အပိုင်း(၃၅) Unicode

Background color
Font
Font size
Line height

Toxic ကချစ်တတ်လိုက်တာ။

Toxic က ရိုမန်တစ်ဆန်လိုက်တာ။

Toxic  က သူ့ကောင်မလေးကိုအရမ်းဂရုစိုက်တာ။

Toxic က သူ့ကောင်မလေးကို....။

Toxic  က....။

စသည့် စသည့် လူတိုင်းလိုလို အားကျရသော တက္ကသိုလ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မဖြစ်ပေါ်မီ...

ထိုနှစ်​၏ ၈ လပိုင်း ၅ ရက်နေ့။

မနက်မိုးလင်းသည်နှင့် စီးကရက်အငွေ့ဖြင့်မျက်နှာသစ်လေ့ရှိသည့် ရှောင်းကျန့်က အဆောင်ခန်း​၏ပြတင်းတံခါးကိုဖွင့်၍ စာကြည့်စားပွဲပေါ်တက်ထိုင်ကာစီးကရက် သောက် နေသည်။လက်တစ်ဖက်ကလည်းဖုန်းကိုကိုင်ထားရင်း နံပါတ်တစ်ခုကိုခေါ်နေ​၏။တစ်ဖက်ကပြန်ဖြေသံကြောင့်...

"ဟယ်လို ရမ်..."

"ဘာလဲ..."

"ဘဏ်ကတ်လေးတစ်ကတ်လောက်ပြန်ဖွင့်ပေးပါလား..."

"အိမ်ခဏပြန်လာခဲ့တာနဲ့ချက်ချင်းဖွင့်ပေးမယ်...ဒီနေ့ပြန်လာရင် ဒီနေ့ကိုဖွင့်ပေးမှာ..."

"ဒီနေ့တော့ပြန်လာလို့မရဘူး..."

"ဘာဖြစ်လို့လဲ..."

"ပြန်လာလို့မရပါဘူးဆို အကြောင်းပြချက်တွေပေးရဦးမှာလား..."

"အကြောင်းပြချက်ပေးစရာမလိုပါဘူး...ပြန်မလာတော့ ဘဏ်ကတ်ပြန်မဖွင့်ပေးရုံပေါ့..."

"ဘာပဲဖြစ်ဖြစ်ဒီနေ့တော့မရလို့...လုပ်ပါ ငွေလေးနည်းနည်းလောက်ကြိုလွှဲပေး..."

"မင်းကဘာတွေအသည်းအသန်အသုံးလိုနေတာလဲ..."

ရှောင်းကျန့်အတတ်နိုင်ဆုံးစိတ်ရှည်ရှည်ထားကာပြောဆိုနေပေမယ့် တရားခံစစ်သလိုစစ်နေသည့်အဖေဖြစ်သူရှောင်းရမ်ကြောင့်စိတ်မရှည်တော့စွာဖြင့်...

"ငွေနည်းနည်းလွှဲခိုင်းတာကို စစ်လားဆေးလားနဲ့...ယဲယဲကို ဖုန်းပေးလိုက်..."

"မင်း ယဲယဲ မအားဘူး..."

"တူ...တူ...တူ..."

"ဟယ်လို..."

"ဟယ်လို...! "

တစ်ဖက်ကဖုန်းကိုတုံးတိဖြတ်ချသွားသည့်အခါ ရှောင်းကျန့်စိတ်တိုစွာဖြင့်ဖုန်းကိုကောက်ပစ်ဖ်ို့ကြံရွယ်လိုက်သည်။သို့သော် ဘဏ်ကတ်တွေပိတ်ခံထားရသည့်အခါ ပိုက်ဆံအိတ်အခြေအနေက အနှုတ်ပြနေတာကြောင့် စိတ်လိုက်မာန်ပါမလုပ်ဘဲစိတ်ထိန်းလိုက်​၏။လောလောဆယ် ဖုန်းအသစ်တစ်လုံးပြန်ဝယ်ဖို့သူမတတ်နိုင်သေးဘူး။

ရှောင်းကျန့်စိတ်တိုစိတ်ရှုပ်သည့်စိတ်များကြောင့်ခေါင်းပေါ်က မီးခိုးရောင်ဆံပင်တွေကိုဖွာလန်ကြဲလို့သွားအောင် ဖွပစ်လိုက်​၏။ ဆံပင်တွေဖွနေရင်းလက်ချောင်းတွေက ဘယ်ဘက်နားရွက်ကိုမတော်တဆပွတ်သပ်မိလို့သွားသည့်အခါ ရှောင်းကျန့်​၏လှုပ်ရှားမှုများတဒင်္ဂရပ်တန့်လို့သွား​၏။

ရှောင်းကျန့်သူ့လက်များဖြင့်နားကပ်များတန်းစီလို့နေသည့် နားရွက် ဖျားတစ်လျှောက်ကို ပွတ်ဆွဲလိုက်သည်။ပြီးလျှင်တော့အပြင်သွားဖို့ ချက်ချင်းပင်အဝတ်များလဲလှယ်လိုက်​၏။

မနက် ၉:၀၀။

ရတနာပစ္စည်းများပြန်လည်ရောင်းချ၍ရသောဆိုင်ရှေ့၌ ရှောင်းကျန့်မတ်တပ်ရပ်လို့နေသည်။ ၁၀ နာရီမှ စဖွင့်မည့်ဆိုင်ရှေ့မှာ ရှောင်းကျန့်ဇွဲကြီးစွာဖြင့် စောင့်နေခြင်းဖြစ်သည်။ ထိုင်လိုက်ထလိုက်ဖြင့် ပျင်းရိဖွယ်စောင့်နေရင်း ဆိုင်တံခါးများစဖွင့်သည့်အခါ ရှောင်းကျန့် ဝင်သွားလိုက်သည်။ဆိုင်ထဲရောက်သည်နှင့်ဆိုင်ရှင်ရပ်နေသည့် ကောင်တာပေါ်သို့ သူ့နားကပ်တွေထဲမှ အပေါ်ဆုံးတစ်ခုကိုဖြုတ်၍ တင်ပေးလိုက်ကာ...

"ဒါရောင်းချင်တယ်..."

ဆိုင်ရှင်ကြီးက အရောင်တလက်လက်ဖြစ်နေသော နားကပ်ကို ကောက်ယူကာ မှန်ဘီလူးဖြင့်အနီးကပ်ကြ ည့်လိုက်သည်။ကျောက်အနက်ရောင်ထဲမှာသက်တန့်ရောင်ပြေးလေးတွေက်ိုပါတွေ့နေရသည့်အခါ black opal တွေထဲမှ တကယ့်ကိုအကောင်းဆုံးအရည်အသွေးအပြည့်မီဆုံးမှန်းသိလိုက်ရသော်လည်း...

"ဈေးကတော့ xxxx ရမယ်...ကြိုက်ရင်ရောင်း မကြိုက် ရင်ပြန်..."

ကြားလိုက်ရသည့် ဈေးနှုန်းနှင့်အတူ အချိုးမပြေသည့် ဆိုင်ရှင်ကြီး​၏လေသံကြောင့်ရှောင်းကျန့် ဟက်ကနဲရယ်လိုက်သည်။

"တကယ်အဲ့ဈေးပဲပေးမှာလား...ခင်ဗျားကို ပြန်စဉ်းစားခွင့်အချိန်တစ်မိနစ်ပေးမယ်...ခင်ဗျားပြောတဲ့ဈေးအပေါ်မှာ ခင်ဗျားရဲ့ ဆေးရုံစရိတ်ကမူတည်တယ်..."

ကောင်တာပေါ်ကို လက်တင်ကာ လက်ညိုးထိပ်လေးဖြင့် တစ်စက္ကန့်ကို တစ်ချက်နှုန်း ခေါက်လို့နေသည့် ရှောင်းကျန့်ကြောင့်ဆိုင်ရှင်ကြီး​၏စိတ်ထဲတစ်မျိုးဖြစ်လာရသည်။ ရှောင်းကျန့်ကဆက်ပြီး...

"ဒီ နားကပ်ကကျောက်အဖြုန်းတွေနဲ့လုပ်ထားတာ မဟုတ်ဘူးဆိုတာ ခင်ဗျားကောင်းကောင်းသိတယ်မလား...တစ်ကာရက်ကို xxxx ဈေးပေါက်တာလည်း ခင်ဗျားကောင်းကောင်းသိမယ်လို့ထင်တယ်..."

ဒီအလုပ်လုပ်လာတာ ဝါရင့်လို့နေပြီဖြစ်သည့် ဆိုင်ရှင်ကြီးက သူ့ဆီငွေအလျင်လိုလို့ ရတနာများ လာရောင်းသည့်လူများအား အမြဲတမ်းလိုလို ဈေးနှိမ်နေကျဖြစ်တာကြောင့် ကျောက်မျက်ရတနာအကြောင်းသိပ်နားလည်ပုံမရသည့် လူငယ်တစ်ဦးဖြစ်သောရှောင်းကျန့်ကိုလည်း ဈေးနှိမ်ဖို့ကြံရွယ်မိခဲ့ခြင်းဖြစ်သည်။

သို့သော် တစ်ကာရက်ကိုဈေးနှုန်းဘယ်လောက်ဆိုတာကိုပါ အတိအကျပြောလာသည့်ရှောင်းကျန့်ကြောင့်အခြေအနေသိပ်မဟန်မှန်းသိသည့်အခါ တစ်မိနစ်ပြည့်ဖို့ ဆယ်စက္ကန့်အလို၌...

"ဒီကလူရွယ်ကို ဦးကြီးက xxxx ပေးပါမယ်...အဆင်ပြေတယ်မလား..."

ဝယ်ထားသည့်ဈေးနှုန်းအတိုင်းပြန်မရသော်လည်း သိပ်မဆိုးလှသည့်ဈေးကြောင့်ဈေးအတိုးအလျော့အနည်းငယ်လောက်ကိုတော့ ရှောင်းကျန့်လျှော်ပေးလိုက်ကာ...

"အဆင်ပြေတယ်...အခုချက်ချင်းငွေသားပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေတယ်..."

ထိုက်သင့်သလောက်ငွေကြေးရလာခဲ့သည့်ရှောင်းကျန့်က ထိုဆိုင်အတွင်းမှထွက်လာပြီးနောက် Shopping mall တစ်ခုဆီသို့ဦးတည်၍သွားလိုက်သည်။

အောက်ဆုံးထပ်မှစ၍ ယောကျာ်းလေးအသုံးအဆောင်ပစ္စည်းများရောင်းချသည့် ဆိုင်များကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်လုပ်ရင်း ဘာဝယ်ရမှန်းတွေးမရလာတော့သည့်အခါ Shopping mall ထဲ ခြေထောက် ညောင်းသည်အထိ ဝေ့လည်ကြောင်ပတ်လုပ်နေရင်း Limited edition ဂျက်ကတ်များသီးသန့်ရောင်းချသည့်ဆိုင်ကိုတွေ့လိုက်သည်နှင့် ဝင်သွားသည်။

ရွေးချယ်စရာအရောင်ဟူ၍ သိပ်မရှိသည့် ဂျက်ကတ် များကို တစ်ထည်ချင်းခေါင်းမူးသည်အထိလိုက်ကြည့်နေရင်းမှတစ်ရောင်တည်းသာရှိနေသော midnight green ရောင် ဂျက်ကတ်လေးကိုတွေ့လိုက်ရသည့် အခါ ရှောင်းကျန့် မျက်လုံးများအရောင်တောက်သွားသည်။ထို့နောက်အရောင်းဝန်ထမ်းလေးအား...

"ဒါယူချင်တယ်...ဘာ size တွေရှိလဲ..."

"ဒါက ဒီတစ်ထည် ဒီတစ် size ပဲရှိပါတယ် ခင်ဗျာ..."

ဝန်ထမ်းလေး​၏အဖြေကြောင့် ရှောင်းကျန့်ထို ဂျက် ကတ် လေးကို ဝတ်ကြည့်လိုက်သည်။သူနဲ့သိသိသာသာချောင်နေသည့်အခါ ကျေနပ်စွာပြုံးလိုက်မိပြီး...

"အင်း ဒါပဲယူမယ်..."

"ဟိုဟာလေ ဧည့်သည်နဲ့ဆို နည်းနည်းကြီးနေလားလို့..."

"မင်းက ဘာသိလို့ ဝင်ပြောနေရတာလဲ..."

ရှောင်းကျန့်​၏ခပ်ဆတ်ဆတ်အပြောကြောင့် အရောင်းဝန်ထမ်းလေးလည်း ဝင်စွက်ဖက်ခြင်းမရှိတော့။

"သာယာကောင်းမွန်တဲ့နေ့လေးတစ်နေ့ဖြစ်ပါစေခင် ဗျာ...ဝယ်ယူအားပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်..."

တစ်ဆိုင်လုံးမှာတစ်ထည်တည်းရှိသည့်ဂျက်ကတ်ဖြစ် သည့်အလျောက်ဈေးကလည်း ကြောက်ခမန်းလိလိအကောင်းဆုံးဖြစ်လို့နေသည့်အခါ နားကပ်ရောင်းလို့ရသည့် ငွေများထဲမှ တစ်ဝက်ခန့်ကိုဂျက်ကတ်ဖိုးအဖြစ် ရှောင်းကျန့်ရှင်းခဲ့ရသည်။ထို့နောက် မွေးနေ့ဆုတောင်းကတ်လေးတစ်ခုဝယ်ယူကာ အဆောင်သို့ပြန်လာခဲ့​၏။

တစ်သက်လုံးတစ်ခါမှ ဒီလိုတကူးတက ဆုတောင်းစာမရေးဖူးသည့် ရှောင်းကျန့်က စာရွက်အကြမ်းတစ်ခုပေါ်မှာ လက်ရေးလှ အကြိမ်ကြိမ်အစမ်းလေ့ကျင့်လိုက်ပြီးနောက် ဝယ်လာခဲ့သော ကတ်လေးပေါ်တွင် ဂရုတစိုက်ဖြင့်ချရေးလိုက်သည်။

"မွေးနေ့မှာပျော်ရွှင်ပါစေ ခွေးပေါက်လေး"

မွေးနေ့လက်ဆောင်နှင့်အတူ မွေးနေ့ဆုတောင်းကတ် လေးလည်းအဆင်သင့်ရှိလို့နေပြီဖြစ်သည့်အခါ ရှောင်း ကျန့်​သူ့ကိုယ်သူမေးခွန်းပြန်ထုတ်နေမိသည်။မွေးနေ့ရှင်မရှိဘဲသူကဘာလို့ဒါတွေဝယ်ထားမိတာလဲ။

အဲ့တာတွေထက် ညကတည်းကအခုချိန်ထိ သူ့ခေါင်းထဲမှာထပ်ဖန်တလဲလဲစိုးမိုးထားသည့်စကားတစ်ခွန်း။

"ကျွန်တော့်မွေးနေ့ရက်မှာ ရှောင်းကျန့်လည်းအတူတူရှိနေရင်ကောင်းမယ်"

ညနေရောက်တော့ ကလပ်ရှိရာသို့ ခြေဦးလှည့်၍ ကလပ်ထဲအေးဆေးကလို့နေသည့် လူတချို့ကိုတမင်တကာရန်စခဲ့သည့်ရှောင်းကျန့်ကရဲတွေရောက်လာတော့မပြေးခဲ့။

ရဲစခန်းရောက်သည့်အခါ၌လည်း အုပ်ထိန်းသူခေါ်ဖို့ရာအတွက် contact list ထဲ အပေါ်ဆုံးရောက်နေသည့်နံပါတ်ကိုသာခေါ်ခိုင်းပြီး မကြာခင်မှာပဲ ချက်ချင်းရောက်ရှိလာသူကြောင့် ရှောင်းကျန့်စိတ်ထဲနည်းနည်းပျော်နေသယောင်ယောင်။

ထိုမျှမက...

ရဲစခန်းမှလွတ်လာတာမကြာသေးသည့်ရှောင်းကျန့်က နောက်တစ်ခေါက်ရဲစခန်းပြန်ရောက်မှာကိုမကြောက်သည့်အလား သူ့ဒေါသကိုလာဆွသည့် အမျိုးသမီး​၏ကားနောက်ကြည့်မှန်ကို ကန်ချိုးခဲ့သေး။သူ့ကိုထိရင်တောင်ထိုအမျိုးသမီး​၏ကားကို ရှောင်းကျန့်အဲ့လောက်ထိလုပ်မိမှာမဟုတ်ပေမယ့် ထိုအမျိုးသမီးဘယ်သူ့ကိုများ လူမှားထိမိခဲ့လဲဆိုတာတော့တွေးစရာ။

"ဒီနေ့ကျွန်တော်လိုက်မလာဘူးဆိုရင် အချုပ်ခန်းထဲမှာရှောင်းကျန့်အိပ်မှာလား...စောင်မရှိ ခေါင်းအုံးမရှိ အိပ်ရာခင်းမရှိ အေးစက်စက်ကြမ်းပြင်ပေါ်မှာလေ..."

ဘေးနားမှာနေပြီးလူကြီးတစ်ယောက်လိုတတွတ်တွတ်နဲ့ပြောနေသည့် ကောင်လေးကိုကြည့်ပြီးရှောင်းကျန့်ရယ်သည်။စီးကရက်ထိပ်က ပြာလေးကိုလက်ညိုးနဲ့တောက်ကာခြွေချလိုက်ပြီးပျော့ပျော့ပျောင်းပျောင်းဆံပင်လေးတွေကြားလက်ထိုးထည့်၍ဖွပေးလိုက်​၏။

"ငါ့ရဲ့ခွေးပေါက်လေးက ကလေးတစ်ယောက်ဖြစ်ပေလို့ပဲ...လူကြီးသာဆိုရင် ငါနေ့တိုင်းအပြောခံနေရမယ်ထင်တယ်..."

"ရှောင်းကျန့်မျက်လုံးထဲမှာကျွန်တော့်ရဲ့ဘယ်နေရာက ကလေးတစ်ယောက်လိုဖြစ်နေတာလဲ...အသက်အရွယ်ကြောင့်လား၊ ရုပ်ရည်ကြောင့်လား၊ ရှောင်းကျန့်နဲ့ယှဉ်ရင်မဆိုသလောက်လေးကွာခြားနေတဲ့အရပ်ကြောင့်လား..."

"အကုန်လုံးပဲ..."

"သေချာစဉ်းစားပြီးမှဖြေ ရှောင်းကျန့်..."

"စဉ်းစားစရာလိုသေးလို့လား ခွေးပေါက်လေးက တကယ်ကို ကလေး..."

နှုတ်ခမ်းပေါ်ကျရောက်လာသည့် အထိအတွေ့နွေးနွေးလေးကြောင့် ရှောင်းကျန့်​၏စကားစများပြတ်တောက် သွားသည်။သတိလက်လွတ်ဖြစ်စွာ အသက်အောင့်မိသွားရင်း စက္ကန့်နှစ်ဆယ်လောက်ကြာမှ တစ်ဖက်ကဖယ်ခွာသွားတာကြောင့် ရှောင်းကျန့်အသက်ပြန်ရှူဖို့သတိရလာသည်။

"ကျွန်တော်တို့တွဲကြရအောင် ရှောင်းကျန့်...ရှောင်းကျန့်ကို ကျွန်တော်သဘောကျတယ်..."

ခုနကဖြစ်ရပ်ကိုတောင်ခေါင်းထဲကောင်းကောင်းကြေညက်စွာ မတွေးနိုင်သေးသည့် ရှောင်းကျန့်က ဝမ်ရိပေါ် နောက်ထပ်ပြောလာသည့်စကားတွေကိုကြားတစ်ချက်၊ မကြားတစ်ချက်။ "ကလေးရှက်တော့ငိုသည်၊ လူကြီးရှက်တော့ ရယ်သည်" ဆိုသည့်စကားပုံလေအလား ရှောင်းကျန့်ဟက်ကနဲထရယ်လိုက်သည်။

ထို့နောက်ဘာမှမဖြစ်သလိုစီးကရက်ကိုသာဆက်သောက်နေပြီးမှ သူ့နှုတ်ခမ်းရှိရာသို့ချိန်ရွယ်လာသည့် လက်တစ်ဖက်ကြောင့် လက်ထဲကစီးကရက်ကိုကယောင်ကတမ်းလွှတ်ချလိုက်သည်။

သို့သော် သူ့နှုတ်ခမ်းကို လက်လှမ်းလာတာမဟုတ်ဘဲ စီးကရက်ကိုယူဖို့လက်လှမ်းခဲ့တာကို သိသွားသည့်အခါမှာတော့ ဟန်ကိုယ့်ဖို့ရာအတွက် မြေကြီးပေါ်ရောက် လို့သွားသည့် စီးကရက်ကိုဖိနပ်ထိပ်ဖျားဖြင့် နင်းချေလိုက်သည်။

"ဘယ်သွားမလို့လဲ ရှောင်းကျန့်..."

"ဟိုနား ဒီနား..."

"ကျွန်တော်လည်းလိုက်ခဲ့မယ်..."

"မလိုက်နဲ့ အဆောင်ကိုပြန်တော့..."

သူကိုယ်တိုင်တောင် ဘယ်သွားလို့သွားရမှန်းမသိဘဲ လျှောက်ပြောလိုက်သည့်ရှောင်းကျန့်က သူ့နောက်လိုက်ဖို့တောင်းဆိုနေသည့်သူကိုငြင်းလိုက်သည်။မျက်စိရှေ့မှထွက်သွားသည့် တက္ကစီကိုလည်းမျက်စိတစ်ဆုံးကြည့် လို့နေမိကာ ထိုတက္ကစီလေး သူ့မြင်ကွင်းမှ ကွယ်သွားသည့်အခိုက်...

"ဝုန်း...! "

​ခြေထောက်တွေအားမရှိတော့သလိုဖြစ်နေသည့် ရှောင်းကျန့်က မြေကြီးပေါ်သို့ ခွေကနဲကျသွားသည်။တဒိတ်ဒိတ်ဖြစ်နေသည့် ရင်ဘတ်ကိုလက်တစ်ဖက်နဲ့စမ်းပြီး နွေးနေဆဲဖြစ်သည့် နှုတ်ခမ်းလွှာတွေကို ကျန်သည့်လက်တစ်ဖက်ဖြင့်စမ်းလိုက်သည်။တော်တော်နဲ့ပြန်ငြိမ်သက်သွားခြင်းမရှိသည့်ရင်ဘတ်နေရာကြောင့် မြေကြီးပေါ်ကနေ ရှောင်းကျန့်တော်တော်နဲ့ပြန်မထနိုင်သည့်အခါ လမ်းပေါ်ကလူတွေကလည်းကွက်ကြည့်ကွက်ကြည့်လုပ်သည်။

လူတွေ​၏အကြည့်ကိုရှောင်းကျန့်ဂရုမစိုက်။အချိန်အတော်အကြာကြီးကိုယူလိုက်ပြီးမှ မြေကြီးပေါ်ကပြန်ထ၍ရလာသည်။ ဖုန်ပေသွားသည့် ဘောင်းဘီကိုလက် နဲ့ခါလိုက်ပြီးမှ စိတ်ငြိမ်လို့သွားအောင် စီးကရက်သောက်ဖို့လုပ်ပြန်တော့ လူမြင်မကောင်းအောင်တဆတ်ဆတ်တုန်နေသည့်လက်တွေက မီးခြစ်ပင်ခြစ်၍မရနိုင်အောင်ဖြစ်သည်။

မြေကြီးကိုမထိသလို ထုံကျင်နေသည့်ခြေထောက်များနဲ့ ခြေဦးတည့်ရာလျှောက်လှမ်းလို့နေသည့်ရှောင်းကျန့် က ဘယ်ကိုသွားလို့သွားရမှန်းမသိသည့်အခါ ပိုက်ဆံအိတ်အခြေအနေအရသူရောက်နေသည့် ပတ်ဝန်းကျင်မှာရှိနေသော မိုတယ်တစ်ခုထဲသို့သာဝင်သည်။

မိုတယ်ပိုင်ရှင်က ဘယ်နှစ်ရက် တည်းခိုမှာလဲလို့မေးတော့ ရင်ဘတ်​၏ဘယ်ဘက်အခြမ်းကိုလက်ညိုးထောက်ပြပြီးရှောင်းကျန့်ပြန်ဖြေလိုက်သည်က...

"ဒီနား တဒိတ်ဒိတ်ဖြစ်နေတာ ပျောက်တဲ့အထိ..."

တောင်စဉ်ရေမရစကားတွေပြောနေသည့် ရှောင်းကျန့် ကိုမိုတယ်ပိုင်ရှင်ကြီးကြောင်စီစီစိုက်ကြည့်လို့နေရင်းသူ့ဟာသူပင်သုံးရက်စာတည်းခိုခွင့် ဖြတ်ပိုင်းဖြတ်ပေးလိုက်၍ အခန်းသော့တွဲကိုရှောင်းကျန့်လက်ထဲထည့်ပေးသည်။

သို့သော်လည်းအခုထက်ထိအရှိန်မသေသေးစွာတုန်နေသောလက်များကြောင့် လက်ထဲတချွင်ချွင်ဖြစ်နေသည့်သော့တွဲကို မိုတယ်ပိုင်ရှင်ကြီးဘက်သို့ရှောင်းကျန့်ပြန်ထိုးပေးလိုက်ကာ ပိုက်ဆံပိုပေး၍အကူအညီတစ်ခုတောင်းဆိုသည်။

"လက်တွေတုန်နေလို့ အခန်းတံခါးလေးလိုက်ဖွင့်ပေးပါလား..."

ထိုညကတည်းက မသောက်ဘဲမူး၊ ဆေးမသုံးဘဲလွင့်နေခဲ့သည့်ရှောင်းကျန့်က အိပ်ရာပေါ် မှာသာ တစ် တောက်လျှောက်လုံးလူးလိမ့်လို့နေခဲ့ရင်း သုံးရက်မြောက်ရောက်လာသည့်အခါသူဘာဖြစ်နေတာလဲဆိုတာတိတိကျကျသိရှိလိုက်ရ​၏။

ထို့ကြောင့်မိုတယ်ခန်းထဲမှပြေးထွက်လို့လာသည့်ရှောင်းကျန့်​၏ခြေထောက်များကတက္ကသိုလ် စာကြည့်တိုက်ဆီသို့တည့်တည့်ဦးတည်သည်။ထိုအခိုက်ရှောင်းကျန့်​၏ဦးနှောက်ထဲမှာရှိနေသည့်တစ်ခုတည်းသောအရာက...

*သူဒီနှစ်စာမေးပွဲအောင်မှဖြစ်မှာ*


You are reading the story above: TeenFic.Net

#random