ေက်ာင္းပိတ္ရက္ျဖစ္ေသာေၾကာင့္ SeokJin စူပါမားကတ္မွ မုန႔္မ်ိဳးစံု၀ယ္လာၿပီး Namjoonတိုက္ခန္းဆီသို႔သြားဖို႔ျပင္သည္။
တစ္ေနကုန္သာေနေသာ္လည္း သူတို႔အတြက္ဘာမွေထြေထြထူးထူးလုပ္စရာမရိွ။
ဆိုဖာေပၚတြင္ေျခပစ္လက္ပစ္လွဲကာ မုန႔္ေတြတစ္ခုၿပီးတစ္ခုစားရင္း အခ်ိန္ကုန္သြားတာမ်ား၏။
Namjoonကေတာ့ စိတ္ပါရင္ သူၾကၫ့္ေသာရုပ္ရွင္ကိုေဘးကလိုက္ၾကၫ့္ေပးတတ္သည္။
ထို႔ေနာက္ ၀ရန္တာသို့သြားကာ ပန္းခ်ီကားတစ္ခ်ပ္ကို စိတ္ပါ၀င္စားစြာဆြဲေနတတ္သည္ ။
"Namjoonေရ"
SeokJinအသံတစ္ခ်က္ျပ ုကာ မုန႔္ေတြကို ထမင္းစားခန္းထဲရိွစားပြဲေပၚသြားတင္လိုက္သည္။
Namjoonက ဆြယ္တာပါးပါးတစ္ထည္ႏွင့္၀ရန္တာဘက္ထြက္ရပ္ေနပံုရသည္။ မွန္ခ်ပ္ေတြပိတ္ထားတာမို႔ သူလာသည္ကိုသိပံုမရ။
SeokJinအနားကပ္သြားလိုက္ကာ မွန္ခ်ပ္ေလးအားတံခါးေခါက္သလိုေခါက္လိုက္သည္။
အပိုေတြေျပာသည္ပဲဆိုဆို ထိုဦးေခါင္းေလးခပ္ျဖည္းျဖည္းလွၫ့္လာသည္ကိုျမင္ရတာကပင္ ရင္ခုန္ဖြယ္ေကာင္းေနသည္။
သူ႔ကိုျမင္ေတာ့Namjoonမ်က္ႏွာကၿပံဳးသြားသည္။ ထို႔ေနာက္ လက္ၾကားထဲကစီးကရက္ကိုေခ်ကာ အမိႈက္ပံုးထဲထၫ့္လိုက္ရင္း အိမ္ထဲသို႔ျပန္၀င္လာ၏။
" လာျပန္ၿပီလား "
ေျပာပံုကမသိရင္ သူကပဲ မလာပဲမေနႏိုင္အတင္းလာသလိုပံုစံႏွင့္။
တမင္စိတ္တိုေအာင္စေနမွန္းသိတာေၾကာင့္ SeokJinလည္ပင္းကမာဖလာေလးကိုခြၽတ္ကာသာ တန္းေလးတြင္လွမ္းခ်ိတ္လိုက္သည္။
"အား ေအးလိုက္တာ"
စိမ့္တတ္လာေသာခ်မ္းေအးမႈေၾကာင့္Seokjinလက္ဖဝါးႏွစ္ဖက္ကိုပြတ္သပ္ကာ ခုန္ဆြခုန္ဆြႏွင့္ ဆိုဖာေပၚထိုင္လိုက္သည္။
Namjoonကေတာ့မီးဖိုခန္းထဲ၀င္သြားကာ ခနအၾကာ ေကာ္ဖီခြက္ေလးတစ္ခြက္ကိုင္ရင္းျပန္ထြက္လာသည္။
"ေက်းဇူး"
ထိုစကားအတြက္သူျပန္ရတာက ေအးစက္စက္အၾကၫ့္တစ္ခ်က္။Namjoonကအဲ့လိုေျပာတာကိုလံုး၀မႀကိဳက္တာသိေသာ္လည္း ရိုက်ိဳးေနေသာပါးစပ္ကအလိုလိုထြက္မိေနေတာ့ခက္သည္။
"ဟဲဟဲ ဒီရက္ပိုင္းေတာ္ေတာ္ေအးတယ္ေနာ္"
ဂုတ္ပိုးကိုတစ္ခ်က္ပြတ္ရင္း ၿပံဳးၿဖဲျဖဲႏွင့္ သူစကားလမ္းေၾကာင္းလႊဲလိုက္သည္။
Namjoonကဘာမွမေျပာပဲ ခပ္တည္တည္သာလက္ႏွစ္ဖက္ကိုယွက္၍ထိုင္ေနသည္။
"စိတ္ေကာက္တာလား"
"ကေလးကလားနဲ႔"
"မင္းစိတ္ေကာက္သြားတာပါ"
SeokJinလက္ၫွိးတစ္ထိုးထိုးႏွင့္Namjoonေဘးနားေလးေစြ ့ခနဲ၀င္ထိုင္ကာစလိုက္သည္။
အတင္းတည္ထားေသာ ေရႊမ်က္နွာေတာ္ေလး ၿပံဳးလာမွ သက္ျပင္းကိုခိုးခ်ရေလ၏။
Namjoonကိုပိုၿပီးသိလာေလေလ သူထင္ထားသည္ထက္ပို၍ ခ်စ္ဖို႔ေကာင္းသည္ကိုနားလည္လာေလျဖစ္သည္။
တစ္ခါတစ္ရံ ရုပ္တည္ၾကီးႏွင့္စိတ္ေကာက္လ်ွင္ သူ႔မွာဘာလုပ္လို႔လုပ္ရမွန္းမသိ။
"မင္းကတခါတေလသူစိမ္းအရမ္းဆန္တယ္"
Namjoonကသူ႔ႏွဖူးေလးကိုခပ္ဖြဖြေတာက္ရင္း တစ္ေယာက္ထဲေျပာသလို တိုးတိုးေလးဆိုသည္။ ၾကည္လဲ့ေနေသာမ်က္၀န္းေတြအိမ္မ်ား၏ ညို႔အားဟာ SeokJinကိုအလိုလိုမ်က္ႏွာလႊဲသြားေစ၏။
"ေျပာ..ငါ့ကိုခ်စ္ရ ဲ့လား"
သူ႔ေမးဖ်ားေတြကိုဆြဲမၿပီးအၾကၫ့္ခ်င္းဆံုေစကာ
ေမးသည္။ ခ်စ္ရေသာသူသည္ ဤသို႔လည္း ရစ္တတ္ပါေသး၏။
"အင္း "
"ဘာကိုအင္းလဲ?.."
"မင္းေမးခြန္းကို အင္း လို႔ေျဖတာေလ"
Namjoonမ်က္ႏွာကသူႏွင့္တျဖည္းျဖည္းနီးကပ္လာေနသည္။ မ်က္ႏွာက ခပ္တည္တည္ မ်က္၀န္းအိမ္ေတြကေတာ့ ၿပံဳးရီရီ..။
" ငါ့ကိုခ်စ္တယ္လို႔ေျပာ"
"ငါ့ကိုခ်စ္တယ္"
"မင္း!!.."
Namjoonတကယ္ေဒါသထြက္သြားပံုရသည္။
မ်က္ေမွာင္ႀကံဳ႔၍တစ္ခ်က္ျကည့္ကာ သူ႔ေဘးနားမွခြာသြား၏။
"Namjoonေရ..ငါစတာကိုမင္းကလဲ"
အက်ီ ္စေလးကိုလက္ေလးျဖင့္လွမ္းၫွပ္ကာ ဆြဲလိုက္ေသာ္လည္း အသာအယာျပန္ရုန္းသြားသည္။
"ခ်စ္တယ္ေဟး ခ်စ္တယ္ဟ
အမ်ားႀကီး အမ်ားႀကီးကိုခ်စ္လြန္းလို႔ ဘယ္လိုေတာင္လုပ္ရမွန္းမသိေတာ့ဘူး ရၿပီလား "
SeokJinလက္ႏွစ္ဖက္ကိုေျမႇာက္ရင္း ကုန္းေအာ္ေတာ့Namjoonကပုခံုးမ်ားလႈပ္သည္အထိရယ္ကာ သူ႔အားကေလးတစ္ေယာက္လိုတစ္ရႊတ္ရႊတ္ဖက္နမ္းသည္။
"Kim SeokJinမင္းကြာမင္း"
သူ႔ဆံပင္ေတြကိုဆြဲဖြကာ ရင္ခြင္ထဲသို႔အတင္းဆြဲသိမ္းျပန္သည္။
သူ႔ပံုစံက ရည္းစားႏွင့္မတူပဲ ေဘးအိမ္ကကေလးကိုအူယားလို႔ ေခ်ာ့ျမ ူေနဟန္ႏွင့္ပိုတူေနသည္။
မည္သို႔ပင္ျဖစ္ေစ ထိုရင္ခြင္ကေနြးလြန္းသည္။
.
.
.
.
.
"ငါလိုက္ပို႔ေပးမယ္"
ကားေသာ့ကိုင္ကာ သူ႔ေရွ ့ကထြက္ဖို႔ျပင္ေနေသာ Namjoonကိုကပ်ာကယာလက္ခါျပရင္း ျငင္းရသည္။
သူေျခလွမ္းပ်က္ေနတာကိုသိေသာ Jaewookကပိတ္ရက္တိုင္းအိမ္နားမွာ က်ားေခ်ာင္းလာေခ်ာင္းေနတာအေတာ္ၾကာၿပီျဖစ္သည္။
Namjoonသာလိုက္ပို႔ပါက တၫ့္တၫ့္တိုးၿပီးအကုန္ေပၚသြားႏိုင္သည္။Jaewookသိလ်ွင္ တစ္ရပ္ကြက္လံုးအကုန္သိတာႏွင့္ထပ္တူညီတာမို႔ လန႔္ရ၏။
"ခနေနေမွာင္ေတာ့မွာ လိုက္ပို႔မေနနဲ႔
ငါBusစီးသြားလိုက္မယ္"
"ဒါဆိုေမွာင္ေတာ့မွာပဲမင္းလဲ ျပန္မေနနဲ့ေလ"
SeokJinဖိနပ္စင္ေပၚက ဖိနပ္ကိုယူကာ ျဖစ္သလိုေကာက္စြပ္လိုက္သည္။
ထို႔ေနာက္ မ်က္ႏွာကိုရႈံ႔မဲ့လိုက္ရင္း
" ငါ့အေမလက္သံကိုတစ္ခါေလာက္လာျမည္းၾကၫ့္ရင္ ဒီလိုေျပာႏိုင္ေတာ့မယ္မထင္ဘူး..
သြားၿပီ.."
"ေနအံုး"
Namjoonကဖိနပ္စင္နားေလး ဒူးတစ္ဖက္ခ်ထိုင္လိုက္ကာ သူ႔ဖိနပ္ႀကိဳးေလးအားခပ္ဖြဖြစည္းေနွာင္ေပးေနသည္။
ထင္မထားေသာထိုအျပဳအမူေၾကာင့္Seokjinေခါင္းထဲပင္ဒိန္းခနဲအခ်က္ေပးသံေတြပင္ထြက္လာသလိုထင္လိုက္ရ၏။
ေျခေထာက္ကိုအျမန္ေနာက္ဆုတ္ေသာ္လည္း
Namjoonကလွမ္းဆြဲကာ ဖယ္ခြင့္မေပး။
"Namjoon ငါ့ ဘာသာ ငါ"
"ရႉး စကားထပ္ေျပာရင္ အိမ္မွာညအိပ္ခိုင္းမယ္"
ေသသပ္စြာစည္းေနွာင္ထားေသာ ဖိနပ္ႀကိဴးေလးကို ၾကၫ့္ကာSeokjinရယ္ခ်င္တာလိုလိုငိုခ်င္တာလိုလိုျဖစ္ေနသည္။
"Busလြတ္လိမ့္မယ္..သြားေတာ့"
နာရီကိုတစ္ခ်က္ၾကၫ့္ကာ သူ႔အားတံခါးေလးဖြင့္ေပးသည္။Seokjinစိတ္ထဲ၀မ္းနည္းသလျိုဖစ္လာတာမို့ Namjoon၏ခါးကိုတင္းေနေအာင္ဖက္ကာရင္ခြင္ထဲမ်က္ႏွာကိုႏွစ္လိုက္သည္။
"မင္းပဲအမ်ိဳးမ်ိဳးကြာ.."
Namjoonကသူ႔ေက်ာေလးကိုပုတ္ေပးကာ ခပ္တိုးတိုးေရရြတ္သည္။
"တကယ္သြားေတာ့မယ္ "
"အင္း "
လက္က်န္ေနေရာင္တို႔ျဖင့္ အလင္းေပးေနရေသာ ပတ္၀န္းက်င္သည္ ႏွင္းျမဴထုေၾကာင့္ ေဝဝါးေနသည္။
မီးတိုင္တစ္ခ်ိဳ႕မွလဲ့လဲ့ေလးလင္းေနေသာ အလင္းေရာင္ေလးေတြကိုၾကၫ့္ကာ သူကားမွတ္တိုင္ဆီခပ္ေျဖးေျဖးေလး ေလ်ွာက္လာခဲ့လိုက္သည္။
"ေဟး "
ေနာက္နားဆီမွ ေအာ္သံေၾကာင့္ ေျခလွမ္းေတြကိုရပ္၍လွည့္ျကည့္လိုက္ေတာ့
ၿပိဳင္ဘီးအျပာေလးႏွင့္Namjoon..
"မင္းရ ဲ့မာဖလာ"
သူက်န္ခဲ့ေသာမာဖလာကိုကမ္းေပးကာ အသက္ကိုခပ္ျပင္းျပင္းရႈရိႈက္ေနသည္။
"မင္းအေနြးထည္က.."
ထိုအအခ်ိန္မွတိုက္တိုက္ဆိုင္ဆိုင္လာရပ္ေသာBusကားေၾကာင့္ သူစိတ္ထဲမွဆဲမိသြားသည္။
"ကားလာၿပီ.."
Busကားထြက္သည္အထိ စက္ဘီးကိုေျခတစ္ဖက္ႏွ႔င္ေထာက္ကာ ရပ္ၾကၫ့္ေနေသာ Namjoonကို သူလက္ျပလိုက္သည္။
မနက္ျဖန္ေက်ာင္းေရာက္ရင္ေတြ ့ၾကမွာေပမဲ့ စိတ္ထဲအၾကာႀကီးခြဲေနရေတာ့မလိုခံစားရသည္။
ူ
တစ္စကၠန႔္ေလးေတာင္မခြဲခ်င္ဘူး ဆိုေသာ စာသားမ်ားႏွင့္ သီခ်င္းေတြအား ယံုၾကည္ဖို႔Seokjinဆံုးျဖတ္လိုက္ပါ၏။
ခ်စ္ျခင္းတရားဟာဒီလိုလဲ နားလည္ရခက္ေသးသည္။
For Unicode
ကျောင်းပိတ်ရက်ဖြစ်သောကြောင့် SeokJin စူပါမားကတ်မှ မုန့်မျိုးစုံဝယ်လာပြီး Namjoonတိုက်ခန်းဆီသို့သွားဖို့ပြင်သည်။
တစ်နေကုန်သာနေသော်လည်း သူတို့အတွက်ဘာမှထွေထွေထူးထူးလုပ်စရာမရှိ။
ဆိုဖာပေါ်တွင်ခြေပစ်လက်ပစ်လှဲကာ မုန့်တွေတစ်ခုပြီးတစ်ခုစားရင်း အချိန်ကုန်သွားတာများ၏။
Namjoonကတော့ စိတ်ပါရင် သူကြည့်သောရုပ်ရှင်ကိုဘေးကလိုက်ကြည့်ပေးတတ်သည်။
ထို့နောက် ဝရန်တာသို့သွားကာ ပန်းချီကားတစ်ချပ်ကို စိတ်ပါဝင်စားစွာဆွဲနေတတ်သည် ။
"Namjoonရေ"
SeokJinအသံတစ်ချက်ပြ ုကာ မုန့်တွေကို ထမင်းစားခန်းထဲရှိစားပွဲပေါ်သွားတင်လိုက်သည်။
Namjoonက ဆွယ်တာပါးပါးတစ်ထည်နှင့်ဝရန်တာဘက်ထွက်ရပ်နေပုံရသည်။ မှန်ချပ်တွေပိတ်ထားတာမို့ သူလာသည်ကိုသိပုံမရ။
SeokJinအနားကပ်သွားလိုက်ကာ မှန်ချပ်လေးအားတံခါးခေါက်သလိုခေါက်လိုက်သည်။
အပိုတေွပြောသည်ပဲဆိုဆို ထိုဦးခေါင်းလေးခပ်ဖြည်းဖြည်းလှည့်လာသည်ကိုမြင်ရတာကပင် ရင်ခုန်ဖွယ်ကောင်းနေသည်။
သူ့ကိုမြင်တော့Namjoonမျက်နှာကပြုံးသွားသည်။ ထို့နောက် လက်ကြားထဲကစီးကရက်ကိုချေကာ အမှိုက်ပုံးထဲထည့်လိုက်ရင်း အိမ်ထဲသို့ပြန်ဝင်လာ၏။
" လာပြန်ပြီလား "
ပြောပုံကမသိရင် သူကပဲ မလာပဲမနေနိုင်အတင်းလာသလိုပုံစံနှင့်။
တမင်စိတ်တိုအောင်စနေမှန်းသိတာကြောင့် SeokJinလည်ပင်းကမာဖလာလေးကိုချွတ်ကာသာ တန်းလေးတွင်လှမ်းချိတ်လိုက်သည်။
"အား အေးလိုက်တာ"
စိမ့်တတ်လာသောချမ်းအေးမှုကြောင့်Seokjinလက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်ကာ ခုန်ဆွခုန်ဆွနှင့် ဆိုဖာပေါ်ထိုင်လိုက်သည်။
Namjoonကတော့မီးဖိုခန်းထဲဝင်သွားကာ ခနအကြာ ကော်ဖီခွက်လေးတစ်ခွက်ကိုင်ရင်းပြန်ထွက်လာသည်။
"ကျေးဇူး"
ထိုစကားအတွက်သူပြန်ရတာက အေးစက်စက်အကြည့်တစ်ချက်။Namjoonကအဲ့လိုပြောတာကိုလုံးဝမကြိုက်တာသိသော်လည်း ရိုကျိုးနေသောပါးစပ်ကအလိုလိုထွက်မိနေတော့ခက်သည်။
"ဟဲဟဲ ဒီရက်ပိုင်းတော်တော်အေးတယ်နော်"
ဂုတ်ပိုးကိုတစ်ချက်ပွတ်ရင်း ပြုံးဖြဲဖြဲနှင့် သူစကားလမ်းကြောင်းလွှဲလိုက်သည်။
Namjoonကဘာမှမပြောပဲ ခပ်တည်တည်သာလက်နှစ်ဖက်ကိုယှက်၍ထိုင်နေသည်။
"စိတ်ကောက်တာလား"
"ကလေးကလားနဲ့"
"မင်းစိတ်ကောက်သွားတာပါ"
SeokJinလက်ညှိးတစ်ထိုးထိုးနှင့်Namjoonဘေးနားလေးစွေ့ခနဲဝင်ထိုင်ကာစလိုက်သည်။
အတင်းတည်ထားသော ရွှေမျက်နှာတော်လေး ပြုံးလာမှ သက်ပြင်းကိုခိုးချရလေ၏။
Namjoonကိုပိုပြီးသိလာလေလေ သူထင်ထားသည်ထက်ပို၍ ချစ်ဖို့ကောင်းသည်ကိုနားလည်လာလေဖြစ်သည်။
တစ်ခါတစ်ရံ ရုပ်တည်ကြီးနှင့်စိတ်ကောက်လျှင် သူ့မှာဘာလုပ်လို့လုပ်ရမှန်းမသိ။
"မင်းကတခါတလေသူစိမ်းအရမ်းဆန်တယ်"
Namjoonကသူ့နှဖူးလေးကိုခပ်ဖွဖွတောက်ရင်း တစ်ယောက်ထဲပြောသလို တိုးတိုးလေးဆိုသည်။ ကြည်လဲ့နေသောမျက်ဝန်းတွေအိမ်များ၏ ညို့အားဟာ SeokJinကိုအလိုလိုမျက်နှာလွှဲသွားစေ၏။
"ပြော..ငါ့ကိုချစ်ရ ဲ့လား"
သူ့မေးဖျားတွေကိုဆွဲမပြီးအကြည့်ချင်းဆုံစေကာ
မေးသည်။ ချစ်ရသောသူသည် ဤသို့လည်း ရစ်တတ်ပါသေး၏။
"အင်း "
"ဘာကိုအင်းလဲ?.."
"မင်းမေးခွန်းကို အင်း လို့ဖြေတာလေ"
Namjoonမျက်နှာကသူနှင့်တဖြည်းဖြည်းနီးကပ်လာနေသည်။ မျက်နှာက ခပ်တည်တည် မျက်ဝန်းအိမ်တေွကတော့ ပြုံးရီရီ..။
" ငါ့ကိုချစ်တယ်လို့ပြော"
"ငါ့ကိုချစ်တယ်"
"မင်း!!.."
Namjoonတကယ်ဒေါသထွက်သွားပုံရသည်။
မျက်မှောင်ကြုံ့၍တစ်ချက်ကြည့်ကာ သူ့ဘေးနားမှခွာသွား၏။
"Namjoonရေ..ငါစတာကိုမင်းကလဲ"
အကျီ ်စလေးကိုလက်လေးဖြင့်လှမ်းညှပ်ကာ ဆွဲလိုက်သော်လည်း အသာအယာပြန်ရုန်းသွားသည်။
"ချစ်တယ်ဟေး ချစ်တယ်ဟ
အများကြီး အများကြီးကိုချစ်လွန်းလို့ ဘယ်လိုတောင်လုပ်ရမှန်းမသိတော့ဘူး ရပြီလား "
SeokJinလက်နှစ်ဖက်ကိုမြှောက်ရင်း ကုန်းအော်တော့Namjoonကပုခုံးများလှုပ်သည်အထိရယ်ကာ သူ့အားကလေးတစ်ယောက်လိုတစ်ရွှတ်ရွှတ်ဖက်နမ်းသည်။
"Kim SeokJinမင်းကွာမင်း"
သူ့ဆံပင်တွေကိုဆွဲဖွကာ ရင်ခွင်ထဲသို့အတင်းဆွဲသိမ်းပြန်သည်။
သူ့ပုံစံက ရည်းစားနှင့်မတူပဲ ဘေးအိမ်ကကလေးကိုအူယားလို့ ချော့မြ ူနေဟန်နှင့်ပိုတူနေသည်။
မည်သို့ပင်ဖြစ်စေ ထိုရင်ခွင်ကနွေးလွန်းသည်။
.
.
.
.
.
"ငါလိုက်ပို့ပေးမယ်"
ကားသော့ကိုင်ကာ သူ့ရှေ့ကထွက်ဖို့ပြင်နေသော Namjoonကိုကပျာကယာလက်ခါပြရင်း ငြင်းရသည်။
သူခြေလှမ်းပျက်နေတာကိုသိသော Jaewookကပိတ်ရက်တိုင်းအိမ်နားမှာ ကျားချောင်းလာချောင်းနေတာအတော်ကြာပြီဖြစ်သည်။
Namjoonသာလိုက်ပို့ပါက တည့်တည့်တိုးပြီးအကုနပေါ်သွားနိုင်သည်။Jaewookသိလျှင် တစ်ရပ်ကွက်လုံးအကုန်သိတာနှင့်ထပ်တူညီတာမို့ လန့်ရ၏။
"ခနနေမှောင်တော့မှာ လိုက်ပို့မနေနဲ့
ငါBusစီးသွားလိုက်မယ်"
"ဒါဆိုမှောင်တော့မှာပဲမင်းလဲ ပြန်မနေနဲ့လေ"
SeokJinဖိနပ်စင်ပေါ်က ဖိနပ်ကိုယူကာ ဖြစ်သလိုကောက်စွပ်လိုက်သည်။
ထို့နောက် မျက်နှာကိုရှုံ့မဲ့လိုက်ရင်း
" ငါ့အမေလက်သံကိုတစ်ခါလောက်လာမြည်းကြည့်ရင် ဒီလိုပြောနိုင်တော့မယ်မထင်ဘူး..
သွားပြီ.."
"နေအုံး"
Namjoonကဖိနပ်စင်နားလေး ဒူးတစ်ဖက်ချထိုင်လိုက်ကာ သူ့ဖိနပ်ကြိုးလေးအားခပ်ဖွဖွစည်းနှောင်ပေးနေသည်။
ထင်မထားသောထိုအပြုအမူကြောင့်Seokjinခေါင်းထဲပင်ဒိန်းခနဲအချက်ပေးသံတွေပင်ထွက်လာသလိုထင်လိုက်ရ၏။
ခြေထောက်ကိုအမြန်နောက်ဆုတ်သော်လည်း
Namjoonကလှမ်းဆွဲကာ ဖယ်ခွင့်မပေး။
"Namjoon ငါ့ ဘာသာ ငါ"
"ရှူး စကားထပ်ပြောရင် အိမ်မှာညအိပ်ခိုင်းမယ်"
သေသပ်စွာစည်းနှောင်ထားသော ဖိနပ်ကြိူးလေးကို ကြည့်ကာSeokjinရယ်ချင်တာလိုလိုငိုချင်တာလိုလိုဖြစ်နေသည်။
"Busလွတ်လိမ့်မယ်..သွားတော့"
နာရီကိုတစ်ချက်ကြည့်ကာ သူ့အားတံခါးလေးဖွင့်ပေးသည်။Seokjinစိတ်ထဲဝမ်းနည်းသလြိုဖစ်လာတာမို့ Namjoon၏ခါးကိုတင်းနေအောင်ဖင္ကာရင်ခွင်ထဲမျက်နှာကိုနှစ်လိုက်သည်။
"မင်းပဲအမျိုးမျိုးကွာ.."
Namjoonကသူ့ကျောလေးကိုပုတ်ပေးကာ ခပ်တိုးတိုးရေရွတ်သည်။
"တကယ်သွားတော့မယ် "
"အင်း "
လက်ကျန်နေရောင်တို့ဖြင့် အလင်းပေးနေရသော ပတ်ဝန်းကျင်သည် နှင်းမြူထုကြောင့် ဝေဝါးနေသည်။
မီးတိုင်တစ်ချို့မှလဲ့လဲ့လေးလင်းနေသော အလင်းရောင်လေးတွေကိုကြည့်ကာ သူကားမှတ်တိုင်ဆီခပ်ဖြေးဖြေးလေး လျှောက်လာခဲ့လိုက်သည်။
"ဟေး "
နောက်နားဆီမှ အော်သံကြောင့် ခြေလှမ်းတွေကိုရပ်၍လှည့်ကြည့်လိုက်တော့
ပြိုင်ဘီးအပြာလေးနှင့်Namjoon..
"မင်းရ ဲ့မာဖလာ"
သူကျန်ခဲ့သောမာဖလာကိုကမ်းပေးကာ အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်နေသည်။
"မင်းအနွေးထည်က.."
ထိုအအချိန်မှတိုက်တိုက်ဆိုင်ဆိုင်လာရပ်သောBusကားကြောင့် သူစိတ်ထဲမှဆဲမိသွားသည်။
"ကားလာပြီ.."
Busကားထွက်သည်အထိ စက်ဘီးကိုခြေတစ်ဖက်နှ့င်ထောက်ကာ ရပ်ကြည့်နေသော Namjoonကို သူလက်ပြလိုက်သည်။
မနက်ဖြန်ကျောင်းရောက်ရင်တွေ့ကြမှာပေမဲ့ စိတ်ထဲအကြာကြီးခွဲနေရတော့မလိုခံစားရသည်။
ူ
တစ်စက္ကန့်လေးတောင်မခွဲချင်ဘူး ဆိုသော စာသားများနှင့် သီချင်းတွေအား ယုံကြည်ဖို့Seokjinဆုံးဖြတ်လိုက်ပါ၏။
ချစ်ခြင်းတရားဟာဒီလိုလဲ နားလည်ရခက်သေးသည်။
You are reading the story above: TeenFic.Net