For Zawgyi
သံုးခ်ိန္ဆက္တိုက္သင္သြားေသာ ဆရာမေၾကာင့္ SeokJinတို႔အဖြဲ႔ေနာက္တန္းတြင္ ေျခကုန္လက္ပမ္းက်ေနၾကသည္။
ဆရာမထြက္သြားေတာ့မွ ခါးဆန႔္သူကဆန႔္ အတန္းလစ္ဖို႔ျပင္သၫ့္သူကျပင္ႏွင့္ နည္းနည္းေတာ့ဆူညံပြက္ေလာရိုက္သြားရ၏။
SeokJinခံုေအာက္တြင္ ထိုးထၫ့္ထားေသာ ထမင္းဗူးေလးကိုစမ္းလိုက္မိေတာ့ ေန့လည္စာစားခ်ိန္ျမန္ျမန္ေရာက္ေစခ်င္လွသည္။
လာမၫ့္အတန္းခ်ိန္ကလဲ မတတ္တာမ်ားေနၿပီမို႔ ဟိုေကာင္ေတြလက္အုပ္ခ်ီေတာင္းပန္ၿပီး အတင္းဆြဲတတ္ခိုင္းရတာျဖစ္သည္။မဟုတ္ရင္SeokJinတို့ ကန္တင္းမွာ အေအးေလးေသာက္ရင္း ရည္းစားေလးကိုေစာင့္ေနရံုသာ...။
"ဆရာကလဲၾကာလိုက္တာ
ေနာက္က်မွလာရင္ ေန့လည္စာစားခ်ိန္ေတြပါဖဲ့ၿပီးသင္ေနရမယ္"
"ပညာကိုယူတတ္သလိုယူစမ္းပါ"
ေဘးကထိုင္ေနေသာJaewookက ပက္ခနဲလွမ္းဖဲ့ရင္း လက္ကထမင္းဗူးကို ထိရန္ျပင္သည္။
"လက္ျပတ္ခ်င္တာလား ဖယ္စမ္း"
"ဆရာ မလာခင္ေလး စားၾကရေအာင္ပါဟ"
"ႏိုးပါ..မင္းတို႔အတြက္မဟုတ္ဘူး"
"Jaewookကလက္သီးတျပင္ျပင္ႏွင့္ ဆဲေတာ့မည္ျပင္ေနစဉ္ ဆရာ၀င္လာသျဖင့္ ပါးစပ္ပိတ္သြားရသည္။
ခံုေအာက္မွထမင္းဗူးေလးကခပ္ေနြးေနြး..
သူ၏နွလံုးသားေလးသည္လည္း ခပ္ေနြးေနြး..
.
.
.
.
.
ေန့လည္စာစားခ်ိန္ဆို ကန္တင္းကလူရႈပ္သျဖင့္Namjoonကားေပၚတြင္သာ ေန့လည္စာစားရန္ျပင္ရသည္။
"မဖိတ္ေစနဲ႔ေနာ္..အနံ႔ေတြစြဲမယ္"
မ်က္ႏွာတည္ႀကီးႏွင့္ လက္ကိုင္ပုဝါေမႊးေမႊးေလးကို သူ႔ေပၚေပၚလႊားတင္ေပးလိုက္ရင္း Namjoonကဆိုသည္။
"ေအးပါ.."
"ေနာက္ဆို ေျပးမလာနဲ႔
မင္းတို႔ဌာနက ေလွကားေတြကရႈပ္တယ္"
SeokJin၏မ်က္လံုးေပၚဖံုးအုပ္ေနေသာ ဆံပင္ေတြကို စည္းကြင္းေသးေသးေလးျဖင့္ ခ်ည္ေနွာင္ေပးလိုက္သည္။
"ဆံပင္ေတြနာတယ္ အဲ့လိုစည္းေတာ့"
"ဖြဖြေလးစည္းေပးတာပါ..နာသြားတာလား"
စည္းကြင္းကိုျပန္ျဖဳတ္ဖို႔လုပ္ေနတာေၾကာင့္ SeokJinေရွာင္လိုက္ရင္း ရယ္မိသည္။
"ထားလိုက္ေတာ့..အခုထမင္းစားၾကစို႔"
Namjoonကေခါင္းကိုေစာင္းငဲ့ရင္း သူထမင္းဗူးကိုတစ္ဆင့္ခ်င္းဖြင့္တာကိုၾကၫ့္ေနသည္။
"ပဲၾကာဇံသုပ္နဲ႔ ၾကက္ဥလိပ္?"
"မနက္က အတန္းမမွီမွာစိုးလို႔ ေလာေလာနဲ႔လုပ္ခဲ့တာ
အဆင္မေျပရင္ တစ္ခုခုမွာေပးရမလား"
Namjoonကသူ႔လက္ထဲကတူကိုဆြဲယူကာ ၾကက္ဥလိပ္ကို ေကာက္ဝါးသည္။ ထို႔ေနာက္ ဘာမေျပာညာမေျပာႏွင့္ သူ႔ကိုတစ္ခုေကာက္ခြံ႔၏။
ၾကက္ဥလိပ္ကိုဝါးေနေသာNamjoonပါးေလးေတြကေဖာင္းကားေနသည္။ ဒီလိုေလးျမင္ခ်င္လို႔ပဲ ၾကက္ဥလိပ္ကိုခပ္ႀကီးႀကီးလုပ္ခဲ့တာျဖစ္သည္။ ပါးေဖာင္းေဖာင္းေလးေပၚေသြးေၾကာေလးေတြယွက္သန္းေနတာအထိ ၾကည္လင္ေနေသာ မ်က္ႏွာေလးကို သူ ့မွာခ်စ္မ၀။
"ငါ့ကိုမင္းရ ဲ့သားလို႔ထင္ေနတာလား?စားေလ"
ေမးေထာက္ၿပီး ၿပံဳးၿပံဳးႀကီးၾကၫ့္ေနေသာသူ႔ကိုNamjoonက မၾကည္သလိုေျပာရင္း ထမင္းဆုပ္ေလးကို လွမ္းေက်ြးသည္။
"ဒီလိုထမင္းဗူးယူလာေပးတဲ့ရည္းစားေလးရိွတာေကာင္းတယ္မွလား? ေျပာစမ္းပါ ငါ့ကိုခ်စ္လား"
လ်ွပ္တျပတ္သူ႔ေမးခြန္းေၾကာင့္ Namjoonကအငိုက္မိသြားဟန္ နားရြက္ဖ်ားမ်ားပင္ရဲရဲတြတ္သြားသည္။ ကမ္းလက္စတူကိုထမင္းဗူးထဲျပန္ခ်ကာ ပါးစပ္ကိုလက္သီးဆုပ္ျဖင့္အုပ္ရင္း ေခ်ာင္းဟန႔္ရွာ၏။
"အတန္းခ်ိန္နီးၿပီ ျမန္ျမန္စား"
"ငါေမးတာေျဖအံုးေလ"
"ေတာ္ေတာ္သြက္ေနတယ္ေပါ့ ဟုတ္လား"
သူ႔နွာေခါင္းဖ်ားေလးကို ဖြဖြေတာက္ရင္း Namjoonကၿပံဳးရင္းေျပာသည္။
သူတို႔ႏွစ္ေယာက္ၾကားက တိုးတတ္မႈေတြကတကယ္ကိုအရိွန္ျမင့္လာသည္ဟု SeokJinခံစားရသည္။
စကားတစ္ခြန္းေတာင္ဆိုခဲလွတဲ့ Namjoonရ ဲ့မထင္ရင္မထင္သလို အရႊန္းေဖာက္မႈေလးေတြရယ္..
ျမင္ရစိပ္လာတဲ့ ပါးခ်ိဳင့္ထင္းထင္းေလးနဲ႔ ရယ္သံေတြရယ္
Kim Namjoonရ ဲ့ ဘယ္သူမွမသိေသာ တစ္ဖက္ျခမ္းကို ျမင္ခြင့္ရသၫ့္ တစ္ဦးတည္းေသာ ကံေကာင္းသၫ့္လူသားဟာ သူပင္ျဖစ္လိမ့္မည္ ။
တစ္ျခားေသာအရာေတြထက္ ဒီလိုေပါ့ေပါ့ပါးပါးေလးျမင္လာရတာကို သူအရမ္း၀မ္းသာ၏။
ငါကိုယ္တိုင္ထက္ေတာင္ မင္းကိုပိုၿပီးေပ်ာ္ေနေစခ်င္တယ္....။
.
.
.
.
.
.
ညေနခင္း၏ေနေရာင္ေဖ်ာ့ေဖ်ာ့က ျပတင္းေပါက္ကိုျဖတ္လ်ွက္ ဆိုဖာေပၚရိွ သူတို႔ႏွစ္ဦးေပၚ က်ေရာက္လာသည္။
SeokJinကဆိုဖာေပၚလွဲအိပ္ေနေသာNamjoon၏ဗိုက္ကိုေခါင္းအံုးလုပ္ကာ ထပ္ရက္သားအိပ္ေနတာျဖစ္၏။
တိတ္ဆိတ္ေနေသာအခန္းထဲတြင္ တစ္ခ်ပ္ခ်ပ္ေျပးလႊားေနေသာ နာရီ၏စကၠန႔္ေရြ ့လ်ားသံေလးသာရိွသည္။
"သား.."
ထိုအသံကSeokJinရင္ထဲဗံုးေပါက္ကြဲသလို၀င္ေရာက္လာကာ ခ်က္ခ်င္းအလိုလိုထထိုင္မိသြားသည္။
Namjoonလည္းအလားတူမထင္ထားဟန္..
တံခါး၀တြင္ရပ္ေနေသာ အမ်ိဳးသမီးႀကီး၏ မ်က္ဝန္းေတြဟာNamjoonလိုပဲစူးရွထက္ျမတ္စြာ..
သူ႔တစ္ကိုယ္လံုးကိုၾကၫ့္ရင္း အကဲျဖတ္ေနသလိုခံစားရတာမို႔ ေခါင္းကိုအလိုလိုငံု႔မိသြား၏
"သူငယ္ခ်င္းေရာက္ေနတာလား?"
ထို႔ေနာက္ လွစ္ခနဲၿပံဳးကာ သူတို႔ရိွရာသို႔ႂကြၾကြရြရြေလ်ွာက္လာသည္။
ဆိုဖာေပါ ္ေျခခ်ိတ္ထိုင္ရင္း သူ႔ကိုၿပံဳးျပျပန္ေတာ့ အလိုလိုထရပ္မိရင္း ေခါင္းၫြတ္ကာႏႈတ္ဆက္လိုက္သည္။
Namjoonမ်က္ႏွာကတကယ္ကိုစိတ္ရႈပ္ေနဟန္ေပၚသည္။ တစ္ခါမွမျမင္ဖူးေသာ မ်က္ႏွာမ်ိဳးႏွင့္
ႏႈတ္ခမ္းကိုတသပ္သပ္..။
"ဟုတ္...ေတြ ့ရတာ၀မ္းသာပါတယ္ အန္တီ"
"ေအးကြယ္ "
"Busကားမမွီပဲေနအံုးမယ္ ျပန္ေတာ့"
Namjoonသူ၏ ကုတ္အက်ီ ္ကိုကမ္းေပးရင္း
ခပ္ျပတ္ျပတ္ဆိုသည္။
"အာ..ေအးပါ..
ဒါဆိုကြၽန္ေတာ္ျပန္ပါအံုးမယ္အန္တီ"
"ေအးေအး ဂရုစိုက္ျပန္ေနာ္"
Namjoonေပးလိုက္တဲ့အတိုင္း ကုတ္အက်ီ ္ကိုေခါက္လ်ွက္သားလက္တြင္တင္ရင္းသာ လမ္းတစ္ေလ်ွာက္ ေတြေဝမိန္းေမာစြာေလ်ွာက္လာမိသည္။ ထိန္းမရေအာင္ပ်က္ယြင္းေနတဲ့ ခ်စ္ရသူမ်က္ႏွာကိုျမင္ရေတာ့ ပိုၿပီး စိတ္မေကာင္းျဖစ္ရသည္။ သူတို႔ႏွစ္ေယာက္စလံုး သတၲိလံုလံုေလာက္ေလာက္ရိွဖို႔ ငယ္ရြယ္လြန္းေသးသည္..
သူတစ္ခါမွမေတြးမိဖူးေသာ သူတို႔ႏွစ္ေယာက္၏ အနာဂတ္အေၾကာင္းဟာ ေပ်ာက္ကြယ္လုလုေနေရာင္လို ေမွးမိွန္ေဖ်ာ့ေတာ့ေန၏။
.
.
.
.
.
တေရြ ့ေရြ ့ထြက္သြားေသာ SeokJin၏ေက်ာပျင္ကျိုကည့္ကာ လိုက္သြားခ်င္စိတ္ေတြေပၚေနပါေသာ္လည္း အေမႏွင့္စကားေျပာဖို႔လိုသည္မို႔ သူေနခဲ့လိုက္သည္။
"တအားရင္းႏွီးတဲ့သူငယ္ခ်င္းထင္တယ္"
အေမ့အသံထဲတြင္ ထိုအတိုင္းသေဘာတူလိုက္ေစခ်င္ေသာ ဆႏၵမ်ားပါ၀င္ေနသည္ကို Namjoonရိပ္မိသည္။သို့ေသာ္လည္း သူ႔မွာ
ဖံုးကြယ္လိုေသာ္ စိတ္ စိုးစင္းမ်ွမရိွ
"ကြၽန္ေတာ့္ခ်စ္သူ"
ပူထူသြားေသာ ပါးတစ္ဖက္ႏွင့္အတူ
လည္ပင္းကပါဆို႔နစ္လာသည္။ ပထမဦးဆံုးအႀကိမ္အေမေပးေသာ နာက်င္ျခင္းေၾကာင့္ျဖစ္မည္။
သိုးေမႊးႏုႏုခင္းထားေသာ ေကာ္ေဇာေပၚအေမက အရုပ္ႀကိဴးပ်က္ထိုင္ခ်ရင္း
"နင့္အေဖ..သူသိရင္ ဒီတိုင္းေနမယ္ထင္လား
Kim Namjoonရ ဲ့!နင္ဘာေတြေလ်ွာက္လုပ္ေနတာလဲ"
"အေဖ့ကိုလဲေျပာဖို႔အစီစဉ္ရိွပါတယ္"
"မိုက္လိုက္ၾကတဲ့ ကေလးေတြကြယ္"
Namjoonအံကိုတင္းတင္းႀကိတ္ကာ မ်က္ႏွာကိုလႊဲထားမိသည္။
ခ်စ္မိသူဟာ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္တာ အျပစ္တစ္ခုဟုဆိုေလသလား...
"ဒီေက်ာင္းကိုတတ္ခဲ့တာလဲ
အဲ့ေကာင္ေလးေၾကာင့္လား?ဟင္"
Namjoonအေမ့ကိုထူဖို႔ျပင္ေတာ့ သူ႔လက္ကိုပုတ္ခ်ရင္း တြန္းသည္။ အေမ့ပံုစံက ယံုၾကည္အားထားရဆံုးသူဆီမွ သစၥာေဖာက္ခံလိုက္ရ၍ နာၾကည္းေနသၫ့္ဟန္...
"ဖယ္..မထိနဲ႔..
ဒီကိစၥကိုနင့္အေဖမသိခင္ၿပီးေအာင္ျဖတ္..
သူသိရင္ အကုန္ဒုကၡေရာက္ကုန္မယ္ သိလား"
"အဲ့ေကာင္ေလးကို ဘယ္နည္းနဲ႔မွ ကြၽန္ေတာ္လက္လႊတ္မေပးဘူး အေမ.."
"ငါ့သားလို႔ေျပာရမွာ ရွက္ေအာင္မလုပ္စမ္းပါနဲ႔ Kim Namjoonရယ္"
အေမကမ်က္ရည္ကိုခပ္ျပင္းျပင္းဖယ္ရင္း
အမိန႔္ေပးကာထြက္သြားသည္။
သူအသက္ကို၀ေအာင္ရႉလိုက္ရင္း ဒူးေထာက္ရက္သား ခပ္ျဖည္းျဖည္းထိုင္ခ်လိုက္၏။
ခ်စ္ျခင္းတရားေတြဟာ တစ္ခါတစ္ရံမွာ ၿပိဳလဲျခင္းေတြႏွင့္ ေမာပန္းဖြယ္...။
For Unicode
သုံးချိန်ဆက်တိုက်သင်သွားသော ဆရာမကြောင့် SeokJinတို့အဖွဲ့နောက်တန်းတွင် ခြေကုန်လက်ပမ်းကျနေကြသည်။
ဆရာမထွက်သွားတော့မှ ခါးဆန့်သူကဆန့် အတန်းလစ်ဖို့ပြင်သည့်သူကပြင်နှင့် နည်းနည်းတော့ဆူညံပွက်လောရိုက်သွားရ၏။
SeokJinခုံအောက်တွင် ထိုးထည့်ထားသော ထမင်းဗူးလေးကိုစမ်းလိုက်မိတော့ နေ့လည်စာစားချိန်မြန်မြန်ရောက်စေချင်လှသည်။
လာမည့်အတန်းချိန်ကလဲ မတတ်တာများနေပြီမို့ ဟိုကောင်တွေလက်အုပ်ချီတောင်းပန်ပြီး အတင်းဆွဲတတ်ခိုင်းရတာဖြစ်သည်။မဟုတ်ရင်SeokJinတို့ ကန်တင်းမှာ အအေးလေးသောက်ရင်း ရည်းစားလေးကိုစောင့်နေရုံသာ...။
"ဆရာကလဲကြာလိုက်တာ
နောက်ကျမှလာရင် နေ့လည်စာစားချိန်တွေပါဖဲ့ပြီးသင်နေရမယ်"
"ပညာကိုယူတတ်သလိုယူစမ်းပါ"
ဘေးကထိုင်နေသောJaewookက ပက်ခနဲလှမ်းဖဲ့ရင်း လက်ကထမင်းဗူးကို ထိရန်ပြင်သည်။
"လက်ပြတ်ချင်တာလား ဖယ်စမ်း"
"ဆရာ မလာခင်လေး စားကြရအောင်ပါဟ"
"နိုးပါ..မင်းတို့အတွက်မဟုတ်ဘူး"
"Jaewookကလက်သီးတပြင်ပြင်နှင့် ဆဲတော့မည်ပြင်နေစဉ် ဆရာဝင်လာသဖြင့် ပါးစပ်ပိတ်သွားရသည်။
ခုံအောက်မှထမင်းဗူးလေးကခပ်နွေးနွေး..
သူ၏နှလုံးသားလေးသည်လည်း ခပ်နွေးနွေး..
.
.
.
.
.
နေ့လည်စာစားချိန်ဆို ကန်တင်းကလူရှုပ်သဖြင့်Namjoonကားပေါ်တွင်သာ နေ့လည်စာစားရန်ပြင်ရသည်။
"မဖိတ်စေနဲ့နော်..အနံ့တွေစွဲမယ်"
မျက်နှာတည်ကြီးနှင့် လက်ကိုင်ပုဝါမွှေးမွှေးလေးကို သူ့ပေါ်ပေါ်လွှားတင်ပေးလိုက်ရင်း Namjoonကဆိုသည်။
"အေးပါ.."
"နောက်ဆို ပြေးမလာနဲ့
မင်းတို့ဌာနက လှေကားတွေကရှုပ်တယ်"
SeokJin၏မျက်လုံးပေါ်ဖုံးအုပ်နေသော ဆံပင်တွေကို စည်းကွင်းသေးသေးလေးဖြင့် ချည်နှောင်ပေးလိုက်သည်။
"ဆံပင်တွေနာတယ် အဲ့လိုစည်းတော့"
"ဖွဖွလေးစည်းပေးတာပါ..နာသွားတာလား"
စည်းကွင်းကိုပြန်ဖြုတ်ဖို့လုပ်နေတာကြောင့် SeokJinရှောင်လိုက်ရင်း ရယ်မိသည်။
"ထားလိုက်တော့..အခုထမင်းစားကြစို့"
Namjoonကခေါင်းကိုစောင်းငဲ့ရင်း သူထမင်းဗူးကိုတစ်ဆင့်ချင်းဖွင့်တာကိုကြည့်နေသည်။
"ပဲကြာဇံသုပ်နဲ့ ကြက်ဥလိပ်?"
"မနက်က အတန်းမမှီမှာစိုးလို့ လောလောနဲ့လုပ်ခဲ့တာ
အဆင်မပြေရင် တစ်ခုခုမှာပေးရမလား"
Namjoonကသူ့လက်ထဲကတူကိုဆွဲယူကာ ကြက်ဥလိပ်ကို ကောက်ဝါးသည်။ ထို့နောက် ဘာမပြောညာမပြောနှင့် သူ့ကိုတစ်ခုကောက်ခွံ့၏။
ကြက်ဥလိပ်ကိုဝါးနေသောNamjoonပါးလေးတွေကဖောင်းကားနေသည်။ ဒီလိုလေးမြင်ချင်လို့ပဲ ကြက်ဥလိပ်ကိုခပ်ကြီးကြီးလုပ်ခဲ့တာဖြစ်သည်။ ပါးဖောင်းဖောင်းလေးပေါ်သွေးကြောလေးတွေယှက်သန်းနေတာအထိ ကြည်လင်နေသော မျက်နှာလေးကို သူ့မှာချစ်မဝ။
"ငါ့ကိုမင်းရ ဲ့သားလို့ထင်နေတာလား?စားလေ"
မေးထောက်ပြီး ပြုံးပြုံးကြီးကြည့်နေသောသူ့ကိုNamjoonက မကြည်သလိုပြောရင်း ထမင်းဆုပ်လေးကို လှမ်းကျေွးသည်။
"ဒီလိုထမင်းဗူးယူလာပေးတဲ့ရည်းစားလေးရှိတာကောင်းတယ်မှလား? ပြောစမ်းပါ ငါ့ကိုချစ်လား"
လျှပ်တပြတ်သူ့မေးခွန်းကြောင့် Namjoonကအငိုက်မိသွားဟန် နားရွက်ဖျားများပင်ရဲရဲတွတ်သွားသည်။ ကမ်းလက်စတူကိုထမင်းဗူးထဲပြန်ချကာ ပါးစပ်ကိုလက်သီးဆုပ်ဖြင့်အုပ်ရင်း ချောင်းဟန့်ရှာ၏။
"အတန်းချိန်နီးပြီ မြန်မြန်စား"
"ငါမေးတာဖြေအုံးလေ"
"တော်တော်သွက်နေတယ်ပေါ့ ဟုတ်လား"
သူ့နှာခေါင်းဖျားလေးကို ဖွဖွတောက်ရင်း Namjoonကပြုံးရင်းပြောသည်။
သူတို့နှစ်ယောက်ကြားက တိုးတတ်မှုတေွကတကယ်ကိုအရှိန်မြင့်လာသည်ဟု SeokJinခံစားရသည်။
စကားတစ်ခွန်းတောင်ဆိုခဲလှတဲ့ Namjoonရ ဲ့မထင်ရင်မထင်သလို အရွှန်းဖောက်မှုလေးတွေရယ်..
မြင်ရစိပ်လာတဲ့ ပါးချိုင့်ထင်းထင်းလေးနဲ့ ရယ်သံတွေရယ်
Kim Namjoonရ ဲ့ ဘယ်သူမှမသိသော တစ်ဖက်ခြမ်းကို မြင်ခွင့်ရသည့် တစ်ဦးတည်းသော ကံကောင်းသည့်လူသားဟာ သူပင်ဖြစ်လိမ့်မည် ။
တစ်ခြားသောအရာတွေထက် ဒီလိုပေါ့ပေါ့ပါးပါးလေးမြင်လာရတာကို သူအရမ်းဝမ်းသာ၏။
ငါကိုယ်တိုင်ထက်တောင် မင်းကိုပိုပြီးပျော်နေစေချင်တယ်....။
.
.
.
.
.
.
ညနေခင်း၏နေရောင်ဖျော့ဖျော့က ပြတင်းပေါက်ကိုဖြတ်လျှက် ဆိုဖာပေါ်ရှိ သူတို့နှစ်ဦးပေါ် ကျရောက်လာသည်။
SeokJinကဆိုဖာပေါ်လှဲအိပ်နေသောNamjoon၏ဗိုက်ကိုခေါင်းအုံးလုပ်ကာ ထပ်ရက်သားအိပ်နေတာဖြစ်၏။
တိတ်ဆိတ်နေသောအခန်းထဲတွင် တစ်ချပ်ချပ်ပြေးလွှားနေသော နာရီ၏စက္ကန့်ရွေ့လျားသံလေးသာရှိသည်။
"သား.."
ထိုအသံကSeokJinရင်ထဲဗုံးပေါက်ကွဲသလိုဝင်ရောက်လာကာ ချက်ချင်းအလိုလိုထထိုင်မိသွားသည်။
Namjoonလည်းအလားတူမထင်ထားဟန်..
တံခါးဝတွင်ရပ်နေသော အမျိုးသမီးကြီး၏ မျက်ဝန်းတွေဟာNamjoonလိုပဲစူးရှထက်မြတ်စွာ..
သူ့တစ်ကိုယ်လုံးကိုကြည့်ရင်း အကဲဖြတ်နေသလိုခံစားရတာမို့ ခေါင်းကိုအလိုလိုငုံ့မိသွား၏
"သူငယ်ချင်းရောက်နေတာလား?"
ထို့နောက် လှစ်ခနဲပြုံးကာ သူတို့ရှိရာသို့ကြွကြွရွရွလျှောက်လာသည်။
ဆိုဖာပေါ ်ခြေချိတ်ထိုင်ရင်း သူ့ကိုပြုံးပြပြန်တော့ အလိုလိုထရပ်မိရင်း ခေါင်းညွတ်ကာနှုတ်ဆက်လိုက်သည်။
Namjoonမျက်နှာကတကယ်ကိုစိတ်ရှုပ်နေဟန်ပေါ်သည်။ တစ်ခါမှမမြင်ဖူးသော မျက်နှာမျိုးနှင့်
နှုတ်ခမ်းကိုတသပ်သပ်..။
"ဟုတ်...တွေ့ရတာဝမ်းသာပါတယ် အန်တီ"
"အေးကွယ် "
"Busကားမမှီပဲနေအုံးမယ် ပြန်တော့"
Namjoonသူ၏ ကုတ်အကျီ ်ကိုကမ်းပေးရင်း
ခပ်ပြတ်ပြတ်ဆိုသည်။
"အာ..အေးပါ..
ဒါဆိုကျွန်တော်ပြန်ပါအုံးမယ်အန်တီ"
"အေးအေး ဂရုစိုက်ပြန်နော်"
Namjoonပေးလိုက်တဲ့အတိုင်း ကုတ်အကျီ ်ကိုခေါက်လျှက်သားလက်တွင်တင်ရင်းသာ လမ်းတစ်လျှောက် တွေဝေမိန်းမောစွာလျှောက်လာမိသည်။ ထိန်းမရအောင်ပျက်ယွင်းနေတဲ့ ချစ်ရသူမျက်နှာကိုမြင်ရတော့ ပိုပြီး စိတ်မကောင်းဖြစ်ရသည်။ သူတို့နှစ်ယောက်စလုံး သတ္တိလုံလုံလောက်လောက်ရှိဖို့ ငယ်ရွယ်လွန်းသေးသည်..
သူတစ်ခါမှမတွေးမိဖူးသော သူတို့နှစ်ယောက်၏ အနာဂတ်အကြောင်းဟာ ပျောက်ကွယ်လုလုနေရောင်လို မှေးမှိန်ဖျော့တော့နေ၏။
.
.
.
.
.
တရွေ့ရွေ့ထွက်သွားသော SeokJin၏ကျောပြင်ကြိုကည့်ကာ လိုက်သွားချင်စိတ်တွေပေါ်နေပါသော်လည်း အမေနှင့်စကားပြောဖို့လိုသည်မို့ သူနေခဲ့လိုက်သည်။
"တအားရင်းနှီးတဲ့သူငယ်ချင်းထင်တယ်"
အမေ့အသံထဲတွင် ထိုအတိုင်းသဘောတူလိုက်စေချင်သော ဆန္ဒများပါဝင်နေသည်ကို Namjoonရိပ်မိသည်။သို့သော်လည်း သူ့မှာ
ဖုံးကွယ်လိုသော် စိတ် စိုးစင်းမျှမရှိ
"ကျွန်တော့်ချစ်သူ"
ပူထူသွားသော ပါးတစ်ဖက်နှင့်အတူ
လည်ပင်းကပါဆို့နစ်လာသည်။ ပထမဦးဆုံးအကြိမ်အမေပေးသော နာကျင်ခြင်းကြောင့်ဖြစ်မည်။
သိုးမွှေးနုနုခင်းထားသော ကော်ဇောပေါ်အမေက အရုပ်ကြိူးပျက်ထိုင်ချရင်း
"နင့်အဖေ..သူသိရင် ဒီတိုင်းနေမယ်ထင်လား
Kim Namjoonရ ဲ့!နင်ဘာတွေလျှောက်လုပ်နေတာလဲ"
"အဖေ့ကိုလဲပြောဖို့အစီစဉ်ရှိပါတယ်"
"မိုက်လိုက်ကြတဲ့ ကလေးတွေကွယ်"
Namjoonအံကိုတင်းတင်းကြိတ်ကာ မျက်နှာကိုလွှဲထားမိသည်။
ချစ်မိသူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်တာ အပြစ်တစ်ခုဟုဆိုလေသလား...
"ဒီကျောင်းကိုတတ်ခဲ့တာလဲ
အဲ့ကောင်လေးကြောင့်လား?ဟင်"
Namjoonအမေ့ကိုထူဖို့ပြင်တော့ သူ့လက်ကိုပုတ်ချရင်း တွန်းသည်။ အမေ့ပုံစံက ယုံကြည်အားထားရဆုံးသူဆီမှ သစ္စာဖောက်ခံလိုက်ရ၍ နာကြည်းနေသည့်ဟန်...
"ဖယ်..မထိနဲ့..
ဒီကိစ္စကိုနင့်အဖေမသိခင်ပြီးအောင်ဖြတ်..
သူသိရင် အကုန်ဒုက္ခရောက်ကုန်မယ် သိလား"
"အဲ့ကောင်လေးကို ဘယ်နည်းနဲ့မှ ကျွန်တော်လက်လွှတ်မပေးဘူး အမေ.."
"ငါ့သားလို့ပြောရမှာ ရှက်အောင်မလုပ်စမ်းပါနဲ့ Kim Namjoonရယ်"
အမေကမျက်ရည်ကိုခပ်ပြင်းပြင်းဖယ်ရင်း
အမိန့်ပေးကာထွက်သွားသည်။
သူအသက်ကိုဝအောင်ရှူလိုက်ရင်း ဒူးထောက်ရက်သား ခပ်ဖြည်းဖြည်းထိုင်ချလိုက်၏။
ချစ်ခြင်းတရားတွေဟာ တစ်ခါတစ်ရံမှာ ပြိုလဲခြင်းတွေနှင့် မောပန်းဖွယ်...။
You are reading the story above: TeenFic.Net