For Zawgyi
လျခမ္းေကြးေကြး၏ မိွန္ပ်ပ်အလင္းေရာင္က
ျပတင္းနားသို႔ ကပ္လုၿပီျဖစ္ေသာ သစ္ရြက္တို႔ေပၚျဖာက်ေနသည္။
ေအးစိမ့္စိမ့္ေလေၾကာင့္ တံခါးကိုပိတ္သင့္မွန္းသိပါေသာ္လည္း SeokJinမပိတ္ေသးပဲ အေတြးနာ္ခ်ဲ ့ေနမိသည္။
ဖုန္းထဲတြင္ ေနရာယူထားေသာ Messageမ်ားကိုဖတ္ၾကၫ့္ရင္း သူ႔ရင္ထဲက သံသယတို႔က ပို၍ ပို၍ပင္ျကီးထြားလာေနသည္။
ဒါေပမဲ့ တစ္ခုခုလြဲမွားေနသလိုခံစားရသည္မို႔ ေဝခြဲရခက္ေန၏။
အမ်ားႀကီးေမ်ွာ္လင့္ခ်က္ေတြထားမိမွာကိုပဲသူ႔စိတ္ကေၾကာက္ေနသလားမသိေတာ့ပါ..။
တကယ္ပဲအဲ့ဒီလူကKim Namjoonဆိုရင္...
ထိုအေတြးႏွင့္တင္ကိုရင္ဘတ္ကေပါက္မထြက္မတတ္ခုန္လာသည္။
မပိုင္ဆိုင္ခ်င္ဘူးဟု ကိုယ့္ကိုကိုယ္ လိမ္လည္ေနေသာ္လဲ သိသာသည္မဟုတ္ပါလား..။
အမ်ားႀကီးသေဘာက်ရတဲ့ အခ်စ္ဦးပဲ...
ေလာဘေလးမဆိုသေလာက္တတ္မိတာဆန္းသတဲ့လား..။
*Goodnight*
အခ်ိန္ကိုက္ေရာက္လာေသာ Messageတိုေလးကိုဖတ္ရင္း သူၿပံဳးမိသြားသည္။
ျပတင္းတံခါးကို ေလေလးတစ္ခြၽန္ခြၽန္ျဖင့္ပင္ ထပိတ္လိုက္ၿပီး ကုတင္ဆီသို႔ ဦးတည္ခဲ့လိုက္သည္။
ျပတင္းၾကားမွ အတင္းတိုးျပဴ ထြက္လာေသာ လေရာင္ငယ္က သစ္သားစားပြဲေလးေပၚရိွ စာအုပ္ေလးတစ္အုပ္ေပၚ က်ေရာက္လ်ွက္..
စာအုပ္ၾကားရိွႏွင္းဆီပန္းငယ္ႏွင့္ စီးကရက္တိုေလး မြန္းၾကပ္မည္ကိုစိုးထင့္ေနသၫ့္အလား..။
.
.
.
.
ၿငီးေငြ ့ဖြယ္ တန္လာေန့သည္ သူတို႔သူငယ္ခ်င္းတစ္သိုက္ေၾကာင့္ ပို၍ပ်င္းရိစရာေကာင္းသည္။
အလုပ္မရိွမ်က္မွန္ကိုအက်ီ ္ႏွင့္ပြတ္ေနေသာ အတန္းေခါင္းေဆာင္အား SeokJinေခါင္းတစ္ခ်က္ရိုက္လိုက္ၿပီး
"ဒီလိုထိုင္ျပီးစာပဲသင္ေနရေတာ့မွာလား"
"ဆႏၵရိွရင္ကင္းၿမီးေကာက္ေထာင္သင္ေလ"
နည္းနည္းေလးအေငၚတူးလိုက္ရမွ ေက်နပ္ေသာ သေကာင့္သားအား ျပန္ေျပာမေနခ်င္ေတာ့ပဲ သက္ျပင္းသာခ်လိုက္မိသည္။
"ပိုက္ဆံမကုန္ပဲ ခရီးေလးဘာေလးသြားခ်င္လိုက္တာ"
"အိပ္မက္ထဲေတာ့ရမွာပါ"
နားၿငီးေနဟန္ရိွေသာ Jaewookကပါ ဂိမ္းေဆာ့ရင္း လွမ္းပက္သည္။
ဘယ္လိုဟာေတြႏွင့္အေပါင္းအသင္းလာျဖစ္ပါလိမ့္!
"ေကာင္မေလးေခ်ာေခ်ာတစ္ေယာက္ေလာက္ကို ရည္းစားေကာက္ထားလိုက္ရင္ ေကာင္းမလား"
SeokJinေမးပြတ္ကာ ဟန္ႀကီးပန္ႀကီးေျပာေသာစကားကို အကုန္လံုးက မ်က္ျဖဴစိုက္ျပၾကကာ ဘာမျွပန္မေျပာ..။
* မင္းအတြက္ ေကာ္ဖီေအးေလးမွာထားေပးတယ္*
ထိုမက္ေဆ့၀င္လာသည္ႏွင့္ SeokJinေဘးက ေက်ာပိုးအိတ္ကိုေကာက္ကာဝုန္းခနဲထရပ္လိုက္သည္။
ငိုက္ရန္တာစူေနေသာ အတန္းေခါင္းေဆာင္ပင္
မ်က္လံုးေလးျပဴးသြားကာ ေမာ့ၾကၫ့္ရသည္အထိ။
"ဘယ္နားမီးေလာင္လို႔လဲ"
ေလာင္ေနတာကေတာ့ ရင္ဘတ္ထဲပဲ..။ထိုစကားကို သူစိတ္ထဲတြင္သာႀကိတ္ေျပာလိုက္သည္။
"ဟို...ငါကန္တင္းသြားမလို႔"
"မင္းႏွယ္ကြာ..ကန္တင္းသြားဖို႔မ်ား
ေရ႔ွတန္းထြက္မဲ့အတိုင္းပဲ"
ေလရွည္ေနေသာ ထိုတစ္သိုက္ကို ဖေနာင့္နဲ႔ထေပါက္ခ်င္ပါေသာ္လည္း စိတ္ကိုထိန္းကာ
"ငါသြားၿပီ"
"လိုက္မယ္..ငါတို႔လဲလိုက္မယ္"
အိမ္း..အခ်စ္ရ ဲ့လမ္းခရီးဟာလည္း ဆူးေၫွာင့္ေတြမ်ားသား..။
.
.
.
ကန္တင္းေရာက္ေတာ့ ထင္သၫ့္အတိုင္းပင္
မိန႔္မိန႔္ႀကီးဖုန္းထိုင္သံုးေနေသာ Kim Namjoonအားျမင္လိုက္ရ၏။
SeokJinကပ္လ်ွက္ရိွ ဝိုင္းကို ေနရာယူလိုက္ေတာ့ ပါလာေသာ သေကာင့္သားတစ္စုက ေခ်ာင္းတဟန႔္ဟန႔္ျဖစ္ကုန္ၾကသည္။
Kim Namjoonကေတာ့ငဲ့ေစာင္း၍ပင္မျကည့္။
ထံုေနၿပီျဖစ္ေသာ သူ႔အတြက္ကေတာ့ ဒါဟာထူးဆန္းေနေသာ ကိစၥပင္မဟုတ္။
SeokJinလည္ေခ်ာင္းကိုတစ္ခ်က္ရွင္းကာ အသံျမင့္ျမင့္ျဖင့္
"ညီေလး ဟို အစ္ကို႔ဖို႔ လူတစ္ေယာက္က ေကာ္ဖီေအးမွာေပးသြားတယ္ဆို.."
"ဗ်ာ..ေအာ္ ဟုတ္တယ္ အစ္ကို ခနေစာင့္ပါဗ်"
SeokJinေအာင္ႏိုင္သူမ်က္ႏွာေပးျဖင့္ တစ္ဖက္သို႔မ်က္ႏွာျပန္လွၫ့္လာၿပီး ၿပံဳးလိုက္သည္။
ထိုအခိုက္ အလိုက္ကန္းဆိုးမသိေသာJaewookက၀မ္းေခါင္းသံႀကီးျဖင့္
"SeokJinတို႔ကေတာ့ကြာ ေစာေစာကတင္
ေကာင္မေလးေခ်ာေခ်ာတစ္ေယာက္ေလာက္တြဲမယ္ေတြဘာေတြေျပာေနတာ..ခုစြံၿပီထင္တယ္ေဟ့"
ေခါင္းကိုဆယ္ေပါင္တူႏွင့္ထုလိုက္သလို သူခံစားလိုက္ရသည္။
ထိုအခိုက္ ေကာ္ဖီေအးက ေရာက္ရိွလာတာမို႔ အေယာင္ေယာင္အမွားမွားေကာက္ေသာက္လိုက္သည္။
မ်က္လံုးေထာင့္မျွဖတ္သြားေသာ အရိပ္တစ္ခုေၾကာင့္ Namjoonျပန္ၿပီဆိုတာကိုသူသိလိုက္သည္။
ထိုအရိပ္ေလးကကို ရင္ထဲေအးျမစီး၀င္သြား၏။
ေကာ္ဖီေအးေလးလိုပါပဲ..သၾကားမပါတဲ့လူဆိုးေလးေပါ့။
........................................................................
ေက်ာက္စရစ္ခဲေသးေသးေလးေတြမ်ားေသာ လမ္းမွာ စက္ဘီးနင္းရတာတကယ္ကိုမလြယ္။
အေမ၀ယ္ခိုင္းလိုက္ေသာ တိုလီမိုလီအထုတ္ႀကီးကိုလည္း ခ်ိတ္ထားရတာမို႔ ယိုင္တိုင္တိုင္ႏွင့္ SeokJinမွာ ေခြၽးတၿပိဳက္ၿပိဳက္..။
တကယ္ဆို ေခ်ာေမြ ့ေသာ ကတၲရာလမ္းမ ႀကီးကို ေရွာင္ကာ သူတမင္ေကြ ့ပတ္ၿပီးနင္းလာတာျဖစ္သည္။
မူလတန္းမွစကာ အထက္တန္းထိ တတ္ခဲ့ရေသာ ေက်ာင္းေတာ္ႀကီးကို လြမ္းလို႔..။
ပိတ္ရက္ျဖစ္ေသာေၾကာင့္ လူတစ္ေယာက္မွမေတ ြ ့ေပမဲ့ ဂိတ္ေစာင့္ဦးေလးႀကီးရိွတတ္တာကိုသိတာေၾကာင့္ သူစက္ဘီးကိုခ်ိဳးေကြ ့၀င္လာခဲ့ လိုက္သည္။
"ဦးေလး ငိုက္ေနၿပီလား"
သူ႔အတြက္၀ယ္လာခဲ့ေသာ ေရခဲမုန႔္ဗူးေလးကို တြန္းပို႔လိုက္ၿပီး သူႏႈတ္ဆက္စကားဆိုလိုက္သည္။ အဝါေရာင္သန္းေနေသာ မ်က္မွန္ထူထူတို႔ကိုပင့္တင္ကာ ထိုဦးေလးႀကီးရယ္ေတာ့ သူလဲေပ်ာ္ရပါ၏။
"ေက်ာင္းထဲ ပတ္ၾကၫ့္ခ်င္ေသးလား"
"အဲ့လိုရလား ဦးေလး"
"ရတာေပါ့..ခုနကေတာင္.."
"ေက်းဇူးပါ ဦးေလး"
လူသူကင္းရွင္းေနေသာ ေက်ာင္းထဲ စက္ဘီးပတ္စီးရေသာ အရသာက ဘာနဲ႔မွမလဲႏိုင္..။
အိမ္မွာ ဟင္းခ်က္ရန္ ဒယ္အိုးျပင္ၿပီး ထိုင္ေစာင့္ေနမၫ့္ အေမ့ကိုပါေမ့သြားသည္အထိ..
အရင္ကစက္ဘီးရပ္ရသၫ့္ ေနရာေလးကိုလွမ္းျမင္ရေတာ့ သူအလိုလိုၿပံဳးမိသည္။
Namjoonစက္ဘီးရပ္သၫ့္ေခ်ာင္ေလးကိုပဲ သူတမင္ေရြးရပ္ခဲ့တာေတြ..
ထိုေနရာႏွင့္ နီးလာေတာ့မွ ကားအနက္ေရာင္တစ္စီးရိွေၾကာင္း သူသတိထားမိသည္။
ခပ္ေလ်ွာေလ်ွာမွီရပ္ေနေသာ လူတစ္ေယာက္ကိုပါျမင္ခ်ိန္မွာေတာ့ အံ့ဩလြန္း၍ စက္ဘီးေတာင္လဲက်ခ်င္သြားသည္ ။
ဆက္နင္းရမလား!ေက်ာ္သြားရမလား?
လွၫ့္ျပန္ရမလား...!
အေတြးေတြကေရ႔ွမေရာက္ခင္မွာပင္ သူ႔စက္ဘီးက ထိုလူသားေရွ ့တိခနဲရပ္သြား၏။
Kim Namjoonက သူ႔ကိုေတြ ့ရတာမထူးဆန္းသလို မွင္ေသေသႏွင့္စိုက္ၾကၫ့္ေနသည္။
မွန္၏..တကယ္ကိုစိုက္ၾကၫ့္ေနတာ..
"ခ်ိန္းက်သြားလို႔လား"
မ်က္ခံုးတစ္ဖက္ ခပ္ဆဆပင့္ၿပီး ေမးပံုက ျဖတ္ရိုက္ခ်င္စရာေကာင္းေပမဲ့ အမွန္တကယ္ဆြဲေဆာင္မႈရိွေနျပန္သည္။
"မဟုတ္ဘူး..မင္းကိုေတြ ့တာထူးဆန္းလို႔ရပ္လိုက္တာ"
"ေအာ္.."
ေနေျပာက္ေတြကသူတို႔ႏွစ္ေယာက္ကိုေပၚကို
ထိုးက်ေနၿပီး သစ္ရြက္ေတြကတစ္လႈပ္လႈပ္..
ကဗ်ာဆန္ေသာ ျမင္ကြင္းေလးျဖစ္ေနေလာက္ေသာ္ျငား ႏွစ္ေယာက္စလံုးဘာစကားမွထပ္မဆိုျဖစ္ၾကေတာ့..။
ထိုစဉ္ အိတ္ကပ္ထဲမွ ဖုနး္ကထျမည္လာတာမို႔ SeokJinအလ်င္အျမန္ေကာက္ကိုင္လိုက္ရသည္။
"Kim SeokJin!!!နင့္အေဖျပန္လာလို႔မွ ဟင္းရည္မမွီရင္ နင္နဲ႔ငါ ေတြ ့ၿပီသာမွတ္"
ႏူးညံ့ညင္သာေသာ အေမ့အသံက နားထဲေဆာင့္၀င္လာသည္။ သူ႔မ်က္ႏွာမဲ့ရြဲ ့သြားပံုၾကၫ့္ကာ Kim Namjoonကမခိုးမခန႔္ရယ္ေသြးသြမ္း၏။
ပါးခ်ိဳင့္ေလး..။
ၿပံဳးခဲလွတဲ့မ်က္ႏွာမွာ ျမင္ရခဲလြန္းလွတဲ့ အရာေလး..
အခါခါရစ္ၿပီး ၾကၫ့္ခ်င္ပါေသာ ျမင္ကြင္းေလး ...
Kim Namjoonကၿပံဳးစစမ်က္ႏွာထားႏွင့္ ကားေပၚတတ္သြားသည္။ ထို႔ေနာက္
"ေဟး..အရူးေလးေဘးဖယ္"
သူေဒါသမထြက္အားခင္ ေၾကာင္ေတာင္ေတာင္ႏွင့္ စက္ဘီးကိုဖယ္ေပးလိုက္သည္။
စိတ္နဲ႔ကိုယ္နဲ႔က ဂိတ္ေစာင့္ဦးေလးႀကီးနားေရာက္သည္အထိ မကပ္ခ်င္ေသး..။
"ဦးေလးႀကီး..သြားၿပီ"
"ေအးကြာေအး..ေတာ္ေတာ္ေက်ာင္းခ်စ္ၾကတဲ့ကေလးေတြ..ဟိုေကာင္ေလးဆို စာသင္ႏွစ္ၿပီးကတည္းက အခုထိ ပိတ္ရက္တိုင္းလာတယ္.."
"ဟိုေကာင္ေလးဆိုတာ.."
"ခုနကမွ ကားေလးနဲ႔ထြက္သြားတာေလ ျမင္လိုက္လား "
"ဟုတ္"
"တစ္ခါတစ္ေလ စက္ဘီးေလးစီးလာတယ္..
လူကေတာ့ေခ်ာေခ်ာေလး"
ေျဖာင့္ျဖဴးေနတဲ့ လမ္းေတြကိုလ်စ္လ်ူရႈၿပီး
ေက်ာက္စရစ္ခဲေတြအျပၫ့္နဲ႔ လမ္းက်ဉ္းေလးကိုပဲ ေရြးခ်ယ္ခဲ့တယ္..။
ရည္ရြယ္ခ်က္က မင္းနဲ႔အတူတူသြားခ်င္လို႔ပါတဲ့ေလ...💛
........................................................................
For Unicode
လခြမ်းကွေးကွေး၏ မှိန်ပျပျအလင်းရောင်က
ပြတင်းနားသို့ ကပ်လုပြီဖြစ်သော သစ်ရွက်တို့ပေါ်ဖြာကျနေသည်။
အေးစိမ့်စိမ့်လေကြောင့် တံခါးကိုပိတ်သင့်မှန်းသိပါသော်လည်း SeokJinမပိတ်သေးပဲ အတွေးနယ်ချဲ့နေမိသည်။
ဖုန်းထဲတွင် နေရာယူထားသော Messageများကိုဖတ်ကြည့်ရင်း သူ့ရင်ထဲက သံသယတို့က ပို၍ ပို၍ပင်ကြီးထွားလာနေသည်။
ဒါပေမဲ့ တစ်ခုခုလွဲမှားနေသလိုခံစားရသည်မို့ ဝေခွဲရခက်နေ၏။
အများကြီးမျှော်လင့်ချက်တွေထားမိမှာကိုပဲသူ့စိတ်ကကြောက်နေသလားမသိတော့ပါ..။
တကယ်ပဲအဲ့ဒီလူကKim Namjoonဆိုရင်...
ထိုအတွေးနှင့်တင်ကိုရင်ဘတ်ကပေါက်မထွက်မတတ်ခုန်လာသည်။
မပိုင်ဆိုင်ချင်ဘူးဟု ကိုယ့်ကိုကိုယ် လိမ်လည်နေသော်လဲ သိသာသည်မဟုတ်ပါလား..။
အများကြီးသဘောကျရတဲ့ အချစ်ဦးပဲ...
လောဘလေးမဆိုသလောက်တတ်မိတာဆန်းသတဲ့လား..။
*Goodnight*
အချိန်ကိုက်ရောက်လာသော Messageတိုလေးကိုဖတ်ရင်း သူပြုံးမိသွားသည်။
ပြတင်းတံခါးကို လေလေးတစ်ချွန်ချွန်ဖြင့်ပင် ထပိတ်လိုက်ပြီး ကုတင်ဆီသို့ ဦးတည်ခဲ့လိုက်သည်။
ပြတင်းကြားမှ အတင်းတိုးပြူ ထွက်လာသော လရောင်ငယ်က သစ်သားစားပွဲလေးပေါ်ရှိ စာအုပ်လေးတစ်အုပ်ပေါ် ကျရောက်လျှက်..
စာအုပ်ကြားရှိနှင်းဆီပန်းငယ်နှင့် စီးကရက်တိုလေး မွန်းကြပ်မည်ကိုစိုးထင့်နေသည့်အလား..။
.
.
.
.
ငြီးငွေ့ဖွယ် တန်လာနေ့သည် သူတို့သူငယ်ချင်းတစ်သိုက်ကြောင့် ပို၍ပျင်းရိစရာကောင်းသည်။
အလုပ်မရှိမျက်မှန်ကိုအကျီ ်နှင့်ပွတ်နေသော အတန်းခေါင်းဆောင်အား SeokJinခေါင်းတစ်ချက်ရိုက်လိုက်ပြီး
"ဒီလိုထိုင်ပြီးစာပဲသင်နေရတော့မှာလား"
"ဆန္ဒရှိရင်ကင်းမြီးကောက်ထောင်သင်လေ"
နည်းနည်းလေးအငေါ်တူးလိုက်ရမှ ကျေနပ်သော သကောင့်သားအား ပြန်ပြောမနေချင်တော့ပဲ သက်ပြင်းသာချလိုက်မိသည်။
"ပိုက်ဆံမကုန်ပဲ ခရီးလေးဘာလေးသွားချင်လိုက်တာ"
"အိပ်မက်ထဲတော့ရမှာပါ"
နားငြီးနေဟန်ရှိသော Jaewookကပါ ဂိမ်းဆော့ရင်း လှမ်းပက်သည်။
ဘယ်လိုဟာတွေနှင့်အပေါင်းအသင်းလာဖြစ်ပါလိမ့်!
"ကောင်မလေးချောချောတစ်ယောက်လောက်ကို ရည်းစားကောက်ထားလိုက်ရင် ကောင်းမလား"
SeokJinမေးပွတ်ကာ ဟန်ကြီးပန်ကြီးပြောသောစကားကို အကုန်လုံးက မျက်ဖြူစိုက်ပြကြကာ ဘာမြှပန်မပြော..။
* မင်းအတွက် ကော်ဖီအေးလေးမှာထားပေးတယ်*
ထိုမက်ဆေ့ဝင်လာသည်နှင့် SeokJinဘေးက ကျောပိုးအိတ်ကိုကောက်ကာဝုန်းခနဲထရပ်လိုက်သည်။
ငိုက်ရန်တာစူနေသော အတန်းခေါင်းဆောင်ပင်
မျက်လုံးလေးပြူးသွားကာ မော့ကြည့်ရသည်အထိ။
"ဘယ်နားမီးလောင်လို့လဲ"
လောင်နေတာကတော့ ရင်ဘတ်ထဲပဲ..။ထိုစကားကို သူစိတ်ထဲတွင်သာကြိတ်ပြောလိုက်သည်။
"ဟို...ငါကန်တင်းသွားမလို့"
"မင်းနှယ်ကွာ..ကန်တင်းသွားဖို့များ
ရှေ့တန်းထွက်မဲ့အတိုင်းပဲ"
လေရှည်နေသော ထိုတစ်သိုက်ကို ဖနောင့်နဲ့ထပေါက်ချင်ပါသော်လည်း စိတ်ကိုထိန်းကာ
"ငါသွားပြီ"
"လိုက်မယ်..ငါတို့လဲလိုက်မယ်"
အိမ်း..အချစ်ရ ဲ့လမ်းခရီးဟာလည်း ဆူးညှောင့်တွေများသား..။
.
.
.
ကန်တင်းရောက်တော့ ထင်သည့်အတိုင်းပင်
မိန့်မိန့်ကြီးဖုန်းထိုင်သုံးနေသော Kim Namjoonအားမြင်လိုက်ရ၏။
SeokJinကပ်လျှက်ရှိ ဝိုင်းကို နေရာယူလိုက်တော့ ပါလာသော သကောင့်သားတစ်စုက ချောင်းတဟန့်ဟန့်ဖြစ်ကုန်ကြသည်။
Kim Namjoonကတော့ငဲ့စောင်း၍ပင်မကြည့်။
ထုံနေပြီဖြစ်သော သူ့အတွက်ကတော့ ဒါဟာထူးဆန်းနေသော ကိစ္စပင်မဟုတ်။
SeokJinလည်ချောင်းကိုတစ်ချက်ရှင်းကာ အသံမြင့်မြင့်ဖြင့်
"ညီလေး ဟို အစ်ကို့ဖို့ လူတစ်ယောက်က ကော်ဖီအေးမှာပေးသွားတယ်ဆို.."
"ဗျာ..အော် ဟုတ်တယ် အစ်ကို ခနစောင့်ပါဗျ"
SeokJinအောင်နိုင်သူမျက်နှာပေးဖြင့် တစ်ဖက်သို့မျက်နှာပြန်လှည့်လာပြီး ပြုံးလိုက်သည်။
ထိုအခိုက် အလိုက်ကန်းဆိုးမသိသောJaewookကဝမ်းခေါင်းသံကြီးဖြင့်
"SeokJinတို့ကတော့ကွာ စောစောကတင်
ကောင်မလေးချောချောတစ်ယောက်လောက်တွဲမယ်တွေဘာတွေပြောနေတာ..ခုစွံပြီထင်တယ်ဟေ့"
ခေါင်းကိုဆယ်ပေါင်တူနှင့်ထုလိုက်သလို သူခံစားလိုက်ရသည်။
ထိုအခိုက် ကော်ဖီအေးက ရောက်ရှိလာတာမို့ အယောင်ယောင်အမှားမှားကောက်သောက်လိုက်သည်။
မျက်လုံးထောင့်မြှဖတ်သွားသော အရိပ်တစ်ခုကြောင့် Namjoonပြန်ပြီဆိုတာကိုသူသိလိုက်သည်။
ထိုအရိပ်လေးကကို ရင်ထဲအေးမြစီးဝင်သွား၏။
ကော်ဖီအေးလေးလိုပါပဲ..သကြားမပါတဲ့လူဆိုးလေးပေါ့။
........................................................................
ကျောက်စရစ်ခဲသေးသေးလေးတွေများသော လမ်းမှာ စက်ဘီးနင်းရတာတကယ်ကိုမလွယ်။
အမေဝယ်ခိုင်းလိုက်သော တိုလီမိုလီအထုတ်ကြီးကိုလည်း ချိတ်ထားရတာမို့ ယိုင်တိုင်တိုင်နှင့် SeokJinမှာ ချွေးတပြိုက်ပြိုက်..။
တကယ်ဆို ချောမွေ့သော ကတ္တရာလမ်းမ ကြီးကို ရှောင်ကာ သူတမင်ကွေ့ပတ်ပြီးနင်းလာတာဖြစ်သည်။
မူလတန်းမှစကာ အထက်တန်းထိ တတ်ခဲ့ရသော ကျောင်းတော်ကြီးကို လွမ်းလို့..။
ပိတ်ရက်ဖြစ်သောကြောင့် လူတစ်ယောက်မှမတေ ွ့ပေမဲ့ ဂိတ်စောင့်ဦးလေးကြီးရှိတတ်တာကိုသိတာကြောင့် သူစက်ဘီးကိုချိုးကွေ့ဝင်လာခဲ့ လိုက်သည်။
"ဦးလေး ငိုက်နေပြီလား"
သူ့အတွက်ဝယ်လာခဲ့သော ရေခဲမုန့်ဗူးလေးကို တွန်းပို့လိုက်ပြီး သူနှုတ်ဆက်စကားဆိုလိုက်သည်။ အဝါရောင်သန်းနေသော မျက်မှန်ထူထူတို့ကိုပင့်တင်ကာ ထိုဦးလေးကြီးရယ်တော့ သူလဲပျော်ရပါ၏။
"ကျောင်းထဲ ပတ်ကြည့်ချင်သေးလား"
"အဲ့လိုရလား ဦးလေး"
"ရတာပေါ့..ခုနကတောင်.."
"ကျေးဇူးပါ ဦးလေး"
လူသူကင်းရှင်းနေသော ကျောင်းထဲ စက်ဘီးပတ်စီးရသော အရသာက ဘာနဲ့မှမလဲနိုင်..။
အိမ်မှာ ဟင်းချက်ရန် ဒယ်အိုးပြင်ပြီး ထိုင်စောင့်နေမည့် အမေ့ကိုပါမေ့သွားသည်အထိ..
အရင်ကစက်ဘီးရပ်ရသည့် နေရာလေးကိုလှမ်းမြင်ရတော့ သူအလိုလိုပြုံးမိသည်။
Namjoonစက်ဘီးရပ်သည့်ချောင်လေးကိုပဲ သူတမင်ရွေးရပ်ခဲ့တာတွေ..
ထိုနေရာနှင့် နီးလာတော့မှ ကားအနက်ရောင်တစ်စီးရှိကြောင်း သူသတိထားမိသည်။
ခပ်လျှောလျှောမှီရပ်နေသော လူတစ်ယောက်ကိုပါမြင်ချိန်မှာတော့ အံ့ဩလွန်း၍ စက်ဘီးတောင်လဲကျချင်သွားသည် ။
ဆက်နင်းရမလား!ကျော်သွားရမလား?
လှည့်ပြန်ရမလား...!
အတွေးတွေကရှေ့မရောက်ခင်မှာပင် သူ့စက်ဘီးက ထိုလူသားရှေ့တိခနဲရပ်သွား၏။
Kim Namjoonက သူ့ကိုတွေ့ရတာမထူးဆန်းသလို မှင်သေသေနှင့်စိုက်ကြည့်နေသည်။
မှန်၏..တကယ်ကိုစိုက်ကြည့်နေတာ..
"ချိန်းကျသွားလို့လား"
မျက်ခုံးတစ်ဖက် ခပ်ဆဆပင့်ပြီး မေးပုံက ဖြတ်ရိုက်ချင်စရာကောင်းပေမဲ့ အမှန်တကယ်ဆွဲဆောင်မှုရှိနေပြန်သည်။
"မဟုတ်ဘူး..မင်းကိုတွေ့တာထူးဆန်းလို့ရပ်လိုက်တာ"
"အော်.."
နေပြောက်တွေကသူတို့နှစ်ယောက်ကိုပေါ်ကို
ထိုးကျနေပြီး သစ်ရွက်တွေကတစ်လှုပ်လှုပ်..
ကဗျာဆန်သော မြင်ကွင်းလေးဖြစ်နေလောက်သော်ငြား နှစ်ယောက်စလုံးဘာစကားမှထပ်မဆိုဖြစ်ကြတော့..။
ထိုစဉ် အိတ်ကပ်ထဲမှ ဖုန်းကထမြည်လာတာမို့ SeokJinအလျင်အမြန်ကောက်ကိုင်လိုက်ရသည်။
"Kim SeokJin!!!နင့်အဖေပြန်လာလို့မှ ဟင်းရည်မမှီရင် နင်နဲ့ငါ တွေ့ပြီသာမှတ်"
နူးညံ့ညင်သာသော အမေ့အသံက နားထဲဆောင့်ဝင်လာသည်။ သူ့မျက်နှာမဲ့ရွဲ့သွားပုံကြည့်ကာ Kim Namjoonကမခိုးမခန့်ရယ်သွေးသွမ်း၏။
ပါးချိုင့်လေး..။
ပြုံးခဲလှတဲ့မျက်နှာမှာ မြင်ရခဲလွန်းလှတဲ့ အရာလေး..
အခါခါရစ်ပြီး ကြည့်ချင်ပါသော မြင်ကွင်းလေး ...
Kim Namjoonကပြုံးစစမျက်နှာထားနှင့် ကားပေါ်တတ်သွားသည်။ ထို့နောက်
"ဟေး..အရူးလေးဘေးဖယ်"
သူဒေါသမထွက်အားခင် ကြောင်တောင်တောင်နှင့် စက်ဘီးကိုဖယ်ပေးလိုက်သည်။
စိတ်နဲ့ကိုယ်နဲ့က ဂိတ်စောင့်ဦးလေးကြီးနားရောက်သည်အထိ မကပ်ချင်သေး..။
"ဦးလေးကြီး..သွားပြီ"
"အေးကွာအေး..တော်တော်ကျောင်းချစ်ကြတဲ့ကလေးတွေ..ဟိုကောင်လေးဆို စာသင်နှစ်ပြီးကတည်းက အခုထိ ပိတ်ရက်တိုင်းလာတယ်.."
"ဟိုကောင်လေးဆိုတာ.."
"ခုနကမှ ကားလေးနဲ့ထွက်သွားတာလေ မြင်လိုက်လား "
"ဟုတ်"
"တစ်ခါတစ်လေ စက်ဘီးလေးစီးလာတယ်..
လူကတော့ချောချောလေး"
ဖြောင့်ဖြူးနေတဲ့ လမ်းတွေကိုလျစ်လျူရှုပြီး
ကျောက်စရစ်ခဲတွေအပြည့်နဲ့ လမ်းကျဉ်းလေးကိုပဲ ရွေးချယ်ခဲ့တယ်..။
ရည်ရွယ်ချက်က မင်းနဲ့အတူတူသွားချင်လို့ပါတဲ့လေ...💛
You are reading the story above: TeenFic.Net