12

Background color
Font
Font size
Line height

For Zawgyi

ပထမႏွစ္၀က္ေျဖၿပီးသည္ႏွင့္ သူတို႔ အတန္းတစ္တန္းလံုး ခရီးထြက္ဖို႔တိုင္ပင္ေနၾကသည္။
SeokJinတို႔သူငယ္ခ်င္းတစ္စုကေတာ့ ထိုသတင္းၾကားကတည္းက စာအုပ္ပင္လက္ႏွင့္မကိုင္ခ်င္ေလာက္ေအာင္ေပ်ာ္ေနတာျဖစ္သည္။

"ကမ္းေျခသြားမယ္"

"က်န္းမာေရးေကာင္းေအာင္ေတာင္တတ္မယ္"

"နီးနီးနားနားေလးပဲသြားရေအာင္ ပိုက္ဆံအမ်ားႀကီးမကုန္ခ်င္ဘူး"

တစ္ေယာက္တစ္ေပါက္စကားသံေတြႏွင့္ သူတို႔အတန္းတစ္တန္းလံုးဆူညံေနသည္။
ေရ႔ွမွ ခရီးအေၾကာင္း အဆိုတင္သြင္းလာသူ အတန္းေခါင္းေဆာင္က မ်က္ႏွာငယ္ေလးႏွင့္။

"အရင္ဆံုး ေအာင္မွတ္ရေအာင္ ေျဖၾကပါအံုး
ၿပီးမွ နင္တို႔ဘာသာ အာကာသထြက္ထြက္"

တတိယႏွစ္အတန္းကို၀င္၀င္ၿပီးခ်င္း သူတို႔ဆီလာသင္ရေသာ ဆရာမႀကီးက စာအုပ္ကို ဘုန္းခနဲခ်ကာ ေအာ္ေငါက္လိုက္သည္။
မီးကိုေရႏွင့္ၿငိမ္းလိုက္သလို အသံေတြတိခနဲၿငိမ္က်သြားသည္။
SeokJinေဘးကသူငယ္ခ်င္းကို လ်ွာထုတ္ျပၿပီး စာအုပ္အား ေကာက္ဖြင့္လိုက္သည္။

"မေန့က ငါတြက္ခိုင္းတဲ့ပုစၧာစစ္မယ္ ဖြင့္ထား"

ဘုရားေရ! SeokJinဒါကိုေမ့ေနတာ။
က်န္တဲ့ဆရာမေတြက စာလိုက္မစစ္တတ္ေပမဲ့ ဒီဆရာမႀကီးကိုေတာ့ေၾကာက္ရသည္။
စာလဲမထင္ရင္မထင္လိုထဆိုခိုင္းတတ္သလို မရရင္လည္း အျပစ္ေပးတတ္၏။

"Jaewook တြက္ၿပီးၿပီလား"

ေဘးကေခါင္းကိုအတင္းငံု႔ေနေသာ Jaewookကိုတံေတာင္ႏွင့္တြက္ၿပီး လွမ္းေမးလိုက္သည္။

"ကူးေနတယ္ ၿပီးေတာ့မွာ"

ဟုတ္သား.. Jaewookကုန္းကုန္းကြကြႏွင့္ စာကူး‌ခ်ေနတာ။

"ငါ့ကိုဘာလို႔သတိမေပးတာလဲ ငနာရ"

SeokJinအေလာသံုးဆယ္ေဘာပင္ဆြဲကိုင္လိုက္ၿပီး ကူးဖို႔ျပင္လိုက္သည္။ တစ္တန္းၿပီးတစ္တန္းနီးကပ္လာေသာ ဆရာမႀကီးေၾကာင့္ လက္ေတြကလည္း ထင္သေလာက္ခရီးမေရာက္။

ငနာေကာင္Jaewookကသူကူးၿပီးသြားေတာ့ သက္ျပင္းခ်ကာ သူ႔ကိုယ္လံုးႏွင့္SeokJinအားကြယ္ေပးေနသည္။ သို႔ေသာ္ ႏွစ္မ်က္ႏွာေလာက္က်န္ေနေသးေသာ စာေတြအားသူဘယ္လိုမွကူး၍ မရႏိုင္ေတာ့..။စတိုင္လ္က်က်ပင္ ေျဖရွင္းမွရေတာ့မည္။

"Kim SeokJin စာအုပ္ဘယ္မလဲ"

"မနက္ကတြက္ရင္း အိမ္မွာက်န္ခဲ့လို႔ ဆရာမ"

မ်က္ႏွာကိုသနားစဖြယ္လုပ္ၿပီး မ်က္လံုးေလး ေပကလပ္ေပကလပ္လုပ္ေသာ္လည္း ဆရာမႀကီးက ခပ္တင္းတင္း။

"စာအုပ္မပါရင္ ငါ့စာသင္ခ်ိန္အခန္းထဲမေနနဲ႔ ထြက္"

"ဟုတ္"

ေက်ာပိုးအိတ္ေလးကိုေကာက္ကိုင္ၿပီး ခံုနီးနားပတ္လည္ ကလူေတြကို အားေပးႏွစ္သိမ့္သၫ့္အၾကၫ့္ေလးႏွင့္ၾကၫ့္ေပးလိုက္သည္။
ကံေကာင္းၾကပါေစ။

‌အတန္းထဲမွခပ္ကုပ္ကုပ္ေလးအထြက္
သူတို႔အတန္းအျပင္တြင္ထုတ္ထားေသာ  သစ္သားစာသင္ခံုရွည္ေလး ေပၚတြင္ က်က်နနထိုင္ေနေသာ Kim Namjoonအားေတြ ့လိုက္ရသည္ ။
ထင္မထားတာမို႔ SeokJinလန႔္တာေရာ ရွက္တာေရာေပါင္းၿပီး မ်က္ႏွာႀကီးနီရဲလာသည္။
ထိုခံုက သူတို႔အတန္းထဲရိွ ေကာင္မေလးမ်ားကိုေၾကာင္ရန္စီနီယာအစ္ကိုႀကီးေတြ ေသခ်ာေနရာခ်ိန္ၫွိၿပီး ခ်ထားၾကတာျဖစ္သည္။

တစ္တန္းလံုးကို ‌ေသခ်ာရွင္းလင္းစြာျမင္ႏိုင္၏။

SeokJinတစ္ခ်က္ၾကၫ့္ကာ ဂရုမစိုက္သလိုပံုစံျဖင့္ ျဖတ္သြားမည္ျပင္ေသာ္လည္း တစ္ဖက္လူက Kim Namjoonျဖစ္ေနတာေၾကာင့္ မ်က္လံုးကအလိုလိုေထာင့္ကပ္သြား၏။
ဒါေၾကာင့္ အတန္းထဲကေကာင္မေလးေတြ လႈပ္လႈပ္ရွားရွားျဖစ္ေနၾကတာျဖစ္ရမည္။
သူကေတာ့ စာကူးဖို႔အေရးဒို႔အေရး ျဖစ္ေနတာႏွင့္ သတိကိုမထားမိလိုက္။

သူတို႔ဌာနနဲ႔အေဝးႀကီး တကူးတကလာၿပီး အတန္းေရ႔ွလာထိုင္ေနေသာ ထိုေခ်စပ္စပ္ေကာင္ေလးကိုၾကၫ့္ရင္း SeokJin၏ သိစိတ္ေရာမသိစိတ္ကပါ ရႊင္ျမဴးလာသည္။
အျဖစ္အပ်က္ေတြအားလံုးက ဘယ္သူမွ မျမင္ေအာင္ဝွက္ထားတဲ့ ငါ့ေမ်ွာ္လင့္ခ်က္ေလးကို တိုက္စားေနတယ္..
ဒီလိုနဲ႔ ငါတို႔တကယ္နီးစပ္သြားခဲ့ရင္...။

ေလွကားထစ္ေတြကို ေျဖးေျဖးခ်င္းဆင္းသြားေသာ ေကာင္ေလးအားၾကၫ့္ရင္း ေကာင္ေလးတစ္ေယာက္ႏႈတ္ခမ္းမွခပ္ဖြဖြေလးတီးတိုးေရရြတ္သံေလးထြက္လာသည္။

"အရူးေလး ‌ေရွာင္သြားျပန္ၿပီ.."

........................................................................

"စာေမးပြဲၿပီးၿပီကြ"

ေမးခြန္းစာရြက္ေတြကို ေလမွာဝဲၿပီးေပ်ာ္လိုက္ခ်င္ေသာ္လည္း ပါခ်ဳပ္ရံုးခန္းေရ႔ွမွာမို႔ အိတ္ထဲကိုသာျပန္၍ထိုးထည့္ေနရသည္။

တျခားဌာနကလူေတြႏွင့္ေရာေျဖရတာေၾကာင့္
အုန္းအုန္းထေနသၫ့္ လူမ်ားၾကား တာ၀န္မပ်က္Kim Namjoonကိုလိုက္၍ရွာရေသးသည္။

စာေမးပြဲနီးကတည္းကေပ်ာက္သြားလိုက္တာ အခုထိကိုမေတြ ့ရေသးေခ်။
ဒါမွမဟုတ္ က်က္ထားသမ်ွေတြအခန္းေစာင့္ဆရာမစိတ္ညစ္ေအာင္ တစ္ေယာက္ထဲထိုင္ေျဖေနေသးလားမွမသိ!

"SeokJinေဟ့ေရာင္ေရ...လစ္စို႔
ပီဇာေနာ္ ပီဇာ"

ျမဴးရႊင္ေနေသာ သူငယ္ခ်င္းတစ္သိုက္က ပုခံုးကိုလာဖက္ရင္း မုန႔္သြားစားဖို႔လာေခၚေနေလ၏။
ဒါၿပီးရင္ ေက်ာင္းက ႏွစ္လေတာင္ပိတ္ေတာ့မွာ..Kim Namjoonကိုမေတြ ့ေတာ့ပဲ မသြားခ်င္ေသးတာေတာ့အမွန္ျဖစ္သည္။
သို႔ေသာ္လည္း...

"ေအး..သြားစို႔"

ငါ့ဆႏၵေတြကို အေကာင္ထည္ေဖာ္ဖို႔ ဘယ္တုန္းကမွမႀကိဳးစားမိခဲ့ဘူး။

.
.
.

ေက်ာင္းေဆာင္ေပၚကဆင္းလာေတာ့ စာေမးပြဲေျဖၿပီး ထြက္လာေသာ စီနီယာတစ္သိုက္ႏွင့္ဆံုသည္။

"ဟာ Jaewookတို႔!ဘယ္လိုလဲ ေျဖႏိုင္လား"

"စီနီယာ Inn yuk!"

တကၠသိုလ္မေရာက္ခင္ကတည္းက ေက်ာင္းအတူတူျဖစ္ေသာ အစ္ကိုၾက‌ီးမို႔ သူတို႔ေတြက စီနီယာ Inn yukအား ခင္တြယ္ၾက၏
တကၠသိုလ္ေရာက္ေတာ့လဲ အမ်ားႀကီးဂရုစိုက္ေပးေသာ သူတို႔ စံျပအစ္ကိုႀကီးလဲျဖစ္သည္။

"SeokJinမ်က္ႏွာျမင္ရံုနဲ႔ေမးစရာမလိုေတာ့ပါဘူးကြာ ဟုတ္တယ္မွလား"

သူ႔ေခါင္းကိုဖြကာရယ္ရယ္ေမာေမာျဖင့္ စီနီယာInn yukက ေမးလိုက္သည္။

"ဒီေကာင္က ဘာမွမေျဖခဲ့လဲ စပ္ၿဖီးၿဖီးပ‌ဲဟာကို"

Jaewookဝင္ပက္ေသာစကားကို သူႏွာေခါင္းရႈံ ့ရင္း မ်က္ျဖဴလန္ျပလိုက္သည္။
ေရ႔ွမွ စီနီယာေတြကေတာ့ တဝါးဝါးပြဲက်ကုန္၏။

"သြားစရာရိွတယ္မဟုတ္လား..သြားၾကေတာ့ေလ"

"ဟုတ္ကဲ့ဗ် ပီဇာသြားစားမလို႔"

"ေကာင္းပါ့ကြာ..သြားၾကသြားၾက"

စီနီယာေတ‌ြအားႏႈတ္ဆက္ၿပီး ေက်ာင္းလမ္းမႀကီးတစ္ေလ်ွာက္ ဆူညံစြာေလ်ွာက္လာစဉ္
ျမင္ကြင္းတစ္ခုေၾကာင့္ SeokJinေျပာလက္စစကားမ်ားေရာ ေျခလွမ္းမ်ားပါရပ္သြားရသည္။

ခပ္လွမ္းလွမ္းသစ္ပင္ရိပ္ေအာက္တြင္ Kim Namjoon၏ကားေလးရပ္ထားျပီး ေကာင္မေလးတစ္ေယာက္ပါရ‌ိွေနသည္။
Kim Namjoonကကားကိုမွီထားၿပီး ေကာင္မေလးက ခံုတန္းေလးေပၚထိုင္ေနတာျဖစ္၏။
မေဝးလြန္းေသာအကြာအေဝးမို႔ ေဘးတိုက္ျမင္ရသၫ့္ ထိုမ်က္ႏွာသည္ ၿပံဳး‌ရယ္ေနသည္မွာထင္ရွား၏။

"SeokJin..အာ ဒီဘက္လမ္းကသြားမလား"

Jaewookကပါသူၾကၫ့္သၫ့္ေနရာကို ျမင္ၿပီး
ေလသံတိုးတိုးျဖင့္ေမးလာသည္။

"ဟားဟား..မလိုပါဘူး ေအးေဆးပါ"

သူရယ္ရယ္ေမာေမာႏွင့္ Jaewookပုခံုးကိုဖက္ကာ လမ္းဆက္ေလ်ွာက္လိုက္သည္။ ေစာေစာက ဆူညံေနသၫ့္ သူတို႔အုပ္စုလည္း အရိပ္တၾကၫ့္ၾကၫ့္ႏွင့္ တိတ္ဆိတ္သြားၾကရ၏။
SeokJinဒီအေနအထားကိုမႀကိဳက္..
ဒီခံစားခ်က္ေတြေၾကာင့္ သူ႔ရဲ ့ေန့စဉ္ဘ၀ကိုပါထိခိုက္ခြင့္ကိုမျပဳႏိုင္ေခ်။

"ေဟ့ေကာင္ေတြ ဘတ္စ္ကားဂိတ္ကိုေနာက္က်မွေရာက္တဲ့လူ ပိုက္ဆံရွင္းေၾကးေနာ္"

အသံကုန္ေအာ္ဟစ္ကာ သူေရ႔ွမွ ဦးေဆာင္ေျပးခဲ့လိုက္သည္။

ေနာက္တြင္သူတို႔လိုက္လာလား မလာလားမသိပါ။

တစ္ခါတစ္ေလေတာ့လူတစ္ေယာက္ကို အခုလိုေနာက္မွာခ်န္ၿပီး ကိုယ္လြတ္ရုန္းေျပးထြက္ၾကၫ့္ခ်င္တယ္..။
ငါ‌ေျပးကို‌ေျပးရေတာ့မယ္ Kim Namjoon....။

........................................................................

ကေလးေတြအားလံုးဂုဏ္ယူပါတယ္ေနာ္။
ဒီအခ်ိန္မွာ ဘာမွေတြးမေနပဲ စိတ္ေပါ့ေပါ့ပါးပါးနဲ႔အနားယူၾကပါလို႔💖

                       For Unicode

ပထမနှစ်ဝက်ဖြေပြီးသည်နှင့် သူတို့ အတန်းတစ်တန်းလုံး ခရီးထွက်ဖို့တိုင်ပင်နေကြသည်။
SeokJinတို့သူငယ်ချင်းတစ်စုကတော့ ထိုသတင်းကြားကတည်းက စာအုပ်ပင်လက်နှင့်မကိုင်ချင်လောက်အောင်ပျော်နေတာဖြစ်သည်။

"ကမ်းခြေသွားမယ်"

"ကျန်းမာရေးကောင်းအောင်တောင်တတ်မယ်"

"နီးနီးနားနားလေးပဲသွားရအောင် ပိုက်ဆံအများကြီးမကုန်ချင်ဘူး"

တစ်ယောက်တစ်ပေါက်စကားသံတွေနှင့် သူတို့အတန်းတစ်တန်းလုံးဆူညံနေသည်။
ရှေ့မှ ခရီးအကြောင်း အဆိုတင်သွင်းလာသူ အတန်းခေါင်းဆောင်က မျက်နှာငယ်လေးနှင့်။

"အရင်ဆုံး အောင်မှတ်ရအောင် ဖြေကြပါအုံး
ပြီးမှ နင်တို့ဘာသာ အာကာသထွက်ထွက်"

တတိယနှစ်အတန်းကိုဝင်ဝင်ပြီးချင်း သူတို့ဆီလာသင်ရသော ဆရာမကြီးက စာအုပ်ကို ဘုန်းခနဲချကာ အော်ငေါက်လိုက်သည်။
မီးကိုရေနှင့်ငြိမ်းလိုက်သလို အသံတွေတိခနဲငြိမ်ကျသွားသည်။
SeokJinဘေးကသူငယ်ချင်းကို လျှာထုတ်ပြပြီး စာအုပ်အား ကောက်ဖွင့်လိုက်သည်။

"မနေ့က ငါတွက်ခိုင်းတဲ့ပုစ္ဆာစစ်မယ် ဖွင့်ထား"

ဘုရားရေ! SeokJinဒါကိုမေ့နေတာ။
ကျန်တဲ့ဆရာမတွေက စာလိုက်မစစ်တတ်ပေမဲ့ ဒီဆရာမကြီးကိုတော့ကြောက်ရသည်။
စာလဲမထင်ရင်မထင်လိုထဆိုခိုင်းတတ်သလို မရရင်လည်း အပြစ်ပေးတတ်၏။

"Jaewook တွက်ပြီးပြီလား"

ဘေးကခေါင်းကိုအတင်းငုံ့နေသော Jaewookကိုတံတောင်နှင့်တွက်ပြီး လှမ်းမေးလိုက်သည်။

"ကူးနေတယ် ပြီးတော့မှာ"

ဟုတ်သား.. Jaewookကုန်းကုန်းကွကွနှင့် စာကူး‌ချနေတာ။

"ငါ့ကိုဘာလို့သတိမပေးတာလဲ ငနာရ"

SeokJinအလောသုံးဆယ်ဘောပင်ဆွဲကိုင်လိုက်ပြီး ကူးဖို့ပြင်လိုက်သည်။ တစ်တန်းပြီးတစ်တန်းနီးကပ်လာသော ဆရာမကြီးကြောင့် လက်တွေကလည်း ထင်သလောက်ခရီးမရောက်။

ငနာကောင်Jaewookကသူကူးပြီးသွားတော့ သက်ပြင်းချကာ သူ့ကိုယ်လုံးနှင့်SeokJinအားကွယ်ပေးနေသည်။ သို့သော် နှစ်မျက်နှာလောက်ကျန်နေသေးသော စာတွေအားသူဘယ်လိုမှကူး၍ မရနိုင်တော့..။စတိုင်လ်ကျကျပင် ဖြေရှင်းမှရတော့မည်။

"Kim SeokJin စာအုပ်ဘယ်မလဲ"

"မနက်ကတွက်ရင်း အိမ်မှာကျန်ခဲ့လို့ ဆရာမ"

မျက်နှာကိုသနားစဖွယ်လုပ်ပြီး မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်သော်လည်း ဆရာမကြီးက ခပ်တင်းတင်း။

"စာအုပ်မပါရင် ငါ့စာသင်ချိန်အခန်းထဲမနေနဲ့ ထွက်"

"ဟုတ်"

ကျောပိုးအိတ်လေးကိုကောက်ကိုင်ပြီး ခုံနီးနားပတ်လည် ကလူတွေကို အားပေးနှစ်သိမ့်သည့်အကြည့်လေးနှင့်ကြည့်ပေးလိုက်သည်။
ကံကောင်းကြပါစေ။

‌အတန်းထဲမှခပ်ကုပ်ကုပ်လေးအထွက်
သူတို့အတန်းအပြင်တွင်ထုတ်ထားသော  သစ်သားစာသင်ခုံရှည်လေး ပေါ်တွင် ကျကျနနထိုင်နေသော Kim Namjoonအားတွေ့လိုက်ရသည် ။
ထင်မထားတာမို့ SeokJinလန့်တာရော ရှက်တာရောပေါင်းပြီး မျက်နှာကြီးနီရဲလာသည်။
ထိုခုံက သူတို့အတန်းထဲရှိ ကောင်မလေးများကိုကြောင်ရန်စီနီယာအစ်ကိုကြီးတွေ သေချာနေရာချိန်ညှိပြီး ချထားကြတာဖြစ်သည်။

တစ်တန်းလုံးကို ‌သေချာရှင်းလင်းစွာမြင်နိုင်၏။

SeokJinတစ်ချက်ကြည့်ကာ ဂရုမစိုက်သလိုပုံစံဖြင့် ဖြတ်သွားမည်ပြင်သော်လည်း တစ်ဖက်လူက Kim Namjoonဖြစ်နေတာကြောင့် မျက်လုံးကအလိုလိုထောင့်ကပ်သွား၏။
ဒါကြောင့် အတန်းထဲကကောင်မလေးတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြတာဖြစ်ရမည်။
သူကတော့ စာကူးဖို့အရေးဒို့အရေး ဖြစ်နေတာနှင့် သတိကိုမထားမိလိုက်။

သူတို့ဌာနနဲ့အဝေးကြီး တကူးတကလာပြီး အတန်းရှေ့လာထိုင်နေသော ထိုချေစပ်စပ်ကောင်လေးကိုကြည့်ရင်း SeokJin၏ သိစိတ်ရောမသိစိတ်ကပါ ရွှင်မြူးလာသည်။
အဖြစ်အပျက်တွေအားလုံးက ဘယ်သူမှ မမြင်အောင်ဝှက်ထားတဲ့ ငါ့မျှော်လင့်ချက်လေးကို တိုက်စားနေတယ်..
ဒီလိုနဲ့ ငါတို့တကယ်နီးစပ်သွားခဲ့ရင်...။

လှေကားထစ်တွေကို ဖြေးဖြေးချင်းဆင်းသွားသော ကောင်လေးအားကြည့်ရင်း ကောင်လေးတစ်ယောက်နှုတ်ခမ်းမှခပ်ဖွဖွလေးတီးတိုးရေရွတ်သံလေးထွက်လာသည်။

"အရူးလေး ‌ရှောင်သွားပြန်ပြီ.."

........................................................................

"စာမေးပွဲပြီးပြီကွ"

မေးခွန်းစာရွက်တွေကို လေမှာဝဲပြီးပျော်လိုက်ချင်သော်လည်း ပါချုပ်ရုံးခန်းရှေ့မှာမို့ အိတ်ထဲကိုသာပြန်၍ထိုးထည့်နေရသည်။

တခြားဌာနကလူတွေနှင့်ရောဖြေရတာကြောင့်
အုန်းအုန်းထနေသည့် လူများကြား တာဝန်မပျက်Kim Namjoonကိုလိုက်၍ရှာရသေးသည်။

စာမေးပွဲနီးကတည်းကပျောက်သွားလိုက်တာ အခုထိကိုမတွေ့ရသေးချေ။
ဒါမှမဟုတ် ကျက်ထားသမျှတွေအခန်းစောင့်ဆရာမစိတ်ညစ်အောင် တစ်ယောက်ထဲထိုင်ဖြေနေသေးလားမှမသိ!

"SeokJinဟေ့ရောင်ရေ...လစ်စို့
ပီဇာနော် ပီဇာ"

မြူးရွှင်နေသော သူငယ်ချင်းတစ်သိုက်က ပုခုံးကိုလာဖက်ရင်း မုန့်သွားစားဖို့လာခေါ်နေလေ၏။
ဒါပြီးရင် ကျောင်းက နှစ်လတောင်ပိတ်တော့မှာ..Kim Namjoonကိုမတွေ့တော့ပဲ မသွားချင်သေးတာတော့အမှန်ဖြစ်သည်။
သို့သော်လည်း...

"အေး..သွားစို့"

ငါ့ဆန္ဒတွေကို အကောင်ထည်ဖော်ဖို့ ဘယ်တုန်းကမှမကြိုးစားမိခဲ့ဘူး။

.
.
.

ကျောင်းဆောင်ပေါ်ကဆင်းလာတော့ စာမေးပွဲဖြေပြီး ထွက်လာသော စီနီယာတစ်သိုက်နှင့်ဆုံသည်။

"ဟာ Jaewookတို့!ဘယ်လိုလဲ ဖြေနိုင်လား"

"စီနီယာ Inn yuk!"

တက္ကသိုလ်မရောက်ခင်ကတည်းက ကျောင်းအတူတူဖြစ်သော အစ်ကိုကြ‌ီးမို့ သူတို့တွေက စီနီယာ Inn yukအား ခင်တွယ်ကြ၏
တက္ကသိုလ်ရောက်တော့လဲ အများကြီးဂရုစိုက်ပေးသော သူတို့ စံပြအစ်ကိုကြီးလဲဖြစ်သည်။

"SeokJinမျက်နှာမြင်ရုံနဲ့မေးစရာမလိုတော့ပါဘူးကွာ ဟုတ်တယ်မှလား"

သူ့ခေါင်းကိုဖွကာရယ်ရယ်မောမောဖြင့် စီနီယာInn yukက မေးလိုက်သည်။

"ဒီကောင်က ဘာမှမဖြေခဲ့လဲ စပ်ဖြီးဖြီးပ‌ဲဟာကို"

Jaewookဝင်ပက်သောစကားကို သူနှာခေါင်းရှုံ့ရင်း မျက်ဖြူလန်ပြလိုက်သည်။
ရှေ့မှ စီနီယာတွေကတော့ တဝါးဝါးပွဲကျကုန်၏။

"သွားစရာရှိတယ်မဟုတ်လား..သွားကြတော့လေ"

"ဟုတ်ကဲ့ဗျ ပီဇာသွားစားမလို့"

"ကောင်းပါ့ကွာ..သွားကြသွားကြ"

စီနီယာတေ‌ွအားနှုတ်ဆက်ပြီး ကျောင်းလမ်းမကြီးတစ်လျှောက် ဆူညံစွာလျှောက်လာစဉ်
မြင်ကွင်းတစ်ခုကြောင့် SeokJinပြောလက်စစကားများရော ခြေလှမ်းများပါရပ်သွားရသည်။

ခပ်လှမ်းလှမ်းသစ်ပင်ရိပ်အောက်တွင် Kim Namjoon၏ကားလေးရပ်ထားပြီး ကောင်မလေးတစ်ယောက်ပါရ‌ှိနေသည်။
Kim Namjoonကကားကိုမှီထားပြီး ကောင်မလေးက ခုံတန်းလေးပေါ်ထိုင်နေတာဖြစ်၏။
မဝေးလွန်းသောအကွာအဝေးမို့ ဘေးတိုက်မြင်ရသည့် ထိုမျက်နှာသည် ပြုံး‌ရယ်နေသည်မှာထင်ရှား၏။

"SeokJin..အာ ဒီဘက်လမ်းကသွားမလား"

Jaewookကပါသူကြည့်သည့်နေရာကို မြင်ပြီး
လေသံတိုးတိုးဖြင့်မေးလာသည်။

"ဟားဟား..မလိုပါဘူး အေးဆေးပါ"

သူရယ်ရယ်မောမောနှင့် Jaewookပုခုံးကိုဖက်ကာ လမ်းဆက်လျှောက်လိုက်သည်။ စောစောက ဆူညံနေသည့် သူတို့အုပ်စုလည်း အရိပ်တကြည့်ကြည့်နှင့် တိတ်ဆိတ်သွားကြရ၏။
SeokJinဒီအနေအထားကိုမကြိုက်..
ဒီခံစားချက်တွေကြောင့် သူ့ရဲ့နေ့စဉ်ဘဝကိုပါထိခိုက်ခွင့်ကိုမပြုနိုင်ချေ။

"ဟေ့ကောင်တွေ ဘတ်စ်ကားဂိတ်ကိုနောက်ကျမှရောက်တဲ့လူ ပိုက်ဆံရှင်းကြေးနော်"

အသံကုန်အော်ဟစ်ကာ သူရှေ့မှ ဦးဆောင်ပြေးခဲ့လိုက်သည်။

နောက်တွင်သူတို့လိုက်လာလား မလာလားမသိပါ။

တစ်ခါတစ်လေတော့လူတစ်ယောက်ကို အခုလိုနောက်မှာချန်ပြီး ကိုယ်လွတ်ရုန်းပြေးထွက်ကြည့်ချင်တယ်..။
ငါ‌ပြေးကို‌ပြေးရတော့မယ် Kim Namjoon....။

........................................................................

ကလေးတွေအားလုံးဂုဏ်ယူပါတယ်နော်။
ဒီအချိန်မှာ ဘာမှတွေးမနေပဲ စိတ်ပေါ့ပေါ့ပါးပါးနဲ့အနားယူကြပါလို့💖

                      

You are reading the story above: TeenFic.Net