အပိုင်း(၃၇) Unicode

Background color
Font
Font size
Line height

ဟိုးအစကတည်းကနေ အခုချိန်ထိ ရှောင်းကျန့်ချစ် တာ သူတစ်ယောက်တည်းဆိုတာသိခဲ့ရသည့် ဝမ်ရိပေါ်က အပျော်တွေပြည့်နှက်နေတာကြောင့် မနက် ၄ နာရီလောက်မှ အိပ်ပျော်သွားပြီး မနက် ၇ နာရီတွင် ပြန်နိုးလို့လာသည်။

နေရောင်နွေးနွေးထွက်ပြူစမှာဝမ်ရိပေါ်အိပ်ရာပေါ်မှမဆင်းသေးဘဲ ခန္ဓာကိုယ်ကိုဘေးတစောင်းအနေအထားပြုလုပ်၍ ထောက်ထားသည့်လက်ပေါ်ခေါင်းမှေးတင်ကာ အခုထက်ထိအိပ်မောကျနေသူအား တစိမ့်စိမ့်ကြည့်လို့နေ​၏။

မီးခိုးရောင်ဆံပင်ဖျားလေးတွေကနေ ဟိုးခြေဖဝါးပေါ်က ခြေခဏာလေးတွေထိ သူတစ်ဦးတည်းနဲ့ပဲဆိုင်သည်ဟုတွေးမိလိုက်တော့ ကြည်နူးစိတ်ကြောင့် ရင်ထဲတသိမ့်သိမ့်ဖြစ်နေမှုကတားမရဆီးမရ။

ဝမ်ရိပေါ် ငြိမ်ငြိမ်လေးစောင့်လို့နေရင်း အချိန်တွေတရွေ့ရွေ့ကုန်လာကာ မနက် ၉ နာရီရောက်လာသည့်အခါ အိပ်မောကျနေသူအစာလွန်မည်စိုး၍ နှိုးဖို့ဆုံးဖြတ်လိုက်သည်။ဘယ်ကနေစပြီး နှိုးရမှန်းမသိဝေခွဲရခက်နေရင်း နဖူးပြင်ပေါ်သို့ အနမ်းဖွဖွလေးတစ်ခုစပေးလိုက်​၏။ဒီလောက်လေးနဲ့တော့ နိုးမလာမှန်းသိသည့် အခါ နှာဖျားလေးကို သွားနဲ့ကိုက်ကြည့်လိုက်သည်။

နှာတံအရင်းလေးသာ တွန့်ကနဲဖြစ်သွားသည့်သူက တစ်ချက်လေးတောင် မျက်စိဖွင့်မကြည့်လာသည့်အခါ ကမ္ဘာပေါ်မှာကာလနဂါးပြီးရင် နှိုးရအခက်ဆုံးက ရှောင်းကျန့်ဖြစ်သည်ဟုတွေးလိုက်မိသည့်ဝမ်ရိပေါ်ကခပ်တိုးတိုးရယ်လိုက်သည်။

"ရှောင်းကျန့်..."

ပုခုံးကိုအနည်းငယ်လှုပ်ရမ်းပြီးနိုးလိုက်တော့ "အင့်" ဆိုသည့် အသံလေးသာထွက်လာသည့်ရှောင်းကျန့်ကပြန်အိပ်ပျော်သွားသည်။

"ကျွန်တော့ နှလုံးသားလေး ကလည်း ထတော့လေဗျာ..."

ထိုအခါမှပိုဆိုး​၏။ဘယ်သူ့ကိုခေါ်မှန်းမသိသည့်ရှောင်းကျန့်က တုတ်တုတ်ပင်မလှုပ်လာတော့သည့်အခါဝမ်ရိပေါ်နည်းပြောင်းဖို့ကြိုးစားလိုက်သည်။ထို့ကြောင့်ရှောင်းကျန့်​၏ပါးပြင်တွေကို လက်နှစ်ဖက်ဖြင့်ဆွဲဖျစ်ညစ်သည်။သူ့လက်တွေပုတ်ထုတ်ခြင်းခံလိုက်ရပြန်တော့အလျော့မပေးစွာဖြင့် ရှောင်းကျန့်​ဝတ်ထားသည့် ရှပ်အင်္ကျီအောက်ထဲလက်လျှိုသွင်း၍ခါးနေရာလေးကိုယားအောင်လုပ်လိုက်သည့်အခါ...

"ဘာဖြစ်နေတာလဲကွာ အိပ်နေတာမမြင်ဘူးလား...! "

ရှောင်းကျန့်ကိုနှိုးဖို့ကြိုးစားနေသည့် ဝမ်ရိပေါ်​၏လှုပ်ရှားမှုများရပ်တန့်သွားသည်။

"ကျွန်တော်က ရှောင်းကျန့်မနက်စာစားချိန်အရမ်းနောက်ကျသွားမှာစိုးလို့ပါ..."

အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်ပြန်လည်အိပ်ပျော်တော့မည့် ရှောင်းကျန့်က ဝမ်ရိပေါ်​၏အသံဖျော့ဖျော့ကိုနားထဲသဲ့သဲ့ကြားလိုက်တာကြောင့်အသိစိတ်ဝင်လာကာထိပ်ပျာသွားပြီးငေါက်ကနဲထထိုင်လိုက်သည်။

"ကိုယ်ထပြီ...ကိုယ်ထပြီနော်...ကိုယ်ကခွေးပေါက် လေးကိုအော်တာမဟုတ်ဘူးနော်..."

ချော့မြှူခြင်းများပြည့်နှက်စွာဖြင့်ဝမ်ရိပေါ်​၏ဆံပင်များကိုရှောင်းကျန့်ထိုးဖွပေးနေသော်လည်းအိပ်ချင်စိတ်ကြောင့်တစ်ချက်တစ်ချက်ခန္ဓာကိုယ်ကယိုင်လို့သွားသည့်အခါ ရှောင်းကျန့်​၏ပုခုံးနှစ်ဖက်ကိုဝမ်ရိပေါ်ဆုပ်ကိုင်လိုက်ပြီး အိပ်ရာပေါ်ပြန်လှဲစေလိုက်​၏။

"အိပ်ရေးမဝသေးရင်လည်း ရှောင်းကျန့် ခဏလောက် ဆက်အိပ်နေလိုက်ဦး... မနက်စာမှာပြီး ရောက်လာတဲ့အချိန်မှပြန်နှိုးလိုက်မယ်..."

နှစ်ခါတောင်မပြောလိုက်ရဘဲချက်ချင်းပင်ပြန်အိပ် ပျော်သွားသည့် ရှောင်းကျန့်ကို နဖူးပေါ်အနမ်းတစ်ချက် ပေး၍ စောင်သေချာခြုံပေးခဲ့ကာဝမ်ရိပေါ်အိပ်ရာပေါ်မှဆင်းလိုက်သည်။မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် အိမ်ရှေ့သို့ထွက်လာပြီး ဧည့်ခန်း၌ ဟိုတစ်စဒီတစ်စဖြစ်နေသော ဘီယာဘူးခွံလေးများကိုကောက်ယူသိမ်းဆည်း၍ အမှိုက်ပုံးထဲသေချာထည့်ကာ ရှင်းသင့်တာများရှင်းပေးလိုက်​၏။

စီးကရက်ပြာများပြန့်ကျဲလို့နေသည့် ထမင်းစားခန်းထဲမှ စားပွဲမျက်နှာပြင်ကိုလည်း ရေစိုဝတ်များဖြင့်တိုက်ပေးလိုက်ပြီးနောက်ဟိုလုပ်ဒီလုပ်ဖြင့်ရေဆာလာသည့်အခါ ရေခဲသေတ္တာတံခါးကိုဖွင့်လိုက်သည်။လူတစ် ရပ်စာရေခဲသေတ္တာထဲ၌ ဘီယာဘူးများမှလွဲ၍ ရေသန့် ဘူးများ တစ်ဘူးတစ်လေတောင်ရှိမနေသည့် အခါ ဝမ်ရိပေါ်သက်ပြင်းချလိုက်​၏။

ဒီအတောအတွင်းရှောင်းကျန့်ဘယ်လိုများနေထိုင်နေတာလဲ။

ဝမ်ရိပေါ် မနက်စာ အစားအသောက်များနှင့်အတူ ရေသန့်ဘူးတစ်ကတ်ကိုလည်း online ပေါ်မှမှာလိုက်ပြီးနောက် delivery သမားရောက်မလာခင်ရှောင်းကျန့်နိုးလာရင် ရေသောက်ချင်သောက်လို့ရအောင် မီးဖိုချောင်ဘေစင်ရေပိုက်ခေါင်းမှရေကို ရေနွေးကြိုလိုက်ပြီးနောက် ရေခဲသေတ္တာထဲအအေးခံပေးထားလိုက်​၏။

"တင်းတောင်..."

တစ်နာရီခန့်ကြာသည့်အခါ အိမ်တံခါးဘဲလ်တီးသံကိုကြားလိုက်ရပြီး မှာထားသည့်ပစ္စည်းများရောက်လာသည့်အခါ ဝမ်ရိပေါ်ထွက်ယူ၍ အစားအသောက်များကို ထမင်းစားစားပွဲပေါ်တွင်ခင်းကျင်းသည်။အကုန်လုံးအဆင်သင့်ဖြစ်သွားသည်နှင့်ရှောင်းကျန့်ကို နှိုးဖို့အတွက် အိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။

အိပ်ခန်းထဲရောက်သည့်အခါ ရှောင်းကျန့်ကိုအိပ်ရာပေါ်၌ မတွေ့တာကြောင့် ဝမ်ရိပေါ် စဉ်းစားရခက်သွားပြီး ရေချိုးခန်းထဲဝင်ကြည့်ဖို့လုပ်လိုက်စဉ် အိပ်ခန်းနှင့်ဆက်နေသည့် ဝရံတာဘက်မှာ တစ်ခုခုလုပ်နေသည့်ရှောင်းကျန့်ကိုတွေ့လိုက်ရပြီး...

"ဘာလုပ်နေတာလဲ ရှောင်းကျန့်..."

ဝမ်ရိပေါ်အသံကိုကြားလိုက်သည့်ရှောင်းကျန့်က ခန္ဓာကိုယ်ဆတ်ကနဲဖြစ်သွားပြီး ထိုဝရံတာဘက်မှ အိပ်ခန်းဘက်သို့ အမြန်ပြေးဝင်လာကာ ဝရံတာနှင့်အိပ်ခန်းကိုခြားထားသည့် တံခါးကိုပိတ်လိုက်သည်။ထို့နောက်လက်ထဲကိုင်ထားသည့်အရာကိုလည်း လက်နောက်ပြန်ထားပြီး ဖွက်လိုက်တာကြောင့်...

"ဘာဖွက်လိုက်တာလဲ..."

ဝမ်ရိပေါ်​၏ အမေးကို ဘာမှမဟုတ်ကြောင်းခေါင်းခါပြကာ ရှောင်းကျန့်တုံ့ပြန်သည်။ သူ့အရှေ့တည့်တည့်မှာတစ်ခုခုကိုဖွက်လိုက်သည်ကိုမြင်သော်လည်းရှောင်းကျန့်ဘက်ကအတင်းငြင်းနေသည့်အခါ ရှောင်းကျန့်ဆီသို့ ဝမ်ရိပေါ်လျှောက်သွားလိုက်သည်။အနီးရောက်တော့ ​ရှောင်းကျန့်ကို ချုပ်လိုက်ပြီး ရှောင်းကျန့် ​၏လက်ထဲက အရာကို ဝမ်ရိပေါ်ဆွဲယူဖို့ကြိုးစားလိုက်သည်။

သူဆွဲငါဆွဲဖြင့် အပြန်အလှန်ရုန်းရင်းဆန်ခတ်ဖြစ်နေကြရင်းနှစ်ယောက်သားလုနေကြသည့် စက္ကူဘူးလေးက လက်ထဲမှလွတ်ကျသွားပြီး အဖုံးပွင့်ကာ ထိုဘူးလေးထဲရှိအရာများက အိပ်ခန်းကြမ်းပြင်တစ်လျှောက်ပြန့်ကျဲလို့သွား​၏။

ကြမ်းပြင် ပေါ်ရှိ အညိုရောင်အတုံးအခဲလေးတွေကဘာမှန်းဝမ်ရိပေါ်သိသွားသည့်အခါ ရှောင်းကျန့်ကိုအသာလေးတွန်းဖယ်ကာ ရှောင်းကျန့်ပိတ်ရပ်လို့နေခဲ့သည့် ဝရံတာဘက်ကတံခါးကို ဆွဲဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့် ဝမ်ရိပေါ် ဝရံတာထောင့်ကိုကြည့်လိုက်လျှင်ပဲ သူ့ကိုမျက်လုံးဝိုင်းလေးများဖြင့် ပြူးကြောင်ကြောင်ကြည့်နေသည့်အရာလေးကိုတွေ့လိုက်ရသည်။သစ်သားအိမ်သေးသေးလေး​၏အဝင်ဝလေးမှာ အစာခွက်ထဲမှ အညိုရောင်အစာတုံးလေးများကိုတောင် ဆက်မစားနိုင်ဘဲသူ့ကိုကြည့်နေသည့် ဖြူဖြူလုံးလုံးခွေးပေါက်စ သေးသေးလေးက တစ်ထွာအရွယ် အစားပင်မရှိ။

မြင်သူတိုင်းချစ်စရာလေးဟု သတ်မှတ်လို့သွားမည့် ခွေးပေါက်စလေးကို ဝမ်ရိပေါ် မကြည်ဖြူစွာကြည့်လို့နေရင်းမှ အနောက်သို့လှည့်ကာ ရှောင်းကျန့်ကို စိုက် ကြည့်လိုက်သည်။ရှောင်းကျန့်က ဝမ်ရိပေါ်ကိုပြန်မကြည့်ဘဲ အကြည့်များဟိုလွှဲဒီလွှဲလုပ်ပြီး "သူဘာမှမသိဘူး" ဆိုသည့်အဓိပ္ပာယ်ဖြင့် လည်ဂုတ်လေးကိုလက်နဲ့ပွတ်လို့နေ​၏။

"ရှောင်းကျန့်က ကျွန်တော်မကြိုက်တာတွေ အကုန်လုပ်ထားတာပဲ..."

"မဟုတ်ပါဘူး ကိုယ်က ဒီတိုင်းပဲ ခွေးပေါက်လေးကို လွမ်း..."

"ဘယ်ကတည်းကမွေးထားတာလဲ..."

"ဒီနေ့မှ ငါးရက်ပဲရှိသေးတယ်..."

အစားဆက်စားနေပြီဖြစ်သည့် ခွေးပေါက်စကို ဝမ်ရိပေါ် မနှစ်မြို့စွာခပ်ချဉ်ချဉ်ထပ်ကြည့်လိုက်ပြီးနောက်...

"လည်ပတ်တွေဘာတွေနဲ့ဆိုတော့ တော်တော်လေးကိုယုယုယယမွေးထားတာပဲနော်...အိပ်ရာပေါ်ကိုရော အတူတူခေါ်သိပ်သေးလား..."

"လည်ပတ်က ကိုယ်တပ်ပေးထားတာမဟုတ်ဘူး...အစကတည်းကပါတာ..."

"ဘယ်ခွေးရောင်းတဲ့ဆိုင်က လည်ပတ်တစ်ခါတည်းပတ်ပေးပြီး နာမည်စာလုံးတွေပါထွင်းပေးလို့လဲ..."

"ကိုယ်ခွေးရောင်းတဲ့ဆိုင်ကဝယ်လာခဲ့တာမှမဟုတ်တာ...ဒီတိုင်းပဲလမ်းမှာတွေ့လို့ကောက်လာတာ..."

ရှောင်းကျန့်စကားကိုနားမရှင်းသည့်ဝမ်ရိပေါ်က...

"ဘယ်ကကောက်လာတာ..."

"လမ်းပေါ်က..."

ဝမ်ရိပေါ်ရှင်းရှင်းလင်းလင်းကြားလိုက်သည့်အခါမှ...

"ဘာလို့လမ်းပေါ်တွေ့တဲ့ဟာတွေကိုကောက်လာတာလဲ...လည်ပတ်လည်းရှိနေတာကိုသူများအိမ်ကပျောက်သွားတဲ့ခွေးဖြစ်နိုင်တယ်လို့ရောမတွေးဘူးလား...အဲ့လို့လျှောက်ယူလာတော့ ပိုင်ရှင်တွေခေါင်းမီးတောက်နေမှာပေါ့..."

"ကိုယ်အဲ့လောက်ထိမတွေးမိခဲ့ဘူး...အဲ့တုန်းက ခွေးပေါက်လေးကို အရမ်းသတိရနေလွန်းလို့ ခွေးပေါက် လေးနဲ့တူတဲ့အကောင်လေးကို ကိုယ်ကောက်ချီလာတာ...ကိုယ့်ကိုစိတ်မဆိုးပါနဲ့နော်..."

​ပြောရင်းနှင့်မျက်သားတွေနီလို့လာသည့် ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် ရှေ့သို့တိုးလာကာ ရှောင်းကျန့်ကို ရင်ခွင်ထဲထည့်ဖက်လိုက်သည်။ မီးခိုးရောင်ဆံပင်လေးတွေကိုလည်းငုံ့နမ်းလိုက်ပြီးနူးညံ့စွာဖြင့်...

"ကျွန်တော်စိတ်မဆိုးပါဘူး...မနက်စာစားဖို့လုပ်တော့လေ...အရမ်းနောက်ကျရင်မကောင်းဘူး...ကျွန်တော် တို့ စားပြီးရင်အဲ့ခွေးလေးရဲ့ပိုင်ရှင်ကိုပြန်လိုက်ရှာပေးကြတာပေါ့...ဟုတ်ပြီလား..."

ရှောင်းကျန့်က ခေါင်းညိတ်ပြလာသည့်အခါ ရှောင်းကျန့်​၏လက်ကိုဝမ်ရိပေါ်ယှက်တွယ်ကိုင်ဆွဲ၍ ထမင်းစားခန်းသို့ခေါ်လာခဲ့​၏။ လိုအပ်သမျှ အကုန်အရိပ်တကြည့်ကြည့်လိုက်လုပ်ပေးနေရင်း စားသောက်ပြီးစီးသွားသည့်အချိန်၌ ခေတ္တခဏနားကြပြီး သောင်တင်နေသည့် ခွေးလေးကိုပိုင်ရှင်ပြန်လိုက်ရှာပေးဖို့ နှစ်ယောက်သားခြေဆန့်ခဲ့ကြသည်။

ထိုခွေးလေးကို ရှောင်းကျန့်ပွေ့ချီမှာ မလိုလားသည့် ဝမ်ရိပေါ်ကသူကိုယ်တိုင်လည်ဂုတ်မှကိုင်လာတာကြောင့်...

"ဂုတ်ကနေကိုင်ပြီးမချီနဲ့လေ...ခွေးလေးရဲ့အမွှေးတွေကျွတ်ကုန်မှာပေါ့..."

"သဘောတိုင်းဆို အမြီးကနေဇောက်ထိုးကိုင်ပြီးတွဲလောင်းခေါ်သွားချင်တာ"ဆိုပြီးဝမ်ရိပေါ်ပြောပစ်လိုက်ချင်သော်ငြား ရှောင်းကျန့်သဘောအတိုင်း အနေအထားပြောင်း၍ ချီပေးလိုက်သည်။လည်ပတ်နေရာအားလက်ဖြင့်ပွတ်ကာ ကစားနေရင်း အတိုကောက်နာမည်စာလုံးတွေကိုအာရုံရောက်သွားသည့်အခါ...

" J.B ဆိုတော့ ဘာနာမည်ဖြစ်မယ်ထင်လဲ ရှောင်းကျန့်..."

ဝမ်ရိပေါ်​၏ အမေးကို ရှောင်းကျန့်စဉ်းတောင်မစဉ်းစားဘဲ ထင်ရာပြောလိုက်သည်။

"James Bond? "

"သေနတ်တစ်လက်တပ်ပေးလိုက်ရမယ်ထင်တယ်... မဖြစ်နိုင်ဘူး..."

"Jerry Brownie ? "

"ခွေးက အဖြူရောင်လေးကို..."

"Jordan Bruno ? "

"Jacob Billy ? "

"ဟား...ဟား...နာမည်တွေ ကုန်ပြီလား ရှောင်းကျန့်..."

"ဟင့်အင်း ကျန်သေးတယ်..."

"Joseph Benedict ? "

"Jonas Briton ? "

ဖြစ်နိုင်ချေရှိသည့် နာမည်များကို ရှောင်းကျန့်ပြောချင်ရာပြောလိုက်၊ရှောင်းကျန့်ပြောသမျှကိုဝမ်ရိပေါ်ရယ်လိုက်ဖြင့် ထိုခွေးလေးအား ရှောင်းကျန့်ပထမဦးဆုံးတွေ့ခဲ့သည့် ပတ်ဝန်းကျင်သို့ရောက်လာသည်။

ခန့်မှန်းထားသည့်အတိုင်းပိုင်ရှင်ရှိသည့်ခွေးလေးတစ်ကောင်ဖြစ်ရာ ထိုပတ်ဝန်းကျင်ရှိ လမ်းမီးတိုင်များ၌ ခွေးပျောက်ကြော်ငြာစာရွက်များကပ်ထားတာဖြစ်ပြီးထိုကြော်ငြာစာရွက်များတွင်ပါဝင်သည့် ဖုန်းနံပါတ်ကို ဝမ်ရိပေါ်ဆက်သွယ်လိုက်သည်။

နာရီဝက်ခန့်ကြာသည့်အခါ ခွေးပိုင်ရှင်ဖြစ်ပုံရသည့် အမျိုးသမီးတစ်ဦးက ဝမ်ရိပေါ်တို့ရှိရာဘက်သို့အူယားဖားယားပြေးလာကာ မျက်ရည်လည်ရွှဲဖြင့်...

"ကျေးဇူးတင်ပါတယ်ရှင်...ကျွန်မရဲ့ခွေးလေးကို ပြန်အပ်ပေးလို့တကယ်ကိုကျေးဇူးတင်မိပါတယ်...ကံသီပေလို့ပေါ့...ကျွန်မက ကျွန်မရဲ့ Jelly Bean လေးကို လက်လွှတ်လိုက်ရပြီထင်တာ...ကျေးဇူးတင်ပါတယ်ရှင်...ကျေးဇူးတင်ပါတယ်..."

ထိုင်မကန်တော့ရုံတမယ်ကျေးဇူးတင်စကားများအကြိမ်ကြိမ်ပြော၍ ခွေးလေးကိုပြန်ခေါ်သွားသည့်အမျိုးသမီးကို ဝမ်ရိပေါ်နှင့် ရှောင်းကျန့်တို့ရပ်ကြည့်နေလိုက်​၏။ထိုအမျိုးသမီးသူတို့မြင်ကွင်းကနေလည်းပျောက်သွားရော နှစ်ယောက်သားမတိုင်ပင်ဘဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ရယ်လိုက်ကြသည်။

ဘာတဲ့။ ခွေးလေးနာမည်က Jelly Bean...။
_____________ _____________

​အပြင်ဘက်မှာတစိမ့်စိမ့်ရွာနေသည့်မိုးကြောင့် ချမ်းစိမ့်စိမ့်အနေအထားဖြစ်နေတာတောင် စွပ်ကျယ်လက် ပြတ်လေးနဲ့ တီဗီရှေ့ကဆိုဖာခုံပေါ်ထိုင်နေသည့်ရှောင်းကျန့်အနီးသို့ဝမ်ရိပေါ် အိပ်ခန်းထဲမှစောင်တစ်ထည်ယူပြီးသွားလိုက်သည်။

​တီဗီရီမုကို ကိုင်ပြီး ချန်နယ်တစ်ခုပြီးတစ်ခုပြောင်းနေသည့် ရှောင်းကျန့်က မျက်မှောင်ကိုမှုန်ကုပ်ထားတာဖြစ်၍...

"ဘာလို့ မျက်မှောင်ကြီးကြုတ်ထားတာလဲ..."

"ကိုယ်မျက်မှန်လုပ်ရတော့မယ်..."

"ကြည့်ရတာဝါးနေလို့လား..."

"အင်း လုပ်မယ် လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တာ..."

"မနက်ဖြန်တူတူသွားလုပ်ကြမယ်လေ..."

"အင်း..."

"ရှောင်းကျန့် ဒီကိုကြည့်..."

ဝမ်ရိပေါ်ကြည့်ခိုင်းတာကြောင့်ရှောင်းကျန့်လှည့်ကြည့်လိုက်လျှင်ပဲ ဝမ်ရိပေါ်က လက်ကိုအသည်းပုံ ပုံစံလေးလုပ်ပြလိုက်ကာ...

"အဲ့တာဘာပုံလဲ..."

"အသည်းပုံ..."

"အင်း သိပ်မဆိုးသေးပါဘူး...မြင်ရသေးသားပဲ..."

ဝမ်ရိပေါ်ပြောတော့ ရှောင်းကျန့်ရယ်သည်။ ဝမ်ရိပေါ်ကို ခပ်စွေစွေလေးအကြာကြီးစိုက်ကြည့်လိုက်ပြီးမှ တီဗီဘက်ကိုမျက်နှာပြန်မူလိုက်ရင်း...

🎵ကမ္ဘာမြေမှုန်ဝါးနေလည်း ကိုယ်မြင်တာမင်းတစ်ယောက်တည်း...

ရိသဲ့သဲ့အသံနေအသံထားဖြင့်သူ့ကိုသီချင်းစောင်းဆိုနေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ်အသည်းယားသွားတာကြောင့် ရှောင်းကျန့်​၏တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ကာ ဖျစ်ညစ်ပစ်လိုက်သည်။

ထို့နောက်ဆိုဖာရှည်ပေါ်၌ ရှောင်းကျန့်ကိုသူနဲ့အတူတူလှဲစေကာရှောင်းကျန့်​၏ခေါင်းအောက်ထဲလက်ထည့်လိုက်၍ ခေါင်းအုံးစေလိုက်ပြီး ရှောင်းကျန့်​၏ခန္ဓာကိုယ်ကိုတော့ ရင်ခွင် ထဲပွေ့ဖက်ထားလိုက်သည်။ယူလာသည့်စောင်ကိုလည်း နှစ်ယောက်လုံးကိုယ်ပေါ်၌ လုံနေအောင်ခြုံလွှမ်းလိုက်ကာ မှိန်ပျပျဧည့်ခန်းမီးရောင်အောက်၌ တီဗီမှလာနေသည့် မှုခင်း ဇာတ်လမ်းတွဲကိုတူတူကြည့်​၏။

"စိတ်ချမ်းသာလိုက်တာ..."

"ဟင်..."

"ရှောင်းကျန့်နဲ့ ဒီလိုအတူတူရှိနေရတာ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ..."

ရှောင်းကျန့်က ဇာတ်လမ်းအကြည့်မပျက်စွာ လက် နောက်ပြန်အနေအထားဖြင့် ဝမ်ရိပေါ်​၏ဆံပင် များကို ဖွဖွလေးသပ်ပေးလိုက်ကာ...

"အင်း ကိုယ်ရောပဲ..."

.
.
.
"နောက်တစ်ပိုင်းကြည့်ဦးမှာလားခွေးပေါက်လေး..."

ဇာတ်လမ်းကတစ်ပိုင်းပြီးသွားပြီဖြစ်တာကြောင့်ရှောင်းကျန့်လှမ်းမေးလိုက်ခြင်းဖြစ်သည်။သို့သော်ဝမ်ရိပေါ်ဘက်မှ ပြန်ဖြေသံအစား လည်တိုင်အရင်းသို့အနမ်းတစ်ခုပေးပြီးတုံ့ပြန်လိုက်သည့်အခါရှောင်းကျန့်ငြိမ်သက်၍နေလိုက်သည်။

ထိုမှတစ် ဆင့် ဘယ်ဘက်ပုခုံးသားပေါ်လည်းနွေးကနဲဖြစ်လို့သွားပြီး နားပေါက်ရာလေးတွေရှိနေသည့်ဘယ်ဘက် နားရွက်ဖျားလေးတစ်လျှောက်လည်းလက်ချောင်းများဖြင့်ဖွဖွလေးပွတ်ဆွဲခံလိုက်ရလျှင်ပဲရှောင်းကျန့်​၏တစ်ကိုယ်လုံးကျင်ကနဲဖြစ်လို့သွားသည်။

ထို့ကြောင့် နောက်ကျောဘက်မှပွေ့ဖက်ခံထားရသည့်အနေအထားမှ မျက်နှာချင်းဆိုင်အနေအထားသို့ရှောင်းကျန့်ပြောင်းဖို့ပြင်လိုက်သည့်အခါ ခါးထက်သို့ရောက်လာသည့်လက်တစ်ဖက်​၏တင်းကြပ်စွာဖက်တွယ်ခြင်းကိုခံလိုက်ရ​သည်။တင်းကြပ်လွန်းနေသည့်ထိုလက်တစ်ဖက်ကို ရှောင်းကျန့်ပြန်လည်ဆုပ် ကိုင်၍ထင်းနေသောလက်ဖျံကြောများတစ်လျှောက်လက်ချောင်းလေးများဖြင့်အသာလေးပွတ်သပ်လိုက်သည်။

"ရှောင်းကျန့်..."

"ဟင်..."

"တီဗီပိတ်လိုက်တော့..."

"မကြည့်ချင်တော့လို့လား..."

"ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ထားပြီး နောက်တစ်ပိုင်းဆက်ကြည့်ဖို့အထိ ကျွန်တော်သမာဓိအားမကောင်းဘူး..."

လိမ်ညာပြောနေခြင်းမဟုတ်သည့် ဝမ်ရိပေါ်​၏ခန္ဓာကိုယ်​မှတရိပ်ရိပ်တက်လို့လာသည့် အပူငွေ့များကို ရှောင်းကျန့် တဖြည်းဖြည်းခံစားမိလာရင်း နမ်းကိုက်ခြင်းခံနေရသည့် ဘယ်ဘက်ပုခုံးပေါ်ကတက်တူးနေရာမှာထပ်ပြီးအထိမခံနိုင်တော့သည်အထိတဆစ်ဆစ်နာလာသည့်အခါ ဝမ်ရိပေါ်​၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီးဆိုဖာပေါ်မှဆင်းလိုက်​၏။

ငြင်းဆန်ခြင်းသဘောသက်ရောက်လို့သွားသည့်ရှောင်းကျန့်​​၏အပြုအမူကြောင့် ဝမ်ရိပေါ်နားမလည်သည့်မျက်ဝန်းများဖြင့်ကြည့်လိုက်သည်။လည်ချောင်းကိုလည်းခက်ခက်ခဲခဲရှင်းကာ...

"ကျွန်တော်အရမ်းလောမိသွားတယ်ထင်တယ်..."

"ကိုယ် ရေသောက်ချင်လို့..."

"ကျွန်တော့်အပေါ်စိတ်မပါတာတော့ မဟုတ်ဘူးမလား..."

"မဟုတ်ပါဘူး ကိုယ်တကယ်..."

"ရှောင်းကျန့်ဘက်ကကျွန်တော်နဲ့အနက်ရှိုင်းဆုံးပတ်သက်ဖို့အဆင်သင့်မဖြစ်သေးရင်လည်း...အွန့်..."

ထမင်းစားခန်းဘက်သို့ခြေဦးလှည့်ထားသည့်ရှောင်းကျန့်က ဝမ်ရိပေါ်ရှိရာ ဆိုဖာဘက်သို့ပြန်လျှောက်လာကာ ထိုင်နေသည့်ဝမ်ရိပေါ်ကိုဆိုဖာပေါ်သို့ ပြန်တွန်းလှဲချလိုက်တာဖြစ်သည်။

ထို့နောက်ဝမ်ရိပေါ်​၏စကားကိုအဆုံးမခံဘဲ အပေါ်မှအုပ်မိုး၍ နှုတ်ခမ်းချင်းကြမ်းတမ်းစွာထိတွေ့လိုက်သည်။အရိုင်းဆန်ဆန်နမ်းရှိုက်နေသည့် ရှောင်းကျန့်က ကိုယ်ပေါ်က စွပ်ကျယ်ကိုဆွဲချွတ်လိုက်ကာ ဝမ်ရိပေါ်​၏အင်္ကျီကြယ်သီးများကိုလည်း အပေါ်ဆုံးကနေတစ်လုံးချင်းစီဖြုတ်​၏။

ကြယ်သီးသုံးလုံးခန့်ဖြုတ်လို့ပြီးသွားသည့်အခါ ဝမ်ရိပေါ်​၏ နှုတ်ခမ်းတွေကိုရှောင်းကျန့်လွှတ်ပေးလိုက် ကာ လည်တိုင်အရင်းကို ရှေ့သွားနှစ်ချောင်းဖြင့်တတိတိကိုက်ခဲလိုက်​၏။ထိုသို့မက်မက်မောမောနမ်းရှိုက်နေရသော်လည်း ရှောင်းကျန့်အားမရလာတော့တာကြောင့်ဝမ်ရိပေါ်​၏အင်္ကျီကြယ်သီးများအား တစ်လုံးချင်းဖြုတ်မနေတော့ဘဲ လက်တစ်ဖက်ဖြင့်သာ အားကုန်ဆောင့်ဆွဲဖြုတ်လိုက်တော့သည်။

"ရှောင်းကျန့်~~"

အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးနေရာလွတ်မရှိစွာအမှတ်ပေးနမ်းကိုက်ခံနေရခြင်းအောက်မှာ ဝမ်ရိပေါ်​၏ ခန္ဓာကိုယ် တုံ့ပြန်မှုများကထိန်းမရစွာတရိပ်ရိပ်ဖြစ်လာသည့်အခါ သူ့ကိုအုပ်မိုးလို့ထားသည့် ရှောင်းကျန့်ကိုခါးကနေဆွဲချလိုက်ကာ အနေအထားပြောင်းပြီးရင်ခွင်အောက်ထဲမရမကသွင်း၍ သူကတစ်ဖန်ပြန်အုပ်မိုးလိုက်​၏။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲပြောင်းလဲလို့သွားသည့်အနေအထားကြောင့် ဇဝေဇဝါဖြစ်နေဟန်ရှိသည့်ရင်ဘတ်အောက်ထဲကသူကိုဝမ်ရိပေါ်ငုံ့ကြည့်ပြီးသဘောကျလွန်းစွာရှတတရယ်သံဖြင့်...

"အခုထက်ထိ ခွေးပေါက်လေးလို့ထင်နေသေးတာလား..."

ပြောပြီးသည်နှင့်ပို၍ပြင်းရှသော အနမ်းမိုးများရွာချလိုက်သည့်ဝမ်ရိပေါ်က ရှောင်းကျန့် ကို အသက်ရှူခွင့်ပင်မပေး။ လှုပ်၍ပင်မရအောင်တစ်ကိုယ်လုံးကိုချုပ် ကာ မြင်မြင်သမျှနေရာများအားနမ်းရှိုက်ပစ်လိုက်ပြီးမှခဏလေးအနားပေးလိုက်သည်။

တစ်မိနစ်လောက်ပင်မကြာအနားပေးထားသည့်အချိန်ပြည့်သွားသည့်အခါမှာတော့ဆိုဖာပေါ်လှဲလျက်သားဖြစ်နေသည့်ရှောင်းကျန့် ကို ခြင်္သေ့တစ်ကောင်​၏အားမာန်မျိုးဖြင့်ပွေ့ချီလိုက်သည်။

ကျားတစ်ကောင်​လိုပြုံးပြီး ဦးတည်လျှောက်လှမ်းသွားခဲ့သည်က... ဂနိုင်ရွှေနန်းအိပ်ခန်းဆီသို့...


You are reading the story above: TeenFic.Net

#random