For Zawgyi
ကုန္ဆံုးေတာ့မည္ျဖစ္ေသာ အထက္တန္းေက်ာင္းသားဘ၀ဟာ လြမ္းေဆြးဖို႔ပင္စိတ္မကူးအားပဲ
ေတာင္လိုပံုေနေသာ စာအုပ္မ်ားျဖင့္သာ နပန္းလံုးေနရ၏။
Namjoonကိုယ့္အတြက္ကိုစိတ္မပူရေသာ္လည္း ေရႊေရာင္အနားကြပ္မ်က္မွန္ေလးကိုအကာကြယ္ယူကာ ငိုက္တတ္ေသာေကာင္ေလးတစ္ေယာက္ကိုျဖင့္စိတ္ပူရပါသည္။
သို႔ေသာ္ထိုငဂ်စ္ေလးကျဖင့္ စာေမးပြဲၿပီးလ်ွင္ ဘယ္သြားမည္ဘာလုပ္မည္စသည္ျဖင့္ အာေပါင္အာရင္းသန္သန္ ဟစ္ေႂကြးလို႔ေကာင္းဆဲျဖစ္၏။
"ဆရာ"
"ေဟ Namjoonေျပာ"
သူေလးစားရေသာ အတန္းပိုင္ဆရာ့ထံ စကၠူဗူးေလးကိုကိုင္ရင္းသြားေတာ့သူ႔လက္ေတ္ြ နည္းနည္းေတာ့ တုန္ယင္ေနခဲ့သည္။
ေက်ာင္းၿပီးခါနီးလ်ွင္ အတန္းတိုင္းမွ ထူးခြၽန္သူေတြ၏ မွတ္စုစာအုပ္မ်ား ေရးစာအုပ္ေဟာင္းမ်ားကို အတန္းပိုင္ဆရာမ်ားထံအပ္ရတတ္၏။
ထိုအထဲမွဆရာက ဂ် ူနီယာအတန္းမ်ားကိုျဖစ္ေစ လက္ရိွအတန္းမွစာလုပ္ရန္လိုေနသူေတြကိုျဖစ္ေစ ျပန္ေပးတတ္သည္။
"ကြၽန္ေတာ့္မွတ္စုေတြလာေပးတာပါ"
"ေစာလွခ်ည္လားကြ..မင္းၾကၫ့္ဖို႔ေရာ ရိွေသးရ ဲ့လား"
Namjoonဘာမွမေျပာပဲစကၠူဗူးကိုမကာစားပြဲေပၚတင္လိုက္ၿပီး စီထပ္ထားေသာစာအုပ္မ်ား၏အေပါ ္ဆံုးမွ
မွတ္စုစာအုပ္အညိုေလးကို ေကာက္ယူလိုက္သည္။
"ဒီမွတ္စုကိုေတာ့ Kim SeokJinကိုေပးေပးပါဆရာ.."
ဆရာက အံ့ဩဟန္ျဖင့္ၾကၫ့္ကာကမ္းေပးေသာ စာအုပ္ကိုဆြဲယူေတာ့ သူအေၾကာင္းမဲ့ ရွက္ရြံ ့စြာ မ်က္ႏွာကိုငိုက္ထားမိသည္။
"မင္းကိုယ္တိုင္သြားေပးေလကြာ"
ငယ္ငယ္ကတည္းက သူ႔စရိုက္ကိုသိကာ ခ်စ္ခင္ေသာဆရာက ၿပံဳးၿပံဳးေလးစေနသည္။
သူဘာမွမေျပာပဲ ၿငိမ္ၿငိမ္ေလးသာရပ္ေနလိုက္သည္။
ဆရာကရယ္ရင္းထလာကာ သူ႔ပုခံုးကိုခပ္ဖြဖြပုတ္၏။
"ငါ့ေကာင္ႀကီးက အျပင္ကသာေအးစက္တာ
အတန္းေဖာ္ေတြကို ဂရုစိုက္ရွာသားပဲကြ..ေအး
Kim SeokJinက ငါ့လက္သံနဲ႔မျမည္းရတာၾကာေတာ့ နည္းနည္းဆိုးခ်င္ေနၿပီ လူေလးကညဏ္ေျပးရ ဲ့သားနဲ႔"
ဆရာ့ထံမွၾကားလိုက္ရေသာ ထိုအပိုင္းအစစကားဖ်ားေလးထဲရိွ နာမည္ေၾကာင့္ သူၿပံဳးလိုက္သည္။ ငဂ်စ္ေကာင္ေလးက ဆိုးခ်င္ေနတာမဟုတ္ပဲ တကယ္ဆိုးတဲ့လူဆိုးေလးျဖစ္ေနၿပီ ဆိုတာကို သူ႔စိတ္ထဲတြင္သာေျပာေနလိုက္သည္။
.
.
.
.
"Namjoonကမွတ္စုေတြလာေပးလို႔ ငါ မိတၲ ုဆြဲၿပီး တစ္တန္းလံုးအတြက္ပြားေပးလာတယ္"
ဆရာက ခံုကိုရိုက္ကာအသိေပးေတာ့ တစ္တန္းလံုး၏အျကည့္မ်ား သူ႔ထံေရာက္လာၾကသည္။
Namjoonသိေသာ္လည္း မ်က္ႏွာကိုခပ္တည္တည္ထားကာေနေနလိုက္သည္။
"မူရင္းမွတ္စုေတြကေတာ့ ေနာက္ႏွစ္ကေလးေတြအတြက္ ထားလိုက္တယ္ကြာ..ေနာက္ႏွစ္ထပ္မတတ္ေတာ့ဘူးမွလား
ကဲ နာမည္ေခၚမယ္ လာယူ"
တစ္ေယာက္ၿပီးတစ္ေယာက္ မိတၲ ူစာရြက္အထပ္လိုက္ႀကီးေတြမကာ အတန္းခံုဆီသို႔ျပန္သြားၾကသည္။ ဒီၾကားထဲ ဆရာကခိုင္းသျဖင့္ သူ႔ခံုဆီလာကာ ေက်းဇူးတင္ေၾကာင္း ေျပာၾကရေသး၏။
"Kim SeokJin"
ေျခလွမ္းက် ဲႀကီးေတျြဖင့္ လွမ္းလာၿပီး ဆရာ့ထံကိုေလ်ွာက္သြားတာကို သူမ်က္လံုးေထာင့္ကေန ခိုးၾကၫ့္ေနမိသည္။
"ဟင္ ကြၽန္ေတာ့္က် စာအုပ္အေဟာင္းႀကီး"
လက္ျမန္ေသာဆရာက ေဒါက္ခနဲ ေခါက္လိုက္ဟန္တူသည္ ထိုဂ်စ္တူး၏ လိုတာထက္ပို၍ေအာ္သံက တဆက္တည္းထြက္လာေလ၏။
" တစ္ေစာင္လိုေနလို႔ မင္းမူရင္းတစ္အုပ္ရသြားတာ "
ထို႔ေနာက္ အသံတိခနဲတိတ္က်သြားကာ သူ႔ခံုေစာင္းေဘးသို႔လာရပ္သည္။ ေရေမႊးနံ ့မဟုတ္ပါပဲ ေက်ာင္းယူနီေဖာင္းအနံ႔ေလးႏွင့္ ခပ္ေျပျပေကိုယ္သင္းရနံ ့ေလးက Namjoonအနားေလးတြင္ရစ္ဝဲေနသည္။
"ေက်းဇူး"
ထိုအသံေလးပင္မနည္းရိပ္ခနဲဖမ္းလိုက္ရသည္။
ထိုသို႔တိုတိုတိတိေက်းဇူးစကားဆိုၿပီးေနာက္ ထိုလူဆိုးေလးကသူက်င္လည္ရာေနာက္တန္းဆီသို႔ လွစ္ခနဲျပန္ေျပးသြားေလသည္။
ထိုေန့ကအတန္းထဲဘယ္သူမွမရိွဘူးအထင္ႏွင့္
အညိုေရာင္မွတ္စုစာအုပ္ေလးကို ႏႈတ္ခမ္းႏွင့္ဖြဖြေလးနမ္းေနေသာ ေကာင္ေလးတစ္ေယာက္ရိွသည္။
ထိုေကာင္ေလးအား အတန္းအျပင္ရွိျပတင္းမွန္ေလးတြင္ ရပ္ၾကၫ့္ေနေသာ ေနာက္ထပ္ေကာင္ေလးတစ္ေယာက္လဲရိွေလသည္..။
.
.
.
.
.
.
အထက္တန္းၿပီးဆံုးသၫ့္ လက္ေဆာင္အေနျဖင့္ အေဖ့ဆီမွ ကင္မရာေလးတစ္လံုးကို Namjoonလက္ေဆာင္ရသည္။
ေအာင္လက္မွတ္ေပးအပ္သၫ့္အခမ္းအနားၿပီးသြားေတာ့ ဟိုတစ္စု ဒီတစ္စုႏွင့္ ေက်ာင္း၀န္းတစ္ခုလံုးဆူညံေနေတာ့သည္။
Namjoonကေတာ့ အတန္းထဲတြင္ထိုင္ကာ
ေနာက္ဆံုးတန္းရိွ ခံုငယ္ေလးကို အမိအရမွတ္တမ္းတင္ေနမိသည္။
ျခစ္ရာဗလပြႏွင့္ မွင္ရာေတြအျပၫ့္ျဖစ္ေနေသာ ခံုေလးက ပိုင္ရွင္ဘယ္ေလာက္ လက္ကျမင္းေၾကာင္း တိုင္တန္းေနသၫ့္ဟန္။
ေက်ာင္းေဆာင္ႀကီးေရွ ့ဆူညံေနေသာ လူအုပ္စုေတြကို လွမ္းၾကၫ့္မိေတာ့ အရပ္ရွည္ရွည္ႏွင့္ ထင္းထြက္ေနေသာ ပံုရိပ္ေလးက ဟိုေျပးဒီေျပးႏွင့္ တကယ္ေပ်ာ္ေနပံုရသည္။
Namjoonေဘးဘီကိုတစ္ခ်က္ေဝ ့ၾကၫ့္လိုက္ၿပီး ထိုပံုရိပ္ေလးရိွရာ ကင္မရာကိုခ်ိန္လိုက္သည္။ ၿပီးေနာက္ လက္ၫွိးႏွင့္လက္မကို ပူးကပ္ကာ အသည္းေသးေသးေလး ပံုစံ ကိုႀကိဳးစားကာ ပံုေဖာ္ရင္း ထိုျမင္ကြင္းထဲသို႔ပါေစလိုက္၏။
ၿပံဳးရယ္ေနေသာ ေကာင္ေလးႏွင့္ မပီမျပင္သူ၏အသည္းပံုေလး..
Namjoonသေဘာတက် ထိုပံုေလးကိုၾကၫ့္ကာ ၿပံဳးေနမိသည္။
ငါ့ငယ္ရြယ္မႈရ ဲ့တစ္စိတ္တစ္ပိုင္းျဖစ္လာေပးလို႔ မင္းကိုေက်းဇူးတင္လိုက္တာ..။
.
.
.
.
.
က်ကြဲသြားေသာပန္းအိုးမွ ဖန္စေတြက
Namjoonေျခဖမိုးသို႔လာစင္ကာစိုက္သည္။
ေကာ္ေဇာ္ေမႊးပြအျဖဴလြလြေပါ ္သို႔ ေသြးစက္ေတြက စိမ့္၀င္ညစ္ႏြမ္းေစသည္။
"အခုမွဘာထေဖာက္တာလဲKim Namjoon"
အေဖ့လက္ေမာင္းကိုအေမကဆြဲထားက မလြန္ေစရန္ထိန္းေပးေနရသည္။
သူကေတာ့ ထံုေပေပႏွင့္ရပ္ေနရံုသာ..။
"ေဖႀကီးရယ္ ကေလးကို ေဒါသတႀကီးမလုပ္ပါနဲ႔"
"မင္းဘာသိလဲ! ပညာေတာ္သင္မသြားတာ ငါလက္ခံလို႔ရေသးတယ္..
ဘာလို႔ ေရြးစရာေတြအမ်ားႀကီးထဲကမွ အဲ့ေက်ာင္းလဲ..ရခဲ့တဲ့အမွတ္ေတြႏွေျမာစရာျဖစ္ေအာင္
လုပ္ခ်င္တာေတြလုပ္ၿပီးမွ လာေျပာတာေကာင္းသလား"
" အေဖ့ကိုအသိေပးရံုပါ"
"မင္းသားကေလ ကိုယ့္အဆင့္ကို ႏိွမ့္ေနတာ..
ဒီလိုပံုစံနဲ႔ ငါ့လုပ္ငန္းေတြဘယ္လိုယံုၿပီးအပ္ရမလဲ..မင္းကအားလံုးထက္ကိုထူးခြၽန္ေနရမွာကြ သိလား"
"ကြၽန္ေတာ့္ကိုယံုၾကည္ေပးပါ "
သူေခါင္းကိုငံု႔ခ်လိုက္ၿပီး ေလသံတိုးတိုးျဖင့္ဆိုေတာ့ အေဖကစူးစမ္းသလိုၾကၫ့္သည္။
Namjoon၏နွိမ့္နွိမ့္ခ်ခ် ေတာင္းဆိုသံကိုပထမဆံုး ၾကားဖူး၍ျဖစ္မည္ထင္သည္။
"ေဟာေတာ္ သား ေျခေထာက္ကေသြးေတြလား"
အေမကေတာ့ သူ႔ေျခေထာက္ကိုသတိထားမိသြား၍ထင္သည္ အျမန္ေျပးလာကာ ငိုသံေတြႏွင့္အတင္းထိုင္ခိုင္းသည္။
အေဖကေတာ့ မ်က္ႏွာလႊဲကာ လုပ္ခ်င္ရာသာလုပ္ဟု ခပ္ေဆာင့္ေဆာင့္ေရရြတ္ရင္းထထြက္သြားသည္။
အေမကေတာ့ ေဆးေသတၲာေျပးယူလိုက္ အလုပ္သမားတစ္ခ်ိဳ႕ကို ေအာ္လိုက္ႏွင့္အလုပ္မ်ားေနသည္၏။
ထူးခြၽန္တဲ့ကေလးတစ္ေယာက္အျဖစ္ ႀကီးျပင္းလာခဲ့ရတဲ့ Namjoonဘ၀မွာ အရာအားလံုးကို အစီစဉ္တက်ဆြဲၿပီးသာ လုပ္ေဆာင္ခဲ့၏။
အေဖခင္းေပးသၫ့္လမ္းကိုပယ္ရန္ ျငင္းရေလာက္သၫ့္ အေၾကာင္းျပခ်က္လဲ မရိွခဲ့တာမို႔
အလိုက္သင့္ေလးေနေပးခဲ့ရံုသာ..
အခုေတာ့ အေၾကာင္းျပခ်က္ေလးရိွလာၿပီ..။
သူဒီေျမကိုမခြာႏိုင္ေတာ့သၫ့္ အေၾကာင္းရင္း..
နားထဲစြဲေနသၫ့္ ရယ္သံလြင္ရွရွေတြ
ျဖတ္ခနဲျကည့္တတ္ေသာ မ်က္ဝန္းသြယ္ေတြ
ထိုလူဆိုးေလးကိုဘယ္ထားခဲ့ရက္ပါေတာ့မလဲ..။
.
.
.
.
.
"ငါ့ကိုအဲ့ေလာက္ေတာင္သေဘာက်တယ္?"
"အင္း "
SeokJinရင္ထဲတအံုေနြးေနြး..
ငိုခ်မိမတတ္ခံစားရေသာ ၾကည္ႏူးျခင္းေတြဆိုတာတကယ္ရိွပံုရသည္။
Namjoonကေတာ့ ေျပာတုန္းကေျပာၿပီး နားရြက္ေတြနီရဲေအာင္ ရွက္ေနျပန္ပါ၏။
"မင္းေပါင္းေနတဲ့အုပ္စုနဲ႔ကေရာ ဘယ္လိုသိတာလဲ"
"အဲ့အုပ္စုကလူေတြနဲ႔ အရင္အထက္တန္းတုန္းက ၿပိဳင္ပြဲတစ္ခုမွာေတြ ့ရင္း သိခဲ့ၾကတာ
အခုတစ္တန္းထဲေတြ ့ေတာ့ ေပါင္းျဖစ္တဲ့သေဘာပါ"
"ေအာ္.."
"ၿပီးေတာ့ ငါမင္းလိုေနၾကၫ့္ဖို႔ႀကိဳးစားခဲ့တာ
သူငယ္ခ်င္းေတြအမ်ားႀကီးနဲ႔..."
"အဲ့ေတာ့မင္းေပ်ာ္တယ္မွလား"
Namjoonကၿပံဳးသည္ဆိုရံုေလးၿပံဳးကာေခါင္းခါသည္။
" မေနတတ္ဘူး.."
SeokJinသိတာေပါ့..
သူခ်စ္ရတဲ့ဒီေကာင္ေလးစရိုက္က တကယ္ေအးေအးခ်မ္းခ်မ္းေလးဆိုတာ..။
တစ္ျခားသူေတြအေပၚအာရံုစိုက္မႈနည္းလြန္းၿပီး တစ္ေယာက္ထဲေနရတာသေဘာက်တဲ့ ေကာင္ေလး။
ဒါဘာဟန္ေဆာင္မႈမွမပါတဲ့ Namjoonရ ဲ့အစစ္အမွန္ပံုစံေလး။
"ဒါနဲ႔ မင္းငါ့ကိုအကုန္မေျပာရေသးဘူးေနာ္
ဘာလို႔ ရုတ္တရပ္ႀကီး တြဲရေအာင္ေျပာခဲ့လဲဆိုတာေတြေရာ..တျခားဟာေတြေရာ ရိွေသးတယ္"
"ျဖည္းျဖည္းေပါ့...ငါကဘယ္သြားမွာမို႔လို႔လဲ"
အရင္လိုတစ္ခြန္းေမး တစ္ခြန္းေျဖ မဟုတ္ေတာ့ပဲ Namjoonရ ဲ့စကားလံုးေတြဟာ ရွည္လ်ားစျပ ုလာခဲ့သည္။
ေပါ့ေပါ့ပါးပါးႏွင့္သူ႔အေပၚကို သက္ေသာင့္သက္သာျဖစ္လာတာအထင္အရွားပင္။
"Namjoonေရ "
နီရဲေနေသာ နားရြက္ကေလးကို လက္ျဖင့္ခပ္ဖြဖြတို႔ထိရင္းသူ ေခၚလိုက္သည္။
"ငါက မင္းရ ဲ့ရည္းစားလဲျဖစ္ေပးမယ္
မင္းရဲ ့သူငယ္ခ်င္းေကာင္းတစ္ေယာက္လဲျဖစ္ေပးမယ္..ေကာင္းတယ္မွလား"
" အူေၾကာင္ေၾကာင္နဲ႔."
SeokJinရွက္ရယ္ရယ္ကာ တစ္ဖက္သို ့လွၫ့္လိုက္သည္။ မ်က္ႏွာႀကီးကျဖင့္ၿပံဳးေနၿပီးေတာ့
မႀကိဳက္ခ်င္ေယာင္ေဆာင္ေနေသးသည္။
"မင္းကဒီအတိုင္း လူဆိုးေလးပဲလုပ္ပါ"
သူ႔ေခါင္းကိုလာဖြေသာ လက္ေတြ၏ ႏူးညံ့မႈမ်ားကို ခံစားလိုက္ရသည္။
SeokJinမသိလိုက္မိပဲ ထိုလက္တို႔ကိုဆြဲယူကာ ခပ္ဖြဖြေလးနမ္းလိုက္၏။
ရင္ေတြတဒိန္းဒိန္းခုန္ေနပါေသာ္လည္း သူ႔ႏွလံုးသားထဲတြင္ ေရေအးစီးေၾကာင္းေလးျဖတ္သန္းသြားသည္။
ခ်စ္ျခင္းတရားသည္ၿငိမ္းခ်မ္းဖြယ္အတိျဖစ္၏..။
For Unicode
For Zawgyi
ကုန်ဆုံးတော့မည်ဖြစ်သော အထက်တန်းကျောင်းသားဘဝဟာ လွမ်းဆွေးဖို့ပင်စိတ်မကူးအားပဲ
တောင်လိုပုံနေသော စာအုပ်များဖြင့်သာ နပန်းလုံးနေရ၏။
Namjoonကိုယ့်အတွက်ကိုစိတ်မပူရသော်လည်း ရွှေရောင်အနားကွပ်မျက်မှန်လေးကိုအကာကွယ်ယူကာ ငိုက်တတ်သောကောင်လေးတစ်ယောက်ကိုဖြင့်စိတ်ပူရပါသည်။
သို့သော်ထိုငဂျစ်လေးကဖြင့် စာမေးပွဲပြီးလျှင် ဘယ်သွားမည်ဘာလုပ်မည်စသည်ဖြင့် အာပေါင်အာရင်းသန်သန် ဟစ်ကြွေးလို့ကောင်းဆဲဖြစ်၏။
"ဆရာ"
"ဟေ Namjoonပြော"
သူလေးစားရသော အတန်းပိုင်ဆရာ့ထံ စက္ကူဗူးလေးကိုကိုင်ရင်းသွားတော့သူ့လက်တေ်ွ နည်းနည်းတော့ တုန်ယင်နေခဲ့သည်။
ကျောင်းပြီးခါနီးလျှင် အတန်းတိုင်းမှ ထူးချွန်သူတွေ၏ မှတ်စုစာအုပ်များ ရေးစာအုပ်ဟောင်းများကို အတန်းပိုင်ဆရာများထံအပ်ရတတ်၏။
ထိုအထဲမှဆရာက ဂျ ူနီယာအတန်းများကိုဖြစ်စေ လက်ရှိအတန်းမှစာလုပ်ရန်လိုနေသူတွေကိုဖြစ်စေ ပြန်ပေးတတ်သည်။
"ကျွန်တော့်မှတ်စုတွေလာပေးတာပါ"
"စောလှချည်လားကွ..မင်းကြည့်ဖို့ရော ရှိသေးရ ဲ့လား"
Namjoonဘာမှမပြောပဲစက္ကူဗူးကိုမကာစားပွဲပေါ်တင်လိုက်ပြီး စီထပ်ထားသောစာအုပ်များ၏အပေါ ်ဆုံးမှ
မှတ်စုစာအုပ်အညိုလေးကို ကောက်ယူလိုက်သည်။
"ဒီမှတ်စုကိုတော့ Kim SeokJinကိုပေးပေးပါဆရာ.."
ဆရာက အံ့ဩဟန်ဖြင့်ကြည့်ကာကမ်းပေးသော စာအုပ်ကိုဆွဲယူတော့ သူအကြောင်းမဲ့ ရှက်ရွံ့စွာ မျက်နှာကိုငိုက်ထားမိသည်။
"မင်းကိုယ်တိုင်သွားပေးလေကွာ"
ငယ်ငယ်ကတည်းက သူ့စရိုက်ကိုသိကာ ချစ်ခင်သောဆရာက ပြုံးပြုံးလေးစနေသည်။
သူဘာမှမပြောပဲ ငြိမ်ငြိမ်လေးသာရပ်နေလိုက်သည်။
ဆရာကရယ်ရင်းထလာကာ သူ့ပုခုံးကိုခပ်ဖွဖွပုတ်၏။
"ငါ့ကောင်ကြီးက အပြင်ကသာအေးစက်တာ
အတန်းဖော်တွေကို ဂရုစိုက်ရှာသားပဲကွ..အေး
Kim SeokJinက ငါ့လက်သံနဲ့မမြည်းရတာကြာတော့ နည်းနည်းဆိုးချင်နေပြီ လူလေးကညဏ်ပြေးရ ဲ့သားနဲ့"
ဆရာ့ထံမှကြားလိုက်ရသော ထိုအပိုင်းအစစကားဖျားလေးထဲရှိ နာမည်ကြောင့် သူပြုံးလိုက်သည်။ ငဂျစ်ကောင်လေးက ဆိုးချင်နေတာမဟုတ်ပဲ တကယ်ဆိုးတဲ့လူဆိုးလေးဖြစ်နေပြီ ဆိုတာကို သူ့စိတ်ထဲတွင်သာပြောနေလိုက်သည်။
.
.
.
.
"Namjoonကမှတ်စုတွေလာပေးလို့ ငါ မိတ္တ ုဆွဲပြီး တစ်တန်းလုံးအတွက်ပွားပေးလာတယ်"
ဆရာက ခုံကိုရိုက်ကာအသိပေးတော့ တစ်တန်းလုံး၏အကြည့်များ သူ့ထံရောက်လာကြသည်။
Namjoonသိသော်လည်း မျက်နှာကိုခပ်တည်တည်ထားကာနေနေလိုက်သည်။
"မူရင်းမှတ်စုတွေကတော့ နောက်နှစ်ကလေးတွေအတွက် ထားလိုက်တယ်ကွာ..နောက်နှစ်ထပ်မတတ်တော့ဘူးမှလား
ကဲ နာမည်ခေါ်မယ် လာယူ"
တစ်ယောက်ပြီးတစ်ယောက် မိတ္တ ူစာရွက်အထပ်လိုက်ကြီးတွေမကာ အတန်းခုံဆီသို့ပြန်သွားကြသည်။ ဒီကြားထဲ ဆရာကခိုင်းသဖြင့် သူ့ခုံဆီလာကာ ကျေးဇူးတင်ကြောင်း ပြောကြရသေး၏။
"Kim SeokJin"
ခြေလှမ်းကျ ဲကြီးတြွေဖင့် လှမ်းလာပြီး ဆရာ့ထံကိုလျှောက်သွားတာကို သူမျက်လုံးထောင့်ကနေ ခိုးကြည့်နေမိသည်။
"ဟင် ကျွန်တော့်ကျ စာအုပ်အဟောင်းကြီး"
လက်မြန်သောဆရာက ဒေါက်ခနဲ ခေါက်လိုက်ဟန်တူသည် ထိုဂျစ်တူး၏ လိုတာထက်ပို၍အော်သံက တဆက်တည်းထွက်လာလေ၏။
" တစ်စောင်လိုနေလို့ မင်းမူရင်းတစ်အုပ်ရသွားတာ "
ထို့နောက် အသံတိခနဲတိတ်ကျသွားကာ သူ့ခံုစောင်းဘေးသို့လာရပ်သည်။ ရေမွှေးနံ့မဟုတ်ပါပဲ ကျောင်းယူနီဖောင်းအနံ့လေးနှင့် ခပ်ပြေပြကေိုယ်သင်းရနံ့လေးက Namjoonအနားလေးတွင်ရစ်ဝဲနေသည်။
"ကျေးဇူး"
ထိုအသံလေးပင်မနည်းရိပ်ခနဲဖမ်းလိုက်ရသည်။
ထိုသို့တိုတိုတိတိကျေးဇူးစကားဆိုပြီးနောက် ထိုလူဆိုးလေးကသူကျင်လည်ရာနောက်တန်းဆီသို့ လှစ်ခနဲပြန်ပြေးသွားလေသည်။
ထိုနေ့ကအတန်းထဲဘယ်သူမှမရှိဘူးအထင်နှင့်
အညိုရောင်မှတ်စုစာအုပ်လေးကို နှုတ်ခမ်းနှင့်ဖွဖွလေးနမ်းနေသော ကောင်လေးတစ်ယောက်ရှိသည်။
ထိုကောင်လေးအား အတန်းအပြင်ရှိပြတင်းမှန်လေးတွင် ရပ်ကြည့်နေသော နောက်ထပ်ကောင်လေးတစ်ယောက်လဲရှိလေသည်..။
.
.
.
.
.
.
အထက်တန်းပြီးဆုံးသည့် လက်ေဆာင်အနေဖြင့် အဖေ့ဆီမှ ကင်မရာလေးတစ်လုံးကို Namjoonလက်ေဆာင်ရသည်။
အောင်လက်မှတ်ပေးအပ်သည့်အခမ်းအနားပြီးသွားတော့ ဟိုတစ်စု ဒီတစ်စုနှင့် ကျောင်းဝန်းတစ်ခုလုံးဆူညံနေတော့သည်။
Namjoonကတော့ အတန်းထဲတွင်ထိုင်ကာ
နောက်ဆုံးတန်းရှိ ခုံငယ်လေးကို အမိအရမှတ်တမ်းတင်နေမိသည်။
ခြစ်ရာဗလပွနှင့် မှင်ရာတွေအပြည့်ဖြစ်နေသော ခုံလေးက ပိုင်ရှင်ဘယ်လောက် လက်ကမြင်းကြောင်း တိုင်တန်းနေသည့်ဟန်။
ကျောင်းဆောင်ကြီးရှေ့ဆူညံနေသော လူအုပ်စုတွေကို လှမ်းကြည့်မိတော့ အရပ်ရှည်ရှည်နှင့် ထင်းထွက်နေသော ပုံရိပ်လေးက ဟိုပြေးဒီပြေးနှင့် တကယ်ပျော်နေပုံရသည်။
Namjoonဘေးဘီကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး ထိုပုံရိပ်လေးရှိရာ ကင်မရာကိုချိန်လိုက်သည်။ ပြီးနောက် လက်ညှိးနှင့်လက်မကို ပူးကပ်ကာ အသည်းသေးသေးလေး ပုံစံ ကိုကြိုးစားကာ ပုံဖော်ရင်း ထိုမြင်ကွင်းထဲသို့ပါစေလိုက်၏။
ပြုံးရယ်နေသော ကောင်လေးနှင့် မပီမပြင်သူ၏အသည်းပုံလေး..
Namjoonသဘောတကျ ထိုပုံလေးကိုကြည့်ကာ ပြုံးနေမိသည်။
ငါ့ငယ်ရွယ်မှုရ ဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပေးလို့ မင်းကိုကျေးဇူးတင်လိုက်တာ..။
.
.
.
.
.
ကျကွဲသွားသောပန်းအိုးမှ ဖန်စတွေက
Namjoonခြေဖမိုးသို့လာစင်ကာစိုက်သည်။
ကော်ဇော်မွှေးပွအဖြူလွလွပေါ ်သို့ သွေးစက်တွေက စိမ့်ဝင်ညစ်နွမ်းစေသည်။
"အခုမှဘာထဖောက်တာလဲKim Namjoon"
အဖေ့လက်မောင်းကိုအမေကဆွဲထားက မလွန်စေရန်ထိန်းပေးနေရသည်။
သူကတော့ ထုံပေပေနှင့်ရပ်နေရုံသာ..။
"ဖေကြီးရယ် ကလေးကို ဒေါသတကြီးမလုပ်ပါနဲ့"
"မင်းဘာသိလဲ! ပညာတော်သင်မသွားတာ ငါလက်ခံလို့ရသေးတယ်..
ဘာလို့ ရွေးစရာတွေအများကြီးထဲကမှ အဲ့ကျောင်းလဲ..ရခဲ့တဲ့အမှတ်တွေနှမြောစရာဖြစ်အောင်
လုပ်ချင်တာတွေလုပ်ပြီးမှ လာပြောတာကောင်းသလား"
" အဖေ့ကိုအသိပေးရုံပါ"
"မင်းသားကလေ ကိုယ့်အဆင့်ကို နှိမ့်နေတာ..
ဒီလိုပုံစံနဲ့ ငါ့လုပ်ငန်းတွေဘယ်လိုယုံပြီးအပ်ရမလဲ..မင်းကအားလုံးထက်ကိုထူးချွန်နေရမှာကွ သိလား"
"ကျွန်တော့်ကိုယုံကြည်ပေးပါ "
သူခေါင်းကိုငုံ့ချလိုက်ပြီး လေသံတိုးတိုးဖြင့်ဆိုတော့ အဖေကစူးစမ်းသလိုကြည့်သည်။
Namjoon၏နှိမ့်နှိမ့်ချချ တောင်းဆိုသံကိုပထမဆုံး ကြားဖူး၍ဖြစ်မည်ထင်သည်။
"ဟောတော် သား ခြေထောက်ကသွေးတွေလား"
အမေကတော့ သူ့ခြေထောက်ကိုသတိထားမိသွား၍ထင်သည် အမြန်ပြေးလာကာ ငိုသံတွေနှင့်အတင်းထိုင်ခိုင်းသည်။
အဖေကတော့ မျက်နှာလွှဲကာ လုပ်ချင်ရာသာလုပ်ဟု ခပ်ေဆာင့်ဆောင့်ရေရွတ်ရင်းထထွက်သွားသည်။
အမေကတော့ ေဆးသေတ္တာပြေးယူလိုက် အလုပ်သမားတစ်ချို့ကို အော်လိုက်နှင့်အလုပ်များနေသည်၏။
ထူးချွန်တဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ရတဲ့ Namjoonဘဝမှာ အရာအားလုံးကို အစီစဉ်တကျဆွဲပြီးသာ လုပ်ဆောင်ခဲ့၏။
အဖေခင်းပေးသည့်လမ်းကိုပယ်ရန် ငြင်းရလောက်သည့် အကြောင်းပြချက်လဲ မရှိခဲ့တာမို့
အလိုက်သင့်လေးနေပေးခဲ့ရုံသာ..
အခုတော့ အကြောင်းပြချက်လေးရှိလာပြီ..။
သူဒီမြေကိုမခွာနိုင်တော့သည့် အကြောင်းရင်း..
နားထဲစွဲနေသည့် ရယ်သံလွင်ရှရှတွေ
ဖြတ်ခနဲကြည့်တတ်သော မျက်ဝန်းသွယ်တွေ
ထိုလူဆိုးလေးကိုဘယ်ထားခဲ့ရက်ပါတော့မလဲ..။
.
.
.
.
.
"ငါ့ကိုအဲ့လောက်တောင်သဘောကျတယ်?"
"အင်း "
SeokJinရင်ထဲတအုံနွေးနွေး..
ငိုချမိမတတ်ခံစားရသော ကြည်နူးခြင်းတွေဆိုတာတကယ်ရှိပုံရသည်။
Namjoonကတော့ ပြောတုန်းကပြောပြီး နားရွက်တွေနီရဲအောင် ရှက်နေပြန်ပါ၏။
"မင်းပေါင်းနေတဲ့အုပ်စုနဲ့ကရော ဘယ်လိုသိတာလဲ"
"အဲ့အုပ်စုကလူတွေနဲ့ အရင်အထက်တန်းတုန်းက ပြိုင်ပွဲတစ်ခုမှာတွေ့ရင်း သိခဲ့ကြတာ
အခုတစ်တန်းထဲတွေ့တော့ ပေါင်းဖြစ်တဲ့သဘောပါ"
"အော်.."
"ပြီးတော့ ငါမင်းလိုနေကြည့်ဖို့ကြိုးစားခဲ့တာ
သူငယ်ချင်းတွေအများကြီးနဲ့..."
"အဲ့တော့မင်းပျော်တယ်မှလား"
Namjoonကပြုံးသည်ဆိုရုံလေးပြုံးကာခေါင်းခါသည်။
" မနေတတ်ဘူး.."
SeokJinသိတာပေါ့..
သူချစ်ရတဲ့ဒီကောင်လေးစရိုက်က တကယ်အေးအေးချမ်းချမ်းလေးဆိုတာ..။
တစ်ခြားသူတွေအပေါ်အာရုံစိုက်မှုနည်းလွန်းပြီး တစ်ယောက်ထဲနေရတာသဘောကျတဲ့ ကောင်လေး။
ဒါဘာဟန်ဆောင်မှုမှမပါတဲ့ Namjoonရ ဲ့အစစ်အမှန်ပုံစံလေး။
"ဒါနဲ့ မင်းငါ့ကိုအကုန်မပြောရသေးဘူးနော်
ဘာလို့ ရုတ်တရပ်ကြီး တွဲရအောင်ပြောခဲ့လဲဆိုတာတေွရော..တခြားဟာတွေရော ရှိသေးတယ်"
"ဖြည်းဖြည်းပေါ့...ငါကဘယ်သွားမှာမို့လို့လဲ"
အရင်လိုတစ်ခွန်းမေး တစ်ခွန်းဖြေ မဟုတ်တော့ပဲ Namjoonရ ဲ့စကားလုံးတွေဟာ ရှည်လျားစပြ ုလာခဲ့သည်။
ပေါ့ပေါ့ပါးပါးနှင့်သူ့အပေါ်ကို သက်သောင့်သက်သာဖြစ်လာတာအထင်အရှားပင်။
"Namjoonရေ "
နီရဲနေသော နားရွက်ကလေးကို လက်ဖြင့်ခပ်ဖွဖွတို့ထိရင်းသူ ခေါ်လိုက်သည်။
"ငါက မင်းရ ဲ့ရည်းစားလဲဖြစ်ပေးမယ်
မင်းရဲ့သူငယ်ချင်းကောင်းတစ်ယောက်လဲဖြစ်ပေးမယ်..ကောင်းတယ်မှလား"
" အူကြောင်ကြောင်နဲ့."
SeokJinရှက်ရယ်ရယ်ကာ တစ်ဖက်သို့လှည့်လိုက်သည်။ မျက်နှာကြီးကဖြင့်ပြုံးနေပြီးတော့
မကြိုက်ချင်ယောင်ဆောင်နေသေးသည်။
"မင်းကဒီအတိုင်း လူဆိုးလေးပဲလုပ်ပါ"
သူ့ခေါင်းကိုလာဖွသော လက်တွေ၏ နူးညံ့မှုများကို ခံစားလိုက်ရသည်။
SeokJinမသိလိုက်မိပဲ ထိုလက်တို့ကိုဆွဲယူကာ ခပ်ဖွဖွလေးနမ်းလိုက်၏။
ရင်တွေတဒိန်းဒိန်းခုန်နေပါသော်လည်း သူ့နှလုံးသားထဲတွင် ရေအေးစီးကြောင်းလေးဖြတ်သန်းသွားသည်။
ချစ်ခြင်းတရားသည်ငြိမ်းချမ်းဖွယ်အတိဖြစ်၏..။
You are reading the story above: TeenFic.Net