အပိုင်း(၄၀) Zawgyi

Background color
Font
Font size
Line height

နှစ်ဖက်မိဘများ​၏ ကြည်ဖြူမှုကိုရရှိခဲ့ပြီးဖြစ်သော်လည်း ဝမ်ရိပေါ်နှင့်ရှောင်းကျန့်တို့ နှစ်ဦးသား မည်သည့် အိမ်ဘက်မှာမှသွားမနေဘဲလက်ရှိ ကွန်ဒိုမှာပဲဆက်နေကြသည်။မင်္ဂလာဦးအတွက်ဝမ်လုပ်ငန်းစုဘက်မှလက် ဖွဲ့ပေးထားသည့် သုံးထပ်အိမ်တစ်လုံးကိုပင် အပန်းဖြေအိမ်အဖြစ်သာ သတ်မှတ်လိုက်ကြတာဖြစ်သည်။

ရှောင်းကျန့်သည်လည်း သူ့အဖေ​၏လုပ်ငန်းစုအောက်မှာပဲ အလုပ်ဆက်လုပ်နေခြင်းဖြစ်ကာ ဝမ်ရိပေါ်​၏တရားဝင်အုပ်ထိန်းသူအဖြစ်တာဝန်ယူသည်။အုပ် ထိန်းသူဖြစ်သည့်အလျောက် ဒီနေ့၌ဝမ်ရိပေါ်​၏ ကျောင်းကိစ္စများကို ကိုယ်တိုင်လိုက်လံအပ်ပေးဖို့ အလုပ်တစ်ရက်နား​လိုက်ခြင်းဖြစ်သည်။

နှစ်ဦးသား စီးလာသည့်ကားလေးသည် တက္ကသိုလ်ရှေ့သို့ ဆိုက်ရောက်လာ​၏။ကားမောင်းသူနေရာမှာရှိနေသည့် ရှောင်းကျန့်ကို ဝမ်ရိပေါ်ကိုယ်တိုင်ကိုယ်ကျ ခါးပတ်ဖြုတ်ပေးလိုက်ပြီး အနမ်းတစ်ချက်ပါပေးလိုက် ​၏။ရှောင်းကျန့်ဘက်ကပြန်ပေးဖို့လုပ်သည့်အခါတွင်တော့ ဝမ်ရိပေါ်က စနောက်လိုသည့်သဘောဖြင့်ကားပေါ်ကနေဆင်းပြေးသည်။

ဝမ်ရိပေါ်​၏အပြုအမူကြောင့် ရှောင်းကျန့်ခေါင်းတညိတ်ညိတ်လုပ်သည်။ သူကိုယ်တိုင်လည်း ကားပေါ်မှဆင်းလာပြီး ဝမ်ရိပေါ်​၏လက်ကိုဆောင့်ဆွဲလိုက်ကာ ခန္ဓာကိုယ်ကို ကားကိုယ်ထည်ဖြင့်ကပ်လိုက်၍ နှုတ်ခမ်းချင်းထိစပ်တော့မည့်ဟန်လုပ်လိုက်​၏။မထိတထိဖြစ်နေသည့်အနေအထားမှာ ဝမ်ရိပေါ်ကထိထိမိမိဖြစ်အောင် မျက်နှာကို အရှေ့တိုးလိုက်တော့ ရှောင်းကျန့်က ခေါင်းကိုအနောက်ဆုတ်ပြီးရှောင်လိုက်သည်။

"လုပ်ပါ ရှောင်းကျန့်..."

"ဘာလုပ်ရမှာလဲ..."

"အိမ်ပြန်ရောက်မှတွေ့မယ်..."

"မကြောက်တာ..."

"အင်းပါ လုပ်ထား..."

အားမလိုအားမရဖြစ်သွားသည့် ဝမ်ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်ရယ်လိုက်သည်။ "လက်စားချေတာ" လို့လည်း ပြောလိုက်သေး​၏။ဝမ်ရိပေါ်အသည်းယားစွာဖြင့် ရှောင်းကျန့်​လက်ဖျံကိုဖွဖွလေးကိုက်လိုက်သည့်အခါမှာတော့ နှစ်ယောက်သားရယ်ရယ်မောမောဖြင့်ကျောင်းဝန်းထဲသို့လျှောက်လာခဲ့ကြ​သည်။

"ဒီတက္ကသိုလ်မြေကို ကျွန်တော်တို့ပြန်မရောက်ဖြစ် တာ ဘယ်လောက်တောင်ကြာပြီလဲ..."

ရှောင်းကျန့်​၏ လက်ကိုကိုင်ကာ လျှောက်နေသည့်ဝမ်ရိပေါ်က ကျောင်းဝန်းထဲကအပြင်အဆင်တွေကိုကြည့်ပြီး လွမ်းဆွတ်သလိုမျိုးပြောလိုက်​၏။ရှောင်းကျန့်​၏ မီးခိုးရောင်ဆံပင်ကျော့ကျော့တွေကိုလည်းကြည့် လိုက်မိပြီး အတိတ်တွေကမနေ့တစ်နေ့ကလိုပဲပြန်ဖြစ်လာသည့်အခါသူတစ်ယောက်တည်းကြားရသည့် လေသံလေးဖြင့်ပြောလိုက်သည်။

"အရာရာတိုင်းကဘာမှကိုမပြောင်းလဲဘူးပဲ...မီးခိုးရောင်ဆံပင်လေးတွေကအစ..."

ရှောင်းကျန့်​၏ကိုယ်ပေါ်၌ အနက်ရောင်ရှပ်လက်ရှည်မပွတပွနှင့်စတိုင်ဘောင်းဘီ မီးခိုးရောင်ကိုအချိုးကျကျဝတ်ဆင်ထားတာဖြစ်ပြီး အားလုံးထက်ထင်းနေသည့် ခေါင်းထက်ကမီးခိုးရောင်ဆံပင်တို့က အများအမြင် မှာ နှစ်ခေါက်ထပ်မနည်းပြန်ကြည့်သွားရတာဖြစ်သ လို အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့်ကာကီရောင်စတိုင်ဘောင်းဘီအားဝတ်ဆင်၍ ရှင်းသန့်လွန်းနေသည့် ဝမ်ရိပေါ်ကိုလည်း လူတိုင်းလိုလိုကြည့်သွားကြတာဖြစ်​၏။

အဓိကက သူတို့နှစ်ဦးသားတွဲထားသည့်လက်များကြောင့်လည်း လူကြည့်ခံရတာဖြစ်သည်။ဆန့်ကျင်ဘက်ဆန်သည့် အဝတ်အစားအရောင်များတွဲဖက်ဝတ်ဆင်ထားသော်လည်း လိုက်ဖက်နေမှုနှင့်အတူ၊တွဲထားသည့်လက်များကြောင့် သို့လော သို့လော ယူဆချက်များနှင့်တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတာဖြစ်ပြီး"အတွဲဟုတ်တယ်၊ မဟုတ်ဘူး" ဆိုပြီးတိုးတိုးတိတ်တိတ်ငြင်းနေကြတာလည်းဖြစ်​၏။

ကျောင်းအပ်သည့်ကိစ္စပြီးစီးသွားသည့်အခါကန်တင်းဘက်ကိုဖြတ်လျှောက်သွားသည့်နှစ်ယောက်သားကိုကြည့်နေကြသည့်လူအများစုမှာ ကျောင်းသူမိန်းကလေးများဖြစ်ကြပြီး လူအနည်းစုမှာတော့ ဆရာ၊ ဆရာမများနှင့် မာစတာတန်း၊ PhD တန်းတက်ရောက်နေကြသည့်ဘွဲ့လွန်ကျောင်းသားကျောင်းသူများ ဖြစ်ကြသည်။

အဝေးကလှမ်းကြည့်နေသည့်ထိုသူတို့​၏မျက်လုံးထဲတွင် ရှောင်းကျန့်ကိုသိသလိုလို၊မသိသလိုလို​ဖြစ်နေကြပြီး သူတို့အရှေ့မှရှောင်းကျန့်အနီးကပ်ဖြတ် လျှောက်သွားသည့်အခါမှာတော့အားလုံးမမြင်ချင် ယောင်ဆောင်လိုက်ကြသည်။

ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည့် မီးခိုးရောင်ဆံပင်တွေက ထိုသူဘယ်သူလည်းဆိုတာ အတည်ပြုစရာမလိုတော့သည့်အခါ စေ့စေ့မကြည့်တော့ဘဲ စားစရာရှိတာများဆက်စားပြီးကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြသည်။T နဲ့စသည့်နာမည်တစ်ခုကိုနှုတ်ဖျားမှလွှတ် ကနဲထွက်သွားကြသော်လည်း အချိန်မှီပါးစပ်ကိုပြန်ထိန်းလိုက်ကြတာဖြစ်​၏။

"ဘုန်း...! "

ရှောင်းကျန့်နှင့် ဝမ်ရိပေါ်တို့နှစ်ဦးသား ကျောင်းဝန်းထဲ အလွမ်းပြေလျှောက်သွား၊ လျှောက်ကြည့်နေကြရင်း ဘတ်စကက်ဘောကွင်းဘက်ကိုဖြတ်သွားသည့်အခိုက် ကွင်းထဲမှလွင့်စင်လာသည့် ဘောလုံးသည်ရှောင်းကျန့်​၏ မျက်နှာတစ်ခြမ်းကိုထိမှန်သွားသည်။ အရှိန် ကပြင်းလွန်းတာကြောင့် ထိသွားသည့်နေရာက ချက် ချင်းကိုရဲတက်လို့လာ​၏။အကယ်၍ မျက်မှန်တပ်လာခဲ့ပါမူ မျက်မှန်ကိုင်းပင်ကျိုးနိုင်သည့်အရှိန်ပြင်းမှုမျိုးဖြစ်သည်။

"ရှောင်းကျန့် ရရဲ့လား..."

"အင်း...ကိုယ်ဘာမှမဖြစ်ဘူး..."

"ကျောင်းဆေးပေးခန်းသွားမလား..."

"ဒီလောက်ကတော့ ကိုယ်ဘာမှမဖြစ်ဘူး...ကိုယ်တို့ဆက်လျှောက်ရအောင်..."

ကလေးတွေဆော့ရင်း ပြုရင်းနှင့်မတော်တဆဖြစ်လို့သွားသည်ဟုနှစ်ယောက်သားယူဆလိုက်ရင်း ဘာမှစိတ်ထဲမထားဘဲ အရှေ့ကိုဆက်လျှောက်သွားဖို့လုပ်လိုက်​သည်။ထိုစဉ် အနောက်ဘက်မှ ဂျွတ်ဆတ်ဆတ်အသံတစ်ခုထွက်ပေါ်လို့လာ​၏။

"ဟေ့လူတွေ ဘောလုံးကောက်ပြီး ဒီကိုပြန်လာပေးစမ်း...! "

ထိုလေယူလေသိမ်းကြောင့်ရှောင်းကျန့်​​၏ ခေါင်းချာကနဲပြန်လှည့်လာသည်။

အသံလာရာကိုကြည့်လိုက်တော့ တစ်ခေါင်းလုံးဆံပင်အနီရောင်ဆိုးထားပြီး နားရွက်တစ်လျှောက်လည်း နားကွင်းတွေတလက်လက်ဖြစ်နေသည့် ကောင်လေးတစ်ယောက်က သူတို့ရှိရာဘက်သို့ ခါးထောက်ကြည့်ပြီး မချေမငံမျက်နှာအမူအရာမျိုးလုပ်ပြနေတာကိုတွေ့​၏။ ထိုကောင်လေး​၏ဘေးတွင် အလားတူဂျစ်ကန်ကန် ကောင်လေး ငါးဦးခန့်ရှိတာဖြစ်ပြီး ထိုဆံပင်အနီနှင့်ကောင်လေးကို ဆရာတင်ထားကြဟန်ရှိသည်။

"ဘောလုံးကောက်ပြီး ယူလာပေးစမ်းလို့ ပြောတာ ခင်ဗျားတို့ နားတွေ ကန်းနေလို့လား...! "

"ထားလိုက် ခွေးပေါက်လေး ကိုယ်ဘာမှမဖြစ်ဘူး... ကလေးတွေဆိုတော့ သူခေတ်နဲ့သူလေ...ထားပေးလိုက်ပါ...ကိုယ်တို့ ဘောလုံးကွင်းဘက်လျှောက်သွားကြမယ်..."

လက်သီးဆုပ်ပြီး ထိုကောင်လေးတွေရှိရာကိုသွားဖို့လုပ်နေသည့် ဝမ်ရိပေါ်ကို ရှောင်းကျန့်တားလိုက်ရသည်။ဝမ်ရိပေါ်စိတ်လျော့လိုက်ပြီး ရှောင်းကျန့်လက်ကို ဆုပ်ကိုင်၍ ထိုနေရာမှ ထွက်မည်အလုပ်...

"ဘုန်း...! "

ဝမ်ရိပေါ်​၏ နောက်စေ့တည့်တည့်သို့ ဘောလုံးတစ်လုံးအရှိန်ဖြင့် ထပ်မှန်​၏။

"ခင်ဗျားတို့က ကျွန်တော့်ကိုဘာများထင်နေလို့ မကြားချင်ယောင်ဆောင်ပြီး ထွက်သွားရတာလဲ...တက္ကသိုလ်တစ်ခုလုံးလိုက်မေးလိုက်...Red Flag ဆိုတဲ့ နာမည်ကိုကြားတာနဲ့ သူတို့ ဘာဖြစ်ကြလဲဆိုတာ...ခင်ဗျားတို့ကို ဘာမှမလုပ်ချင်လို့ ဒီတိုင်းပဲကြည့်နေတာကို $ ကောင်းမှတ်မနေနဲ့...အခုချက်ချင်းခုနကပစ်လိုက်တဲ့ဘောလုံးကို ပြန်ကောက်လာခဲ့ပေးစမ်း...! "

"အင်း...ပြန်ကောက်လာခဲ့ပေးမယ်..."

ဘောလုံးမှန်သွားတာကြောင့် ပွရှုပ်သွားသည့် ဝမ်ရိပေါ်​၏ဆံပင်များကို သပ်ရပ်သွားအောင် ပြန်ပြင်ပေးလိုက်သည့် ရှောင်းကျန့်က ဆံပင်အနီနဲ့ကောင်လေးကို ပြုံးပြပြီးကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်သည်။ထို့နောက်သူ​၏ မီးခိုးရောင်ဆံပင်တွေကိုလက်နဲ့တစ်ချက်ထိုးတင်ကာ ဘောလုံးကိုအသာကောက်ယူလိုက်​၏။

ဘောလုံးပြန်ကောက်လာပေးသည့် ရှောင်းကျန့်ကိုကြည့်ကာ ဆံပင်အနီနဲ့ကောင်လေးက သူ့လူများကိုပြောသည်။

"ခုနကကြည့်တော့ ဘဲကြီးက ဆံပင်မီးခိုးရောင်တွေဘာတွေနဲ့ဆိုတော့ ဖိုက်တာလိုလို ဘာလိုလိုထင်ခဲ့တာ...နည်းနည်းလေးပဲလုပ်ရသေးတယ် ချက်ချင်းကို ပြန်ကောက်လာတာပဲ..."

ထိုကောင်လေး​၏စကားကြောင့် ဘေးကသူ့လူများကလည်း လှောင်ရယ်လိုက်ကြသည်။ထိုကလေးများနည်းတူ အနီးသို့တဖြည်းဖြည်းရောက်လာသည့် ရှောင်းကျန့်ကလည်း အလိုက်အထိုက်လေးပြုံးလိုက်မိသည်။Red Flag ဟုအမည်တွင်သည့် ဆံပင်အနီရောင်နဲ့ကောင်လေး​၏အရှေ့ကိုရောက်သည့်အခါတွင်တော့ ဘောလုံးကို လက်နှစ်ဖက်နဲ့ ကောင်းကောင်းမွန်မွန်လှမ်းပေးလိုက်သည်။

ထို ဆံပင်အနီနဲ့ကောင်လေးက မခန့်သည့်အမူအရာဖြင့် ထေ့ကနဲရယ်ပြီး ရှောင်းကျန့်​၏လက်ထဲက ဘောလုံးကို ပြန်ယူဖို့လုပ်လိုက်သည်။သို့သော်ဘောလုံးကထိုကောင်လေး​၏လက်ထဲသို့ရောက်သွားခြင်းမရှိဘဲ...

"ဟက်..."

အနောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည့် ရှောင်းကျန့်က ဘောလုံးကို လက်တစ်ဖက်ဖြင့်အသေအချာကိုင်လိုက်ကာ လက်ကိုအပေါ်သို့မြှောက်လိုက်သည်။ထို့နောက် ချိုမြိန်စွာအပြုံးရေးရေးလေးဖြင့်"အိပ်မက်လှလှမက်ပါစေ"ဟုတောင်းဆုခြွေကာ သူ့အပြုအမူကိုကြောင်ကြည့်နေသည့်ဆံပင်အနီနဲ့ကောင်လေး​၏ နှာနုရိုးတည့်တည့်ကို လက်ထဲကဘောလုံးဖြင့် ရိုက်ချလိုက်​၏။

"ဘုန်း" ဆိုသည့် အသံအဆုံးမှာ ထိုကောင်လေးပက်လက်လန် လဲကျသွားသည်။ ကမ္ဘာ့အပြင်ဘက်သို့ ခေတ္တရောက်ရှိလို့သွားသည့်ထိုကောင်လေးကိုတစ်လှည့် ရှောင်းကျန့်ကိုတစ်လှည့် ထိုကောင်လေး​၏အပေါင်းအပါများကြည့်နေရင်း အသံများတိတ်ဆိတ်လို့သွားသည်။တစ်ခါတည်းနဲ့သူတို့စိတ်ထဲသေအောင်စွဲသွားသည့်အရာက "တချို့ Red flag တွေက အလံထောင်ပြစရာမလိုဘူး" ဆိုသည့်ရှောင်းကျန့်​၏စကားတစ်ခွန်းပဲဖြစ်​၏။

"ခွေးပေါက်လေး..."

"ဟင်..."

"တက္ကသိုလ်မှာ ခွေးပေါက်လေးနဲ့ကိုယ်အလုပ်ချင်ဆုံးအရာတစ်ခုက ဘာလဲသိလား..."

"ဟင့်အင်း..."

"လူတွေမရှိတဲ့အချိန် စာကြည့်တိုက်ထဲမှာ date ချင်တာ..."

နားရွက်နားသို့ကပ်ပြီးရှတတအသံနှင့်ပြောလာသည့် ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ်​၏တစ်ကိုယ်လုံးကျင်ကနဲဖြစ်သွားသည်။မဟုတ်သည့်အတွေးများပင်ဝင်လာသည်ကြောင့် သူဆုပ်ကိုင်ထားသည့် ရှောင်းကျန့်​၏လက် ကိုအလျင်အမြန်လွှတ်ချလိုက်ရ​၏။

"ခွေးပေါက်လေးရော ကိုယ်နဲ့ စာကြည့်တိုက်ထဲမှာတိတ်တိတ်လေး မ date ချင်ဘူးလား..."

ဝမ်ရိပေါ် ခေါင်းညိတ်ပြလိုက်လား၊ ခေါင်းခါပြလိုက် လား သူကိုယ်တိုင်ပင်သေသေချာချာမသိလိုက်သော် လည်း နှစ်ယောက်သား​၏ခြေထောက်များကစာကြည့်တိုက်ရှေ့တွင်ရပ်နေကြပြီဖြစ်သည်။ ထိုမှတစ်ဆင့်​စာကြည့်တိုက်ထဲဝင်လာကြရင်း ကောင်တာရှေ့သို့ပင် ရောက်လာကြ​၏။

စာကြည့်တိုက်ကောင်တာမှာရှိနေသည့် အမျိုးသမီးကို ဝမ်ရိပေါ်မျက်မှောင်ကြုတ်၍စိုက်ကြည့်သည်။ထိုအမျိုးသမီး​၏ အင်္ကျီရင်ဘတ်ညာဘက်ထောင့်၌ "စာကြည့်တိုက်မှူး"ဆိုသည့်တံဆိပ်လေးရှိနေတာဖြစ်ပြီးထိုအမျိုးသမီးကဝမ်ရိပေါ်​၏တည်ရှိနေမှုကိုပင်သတိမမူဘဲရှောင်းကျန့်ကိုမြင်တော့အံ့ဩခြင်းများ၊ ပျော်ရွှင်ခြင်းများပြည့်နှက်နေသည့်အမူအရာဖြင့်...

"ဟယ် ကို လားဟင်..."

လွမ်းဆွတ်တမ်းတခြင်းတွေဖြင့်လှိုင်းထနေသည့် မေလင်း​၏ အမေးကို ရှောင်းကျန့်ကလည်း အောက်မေ့ခြင်းတွေရောထွေးနေသော အကြည့်များဖြင့်...

"အင်း ဟုတ်တယ် မေ..."

"နေကောင်းရဲ့လား ကို...ဒီကြားထဲအဆက်အသွယ်တွေက ပြတ်သွားလိုက်တာ...ကိုနဲ့မေနဲ့ နောက်ဆုံးအတူရှိခဲ့တာ ကို့ရဲ့ မွေးနေ့ညကဆိုတော့ ငါးနှစ်ခွဲကျော် ခြောက်နှစ်နီးနီးတောင်ရှိပြီပဲနော်...ကိုသိလား မေ့မှာလေ လေးနှစ်ခွဲကျော် သမီးလေးတစ်ယောက်ရှိတယ်..."

မေလင်း​၏စကားကြောင့် ရှောင်းကျန့်စိတ်လှုပ်ရှားသွားဟန်ဖြင့်...

"ဟုတ်လား မေ...သမီးလေးနာမည်ကဘာတဲ့လဲ..."

"မေးရက်လိုက်တာ ကိုရယ်...သမီးလေးနာမည်က ရှောင်းမေတဲ့..."

"ဝုန်း...! "

"အွန့်...အွင်း..."

"ဟဲ့...ဟဲ့...လူတွေရှိတယ်လေ...ငါက နောက်နေတာပါရိပေါ်ရယ်...ငါ့မှာလည်း ယောကျာ်းနဲ့လသားအရွယ်သမီးလေးရှိနေပါပြီဟဲ့...အခုမှစချစ်ဖူးတဲ့လူတစ်ယောက်လိုအရမ်းတွေလာသည်းပြမနေစမ်းပါနဲ့ဟာ..."

"ဟုတ်တယ်...ကျွန်တော်သည်းတော့ ခင်ဗျားကဘာဖြစ်ချင်လဲ..."

ခုနက ကောင်တာရှေ့မှာပင် ရှောင်းကျန့်ကိုဖက်နမ်းလိုက်သည့် ဝမ်ရိပေါ်က သူ့ကိုလက်ညိုးထိုးပြီးပြောနေသည့်အခါ မေလင်းကကြောက်သွားသည့်ဟန်တုန်တုန်ခိုက်ခိုက် ရယ်သံတစ်ဝက်ဖြင့်...

"မေ ကြောက်လိုက်တာ ကို ရယ်~~"

"ကိုယ်လည်း ကြောက်တယ်..."

ဒေါသကြောင့်အနည်းငယ်နီနေသော ဝမ်ရိပေါ်​၏ပါး
ပြင်ကိုရှောင်းကျန့်ဖွဖွလေးပွတ်သပ်ပေးလိုက်ပြီးနောက်မျက်လုံးတစ်ချက်မှိတ်ပြလိုက်ကာ...

"သူလေး ငြိုငြင်မှာကို..."

ကောင်တာမှာပင် နေကြာပန်းတွေလှိုင်လှိုင်ထပွင့်တော့မလို အကြည့်ချင်းဆိုင်နေသည့်မြင်ကွင်းကြောင့်မဆီမဆိုင် ဝမ်းဗိုက်ထဲလိပ်ပြာတွေဖြတ်ပြေးသွားသည့် မေလင်းက လည်ဂုတ်ကိုအသာလေးပွတ်ကာ ချောင်းတစ်ချက်ဟန့်လိုက်သည်။ ထို့နောက် သူ့အင်္ကျီအိတ်ကပ်ထဲမှ သော့ကတ်လေးကိုထုတ်ယူပြီး...

"ရော့ ဒီမှာ သော့ကတ်...ပြန်ရင် ဟို Locker ထဲမှာထည့်ခဲ့...အဲ့ Locker မေ ဆက်သုံးသေးတယ် password ကတော့ အတူတူပဲ...တစ်ခုပဲ ကိုတို့စာကြည့်တိုက်ထဲမှာလုပ်ချင်ရာလုပ်တာ ကိစ္စမရှိပေမယ့် လုံခြုံရေးတော့မမိစေနဲ့နော်..."

ရှောင်းကျန့်သူ့ဖုန်းကိုထုတ်ကြည့်လိုက်တော့ ညနေ ငါးနာရီပဲရှိသေးသည့်အခါ...

"မေ က အခုပြန်တော့မလို့လား..."

"အင်း ဟုတ်တယ် ကို...မေ့မှာ မိသားစုရှိလာပြီဆိုတော့ အရင်လို ည ၁၀ နာရီထိ အလုပ်လုပ်လို့မရတော့ဘူး...သူ့တို့ကိုလည်း အချိန်ပေးရဦးမယ်..."

"မေက ဒီတစ်လျှောက်လုံး စာကြည့်တိုက်မှာပဲအလုပ်လုပ်တာလား...အပြင်အလုပ်တွေရော လုပ်ဖို့စဉ်းစားသေးလား စီးပွားရေးဘွဲ့လည်းကိုင်ထားတာဆိုတော့ ကုမ္ပဏီတစ်ခုခုမှာအလုပ်လုပ်ဖို့စိတ်ကူးရှိတယ်ဆိုရင် ကိုယ့်ကိုအချိန်မရွေးပဲဆက်သွယ်လိုက်ပါ..."

"မေ အရင်တုန်းက ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်သေးတယ်...တစ်လလောက်ပဲလုပ်ပြီးတော့စာကြည့်တိုက်ကိုလွမ်းလွန်းလို့ ပြန်လာတာ...အရင်စာကြည့်တိုက်မှူးလည်း ကျန်းမာရေးအရပြီးခဲ့တဲ့နှစ်တုန်းက ပင်စင်ယူသွားလို့အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ မေက သူ့နေရာယူဖို့ဖြစ်လာရတော့တာပါပဲ...ကဲ အဲ့တာဆိုမေပြန်တော့မယ်...ကလေးကို သူများလက်ထဲအကြာကြီးထိန်းခိုင်းရင် မကောင်းဘူးလေနော်..."

"ကောင်းပါပြီ မေ..."

ပစ္စည်းပစ္စယများကို လက်ကိုင်အိတ်အတွင်းသို့သိမ်းဆည်းပြီးသည့် မေလင်းက စာကြည့်တိုက်အပြင်ကိုထွက်သွားသည့်အခါ ဝမ်ရိပေါ်​၏လက်ကို ရှောင်းကျန့်ကိုင်ဖို့လုပ်လိုက်လျှင်ပဲပုတ်ထုတ်ခြင်းခံလိုက်ရသည်။မိုးပြိုတော့မလိုမည်းမှောင်နေသည့် မျက်နှာနဲ့သူ့ဘေးကထွက်သွားသည့်ဝမ်ရိပေါ်​နောက်သို့ ရှောင်းကျန့်ပြေးလိုက်သွား​၏။

"ခွေးပေါက်လေး..."

"ခွေးပေါက်လေးလို့..."

"ခွေးပေါက်လေး ကိုယ့်ကိုကြည့်ပါဦး..."

ကျောင်းဝန်းထဲမှ ချက်ချင်းပြန်ထွက်တော့မည့်ဝမ်ရိပေါ်ကို ရှောင်းကျန့်အတင်းပြန်ဆွဲထားရတာဖြစ်ပြီး ၊ ညနေ ငါးနာရီကျော်ကတည်းက ထိုင်ချော့နေသည်မှာ စာကြည့်တိုက်ပိတ်ချိန် ည ၁၀ နာရီသို့ပင်ရောက်လို့လာခဲ့ပြီဖြစ်​၏။

"စာကြည့်တိုက်ထဲသွားကြရအောင်လေ ခွေးပေါက် လေး..."

ဝမ်ရိပေါ်စကားတစ်ခွန်းမှပြန်မပြောဘဲ ရှောင်းကျန့်ကိုကြည့်သည်။ ခြေလှမ်းတို့က စာကြည့်တိုက်ဘက်သို့ဦးတည်လိုက်ပြီဖြစ်တာကြောင့် ရှောင်းကျန့်ပြုံးလိုက်ပြီး ဝမ်ရိပေါ်နဲ့ခပ်ခွာခွာလေးမှလိုက်လို့သွား​၏။တစ်လမ်းလုံးတိတ်ဆိတ်လို့နေတာကြောင့် ရှောင်းကျန့်ကမနေတတ်စွာ...

"ကိုယ့်ကို စိတ်ဆိုးနေတာလား..."

"....."

"ကိုယ့်ကို တကယ်ကြီးစိတ်ဆိုးနေတာလား..."

စာကြည့်တိုက်အပေါ်ဆုံးသို့သွားသည့် လှေကားထစ်များ၌ အရှေ့မှတက်နေသော ဝမ်ရိပေါ်က အနောက်သို့ပြန်လှည့်လိုက်ကာ...

"ကိုတွေ မေတွေ ဆိုတဲ့ အသုံးအနှုန်းတွေက ကျွန် တော့်နားထဲမှာ အရမ်းနားထောင်လို့ကောင်းနေတယ် လို့ ထင်လို့လား...ဘာအကန့်မှမရှိခဲ့ဖူးတာသိပေမယ့် ကျွန်တော်ရှေ့မှာ ဟိုလိုလိုဒီလိုလိုစကားတွေပြောနေကြတာ အဆင်မပြေဘူး ရှောင်းကျန့်..."

"ကိုယ်တို့က ခွေးပေါက်လေးစိတ်ဆိုးတတ်မှန်းသိလို့ နောက်လိုက်တာပါ..."

"ကိုယ်တို့ လို့ဆိုပြီး မသုံးနှုန်းစမ်းပါနဲ့...ကိုယ်တို့ဆိုတာ ကျွန်တော်နဲ့ရှောင်းကျန့်နှစ်ယောက်အတွက်ပဲ ရည်ညွှန်းသုံးနှုန်းရမယ်ဆိုတာမသိလို့လား..."

"အင်းပါ...ကိုယ်နောက်တစ်ခါ ဘယ်သောအခါမှခွေးပေါက်လေးကို မစနောက်တော့ပါဘူး..."

ကတိစကားပြောလာသည့်ရှောင်းကျန့်ကို ဝမ်ရိပေါ်စိတ်မပြေနိုင်သေးစွာဖြင့် မျက်နှာလွှဲကာအရှေ့ကနေဆက်သွားလိုက်​၏။ ကိုယ့်ဒေါသနဲ့ကိုယ် ရှောင်းကျန့်ကိုမစောင့်ဘဲ တက်လာသည့် ဝမ်ရိပေါ်က စာကြည့်တိုက်အပေါ်ဆုံးထပ်သို့ရောက်သွားလျှင်ပဲဖုန်းမီးရောင်ဖြင့်အနောက်သို့ထိုးကြည့်လိုက်သည်။

ခုနတုန်းကအထိတောင် သူ့အနောက်လိုက်လာသည့်ခြေသံများကြားခဲ့ရတာဖြစ်ပြီး လူကိုတော့မတွေ့သည့်အခါ ဝမ်ရိပေါ်မျက်မှောင်ကြုတ်ကာ အသံပေးခေါ် လိုက်သည်။

"ရှောင်းကျန့်..."

"....."

"ရှောင်းကျန့်..."

"....."

"ကျွန်တော် ခေါ်နေတယ်လေ ရှောင်းကျန့်..."

သုံးလေးခါလောက်ခေါ်နေသော်လည်းရှောင်းကျန့်ဘက်မှ ပြန်ထူးသံမကြားရသည့်အခါ ဝမ်ရိပေါ်စိုးရိမ်စိတ်ဝင်လာကာ အနောက်သို့ပြန်လျှောက်ပြီးရှာမည်အလုပ်...

"ဝါး...!!!! "

အကွယ်တစ်ခုမှာ မှောင်ရိပ်ခိုပြီးထွက်လာသည့် ရှောင်းကျန့်က ခြောက်လှန့်လိုက်တာကြောင့်ကြမ်းပြင်ထက်သို့ ဝမ်ရိပေါ်ထိုင်လျက်ကျသွား​၏။

"ဟား...ဟား...ဟား..."

သူ့ဟာသူခြောက်ပြီး သူ့ဟာသူသဘောကျနေသည့် ရှောင်းကျန့်က တဟားဟား ရယ်ကာ ကြမ်းပြင်ပေါ် ရောက်နေသည့် ဝမ်ရိပေါ်ကိုဆွဲထူပြီးဖုန်များခါပေးလိုက်​၏။ မတ်တပ်အနေအထားပြန်ဖြစ်လို့သွားသည့်ဝမ်ရိပေါ်က ရှောင်းကျန့်ကိုရှုတည်တည်ကြည့်ကာ...

"အဲ့လိုစနောက်မှုက ပျော်စရာမကောင်းဘူးလေ ရှောင်းကျန့်...ခုနတုန်းကပဲ ကတိပေးခဲ့တာမဟုတ်ဘူးလား..."

"အင်းပါ ကိုယ်မှားပါတယ် ဒူးထောက်တောင်းပန်ရမလားဟင်..."

"ကျွန်တော် အတည်ပြောနေတာ..."

"ကိုယ်လည်းအတည်ပြောနေတာပါ...ဟား..."

"ဆိုးလွန်းတဲ့ရှောင်းကျန့်ကိုဒီတိုင်းလွှတ်ထားပေးလို့မရတော့ဘူးပဲ..."

သက်ပြင်းခပ်ပြတ်ပြတ်ချကာပြောပြီးသည်နှင့်ရှောင်းကျန့်​၏ခါးကိုဝမ်ရိပေါ်လှမ်းဆွဲလိုက်ပြီး လည်ဂုတ်ကိုထိန်းကိုင်၍နှုတ်ခမ်းချင်းထိကပ်လိုက်သည်။ဝမ်ရိပေါ်​၏ ပြင်းရှလွန်းသည့်အနမ်းများကိုရှောင်းကျန့်ဘက်မှမက်မက်မောမောပြန်လည်ဦးဆောင်တုံ့ပြန်ဖို့ကြိုးစားလိုက်သည့်အခါ ဝမ်ရိပေါ်က လွှမ်းမိုးမခံဘဲ ရှောင်းကျန့်​၏ အောက်နှုတ်ခမ်းထောင့်ကိုခပ်နက်နက်ကိုက်ချလိုက်သည်။

သွေးစို့လို့သွားသည့် နှုတ်ခမ်းကြောင့် ရှောင်းကျန့်တစ်ချက်ရုန်းလိုက်သလိုဖြစ်သွားသည့်အခါ ဝမ်ရိပေါ်က တင်းကြပ်နေအောင်ပြန်ချုပ်လိုက်ပြီး ရှောင်းကျန့်​၏ကျောပြင်ကို အနီးမှာရှိသည့်စာအုပ်စင်နဲ့ကပ်လိုက်​၏။ပွန်းပဲ့လို့နေသည့်နှုတ်ခမ်းထောင့်ကိုပဲထပ်ခါထပ်ခါထိတွေ့ခံနေရမှုကြောင့် ရှောင်းကျန့် break တစ်ခုလိုနေပြီဖြစ်သည့်အခါ ဝမ်ရိပေါ်​၏လက်မောင်းကိုခပ်ဖွဖွလေးပုတ်လိုက်သည်။

ရှောင်းကျန့်​၏တောင်းဆိုနေမှုကို မသိချင်ယောင်ဆောင်ထားသည့် ဝမ်ရိပေါ်က ပိုတိုး၍သာထပ်ထိတွေ့လိုက် လျှင်ပင် အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စာအုပ်စင်ပေါ်မှ စာအုပ်များတစ်အုပ်ပြီးတစ်အုပ်ပြုတ်ကျလို့သွား​၏။

"ရှပ်...ရှပ်...ရှပ်..."

ထိုစဉ်အပြင်ဘက်မှ ခြေသံများနှင့်အတူထိုးဖောက်ဝင်ရောက်လို့လာသည့် မီးရောင် တစ်ခုကြောင့် နှစ်ဦးသားတဒင်္ဂငြိမ်သက်လို့သွားသည်။

သို့သော် မီးရောင်က သူတို့ရှိရာဘက်ကို တိုက်ရိုက်ကျလာခြင်းမဟုတ်ဘဲ တခြားဖက်သို့သွေဖယ်လို့သွားသည့်အခါလူတွေမမြင်နိုင်သည့်ထောင့်နေရာတစ်ခုသို့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ဆွဲခေါ်သွားကာ ရပ်တန့်ခဲ့သည့်အနမ်းများကိုပြန်ဆက်ဖို့လုပ်သည်။ထိုအခါဝမ်ရိပေါ်ကို ရှောင်းကျန့်လက်တစ်ဖက်ဖြင့်တွန်းကာလိုက် ပြီး...

"ကိုယ်မှားပါတယ် ကိုယ်မှားတာကိုယ်သိပါပြီ...အဲ့တာကြောင့်..."

အသံရှူခွင့်တစ်ချက်ပင်မရ နမ်းရှိုက်ခံခဲ့ရတာကြောင့်မောဟိုက်လို့နေသည့် ရှောင်းကျန့်ကတော်တော်နဲ့ဆက်မပြောနိုင်သေးဘဲအသက်ဝဝရှူလိုက်ပြီးမှ...

"အဲ့တာကြောင့် ဆက်မနမ်းပါနဲ့တော့လို့တောင်းဆိုမယ်ထင်နေလား...ဟက်..."

အပြင်ဘက်မှာလုံခြုံရေးတစ်ဦး ကင်းလှည့်နေသည် ကို သိသော်လည်း အသည်းတအေးအေးခံစားချက်ကိုပိုနှစ်ခြိုက်သည့် ရှောင်းကျန့်က ဝမ်ရိပေါ်​၏ရှပ်အင်္ကျီကြယ်သီးများအပေါ်သို့လက်ချောင်းများတင်လိုက်သည်။ ရှောင်းကျန့်​၏အပြုအမူကြောင့် ဝမ်ရိပေါ်မင် သက်လို့သွားကာ သူ့ကြယ်သီးများကိုဖြုတ်နေသည့် ရှောင်းကျန့်​၏လက်များကိုတားလိုက်ပြီး...

"ရှောင်းကျန့် ကျွန်တော်တို့ရောက်နေတာ စာကြည့်တိုက်..."

ရှောင်းကျန့်ဂရုမစိုက်ဟန် နှုတ်ခမ်းထောင့်များကိုကွေးညွတ်လိုက်​၏။

"စာကြည့်တိုက်ထဲရောက်နေမှန်း ခွေးပေါက်လေးကအခုမှသိတာလား..."

"မဟုတ်ဘူး ကျွန်တော်ပြောတာက ဒီလိုနေရာမျိုးမှာ မသင့်တော်ဘူး..."

"ဘာကို မသင့်တော်တာလဲ..."

"အချိန်မရွေးလူမိသွားနိုင်တဲ့နေရာမှာ လူမြင်ခံလို့မရတဲ့ကိစ္စတွေလုပ်ဖို့ မသင့်တော်ဘူးပြောတာ..."

"လူမြင်ခံလို့မရတဲ့ကိစ္စဆိုတာ ဘာကိုပြောတာလဲ...ခွေးပေါက်လေးကရောဘာတွေတွေးနေတာလဲ..."

အင်္ကျီကြယ်သီးတွေပြန်တပ်ပေးရင်းရယ်စစနဲ့ပြောနေသည့် ရှောင်းကျန့်က တမင်တကာနေမထိထိုင်မသာဖြစ်အောင် လုပ်ပြီးမှ နှစ်ကျပ်ကွက်နင်းသွားပြီဆိုတာ ဝမ်ရိပေါ်သိလိုက်ရသည့်အခါ...

"ဘာမှမဟုတ်ပါဘူး...ကျွန်တော်တို့ ပြုတ်ကျသွားတဲ့စာအုပ်တွေကို သေချာပြန်တင်ပေးကြရအောင်..."

"ဪ...ဪ...ခွေးပေါက်လေးပြောတဲ့ လူမြင်ခံလို့မရတဲ့ကိစ္စဆိုတာ စာအုပ်ပြန်စီတာကိုပြောတာလား..."

ရိသဲ့သဲ့စကားတွေသာလိုက်ပြောနေပြီး ပြီးရင်ဘာမှဟုတ်မှာလည်း မဟုတ်သည့် ရှောင်းကျန့်ကြောင့်ဝမ်ရိပေါ် ခေါင်းသာအသာခါရမ်းလိုက်ပြီးကြမ်းပြင်ပေါ်ကျလို့နေသည့် စာအုပ်များကို သူနံပါတ်နဲ့သူအသေအချာပြန်စီစစ်ပြီး နေရာမှာပြန်ထားပေးလိုက်​၏။ပြီးလျှင် တော့ သူရှိရာဘက် သို့ဖုန်းမီးထိုးပြကာစားပွဲတစ်ခုပေါ်တက်ထိုင်နေသည့်ရှောင်းကျန့်ဆီသို့လျှောက်လို့သွားသည်။တွဲလောင်းချလို့ထားသည့်ရှောင်းကျန့်​၏ခြေထောက်များအား သူ့ခါးပေါ်ချိတ်တွယ်စေ၍...

"လုပ်ချင်ရာလုပ်ရတော့ ပျော်ရဲ့လားရှောင်းကျန့်..."

ရှောင်းကျန့်ခေါင်းညိတ်ပြသည်။

"လုပ်ချင်တာကို ခွေးပေါက်လေးနဲ့အတူတူလုပ်ရလို့ပိုပျော်တယ်..."

"ဟုတ်ပါပြီ...ဒီမှာ ခဏလေးထိုင်နေဦးနော် ကျွန်တော် ရှောင်းကျန့်ကိုအမှတ်တရလုပ်ပေးစရာလေးရှိတယ်..."

"ဘာလေးလဲ..."

"ဟင့်အင်း မပြောသေးဘူး...ဟိုးအရင် ရှောင်းကျန့်စာလုပ်နေကျစားပွဲက ဘယ်တစ်ခုလဲ..."

ဝမ်ရိပေါ်ဘာလုပ်မယ်မှန်းရှောင်းကျန့်မသိသော်လည်းထောင့်ဆုံးမှာရှိသည့် စားပွဲခုံလေးတစ်ခုဘက်သို့လက် ညိုးထိုးပြလိုက်သည်။ထိုအခါ ဝမ်ရိပေါ် က ဖုန်းမီးဖွင့်ကာ ဟိုရှာဒီရှာလုပ်နေပြီးမှ ထောက်စူးချွန်လိုအရာလေးတစ်ခုကိုတွေ့သည့်အခါ ရှောင်းကျန့်လက်ညိုးထိုးပြခဲ့သော စားပွဲခုံလေးဘက်သို့လျှောက်သွား​၏။

ထိုစားပွဲခုံလေး၌ ဖုန်းမီးဖွင့်ရင်း ဝမ်ရိပေါ်တစ်ခုခုလုပ်နေသည်မှာ ငါးမိနစ်ခန့်ရှိနေပြီဖြစ်သည့်အခါ ဝမ်ရိပေါ်ထိုင်ခိုင်းခဲ့သည့်နေရာမှာထိုင်နေဆဲဖြစ်နေသည့်ရှောင်းကျန့်က သိချင်စိတ်ကြောင့်လှမ်းမေးလိုက်သည်။

"ခွေးပေါက်လေး ဘာလုပ်နေတာလဲ ကိုယ်ရော အတူတူလာကြည့်လို့ရလား..."

"မလာနဲ့ မလာသေးနဲ့...ပြီးတော့မှာ...ပြီးတာနဲ့ကျွန်တော်ခေါ်လိုက်မယ်..."

ဝမ်ရိပေါ်ဘက်က အသည်းအသန်ငြင်းဆန်နေတာကြောင့် ရှောင်းကျန့်ခပ်သဲ့သဲ့ရယ်လိုက်မိပြီး စိတ်ရှည်ရှည်နဲ့ဆက်စောင့်လို့နေ​၏။ နောက်ထပ်ငါးမိနစ်ခန့်ကြာသွားသည့်အခါ မှာတော့...

"ရပြီ ရှောင်းကျန့်...ဒီကို လျှောက်လာခဲ့တော့..."

ရှောင်းကျန့် စိတ်လှုပ်ရှားမှုများဖြင့်ဝမ်ရိပေါ်ရှိရာသို့ လျှောက်သွား​၏။အနီးသို့ရောက်သွားသည့်အခါ၌ ဝမ်ရိပေါ်က စားပွဲခုံစောင်းနေရာလေးကိုလက်နဲ့အုပ် ထားတာဖြစ်ပြီး...

"အဆင်သင့်ဖြစ်ပြီလား..."

ရှောင်းကျန့် ခေါင်းညိတ်ပြလိုက်သည့်အခါမှာတော့ ဝမ်ရိပေါ် သူ့လက်ကိုဖြည်းဖြည်းချင်းဖယ်လိုက်သည်။ စားပွဲခုံစောင်းလေးကလွဲလို့ဘယ်နေရာကိုမှ မကြည့်မိတော့သည့် ရှောင်းကျန့်က မျက်ဝန်းအိမ်ထဲမျက်ရည် စတချို့ဝဲတက်လာကာ ဝမ်ရိပေါ်ကိုသိုင်းဖက်လိုက်​သည်။

"သိပ်ချစ်တယ် ခွေးပေါက်လေး~~"

ရှောင်းကျန့်​၏မျက်ရည်စများပါးပြင်ထက်ကျလာမည်ကိုမလိုလားသည့်အခါ ဝမ်ရိပေါ်ရှောင်းကျန့်နှင့် မျက်နှာချင်းဆိုင်ပြီး နူးညံ့သောအနမ်းများဖြင့် အာရုံလွှဲလိုက်​သည်။ဝမ်ရိပေါ်​၏အနမ်းများကိုရှောင်းကျန့်ပြန် တုံ့ပြန်လို့နေရင်း စားပွဲခုံစောင်းထက် ထောက်စူးချွန်ဖြင့်ရေးထွင်းလို့ထားသည့် စာလုံးလေးများကိုလက်ချောင်းထိပ်များဖြင့် တစ်လုံးချင်းဖွဖွလေးစမ်းလို့နေသည်။

တစ်လုံးချင်း​၏အဓိပ္ပာယ်ကိုအထပ်ထပ်မြင်ယောင်မိရင်း ရင်ထဲလွှမ်းမိုးလို့လာသည့် ခံစားချက်များအား ထိန်းချုပ်ဖို့ခက်လာသည့်အခါမှာတော့နှစ်သိမ့်အနမ်းများခံနေလျက်ပင်ရှောင်းကျန့်​၏မျက်ရည် များ ပါးပြင်ထက်စီးကျလာတော့​၏။

တစ်လောကလုံးနဲ့မတူစွာ သူ့အပေါ်ထားရှိတဲ့တစ်ယောက်သောသူရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေးက...

T.O.X.I.C= The Only Xiao I Cherish


You are reading the story above: TeenFic.Net

#random