For Zawgyi
ကေလးငယ္တစ္ေယာက္အတြက္က်ယ္လြန္းလွေသာ အခန္းႀကီးရိွကုတင္ေပၚတြင္ Namjoonမႈန္ကုပ္ကုပ္ႏွင့္ထိုင္ေနသည္။
အေမကေတာ့ေဘးနားကေန သူ႔ေခါင္းကို ပိရိေသသပ္ေအာင္ ဘီးတစ္ေခ်ာင္းျဖင့္ ဖီးေပးေနရင္း သူ႔ပါးေလးကိုခပ္ဖြဖြနမ္းေလ၏။
"သားကအတန္းေခါင္းေဆာင္ေလ..
ဒီခရီးသားလိုက္မျွဖစ္ေတာ့မေပါ့"
"လူေတြအၿပံဳလိုက္ႀကီး သားစိတ္ရႈပ္တယ္ေလ ေမေမရာ"
ေက်ာင္းက၀တ္လာခိုင္းေသာ အဝါေရာင္ရွပ္ကို ခြၽတ္ဖို႔တျပင္ျပင္ျဖစ္ေနေသာ သူ႔လက္ေတြကိုအေမကရယ္ရင္းတားေလသည္။
"ကဲ ေမေမ့သားက တာ၀န္မဲ့တယ္လို႔အထင္မခံႏိုင္ဘူးေနာ္..ဟိုေအာက္မွာ မင္းအေဖေစာင့္ေနၿပီ သြားေတာ့"
Namjoonမႏိုင္ဘူးဟူေသာ သေဘာျဖင့္ သက္ျပင္းေလးေလးခ်ကာ ေက်ာပိုးအိတ္ကိုေကာက္လြယ္လ်ွက္ဆင္းလာခဲ့လိုက္သည္။
အေဖကေတာ့တစ္လမ္းလံုးဘာမွမေျပာပဲတိတ္ဆိတ္စြာ ကားကိုေမာင္းလာၿပီး ေက်ာင္းနားေရာက္ေတာ့မွ မုန႔္ဖိုးတစ္ထပ္လက္ထဲထၫ့္ေပးလာသည္။
"သားသြားၿပီ"
"ေအး"
သူငယ္ခ်င္းရယ္လို႔မရိွသျဖင့္ တစ္ျခားသူေတြလိုမ်ိဳး အုပ္စုေလးမ်ားျဖင့္ ဟီးဟီးဟားဟား သူရယ္မေနႏိုင္။
ဒီလိုေအးေဆးတိတ္ဆိတ္တာကိုလိုခ်င္လို႔ တမင္သူငယ္ခ်င္းမထားခဲ့တာျဖစ္၏။
ဆရာမေဘးနားထိုင္ကာ ယူလာသၫ့္mp4ေလးႏွင့္ နားၾကပ္ေလးတပ္ကာ သီခ်င္းပဲထိုင္နားေထာင္ေနမိသည္။
အျပန္လမ္းမွာေတာ့ သိပ္လွေသာေနၾကာခင္းေတြထဲ ခရီးတစ္ေထာက္နားၾကသည္။
ေန၀င္လုလုအခ်ိန္ကသိပ္လွတာမို႔ Namjoonလဲဓာတ္ပံုရိုက္ခ်င္တာေၾကာင့္ ကားေပၚမွဆင္းလာခဲ့၏။
ဟီးေလးဟားေလးႏွင့္သူ႔ေဘးျဖတ္ေလ်ွာက္သြားေသာ အုပ္စုတစ္စုေၾကာင့္ ကိုယ္ကိုေရွာင္တိမ္းရင္းအလိုမက်စြာ ၾကၫ့္လိုက္မိသည္။
အဲ့အုပ္စု!ေက်ာင္းမွာလဲ တဟီးဟီးတဟားဟား.
ကားေပၚမွာလဲ နားဒုကၡေပးလာတာအခုခ်ိန္ထိ
ေနၾကာခင္းေတြထဲအတင္းတိုး၀င္ၾကတာမို႔ ယိုင္နဲ႔ပ်က္ဆီးကုန္ေသာ ေနၾကာပင္ေတြကိုၾကၫ့္ရင္း သူႏွေျမာတသစြာ ေခါင္းယမ္းလိုက္သည္။
လူတိုင္းဓာတ္ပံုေတြရိုက္ ပန္းေတြခ်ိဳးလိုက္လုပ္ေနတာကို ျမင္ေနရတာ သူ႔အတြက္ေတာ့ေသြးတတ္စရာပင္။
Namjoonသတိေပးရန္ျပင္လိုက္ေတာ့ ေနၾကာပန္းေတြေခါင္းေပၚတင္ရင္း ရယ္ေနသၫ့္ ေကာင္ေလးတစ္ေယာက္ကိုေတြ ့လိုက္ရသည္။ သူမ်က္စိေနာက္ေသာ အုပ္စုထဲမွတစ္ေယာက္ျဖစ္၏။
ေနေရာင္ေဖ်ာ့ေဖ်ာ့က မ်က္ႏွာကိုပက္ျဖန္းထားသလို ေရႊေရာင္လဲ့ေရးေရးထင္ေနသည္။ တီရွပ္ဝါဝါေလးကပါေဖြးအုေနေသာအသားေပၚတြင္ ပို၍ျကြရြလြန္းလွစြာ ေနရာယူေနေလသည္။
သူ႔လိုဆီဖိမလာေသာ ဆံပင္ေတြက သဘာ၀အတိုင္း ယွက္ျမဴးလ်ွက္..
Namjoonသတိလက္လြတ္ေငးေနမိတာမို႔ အေယာင္ေယာင္အမွားမွားေနာက္သို႔လွၫ့္ရပ္ရင္း သူ႔ေျခရင္းမွၿပိဳလဲကပ္ေနေသာ ေနၾကာတစ္ခ်ိဳ႕ကိုေကာက္ယူမိသည္။
ေလအေဝ႔ွမွာပါလာေသာ ထိုေကာင္ေလး၏ရယ္သံ ေတြတိတ္ဆိတ္သြားတာကို သူသတိထားမိခဲ့ပါ၏။
.
.
.
.
ထိုခရီးေနာက္ပိုင္း အႏွီဆူညံဆူညံေကာင္ေလးသည္ သူအာရံုစိုက္မိခဲ့ေသာ ပထမဆံုးအတန္းေဖာ္ျဖစ္လာခဲ့သည္။
စာသင္ခ်ိန္တိုင္းမုန႔္ခိုးစားတာကိုလဲ သူလိုက္ၾကၫ့္ေနမိတတ္သလို တစ္ခါတစ္ခါခိုးအိပ္တတ္တာေတြကိုပါျမင္လာရသည္။
တကယ္ဆိုးလြန္းေပလြန္းလွေသာထို ငေတေလးက စာေရးခံုေတြေပၚလဲ ေျပးလႊားေဆာ့ေနတတ္ေသး၏။
သူငယ္ခ်င္းမ်ားဟန္တူေသာအဆိုးေပေတေလးက ဘယ္ေနရာမဆို ဟိုစပ္စပ္ဒီစပ္စပ္လဲပါျပန္ေသးသည္။ သူႏွင့္ဆံုရင္ေတာ့ မ်က္ႏွာႀကီးတည္တင္းကာ ခပ္တန္းတန္းျဖစ္သြားတတ္ျပန္သည္။
သူတို႔ကားေဘးကေန စက္ဘီးကိုခပ္မွန္မွန္နင္းသြားတတ္ေသာ ထိုေကာင္ေလးေနာက္ကို အၿမဲလိုက္ၾကၫ့္ရတာလဲ သူ႔ေန့စဉ္အလုပ္တစ္ခုျဖစ္လာခဲ့သည္။
ထို႔ေနာက္ေနြရာသီေက်ာင္းပိတ္ရက္တြင္Namjoonစက္ဘီးစီးစသင္ျဖစ္ခဲ့ေလသည္။ လက္ေတြေျခေထာက္ေတြဒဏ္ရာအျပၫ့္ျဖစ္သည္အထိ စိတ္အားထက္သန္စြာ စက္ဘီးစီးသင္ေနေသာ သူ႔ကို အေမက စိုးရိမ္စြာဆူပူေနတတ္သည္။
နီညိုေရာင္ၿပိဳင္ဘီးေလးကို ကားေပၚတင္ကာ
ထိုအဆိုးေပေလးေက်ာင္းသြားမၫ့္လမ္းသြယ္နား ပုန္းလ်ိဳးကြယ္လ်ိဳးေစာင့္ေနရတာ သူ႔အတြင္လြယ္ကူေသာ အလုပ္မဟုတ္ခဲ့ပါ။ ဒရိုင္ဘာဦးေလးႀကီးကေတာ့ အိပ္ငိုက္ေနေသာမ်က္လံုးေတြႏွင့္ လာရာလမ္းကိုေစာင့္ၾကၫ့္ေပးရွာပါသည္။
သူ႔ေဘးနားေလးစက္ဘီးရပ္ႏိုင္ရန္ အၿမဲေနရာတစ္ေနရာစာခ်န္ၿပီးဦးထားေပးခဲ့သည္ကိုလဲ ထိုငတံုးေလးသိႏိုင္အံုးမည္မဟုတ္ေသး။
ထိုသို႔ျဖင့္Namjoon၏ေက်ာင္းတတ္ရက္မ်ားသည္ ေပ်ာ္ရႊင္ဖြယ္ျဖစ္လာခဲ့ေလ၏။
.
.
.
.
.
အထက္တန္းပထမႏွစ္တြင္ ေကာက္ရခဲ့ေသာ ဒိုင္ယာရီစာအုပ္ေလးတစ္အုပ္ေၾကာင့္ သူေလထဲလက္သီးဆုပ္မ်ားပစ္သြင္းရင္း အက်ယ္ႀကီးရယ္ေမာခဲ့ရသည္။ ေက်ာင္းစံုညီအတြက္ ခံုေတြေနရာခ်ရာမွ စာအုပ္ေတြအိတ္ေတြေရာကုန္ၿပီး သူ႔ထံဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာခဲ့တာျဖစ္သည္။
ခါတိုင္းဆိုလ်ွင္ဆရာမထံအပ္လိုက္မည္ျဖစ္ေသာ္လည္း ေရးထားေသာနာမည္ေလးေၾကာင့္ သူတိတ္တိတ္ေလးဖတ္ခဲ့မိသည္။
Kim SeokJin၏သူ ့အေပၚထားေသာ ခံစားခ်က္တစ္ခ်ိဳ ့ကိုသိလိုက္ရခ်ိန္ ခ်က္ခ်င္းကိုေျပး၍ ဖက္ခ်င္လွေအာင္ေပ်ာ္ရပါ၏။
သို႔ေသာ္ ငယ္ငယ္ကတည္းကအကုန္လံုးကိုအေလ်ာ့ေပးအႏိုင္ယူခဲ့ေသာ အက်င့္ေၾကာင့္
ထိုေကာင္ေလးစတင္ဖြင့္ေျပာလာမွာကိုပဲ သူေစာင့္ေနလိုက္သည္။
.
.
.
"နာမည္"
အတန္းေခါင္းေဆာင္လုပ္ရသည္ကိုမႀကိဳက္ေသာ္လည္း ဒီလိုေလးစကားစႏိုင္သျဖင့္ သူေက်ေက်နပ္နပ္ႀကီးကို အတန္းေခါင္းေဆာင္သက္ရွည္ေနမိသည္။ သူသိေသာတစ္ခုထဲေသာထိုနာမည္အား အႀကိမ္ႀကိမ္မသိခ်င္ေယာင္ေဆာင္ကာေမးရသည္မွာ ရယ္ဖို႔ေတာ့ေကာင္းသည္။
မႏွစ္ၿမိဳ႔သလိုမ်က္ႏွာေပးျဖင့္ၾကၫ့္လာေသာ္လည္း ကြယ္ဝွက္ထားေသာ အတြင္းစိတ္ကေလးကိုသိေနေတာ့ သူ႔ရင္ထဲ အသည္းတယားယား..
မိန္းကေလးတစ္စုၾကား စပ္ၿဖဲျဖဲသြားထိုင္ေနေသာ အခါမ်ားတြင္လည္း ေဘာပင္ကိုစာရြက္ထဲဖိႏွစ္ရင္း Namjoonေဒါသထြက္ရသည္။
အေပါင္းသင္းေတြႏွင့္ တရုန္းရုန္းတစ္စုစု တိုင္ပင္ေနလ်ွင္လည္း သူစိတ္ေတြပူရျပန္၏။
စာမညံ့ေသာ္လည္း အေလးအနက္မထားတဲ့ဗရုတ္ေလးက ခနခနကိုအရိုက္ခံရတတ္သည္။
ေန့လည္ခင္းအတန္းနားခ်ိန္ေတြဆိုလ်ွင္လည္း အုတ္နံရံကိုခြေက်ာ္ကာ ေက်ာင္းနားကေတာ့ပိုကီကိုသြားစားတတ္ေသး၏။
Namjoonေက်ာင္းမုန႔္ေဈးတန္းကိုမသြားခ်င္ေသာ္လည္း တစ္ေယာက္ေသာသူေၾကာင့္ ရံဖန္ရံခါလာျဖစ္ခဲ့သည္။
"အေဒၚႀကီး ႏို႔စေတာ္ဘယ္ရီ တစ္ဗူးေနာ္..
ေဒါင္းဇားေတြ မတိုးနဲ႔ဟ!"
ၾကပ္သိပ္ေနေသာလူေတြၾကားထဲမွ စီခနဲထြက္လာေသာ အသံကNamjoonတစ္ရက္တာကိုၿပံဳးေစႏိုင္ဖို႔လံုေလာက္သည္။
Namjoonထိုမုန႔္ဆိုင္ကိုေျခလွမ္းသည္ႏွင့္ အံုေနေသာလူတစ္ခ်ိဳ႕ကအလိုလိုေဘးသို႔ရွဲေပးတတ္သည္။
ထိုေကာင္ေလးကေတာ့ ပိုက္ဆံကိုအတင္းထိုးေပးၿပီး ႏို႔စေတာ္ဘယ္ရီကိုလက္လွမ္းေန၏။
"အဟမ္း ကြၽန္ေတာ့္ကို.."
သူ႔အသံၾကားသည္ႏွင့္ မ်က္လံုးျပဴးႀကီးမ်ားႏွင့္လွၫ့္ၾကၫ့္ၿပီး ျပန္အမ္းေငြေရာ ႏို႔စေတာ္ဘယ္ရီဗူးေရာမယူပဲ ခပ္ျမန္ျမန္ထြက္သြားေသာ ထိုပံုရိပ္က အလ်င္စလိုႏိုင္လြန္းလွစြာ။
"ဟဲ့ ဟိုေကာင္ေလး ခုနကသူပဲအတင္းတြန္းထိုးေနျပီး ဘယ္ထြက္သြားတာတုန္း"
Namjoonၿပံဳးကာ က်န္ခဲ့ေသာ ႏို႔စေတာ္ဘယ္ရီဗူးေလးကိုေကာက္ယူလိုက္သည္။
"ကြၽန္ေတာ္ေပးေပးပါ့မယ္"
မေပးျဖစ္ခဲ့ေပမဲ့ အိတ္ထဲအၿမဲသယ္လာခဲ့တဲ့ ႏို႔စေတာ္ဘယ္ရီဗူးေလးေတြရိွတယ္။
ႏွစ္တိုင္းအေရာင္တူေအာင္လိုက္စီးခဲ့တဲ့ စက္ဘီးေလးေတြရိွတယ္..
နားၾကပ္တပ္ထားခ်င္ေယာင္ေဆာင္ရင္း နားေထာင္ခဲ့တဲ့ ရယ္သံေလးေတြကို ဘယ္ေလာက္ျမတ္ႏိုးရလဲဆိုတာ ငါကိုယ္တိုင္ပဲသိပါလိမ့္မယ္..။
For Unicode
ကလေးငယ်တစ်ယောက်အတွက်ကျယ်လွန်းလှသော အခန်းကြီးရှိကုတင်ပေါ်တွင် Namjoonမှုန်ကုပ်ကုပ်နှင့်ထိုင်နေသည်။
အမေကတော့ဘေးနားကနေ သူ့ခေါင်းကို ပိရိသေသပ်အောင် ဘီးတစ်ချောင်းဖြင့် ဖီးပေးနေရင်း သူ့ပါးလေးကိုခပ်ဖွဖွနမ်းလေ၏။
"သားကအတန်းခေါင်းဆောင်လေ..
ဒီခရီးသားလိုက်မြှဖစ်တော့မပေါ့"
"လူတွေအပြုံလိုက်ကြီး သားစိတ်ရှုပ်တယ်လေ မေမေရာ"
ကျောင်းကဝတ်လာခိုင်းသော အဝါရောင်ရှပ်ကို ချွတ်ဖို့တပြင်ပြင်ဖြစ်နေသော သူ့လက်တွေကိုအမေကရယ်ရင်းတားလေသည်။
"ကဲ မေမေ့သားက တာဝန်မဲ့တယ်လို့အထင်မခံနိုင်ဘူးနော်..ဟိုအောက်မှာ မင်းအဖေစောင့်နေပြီ သွားတော့"
Namjoonမနိုင်ဘူးဟူသော သဘောဖြင့် သက်ပြင်းလေးလေးချကာ ကျောပိုးအိတ်ကိုကောက်လွယ်လျှက်ဆင်းလာခဲ့လိုက်သည်။
အဖေကတော့တစ်လမ်းလုံးဘာမှမပြောပဲတိတ်ဆိတ်စွာ ကားကိုမောင်းလာပြီး ကျောင်းနားရောက်တော့မှ မုန့်ဖိုးတစ်ထပ်လက်ထဲထည့်ပေးလာသည်။
"သားသွားပြီ"
"အေး"
သူငယ်ချင်းရယ်လို့မရှိသဖြင့် တစ်ခြားသူတွေလိုမျိုး အုပ်စုလေးများဖြင့် ဟီးဟီးဟားဟား သူရယ်မနေနိုင်။
ဒီလိုအေးဆေးတိတ်ဆိတ်တာကိုလိုချင်လို့ တမင်သူငယ်ချင်းမထားခဲ့တာဖြစ်၏။
ဆရာမဘေးနားထိုင်ကာ ယူလာသည့်mp4လေးနှင့် နားကြပ်လေးတပ်ကာ သီချင်းပဲထိုင်နားထောင်နေမိသည်။
အပြန်လမ်းမှာတော့ သိပ်လှသောနေကြာခင်းတွေထဲ ခရီးတစ်ထောက်နားကြသည်။
နေဝင်လုလုအချိန်ကသိပ်လှတာမို့ Namjoonလဲဓာတ်ပုံရိုက်ချင်တာကြောင့် ကားပေါ်မှဆင်းလာခဲ့၏။
ဟီးလေးဟားလေးနှင့်သူ့ဘေးဖြတ်လျှောက်သွားသော အုပ်စုတစ်စုကြောင့် ကိုယ်ကိုရှောင်တိမ်းရင်းအလိုမကျစွာ ကြည့်လိုက်မိသည်။
အဲ့အုပ်စု!ကျောင်းမှာလဲ တဟီးဟီးတဟားဟား.
ကားပေါ်မှာလဲ နားဒုက္ခပေးလာတာအခုချိန်ထိ
နေကြာခင်းတွေထဲအတင်းတိုးဝင်ကြတာမို့ ယိုင်နဲ့ပျက်ဆီးကုန်သော နေကြာပင်တွေကိုကြည့်ရင်း သူနှမြောတသစွာ ခေါင်းယမ်းလိုက်သည်။
လူတိုင်းဓာတ်ပုံတွေရိုက် ပန်းတွေချိုးလိုက်လုပ်နေတာကို မြင်နေရတာ သူ့အတွက်တော့သွေးတတ်စရာပင်။
Namjoonသတိပေးရန်ပြင်လိုက်တော့ နေကြာပန်းတွေခေါင်းပေါ်တင်ရင်း ရယ်နေသည့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူမျက်စိနောက်သော အုပ်စုထဲမှတစ်ယောက်ဖြစ်၏။
နေရောင်ဖျော့ဖျော့က မျက်နှာကိုပက်ဖြန်းထားသလို ရွှေရောင်လဲ့ရေးရေးထင်နေသည်။ တီရှပ်ဝါဝါလေးကပါဖွေးအုနေသောအသားပေါ်တွင် ပို၍ကြွရွလွန်းလှစွာ နေရာယူနေလေသည်။
သူ့လိုဆီဖိမလာသော ဆံပင်တွေက သဘာဝအတိုင်း ယှက်မြူးလျှက်..
Namjoonသတိလက်လွတ်ငေးနေမိတာမို့ အယောင်ယောင်အမှားမှားနောက်သို့လှည့်ရပ်ရင်း သူ့ခြေရင်းမှပြိုလဲကပ်နေသော နေကြာတစ်ချို့ကိုကောက်ယူမိသည်။
လေအဝှေ့မှာပါလာသော ထိုကောင်လေး၏ရယ်သံ တွေတိတ်ဆိတ်သွားတာကို သူသတိထားမိခဲ့ပါ၏။
.
.
.
.
ထိုခရီးနောက်ပိုင်း အနှီဆူညံဆူညံကောင်လေးသည် သူအာရုံစိုက်မိခဲ့သော ပထမဆုံးအတန်းဖော်ဖြစ်လာခဲ့သည်။
စာသင်ချိန်တိုင်းမုန့်ခိုးစားတာကိုလဲ သူလိုက်ကြည့်နေမိတတ်သလို တစ်ခါတစ်ခါခိုးအိပ်တတ်တာတွေကိုပါမြင်လာရသည်။
တကယ်ဆိုးလွန်းပေလွန်းလှသောထို ငတေလေးက စာရေးခုံတွေပေါ်လဲ ပြေးလွှားဆော့နေတတ်သေး၏။
သူငယ်ချင်းများဟန်တူသောအဆိုးပေတေလေးက ဘယ်နေရာမဆို ဟိုစပ်စပ်ဒီစပ်စပ်လဲပါပြန်သေးသည်။ သူနှင့်ဆုံရင်တော့ မျက်နှာကြီးတည်တင်းကာ ခပ်တန်းတန်းဖြစ်သွားတတ်ပြန်သည်။
သူတို့ကားဘေးကနေ စက်ဘီးကိုခပ်မှန်မှန်နင်းသွားတတ်သော ထိုကောင်လေးနောက်ကို အမြဲလိုက်ကြည့်ရတာလဲ သူ့နေ့စဉ်အလုပ်တစ်ခုဖြစ်လာခဲ့သည်။
ထို့နောက်နွေရာသီကျောင်းပိတ်ရက်တွင်Namjoonစက်ဘီးစီးစသင်ဖြစ်ခဲ့လေသည်။ လက်တွေခြေထောက်တွေဒဏ်ရာအပြည့်ဖြစ်သည်အထိ စိတ်အားထက်သန်စွာ စက်ဘီးစီးသင်နေသော သူ့ကို အမေက စိုးရိမ်စွာဆူပူနေတတ်သည်။
နီညိုရောင်ပြိုင်ဘီးလေးကို ကားပေါ်တင်ကာ
ထိုအဆိုးပေလေးကျောင်းသွားမည့်လမ်းသွယ်နား ပုန်းလျိုးကွယ်လျိုးစောင့်နေရတာ သူ့အတွင်လွယ်ကူသော အလုပ်မဟုတ်ခဲ့ပါ။ ဒရိုင်ဘာဦးလေးကြီးကတော့ အိပ်ငိုက်နေသောမျက်လုံးတွေနှင့် လာရာလမ်းကိုစောင့်ကြည့်ပေးရှာပါသည်။
သူ့ဘေးနားလေးစက်ဘီးရပ်နိုင်ရန် အမြဲနေရာတစ်နေရာစာချန်ပြီးဦးထားပေးခဲ့သည်ကိုလဲ ထိုငတုံးလေးသိနိုင်အုံးမည်မဟုတ်သေး။
ထိုသို့ဖြင့်Namjoon၏ကျောင်းတတ်ရက်များသည် ပျော်ရွှင်ဖွယ်ဖြစ်လာခဲ့လေ၏။
.
.
.
.
.
အထက်တန်းပထမနှစ်တွင် ကောက်ရခဲ့သော ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကြောင့် သူလေထဲလက်သီးဆုပ်များပစ်သွင်းရင်း အကျယ်ကြီးရယ်မောခဲ့ရသည်။ ကျောင်းစုံညီအတွက် ခုံတွေနေရာချရာမှ စာအုပ်တွေအိတ်တေွရောကုန်ပြီး သူ့ထံဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာဖြစ်သည်။
ခါတိုင်းဆိုလျှင်ဆရာမထံအပ်လိုက်မည်ဖြစ်သော်လည်း ရေးထားသောနာမည်လေးကြောင့် သူတိတ်တိတ်လေးဖတ်ခဲ့မိသည်။
Kim SeokJin၏သူ့အပေါ်ထားသော ခံစားချက်တစ်ချို့ကိုသိလိုက်ရချိန် ချက်ချင်းကိုပြေး၍ ဖက်ချင်လှအောင်ပျော်ရပါ၏။
သို့သော် ငယ်ငယ်ကတည်းကအကုန်လုံးကိုအလျော့ပေးအနိုင်ယူခဲ့သော အကျင့်ကြောင့်
ထိုကောင်လေးစတင်ဖွင့်ပြောလာမှာကိုပဲ သူစောင့်နေလိုက်သည်။
.
.
.
"နာမည်"
အတန်းခေါင်းဆောင်လုပ်ရသည်ကိုမကြိုက်သော်လည်း ဒီလိုလေးစကားစနိုင်သဖြင့် သူကျေကျေနပ်နပ်ကြီးကို အတန်းခေါင်းဆောင်သက်ရှည်နေမိသည်။ သူသိသောတစ်ခုထဲသောထိုနာမည်အား အကြိမ်ကြိမ်မသိချင်ယောင်ဆောင်ကာမေးရသည်မှာ ရယ်ဖို့တော့ကောင်းသည်။
မနှစ်မြို့သလိုမျက်နှာပေးဖြင့်ကြည့်လာသော်လည်း ကွယ်ဝှက်ထားသော အတွင်းစိတ်ကလေးကိုသိနေတော့ သူ့ရင်ထဲ အသည်းတယားယား..
မိန်းကလေးတစ်စုကြား စပ်ဖြဲဖြဲသွားထိုင်နေသော အခါများတွင်လည်း ဘောပင်ကိုစာရွက်ထဲဖိနှစ်ရင်း Namjoonဒေါသထွက်ရသည်။
အပေါင်းသင်းတေွနှင့် တရုန်းရုန်းတစ်စုစု တိုင်ပင်နေလျှင်လည်း သူစိတ်တွေပူရပြန်၏။
စာမညံ့သော်လည်း အလေးအနက်မထားတဲ့ဗရုတ်လေးက ခနခနကိုအရိုက်ခံရတတ်သည်။
နေ့လည်ခင်းအတန်းနားချိန်တွေဆိုလျှင်လည်း အုတ်နံရံကိုခွကျော်ကာ ကျောင်းနားကတော့ပိုကီကိုသွားစားတတ်သေး၏။
Namjoonကျောင်းမုန့်ဈေးတန်းကိုမသွားချင်သော်လည်း တစ်ယောက်သောသူကြောင့် ရံဖန်ရံခါလာဖြစ်ခဲ့သည်။
"အဒေါ်ကြီး နို့စတော်ဘယ်ရီ တစ်ဗူးနော်..
ေဒါင်းဇားတွေ မတိုးနဲ့ဟ!"
ကြပ်သိပ်နေသောလူတွေကြားထဲမှ စီခနဲထွက်လာသော အသံကNamjoonတစ်ရက်တာကိုပြုံးစေနိုင်ဖို့လုံလောက်သည်။
Namjoonထိုမုန့်ဆိုင်ကိုခြေလှမ်းသည်နှင့် အုံနေသောလူတစ်ချို့ကအလိုလိုဘေးသို့ရှဲပေးတတ်သည်။
ထိုကောင်လေးကတော့ ပိုက်ဆံကိုအတင်းထိုးပေးပြီး နို့စတော်ဘယ်ရီကိုလက်လှမ်းနေ၏။
"အဟမ်း ကျွန်တော့်ကို.."
သူ့အသံကြားသည်နှင့် မျက်လုံးပြူးကြီးများနှင့်လှည့်ကြည့်ပြီး ပြန်အမ်းငွေရော နို့စတော်ဘယ်ရီဗူးရောမယူပဲ ခပ်မြန်မြန်ထွက်သွားသော ထိုပုံရိပ်က အလျင်စလိုနိုင်လွန်းလှစွာ။
"ဟဲ့ ဟိုကောင်လေး ခုနကသူပဲအတင်းတွန်းထိုးနေပြီး ဘယ်ထွက်သွားတာတုန်း"
Namjoonပြုံးကာ ကျန်ခဲ့သော နို့စတော်ဘယ်ရီဗူးလေးကိုကောက်ယူလိုက်သည်။
"ကျွန်တော်ပေးပေးပါ့မယ်"
မပေးဖြစ်ခဲ့ပေမဲ့ အိတ်ထဲအမြဲသယ်လာခဲ့တဲ့ နို့စတော်ဘယ်ရီဗူးလေးတွေရှိတယ်။
နှစ်တိုင်းအရောင်တူအောင်လိုက်စီးခဲ့တဲ့ စက်ဘီးလေးတွေရှိတယ်..
နားကြပ်တပ်ထားချင်ယောင်ဆောင်ရင်း နားထောင်ခဲ့တဲ့ ရယ်သံလေးတွေကို ဘယ်လောက်မြတ်နိုးရလဲဆိုတာ ငါကိုယ်တိုင်ပဲသိပါလိမ့်မယ်..။
You are reading the story above: TeenFic.Net