုလေးလံစေတာလားမသိ။

ခပ်လှမ်းလှမ်းမှ မြင်နေရသောNamjoonတို့မေဂျာအဆောင်အဦးကို ခနတော့သူငေးရပ်ကြည့်လိုက်မိသေးသည်။
မကောင်းတဲ့လူ..!

စာလေးတစ်စောင်ထဲနဲ့ ငါ့ကိုပျက်ရယ်ပြုရက်တဲ့လူ...
အဲ့လူကျောင်းလဲမလာ သတင်းလဲမကြားနှင့် အဆင်မှပြေပါလေသလား နေရောကောင်းပါရဲ့လား..?

"ဘယ်သူကျေနပ်အောင် ငါကခံစားပြနေရမှာလဲ?"

ငယ်ငယ်ကတည်းက အလံထူခဲ့သော မာနအခံကြောင့် သူဟာ ဘာမှမဖြစ်သလို အကောင်းပုံစံ ဟန်ဆောင်သွားလာနေနိုင်သည်။

ရုတ်တရပ် message notiသံကြောင့် အသက်ရှူရပ်မတတ်ရင်တုန်သွားကာ အိတ်ထောင်ထဲမှဖုန်းအား အလျင်စလို ဖွင့်ကြည့်လိုက်သည်။

*သားကြီး ညနေဆုံနေကျဂိမ်းဆိုင်##+(#"*

ပါးစပ်ကခပ်တိုးတိုးဆဲလိုက်ကာ ဖုန်းကိုလက်ဖြင့်ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ဘယ်သူမှသတိမထားမိတဲ့ ရင်ထဲကတော့အလဲလဲအကွဲကွဲ..။

.
.
.
.
ကျောင်းမှာဟောပြောပွဲရှိသည့်အတွက် သူတို့မနက်ခင်းအတန်းချိန်စာမသင်ရပဲလွတ်နေသည်။
ဘောပင်ကိုတစ်တောက်တောက်ခေါက်ရင်း ‌ပြတင်းအပြင်ကိုသာငေးကြည့်နေသောSeokJinအား အတန်းခေါင်းဆောင်မှ

"ချစ်သူငယ်ချင်းရေ.."

ရင်ခေါင်းသံကြီးဖြင့်အားရဝမ်းသခေါ်သံကြောင့် SeokJinတွေးလက်စအတွေးလေးတွေပါပျောက်ကာ လန့်ဖြန့်သွားသည်။

"နွား ဘာခိုင်းအုံးမှာလဲ"

ဘေးကအုပ်စုကသူ့အပြောကို တခွီးခွီးနှင့်ထိုင်ရယ်နေကြသည်။ ဤမျှကတော့ ပန်းနှင့်ပေါက်သလိုသာဖြစ်နေသော သကောင့်သားက စပ်ဖြဲဖြဲဖြင့်

"ဟောခန်းထဲကို ခုံကူသယ်ပေးအုံး..
ဟိုကောင်တွေ မင်းတို့ရောပါတယ်နော်"

"အော်..ငါတို့လဲလူပေါင်းမှားတော့
ကျောင်းမှာကူလီလာထမ်းနေရတယ်"

Jaewookကခေါင်းကိုတဗျင်းဗျင်းကုတ်ရင်း ညည်းတွားတော့ SeokJinပင်ရယ်မိသွား၏။

"ဝဋ်ရှိသရွေ့ခံဟ"

"လာ သွားမယ် ထ"

"ပြီးရင် ရေတောင်မတိုက်တဲ့နွား"

အကုန်လုံးပွစိပွစိပြောကာ ထရပ်လိုက်ကြသည်။ ဟောခန်းကိုထားမည့်ခုံတွေက သူတို့မေဂျာဘက်က ပိုနေသောခုံတစ်ချို့နှင့် တစ်ခြားမေဂျာကသယ်လာသော ခုံများအကုန်ရောပေါင်းမှာဖြစ်သည် ။

အကုန်လုံးက ပေါ့သော ပလက်စတစ်ခုံတြွေဖစ်သော်လည်း အထပ်လိုက်ကြီးတွေမို့ ဟောခန်းထဲရောက်တော့ ချွေးကတပြိုက်ပြိုက်ကျနေချေပြီ။

"မောနေပြီလား "

ကမ်းပေးလာသော ရေဗူးလေးကို သူချက်ချင်းဆွဲယူလိုက်ပြီး တရှိန်ထိုးသောက်လိုက်သည်။

"ကျေးဇူး..ဟာ စီနီယာInn yuk"

သူ့လိုပဲခုံသယ်လာဟန်ရှိသော စီနီယာမျက်နှာမှာလည်း ချွေးစတွေနှင့်..။ဟိုတစ်ခေါက်ခရီးကတည်းက မတွေ့ဖြစ်တာရယ် Namjoon၏ သူ့ကောင်လေးဟု ကြေငြာချက်တွေကြောင့်ရယ် စီနီယာ့ကိုတွေ့ရတာ မျက်နှာပူနေသည်။

Jaewookတို့ကတော့ သူနှင့်စီနီယာစကားပြောနေတာကြောင့် အဝေးကနေလက်ဟန်ခြေဟန်ပြကာ ဟောခန်းထဲမြှပန်ထွက်သွားကြသည်။

"စီနီယာလည်းခုံသယ်ရတာပဲလားဗျ"

တိတ်ဆိတ်နေသောအခြေအနေကိုမလိုလားတာကြောင့် သူပေါ့ပေါ့ပါးပါးပင်စကားစလိုက်သည်။စီနီယာကမထင်ထားဟန်ဖြင့် ပြုံးရင်း

"ငါတို့လဲဇိမ်နဲ့မနေရပါဘူးကွ"

"အာ ကျွန်တော်ကစတာပါ"

"Namjoonနဲ့က ရန်ဖြစ်ထားကြတာလား"

"ဗျာ"

ထိုအမေးကကသိကအောက်ဖြစ်စေပေမဲ့ သူတို့အကြောင်းကိုသိသောစီနီယာဖြစ်၍ မလေးမစားမလုပ်ချင်..

"မဟုတ်ပါဘူးဗျာ"

"NamjoonကSeokJinတို့ဝင်လာမြှပန်ထွက်သွားလို့လေ..ခုံတောင်ပြီးအောင်စီမသွားလို့"

သူ့ရင်ထဲတစ်စုံတစ်ရာကအရှိန်ပြင်းစွာဝင်ဆောင့်ခံလိုက်ရသလို...မျက်ဆံအိမ်တို့ မတည်ငြိမ်ဖြစ်ချင်လာကာ ဟောခန်းအပြင်သို့အမြန်ထွက်ချင်စိတ်ကိုတားမရ..

"အော်..အလုပ်ရှုပ်နေတယ်ထင်ပါတယ်..
ခွင့် ပြ ုပါအုံး စီနီယာ"

ပျက်ယွင်းချင်နေသော ခြေလှမ်းတွေကိုထိန်းရင်း ထွက်ပေါက်သို့ခပ်သွက်သွက်လျှောက်လာခဲ့သည်။

သစ်ပင်ရိပ်တွေများသောလမ်းတွင် ခုံတွေချရင်း တစ်ထောက်နားနေကြသော ကျောင်းသားများသာရှိပြီး ရှာနေ‌သူ၏အရိပ်အယောင်ကိုမူ မမြင်ရ..။

သူလာမြှပန်ထွက်သွားသတဲ့လား..?
ကျောင်းပြန်တတ်နေပြီဆိုတာကို ဘာကြောင့်များသူ့ကိုအသိမပေးပဲနေရက်ရတယ်။ စိတ်ထဲကလှိုက်တတ်လာသော မေးခွန်းများကို  ထိန်းချုပ်ရင်း သစ်ပင်ရိပ်တစ်ခု၏အောက် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

" မောရင်ရေသောက်မလားဗျ"

ခပ်လှမ်းလှမ်းက ရေဗူးလေးမြှောက်ရင်း မေးလာသော လူတစ်စုကို သူခေါင်းယမ်းပြလိုက်သည်။
ကလေးတစ်ယောက်လို အာခေါင်ခြစ်၍ စူးစူးဝါးဝါးအော်ချလိုက်ချင်သည်။
မင်းဟာအဲ့လိုလူမျိုးလဲမဟုတ်ပါပဲနဲ့ Namjoonရယ်..။
.
.
.
.
.
.
ညနေကျောင်းဆင်းချိန်ကတော့ စိတ်ပျက်စရာကောင်းအောင်ပင် နှင်းတွေကမိုးလိုတစ်ဖွဲဖွဲကျဆင်းနေကြသည်။

စာကြည့်တိုက်ဝင်မည်ဆိုကာ Jaewookကိုမစောင့်ပဲပြန်ခိုင်းလိုက်တာကြောင့် သူ့ကားနှင့်ကပ်လိုက်၍ရတော့မည်မဟုတ်။
ခေါင်းပေါ်ဖွေးဖွေးလှုပ်နေသော နှင်းတွေကိုဖယ်ကာ အနွေးထည်ခေါင်းစွပ်ကိုလုံအောင်ဆောင်းလိုက်သည်။

Busကားဂိတ်ကိုရောက်အောင် အမြန်ပြေးရုံပဲရှိတော့မည်။

"SeokJin..ပြန်တော့မလို့လား"

ရှေ့တွင် စီနီယာInn yukကထီးအနက်ရောင်လေးဆောင်းကာ ပြုံးပြုံးလေးစိုက်ကြည့်ရင်းမေးနေသည် ။

"ဗျာ ဟုတ်ကဲ့"

"နှင်းတွေတအားကျနေတာကွ!
မင်းကိုယ့်ကားနဲ့လိုက်ခဲ့လေ"

ခိုက်ခိုက်တုန်အောင်ချမ်းနေသည့်အပြင် စိတ်အခြေအနေကလည်း မကောင်းသဖြင့် အိမ်မြန်မြန်ပြန်ပြီးနားချင်စိတ်ကပိုနေတာကြောင့် သူခေါင်းညိမ့်ကာလက်ခံလိုက်သည်။

"တကူးတကကြီးလိုက်ပို့မနေပါနဲ့ စီနီယာ
ကားမှတ်တိုင်ဆိုရပါပြီ"

"ဟေး မင်းကငါ့ရ ဲ့အထက်တန်းထဲကဂျုနီယာလေးပါကွာ..ဂရုစိုက်ပေးရမှာပေါ့"

SeokJinကျေးဇူးတင်သည့်သဘောဖြင့်ပြုံးလိုက်ရင်း

" ဂရုစိုက်ပေးတာတွေများနေပါပြီဗျာ..
နောက်မှမုန့်လိုက်ကျွေးပါ့မယ်"

"ဟေး..ကတိမဖျက်ကြေးနော်"

SeokJinရယ်ရင်း တစ်ဖက်သို့လှည့်လိုက်သည်။စကားမဆက်ချင်တော့တာလည်းပါသည်။
လက်ထဲကဖုန်းကိုစိုက်ကြည့်ရင်း တစ်စုံတစ်ရာကိုလဲ မျှော်နေမိတာဝန်ခံရမည်။

အေးစက်စက်ကောင်လေးဟာ နှင်းတွေနဲ့အပြိုင် သူ့ကိုအေးစက်နေခဲ့လေသလားမသိ..။
.
.
.
.
.
.
ညကနှင်းတွေကျတာကြောင့် ကျောင်းဝန်းကြီးတစ်ခုလုံးဖွေးဖွေးလှုပ်နေသည်။
သစ်ကိုင်းခက်များတွင် တင်ကျန်နေသော နှင်းမှုန်တွေကို ခုန်ဆွဲတော့ နောက်မှJaewookကအော်ဆဲ၏။

"ထပ်လက်ကမြင်းနေရင် ငါ့ကားပေါ်တင်မခေါ်တော့ဘူး"

"မင်းကား ဖွတ်ချက်ဖွတ်ချက်ကိုလဲစီးချင်မနေဘူး"

ကျောပြင်တစ်ခုလုံးအေးခန‌ဲဖြစ်သွားတာကြောင့်
နောက်ကိုလှည့်ကြည့်တော့ နှင်းတွေအဆုပ်လိုက်ကိုင်ပြီး ချိန်ပစ်နေသောJaewook!

"ခွေးကောင်..သေဖို့ပြင်"

လျှောကျနေသောကျောပိုးအိတ်ကိုင်းကို ဆွဲမရင်း နှင်းတစ်ဆုပ်ကောက်ကာJaewookနောက်ပြေးလိုက် လိုက်သည်။

မြက်ခင်းပြင်တွေပေါ်တင်နေသောနှင်းတွေကိုနင်းမိတော့ လူကလျှောခနဲပစ်လဲကျသွား၏။
Jaewookကနောက်လှည့်မကြည့်ပဲမေဂျာ ဆောင်ထဲပြေးဝင်သွား၏။

SeokJinအော်ဆဲမည်ပြင်ပြီးမှ ပါးစပ်ကိုပိတ်ကာ ထရပ်ရန်ပြင်လိုက်သည်။
ထိုအခိုက် သူ့ရှေ့သို့ ရောက်လာသော ‌ခြေထောက်တစ်စုံ..
ခေါင်းပေါ်ကိုကျနေသော ခပ်ဖွဲဖွဲနှင်းတို့၏
ထိတွေ့မှုရပ်စဲသွားသောကြောင့် မော့ကြည့်လိုက်မိတော့ သူ့ကိုပြုံးကာကြည့်နေသောNamjoon...

ကြောင်ငေးနေသောသူ့ရှေ့သို့ ဒူးတစ်ဖက်ကွေးထိုင်ချကာ လက်ထဲသို့ထီးလက်ကိုင်ကိုထည့်ပေးရင်း

"တော်တော်ပျော်နေတာပဲ..
မြင်ရတာစိတ်တောင်မကောင်းဘူး"

အသံတိမ်ရှရှနှင့် ထိုစကားကိုဆိုပြီးနောက် ထရပ်ကာ သူ့ရှေ့မှ ချာခနဲလှည့်ထွက်သွား၏။

SeokJinအမြန်ထရပ်ကာ လိုက်မည်ပြင်သော်လည်း တစ်ဖြည်းဖြည်း များလာသော ကျောင်းသားတွေကိုကြည့်ကာ ခြေလှမ်းတွေကိုအရှိန်သပ်လိုက်သည်။

လက်ထဲကထီးနီညိုရောင်ကိုလည်း ဖွင့်လျှက်သားပင် မြက်ခင်းပြင်စိမ်းပေါ် ချခဲ့လိုက်သည်။

မင်းမို့လို့ငါ့ကို ကျောခိုင်းရက်တယ်..။

You are reading the story above: TeenFic.Net