For Zawgyi
"ဟိုကောင် SeokJin"
"ဒါကားသော့ကွ..ကြည့်ထား"
"ဘာပြောတာ?? "
"အမ်...ဘာလဲ ငါဘာပြောတာလဲ
.
.
.
.
.
.
"ငါ..."
"ဘာလား..ပေါက်ကရတွေ"
"ဘုရား!"
"ဘာလုပ်တာလဲ?"
"ယူလိုက်"
နောက်နေတာလားဟ!
"ဘာ..ဘာလုပ်တာလဲ"
SeokJinမေ့နေခဲ့တာ..
For Unicode
စာသင်နှစ်ပြန်အစမှာတော့SeokJinကျေုာင်းလာရတာအနည်းငယ်ရှိုးတို့ရှန့်တန်းဖြစ်နေသည်။
Namjoonနဲ့ကျောင်းမှာတွေ့ရင်ဘယ်လိုနှုတ်ဆက်ရမလဲဆိုတာ ကိုတစ်ညလုံးစဉ်းစားရင်း အိပ်၍ပင်မ ပျော်..
မည်သို့ပင်ဖြစ်စေ သူတို့အကြောင်းကို ဘယ်သူမှမရိပ်မိအောင်နေမြှဖစ်မည်။Namjoonအတွက်စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခြုဖစ်လာမှာကိုလည်း သူမကြိုက်ပါ။
"ဟိုကောင် SeokJin"
ကျောင်းထဲဝင်ဝင်ချင်း မစိမ်းလှသော ငှက်ဆိုးထိုးသံကြောင့် ခြေလှမ်းတို့ကိုရပ်ကာစောင့်လိုက်သည်။ Jaewookကမြောက်ကြွကြွနှင့် လက်တွင်ကိုင်ထားသော သော့ကိုဝေ့ပတ်ကစားပြသည်။
"အော် စက်ဘီးနဲ့လာတာလား"
အပီအပြင်ကြွားမည်ဟန်ပြင်နေသော Jaewookနင်သွားဟန်တူသည်။
သူသိသားပဲ Jaewookအဖေသူ့သားကို ကားဝယ်ပေးလိုက်သည့် ကိစ္စက သူတို့ရပ်ကွက်၏ ထိပ်တန်းသတင်းရက်အတော်ကြာဖြစ်လိုက်သေးသည်မဟုတ်ပါလား။
"ဒါကားသော့ကွ..ကြည့်ထား"
"ဟမ့် Namjoonကားခြေဖျားတောင်မမှီပဲနဲ့"
Jaewookမျက်လုံးတြွေပူးကျယ်ကာ သူ့အနားကပ်လာပြီး
"ဘာပြောတာ?? "
"အမ်...ဘာလဲ ငါဘာပြောတာလဲ
လာပါ သွားရအောင် နောက်ဆုံးခုံဦးရအုံးမယ်လေ"
ငတုံးJaewookကနင်တင်တင်နှင့်လိုက်လာသည်။ ဘာမှဆက်မမေးတော့သဖြင့် ကံကောင်းသည်ပြောရမည်။
အိမ်း.....ဒီပါးစပ်နဲ့တော့ ဒုက္ခပါပဲ...။
.
.
.
.
.
.
ပထမဆုံးရက်တြွေဖစ်သဖြင့် စာက သိပ်အများကြီးမသင်။ ခနပဲဝင်ကာ ထွက်သွားသော ဆရာမကြောင့် သူတို့တစ်တန်းလုံး ပျော်ရွှင်မြူးထူးစွာ ဆင်းဖို့ပြင်နေကြပြီဖြစ်သည် ။
SeokJinလက်ထဲကဖုန်းကိုကြည့်ကာ သက်ပြင်းအခါခါ ချနေမိသည်။
ဒီအတိုင်းအိမ်ပြန်လိုက်ရတော့မှာလား..
Namjoonတို့ဌာန အောက်ပဲ သွားစောင့်နေရမည်လားမသိ။
ဟိုကောင်တွေနှင့်အတူ လိုက်သွားပြန်ရင်လဲ Namjoonဒေါသထွက်နေမည်ထင်သည်။
အာ!စိတ်ရှုပ်လိုက်လေခြင်း..
ဒီလိုမှန်းသိရင် ကိုယ့်ဘာသာ တိတ်တိတ်လေးပဲကြိုက်နေပါတယ် ဘာလုပ်ဖို့တွဲမိပါလိမ့်??
"SeokJinလိုက်မှာလား..ကြက်ကြော်နော်"
"ငါ..."
တွေဝေနေသော သူ့ပုံကိုJaewookကကြည့်ကာ
"Kim SeokJinမင်းရည်းစားရနေပြီလား"
မျက်လုံးကိုမှေးကြည့်ကာ တရားခံစစ် စစ်မေးလိုက်သ ဖြင့် သူအရှိုက်တည့်တည့်ထိသွားရသည်။
"ဘာလား..ပေါက်ကရတွေ"
"အေးလေ..Kim Namjoonတောင်ရည်းစားမရသေးဘူး ဒီကောင်လားထားမှာ"
SeokJinအယောင်ယောင်အမှားမှားနှင့် ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီး Jaewookကိုလှမ်းရိုက်လိုက်သည်။
"မဟုတ်ဘူး ဒီကောင်တစ်ခုခုပဲလို့
ပိတ်ရက်မှာလဲ ငါ့ဆီကိုမလာဘူး..ဒီကောင်"
"ဟားဟား.. Jaewookကြက်ကြော်မစားရလို့ စိတ်ဖောက်နေပြီ..လာလာ သွားစို့ ဟားဟား"
အတင်းဖျစ်ညှစ်ရယ်ကာ အတန်းပြင်ထွက်လာခဲ့သော်လည်း ရင်တုန်ကမပျောက်..။
ရည်းစားခိုးထားရသည့်ခံစားချက်ကဒီလိုပါလား?
"ဘာလို့ခုမှထွက်လာတာလဲ"
"ဘုရား!"
Namjoonကလှေကားကွေ့လေးတွင်ရပ်နေရင်း သူ့ကိုကြည့်နေသည်။
တစ်ဖက်ထဲသာလွယ်ထားသော ကျောပိုးအိတ်လေးနှင့် နားဆီမှ ကျောက်နားကပ်သေးသေးလေးကြောင့် လွတ်လပ်ပေါ့ပါးသော လူငယ်ဟန်အပြည့်။
"ဟင် Namjoonမင်းဘာလာလုပ်တာလဲ "
Namjoonဘာမြှပန်မပြောနိုင်သေးခင် အတန်းထဲကထွက်လာဟန်ရှိသော ဆူညံသံများကြောင့် လှေကားတစ်ဖက်ရှိ အခန်းထဲသို့ Namjoonကိုဆွဲခေါ်ကာအမြန်ပြေးဝင်လိုက်သည်။
"ဘာလုပ်တာလဲ?"
သူ့လက်တွေကိုမဖယ်ပဲ Namjoonကလေသံလေးနှိမ့်၍ မေးရှာသည်။
"ဟိုကောင်တြွေမင်သွားမှာပေါ့ဟ"
မှုန်ကုပ်ကုပ်Namjoonမျက်နှာက အခုမှတွန့်ချိုးလာသည်။
တစ်ဖက်တွင်လည်း သူပျောက်၍ ဆဲဆိုနေသောJaewookတို့အသံကိုကြားသည် ။
Silentလုပ်ထားသောဖုန်းမှတုန်ခါနေသည်ကိုလျစ်လျူရှု၍ ရှေ့မှNamjoon၏မျက်တောင်စိပ်စိပ်တွေကိုသာ ငေးနေလိုက်သည်။
ဘဲဥပုံစားပွဲရှည်ကြီးတစ်လုံးသာရှိသော သူတို့ဌာန၏ အစည်းအဝေးခန်းကြီးဟာ ပို၍အေးစက်လာသလို..။
အတော်ကြာJaewookတို့ထွက်သွားမှ သူသက်ပြင်းချလိုက်ပြီး ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
Namjoonကတော့ ခပ်တင်းတင်းမျက်နှာပေးဖြင့်ပင် သူ့ကိုစိုက်ကြည့်လျှက်..
"ဘာဖြစ်တာလဲ? အကြွေးပေးစရာရှိလို့လား"
တကယ်မသိတဲ့ပုံဖြင့် မေးလာသော ရှေ့မှလူသားကိုစချင်စိတ်ကကြွလာတာမို့ SeokJinရယ်ချင်ပက်ကျိဖြစ်နေသောမျက်နှာကိုထိန်းရင်း
"ဟုတ်တယ်ဆိုရင် မင်းကဆပ်ပေးမလို့လား"
သူ့အမေးကိုကြားတော့ Namjoonကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ကာ ကဒ်တစ်ခုထုတ်ပြီး ပစ်ပေးလိုက်သည်။
"ယူလိုက်"
နောက်နေတာလားဟ!
ဒီလိုပေးမည်ထင်မထားသဖြင့် SeokJinအံ့ဩသွားတာအမှန်။
သူ့အနီးနားလေးတွင်ကျနေသော ကဒ်ကိုကောက်ကာ ထိုင်နေရာမှကုန်းထလိုက်သည်။
"မင်းငါပြောတာတကယ်ယုံတယ်?"
Namjoonလက်ထဲကို ကဒ်ကလေးပြန်ထည့်ပေးလိုက်ပြီး သူသဘောကျစွာရယ်မောလိုက်သည်။ ဒီကောင်ဆိုးလေးဟာ သဘောမကျကျရအောင်ကို ပြုစားနေတော့တာပါပဲ။
"မင်းကမာနကြီးသလောက် ဖြူစင်လွန်းတဲ့ယုန်လေးပဲ "
စရင်းနောက်ရင်းပျော်ရွှင်နေသော သူ့ကို Namjoonက ရှုတည်တည်ပဲကြည့်နေကာ ဘာစကားမှမပြောချေ။
"လာ ဒီအခန်းထဲကထွက်ကြရအောင်"
အခန်းပြင်သို့ သူ့ခြေလှမ်းတွေဦးတည်လိုက်စဉ် လက်မောင်းတစ်ဖက်အောင့်သွားသည်အထိကို ဆောင့်ဆွဲတာခံလိုက်ရပြီး ချထားသော ဖဲသားလိုက်ကာကြီးများထဲသို့ရောက်သွား၏။
"ဘာ..ဘာလုပ်တာလဲ"
ပြုံးခဲလှသောNamjoonမျက်နှာဟာ မထီတရီအပြူံးတွေ ယှက်သန်း၍ သူ့ကိုစိုက်ကြည့်နေသည်။
ဆိုးလွန်းသော ကလေးငယ်တစ်ယောက်ကို ပညာပြတော့မည့် လူကြီးတစ်ယောက်ဟန်ပန်လို့..
"မင်းထင်သလို ငါမဖြူစင်ဘူးဆိုတာ သက်သေပြမလို့လေ"
ငုံ့ကိုင်းလာသော မျက်နှာဆီမှ အသက်ရှုသံငွေ့ငွေ့ကိုနွေးထွေးစွာ ခံစားနေရသည်။
အသာအယာငုံခဲလိုက်သော်လည်း အောက်နှုတ်ခမ်းသားဟာ ဆစ်ခနဲ တစ်ချက်တော့နာသွားသည်။
သူ့အတွေးတွေကို ဖြန့်ကျက်ခွင့်မပေးနိုင်သည့်ဟန် Namjoonလက်နှစ်ဖက်က သူ့မျက်နှာကို တင်းကြပ်ကြပ်ဆုပ်ကိုင်လာသည်။
လေရှုမဝသလိုဖြစ်လာ၍ Namjoonရင်ဘတ်ကို တအုန်းအုန်းထုတော့မှ ဖယ်ခွာပေးတော့သည်။
Namjoonကစိုလဲ့နေသော သူ့နှုတ်ခမ်းကို လက်မဖြင့် ဖိကာသုတ်ပေးလိုက်ပြီး
လေသံတိုးရှရှလေးဖြင့်
"ငါကဖြူစင်တဲ့ယုန်လေးနဲ့တူသေးရ ဲ့လား"
SeokJinမေ့နေခဲ့တာ..
Namjoonမှာ မဖော်ပြထားတဲ့ နောက်ထပ်မျက်နှာပေါင်းများစွာရှိသေးတယ်ဆိုတာ...
ဒါပေမဲ့လည်း ကြိုက်နေတုန်းပဲ...။
You are reading the story above: TeenFic.Net